YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Brilliant Class 8 E20 CM.mp4

313.39 MB N/A video/mp4 76 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Born to Fly
5.6

CMပရိတ်သတ်တို့အတွက် Wang Yi Bo(ဝမ်ရိပေါ်)ရဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် Born To Fly ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးမှာ ဝမ်ရိပေါ်က ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူသရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက်ကတော့ လေယာဉ်မှူးပဲဖြစ်ပါတယ်.. Born To Fly ဇာတ်ကားကိုရုံတင်ပြသခဲ့တုန်းက Box Officeမှာ 120 Million ရရှိထားခဲ့သလို တရုတ်ပြည်မှာလဲဝက်ဝက်ကွဲ ရုံပြည့်ရုံလျှံအားပေးကြတဲ့ ဇာတ်ကားလေးတကားပဲဖြစ်ပါတယ် ဆုတွေအနေနဲ့လဲ ဆု ၈ ခု ပိုင်ဆိုင်ခဲ့ပြီးတော့ ၅ ခုအတွက် လျာထားခြင်းလည်းခံခဲ့ရပါသေးတယ် ဇာတ်လမ်းအကျဉ်းလေးကို တင်ဆက်ပေးရမယ်ဆိုရင်တော့ လေ့ယွီ(Wang Yi Bo)ဟာ ကပ္ပတိန်ကျန်းထင်ရဲ့ ကြောင်းလမ်းမှုနဲ့ စမ်းသပ်ပျံသန်းရေးဌာနမှာ စမ်းသပ် တိုက်လေယာဉ်မှူးဖြစ်ဖို့ အဆင့်ဆင့်ဆန်းစစ်မှုတွေကိုဖြတ်သန်းခဲ့ပါတယ် ဒီလိုနဲ့ ရှေ့တန်းကလေယာဉ်မှူးတွေ အန္တရာယ်ကင်းကင်း လေယာဉ်မောင်းနှင်နိုင်မှုအတွက် ပြင်းထန်ပြီး စွန့်စားခန်းကြီးလာတဲ့ မစ်ရှင်တွေ ဆောင်ရွက်ရပါတော့တယ် မြင့်မားတဲ့ဝေဟင်ထက်မှာ သေခြင်းတရားနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ လေဟုန်ကိုခွင်းပြီး ဝေဟင်ထက်က လေတံခွန်လေးဖြစ်နိုင်ပါ့မလား... တာဝန်ကိုရောပြီးမြောက်အောင်မြင်နိုင်ပါ့မလား နိုင်ငံကိုပိုင်နက်ကျူးကျော်နေတဲ့ ပြည်ပတိုက်လေယာဉ် နယ်ချဲ့သမားတွေကိုလည်း တရုတ်နိုင်ငံတော်လေတပ်နဲ့ ဘယ်လိုပူးပေါင်း တိုက်ထုတ်ကြမလဲ "စွန့်စားခန်း" တွေကနေ လေ့ယွီတစ်ယောက် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလားဆိုတာကို................... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 2h 7 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Clytie Encoded by LK

Horror
5.6 2023 127 mins
Born to Fly
Hellblazers
4.9

ဂျိုးအန်ဒါဆင်ဆိုတဲ့ နယူးယော့ခ်သား ရဲတစ်ယောက်ဟာ ရဲမှူးရာထူးနဲ့ ဟုပ်ဗေလီဆိုတဲ့ မြို့ငယ်လေးဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်ဗျ။ ဟုပ်ဗေလီဟာဆိုရင် ရာဇဝတ်မှုကြီးကြီးမားမားမရှိတတ်တဲ့၊ အေးချမ်းတဲ့ မြို့ငယ်လေးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီဘာမှ ထူးထူးခြားခြားမရှိတတ်တဲ့ အဲ့ဒီမြို့လေးရဲ့ ရဲစခန်းကို ဘေလ်ဆိုတဲ့ ရူးကြောင်ကြောင်အဘိုးကြီးရောက်လာပြီး သူ့ခြံထဲမှာ အဝါရောင် ခြုံထည်တွေဝတ်၊ မျက်နှာတွေအုပ်ထားတဲ့ လူတစ်စုက ဂါထာမန္တာန်တွေရွတ်ကာ ငရဲတွင်းပေါက်ဖွင့်ပြီး နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ကြတယ်လို့ တိုင်ချက်ဖွင့်လာခဲ့ပါတယ်ဗျ။ အဲ့ဒီအချိန်ကနေစပြီး ငြိမ်သက်နေတဲ့မြို့လေးမှာ ထူးခြားတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဒီ Hellblazers ဆိုတဲ့ရုပ်ရှင်လေးဟာဆိုရင် Jump scares ခပ်ပါးပါးတချို့နဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင်ဆွဲခေါ်ထားပြီး အချိန်ပေးရတာတန်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.3GB  / 581MB  Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe Yan Naing

Comedy • Romance
4.9 2022 84 mins
Hellblazers
Booksmart
7

သင်ဟာ ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်သူလား သင်ဟာ ကျောင်းသားဟာသကားလေးတွေ ကြိုက်နှစ်သက်သူလား … သင့်မှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ရှိပါသလား … သင်ဟာ အထက်တန်းကျောင်းလောလောလတ်လတ် ပြီးစီးထားသူလား ... ဒါဆိုရင် ၂၀၁၉ ထွက်ထားတဲ့ Booksmart ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် … ဇာတ်ကားအမျိုးအစားလေးကတော့ Comedy/Coming of age fiction ဖြစ်ပြီး Rating တွေမအနေနဲ့ IMDb – 7.5 /10 ရရှိထားပြီး RT – 97%တောင် ရရှိထားပါတယ် ကျောင်းမှာ စာအတော်ဆုံး အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ အေမီနဲ့ မော်လီတို့ရဲ့ အထက်တန်းပြီးမယ့် နောက်ဆုံးနေ့ကို ရောက်ရှိလာပါတယ် … သူတို့ကစာအတော်ဆုံးဖြစ်ပြီး တခြားကျန်တဲ့သူတွေကို ငတုံးတွေလို့ အထင်ရောက်နေကြတဲ့ နှစ်ယောက်ပေါ့… အတန်းထဲက တခြားသူတွေက အထက်တန်းပြီးလို့ ကောလိပ်တက်ချိန်ရောက်တဲ့အခါ သူတို့နှစ်ယောက်ကပဲ ဟားဗက်တို့လို ယေးလ် တို့လို တက္ကသိုလ်ကောင်းကောင်းတွေ တက်နိုင်မယ် လို့ အထင်ရောက်နေကြတဲ့ နှစ်ယောက်ဟာ ကျောင်းနောက်ဆုံးနေ့မှာ သူတို့ထင်တာ တက်တက်စင်အောင်လွဲနေတာ သိလိုက်ရတဲ့နောက်… စာတွေပဲ ဖိလုပ်ပြီး ပျော်ပွဲရွှင်ပွဲတွေ ပါတီတွေ တစ်ခါမှ မတက်ဖူးတဲ့ အေမီ နဲ့ မော်လီတို့ဟာ မတန်ဘူးဆိုပြီးကျောင်းနောက်ဆုံးနေ့မှာ ကျောင်းသားတွေလုပ်တဲ့ ပါတီတွေကို တက်ရောက်ဖို့ ကြိုးစားကြပါတော့တယ်… မော်လီနဲ့အေမီ သူတို့ရဲ့ နောက်ဆုံးစစ်ဆင်ရေး အောင်မြင်နိုင်ပါ့မလား ..ကိုယ်တိုင်ကြည့်ရှုခံစားတော်မူကြပါ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (800 MB) and (300 MB) Quality : NF WEB-DL 720p Running Time : 1hr 42min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by THZ

Action & Adventure • Crime • Drama • Mystery
7 2019 102 mins
Booksmart
[18+] So Cute
6.7

So Cute(2004) ************** (၁၈+ အခန်းများပါသဖြင့်မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ..) ဂျန်ဆူရိုဟာ ဆိုးလ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ နတ်ဆရာတစ်ယောက်ဖြစ်ပါတယ်.. သူဟာ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အဆောင်လက်ဖွဲ့ပေးရာမှာ နာမည်ကြီးလို့ အမျိုးသမီးတွေက သူ့ကို သဘောကျကြတယ်.. အဲလိုနဲ့ဂျန်ဆူရိုဟာ အမျိုးသမီးတချို့နဲ့ပတ်သက်ခဲ့ပြီး ဖအေတူမအေကွဲ သား၃ယောက်ရလာပါတော့တယ်.. သားကြီးဖြစ်သူအမူးသမား ၉၆၃က ဆိုင်ကယ်နဲ့ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ပြီး သားလတ်ဖြစ်သူဂယ်ခို(ခွေးနှာခေါင်း)က ကရိန်းကားမောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. သားအငယ်ဆုံးဖြစ်တဲ့မောရှီဂီကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး မကြာခင်ကမှ ထောင်ကထွက်လာသူဖြစ်ပါတယ်.. မောရှီဂီရဲ့ဆရာ လူမိုက်ဂိုဏ်းခေါင်းဆောင်က မောရှီဂီရဲ့ဖခင်နေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်ကတိုက်တန်းဟောင်းကို စီမံကိန်းတစ်ခုနဲ့ဖျက်ခိုင်းဖို့ မောရှီဂီနဲ့အဖွဲ့ကို စေခိုင်းတဲ့အခါမှာတော့ ဖခင်နဲ့လူမိုက်ဆရာကြား မောရှီဂီအခက်တွေ့ပါတော့တယ် ဒါ့ပြင် သားလတ်ဂယ်ခိုနဲ့သိတဲ့ ဆွန်းရီဆိုတဲ့ဆန်မုန့်ရောင်းတဲ့မိန်းကလေးတစ်ဦးကပါ.. သူတို့အိမ်ပေါ်ရောက်လာတဲ့အခါမှာ သားအဖ၄ယောက်နဲ့ဆွန်းရီရဲ့ပတ်သက်မှုကလည်း ရယ်မောစရာကောင်းပြီး ပိုရှုပ်ထွေးလာပါတော့တယ်.. File Size : (3.1GB)(1.0 GB) and (397 MB) Quality : NF.WEB-DL 1080P, 720p Format…mp4 Duration…01:56:00 Genre : Adult, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PPM Encoded by DS

Comedy • Romance
6.7 2004
[18+] So Cute
Blood Father
7

Blood Father(2016) ****************** ဂျွန်လင့်ဆိုသူဟာ ထောင်ကထွက်လာပြိး စောင့်ကြည့်ကာလနဲ့နေထိုင်ရင်း အသောက်အစားဖြတ်ကာ ဘဝသစ်ပြန်စ၊ ဆိုးသွမ်းခဲ့တာတွေပြင်ဆင်၊ ဆုံးရှုံးခဲ့တာတွေ ပြန်အဖတ်ဆယ်ရင်းနဲ့၊ ဇနီးဖြစ်သူကလည်းပစ်သွားတဲ့အပြင် တစ်ဦးတည်းသောသမီးကပါ အိမ်ကထွက်ပြေးသွားလို့ ရှာမရဖွေမရဖြစ်ရင်း ပြန်လည်ထူထောင်ရေးစခန်းမှာသောင်တင်နေသူပါ။ သမီးဖြစ်သူ လဒ်ဒီယာဟာဆိုရင် အိမ်ကထွက်ပြေးရင်းမှ လူမိုက်ဂိုဏ်းသားတစ်ယောက်နဲ့ရည်းစားဖြစ်မိကာ အခြေအနေအမျိုးမျိုးကြောင့် ရည်းစားဖြစ်သူကိုသတ်မိသွားပါရော၊ ဆိုးတာက သူ့ကောင်လေးဟာ လူမိုက်ဂိုဏ်းကခေါင်းဆောင်ရဲ့တူဖြစ်နေတဲ့အပြင်၊ သူမကိုပါ ပိုက်ဆံတွေယူသွားတယ်ဆိုပြီး စွဲချက်တွေနဲ့အတူ၊ ရဲဘက်ကလည်း လူသတ်မှုနဲ့လိုက်ရှာပါတော့တယ်။ ကြံရာမရတဲ့အဆုံး ဖခင်ဆီကိုသာပြန်လာခဲ့ပြီး ဖခင်ဖြစ်သူက သမီးရဲ့အရှုပ်တွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို ကြည့်ရှုရမယ့် ဖအေနဲ့ သမီးတို့ရဲ့ စွန့်စားခန်းတစ်သီကြီးနဲ့ အက်ရှင်ကားဖြစ်ပါတယ်… File Size :(1.9GB)(and (718MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7 2016 88 mins
Blood Father
Dhak Dhak
7.1

Dhak Dhak (2023) လေဒီဘိုက်ကာများ IMDb- 7.2/1 အခုတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ထူးခြားတဲ့ ဟင်ဒီစကားပြောရုပ်ရှင်တကားပါပဲ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရှုခင်းအလှတွေကိုပါ မြင်တွေ့ရမယ့် ခုနောက်ပိုင်းရှားပါးလာတဲ့ ငြိမ့်ငြိမ့်လေးကြည့်ရမယ့် ဘောလိ၀ုဒ်ရုပ်ရှင်တွေထဲက တစ်ကားပါ။ မင်းသမီးကြီး ရတ်နာပါသာ့ခ်နဲ့အတူ Dangal(2016)ထဲက မင်းသမီးချောလေး ဖာတီမာ Dil Bechara(2020)မှာ ဆူရှန့်နဲ့အတွဲညီညီပါဝင်ခဲ့တဲ့ မင်းသမီးချောဆန်ဂျာနာဆန်ဂ်ဟီး Sanju(2018)ထဲမှာ ရန်ဘီးရ်ရဲ့ကာရိုက်တာ ဆန်ဂျေးဒတ်ရဲ့ဇနီးနေရာက ပါဝင်ခဲ့တဲ့ မင်းသမီးဒိုင်ယာတို့ ပါဝင်ထားကြတာပါ။ ဒီမင်းသမီးလေးယောက်က အဓိကပါဝင်ထားပြီး ဆိုင်ကယ်ကလပ်ဘီးကြီးတွေနဲ့ ကမ္ဘာပတ်ကြမယ့် အာဂအမျိုးသမီးတွေကို တွေ့ရမှာပါ။ သားသမီးတွေကို ကိုယ်ဘယ်လောက်ရဲရင့်ကြောင်း ပြချင်တဲ့အဒေါ်ကြီးမဟီ။ ဆိုရှယ်မီဒီယာပေါ်က အရှက်ကွဲမှုတစ်ခုနဲ့ ယူကျုဘာမလေး စကိုင်း။ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်လပ်မှုကိုရှာချင်တဲ့ အမျိုးသမီးလေး မန်ဂျရီ။ ယောကျာ်းဖြစ်သူကို သူလည်းပဲ လုပ်နိုင်စွမ်းရှိကြောင်းပြချင်တဲ့ စက်ပြင်ဆရာမလေး အူဇမာ။ ဒီအမျိုးသမီးလေးဦးပေါင်းပြီး ကမ္ဘာပတ်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေ သူတို့ရဲ့မိသားစုပြဿနာ လူမှုရေးပြဿနာတွေကိုပုံဖော်ရင်း ထုံးတမ်းစဉ်လာတွေကနေ ဖောက်ထွက်ခဲ့တဲ့ ပန်းချီကားလေးချပ်ရဲ့ အစီအစဉ်က အောင်မြင်မှာလားဆိုတဲ့ အမျိုးသမီးတန်းတူညီမျှမှုဆိုတာကို ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Horror • Thriller
7.1 2023
Dhak Dhak
The Reason I Jump
7.4

The Reason I Jump (2020) ~ IMDb – 7.4/10, RT – 97%, Meta – 83% ~ “I don’t have ADHD when I am out in the woods.” – David (Age 14) “ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။” Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ … “သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး တစ်တုံးသာ တစ်နေရာက တစ်နေရာကို ချီရွှေ့ခိုင်းလိုက်ပါ ဆရာမ၊ သူအဆင်ပြေသွားပါလိမ့်မယ်” တဲ့။ အမှန်တော့ အင်္ဂလန်က မူကြိုကျောင်းတိုင်းမှာ ကလေးတွေအတွက် SENCO (Special Educational Needs Coordinator) လို့ခေါ်လို့တဲ့ အထူးပြု ဆရာ/ဆရာမ အနည်းဆုံးတစ်ယောက် မဖြစ်မနေထားကြရပါတယ်။ အထူးဂရုပြုကူညီပံ့ပိုးပေးဖို့လိုအပ်တဲ့ ကလေးငယ်တစ်ယောက်ယောက် (Special Needs) ကိုယ့်ကျောင်းကို ရောက်ရှိလာရင် အဲဒီကလေးကို အလွယ်တကူ သတိပြုမိစေဖို့နဲ့ အနီးကပ် စောင့်ကြည့်နိုင်ပြီး လိုအပ်တဲ့ အကူအညီကို သင့်တော်စွာပေးနိုင်ဖို့အတွက် ကျွမ်းကျင်သူဆရာမတစ်ယောက်က ဦးဆောင်တာဝန်ယူရတဲ့ သဘောပါ။ တနည်းအားဖြင့် လိုအပ်လာပါက ကလေးကို ကောင်းမွန်စွာပံ့ပိုးပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ ချိတ်ဆက်ပေးတာမျိုး၊ ကလေးရဲ့ မိသားစုကို လိုအပ်တဲ့ အကူအညီပေးတာမျိုး (ငွေကုန်ကြေးကျရှိလာပါက အစိုးရဘက်မှ ပံ့ပိုးမှုအရဖြစ်စေ)၊ မိမိကျောင်းမှာ ရှိစဉ်တောက်လျှောက် ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို အကောင်းဆုံး စောင့်ကြည့်ပြီး ပံ့ပိုးပေးနိုင်ရန် မိဘ၊ ဆရာ/မ၊ အခြားပညာရှင်များပါ လက်တွဲပူးပေါင်းဖို့လဲ ဖြစ်ပါတယ်။ ဆရာ/မ တွေအနေနဲ့ အတွေ့အကြုံအရ ဖြစ်နိုင်ချေရှိသည်များကို ခန့်မှန်းကြည့်နိုင်သော်ငြား ဘယ်ကလေးကိုမှ ငယ်နုတဲ့ကာလမှာ အလွယ်တကူ ကောက်ချက်ချတာမျိုး တံဆိပ်ကပ်တာမျိုး မလုပ်ဖို့ သတိထားကြပါတယ်။ ဒါဆို ဟုတ်ပြီ၊ ဒီလိုမျိုး တံဆိပ်မကပ်ဘူးဆို ဘယ်လိုနာမ်စား အစားထိုးသုံးကြမလဲပေါ့။ ကျွန်မတို့လို အသွင်ပြောင်းပညာရေးကို ဖော်ဆောင်တဲ့ ဆရာ/မ တွေကြားမှာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီး တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ နောက်တစ်ချက်က Children with Special Educational Needs အစား Children with Different Abilities လို့လဲ ပြောင်းလဲ သုံးနှုန်းပါတယ်။ Neurodivergent ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။ “Neurodiversity describes the idea that people experience and interact with the world around them in many different ways; there is no one “right” way of thinking, learning, and behaving, and differences are not viewed as deficits.” – Harvard Health Publishing သာမန်ကနေ ခွဲထွက်တွေးသူ၊ ထူးခြားစွာပြုမှုပြောဆိုဆက်ဆံသူ၊ ထူးခြားသော အပြုအမူရှိသူ၊ သင်ယူမှုပုံစံကွဲပြားသူ၊ စသဖြင့်… အများနဲ့ မတူဘူးဆိုတာနဲ့ ချို့ယွင်းချက်ရယ်လို့ တထစ်ချ မသတ်မှတ်ပဲ သီးခြားဖြစ်တည်လုပ်ဆောင်မှုတစ်မျိုးမျိုးနဲ့ ဦးနှောက်ပိုင်ရှင် ဘယ်သူမဆို နျူရိုဒိုင်ဗားဂျန့် ဖြစ်သူလို့ သတ်မှတ်ကြပါတယ်။ ဒါဟာ ခြုံငုံပြီးခေါ်တဲ့ Non-Medical Umbrella Term တစ်ခုဖြစ်ပါတယ်။ ဒီခြုံငုံမှုထဲမှာ ASD လို့ခေါ်တဲ့ အော်တစ်ဇင် Spectrum ထဲမှာ ပါသူတွေ၊ Dyslexia စာဖတ်ခက်ခဲခြင်းပြဿနာ ရှိသူတွေ၊ ADHD အာရုံစိုက်ဖို့ ခက်ခဲပြီး တစ်နေရာထဲ အငြိမ်မနေနိုင်သူတွေ Epilepsy ရှိသူတွေ စသည်ဖြင့် ဦးနှောက် Function မျိုးစုံနဲ့ ကလေးတွေရော လူကြီးတွေပါ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့် ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ခြင်းကြောင့် လူတစ်ဦးတစ်ယောက်ဟာ အများနဲ့ မတူ၊ အများလက်ခံထားတဲ့ တန်ဖိုးစံနှုန်းတွေကနေ သွေဖယ်တာ၊ တွေးပုံ နေထိုင်ပြုမှုပုံ မတူညီတာကို၊ ဒါက အော်တစ်ဇင်၊ ဒါက စာသင်မရတဲ့ ရောဂါ၊ ဒါက ငြိမ်ငြိမ်မနေနိုင်တဲ့ ADHD ဆိုပြီး အလွယ်တကူ ကောက်ချက်ချခြင်းတွေအပြင် လူအများစုနဲ့ မတူတိုင်း အသင်းအဖွဲ့ကနေ အလိုအလျှောက်ပယ်လိုက်ဖို့ ဝန်မလေးတဲ့ လုပ်ရိုးလုပ်စဉ် တွေကို တိုက်ဖျက်ချင်တာမို့ ပညာရှင်အချို့ဟာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ၁၉၉၀ ကျော်ကာလတွေမှာ စတင် အစားထိုးအသုံးပြုလာတာဖြစ်ပါတယ်။ အမှန်တော့ ကမ္ဘာကြီးကို တနည်းတဖုံပြောင်းလဲစေသူ၊ ကိုင်လှုပ်နိုင်ခဲ့ကြသူ (လက်ရှိမှာကိုပဲ ကမ္ဘာကိုကိုင်လှုပ်နေသူ) တော်တော်များများဟာ နျူရိုဒိုင်ဗားဂျန့် တွေ ဖြစ်နေပြန်ပါတယ်။ ဒီလိုပြောတဲ့အတွက် မိမိကလေးဟာ နျူရိုဒိုင်ဗားဂျန့် ဖြစ်နေရင် တစ်နေရာရာမှာ အထင်ကရဖြစ်မှာပဲလို့တော့ မဆိုလိုပါဘူး။ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များရဲ့ ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ပုံကို ပထမအဆင့်အားဖြင့် လက်ခံနားလည်နိုင်ဖို့၊ ဒုတိယအဆင့်အားဖြင့် ထိုကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးခွင့်၊ ပြည့်ဝစွာ နေထိုင်ဖြစ်တည်ခွင့်ရစေရန်၊ လိုအပ်တဲ့ ပတ်ဝန်းကျင်တစ်ခု စုပေါင်းဖန်တီးပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် စာသင်ကျောင်းတွေ၊ မူကြိုကျောင်းတွေ၊ လူမှုအသိုက်အဝန်းတွေ၊ အခြားအခြားသော Institution တွေမှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များကို အလွယ်တကူ မဖယ်ကျဉ်ကြဖို့၊ လူမှုအသိုင်းအဝန်းမှာ နားလည်ထည့်သွင်းဖို့၊ ကွဲပြားစွာလှပနေမှုကို လက်ခံကြဖို့ လိုပါတယ်။ အမှန်တော့ ကျွန်မတို့ဆီမှာ အပြုအမှုပုံမှန်ထက် ထူးခြားတာမြင်တာနဲ့ အော်တစ်ဇင်လားဆိုပြီး ပြဿနာတစ်ရပ်အနေနဲ့ အမြန်ကောက်ချက်ချဖို့ စိုင်းပြင်းနေကြဆဲပါ။ ဒါဟာ လူနည်းစုဖြစ်တာကြောင့်လဲ တကူးတက စိတ်ဝင်စားသူနည်းတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မကိုယ်တိုင်တောင် လုပ်ငန်းခွင်မှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်တွေနဲ့ ရင်းနှီးပက်သက်ခွင့် ရှိလာမှ ပိုပြီးလေ့လာဖြစ် စာတွေထပ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာမှ ၁၃ နှစ်အရွယ် နျူရိုဒိုင်ဗားဂျန့် ရှိသူ လူငယ်တစ်ယောက်ရဲ့ စာအုပ်ကို အမှတ်မထင် ဝယ်ဖတ်မိလိုက်ရာကနေ ဒီကလေးငယ်တွေရဲ့ ဖြစ်တည်မှု မတူညီတာကို အတိုင်းအတာတစ်ခုထိ ပိုပြီးနားလည်ခဲ့ရပါတယ်။ Naoki Higashida နာအိုကီ ဟီဂရှီဒါ လို့ ခေါ်တဲ့ စကားမပြောနိုင်သူ ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ ၂၀၀၇ ခုနှစ်မှာ The Reason I Jump: The Inner Voice of a Thirteen-Year-Old ဆိုတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အခုဆိုရင် ဒီစာအုပ်ကလေးကို မြန်မာဘာသာအပါအဝင် ဘာသာပေါင်း ၃၀ ကျော် ဘာသာပြန်ထားခဲ့ကြပြီးပါပြီ။ စာအုပ်မှာ နာအိုကီလို ပြင်းထန် အော်တစ်ဇင် ရှိသူများအား အမေးများသော မေးခွန်းပေါင်း ၅၈ ခုကို နာအိုကီရဲ့ သိမြင်တွေ့ကြုံမှုမှ ပြန်လည်ဖြေကြားပြောပြထားတဲ့ Memoir ပုံစံ စာအုပ်ငယ်လေးဖြစ်ပါတယ်။ စာအုပ်ထဲမှာ မေးခွန်းတစ်ခုက – မေးခွန်း (၄၅) အပြင်ထွက် လမ်းလျှောက်ရတာကို ဘာဖြစ်လို့ သဘောကျရတာလဲ။ အော်တစ်ဇင် တော်တော်များများဟာ လမ်းလျှောက်ရတာကို သဘောကျ နှစ်ခြိုက်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ စာဖတ်သူ သိပါရဲ့လား။ “လမ်းလျှောက်ရတာ နေလို့ ကောင်းလို့ ဖြစ်မှာပေါ့” “အပြင်မှာ နေရတာ သိပ်ကောင်းတယ် မဟုတ်လား” ဒီအဖြေ နှစ်ခုစလုံး သူ့နည်းနဲ့သူ မှန်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် နံပါတ်တစ် အကြောင်းပြချက်ကတော့ ကျွန်တော်တို့ အော်တစ်ဇင်တွေဟာ စိမ်းစိုနေတဲ့ သဘာဝလောကကြီးကို နှစ်သက်မြတ်နိုးလို့ပါ။ အခုဆိုရင် “ဪ… ဒီလိုလား” လို့ စာဖတ်သူတွေးနေလောက်ပါပြီ။ ဒါပေမဲ့လည်း သဘာဝတရားအပေါ် ကျွန်တော်တို့ရဲ့ နှစ်သက်စုံမက်မှုက တခြားလူတွေနဲ့တော့ နည်းနည်းကွာပါတယ်။ လူတွေ နှစ်သက်တဲ့ သဘာဝတရားဆိုတာ သစ်ပင်တန်းတွေနဲ့ ပန်းကလေးတွေရဲ့ အလှအပအပေါ် အရင်းခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အထူးဂရုစိုက်မှုတွေ ခံနေရတဲ့ သူတွေအတွက်တော့ သဘာဝတရား ဆိုတာ ကျွန်တော်တို့ အသက်လောက်ကို အရေးပါ ပါတယ်။ အကြောင်းရင်းကတော့ သဘာဝအလှတွေကို ကျွန်တော်တို့ ကြည့်မိတဲ့အခါ ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သက်ဝင်လှုပ်ရှားခွင့် ရသလို ခံစားရလို့ပါပဲ။ သဘာဝတရားက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို ခံစားရပါတယ်။ လူတွေက ကျွန်တော်တို့ကို ဘယ်လောက်ပဲ မလိုလားသည် ဖြစ်စေ၊ လျစ်လျူရှုသည်ဖြစ်စေ သဘာဝတရားကတော့ ကျွန်တော်တို့အပေါ် အမြဲတမ်း နွေးထွေးမှုတွေ ပေးစွမ်းနိုင်ပါတယ်။ သဘာဝတရားရဲ့ စိမ်းမြမှုဟာ သစ်ပင်၊ ပန်းပင်တွေရဲ့ အသက်ဇီဝပါပဲ။ အစိမ်းရောင်ဟာ အသက်ဇီဝကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စိမ်းမြတဲ့ ပတ်ဝန်းကျင်ကို မကြာခဏ လမ်းလျှောက်ထွက်ချင်ကြတာပါပဲ။ [ဆရာ ကျော်စွာ (ဆေး-၂) ရဲ့ ဘာသာပြန် “ကိုယ်တွေ့ကြုံရ အော်တစ်ဇင်ဘဝ” မှ ကောက်နှုတ်ထားသည်။] ဒီစာအုပ်ကို မှီငြမ်းရိုက်ကူးထားတဲ့ The Reason I Jump ဆိုတဲ့ နာမည်နဲ့ပဲ မှတ်တမ်းရုပ်ရှင်တစ်ကား ၂၀၂၀ မှာထွက်ထားခဲ့ပါတယ်။ ကမ္ဘာ့ထောင့်တစ်နေရာစီက နျူရိုဒိုင်ဗားဂျန့် ရှိသူ ကလေး ၅ ဦးရဲ့ နေ့စဉ်ဘဝ၊ လူမှုဘဝ၊ မိသားစုဘဝ အတက်အကျကို လှပတဲ့ Cinematography နဲ့ ပေါင်းစည်းရိုက်ပြထားတာပါ။ ဒီလို စာအုပ်တင်မက ရုပ်ရှင်ပါ တပြိုင်တည်းကြည့်ခွင့်တဲ့အခါမှာ ကျွန်မတို့လို သာမာန် Neurotypical ရှိသူတစ်ဦးအနေနဲ့ အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်နားလည်နိုင်ဖို့ အထောက်အကူပေးခဲ့ပါတယ်။ အချုပ်အားဖြင့် အလွန်ကျယ်ပြန့်နက်ရှိုင်းပြီး လေ့လာမကုန်တဲ့ နျူရိုဒိုင်ဗားဂျန့် ကလေးများအကြောင်း အရိပ်အမွတ်ဖြစ်စေ ခံစားနားလည်နိုင်ဖို့၊ နာအိုကီ ဟီဂရှီဒါ တို့လို ကလေးငယ်တွေရဲ့ အားထုတ်ဆက်သွယ်မှုကို တစ်နည်းတစ်ဖုံ ပြန်လည်ဆက်သွယ်နိုင်ဖို့၊ ဒီစာအုပ်ကို လူတိုင်းဖတ်ဖို့ အမြဲညွှန်းနေမှာဖြစ်သလို၊ ရုပ်ရှင်ကိုပါ မြန်မာစာတမ်းထိုးနဲ့ အချိန်ပေးကြည့်ရှုနိုင်ဖို့ ကိုဝီရအောင်က Channel Myanmar ကနေ အားထုတ် ဘာသာပြန် စာတမ်းထိုးပေးထားပါတယ်။ နျူရိုဒိုင်ဗားဂျန့် ဖြစ်သူ ကလေးများကို အသိအမှတ်ပြု လက်ခံကြိုဆိုဖို့၊ မတူကွဲပြားမှုကို တန်းဖိုးထားရကောင်းမှန်းသိစေဖို့၊ ဝေဖန်ကဲ့ရဲ့မှုကင်းပြီး အပြုသဘောဆောင်တဲ့ လူမှုအသိုက်အအုံလေးများကို ဖန်တီးတည်ဆောက်နေတဲ့ ကမ္ဘာအနှံ့အပြားမှ အသွင်ပြောင်းပညာရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ ဆရာ/မ များအတွက် ဒီအညွှန်းကို ရေးပါတယ်။ ~ မာနွယ်အေး Further readings: https://thereasonijumpfilm.com/ What Does It Mean To Be Neurodivergent? https://www.forbes.com/health/mind/what-is-neurodivergent/ What is neurodiversity? https://www.health.harvard.edu/blog/what-is-neurodiversity-202111232645 Autistic Play at Forest School : pretend play characteristics seen otherwise https://forestschoolassociation.org/autistic-play-at-forest-school-pretend-play-characteristics-seen-otherwise/ (ဒီဒိုကူမန်ထရီရဲ့ အညွှန်းကို မမာနွယ်အေးမှ ရေးသားပေးထားပြီး WiRa Aung မှ ဘာသာပြန်ဆိုပေးထားပါတယ်) Size – 1.6GB, 776MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 22Min Genre – Documentary, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Action • Drama
7.4 2020
The Reason I Jump
A Very Vermont Christmas

ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe’s ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ အကြပ်​ရိုက်​ပြီး သူတို့​ပိုင်လုပ်ငန်းလေးတွေကို ကုမ္ပဏီ​ကြီး​တွေထံ ထိုးအပ်ရမလိုဖြစ်နေပါတယ်။ အဲဒီ​အချိန်​မှာပဲ Zac ဆိုတဲ့ မျက်​နှာ​စိမ်း​ဧည့်သည်​တစ်ယောက်​နဲ့ Joy တို့ ခင်​မင်​ရင်းနှီး​သွားကြပြီး Zac က တကယ်​တမ်း​မှာ Joy​ တို့​နဲ့ ပြိုင်​ဘက် ဘီယာကုမ္ပဏီမှာ လုပ်ကိုင်​နေသူမှန်း သိလိုက်ရ​ပါတယ်။ တစ်​ချိန်​တည်း​မှာ နှင်း​လျှော​စီး​ဘီယာ​ပြိုင်ပွဲ​ ကျင်းပ​ဖို့​ရှိနေပြီး ဒီပြိုင်ပွဲမှာ အနိုင်​လိုက်​ရင် Joy​ တို့​ မိသားစု​လုပ်​ငန်း ဆက်​လက်​ရပ်တည်​နိုင်မှာဖြစ်လို့ Zac ရဲ့ အကူအညီ​ယူပြီး ဘီယာ​အသစ်​တစ်​ခု​မျိုး​ကို ဖန်တီး​ဖို့ကြိုးစားပါတော့တယ်။ ခရစ္စမတ်၊ ဘီယာ​နဲ့ နှင်း​လျှော​စီး​အားကစား​ theme သုံး​ခု​ ပေါင်း​စပ်​ထား​တဲ့ ကြည်​နူး​စရာ အချစ်​ရုပ်ရှင်​လေးဖြစ်ပြီး ပေါ့​ပေါ့ပါး​ပါး​ ကြည့်​ရှု​နိုင်​မဲ့ ဇာတ်လမ်း​လေး​တစ်ပုဒ် ဖြစ်ပါတယ်။ ကြာချိန်​ကလည်း တစ်နာရီ​ခွဲတောင် မပြည့်တာမို့ စိတ်​ပင်​ပန်းနွမ်းနယ်နေသူတွေ ကြည့်ပျော်မဲ့ အမေရိကန်​ Family​/ Romance​ ဇာတ်​ကားလေးဖြစ်ပါတယ်။ File size…(1.4 GB)/(814 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Horror • Comedy
0 2024
A Very Vermont Christmas
Scamsgiving
6

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ သရုပ်ဆောင်ကောင်းကြတဲ့ လိမ်ရာမှာ ပိရိတဲ့ လူလိမ်သားအမိကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် Single Mom တစ်ယောက်ဖြစ်တဲ့ ယွင်ကသူ့သား ဂျေဆန်နဲ့အတူ ဆန်ဖရန်ဆစ်စကိုရဲ့ တရုတ်တန်းမှာ စတိုးဆိုင်ဖွင့်ထားတဲ့ အန်ဒီ့ဆီမှာ ဂျေဆန်ငယ်ငယ်ထဲက နေကြတာပါ သူတို့သားအမိတွေက လိမ်လည်ရာမှာ ပိရိကျွမ်းကျင်တာကြောင့် ငှားကြတဲ့သူတွေလည်းအများအပြားပါပဲ အဲ့လိုနဲ့ တစ်နေ့မှာတော့ သူတို့က ပရောဂျက်ကြီးကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ် အဲ့ဒါကတော့ ထိုင်ဝမ်ရဲ့ ထောင်လင် ကြွေထည်ရဲ့ ဥက္ကဌ apple ကိုလိမ်ဖို့ပါပဲ ဥက္ကဌကြီးက လွန်ခဲ့တဲ့ နှစ်၂၀ တုန်းက သူ့အမှားကြောင့် သေဆုံးသွားတဲ့ သားဖြစ်သူ အားရှင်းကို လွမ်းဆွတ်နေတာဖြစ်ပြီး လူလိမ်သားအမိက ဒါကို ချက်ကောင်းကိုင်ပြီး ပန်းကန်စုတ်တစ်လုံးကို အားရှင်းလက်ရာပါဆိုပြီး လိမ်လည်ရေးအစီစဉ်ကို စခဲ့ပါတယ် ပြီးတော့ ဂျေဆန်က အားရှင်းရဲ့သားဖြစ်သူပါလို့ပါ လိမ်လည်ထားတာကြောင့် ဂျေဆန်တို့သားအမိနဲ့ အန်ဒီတို့ ဥက္ကဌကြီးရဲ့ ဖိတ်ခေါ်မှုနဲ့ ထိုင်ဝမ်ကိုရောက်လာခဲ့ပါတော့တယ် ကဲအဲ့တော့ ဂျေဆန်ရဲ့ဘဝအမှန်က ဘာလဲ နောက်ဆုံးမှာ လိမ်လည်မှုက ပေါ်သွားမှာလား ဘာဆက်ဖြစ်မှာလဲဆိုတာကိုတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါနော်

6 2023
Scamsgiving
Alien Hunt
4.3

Alien Hunt (2024) အမ်မလီဟာ မြို့ကြီးပြကြီးက အလုပ်မှာအဆင်မပြေတာကြောင့် နယ်မှာရှိတဲ့ သူ့အိမ်ကိုခဏပြန်လာရင်း အစ်ကိုတစ်သိုက်နဲ့အတူတောအုပ်ထဲကိုစိတ်ပြေလက်ပျောက်အမဲလိုက်ခရီးထွက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့သွားမယ့်တောအုပ်ထဲမှာ အမျိုးသားအစောင့်တပ်ဖွဲ့အမည်ခံ သိပ္ပံပညာရှင်တစ်ယောက်နဲ့ သူ့လက်ပါးစေအမျိုးသမီးဆာဂျင်တစ်ယောက်တို့ဟာ လျှို့ဝှက်သိပ္ပံစမ်းသပ်မှုတစ်ခုကိုလုပ်ဆောင်နေပြီး တောအုပ်ထဲဝင်လာတဲ့သူတွေကို သူတို့လျှို့ဝှက်ချက်ကိုသိသွားမှာစိုးလို့ နူတ်ပိတ်ရှင်းပစ်တတ်ပါတယ်။ အမ်မလီဟာ အစ်ကိုတစ်သိုက်နဲ့အတူ တောအုပ်ထဲအရောက်မှာတော့ သူတို့လိုက်စရာ အမဲတိရိစ္ဆာန်တစ်ကောင်တစ်မြီးမှမတွေ့ရပဲ အန္တရာယ်ကြီး အင်အားကြီးတဲ့ အမည်မသိသတ္တဝါတစ်ကောင်နဲ့အပြန်အလှန်အမဲလိုက်တမ်းကစားရဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။) File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:21:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.3 2024
Alien Hunt
Scooby-Doo! Frankencreepy
6.6

စကူဘီဒူးဖန်တစ်ယောက်ဆိုရင် ကြည့်ထားသင့်တဲ့ဇာတ်ကားလေး တင်ဆက်ပေးပါမယ်။ Velma ရဲ့ မိသားစုသမိုင်းကြောင်းကို သိကြပါသလား။ ကဲ ဒီဇာတ်လမ်းမှာတော့ ဉာဏ်ထက်တဲ့ ဒီကောင်မလေးရဲ့မျိုးရိုးဇာတ်ကြောင်း နောက်ခံထည့်ပေးထားပါတယ်။ Velma တစ်ယောက် နယ်စားဖြစ်ခဲ့တဲ့ အဘိုးလေးဆီက အမွေတွေ ဆက်ခံရပါမယ်ဆိုပြီး မိသားစုရှေ့နေက ဆက်သွယ်လာပါတယ်။ ဒါပေမဲ့ အဘေးလေးက ကျိန်စာတိုက်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။ ဒီတော့လည်း ဒီကိစ္စထဲ ဝင်စွက်ဖက်ကြဦးမယ့် စကူဘီဒူးတို့အဖွဲ့ ထရန်ဆယ်ဗေးနီးယားရွာလေးဆီ ရောက်လာကြတာပေါ့။ ဘယ်လိုပြဿနာတွေကြုံရဦးမလဲ ဆိုတာတော့ ကြည့်လိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့ editing စတိုင်က တစ်မူကွဲပြားနေတာမို့ တစ်မျိုးလေးစိတ်ဝင်စားဖို့ကောင်းနေမှာပါ။ ဟာသတွေလည်း ရောစပ်ထားလို့ စကူဘီဒူးဖန်တွေ အကြိုက်တွေ့စေမှာပါ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size : 1.5 GB, 743 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Animation, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

6.6 2014 74 mins
Scooby-Doo! Frankencreepy
Nemesis
5.7

ဖုန့်ဟွမ်မြို့မှာဆိုင်ကယ်ပြိုင်ပွဲကျင်းပနေတဲ့အချိန်မှာ နှစ်(၂၀)ပျောက်ကွယ်နေခဲ့တဲ့ တရုတ်ရှေးဟောင်းဒဏ္ဍာရီသတ္တဝါကြီးဝူလော်ဟာ ပြန်လည်ပေါ်လာခဲ့ပါတယ်။ မြို့ကြီးကိုအပြင်းအထန်တိုက်ခိုက်တဲ့အတွက် ပြည်သူတွေထိတ်လန့်တကြားဖြစ်ခဲ့ကြရတယ်။ လူသားတွေကလက်နက်အင်အားနဲ့အပြင်းအထန်ခုခံပြီးနောက်မှာ ဒဏ်ရာရသွားတဲ့ဝူလော်ကတောင်ပေါ်မှာပုန်းနေပါတယ်။ ငယ်ရွယ်တဲ့ဆိုင်ကယ်ချန်ပီယံကျန်းရှောင်ကျောင်ဟာ ယုံကြည်မှုအရှိလွန်ပြီးတော့ ဒဏ်ရာရနေတဲ့ဝူလော်ကိုအလစ်တိုက်ဖို့ လူ(၄)အဖွဲ့လေးဖွဲ့ပြီးကြိုးစားခဲ့တယ်။ မထင်မှတ်ပဲ ဆိုးဝါးတဲ့ရလာဒ်တွေရခဲ့ပါတယ်။ ဒီလိုနဲ့မာန်တက်နေတဲ့လူငယ်လေးဟာ ယုံကြည်မှုတွေပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ လက်နက်အကြံပေးပညာရှင် လိုက်သောက်ကျန်းရဲ့ ကူညီအားပေးမှုကြောင့် တိုက်ခိုက်စွမ်းရည်တွေမြင့်တက်လာတဲ့အပြင် ယုံကြည်မှုတွေပြန်လည်ရရှိပြီးတော့ မြို့ရဲ့အရေးပေါ်အခြေနေမှာ ပြည်သူတွေရှေ့မှာထွက်ရပ်ပြီး မကြောက်မရွံ့နဲ့ ပြည်သူတွေကိုကယ်တင်ဖို့ဖြစ်လာပါတော့တယ်

5.7 2025
Nemesis