YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Broken News.Ep1.720p(CM).mp4

240.15 MB N/A video/mp4 238 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Rider
5.5

Ghost Rider ဆိုတာနဲ့ အရိုးခေါင်းကြီးမှာ မီးတွေတောက်နေပြီး ဆိုင်ကယ်ကြီးနဲ့ အထာကျကျဖြဲတတ်တဲ့ Marvel ဇာတ်ကောင်ကြီးကို တန်းမြင်ကြမယ်ထင်ပါတယ်။ Marvel မှာ Ghost Rider တွေ အများကြီးရှိပါတယ်။ဒါပေမယ့် အဲ့ဒီအထဲမှာ အထင်ရှားဆုံးကတော့Johnny Blaze ပါ။2007 မှာ မင်းသားကြီး Nicolas Cage နဲ့ LA ရိုက်လိုက်တဲ့နောက်ပိုင်း superhero fan မဟုတ်တဲ့သူတွေကြားမှာလည်း Ghost Rider Character ဟာ ပိုပြီးထင်ရှားပါတယ်။(Nicolas Cage ကို ခုနောက်ပိုင်းလူငယ်တွေ သိပ်မသိနိုင်တော့ပေမယ့်။သူ့ခေတ်သူ့အခါတုန်းကတော့ သူမှသူဆိုပြီး ဖြစ်ခဲ့ရတဲ့ မင်းသားကြီးတစ်လက်ပါ။Leaving Las Vegas နဲ့ အော်စကာဆုကို ရရှိခဲ့ပြီးNational Treasure, Con Air ,Face/Off စတဲ့ သူ့ရဲ့ဇာတ်ကားတွေဟာ Skynet ခေတ်မှာကျွန်တော်တို့ အရူးအမူးထိုင်စောင့်ကြည့်ခဲ့ရတဲ့ ကားတွေပေါ့ဗျာ။အခုထွက်မယ့် Renfield မှာလည်းDracula အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။) MCU မှာ multiverse ဘာညာနဲ့ characterတွေ ပြန်ပေါင်းနေပြီဆိုတော့ Ghost Rider ပါလာနိုင်တယ်ဆိုတဲ့ သတင်းတွေဟိုတစ်ဒီတစ်စ ကြားလာရပါတယ်။ဆိုတော့ အရင် Ghost Rider ကားလေးကို ပြန်နွှေးနိုင်ဖို့ သေချာပြင်ဆင်ပြီး ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Ghost Rider:Extended ဟာ Ghost Rider (Johnny Blaze) ရဲ့ origin story လို့ပြောလို့ရပါတယ်။ဒီဇာတ်ကားမှာတော့ သေခါနီးအဖေရဲ့ကင်ဆာကိုကုပေးဖို့အတွက် သူ့ဝိညာဉ်ကို နတ်ဆိုးဆီမှာရောင်းပြီးGhost Rider ဖြစ်လာတဲ့ Johnny Blaze ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နတ်ဆိုးဟာ စာချုပ်အတိုင်းသူ့အဖေရဲ့ ကင်ဆာကို ကုပေးခဲ့ပေမယ့်လည်း Johnnyကို နှောင်ကြိုးတွေမရှိစေချင်တာကြောင့်ချက်ချင်းပဲ ပြန်သတ်ပစ်ခဲ့ပါတယ်။ပြီးတော့ လိုအပ်တဲ့အခါပြန်လာရှာမယ်လို့ပြောပြီး ပျောက်ကွယ်သွားပါတယ်။Johnnyဟာလည်း သူ့အဖေသူ့ကြောင့်အချိန်မတိုင်ခင်သေရတာဆိုတဲ့နောင်တကြီးနဲ့ သူ့ဘဝကိုရှင်သန်ပြီး သေမှသေတော့ဆိုတဲ့စိတ်မျိုးနဲ့ အန္တရာယ်များတဲ့စတန့်ကွက်တွေ လုပ်ရင်းနာမည်ကြီးလာပါတယ်။ဒီလိုနဲ့ အရာအားလုံးပြန်အဆင်ပြေနေပြီဆိုတဲ့ တစ်နေ့မှာတော့ နတ်ဆိုးဟာ သူ့ဆီကို ပြန်ရောက်လာပါတော့တယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ပြီးသူတွေ သိပါလိမ့်မယ်။မကြည့်ရသေးဘူးဆိုလဲ အခုကြည့်ကြပါ(ဟဲ ဟဲ) MCUမှာပါလာခဲ့သည်ရှိသော်ဆိုပြီး နွှေးပြီးသားလည်းဖြစ်၊ ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးတဲ့ကားလည်း ဖြစ်တာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အဲ့တော့ကြည့်ကြပါဗျာ။ ဒီဇာတ်ကားရဲ့အဆက် Ghost Rider: Spirit of Vengeance (2011) ကို ဒီမှာ https://channelmyanmar.org/ghost-rider-spirit-of-vengeance-2011/ ကြည့်ပါ။ File size…(2.2 GB)/(1.2 GB) Quality….BluRay(Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:03:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Damien

Action • Comedy • Drama • Family
5.5 2007 114 mins
Ghost Rider
Triangle of Sadness
7.2

ကဲ CMပရိသတ်ကြီး စောင့်မျှော်နေတဲ့ Triangle of Sadness ကို တင်ဆက်ပေးလိုက်ပါပြီဗျာ.. IMDb 7.8နဲ့ Rotten Tomatoes 70%ရထားတာဆိုတော့ အထွေအထူးပြောနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်.. သရုပ်ဆောင်တွေကတော့ Now You See Me, Venom, Zombieland ဇာတ်ကားတွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ထားတဲ့ မင်းသားကြီး Woody Harrelson နဲ့ Maleficent ထဲက Aurora ရဲ့ချစ်သူမင်းသားလေး Harris Dickinson တို့ပဲ ဖြစ်ပါတယ်.. ဇာတ်လမ်းအကျဥ်း နာမည်ကြီး ဖက်ရှင်မော်ဒယ်စုံတွဲအပါအဝင် ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေဟာ ဒေါ်လာသန်း၂၅၀တန်တဲ့ ဇိမ်ခံသ‌င်္ဘောကြီးနဲ့ အပျော်ခရီးထွက်ကြပါတယ် သ‌င်္ဘောရဲ့ကပ္ပတိန်က အရက်ချိုး သောမတ်စ်ပါ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် ပင်လယ်ထဲမှာ အဲဒီသ‌င်္ဘောကြီး မြုပ်ပါတော့တယ် မော်ဒယ်စုံတွဲအပါအဝင် အသက်ရှင်ကျန်သူတွေဟာ ကျွန်းတစ်ကျွန်း‌ပေါ်မှာ သောင်တင်သွားပြီး ဒုက္ခရောက်ကုန်တော့တာပါပဲ သ‌င်္ဘောက ဘာလို့မြုပ်တာလဲ.. အထက်တန်းစားဘောစိတွေ Survival Mode နဲ့ ရှင်သန်နိုင်ပါ့မလား.. ကျွန်းပေါ်ကနေ လွတ်လမ်းရောရှိမှာလားဆိုတာကို မထင်မှတ်ထားတဲ့ Plot Twistတွေနဲ့ ကြည့်ရမှာ ဖြစ်ပါတယ် ဒီဇာတ်လမ်းရဲ့ အသက်ကတော့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ Personalityတွေပါပဲ လူ့စရိုက်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ဟာသနှောပြီး ရိုက်ပြထားတာပါ သံဝေဂလည်း အတော်ရဖို့ကောင်းပါတယ် ပုံမှန် အချစ် အလွမ်း အက်ရှင် ဟာသတွေကို ကြည့်ရတာရိုးနေသူတွေအတွက် ဒီကားကအသင့်တော်ဆုံးပါပဲ ပေးရတဲ့အချိန် ၂နာရီကျော်ကို လုံးဝနောင်တမရစေတာမလို့ မြန်မြန်သာဒေါင်းကြည့်လိုက်ပါတော့ဗျာ.. ဪ ဒါနဲ့ Trailerကြည့်ပြီးသားသူတွေတော့ သိလောက်ပြီဆိုပေမယ့် ထမင်းစားရင်းမကြည့်ကြပါနဲ့ CMပရိသတ်ကြီးရေ... File size…1.9GB / 800MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Ei Thwal

Drama
7.2 2022 147 mins
Triangle of Sadness
[18+] Bewitching Attraction
4.3

Bewitching Attraction (2006) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မဲပြာပုဆိုး ဇာတ်လမ်းထပ်နေတဲ့ ကိုရီးယားအမှောင်ကားတွေကို ကြည့်ရတာ စိတ်ကုန်နေတဲ့သူတွေအတွက် အရင်ခေတ် ၂၀၀၆ တုန်းက ထွက်ရှိခဲ့တဲ့ old but gold လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ပရော်ဖက်ဆာ မမကြီးရဲ့ ဘဲများနဲ့အရှုပ်တော်ပုံလေးပဲဖြစ်ပါတယ် ပရော်ဖက်ဆာမမကြီးက လှလဲလှတယ် ပညာလဲတတ်တယ် ကောက်ကြောင်းလေးကလည်း လှသလို ပွင့်လင်းတတ်တဲ့ အလှပဂေးတစ်ယောက်ပါ မမကြီးရဲ့ဘဝမှာ လုပ်ဖော်ကိုင်ဖက် ဘာညာ ခင်လို့တွဲတာ စသည်ဖြင့် ငယ်ငယ်တုန်းက ကျောင်းသူဘဝမှာတင် ညီအကို နှစ်ယောက်ကို ပြိုင်တွဲပစ်တာတို့ ဘာတို့ လုံးဝကို သိပ်ကြမ်းတဲ့ မမပါ မမတစ်ယောက် နောက်ဆုံးသူ့အရှုပ်တွေက နောက်ကိုအရိပ်လိုလိုက်တာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကုန်မလဲဆိုတာ ရှုစားကြပါဦး ညိုကီတို့ File size…2GB  / 596MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

4.3 2006 104 mins
[18+] Bewitching Attraction
The Heist of the Century
7.8

IMDb...7.1 မာရီယိုဆိုတာ မီးခံသေတ္တာလေးတွေလိုက်ဖောက်လိုက် ...မမိရင် သုံးလိုက်ဖြုန်းလိုက်.. မိပြန်တော့ ထောင်ထဲလေ လေးချွန်ဝင်လိုက်နဲ့ပေါ့... တစ်နေ့တော့ သူတို့ သူခိုးအသိုင်းအဝန်းက လူတစ်ယောက်က လာကမ်းလှမ်းတယ်...လက်တစ်ကိုင်စာ ပိုက်ဆံလေးအတွက်စွန့်စားမဲ့အစား အချီချဖို့ လာစည်းရုံးတယ်... ဘဏ်ကြီ:တစ်ခုကိုဓားပြတိုက်ဖို့ပါပဲ...အတော်ကို မလွယ်ကူတဲ့ အလုပ်ပါ..သို့ပေမဲ့ အသက်အရွယ်လည်းရသလို အတွေ့အကြုံတွေလည်းများခဲ့ဖူးတဲ့ ဒီဘိုးတော်တွေဟာ ဒီဘဏ်ကြီးကိုစနစ်တကျ ဓားပြတိုက်ဖို့  သွေးအေးအေးနဲ့ အစီအစဉ်တွေဆွဲပြီး ဗျင်းဖို့ကြိုးစားကြတယ်... တခြားဇာတ်လမ်းတွေနဲ့  မတူတာကတော့ သူက based on true story ဖြစ်ရပ်မှန်ပါပဲ။ Heist of century ဆိုတာ 2006 ခုနှစ် January 13 ရက်နေ့က အာဂျင်တီးနားမှာ ဖြစ်ခဲ့တဲ့ အကြီးမားဆုံးဘဏ်ဖောက်မှုကြီးကို အခြေတည်ပြီးရိုက်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူခိုးပါရဂူကြီးတို့ ဦးဆောင်ပြီး ရဲတွေ ဘဏ်ဝန်ထမ်းတွေကို ဘယ်လိုလှည့်ဖြားကြမလဲဆိုတာ ကြည့်ရမှာပါ။ ကိုင်း ခံစားကြည့်ကြပါဦ:... File Size : (2.1GB)(799 MB) and (239 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Action, Biography, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Chevy Encoded by Phyo Pyae

Action • Crime • Drama
7.8 2020 114 mins
The Heist of the Century
[18+] Nightbird
7.8

Nightbird (2023) ရေချယ်ဟာ ဘာဂီယိုမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ရှေးဟောင်းသုသေသနပညာရှင်ဖြစ်သလို ကရာတေးမှာလည်း ခါးပတ်နက်ရထားပြီး မတရားတာတွေ့ရင်လက်ပိုက်ကြည့်မနေတတ်တဲ့ ဆတ်ဆတ်ကြဲကောင်မလေးတစ်ယောက်ပါ။ မကြာခင်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ရှိပေမဲ့ မသွားခင်တစ်ညမှာ သူ့သူငယ်ချင်းတွေ အဆွယ်ကောင်းမှုကြောင့် ကလပ်ရောက်သွားခဲ့ပြီး မနီလာအလည်လာတယ်ဆိုသူ သူစိမ်းယောက်ျားသုံးယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကလပ်မှာတင်မပြီးပဲ အဲ့ဒီလူတွေရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတော့ သူတို့မိတ်ဆွေ ဒေသခံဆိုတဲ့သူရဲ့လူသူမဝေးတဲ့အရပ်က အိမ်အကြီးကြီးတစ်လုံးကိုပါ ရောက်သွားခဲ့ပြီးတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်ဆိုးတွေကိုကြုံဆုံဖို့ဖြစ်လာပါတော့တယ်။ ကရာတေးခါးပတ်နက် ရေချယ်တစ်ယောက် ဒီယောက်ျားတွေကို အနိုင်ကြဲနိုင်မှာလား… ဒီလူတွေရဲ့အကြံအစည်ကဘာတွေရှိနေမလဲ… သူ့အချစ်ဆုံး သူငယ်ချင်းတွေကိုရော အချိန်မှီကယ်တင်နိုင်ပါ့မလား… ပုရိသတို့နဲ့ မစိမ်းလောက်မယ့် Christine Bermas လေးကို ဒီကားမှာတော့ စရိုက်တစ်မျိုးနဲ့ကြမ်းချင်တိုင်းကြမ်းပြမယ့် ဖိလစ်ပိုင်ဂျက်မအဖြစ်ထူးထူးခြားခြားတွေ့မြင်ရမှာမို့ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 570MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 37Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Animation • Comedy • Family
7.8 2023
[18+] Nightbird
Species IV: The Awakening
4

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.to/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 4 : The Awakening (2007) ဇာတ်လမ်းအကျဉ်း…. ဒီကားမှာလဲ ဂြိုလ်သားကိုတူမအဖြစ်မွေးထားတဲ့ သိပ္ပံပညာရှင်ကြောင့် ဇာတ်လမ်းက စတာပါပဲ…ဒီဂြိုလ်သားမလေးကတော့ အရမ်းကို Sexy ကျ လှပပြီးတော့ သူမကိုယ်ထဲက ဂြိလ်သား DNA ဟာလဲ အရမ်းကို ရမ္မက်စိတ်ပြင်းထန်လွန်းတာကြောင့် ပုရိသယောကျာ်းတို့ ဒုက္ခရောက်ပုံတွေကို ဝေဝေဆာဆာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။

4 2007 98 mins
Species IV: The Awakening
[18+] Dilig

Dilig (2024) ရိုဆာက မုဆိုးဖိုသူဌေးကြီးတစ်ဦးကို လက်ထပ်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဘိုးကြီးမှာ သူနဲ့ ရွယ်တူသမီးတစ်ယောက်ရှိနေတဲ့အတွက် ဥယျာဉ်မှူး ငယ်ငယ်တောင့်တောင့်တစ်ယောက်ကိုရွေးချယ်ပြီး အဲဒီသမီးဖြစ်သူကိုပထုတ်ဖို့ကြံခဲ့ပါတယ်။ သမီးဖြစ်တဲ့ ကတ်တလင်းကလည်း သူ့ကိုတစ်ဖက်သတ်ချစ်သလို မိဘချင်းသဘောတူတဲ့ ငယ်သူငယ်ချင်းဒဲလ်ရှိပေမဲ့ ဥယျာဉ်မှူးကောင်လေးကိုမှ စွဲစွဲလန်းလန်းချစ်မိသွားတဲ့နောက် အခြေအနေတွေက ရိုဆာအကွက်ထဲကိုဝင်သွားမလား… အခြေအနေတွေရှုပ်ထွေးမသွားခင် ကယ်တင်ရှင်ပေါ်လာနိုင်မလား… ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ Hibang ထဲက အမိုက်စားစကီလေးဖြစ်တဲ့ Rica Gonzales က ဗီလိန်ရီဆာအဖြစ် ပွဲကြမ်းပြထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.15GB Quality – 1080p Format – mp4 Duration – 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2024 45 mins
[18+] Dilig
Railroad Tigers
5.8

ဂျက်ကီရဲ့စတိုင် ဟာသအက်ရှင် ပြန်လာပါပြီ။ ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်(ဂျက်ကီချန်း) တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။ တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။ (တစ်ကယ်တော့ အဲဒီတံတားဟာ ၁၉၄၂ ကာလမှာ တိုင်ကျင်းကနေ နန်ကျင်းကိုသွားတဲ့ အဓိက စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ဖျက်ဆီးနိုင်ခဲ့ရင် ဂျပန်တွေရဲ့တိုက်ခိုက်နိုင်စွမ်းအတော်ကို ကျဆင်းသွားမှာ ဖြစ်လို့ တရုတ်တပ်တွေက ဖောက်ခွဲဖို့ကြိုးစားခဲ့တာပါပဲ) အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ…. File size…(2.75 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield

5.8 2016
Railroad Tigers
What You Wish For
6.7

လောင်းကစားပြဿနာတွေကြောင့် လက်တင်အမေရိကကို ထွက်ပြေးလာခဲ့တဲ့ စားဖိုမှူးရိုင်ယန်ဟာ သူ့ရဲ့ မိတ်ဆွေဟောင်းတဦးဖြစ်တဲ့ ဂျက်နဲ့ဆုံတွေတဲ့အခါမှာတော့….. ဂျက်ကလည်း သူဌေးကြီးမိသားစုတစုအတွက် သီးသန့်စားဖိုမှူးအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီး တရက်မှာတော့ ဂျက်ဟာ သူ့ကိုယ်သူ ရုတ်တရက် သေ‌ကြောင်းကြံစည်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရိုင်ယန်က ဂျက်ရဲ့နာမည်ကိုယူ၊ ဂျက်ရဲ့နေရာမှာ လူစားဝင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဖောက်သည်တွေနဲ့ ဆုံတွေ့ရတဲ့အခါမှာတော့….. သူ့ရဲ့မိတ်ဆွေဂျက်က ဘာကြောင့်ကြိုးဆွဲချသတ်သေ သွားခဲ့ရတာလဲ၊ သူလုပ်ကိုင်နေတာက တကယ့်စားဖိုမှူး အလုပ်မှဟုတ်ပါ့မလား၊ သူနဲ့လက်တွဲအလုပ်လုပ်နေတဲ့ သူဌေးကြီးတွေရဲ့လျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲ ဆိုတာကို အသဲတအေးအေးနဲ့ ရင်ဖိုစွာကြည့်ရှုရမယ့် သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတခုဖြစ်ပါတယ်…. File size…2.13GB / 731MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

6.7 2024
What You Wish For
The Reason I Jump
7.4

The Reason I Jump (2020) ~ IMDb – 7.4/10, RT – 97%, Meta – 83% ~ “I don’t have ADHD when I am out in the woods.” – David (Age 14) “ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။” Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ … “သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး တစ်တုံးသာ တစ်နေရာက တစ်နေရာကို ချီရွှေ့ခိုင်းလိုက်ပါ ဆရာမ၊ သူအဆင်ပြေသွားပါလိမ့်မယ်” တဲ့။ အမှန်တော့ အင်္ဂလန်က မူကြိုကျောင်းတိုင်းမှာ ကလေးတွေအတွက် SENCO (Special Educational Needs Coordinator) လို့ခေါ်လို့တဲ့ အထူးပြု ဆရာ/ဆရာမ အနည်းဆုံးတစ်ယောက် မဖြစ်မနေထားကြရပါတယ်။ အထူးဂရုပြုကူညီပံ့ပိုးပေးဖို့လိုအပ်တဲ့ ကလေးငယ်တစ်ယောက်ယောက် (Special Needs) ကိုယ့်ကျောင်းကို ရောက်ရှိလာရင် အဲဒီကလေးကို အလွယ်တကူ သတိပြုမိစေဖို့နဲ့ အနီးကပ် စောင့်ကြည့်နိုင်ပြီး လိုအပ်တဲ့ အကူအညီကို သင့်တော်စွာပေးနိုင်ဖို့အတွက် ကျွမ်းကျင်သူဆရာမတစ်ယောက်က ဦးဆောင်တာဝန်ယူရတဲ့ သဘောပါ။ တနည်းအားဖြင့် လိုအပ်လာပါက ကလေးကို ကောင်းမွန်စွာပံ့ပိုးပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ ချိတ်ဆက်ပေးတာမျိုး၊ ကလေးရဲ့ မိသားစုကို လိုအပ်တဲ့ အကူအညီပေးတာမျိုး (ငွေကုန်ကြေးကျရှိလာပါက အစိုးရဘက်မှ ပံ့ပိုးမှုအရဖြစ်စေ)၊ မိမိကျောင်းမှာ ရှိစဉ်တောက်လျှောက် ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို အကောင်းဆုံး စောင့်ကြည့်ပြီး ပံ့ပိုးပေးနိုင်ရန် မိဘ၊ ဆရာ/မ၊ အခြားပညာရှင်များပါ လက်တွဲပူးပေါင်းဖို့လဲ ဖြစ်ပါတယ်။ ဆရာ/မ တွေအနေနဲ့ အတွေ့အကြုံအရ ဖြစ်နိုင်ချေရှိသည်များကို ခန့်မှန်းကြည့်နိုင်သော်ငြား ဘယ်ကလေးကိုမှ ငယ်နုတဲ့ကာလမှာ အလွယ်တကူ ကောက်ချက်ချတာမျိုး တံဆိပ်ကပ်တာမျိုး မလုပ်ဖို့ သတိထားကြပါတယ်။ ဒါဆို ဟုတ်ပြီ၊ ဒီလိုမျိုး တံဆိပ်မကပ်ဘူးဆို ဘယ်လိုနာမ်စား အစားထိုးသုံးကြမလဲပေါ့။ ကျွန်မတို့လို အသွင်ပြောင်းပညာရေးကို ဖော်ဆောင်တဲ့ ဆရာ/မ တွေကြားမှာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီး တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ နောက်တစ်ချက်က Children with Special Educational Needs အစား Children with Different Abilities လို့လဲ ပြောင်းလဲ သုံးနှုန်းပါတယ်။ Neurodivergent ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။ “Neurodiversity describes the idea that people experience and interact with the world around them in many different ways; there is no one “right” way of thinking, learning, and behaving, and differences are not viewed as deficits.” – Harvard Health Publishing သာမန်ကနေ ခွဲထွက်တွေးသူ၊ ထူးခြားစွာပြုမှုပြောဆိုဆက်ဆံသူ၊ ထူးခြားသော အပြုအမူရှိသူ၊ သင်ယူမှုပုံစံကွဲပြားသူ၊ စသဖြင့်… အများနဲ့ မတူဘူးဆိုတာနဲ့ ချို့ယွင်းချက်ရယ်လို့ တထစ်ချ မသတ်မှတ်ပဲ သီးခြားဖြစ်တည်လုပ်ဆောင်မှုတစ်မျိုးမျိုးနဲ့ ဦးနှောက်ပိုင်ရှင် ဘယ်သူမဆို နျူရိုဒိုင်ဗားဂျန့် ဖြစ်သူလို့ သတ်မှတ်ကြပါတယ်။ ဒါဟာ ခြုံငုံပြီးခေါ်တဲ့ Non-Medical Umbrella Term တစ်ခုဖြစ်ပါတယ်။ ဒီခြုံငုံမှုထဲမှာ ASD လို့ခေါ်တဲ့ အော်တစ်ဇင် Spectrum ထဲမှာ ပါသူတွေ၊ Dyslexia စာဖတ်ခက်ခဲခြင်းပြဿနာ ရှိသူတွေ၊ ADHD အာရုံစိုက်ဖို့ ခက်ခဲပြီး တစ်နေရာထဲ အငြိမ်မနေနိုင်သူတွေ Epilepsy ရှိသူတွေ စသည်ဖြင့် ဦးနှောက် Function မျိုးစုံနဲ့ ကလေးတွေရော လူကြီးတွေပါ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့် ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ခြင်းကြောင့် လူတစ်ဦးတစ်ယောက်ဟာ အများနဲ့ မတူ၊ အများလက်ခံထားတဲ့ တန်ဖိုးစံနှုန်းတွေကနေ သွေဖယ်တာ၊ တွေးပုံ နေထိုင်ပြုမှုပုံ မတူညီတာကို၊ ဒါက အော်တစ်ဇင်၊ ဒါက စာသင်မရတဲ့ ရောဂါ၊ ဒါက ငြိမ်ငြိမ်မနေနိုင်တဲ့ ADHD ဆိုပြီး အလွယ်တကူ ကောက်ချက်ချခြင်းတွေအပြင် လူအများစုနဲ့ မတူတိုင်း အသင်းအဖွဲ့ကနေ အလိုအလျှောက်ပယ်လိုက်ဖို့ ဝန်မလေးတဲ့ လုပ်ရိုးလုပ်စဉ် တွေကို တိုက်ဖျက်ချင်တာမို့ ပညာရှင်အချို့ဟာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ၁၉၉၀ ကျော်ကာလတွေမှာ စတင် အစားထိုးအသုံးပြုလာတာဖြစ်ပါတယ်။ အမှန်တော့ ကမ္ဘာကြီးကို တနည်းတဖုံပြောင်းလဲစေသူ၊ ကိုင်လှုပ်နိုင်ခဲ့ကြသူ (လက်ရှိမှာကိုပဲ ကမ္ဘာကိုကိုင်လှုပ်နေသူ) တော်တော်များများဟာ နျူရိုဒိုင်ဗားဂျန့် တွေ ဖြစ်နေပြန်ပါတယ်။ ဒီလိုပြောတဲ့အတွက် မိမိကလေးဟာ နျူရိုဒိုင်ဗားဂျန့် ဖြစ်နေရင် တစ်နေရာရာမှာ အထင်ကရဖြစ်မှာပဲလို့တော့ မဆိုလိုပါဘူး။ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များရဲ့ ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ပုံကို ပထမအဆင့်အားဖြင့် လက်ခံနားလည်နိုင်ဖို့၊ ဒုတိယအဆင့်အားဖြင့် ထိုကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးခွင့်၊ ပြည့်ဝစွာ နေထိုင်ဖြစ်တည်ခွင့်ရစေရန်၊ လိုအပ်တဲ့ ပတ်ဝန်းကျင်တစ်ခု စုပေါင်းဖန်တီးပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် စာသင်ကျောင်းတွေ၊ မူကြိုကျောင်းတွေ၊ လူမှုအသိုက်အဝန်းတွေ၊ အခြားအခြားသော Institution တွေမှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များကို အလွယ်တကူ မဖယ်ကျဉ်ကြဖို့၊ လူမှုအသိုင်းအဝန်းမှာ နားလည်ထည့်သွင်းဖို့၊ ကွဲပြားစွာလှပနေမှုကို လက်ခံကြဖို့ လိုပါတယ်။ အမှန်တော့ ကျွန်မတို့ဆီမှာ အပြုအမှုပုံမှန်ထက် ထူးခြားတာမြင်တာနဲ့ အော်တစ်ဇင်လားဆိုပြီး ပြဿနာတစ်ရပ်အနေနဲ့ အမြန်ကောက်ချက်ချဖို့ စိုင်းပြင်းနေကြဆဲပါ။ ဒါဟာ လူနည်းစုဖြစ်တာကြောင့်လဲ တကူးတက စိတ်ဝင်စားသူနည်းတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မကိုယ်တိုင်တောင် လုပ်ငန်းခွင်မှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်တွေနဲ့ ရင်းနှီးပက်သက်ခွင့် ရှိလာမှ ပိုပြီးလေ့လာဖြစ် စာတွေထပ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာမှ ၁၃ နှစ်အရွယ် နျူရိုဒိုင်ဗားဂျန့် ရှိသူ လူငယ်တစ်ယောက်ရဲ့ စာအုပ်ကို အမှတ်မထင် ဝယ်ဖတ်မိလိုက်ရာကနေ ဒီကလေးငယ်တွေရဲ့ ဖြစ်တည်မှု မတူညီတာကို အတိုင်းအတာတစ်ခုထိ ပိုပြီးနားလည်ခဲ့ရပါတယ်။ Naoki Higashida နာအိုကီ ဟီဂရှီဒါ လို့ ခေါ်တဲ့ စကားမပြောနိုင်သူ ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ ၂၀၀၇ ခုနှစ်မှာ The Reason I Jump: The Inner Voice of a Thirteen-Year-Old ဆိုတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အခုဆိုရင် ဒီစာအုပ်ကလေးကို မြန်မာဘာသာအပါအဝင် ဘာသာပေါင်း ၃၀ ကျော် ဘာသာပြန်ထားခဲ့ကြပြီးပါပြီ။ စာအုပ်မှာ နာအိုကီလို ပြင်းထန် အော်တစ်ဇင် ရှိသူများအား အမေးများသော မေးခွန်းပေါင်း ၅၈ ခုကို နာအိုကီရဲ့ သိမြင်တွေ့ကြုံမှုမှ ပြန်လည်ဖြေကြားပြောပြထားတဲ့ Memoir ပုံစံ စာအုပ်ငယ်လေးဖြစ်ပါတယ်။ စာအုပ်ထဲမှာ မေးခွန်းတစ်ခုက – မေးခွန်း (၄၅) အပြင်ထွက် လမ်းလျှောက်ရတာကို ဘာဖြစ်လို့ သဘောကျရတာလဲ။ အော်တစ်ဇင် တော်တော်များများဟာ လမ်းလျှောက်ရတာကို သဘောကျ နှစ်ခြိုက်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ စာဖတ်သူ သိပါရဲ့လား။ “လမ်းလျှောက်ရတာ နေလို့ ကောင်းလို့ ဖြစ်မှာပေါ့” “အပြင်မှာ နေရတာ သိပ်ကောင်းတယ် မဟုတ်လား” ဒီအဖြေ နှစ်ခုစလုံး သူ့နည်းနဲ့သူ မှန်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် နံပါတ်တစ် အကြောင်းပြချက်ကတော့ ကျွန်တော်တို့ အော်တစ်ဇင်တွေဟာ စိမ်းစိုနေတဲ့ သဘာဝလောကကြီးကို နှစ်သက်မြတ်နိုးလို့ပါ။ အခုဆိုရင် “ဪ… ဒီလိုလား” လို့ စာဖတ်သူတွေးနေလောက်ပါပြီ။ ဒါပေမဲ့လည်း သဘာဝတရားအပေါ် ကျွန်တော်တို့ရဲ့ နှစ်သက်စုံမက်မှုက တခြားလူတွေနဲ့တော့ နည်းနည်းကွာပါတယ်။ လူတွေ နှစ်သက်တဲ့ သဘာဝတရားဆိုတာ သစ်ပင်တန်းတွေနဲ့ ပန်းကလေးတွေရဲ့ အလှအပအပေါ် အရင်းခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အထူးဂရုစိုက်မှုတွေ ခံနေရတဲ့ သူတွေအတွက်တော့ သဘာဝတရား ဆိုတာ ကျွန်တော်တို့ အသက်လောက်ကို အရေးပါ ပါတယ်။ အကြောင်းရင်းကတော့ သဘာဝအလှတွေကို ကျွန်တော်တို့ ကြည့်မိတဲ့အခါ ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သက်ဝင်လှုပ်ရှားခွင့် ရသလို ခံစားရလို့ပါပဲ။ သဘာဝတရားက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို ခံစားရပါတယ်။ လူတွေက ကျွန်တော်တို့ကို ဘယ်လောက်ပဲ မလိုလားသည် ဖြစ်စေ၊ လျစ်လျူရှုသည်ဖြစ်စေ သဘာဝတရားကတော့ ကျွန်တော်တို့အပေါ် အမြဲတမ်း နွေးထွေးမှုတွေ ပေးစွမ်းနိုင်ပါတယ်။ သဘာဝတရားရဲ့ စိမ်းမြမှုဟာ သစ်ပင်၊ ပန်းပင်တွေရဲ့ အသက်ဇီဝပါပဲ။ အစိမ်းရောင်ဟာ အသက်ဇီဝကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စိမ်းမြတဲ့ ပတ်ဝန်းကျင်ကို မကြာခဏ လမ်းလျှောက်ထွက်ချင်ကြတာပါပဲ။ [ဆရာ ကျော်စွာ (ဆေး-၂) ရဲ့ ဘာသာပြန် “ကိုယ်တွေ့ကြုံရ အော်တစ်ဇင်ဘဝ” မှ ကောက်နှုတ်ထားသည်။] ဒီစာအုပ်ကို မှီငြမ်းရိုက်ကူးထားတဲ့ The Reason I Jump ဆိုတဲ့ နာမည်နဲ့ပဲ မှတ်တမ်းရုပ်ရှင်တစ်ကား ၂၀၂၀ မှာထွက်ထားခဲ့ပါတယ်။ ကမ္ဘာ့ထောင့်တစ်နေရာစီက နျူရိုဒိုင်ဗားဂျန့် ရှိသူ ကလေး ၅ ဦးရဲ့ နေ့စဉ်ဘဝ၊ လူမှုဘဝ၊ မိသားစုဘဝ အတက်အကျကို လှပတဲ့ Cinematography နဲ့ ပေါင်းစည်းရိုက်ပြထားတာပါ။ ဒီလို စာအုပ်တင်မက ရုပ်ရှင်ပါ တပြိုင်တည်းကြည့်ခွင့်တဲ့အခါမှာ ကျွန်မတို့လို သာမာန် Neurotypical ရှိသူတစ်ဦးအနေနဲ့ အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်နားလည်နိုင်ဖို့ အထောက်အကူပေးခဲ့ပါတယ်။ အချုပ်အားဖြင့် အလွန်ကျယ်ပြန့်နက်ရှိုင်းပြီး လေ့လာမကုန်တဲ့ နျူရိုဒိုင်ဗားဂျန့် ကလေးများအကြောင်း အရိပ်အမွတ်ဖြစ်စေ ခံစားနားလည်နိုင်ဖို့၊ နာအိုကီ ဟီဂရှီဒါ တို့လို ကလေးငယ်တွေရဲ့ အားထုတ်ဆက်သွယ်မှုကို တစ်နည်းတစ်ဖုံ ပြန်လည်ဆက်သွယ်နိုင်ဖို့၊ ဒီစာအုပ်ကို လူတိုင်းဖတ်ဖို့ အမြဲညွှန်းနေမှာဖြစ်သလို၊ ရုပ်ရှင်ကိုပါ မြန်မာစာတမ်းထိုးနဲ့ အချိန်ပေးကြည့်ရှုနိုင်ဖို့ ကိုဝီရအောင်က Channel Myanmar ကနေ အားထုတ် ဘာသာပြန် စာတမ်းထိုးပေးထားပါတယ်။ နျူရိုဒိုင်ဗားဂျန့် ဖြစ်သူ ကလေးများကို အသိအမှတ်ပြု လက်ခံကြိုဆိုဖို့၊ မတူကွဲပြားမှုကို တန်းဖိုးထားရကောင်းမှန်းသိစေဖို့၊ ဝေဖန်ကဲ့ရဲ့မှုကင်းပြီး အပြုသဘောဆောင်တဲ့ လူမှုအသိုက်အအုံလေးများကို ဖန်တီးတည်ဆောက်နေတဲ့ ကမ္ဘာအနှံ့အပြားမှ အသွင်ပြောင်းပညာရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ ဆရာ/မ များအတွက် ဒီအညွှန်းကို ရေးပါတယ်။ ~ မာနွယ်အေး Further readings: https://thereasonijumpfilm.com/ What Does It Mean To Be Neurodivergent? https://www.forbes.com/health/mind/what-is-neurodivergent/ What is neurodiversity? https://www.health.harvard.edu/blog/what-is-neurodiversity-202111232645 Autistic Play at Forest School : pretend play characteristics seen otherwise https://forestschoolassociation.org/autistic-play-at-forest-school-pretend-play-characteristics-seen-otherwise/ (ဒီဒိုကူမန်ထရီရဲ့ အညွှန်းကို မမာနွယ်အေးမှ ရေးသားပေးထားပြီး WiRa Aung မှ ဘာသာပြန်ဆိုပေးထားပါတယ်) Size – 1.6GB, 776MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 22Min Genre – Documentary, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Action • Drama
7.4 2020
The Reason I Jump
How to Steal a Million
7.5

နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။ နီကိုးလ်ရဲ့ အ​ဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။ တရက်မှာတော့ နီကိုးလ်ရဲ့ အဖေဟာ ပြဿနာတစ်ခုကြောင့် မိဘမကောင်း သားသမီးခေါင်းဆိုသလို မဖြစ်မနေဖြေရှင်းရဖို့ ဖြစ်လာပါတော့တယ်။ ဒါးမော့တ် လည်း နီကိုးလ်ရဲ့ ပြဿနာတွေကိုလိုက်လံကူညီဖြေရှင်းဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ၊ ဘယ်လိုအစီအစဉ်တွေနဲ့ ဖောက်ထွင်းရေးကို လုပ်ကြမလဲ၊ နီကိုးလ်နဲ့ ဘယ်လိုနီးစပ်သွားမလဲဆိုတာကို ရသပေါင်းစုံ နဲဲ့ရိုက်ကူးထားပါတယ်။ File size…(1.8 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:03:00 Genre… Comedy, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

7.5 1966
How to Steal a Million
Love Bomb
4.3

Love Bomb (2024) 2024 မှာ ထွက်ရှိထားတဲ့ Thriller ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒါရိုက်တာ David Guglielmo က ရိုက်ကူးတင်ဆက်ထားပါတယ်။ Tinder လို Dating App တွေမှာမှ သမားရိုးကျ ဒိတ်လုပ်တာ မဟုတ်ဘဲ ပထမဆုံး ဒိတ်မှာတည်းက Role play လုပ်လို့ရမယ်ဆိုရင်ရော? သူ့အကြောင်း ကိုယ့်အကြောင်း သေချာမသိသေးဘဲ Role play လုပ်ကြတဲ့အခါ အဆိုးဆုံးက ဘာတွေဖြစ်လာနိုင်မလဲ။ ဒီဇာတ်လမ်းလေးထဲ ခံစားကြည့်ရှု့လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Kaung San ဖြစ်ပါတယ်။) File size…(1.4 GB) / (690 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:16:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Kaung San

Comedy • Drama
4.3 2024 75 mins
Love Bomb
Illti
5.3

Illti (2025)”အစ်တီ” =============== အသစ်ထွက်ထားတဲ့ ပန်ချာပီစကားပြော ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ နာမည်ရ ပန်ချာပီမင်းသား ဂျာဂ်ဂျိဆန်ဒူနဲ့ ချစ်ဖို့ကောင်းတဲ့ ပန်ချာပီမင်းသမီးလေး တာနီယာတို့က အဓိကပါဝင်ထားတာပါ။ ဇာတ်လမ်းကတော့.. ပန်ဂျပ်ပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ အတော်လေးဘရုတ်ကျလွန်းလို့ တစ်ရွာလုံးက မျက်မုန်းကျိုးနေရတဲ့ အစ်တီဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ အစ်တီဟာ ၉ လတည်းနဲ့ မွေးခဲ့တာဖြစ်ပြီး မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အလျောက် လူပျိုဖြစ်တဲ့အထိ ကလေးလိုလိုခွေးလိုလိုနဲ့ ဆိုးချင်တိုင်းကို ဆိုးနေတာပါ။ အဲဒီလိုဆိုးနေရင်း အစ်တီတစ်ယောက် လူငယ်တွေရဲ့ထုံးစံ အချစ်နဲ့တွေ့ပြီး အချစ်ဆိပ်တက်နေတုန်းမှာ သူကြူနေတဲ့ကောင်မလေးက ယောက်ျားယူသွားတဲ့အတွက် အသည်းကွဲသွားခဲ့ပါတယ်။ နဂိုကတည်းက ပေါက်ကရတွေလုပ်ပြီးဆိုးပေနေတဲ့ အစ်တီတစ်ယောက် အသည်းကွဲပြီး ကမူးရှူးထိုးတွေလျှောက်လုပ်နေတုန်းမှာ ဆာရီအနီရောင်ဝတ်ထားတဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့မိတဲ့အခါမှာတော့…။ ပန်ချာပီရုပ်ရှင်တွေရဲ့ထုံးစံ သာယာနာပျော်ဖွယ် ဂီတသံလေးတွေနဲ့ ရယ်ရယ်မောမောကြည့်ရှုခံစားရမယ့် ဟာသရုပ်ရှင်လေးကို စီအမ်မာဆလာအဖွဲ့သားတွေကနေ ပရိသတ်တွေအတွက် ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

5.3 2025 160 mins
Illti
Uninvited
5.8

Uninvited (2024) IMDb Rating (5.8) သန်းကြွယ်သူဌေးကြီး ဂီလီဟာ သူ့မွေးနေ့ပွဲကို သူ့ရဲ့ဇိမ်ခံအိမ်ကြီးမှာ ခမ်းနားစွာကျင်းပဖို့စီစဉ်ထားသလိုဂုဏ်သရေရှိဧည့်သည်တွေလည်း တဖွဲဖွဲရောက်လာနေပါတယ်။ အဲ့ဒီဧည့်သည်တွေထဲမှာ ဖိတ်ကြားမထားတဲ့ ဧည့်သည်တစ်ယောက်ပါနေပြီး အဲ့ဒီဧည့်သည်ဟာ ဒီညမှာ ဂီလီရဲ့အသက်ကို ဇီဝန်ချုပ်ပေးမယ့်သူလည်းဖြစ်ပါတယ်။ သူကတော့ လီလီယာဆိုတဲ့ အမျိုးသမီးကြီးဖြစ်ပြီး သူ့ရဲ့အသက်သွေးကြောဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး လီလီရက်ရက်စက်စက်အသတ်ခံရတဲ့အမှုအတွက် ကလဲ့စားချေမှာပါ။ ဂီလီရဲ့ပိုင်နက်၊ သက်တော်စောင့်တွေအထပ်ထပ်၊ဧည့်သည်တွေအများကြီးနဲ့စံအိမ်ကြီးထဲမှာ သူ့ကိုလုပ်ကြံဖို့ဆိုတာ သူ့လိုလက်နက်မဲ့အဘွားကြီးတစ်ယောက်အတွက် လွယ်ကူနိုင်ပါ့မလား? ဒီအကြံအစည်အတွက် သူ့ဘက်က ဘယ်လိုကြိုတင်ပြင်ဆင်ထားခဲ့လဲစတာတွေကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဂန္ဓဝင်မင်းသမီးကြီး Vilma Santos နဲ့ ထိပ်တန်းမင်းသမီးငယ် Nadine Lustre တို့ဦးဆောင်ပါဝင်ထားတဲ့ Thriller ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (570 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:33:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama • Romance
5.8 2024 93 mins
Uninvited