YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Bright Eyes in the Dark E01 1080p WEB-DL CM.mp4

621.63 MB 1080p video/mp4 146 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Son of No One
5

ရဲတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ အဘွားနဲ့အတူ ဆေးသမားတွေပေါတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရတဲ့ ဂျွန်နသန်ဝွိုက်တစ်ယောက်... တစ်နေ့မှာ ဆေးသမား တစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်သတ်လိုက်မိပြီး သူငယ်ချင်း ဗင်နီ၊ဗစ်ကီတို့နဲ့ အလောင်းကို သွားပစ်လိုက်ပါတယ်၊ ဖြစ်ချင်တော့ အဲဒီဆေးသမားကိုသတ်လိုက်တာကို သူတို့တိုက်က လူတစ်ယောက်က သိသွားပြီး နောက်ရက်မှာ ဂျွန်နသန်ကို ငွေညှစ်ပါတယ်... အဲဒီလူကိုလည်း မတော်တဆ လှေကားပေါ်ကတွန်းချမိပြီး ‌သတ်လိုက်မိပါတယ်... ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရတဲ့သူကတော့ ဂျွန်နသန့်အဖေရဲ့ တွဲဖက်တစ်ယောက်ဖြစ်တဲ့ စုံထောက်စတန်းဖို့ပဲဖြစ်ပါတယ်။ စတန်းဖို့က လူသတ်မှုကို ဖုံးပေးပြီး အမှုပိတ်လိုက်ပါတယ်... ဒီလိုနဲ့ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ ဂျွန်နသန်ကလည်း ရဲတစ်ယောက်ဖြစ်လာခဲ့ပြီး မိသားစုဘဝလေးနဲ့ အေးချမ်းနေတဲ့ အချိန်မှာ အတိတ်ကအရိပ်မည်းကြီးက တစ်ခါပြန်ပေါ်လာပြန်ပါတယ်.. အတိတ်ကကိစ္စတွေကို ဂျွန်နသန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ.. အတိတ်ကကိစ္စတွေကို တစ်ခါပြန်ဖော်တဲ့သူကရော ဘယ်သူဖြစ်မလဲ.. စုံထောက်စတန်းဖို့ကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ.. ဒါတွေကို 2011တုန်းက ထွက်ရှိခဲ့တဲ့ The son of no one ဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြည့်လိုက်ကြပါဦး.. File size…1.61GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni

Mystery • Science Fiction • Thriller
5 2011 90 mins
The Son of No One
Space Pups

Space Pups (2023) Space Pups သို့မဟုတ် အာကာသထဲက ခွေးလေးတွေပေါ့။ Space Pups ဆိုတဲ့ နာမည်နဲ့ ကာတွန်းကားတွေ ကာတွန်းဇာတ်လမ်းတွဲတွေ ထွက်ဖူးပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်လည်း အဲနာမည်နဲ့ပဲ ထွက်လာတဲ့ Live action ပါပဲ။ IMDb - 6.3 ရရှိထားတာမို့ ဒီရုပ်ရှင်ဟာဆိုရင် မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ တစ်ခေတ်တစ်ခါက ခေတ်စားခဲ့ဖူးတဲ့ မိသားစုအသားပေး စွန့်စားခန်းရုပ်ရှင်အလွမ်းပြေ ကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာစီ၊ အေ့စ်နဲ့ ဟက်စ်တို့ဟာ အာကာသတွင်းမှာ ခရီးသွားလာနေတဲ့ ဂြိုဟ်သားတွေပါ။ သူတို့ ခရီးသွားရင်း ဥက္ကာပျံလမ်းကြောင်းထဲဝင်သွားခဲ့လို့ ယာဉ်လည်း ထိခိုက်သွားခဲ့ပြီး ကမ္ဘာပေါ်ကို အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။ ဆင်းသက်လာတဲ့ လမ်းကြောင်းမှာ အစိတ်အပိုင်းတွေ ပြုတ်ကျကျန်နေခဲ့ပါတယ်။ အာစီတို့လည်း အဆိုပါအစိတ်အပိုင်းတွေကို ပြန်ရှာဖို့အတွက် ခွေးလေးတွေအနေနဲ့ ရုပ်ဖျက်လိုက်ပါတော့တယ်။ သူတို့ ဆင်းသက်လိုက်တဲ့နေရာမှာတော့ မြို့ကနေ နွေရာသီကျောင်းပိတ်ရက်မို့ တောမြို့လေးမှာ လာနေနေတဲ့ မိသားစုတစ်စုရှိနေပါတယ်။ အဲဒီမိသားစုက သားဖြစ်သူ ဆမ်နဲ့ သမီးလေး ကက်စီတို့ဟာ ခွေးအဖြစ် ရုပ်ဖျက်ထားတဲ့ အာစီတို့နဲ့တွေ့ပြီး အစိတ်အပိုင်းတွေကို လိုက်ရှာဖို့ ကူညီပေးရင်း စွန့်စားခန်းထွက်ကြပါတော့တယ်..... မိသားစုရုပ်ရှင်ဖြစ်တာမို့ ဇာတ်လမ်းဇာတ်ကွက်တွေ၊ တင်ဆက်ပုံတွေ အများကြီးမျှော်လင့်မထားဘဲ ပေါ့ပေါ့ပါးပါးပဲ ကြည့်လိုက်ပါ။ Low budget ဖြစ်တာမို့ တစ်ချို့ဂြိုဟ်သားအခန်းတွေမှာ အရမ်းသိသာနေတာမျိုးရှိပါတယ်။ ဒါပေမယ့် သားသမီးတွေနဲ့အတူ ကြည့်ရှု့လို့ကောင်းမယ့် မိသားစုကားတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Adventure, Family, Sci-fi Quality…. 1080p | 720p | 480p File size… 1.5GB | 732MB | 353MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Action • Crime • Thriller
0 2023 93 mins
Space Pups
Eagle Wings
4

ဒီဇာတ်ကားကို ပထမဆုံးတွေ့တုန်းက IMDb 8 ထိရထားတာလို့ ပြောရင် ခင်ဗျားတို့ ယုံမလားတော့မသိဘူး။ ဘာအကြောင်းလဲဆိုတော့ နိုင်ဂျီးရီးယားအစိုးရရဲ့ကောင်းကြောင်း အားရပါးရဖားထားတဲ့ ဇာတ်ကားဗျ။ နိုင်ဂျီးရီးယား အစိုးရရဲ့ မိဘပြည်သူတွေအပေါ် မေတ္တာထားပုံတွေ၊ ငြိမ်းချမ်းရေးကို လိုလားပုံတွေ၊ နိုင်ဂျီးရီးယားစစ်သည်တော်တွေရဲ့ ပြည်သူတွေအပေါ် မြတ်နိုးပုံတွေကို အတုံးလိုက်အတစ်လိုက် ချပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဒါတင်လားဆိုမဟုတ်ပါဘူး။ အခြေအမြစ်မရှိတဲ့ ခံယူချက်ပေါ် အစွန်းရောက်ယုံကြည်နေကြတဲ့ သောင်းကျန်းသူတွေ၊ လူရိုင်းလိုလို ဘာလိုလိုနဲ့ ပြည်သူတွေကိုသတ်၊ အိုးအိမ်တွေကို ဖျက်စီး၊ လူတွေကို ပြန်ပေးဆွဲနေတဲ့ သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် မမြင်မြင်အောင် ပြထားပါသေးတယ်။ မတော်တဆ သူပုန်တပ်ထဲရောက်သွားတဲ့ လူငယ်လေးတွေကို ဖခင်တစ်ယောက်က သားဆိုးလေးကို ခွင့်လွှတ်ပြီး အမြဲတမ်းလက်ကမ်းကြိုနေတဲ့ နိုင်ဂျီးရီးယားအစိုးရရဲ့ မေတ္တာတရားတွေကို အီဆောင့်နေအောင် မြင်ရမှာပါ။ ဇာတ်ကားက ကောင်းလားဆိုတော့ မကောင်းဘူး။ ဘုရားစူး မကောင်းတာ။ ဒါပေမဲ့ ဇာတ်ကားအကြောင်းအရာတွေက ရှယ်ရယ်ရတယ်။ ဆဲလို့ကောင်းတယ်။ နိုင်ဂျီးရီးယားအစိုးရကို ဖားထားတဲ့ ရုပ်ရှင်ဆိုတော့ အဲဒီလို ငဖားရုပ်ရှင်တွေ ထုံးစံအတိုင်း အကုန်လုံးက တလွဲတွေချည်းပဲ။ သရုပ်ဆောင်တွေဆို လူသေကို ပါးရိုက်ပြီး စကားပြောခိုင်းတာမှ သူတို့ထက် အသက်ပါဦးမယ်။ Effect လား။ မျက်နှာကို အဖတ်ကြီးလာကပ်သလို ဖတ်ကနဲ ဖြစ်သွားမယ်။ Dialogue တွေဆို အင်မတိအင်မတန်ကို ဖားလို့ကောင်းတဲ့ စကားလုံးတွေကို တန်းစီပြီး ဖြတ်ညှပ်ကပ်ထားတာကလွဲရင် နေကောင်းလား စားပြီးပြီလားလောက်ကို လေးခေါက်လောက်ပြောတာတွေပဲပါတယ်။ ဒီလောက်ကောင်းတဲ့ကားကို ဘာလို့ကြည့်ရမှာလဲလို့မေးရင်တော့ ဆဲလို့ကောင်းလို့ပါ။ တော်တော်လေးကို ခံစားချက်နဲ့တိုက်ဆိုင်တာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒေါသထွက်နေပြီး ဘာကိုဆဲလို့ဆဲရမလဲမသိဖြစ်နေသူများအတွက် အရမ်းကြည့်သင့်တဲ့ကားပါလို့ ပြောချင်ပါတယ်။ Size - 1.8GB, 962MB, 553MB Quality - 1080p, 720p IMDb rating - 4.2/10 Format - mp4 Duration - 2H 10Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • Science Fiction • Thriller
4 2021 130 mins
Eagle Wings
How It Ends
5.3

ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Netflix ကတင်ဆက်ပေးလိုက်တဲ့ Sci-Fi ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့ How it ends (2018)ပါ။ ဒီဇာတ်လမ်းလေးဟာ သဲထိတ်ရင်ဖိုကားတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက်တော့ အရမ်းကိုအကြိုက်တွေ့စေမယ့်ကားလေးပါ။ နာမည်ကျော်မင်းသားကြီး Forest Whitakerရဲ့သဘာဝကျကျသရုပ်ဆောင်မှုတွေရယ်၊ ထူးဆန်းတဲ့ဇာတ်လမ်းကျောရိုးရယ် ကြောင့်ဇာတ်လမ်းအဆုံးအထိဆွဲခေါ်သွားနိုင်မှာမလွဲမသွေပါပဲ။ ဒီဇာတ်လမ်းလေးရဲ့အကျဉ်းကတော့.... ဥပဒေအကျိုးတော်ဆောင်ဖြစ်တဲ့ ဝီလ်တစ်ယောက် သူနဲ့ဆက်ဆံရေးသိပ်မပြေလည်လှတဲ့ ယောက္ခမလောင်းဖြစ်သူ တွမ်ဆီကို သမီးတောင်းဖို့ တစ်ကိုယ်တည်းခရီးထွက်လာခဲ့ပါတော့တယ်။ ယောက္ခမလောင်းမိသားစုနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ကိုပြန်အလာမှာ ထူးဆန်းတာတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။ သူ့ကောင်မလေးဖြစ်သူဆမ်နေထိုင်ရာဆီးယက်တဲလ်မှာတစ်ခုခုတော့ဖြစ်နေပြီလို့သိကာ အပြေးအလွှားပြန်ပေမယ့် လျှပ်စစ်ဓာတ်အားလိုင်းတွေပြတ်တောက် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ကာ လေယာဉ်တွေလဲမထွက်တော့ပါဘူး။ အဲ့ဒီအခါမှာသူ့နဲ့ဆက်ဆံရေးမပြေလည်တဲ့စစ်သားဟောင်းယောက္ခမဖြစ်သူနဲ့ သူ့ကောင်မလေးဆီကိုခရီးနှင်ပါတော့တယ်... အစစအရာရာပြတ်တောက်သွားတဲ့အခြေအနေတစ်ခုမှာ သူတို့နှစ်ယောက်ရောအောင်မြင်ပါ့မလား? ဒီလိုရုတ်တရက်ဖြစ်လာတာတွေကဘာကြောင့်လဲ? မိုင်ပေါင်းထောင်သောင်းချီတဲ့ခရီးလမ်းတစ်ခုမှာဘာတွေတွေ့ကြုံရဦးမှာလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်လမ်းလေးပါလို့ပဲညွှန်းလိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပါ) File Size : (860 MB) and (380 MB) Quality : WEBRip 720p Running Time : 1hr 53min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEBRip.XviD.AC3-FGT Translated by Aye Mon Kyaw Encoded by Thanhtike Zaw

Comedy • Family
5.3 2018 113 mins
How It Ends
American Animals
6.8

ဒီရုပ်ရှင်ကား ကို မကြည့်ခင် သတိပေးချင်တာက အတော် ခေါင်းရှုပ်ရလိမ့်မယ် မျက်စိတွေ နောက်ရလိမ့်မယ် ဆိုတာပါပဲ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း နဲ့ အကြောင်းအရာ တစ်ခုကို တစ်ဖြေးဖြေး သဘောပေါက်သွားပါမယ် IMDb 7.1 ဆိုတော့ ဇတ်လမ်းမကောင်းမှာ စိတ်မပူရပါဘူး အကြောင်းအရာလေးက ကန်တူကီ မှာ ၂၀၀၄ ခုနှစ်က တကယ်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတာပါ ဇတ်လမ်းကို အညွှန်းပုံစံ မပြောပဲ စာအနေနဲ့ပဲ ပြောပြချင်တော့တယ် ကျောင်းသားလေး ယောက်ဟာ အနုပညာ ပြတိုက်မှာ ရှိတဲ့ ဒေါ်လာ သန်းချီတန်တဲ့ စာအုပ်တစ်အုပ်ကို ခိုးယူဖို့ ကြံစည်ကြတဲ့ အကြောင်းလေးပါ သူတို့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီလိုအရာကို ခိုးယူဖို့ ဘာတွေက သူတို့စိတ်ကို ညစ်ညမ်းစေခဲ့သလဲ ဘယ်အရာတွေ ကြောင့်လဲ အတွေးပေါင်းများစွာ နဲ့ ကြည့်ရှုရမှာပါ မထင်မှတ်ထားလောက်တဲ့ ဇတ်ကြောင်းကို အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၄ ယောက်က ပြန်ပြောပြထားပါတယ်.... ပိုပြီး ထူးဆန်းတာက အဲ့ဒီလေးယောက်ဟာ ဘာရာဇဝတ်မှုမှ မကျူးလွန်ထားဘူးတဲ့ ရိုးရိုးအေးအေးလေးတွေပါပဲ ဒီလိုည မိုးအေးအေးလေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါအုံး ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးပါသည်။

Crime • Drama • Thriller
6.8 2018 117 mins
American Animals
Angel Baby
5

Angel Baby (2023) ============== အမြွှာကလေးနှစ်ယောက်ကို မွေးမွေးချင်းဆုံးရှုံးလိုက်ရတဲ့ Val က စိတ်ဝေဒနာရပြီး အိပ်ရာထဲမှာလဲနေခဲ့တယ်။ အဲဒီမှာ Val ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာ Chole က Val ခင်ပွန်းဖြစ်တဲ့ Justin ကို Val စိတ်သက်သာရာရအောင် အေးချမ်းတဲ့နေရာမှာအနားယူဖို့ အကြံပေးခဲ့တယ်။ Justin လည်း မြို့ပြနဲ့ဝေးနဲ့ တောင်ပေါ်အိမ်လေးတစ်အိမ်ကိုဝယ်ပြီး Val နဲ့အတူအိမ်ပြောင်းခဲ့တယ်။ အစတော့ Val အဲဒီအိမ်ကိုသဘောကျ ခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီအိမ်ထဲ တစ်ခုခုရှိနေတဲ့ခံစားချ​က်တွေရ​လာ ခဲ့တယ်။ Val ရဲ့ သံသယတွေက သူတို့အိမ်နီးချင်း Frank နဲ့ဆုံပြီးနောက် မှာတော့ သူတို့ဝယ်ခဲ့တဲ့အိမ်နဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တွေရှိနေမှန်း ပိုပြီးသိလာခဲ့ရတယ်။ နောက်တော့ Val တို့လင်မယားနှစ်ယောက် အဲဒီ အိမ်ကြီးမှာဘာတွေဆက်ဖြစ်မလဲဆိုတာကို ခြောက်ခြားဖွယ်ဆက်လက် ကြည့်ရှုရမဲ့ Horror ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.03 GB) / (463 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Thwal Htoo Zin Encoder……….SWM

Drama
5 2023 100 mins
Angel Baby
You Get Me

You Get Me (2017) ဒီကားလေးကတော့ မင်းသမီးချောလေး”ဘယ်လာသွန်း”က အဓိကဇာတ်ကောင် “ဟိုလီ” အဖြစ်ပါဝင်ထားတဲ့ Crime Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ “ဟိုလီ” ဟာ ဒီမြို့မှာ သူ့မိထွေးနဲ့အတူအခြေချခါစ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ တစ်နေ့ “ဟိုလီ”ပါတီတက်ရင်း “တိုင်လာ”ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညနဲ့ နောက်နေ့တစ်ဝက်တာအချိန်ကို ပျော်ပျော်ပါးပါး အတူကုန်ဆုံးခဲ့ကြတယ်။ “ဟိုလီ”အတွက် သူတို့အတူကုန်ဆုံးခဲ့တဲ့အချိန်ဟာထူးခြားပေမဲ့လို့ “တိုင်လာ”အတွက်တော့ ပျော်ခဲ့ရတဲ့သာမန်အချိန်တွေပဲဖြစ်ခဲ့ဟန်တူပါတယ်။ “တိုင်လာ”ဟာ ပါတီမှာတုန်းက သူ့ကောင်မလေး”အယ်လီ”နဲ့ ကတောက်ကဆတ်ဖြစ်ခဲ့တာကြောင့် သူတို့ ၂ဦးကိစ္စပြတ်သွားပြီလို့ထင်နေခဲ့ပေမဲ့ ကောင်မလေးရဲ့ ဖြေရှင်းချက်တွေကို နားထောင်အပြီးမှာတော့ သူတို့ချစ်သူ၂ဦး ပြန်လည်ပေါင်းထုပ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းဖွင့်ချိန်ရောက်လာတဲ့အခါမှာ အသစ်ရောက်လာတဲ့ကျောင်းသူဟာ အခြားသူမဟုတ်၊ “တိုင်လာ”နဲ့ နီးစပ်ဖို့ ကြိုးစားနေတဲ့ “ဟိုလီ”ပဲဖြစ်ပါတယ်။ တဖြည်းဖြည်း “ဟိုလီ”တစ်ယောက် သူတို့သူငယ်ချင်းအုပ်စုထဲကို ဝင်ရောက်လာပြီး “အယ်လီ”နဲ့ လက်ပွန်းတတီး ခင်မင်လာခဲ့တယ်။ “တိုင်လာ”ကတော့ “အယ်လီ”နောက်ကွယ်မှာ မှားမိထားတာကို ထုတ်မပြောနိုင်ဖြစ်နေခဲ့တယ်။ အလန်းဇယားလေး”ဟိုလီ”က Social Media မသုံးတာဟာ “အယ်လီ့”သူငယ်ချင်းအတွက် အထူးအဆန်းဖြစ်နေခဲ့တယ်။ တစ်နေ့တော့ အဲဒီသူငယ်ချင်းဟာ ကျောင်းမှာ ရုတ်တရက်ကြီး သူနဲ့မတည့်တာကိုသောက်မိပြီး တက်ကာ သတိလစ်သွားခဲ့တယ်။ “ဟိုလီ”ဟာ “တိုင်လာ”နဲ့နီးစပ်ဖို့ကို နည်းမျိုးစုံသုံး ကြိုးစားနေပြီး သူလိုချင်ရဖို့အတွက် ဘေးလူထိခိုက်တာကိုလည်း မမှုတဲ့သူဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ “တိုင်လာ”တစ်ယောက် “ဟိုလီ့”နာမည်အပြည့်အစုံကိုသိလိုက်ရပြီး အွန်လိုင်းမှာရှာကြည့်တဲ့အခါမှာတော့ “ဟိုလီ”ဟာ အန္တရာယ်ရှိတဲ့ပြဿနာအိုးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ဒီအချိန်မှာတော့ “တိုင်လာ”ဟာ အသိနောက်ကျသွားပြီလား… “ဟိုလီ”တစ်‌ယောက် ဘယ်လောက်အထိ လက်လွန်ကြက်သွန်လိုက်ပြီလဲ… ဆိုတာ‌ကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 710MB Quality – 1080p, 720p Format – mp4 Duration – 1H 29Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

TV Movie • Comedy • Romance
0 2017 89 mins
You Get Me
Faceless After Dark

Coulrophobia ဆိုတဲ့ clown တွေ လူပြက်တွေ၊ မျက်နှာမှာ ဆေးတွေခြယ် ပြုံးနေတဲ့ မျက်နှာကြီးနဲ့ လူတွေ အဲ့ပုံစံတွေကို ကြောက်ကြတဲ့ phobia တစ်ခုက လူတော်တော်များများမှာ ရှိကြတယ်။ ဒါပေမယ့် သည်ဇာတ်ကားမှာကတော့ အဲ့ဒီ့ clown တွေကို clown တွေ လူသတ်တဲ့ပုံစံအတိုင်း ပြန်သတ်ပြတာကို သေချာကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဘယ်လို clown တွေ ကို သတ်တာလဲ။ ဘာကြောင့် သတ်တာလဲ။ နောက်ခံက အကြောင်းတွေကကော ဘာတွေရှိမလဲ။ ပြီးတော့ ရုပ်ရှင်လောကနဲ့ လူမှုကွန်ရက်က ပုပ်ပွနေတဲ့ အကြောင်းအရာတွေကို ကြည့်ပြီး သွေးတွေသံတွေနဲ့ တသသ ကြည့်ရမယ့် ဇာတ်ကားမျိုးကို ကြည့်ချင်ရင်တော့ ခုဇာတ်ကားက အကြည့်သင့်ဆုံးကားပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(536 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Myat Paing

0 2023
Faceless After Dark
Blame the Game

Netflix ကနေ အသစ်ထွက်ထားတဲ့ ဟာသကားလေးပါ။ ဇာတ်လမ်းအကြောင်းနည်းနည်းပြောပြရမယ်ဆိုရင်တော့ ယန် နဲ့ ပီယာတို့က ပန်းခြံထဲမှာခွေးကျောင်းရင်း ဆုံမိကြပြီး ချစ်ကြိုက်သွားကြတဲ့စုံတွဲတစ်တွဲပေါ့။ ယန်က စက်ဘီးအရောင်းဆိုင်ဖွင့်ထားပြီး ပီယာကတော့ ဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်ထားတဲ့ ဓာတ်ပုံဆရာမတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်မှာ ပီယာက ယန်ကို သူမရဲ့သူငယ်ချင်းတွေနဲ့အတူ နှစ်တိုင်းလုပ်လေ့ရှိတဲ့အစီအစဉ်တစ်ခုဆီကို ခေါ်လာခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ မိုနိုပိုလီတို့ ဘလက်ဂျက်တို့လို ကဒ်တွေနဲ့ကစားရတဲ့ကစားနည်းတွေကို သူငယ်ချင်းတစ်စု အတူကစားကြတာပါ။ ထူးခြားတာက ပီယာရဲ့သူငယ်ချင်းတွေက ဆွေကြီးမျိုးကြီး ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကလူတွေပါ။ သာမန်အလယ်အလတ်တန်းစားထဲကဖြစ်တဲ့ ယန်တစ်ယောက် ပါတီလုပ်မယ့်နေရာကိုရောက်သွားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့အရာကြီးတစ်ခုထပ်ဖြစ်လာပါတယ်။ ဒါကတော့ ပီယာရဲ့ရည်းစားဟောင်းဖြစ်သူပါ ရောက်ချလာတာပါ။ ဒီလိုနဲ့ ယန်တစ်ယောက် ပီယာရဲ့သူငယ်ချင်းတွေအကြားမှာရော ရည်းစားဟောင်းအရှေ့မှာပါ နေရထိုင်ရခက်ပေမဲ့ ဟန်မပျက်ဘဲ ဂိမ်းကစားပွဲညကို ပြီးဆုံးအောင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားရင်းကနေပဲ တလွဲတချော်တွေစဖြစ်လာတော့ပါတယ်။ ဇာတ်အိမ်ပိုင်း ၊ သရုပ်ဆောင်ပိုင်းတွေက အဆိုးကြီးမဟုတ်ဘဲ လက်ခံလို့ရပြီး ဟာသလေးနှောပြီးရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုမယ်ဆိုရင်တော့ သင့်တော်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.49 GB)/(788 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2024
Blame the Game
Kamla

ကမ်မလာရာဟစ်အယ်ဝမ်ဆိုသူကတော့ အမျိုးသမီးစိတ်ရောဂါကုဆရာဝန် တစ်ယောက်ပါ။ သူဟာ သူ့လူနာတွေနဲ့ ဖခင်အပေါ် ပြုစုစောင့်ရှောက်ပေးတာက လွဲရင် တခြားကိစ္စကို စိတ်ဝင်စားလေ့ မရှိသူပါ။ တနည်းပြောရရင် ဖခင်ကို ပြုစုရင်း သူနဲ့ သင့်တော်တဲ့ အိမ်ထောင်ရှင်ဖက်ကို ရွေးရင်းရွေးရင်း အခုထိ အိမ်ထောင်မကျသေးတဲ့ အပျိုကြီးပေါ့လေ။ ဒီလိုနဲ့ လူနာတွေကို ကုသပေးလိုက် အဖေကြီးကို စောင့်ရှောက်ပေးလိုက်နဲ့ တနေ့မှာတော့ လူ ၂ယောက်ကို တွေ့ဆုံမိရာကနေ ကမ်မလာ့ဘဝဟာ အရာရာပြောင်းလဲသွားပါတော့တယ်။ တစ်ယောက်ကတော့ အက်စမာလို့ခေါ်တဲ့ ပြစ်တန်ဆာ လူနာမလေးရယ်၊ နောက်တစ်ယောက်ကတော့ ယူဆက်ဖ်အက်ဇ်အဲယ်ဒင်လို့ခေါ်တဲ့ စာရေးဆရာရယ်ပါ။ ထိုသူ ၂ယောက်ကိုတွေ့ဆုံပြီးတဲ့အခါမှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲ … ပြောင်းလဲခြင်းမျိုးကရော ဘယ်လိုပြောင်းလဲခြင်းမျိုးနဲ့ ပြောင်းလဲသွားမှာလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ယခုရုပ်ရှင်ရဲ့plotဟာ ရုပ်ရှင် တစ်ခုအနေနဲ့ ရိုးရှင်းလှပေမယ့် တကယ့်လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့ အမျိုးသမီးတွေရဲ့ဘဝတွေကို မျက်ဝါးထင်ထင် အမိအရ ရိုက်ပြထားနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အသက်၄၀အထိ အိမ်ထောင်မပြုရသေးလို့ မင်္ဂလာဆောင်ဖို့ အဒေါ်ရဲ့ဖိအားပေးခံရမှုတွေ၊ ကမ်မလာ့အကြောင်း ပေါက်တက်ကရတွေပြောတဲ့ အဖေ့ဘက်ကအမျိုးတွေ၊ ဝထ္တုစာအုပ်ထဲမှာ တည်ရှိတဲ့ ယောကျ်ားတွေနဲ့ အပြင်လောကမှာ တကယ်ရှိနေတဲ့ ယောကျ်ားတွေရဲ့ကြီးမားတဲ့ ကွာခြားမှုတွေကို ဒီကားထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ယခု ရုပ်ရှင်ကို ကြည့်ရှု့ပြီးရင် ဖြစ်လာမယ့်ခံစားချက်ကို ခိုင်းနှိုင်းဖော်ပြရရင် နေကောင်းဖို့အတွက် ဆေးခါးကြီး တစ်ခွက်ကို သောက်လိုက်ရသလိုပါပဲ။ အမှန်တရားက ခါးတယ်၊ လက်တွေ့က ခက်ခဲတယ် ဒါပေမယ့် အရာအားလုံးက ကောင်းလာဖို့အတွက်ပါပဲ။ အညွှန်းနှင့်ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1 GB)/(548 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MKKW

0 2022
Kamla
American Pie American Pie 1
7

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Pie (1999) IMDb Rating (7.0) ဒီကားကတော့ American Pie ဇာတ်လမ်းတွေရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပြီး အရယ်ရဆုံးနဲ့ အကြိုက်ဆုံးဇာတ်ကားဖြစ်ပါတယ်။ အထက်တန်းကျောင်းပြီးတော့မယ့် ကျောင်းသားအုပ်စုတစု ကောလိပ်မရောက်ခင် ကျောင်းနှုတ်ဆက်ပါတီမှာတင် လူပျိုဘဝကိုစွန့်လွှတ်နိုင်ရမယ်ဆိုတဲ့ သံဓိဌာန်တွေချပြီး ချစ်သူရည်းစားအသီးသီးရှာကြပါတယ်။ – ရည်းစားလဲမထားဖူး မိန်းကလေးတွေကို စကားတောင် ရဲရဲမပြောရဲသူဆိုပေမယ့် လုပ်ချင်တာလဲအလွန်ဖြစ်နေသူ ဝင်းနုသမားလေး Jim – ရည်းစားတော့ရှိပေမယ့် ခရီးအဆုံးထိမသွားဖူးလို့ အချိန်ကောင်းကိုစောင့်ဆိုင်းနေတဲ့ BJ သမားလေး Kevin – ရှိတဲ့ရည်းစားကို စောင်တလွဲတွေသွားပြောမိလို့ ဖြတ်ခံလိုက်ရပြီး လူမသိသူမသိကောင်မလေးကိုထပ်ကြိုးစားမယ့် ကဗျာသမားလေး Oz – လူနားမလည်တဲ့စကားတွေပြောလို့ အရင်က ဘယ်ကောင်မလေးမှစိတ်မဝင်စားပေမယ့် ဘယ်ကမှန်းမသိတဲ့ သတင်းတခုကြောင့်ကောင်မလေးတွေကြား ရေပန်းစားလာတဲ့ Finch – တွေ့သမျှချောက်တွန်း ရှိသမျှချကျွေး ကြုံသမျှဆော်တဲ့ သဘောကောင်းလူမိုက်ကြီး Stifler ဒီလို တကယ့်ကောင်တွေစုထားတဲ့ သူငယ်ချင်းအုပ်စုလိုက်ကြီး သူတို့ရည်မှန်းထားသလို ဖြစ်လာနိုင်ပါ့မလား ဘယ်လိုတွေအလွဲလွဲအချော်ချော်နဲ့ ခွီနေကြရမလဲဆိုတာ…….။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

Romance • Comedy
7 1999 95 mins
American Pie American Pie 1
Babygirl
6.4

Babygirl (2024) IMDb Rating (6.4) / Rotten Tomatoes (77%) 2024 နှစ်ကုန်ပိုင်းကမှ A24က ထွက်ခဲ့တဲ့ မင်းသမီးကြီး Nicole Kidman ရဲ့ Erotic Thriller ကားကောင်း တစ်ကားဖြစ်ပါတယ်။ Romy Mathis က စက်ရုပ်တွေနဲ့ လည်ပတ်တဲ့ အီလက်ထရောနစ် ကုန်သွယ်ရေး company ရဲ့ CEO တစ်ယောက်ပါ။ သူ့မှာ ယောက်ျားဖြစ်သူ ပြဇာတ် ဒါရိုက်တာ Jacob နဲ့ Isabel နဲ့ Nora ဆိုတဲ့ သမီးလေးနှစ်ယောက်ရှိပါသေးတယ်။ သူ့ ဘဝနဲ့သူ အောင်မြင်ပြီး မိသားစုကောင်း ရှိတဲ့ အမျိုးသမီး တစ်ယောက်ပေမယ့် မပြည့်စုံတဲ့နေရာတော့ ရှိပါသေးတယ်။ သူဟာ ခင်ပွန်းဖြစ်သူနဲ့ လိင်မှုဘဝမှာ မသာယာတော့ပါဘူး။ သူ အဲ့ဒီလို ဖြစ်နေတာကို ခင်ပွန်းဖြစ်သူကလည်း မသိပါဘူး။ Romy က ကာမစိတ် မူပြောင်းပြီး အရှက်သိက္ခာထိခိုက်အောင် ဆက်ဆံခံရတာတွေ နာကျင်မှုကို သာယာတာကို တိတ်တိတ်လေး ခုံမင်နေသူဖြစ်ပါတယ်။ တစ်ရက် သူ့ company ကို အသစ်ရောက်လာတဲ့ အလုပ်သင်တွေထဲက Samuel ကို မျက်မှန်းတန်းမိရင်း Samuelက သူ့ နည်းပြအဖြစ် Romy ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့ ဆက်ဆံရေးဟာ တဖြည်းဖြည်း နယ်ကျွံလာပြီး အလုပ်နဲ့ မိသားစုကို ထိပါးလာခဲ့ပါတယ်။ Castတွေအနေနဲ့လည်း Nicole Kidman; Harris Dickinson; Sophie Wilde; Antonio Banderas တို့ ပါတာမို့လို့ ကြည့် ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မဖွယ်မရာ scene တချို့ပါဝင်တာမို့လို့ မိသားစုနှင့် ကြည့်ရှုရန် မသင့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(13 GB) / (3 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….01:56:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Adventure • Action • Drama
6.4 2024 115 mins
Babygirl