YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bright Future E11 CM.mp4

262.22 MB N/A video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
August: Osage County
6.8

Genre - Comedy, Drama IMDB Rating - 7.2/10 ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီ မင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့ Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatch တောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်း ကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့ မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာ ကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာ အရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေ စွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုး အတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက် သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကို ပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့ သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏ ပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက် စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက် ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်း ကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ် ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာ လာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားက ပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊ မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကို သရုပ်ဆောင်တွေကောင်းကောင်းနဲ့ ပျော်ပျော်ပါးပါးကြီး စိတ်ညစ်ညစ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကောင်းချက်ဆိုတာလည်း ကင်ဆာဖြစ်ဆေးစွဲနေတဲ့မိခင်နေရာက Meryl Streep ဆို ဆေးတွေကောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ တည့်ပြောတာတွေ အမေနဲ့ အပြိုင် ရန်ဖြစ်ပေးရတဲ့ ပြဿနာပေါင်းစုံနဲ့ သမီးအကြီး Julia Robert တို့တွေက ဇာတ်ကို အဓိက သယ်ဆောင်သွားတယ်လို့ပဲ ပြောရမယ်။ ဒီဇာတ်ကားထဲက မိသားစုညစာစားကြတဲ့ အခန်းဆိုရင် ကြည့်နေရင်းနဲ့တောင် မွန်းကျပ်လွန်းလို့ ရုပ်ရှင်ကြီးပိတ် ထပြေးချင်တဲ့အထိ ဖြစ်လာရတယ်။ ဆက်ပြောနေရင် အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါတော့ဗျာ...။ File size…1.31GB / 511MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 1m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Fantasy
6.8 2013 121 mins
August: Osage County
(18+) Lethal Seduction
5.4

Imdb 5.1/10 Vudu 3.3/5 Markဆိုတဲ့ ကောင်လေးက အခုမှ‌အထက်‌တန်းကျောင်းပြီးကာ ၁၈နှစ်ပြည့်ပြီးတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ် Markက ကျောင်းစာတွေဖိလုပ် ပညာရေးဘက်ပဲအားစိုက်ခဲ့တာကြောင့် Princeton University ပညာသင်ဆုဘာညာရပြီးကောလိပ်သွားတက်တော့မှာပါ မတက်ခင်နွေရာသီကျောင်းပိတ်ရက်မှာ တစ်ခါမှမထားဘူးတဲ့ ဆော်လေးဘာလေးထားပြီး လက်တည့်စမ်းချင်နေတဲ့ကျော်ကြီးအလောင်းအလျာလေး ဖြစ်ပါတယ် ဒီလိုနဲ့ Carissaဆိုတဲ့ ဝါရင့်သမာရင့်ပိုက်ဆံလည်းချမ်းသာတဲ့ မုဆိုးမအလန်းကြီးနဲ့ငြိသွားတဲ့အခါမှာတော့........... ဒါပေမဲ့တစ်ညမှာတော့ Carissaနဲ့ဒိတ်နေတုန်း လူတစ်ယောက်က မင်းအန္တရာယ်တွင်းထဲကကျ‌ရောက်နေတယ်ဆိုပြီး Carissaလက်က လွတ်အောင် အမြန်ဆုံးထွက်ပြေးဖို့လာသတိပေးသွားပါသေးတယ် တဖက်မှာလည်းမက်ကို အရိပ်တကြည့်ကြည့်နဲ့ချစ်တဲ့မက်အမေ Tanyaက သူ့သား စားဆော်ကြီးနဲ့ငြိနေတာကို သိပြီးနောက်မှာရော ဘာတွေဆက်ဖြစ်မလဲ... မိခင်မေတ္တာကြောင့် ဘယ်လိုဗျူဟာတွေသုံးပြီး သူ့ရဲ့သားကိုကယ်တင်မလဲဆိုတာ... Softcore 18+ အနည်းငယ်ပါဝင်တာကြောင့် ၁၈ယောက်စုကြည့်ချင်လည်း ကြည့်ကြပါ လူကြားသူကြားထဲတော့ မကြည့်ဖို့တော့ အကြုပြုလိုပါတယ်ခင်ဗျ ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။ Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.6Gb | 792MB | 425MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dark Knight Encoder ..... Blank

Drama • Family • Fantasy
5.4 2015 80 mins
(18+) Lethal Seduction
21 Grams
7.3

Directed by Alejandro G. Iñárritu IMDb Rating - 7.7/10 21 Gramsဟာ Death Trilogyရဲ့ ဒုတိယကားပါ။ Death Trilogy ကတော့ Alejandro ရိုက်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သေခြင်းကို အခြေတည်ရိုက်ပြထားတဲ့ ဇာတ်ကား၃ကားဖြစ်ပြီး ၃ကားလုံးရဲ့စာရေးဆရာကလည်း Guillermo Arriaga ပါ။ Death Trilogyမှာ Amores perros ( 2000 ) , 21 Grams (2003) , Babel (2006) တိုပါဝင်ပြီး ၃ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့သလို ၃ကားလုံးလည်း ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုရခဲ့တဲ့ ရုပ်ရှင်တွေပါ။ Alejandro ဟာ Death Trilogyအပြင် Birdman , The Revenant , biutiful ၃ကားကိုရိုက်ကူးခဲ့ပြီး ၃ကားလုံး ရုပ်ရှင်ကောင်းတွေဖြစ်ပြီး Birdmanနဲ့ The Revenantကတော့ အော်စကာ ၄ဆုနဲ့ ၃ဆုစီ ရခဲ့ပြီး birdman ကတော့ best pictureပါ ရခဲ့ပါတယ်။ ၆ကားပဲ ရိုက်ပြီး ၆ကားလုံး မာစတာပိစ်ဖြစ်နေတဲ့ သူလို ပြောလည်း မမှားပါဘူး။ သရုပ်ဆောင်တွေကလည်း Sean Penn ,ချေဂွေဗားရားမင်းသား Benicio Del Toro , Mulholland Drive နဲ့ ကင်းကောင်မင်းသမီး Naomi Watts တိုလို နာမည်ကြီး သရုပ်ဆောင်တွေပါ။ Del Toroနဲ့ Naomiဟာ ဒီရုပ်ရှင်နဲ့ပဲ အော်စကာsupporting ဆန်ခါတင်တွေ ဝင်ခဲ့ကြပါတယ်။ Del Toroကြီးရဲ့ ပီပြင်ပုံကလည်း ရူးလောက်ပါတယ်။ ၁၉၀၇မှာ Duncan MacDougallဟာ The 21 grams experiment ဆိုတဲ့ စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ သူ့သီဝရီကတော့ လူ့ဝိညာဉ်မှာ ဒြပ်ထုအလေးချိန်ရှိပြီး အဲဒီဒြပ်ထုအလေးချိန်က ၂၁ဂရမ်ပါတဲ့။ ဒါကြောင့် လူတွေသေသွားရင် သေသေပြီးချင်းမှာ အလေးချိန်၂၁ဂရမ် ဆုံးရှုးသွားတယ်တဲ့။ ဒီရုပ်ရှင်ကတော့ အဲဒီ၂၁ဂရမ်ဆိုတဲ့ ဆုံးရှုးမှုမှာ အဆုံးအရှုးတွေ ဘယ်လောက်ပါဝင်နေလဲ။ အဲဒီ၂၁ဂရမ်ကို ဘယ်အချိန်မှာ တကယ်တမ်း ဆုံးရှုးသွားလဲ။ သေသူဆီက ဆုံးရှုးသွားတဲ့ အဲဒီ၂၁ဂရမ်ဟာ ကျန်ရစ်သူတွေဆီ ဘယ်နှဂရမ် ဘယ်နှအသည်းကွဲစာ ရောက်သွားလဲ။ အဲဒီဆုံးရှုးသွားတဲ့ ၂၁ဂရမ်မှာ စိတ်ဝိညာဉ်ပါဝင်မှု ဘယ်လောက်များလဲဆိုတဲ့ အမေးကို မေးပြီး ရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ ဒီထဲမှာ ဇာတ်ကောင်မိသားစု၃ခုပါဝင်ပါတယ်။ မတော်တဆဖြစ်သွားတဲ့မိသားစုရယ် ၊ မတော်တဆမှုတရားခံရယ် ၊ အဲဒီမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားတဲ့လူဆီက နှလုံးကိုရလိုက်တဲ့သူရယ်ပါ။ သေတော့မယ့်လူရယ် ၊ အပြစ်ရှိတဲ့သူရယ် ၊ ကျန်ရစ်သူရယ်ဆီကို သေပြီးတဲ့လူတစ်ယောက်ရဲ့ ၂၁ဂရမ်ရဲ့ လေးလံခြင်း သိပ်သည်းခြင်းတွေအကြောင်း အပြစ်ရှိစိတ်‌တွေအကြောင်း ရိုက်ထားတယ်လို ပြောလိုရပါတယ်။ ဇာတ်လမ်းရဲ့ conceptကိုက ထူးခြားနေတာကို Alejandroက Nonlinearနဲ့ပြထားပါတယ်။ စစချင်းမှာ ကြည့်တဲ့သူကို ဘယ်မိသားစုက ဘယ်သူ့မိသားစုလဲတောင် ရောအောင် ပြထားပြီး ကြာရင်တော့ ရှုပ်မနေဘဲ ဇာတ်ရည်လည်သွားပါတယ်။ ကြည့်တဲ့သူရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ တော်တော်သေသပ်တဲ့ပြသမှုပါပဲ။ သရုပ်ဆောင်တွေ တော်တော်လေး သရုပ်ဆောင်ကောင်းနေတာကလည်း ဒီဇာတ်လမ်းရဲ့ ကြည့်သူကို ဖမ်းစားနိုင်တဲ့ အဓိကအချက်တစ်ချက်ပါပဲ။ ၅ဆင့်တန်အကြွေစေ့ငါးပြားရဲ့ အလေးချိန် ငှက်ပိတုန်းတစ်ကောင်ရဲ့အလေးချိန် ချောကလက်တစ်ချောင်းရဲ့ အလေးချိန် ၂၁ဂရမ်ဟာ ဘယ်လောက်များလေးလံလဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1GB) Quality__Bluray_1080p, 720p IMDb Rating__7.7/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Drama • Romance
7.3 2003 124 mins
21 Grams
Fantastic Beasts: The Secrets of Dumbledore
6.7

IMDb Rating - 6.5/10 Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန် ပေါ်လာခဲ့တယ်။ ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ကြုံလာခဲ့တယ်။ နျူတို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီး မနည်းလွတ်အောင်ပြေးလာခဲ့ရတယ်။ ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ် တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်။ ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး ကြည့်ရှုနိုင်မှာပါ။ အားပေးလိုက်ကြပါဦး.... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size.............(2.71 GB) / (1.45 GB) / (761 MB) / (516 MB) Quality...............WEB-DL 4K / 1080p / 720p / 480p Duration............2Hr 22Mins Subtitle..............Myanmar Hardsub Format...............MKV / MP4 Genre.................Adventure, Fantasy Translator..........Mr.Anderson Encoder..............SWM / Nyein Saeya Aung

Drama
6.7 2022 142 mins
Fantastic Beasts: The Secrets of Dumbledore
The Most Reluctant Convert
6.7

ဒီရုပ်ရှင်ကတော့ နာနီရာလိုမျိုး ကမ္ဘာကျော်ဝတ္ထုကြီးတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီး CS Lewis ရဲ့ ဘဝအကြောင်းကို သူ့အမြင်တွေကနေ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စာရေးဆရာကြီးလူးဝစ်ဟာ နာနီရာဝတ္ထုတွေနဲ့ ကျော်ကြားသလို သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်နဲ့ အလောင်းအစားလုပ်ပြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေဖြစ်တဲ့ Out of the Silent Planet, Perelandra, and That Hideous Strength ဆိုတဲ့ စာအုပ်တွေကို ရေးခဲ့လို့လည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ ဂျေအာအာ တိုကင်းန်ကတော့ သိပ္ပံစိတ်ကူးယဉ်စာအုပ်ပြိုင်ရေးဖို့ အလောင်းအစားလုပ်ခဲ့ပေမဲ့ ရေးဖို့ကြိုးစားရင်းကြိုးစားရင်း The Lord of the Rings စာအုပ်တွေ ထွက်ပေါ်လာပြီး ပိုအောင်မြင်သွားခဲ့ပေမဲ့ အလောင်းအစားမှာတော့ရှုံးခဲ့တယ်လို့ပဲပြောရမှာပါပဲ။ ဆရာလူးဝစ်ဟာ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာကြီးဖြစ်ခဲ့သလို ငယ်စဉ်က အောက်စ်ဖို့မှာ စာပေလေ့လာခဲ့စဉ်မှာ ဘာသာမဲ့အဖြစ်လည်း အခိုင်အမာကျော်ကြားပါတယ်။ သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်ကတော့ ခရစ္စယာန်ဘာသာကို ယုံကြည်တဲ့သူပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူ့ရဲ့ငယ်ဘဝကနေ ဘုရားကို မယုံကြည်ခဲ့ပုံတွေဘာလို့ မယုံခဲ့ရလဲဆိုတဲ့အယူအဆတွေနဲ့ စာပေပညာရှင်ဘဝတစ်လျှောက် ငြင်းခုန်ခဲ့ပုံတွေနဲ့ နောက်ဆုံးမှာ ခရစ်တော်ကို ယုံကြည်လာပုံတွေအထိ လေးလေးနက်နက်ရိုက်ကူးပြသထားခဲ့ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ ဘုရားကိုယုံကြည်ဖို့အတွန့်ဆုတ်ဆုံး ယုံကြည်သူဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာသာတရားနဲ့ ဆက်စပ်တဲ့ အတွေးအခေါ်တွေကို စာပေပညာရှင်ကြီးတွေ ဆွေးနွေးတွေးခေါ်ခဲ့ကြပုံလေးတွေကို အရသာခံကြည့်ချင်ရင်တော့ သင့်တော်ပါတယ်။ စာကြမ်းပိုးတွေ၊ အတွေးအခေါ်သမားတွေအတွက် ရုပ်ရှင်တစ်ကားပါပဲ။ နောက်ပြီးတော့ ဂျေအာအာ တိုကင်းန်အကြောင်းကြည့်ချင်ရင်လည်း ၂၀၁၉ ထွက် ရုပ်ရှင် Tolkien (2019)ကို ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ File size…(1.02GB)/(534MB)/(282MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:13:00 Genre…Biography /Drama /History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by….Mr.Anderson

Horror • Mystery • Thriller
6.7 2022
The Most Reluctant Convert
Summering
4.1

Summering (2022) ဒါကတော့ နွေရာသီတစ်ခုကို ဖြတ်သန်းနေတဲ့ ကလေးတစ်အုပ်အကြောင်းပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ Adventure, Coming of Age ပါ။ ကလေးတစ်အုပ်ဆိုပေမဲ့ ကလေးမလေးတွေပါပဲ။ နွေရာသီပိတ်ရက်မှာ အတူတူလျှောက်လည်ကြတယ်။ အလောင်းတစ်လောင်းတွေ့တယ်။ ဒီအလောင်းကြောင့် မိဘတွေက သူတို့ကလေးတွေ ထရော်မာရကုန်တယ်ထင်ကုန်မှာစိုးလို့ ရဲမတိုင်ဘဲထားလိုက်တယ်။ သို့ပေမဲ့ ကြင်နာတတ်တဲ့ကလေးတွေဆိုတော့ ဒီလူ့မှာများ မိသားစုရှိခဲ့ရင်ဆိုပြီး သူဘယ်သူလဲအဖြေရှာကြပါတယ်။ အိမ်ကမသိအောင် ခိုးထွက်ပြီး စွန့်စွန့်စားစားအဖြေရှာရင်း ပရလောကလိုလို သည်းထိတ်ရင်ဖို အဖြစ်တွေနဲ့ပါကြုံလာရပါတယ်။ James Ponsoldt ရဲ့လက်ရာပေါ့။ James Ponsoldt ကို The Spectacular Now ဆိုတဲ့ သူ့မာစတာပိစ်ကားနဲ့ လူသိများပါတယ်။ ၂၀၁၃ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ The Spectacular Now ဟာလည်း မပါမဖြစ် ဖြစ်ပါတယ်။ ဂျက်စီအိုင်ဆန်ဘတ်နဲ့ The End of the Tour, တွမ်ဟန့်နဲ့ The Circle တို့ကိုလည်း တွဲဖက်ရိုက်ကူးဖူးပါတယ်။ ထူးတာကတော့ ဒီရုပ်ရှင်ဟာ အစကနေ အဆုံးထိ ကလေးတွေရဲ့ဆုံးဖြတ်ချက်တွေကနေ ဘာတွေဆက်ဖြစ်သွားမလဲ စောင့်ကြည့်ရတာ တော်တော်ရင်ခုန်ဖို့ကောင်းပါတယ်။ ဒီကနေမှ နိဂုံးကိုသွားတဲ့အခါ နိဂုံးကလည်း တော်တော်လှပပါတယ်။ ကလေးတွေရဲ့စိတ်ကူးစိတ်သန်းကို အသားပေးပြီး လှလှပပလေး ပုံဖော်သွားတဲ့ဇာတ်လမ်းပါပဲ။ ကလေးတွေနဲ့ဇာတ်အိမ်တည်ထားလို့ဆိုပြီး ကလေးတွေနဲ့‌တော့ တူတူကြည့်ဖို့ အဆင်မပြေပါဘူး။ Thriller ဆန်ဆန်လေးလည်း ပါလို့ပါ။ ဇာတ်လမ်းလည်းဂေါ် ဒါရိုက်တာလည်းကောင်းပေမဲ့ ဘာလို့ rating နည်းသွားလဲတော့ မသိပါဘူး။ သေချာတာကတော့ Coming of Age ကိုမှ ဇာတ်ခပ်ဆန်းဆန်းလေးနဲ့မို့ CoA ကားတွေကို သဘောကျတဲ့သူတွေ ကြည့်သင့်ပါတယ်။ လန့်စရာလည်းကောင်း ချစ်စရာလည်းကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။ Rating ကို မယုံပါလေနဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 610MB Quality – 1080p, 720p Format – mp4 Duration – 1H 27Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Comedy • Fantasy
4.1 2022 87 mins
Summering
The Twelve Stories of Glen Anggara
7.1

The Twelve Stories of Glen Anggara (2023) ဒါလေးကတော့ မနှစ်ကမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ နာမည်လေးက The Twelve Stories of Glen Anggaraတဲ့။ ဒီကားလေးက Romance/Drama အမျိုးအစားလေးဖြစ်ပြီး ရုပ်ရှင်ရဲ့ Dialogue တွေက တကယ့်ကိုရင်ထဲထိပါတယ်။ IMDbမှာဆိုရင်လည်း 7.1/10 တောင်ရရှိထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ အသက်ရှင်ဖို့အချိန်သိပ်မကျန်တော့တဲ့ ရှန်နာ့ရဲ့ ​မသေခင်လုပ်သွားချင်တဲ့ ဆန္ဒဆယ့်နှစ်ခုကို သူ့ရဲ့ ချစ်သူကောင်လေး ဂလန်က ရအောင်လိုက်ပြီး ဖြည့်ဆည်းပေးတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ ဆန္ဒဆယ့်နှစ်ခုက ဘာတွေဖြစ်မလဲ။ နောက်ပြီး ဂလန်ကရော ရှန်နာ့ရဲ့ ဆန္ဒတွေအကုန် ပြည့်ဝအောင်လုပ်ပေးနိုင်မလားဆိုတာကို ပျော်ရွှင်ဖွယ်ကောင်းစွာကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ အညွန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 768MB | 384MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xavier Zy Encoder ….. August

7.1 2023 117 mins
The Twelve Stories of Glen Anggara
The Devil’s Deception
6

The Devil’s Deception / Talbis Iblis (2022) မလေးဘာသာစကားလို “မကောင်းဆိုးဝါးရဲ့မက်လုံး” လို့ အဓိပ္ပာယ်ရတဲ့ Talbis Iblis ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။ ၁၉၉၀ ခုနှစ်တုန်းက ဂျူနဲဒါးဆိုတဲ့ မိန်းကလေးတစ်ယောက်မှာ အိမ်ထောင်ရက်သားမကျခင် ကလေးရလာပေမဲ့ လှေကားပေါ်က တွန်းချခံခဲ့တာကြောင့် ကလေးပျက်ကျသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ သားရူးရူးပြီး အလ္လာဟ်ရှင်မြတ်ဟောကြားထားတာတွေနဲ့ ဆန့်ကျင်တဲ့ အပေးအယူကို ပြုခဲ့ပါတော့တယ်။ ၂၀၂၂ ယခုခေတ်မှာတော့ ဟာဂျာဆိုတဲ့ကောင်မလေးကလည်း အိမ်ထောင်မကျခင် ကလေးရသွားလို့ ကလေးအဖေဖြစ်သူ အာရှက်ဒ်နဲ့ အမြန်လက်ထပ်လိုက်ရသူပါ။ သူတို့လင်မယားနှစ်ယောက် ကိုယ်လေးလက်ဝန်ကြီးနဲ့ အဘူမီရာတောင်ကုန်းက ဂျူနဲဒါး (သူတို့အခေါ် အမေဂျူ) တို့အိမ်ကို ရောက်လာခဲ့ပါတော့တယ်။ လာခဲ့တဲ့အကြောင်းကလည်း ကလေးမွေးဖို့မဟုတ်ဘဲ ကိုယ်ဝန်ဖျက်ချဖို့အတွက်ပါ။ ဒီလိုနဲ့ ကိုယ်လေးလက်ဝန်နဲ့ ဟာဂျာတစ်ယောက် သူ့ကိုဂရုမစိုက်ပေးတဲ့ လင်ယောက်ျားရဲ့အထားခဲ့ခံရပြီး အမေဂျူနဲ့ရှိနေရတဲ့အချိန်မှာ အရင်က အတိတ်ဆိုးတွေက အိပ်မက်တွေအနေနဲ့ ပိုပိုရောက်လာတဲ့အခါ… တစ်ဖက်မှာလည်း အမေဂျူက ဟာဂျာ့ကလေးကို မရအရယူဖို့ စိုင်းပြင်းနေတဲ့အခါ… ဟာဂျာတစ်ယောက် လူတွေပျောက်တယ်လို့ နာမည်ကြီးတဲ့ အဘူမီရာတောင်ကုန်းမှာ ဘာတွေရင်ဆိုင်ရမလဲ? အတိတ်ဆိုးကို ကျော်ဖြတ်နိုင်ပါ့မလား? မကောင်းဆိုးဝါးနဲ့ အပေးအယူလုပ်ခဲ့တဲ့ အမေဂျူရော သူလိုချင်တာ ရနိုင်ပါ့မလား? IMDb 6/10 ရထားတဲ့ Horror ဇာတ်လမ်းမှာ ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 565MB | 276MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

Drama
6 2022
The Devil’s Deception
Beaten to Death
5.5

မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ဘယ်လောက်ထိပျက်စီးစေနိုင်လဲ။ ဒီဇာတ်ကားမှာတော့ ဆုံးဖြတ်ချက်တစ်ခုကိုမှားယွင်းချခဲ့မိပြီးတော့ နယ်ဘက်တစ်ခုကိုသွားခဲ့ကြတဲ့ စုံတွဲတစ်တွဲအကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ ဂျက်ခ်ဟာ သူ့မိန်းမနဲ့အတူ နယ်ဘက်တစ်ခုကိုသွားရင်းနဲ့ လမ်းမှာ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အခြေအတင်ဖြစ်ပြီး ရန်ဖြစ်ရာက အဲဒီလူက သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးကို တိုက်ခိုက်လာပါတော့တယ်။ သူတို့တိုက်ခိုက်ကြရင်းနဲ့ ဇနီးဖြစ်သူက သေဆုံးသွားပါတယ်။ ဂျက်ခ်လည်း အသေအလဲနှိပ်စက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဂျက်ခ်ဟာ အားမလျော့ဘဲ အဲဒီလူအလစ်မှာ အသေအလဲတိုက်ခိုက်ပြီး အဲဒီလူကိုအသေသတ်နိုင်ခဲ့ပါတယ်။ သူတို့ကိုနှိပ်စက်တဲ့သူသေသွားလို့ အရာအားလုံးအဆုံးသတ်ပြီလို့ ထင်နေပေမဲ့ ဒါက အစပဲရှိပါသေးတယ်။ အဲဒီလူသေသွားတော့ သူ့မိန်းမရဲ့အလောင်းကိုသယ်ပြီး အနီးအနားကလူတစ်ယောက်ကို အကူအညီတောင်းခဲ့ပေမဲ့ အကူအညီတောင်းမိတဲ့သူကလည်း သူ့ကိုနှိပ်စက်ခဲ့တဲ့သူနဲ့ တစ်ဖွဲ့တည်းဖြစ်နေတဲ့အခါ ဂျက်ခ်တစ်ယောက် ဘယ်လိုမျိုးဒုက္ခတွေကိုထပ်ရင်ဆိုင်ရပြီး၊ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…2.01GB / 1.04GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2022 92 mins
Beaten to Death
Alibi.com
6.5

ဟာသကားတွေစောင့်မျှော်နေသူတွေအတွက် ပြင်သစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဂရက်ဆိုတဲ့သူဟာ သူငယ်ချင်းတစ်ယောက်နဲ့အလီဘိုင်ဆိုတဲ့ကုမ္ပဏီတည်ထောင်ထားပါတယ်။သူတို့အလုပ်က နောက်မီးလင်း အရှုပ်ထုပ်ပေါင်းစုံကို လိုက်လံဖုံးဖိကူညီပေးတာပါ။တစ်ရက်မှာတော့ အချစ်ကိုအယုံအကြည်မရှိတဲ့ဂရက်က ဖလိုလို့ခေါ်တဲ့ ရှေ့နေကောင်မလေးနဲ့ ပန်းခြံမှာခွေးကိုလွှတ်ပေးလိုက်လို့ ကားတိုက်ခံရတာကစပြီး ရင်းနှီးသွားပါတယ်။နောက်တော့ သူတို့နှစ်ဉီးချစ်သူတွေဖြစ်လာကြပြီး ကောင်မလေးအိမ်လိုက်သွားရင်းက ဖလိုရဲ့အဖေက အလီဘိုင်ကုမ္ပဏီရဲ့ဖောက်သည်တစ်ဉီးဖြစ်နေတာကို သိလိုက်ရပါတယ်။ ဖလိုက လိမ်လည်တာကိုသိပ်မုန်းတာကြောင့် ဂရက်ကသူ့လုပ်ငန်းကိုလည်းမပြောပြရဲသလို သူ့အဖေကိုလုပ်ပေးရမဲ့ ပြဿနာကလည်း သူ့ကောင်မလေးကိုသူ့သရုပ်မှန်ပေါ်လာဖို့ တဖြည်းဖြည်းလမ်းဆီကိုရောက်လာပါတယ်။ဂရက်တစ်ယောက် ဖလို့အဖေရဲ့ပြဿနာတွေဖြေရှင်းပေးရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ ၊ဖလို့အဖေရဲ့လျှို့ဝှက်ချက် သူ့ရဲ့လျှို့ဝှက်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်ပါမလား။သူတို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဉီး။ သရုပ်ဆောင်တွေအဖြစ်နဲ့ Philippe Lacheau ၊ Élodie Fontan ၊ Didier Bourdon တို့ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကိုယ်တိုင်ကပဲရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ် Comedy ကားလေးဖြစ်ပါတယ်။ File size…1.96GB / 826.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

6.5 2016 90 mins
Alibi.com
Our Son

Our Son (2023) ~ Rotten Tomatoes – 58%, Meta – 86% ~ ရိုးရိုးလေးနဲ့ လက်တွေ့လောကမှာဖြစ်တတ်တဲ့ အချစ်ရေးမိသားစုအရေးတွေကို LGBTQ+ စုံတွဲနဲ့ပုံဖော်ထားတဲ့ Drama အမျိုးအစားဖြစ်ပါတယ်။ နယူးယောက်မှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရကတည်းက ၁၃နှစ်ကြာလက်ထပ်ပေါင်းသင်းလာကြတဲ့ နစ်ကီနဲ့ဂေဘရီရယ်တို့ ဂေးစုံတွဲ… သူတို့မှာ နစ်ကီရဲ့မျိုးစေ့နဲ့ အငှားကိုယ်၀န်ဆောင်ပြီးယူထားတဲ့ အို၀မ်ဆိုတဲ့ ၈နှစ်အရွယ်သားလေးရှိတယ်။ နစ်ကီက စာအုပ်‌ထုတ်ဝေသူဖြစ်ပြီး ဂေဘရီရယ်ကတော့ နစ်ကီကိုမွေးပြီးကတည်းက ကလေးစောင့်ရှောက်ဖို့ဆိုပြီး အရင်သရုပ်ဆောင်အလုပ်ကနေနားလိုက်တာ အခုထိပါပဲ။ နှစ်တွေအကြာကြီးပေါင်းလာပြီး တဖြည်းဖြည်းနဲ့ သံယောဇဉ်ကုန်လာတယ်ပြောရမလား… ဂေဘရီရယ်က နစ်ကီက သူတို့သားကို ဂရုမစိုက်ဘူး အလေးမထားဘူးလို့ တစ်စတစ်စမြင်လာပါတယ်။ နစ်ကီမသိအောင် တခြားတစ်ယောက်ပါတွေ့နေပြီး နောက်ဆုံးမှာ ကွာရှင်းဖို့ ထုတ်ပြောလာပါတယ်။ နစ်ကီကလည်း အို၀မ်ကို မပေးနိုင်… ဂေဘရီရယ်ကလည်း အို၀မ်အတွက် သူကပိုသင့်တော်တယ်ဆိုပြီး နှစ်ယောက်သား ကလေးအုပ်ထိန်းခွင့်လုကြရင်း တရားရုံးထိပါရောက်သွားတဲ့အခါ… ၁၃နှစ်ကြာခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ တခြားသူတွေလိုပဲ ကွာရှင်းခြင်းနဲ့ အဆုံးသတ်မလား… အို၀မ်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မလဲ… လိင်တူစုံတွဲတွေ ကြုံရတတ်တဲ့ မိသားစုပြသာနာတွေ ကလေးပြသာနာတွေအပြင် ပတ်၀န်းကျင်နဲ့ မိဘတွေဘက်က သဘောထားတွေကိုပါ ထည့်သွင်းထားတာ မြင်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.45GB, 600MB Quality – 1080p, 720p Format – mp4 Duration – 1H 44Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023
Our Son
Double Engine
9.2

Double Engine (2024) သူဋ္ဌေးအိပ်မက် မြွေအိပ်မက် IMDb-9.5/10 ဟိုက်ဒရာဘတ်မြို့ကြီးက သုံးဘီးအငှားမောင်းသမားဒန်နီတစ်ယောက်။ ၂၁နှစ်ပြည့်မွေးနေ့မှာ ဇာတိ‌ကျေးရွာလေးကမိသားစုအတွက် လက်ဆောင်နည်းနည်းနဲ့ ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြသောက်ကြမယ်ဆိုပြီး ပြန်လာခဲ့တာပေါ့ မြို့မှာအငှားမောင်းသမားဘဝနဲ့ ကျပ်ကျပ်တည်းတည်းဖြစ်နေပေမဲ့ ရွာပြန်မျက်နှာပန်းလှချင်လို့ ဆိုင်ကယ်အရမ်းနှမြောတဲ့သူငယ်ချင်းဆီက အမိုက်စားဆိုင်ကယ်ကြီး မရမကငှားစီးလာတယ် ရွာမှာကျန်ခဲ့တဲ့သူငယ်ချင်းကလည်း မြို့ကသူငယ်ချင်းကြီးပြန်လာမှာမို့ အင်္ကျီအသစ်တွေနဲ့အပျံစားစောင့်ကြို…။ ငယ်ငယ်လေးတည်းကပေါင်းလာသူတွေ သောက်ရင်းစားရင်းအားလုံးတူတူခက်ခဲနေကြတာပေါ်တာပါပဲ ။ သူတို့အားလုံးပြိုင်တူတောင့်တတာက ချမ်းသာကြွယ်ဝချင်တဲ့အိပ်မက် “Double Engine” လို့မှောင်ခိုဈေးကွက်အခေါ်မြွေ က သူတို့ဘဝတွေပြောင်းလဲနိုင်မှန်းသိလို့ ထွက်လာခဲ့တဲ့ စွန့်စားခန်းကတစ်ဆင့် သူတို့တွေအချီကြီးရပြီးပွသွားမလား ဘယ်လိုရင်ဆိုင်ရယူကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

9.2 2024 105 mins
Double Engine
Miss Shampoo
6

အချစ်၊ အက်ရှင်၊ ဟာသ စတဲ့ ရသ ၃ မျိုးလုံး ခံစားရမဲ့ ထိုင်ဝမ် နာမည်ကြီး ဇာတ်ညွှန်းဆရာ ဒါရိုက်တာ Giddens Ko ရဲ့ Miss Shampoo ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အစ်ကိုထိုက်ဟာ ဒုစရိုက်ဂိုဏ်းအချင်းချင်း နယ်မြေလုတိုက်ခိုက်မှုတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ခေါင်းလျှော်မလေး အားဖန်းရဲ့ ဆံပင်ညှပ်ဆိုင်ထဲကို ဝင်ပုန်းခဲ့တဲ့အချိန်မှာ အားဖန်းရဲ့ ဖုံးကွယ်ပေးမှုကြောင့် အသက်ချမ်းသာခွင့်ရခဲ့ပါတယ်။ အားဖန်းက ဆံပင်ညှပ်ဒီဇိုင်နာ ဖြစ်ချင်ခဲ့ပြီး အခွင့်အရေးမရှိတာကို သိသွားတဲ့ အားထိုက်က သူ့လက်အောက်ငယ်သားတွေရဲ့ ဆံပင်တွေကို အားဖန်းဆီ လေ့ကျင့်ခံဖို့ ခိုင်းစေခဲ့ပါတယ်။ အဲဒီနောက် အားဖန်းလည်း လူမိုက်တစ်ဖွဲ့လုံးနဲ့ ခင်မင်သွားခဲ့ပြီး အားထိုက်နဲ့ ရည်းစားတွေ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ နယ်မြေလုချင်တဲ့ ရန်သူအဖွဲ့က အားထိုက်ကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ဆက်ပြီးဒုက္ခပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ ရန်သူတွေ ပြည့်နှက်နေတဲ့ သူတို့လောကကြီးထဲမှာ အချစ်နဲ့ ကလဲ့စားချေဖို့အရေး ရွေးချယ်ရတဲ့အခါမှာ အားထိုက်တစ်ယောက် ဘယ်လိုရွေးချယ်မလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

6 2023
Miss Shampoo
My Little Eye
5.5

My Little Eye (2002) IMDb Rating (5.5) / Rotten Tomatoes (70%) Awards – 3 wins and 4 nominations ဒီကားကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ Slasher Horror/ Thriller အမျိုးအစားကားလေးပါ။ ဇာတ်လမ်းအစကတော့ လူငါးယောက်ကို လူသူအလှမ်းဝေးတဲ့နေရာမှာရှိတဲ့ အိမ်အိုကြီးထဲ ခြောက်လနေနိုင်ရင် ဒေါ်လာတစ်သိန်းစီပေးမယ်ဆိုပြီး ကမ်းလှမ်းတာကနေစထားတယ်။ အိမ်အနှံ့မှာလဲ ၀က်ဘ်ဆိုဒ်ဇာတ်လမ်းအတွက်ဆိုပြီး ရေချိုးခန်းပါမချန် ‌‌‌‌‌‌‌‌‌‌‌‌‌‌ကင်မရာတွေတပ်ဆင်ထားတယ်။ ခြောက်လလောက်နေပြီးမှ နောက်ဆုံးအပတ်ရောက်တဲ့အခါမှာ ထိတ်လန့်စရာတွေနဲ့ သူတို့ရဲ့အတိတ်ကဖြစ်ရပ်တွေက ခြောက်လှန့်ဖို့ရောက်ရှိလာပါတယ်။ အကုန်လုံးကတော့ ပိုက်ဆံမပေးချင်လို့ ကုမ္ပဏီကဇာတ်လမ်းထွင်တာလို့ ကောက်ချက်ချထားပေမဲ့ တကယ်ရောဟုတ်ပါ့မလား အချင်းချင်းကြားထဲမှာကတောက်ကဆတွေဖြစ်လာပြီး စိတ်၀မ်းကွဲလာကြတဲ့အခါ နောက်ဆုံးရက်အထိ အတူတောင့်ခံနိုင်ကြပါ့မလား စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတချို့နဲ့ လိင်ဆက်ဆံခန်းတချို့ပါ၀င်လို့ သတိချပ်ကြည့်ရှုစေလိုပါတယ်။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။) File size…(2.6 GB) / (1.7 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery, Thriller Duration….01:36:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Soe Thiri Swe

5.5 2002 95 mins
My Little Eye
Ghost Cat Anzu
6.5

မနှစ်ကထွက်ရှိထားတဲ့ တစ်ကားတည်း Anime ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ Karin ဆိုတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးဟာ ဖခင်ဖြစ်သူက ငွေတိုးချေးရင်း ပြန်မဆပ်နိုင်ပဲ အသေထွက်ပြေးနေရလို့ သားအဖနှစ်ယောက်သား နယ်မြို့လေးက အဘိုးရှိရာ ဘုရားကျောင်းကို ရောက်ချလာပါတယ်။ နောက်ကျတော့ အဘိုးလက်ကိုအပ်ပြီး ဖအေဖြစ်သူက လွတ်ရာကျွတ်ရာကို ထွက်သွားပြန်တော့မယ်။ အဲဒီမှာ Karin တစ်ယောက် အမေဖြစ်သူကလည်း ဆုံး အဖေကလည်း ပစ်ထားသွားတော့ အဘိုးနဲ့ ဘုရားကျောင်းမှာနေတုန်း လူအရွယ်လောက်ရှိပြီး လူစကားပြောတတ်တဲ့ ကြောင်ကြီး Anzu နဲ့ တွေ့ရပါတော့တယ်။ အဲဒီမှာ ဒီကြောင်ကြီးက ဘာကြီးတုန်း၊ Karin တစ်ယောက် မိတဆိုးဖတဆိုးလေး ဖြစ်နေတော့ ဘယ်လိုတွေ ဆိုးပေမလဲ၊ အမေဖြစ်သူ နှစ်ပတ်လည်ကို ရောက်မလာတဲ့ ဖအေကြောင့် စိတ်ဆိုးဆိုးနဲ့ ပုံပြောင်း ကြောင်သရဲကြီး Anzu နဲ့ အတူတူ ဘယ်လိုတွေ စွန့်စားခန်းထွက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါ ကြည့်ရှုခံစားရမယ့် Anime ကားကောင်းလေး ဖြစ်ပါတယ်ဗျာ။ ဂျပန် Anime ထုံးစံအတိုင်း ဒီထဲမှာလည်း ဒဏ္ဍာရီလာ သတ္တဝါလေးတွေ ထည့်သွင်းထားတာပါ။ Ghost Cat (Bakeneko) ဆိုတာက ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ ကြောင်လိုလူလို မကောင်းဆိုးဝါးတစ်ကောင်တစ်မျိုးပေါ့။ ဒီထဲမှာတော့ ဂါဖီးလ်လိုရုပ်ကြီးနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ Motion နေရာ Animation လေးတွေ အပြစ်နည်းနည်းဆိုချင်စရာ ရှိပေမဲ့ Background တွေက ခဲပန်းချီလေးလို လှနေတာရယ် ဇာတ်လမ်းလေးက မပျင်းရပဲ ခပ်မြူးမြူးနဲ့ သွက်တာကြောင့် အပျင်းပြေစေမှာတော့ သေချာပါတယ်။ စိတ်ကူးယဉ် ဇာတ်ကောင်လေးတွေ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့ ၁၀ နှစ်ကျော် ကလေးတစ်ယောက်ရဲ့ မိဘအပေါ် ဆုံးရှုံးမှုတွေ ပူဆွေးရမှုတွေ အကူအညီလိုတတ်ကြတာတွေကို ရှုထောင့်လေးတစ်ခုကနေ ပညာပေးထားတာဆိုရင်လည်း မှားမယ်လို့ မထင်ပါဘူးဗျာ..။ File size… 1.4 GB, 569 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama, Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

6.5 2024 94 mins
Ghost Cat Anzu