YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bride Wars 2009 BDRip 720p {CM}.mp4

945.23 MB N/A video/mp4 141 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blessed Boys
7.1

Blessed Boys (2021) =============== IMDb Rating - 6.3/10 ဒီဇာတ်ကားလေးကတော့ အချိန်တစ်နာခွဲအတွင်း အပြောတွေရော အပြတွေရော တွေးစရာတွေပါ အများကြီးထည့်ထားတဲ့ကားလေးပါ။ လီနိုတို့မိသားစုသုံးယောက်ရယ် သူငယ်ချင်းဖြစ်သူမာရီယိုရယ် ချစ်သူ မမယ်သူငယ်ချင်းထပ်ပိုတဲ့ကောင်မလေး အက်စီရယ် အားလုံးပေါင်း ဇာတ်ကောင်ငါးယောက်အဓိကပါပါတယ်။ သူတို့အားလုံးဟာ အီတလီ၊ နေပယ်မြို့က ပျံကျနေရာလေးမှာ နေထိုင်ကြပါတယ်။ အားလုံးဟာ ကျောင်းနေအရွယ်ပေမယ့် ဘဝအခြေအနေကြောင့် မိသားစုတာဝန်ကို ထမ်းနေကြသူပါ။ လီနိုအနေနဲ့လည်း ပိုက်ဆံကို အလုပ်လုပ်ပြီးပဲရရ ရုပ်ပြစားပြီးပဲရရရှာရင်း အိမ်စရိတ်ကို အနိုင်နိုင်ပေးနေရသူပါ။ တစ်ချိန်မှာတော့ လီနိုရဲ့ညီမလေး အန်နာလာဟာ ထူးဆန်းအံ့ဖွယ်တန်ခိုးပြတယ်ဆိုပြီး ဒေသခံကတ်သလစ် ဘာသာဝင်တွေအကြားရေပန်းစားသွားပြီး ဘုရားဝတ်ပြုဆုတောင်းဖို့ အိမ် ကိုလာရောက်သူတွေများလာပါတယ်။ ဒီလိုကံကြမ္မာအလှည့်အပြောင်းကြား မှာ ဒီဇာတ်ကောင်ငါးယောက်ဟာ ဘယ်လိုတွေ ကပြကြမလဲဆိုတာကို စိတ် ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ မိသားစုဒရာမာ၊ ဘာသာရေး၊ LGBTစတဲ့ genre တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဇာတ်ကောင်စရိုက်နိုင်နိုင်တဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.3 GB) / (561 MB) / (307 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Zaw Myo Thu Encoder..........SWM

Documentary
7.1 2021 99 mins
Blessed Boys
Where Hands Touch
8

ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ဂျာမနီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Layna ဟာ ဂျာမန်လူဖြူအမေနဲ့ ပြင်သစ်လူမည်း အဖေတို့ ပေါင်းစပ်ပြီး မွေးလာတဲ့ (၁၆)နှစ်အရွယ် ကလေးမလေးပါ။ Rhineland မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေက Leyna လို သွေး နှောလူမည်း ကလေးတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာကြောင့် ဘာ လင်မှာများ အန္တရာယ်ကင်းနိုင်မလားဆိုပြီး Leyna ရဲ့ အမေ Kerstin တစ်ယောက် သားနဲ့သမီးကို လက်ဆွဲပြီး ဘာလင်ကို ထွက်လာခဲ့ပါတယ်။ ပိုကောင်းတဲ့ ဘဝတစ်ခု ရနိုင်ဖို့ Leyna ကို ကျောင်းပို့ပြီး စာသင်ပေးခဲ့ပေမဲ့ နီဂရိုးတစ်ယောက် စာသင်ဖို့ မလိုဘူးဆိုပြီး ကျောင်းကနေဆွဲထုတ်ပြီး စက်ရုံ မှာ အလုပ်လုပ်ဖို့ ပို့လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ Leyna တစ်ယောက် ထင်ရှားတဲ့ SSအရာရှိတစ်ဦးရဲ့ သားဖြစ်ပြီး ကိုယ်တိုင်လည်း လူငယ်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lutz နဲ့ တွေ့ပြီး အချစ်ဇာတ်လမ်း အစပျိုးမိပါတော့တယ်။ ဟစ်တလာဟာ Gestapo လို့ ခေါ်တဲ့ လျှို့ဝှက်ရဲတွေကို အမိန့်ပေးပြီး Rhineland ဒေသက ဂျာမန်-လူမည်း သွေးနှောကလေးတွေကို နောက်ထပ်ဂျာမန်တွေနဲ့ သွေးမနှောနိုင်အောင် သားကြောဖြတ်ဖို့ လျှို့ဝှက်အမိန့်ပေးခဲ့ပါတယ်။ မှတ်တမ်း တွေအရ ကလေးပေါင်း ၈၀၀ ကျော် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီရုပ်ရှင်မှာ ဂျာမန်- လူမည်း မိန်းကလေးတစ်ယောက် ဂျာမန်အလုပ်ကြမ်း စခန်းတွေမှာ အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေ၊ ကြုံတွေခဲ့ရတဲ့ ဖိနှိပ်မှုတွေကို တွေ့မြင်ရမှာပါ။ ဖျောက်ဖျက်ခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်တာ ကြောင့် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe မှဖြစ်ပါတယ်) File Size..........(1.42 GB) / (588 MB) / (343 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hr 2Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance, War Translator.......Phu Myat Thwe Encoder..........SWM

Drama • Romance
8 2018 122 mins
Where Hands Touch
Rocky Balboa
7.1

လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။ File size…2.79 GB / 1.15 GB / 672 MB Quality…Blu-Ray 1080p 5.1CH/ 720p / 480P Format…mp4 Duration….1h 42m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

7.1 2006 102 mins
Rocky Balboa
Fatal Attraction (1987)(18+)
6.9

IMDb – 6.9 , RT – 74% ( 18+ အခန်းတွေပါဝင်လို့ မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်ပါ ) Ant man ဘိုးတော်ကြီး Michael Douglasရဲ့ ငယ်ဘဝက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ Michael Douglasနဲ့အတူ 101 Dalmatians, 102 Dalmatians, Cruella, What happened to Monday အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးကြီး Glenn Closeတို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကို ပြောရရင် အခုလတ်တလော ခေတ်စားနေတဲ့ ” အိမ်ထောင် “ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ဆင်ပါတယ်။ ဒါပေမယ့် ဒီကားက ပိုပြီးကြမ်းပါတယ်။ ဒန် ဂလက်ဂါကတော့ အိမ်ထောင်ရှိတဲ့ ရှေ့နေတစ်ယောက်ပါ။ တစ်နေ့မှာ ဒန်က အဲလစ် ဖောရက်စ်လို့ခေါ်တဲ့ ကောင်မလေးနဲ့ ပါတီမှာတွေ့ဆုံမိခဲ့ကြပါတယ်။ ပါတီကနေ အစပြုလိုက်တဲ့ဇာတ်လမ်းက နန်းကြီးသုပ်ကျွေးတဲ့အဆင့်အထိပါ ရောက်သွားပါတော့တယ်။ အဲလစ် တစ်ယောက် ဒန့်ရဲ့ နန်းကြီးသုပ်အရသာလေးကို ကြိုက်ပြီး စွဲလန်းမိလာပါတော့တယ်။ ဒန်တစ်ယောက် အဲလစ် စွဲလန်းလာတာကို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုအနှောင့်ယှက်တွေဖြစ်လာတဲ့အထိ စွဲလန်းခံရမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ Thriller , Dramaဆန်ဆန် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကဲ တို့ယောင်္ကျားသားတို့ရေ နန်းကြီးသုပ်ကို လူမှား ပြီးကျွေးမိရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ကြည့်ရှု့လေ့လာသင်ယူဖို့ လောင်မြိုက်ရင်း သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးကို ကြည့်ရှု့လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.6 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Comedy • Family • Romance
6.9 1987
Fatal Attraction (1987)(18+)
Dark House

Horror ဇာတ်ကားကိုမှ လျှို့ဝှက်ဆန်းကြယ်ရမယ် ကျောချမ်းစရာကောင်းရမယ် စိတ်ဝင်စားစရာလဲကောင်းရမယ်ဆိုရင် Dark House ဆိုတဲ့ဒီဇာတ်ကားကို ကြည့်သင့်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လူတစ်ယောက်ယောက်ကို ထိကိုင်လိုက်တာနဲ့ သူတို့ရဲ့အသေဆိုးနဲ့ သေဆုံးမှုတွေကိုမြင်နိုင်တဲ့ နစ်ခ်ဆိုတဲ့ကောင်လေး တစ်ယောက်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့မှာရိုင်ယန်လို့ ခေါ်တဲ့အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ဘားမှာတွေ့ခဲ့တဲ့ အီဗီဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်ပြီး ကိုယ်ဝန်ရပြီးတဲ့အထိတောင် သူတို့သုံးယောက်က အတူတူ နေနေကြတုန်းပါပဲ။တစ်နေ့မှာတော့ သူ့ရဲ့စိတ်ရောဂါဝေဒနာရှင် အမေကဆုံးပါး သွားခဲ့ပြီး သူ့အတွက်သေတမ်းစာထဲမှာ အိမ်တစ်လုံးချန်ထားပေးခဲ့ပါတယ်။ အဲ့ဒီအိမ်က နစ်ခ်ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ဆွဲလာတဲ့အိမ်ပုံတွေနဲ့ တစ်ပုံစံတည်းဖြစ်နေပါတယ်။ဒီလိုနဲ့ နစ်ခ်တို့ သုံးယောက် အဲ့ဒီအိမ်ရှိရာကို သွားခဲ့ကြပါတယ်။ဒါပေမယ့် အဲ့ဒီအိမ်မှာ သူတို့သုံးယောက်ကို မမျှော်လင့်ထားတဲ့ အရာတွေနဲ့ မမျှော်လင့်ထားတဲ့ လူတွေစောင့်နေခဲ့တဲ့အခါမှာတော့ ဘာတွေဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ဖြဲမခြောက်တဲ့ Horror ကားပဲဖြစ်ပါတယ်။ File size…1.85GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2014 102 mins
Dark House
Laced
5.1

ဒီရုပ်ရှင်က တစ်ကားလုံးကို လူလေးယောက်နဲ့ အိမ်တစ်အိမ်ထဲမှာပဲ ရိုက်ထားပါတယ်။ Charlie နဲ့ Molly နဲ့က မပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို အသက်ဆက်နေကြတာပါ။ Mollyကတော့ Charlieကို ပိုပြီး မုန်းတီးလို့နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ယောကျ်ားစားမယ့် ညစာထဲကို အဆိပ်ခတ်သတ်ဖို့ စီစဉ်ခဲ့တာပါ။ သူ့အကြံက သူတစ်ယောက်ထဲ စီစဉ်ထားတာလား? သူ့ကို ကူညီပေးနေတဲ့ ဖုန်းထဲက အမျိုးသမီးရှိပါတယ်။ ဇာတ်လမ်းအစမှာ Mollyက အဆိတ်ခတ်ထားတဲ့ ညစာကို ပြင်ဆင်လို့နေပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ Charlieကတော့ ဘောလုံးပွဲကို အားကြိုးမာန်တက် ကြည့်နေတာပါ။ ကြည့်ရင်းနဲ့ ယောက်ဖဖြစ်သူကိုပါ ဖုန်းလှမ်းခေါ်လိုက်ပါသေးတယ်။ နှင်းမုန်တိုင်းထန်နေတဲ့အချိန်မှာ Mollyရဲ့ မောင်အရင်း Austinကလည်း သူတို့ အိမ်ကို ဦးတည်လာနေပါတယ်။ Mollyက သူ့ယောကျ်ားအတွက် အဆိပ်ထည့်ထားတဲ့ပန်းကန်ရယ် သူ့အတွက် ပန်းကန်ရယ်ကို ထားပြီး ဖုန်းသွားဖြေနေတုန်းမှာ ယောကျ်ားဖြစ်သူ Charlieက စားပွဲပြင်ပြီး စောင့်လို့နေတာပါ။ ဒီလိုနဲ့ ဘယ်ပွဲက အဆိပ်ပါမှန်း မသိတော့တဲ့ Mollyက သူ့အကြံအစည်အောင်မြင်ပါ့မလား? ဖုန်းထဲက အမျိုးသမီးကရော သူနဲ့ ဘယ်လိုဆက်ဆံရေးလဲ? ဇာတ်အသွားအလာအေးပေမယ့် thriller ကားကောင်းဖြစ်ပါတယ်။ File size…(1 GB)/(493 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

War • Drama • History
5.1 2023 95 mins
Laced
Goodnight Mommy
5.7

Goodnight Mommy (2022) ==================== IMDb Rating – 5.7/10 Horror ဆိုပေမဲ့ ပြူးပြူးပြဲပြဲကြောက်စရာတွေမပါဘဲ သို့လောသို့လော စိတ်ခြောက်ခြားစရာတွေ၊ မြှုပ်ကွက်တွေနဲ့အတူ သနားစရာ ဒရမ်လေးပါ ချိုးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကိုတော့ အဲလိယက်စ်နဲ့လူးကပ်စ်တို့အမြွှာညီအစ်ကိုဟာ ဖခင် ဆီမှာနေရာက မိခင်ရှိရာအိမ်ကို ရောက်လာကြပုံနဲ့ စထားပါတယ်။ အဲဒီမှာ မျက်နှာတစ်ခုလုံး ခွဲစိတ်ခံထားသလို မျက်နှာဖုံးတပ်ထားတဲ့ သူတို့အမေကို ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အရင်နဲ့မတူဘဲ ပြောင်းလဲနေတဲ့ သူ တို့အမေရဲ့အပြုအမူ အပြောအဆိုတွေကြောင့် တဖြည်းဖြည်းနဲ့ ညီအစ်ကို နှစ်ယောက် သံသယ၀င်လာကြပါတယ်။ နောက်တော့ အခုသူတို့နဲ့ရှိနေသူဟာ သူတိုအမေမဟုတ်ဘူးဆိုတဲ့ သံသယ ပိုမိုခိုင်မာလာပါတယ်။ တစ်နေ့မှာ မိခင်ဖြစ်သူရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေ ကြောင့် အိမ်ကထွက်ပြေးဖို့အထိ ကြိုးစားကြပါတယ်။ မိုးတွေလေတွေကြား ထဲ ထွက်ပြေးလာတဲ့ သူတို့ကို ရဲတွေက ကူညီကယ်ဆယ်ခဲ့ပေမဲ့ နောက်ဆုံး တော့ သူတို့အမေအိမ်ပဲ ပြန်ပို့လိုက်တဲ့အခါ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ ဇာတ်ကားကြည့်နေရင်းနဲ့ အမေဖြစ်သူက စိတ္တဇလား၊ ကလေးတွေကပဲ စိတ္တဇ လား၊ ဘယ်သူကဘာဖြစ်နေမလဲဆိုတာ သို့လောသို့လောအတွေးတွေနဲ့ တကယ် ကို စိတ်၀င်တစားကြည့်ရမဲ့ psychological horror ကားလေးမို့ တစ်ခါလောက် တော့ ကြည့်ဖြစ်အောင် ကြည့်ကြည့်စေချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.36 GB) / (450 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Horror Translator…….C’mon Encoder……….SWM

5.7 2022 91 mins
Goodnight Mommy
Love & Jane
6

နာမည်ကျော် စာရေးဆရာမ Jane Austen (1775-1817) ရဲ့ဝတ္ထုတွေကို စွဲလမ်းနေတဲ့ လီလီ ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်ကိုမပြောခင် အင်္ဂလန် စာရေးဆရာမ Jane Austen ဟာဆိုရင် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့အောင်မြင်ခဲ့တဲ့ ဝတ္ထုတွေကို ရုပ်ရှင်တွေ၊ Series တွေ ပြန်ရိုက်ထားတာလည်း အများကြီးရှိသလို သူ့ရဲ့ Biography ကို ပြန်ရိုက်ကူးထားတာတွေလည်း ရှိပါသေးတယ် ဒီဇာတ်ကားလေးကတော့ အဲလိုသူ့ရဲ့ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်ထားတာမျိုးမဟုတ်ဘဲနဲ့ သူ့ကိုစွဲလမ်းနေတဲ့ လီလီ ဆိုတဲ့ မိန်ကလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာမျိုးပါ ဂျိန်း စာပေချစ်သူများအဖွဲ့ ဆိုပြီးတော့လည်း Book Club တစ်ခုမှာ ဥက္ကဌအနေနဲ့တာဝန်ယူထားပါသေးတယ် ဒီဇာတ်ကားမှာ ထူးထူးခြားခြားထည့်သွင်းထားတဲ့ plot တစ်ခုကတော့ စာရေးဆရာမ Jane Austen က လီလီ ရဲ့ ပြင်းပြတဲ့ဆန္ဒတစ်ခုကြောင့် ကိုယ်ထင်ပြပြီး ဒီဘက်ခေတ်ကိုရောက်လာတဲ့ လူတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ဒီတော့ လီလီ အတွက် Jane Austen က သူ့ဘဝထဲကို ဘယ်လောက်ထိပါဝင်ပတ်သက်နေတာလဲ သူ့ရဲ့ စိတ်ကူးတွေ၊ အလုပ်တွေ၊ နှလုံးသားရေးရာတွေမှာရော Jane က ဘယ်လောက်ထိ ပါဝင်ပတ်သက်နေလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.5 GB)/(753 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Drama
6 2024
Love & Jane
A Sound of Thunder

2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။ Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို သတ်နေတာက အလွန်အန္တရာယ်များကြောင်း သတိပေးခဲ့ပါတယ်။ Sonia သတိပေးခဲ့သလိုပဲ နောက်ရက် အချိန်ခုန်ကူးတဲ့ အချိန်မှာမတော်တဆမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၄နာရီ ပြည့်သွားတဲ့အခါမှ လက်ရှိအချိန်ကို သက်ရောက်မှု ဖြစ်သွားပြီး တစ်ခါမှ မမြင်ဖူးတဲ့ ကမ္ဘာဦးတိရစ္ဆာန်တွေလို အကောင်မျိုးတွေ ပေါ်လာပြီး ကမ္ဘာကြီးက တစ်မုဟုတ်ချင်း တောကြီးအသွင်ပြောင်းသွားခဲ့တာပါ။ နဂိုအခြေအနေ ပြန်ရောက်ဖို့ Travisက ဘာမှားသွားလဲ ဆိုတာ သိရအောင် လုပ်ပြီး အတိတ်ကို ပြန်ပြီး အချိန်ခုန်ကူးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ ဖြစ်လာနိုင်ပါ့မလား။ Travisကရော နဂိုအခြေအနေ ပြန်ရောက်အောင် ကြိုးစားတာ အောင်မြင်ပါ့မလား ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ပါ။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Thriller, Science Fiction, Adventure and Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2005
A Sound of Thunder
An American Haunting

နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Hunger Games , Pride and Prejudice တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donald Sutherland , ကလေးဘဝရဲ့အမှတ်တရ ဇာတ်လမ်းလေး ဖြစ်တဲ့ Peter Pan နဲ့ နာမည်ကြီး Horror Movie ဖြစ်တဲ့ Perfume တို့မှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Rachel Hurd-Wood စတဲ့နာမည်ကြီးသရုပ် ဆောင်တွေ ပါဝင်တဲ့ An American Hunting ဟာဆိုရင် Horror ရုပ်ရှင်အမျိုးမစားဖြစ်ပါတယ် ဒါရိုက်တာကတော့ Courtney Solomon ဖြစ်ပြီး ဇာတ်လမ်းကတော့ The Bell Witch: An American Hunting ဆိုတဲ့ Classic ဝတ္ထုရှည်ပေါ်ကိုမှီငြမ်းရိုက်ကူးထားပါတယ် ဇာတ်လမ်းလေးရဲ့အစမှာတော့ သမီးဖြစ်သူ Jane ဟာ အိပ်မက်ဆိုးတွေခဏခဏ မက်ပြီးကြောက်လန့်တကြားတွေဖြစ်ရာမှ သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ 19 ရာစု ခုနှစ်တွေတုန်းက အမေရိကန်မှာ လူသိများခဲ့တဲ့ Bell မိသားစုနဲ့ ဆက်စပ်နေပါတယ် Bell မိသားစုဟာ စုန်းမလို့ သိကြတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ငွေကြေးကိစ္စ အငြင်းပွားရာကနေ မိသားစုတွင်းမှာ ဆက်တိုက် အဖြစ်ဆိုးတွေကြုံလာရတဲ့အခါ တကယ်ပဲအဲ့ဒီအမျိုးသမီးရဲ့ ကျိန်စာအတိုက်ခံရသလား အဖြစ်ပျက်တွေရဲ့နောက်ကွယ်မှာ အမှန်တကယ်က ဘယ်သူရှိနေလဲဆိုတာ တော့ ဇာတ်လမ်းကလေးမှာဆက်လက်ကြည့်ရှုလိုက်ပါ ခင်ဗျာ File size…(1.6 GB)/(839 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Judy Berry

Action • Crime • Thriller
0 2005
An American Haunting
Aa Okkati Adakku
6

Aa Okkati Adakku (2024) “မမေးသင့်သောအရာ” IMDb – 7.4/10 တလေဂူးမင်းသား နာရက်ရှ်နဲ့ တလေဂူးမင်းသမီးချော ဖာရီယာအက်ဘ်ဒူလာတို့ရဲ့ rom-comဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရှေ့တွဲကိုကျော်တက်ပြီး အိမ်ထောင်ကျသွားတဲ့ညီငယ်ဖြစ်သူက ကလေးတစ်ယောက်ရတဲ့ထိ ဂါနာတစ်ယောက် စင်ဂယ်ဘ၀နဲ့ လမ်းပျောက်နေခဲ့ပါတယ်။ မိခင်နဲ့ ညီဖြစ်သူလင်မယားတို့ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်ဖက်လိုက်ရှာပေမဲ့ အယောက်ငါးဆယ်မြောက်တဲ့ထိ အဆင်မပြေတဲ့အတွက် အိမ်ထောင်သည်ဖြစ်ချင်တဲ့ လူပျိုကြီးဂါနာတစ်ယောက် အိမ်ထောင်သည်တွေမြင်ရင်ကို စိတ်နာလို့နေပါတော့တယ်။ ဆစ်ဒီဆိုတဲ့ မိန်းမပျိုလေးကတော့ ဘယ်ယောကျ်ားကိုမှအထင်မကြီးဘဲ ယောကျ်ားတွေမှန်သမျှ ဒီပုတ်ထဲက ဒီပဲပါဆိုတဲ့ ခံယူချက်ရှိသူလေး။ အလွဲလွဲအချော်ချော်တွေနဲ့ သူတို့နှစ်ယောက်ဆုံတွေ့မှုကနေ အချစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Drama • Thriller
6 2024
Aa Okkati Adakku
The Count of Monte-Cristo Le Comte de Monte-Cristo
7.7

The Count of Monte-Cristo (2024) IMDb Rating (7.7) / Rotten Tomatoes (100%) ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။ TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။ ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။ နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။ ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်‌နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။ ဖြစ်ချင်တော့ အဲ့အမျိုးသမီးဆီမှာ နပိုလီယမ်ရဲ့စာတစ်စောင်ရှိနေပြီး သင်္ဘောကပ္ပတိန်ဒန်ဂလာစ်က အဲ့တာကိုသိသွားပါတယ်။ သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ်ရဲ့ အမိန့်မနာခံမှုအကြောင်း ပြောတော့ ပိုင်ရှင်က အမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ ဒန်တစ်စ်ကို ချီးကျူးပြီး ကပ္ပတိန် ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ချစ်သူမာဆီဒတ်နဲ့ လက်ထပ်ချင်တဲ့အိမ်မက်လည်း ပြည့်သွားပြီမို့ ချစ်သူနှစ်ယောက် အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူတို့လက်ထပ်ပွဲနေ့မှာ မနာလိုဖြစ်နေတဲ့ ဒန်ဂလာစ်ရဲ့ တိုင်တန်းမှုကြောင့် ဥပဒေအရာရှိဒယ်ဗီဖော့တ်ရဲ့ လက်မှတ်နဲ့ နပိုလီယန်ထောက်ခံသူလို့ယူဆရတဲ့ အပ်ဒ်မွန်ဒန်တစ်စ်ကို ဖမ်း၀ရမ်းနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အရာရှိက ဒန်တစ်စ်ကယ်ခဲ့တဲ့အမျိုးသမီးရဲ့ အစ်ကိုဖြစ်နေပြီး သူ့ဂုဏ်သတင်းထိခိုက်မှာစိုးတာကြောင့်သူ့အသိဖြစ်တဲ့အပြင် ဒန်တစ်စ်ရဲ့ သူငယ်ချင်းဖာနန်ဒယ်မောဆဲကို ဒန်တစ်စ်အပြစ်ရှိကြောင်းထွက်ဆိုပေးဖို့တစ်ဖက်လှည့်နဲ့တိုက်တွန်းပါတယ်။ ဖာနန်ကလည်း ဒန်တစ်စ်ရဲ့ဇနီးလောင်းမာဆီဒတ်ကို တစ်ဖက်သတ်ချစ်နေသူဖြစ်တာကြောင့် အချစ်အတွက်သူငယ်ချင်းကိုသစ္စာဖောက်ကာ ဗီဖော့တ်နဲ့ပေါင်းကြံပါတော့တယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဂုဏ်သတင်းအတွက် အချစ်အတွက် အခြားတစ်ယောက်ကို ထိုးချလိုက်ကြတဲ့ လူသုံးယောက်ကြောင့် အပ်ဒ်မွန်က ဘ၀ပျက်ပြီး ၂၂ နှစ်အရွယ်မှာတင် ချတိုဒိစ်ကျွန်းမှာ အကျဉ်းချခံလိုက်ရပါတော့တယ်။ လေးနှစ်အကြာမှာ ထောင်ဖောက်ဖို့ကြိုးစားရင်း သူ့အခန်းကို မှားရောက်လာတဲ့ ဖာသာဖာရီယာနဲ့တွေ့ခဲ့ပါတယ်။ ဖာရီယာက ပထမခရူးဆိတ်စစ်ပွဲတုန်းက သူရဲကောင်းတွေရဲ့ နောက်ဆုံးကျန်ရစ်သူကာဒီနယ်စပါတာရဲ့ တပည့်ဖြစ်ပြီး ဒန်တစ်စ်ကို သူတို့လွတ်ဖို့ကြိုးစားနေတဲ့နှစ်တွေအတွင်း သိသမျှသင်ပေးခဲ့ပါတယ်။ ဒန်တစ်စ်လွတ်လာတော့ သူ့ချစ်သူမာဆီဒတ်က ဖာနန်နဲ့လက်ထပ်ပြီး အခြားကိုပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အပြင် ဖခင်ဆုံးသွားတာပါသိတော့ စိတ်အနာနာကြီးနာသွားပြီး ဖာရီယာပြောခဲ့တဲ့ ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ အကြီးမြတ်ဆုံးရတနာတစ်ပါးကိုသွားရှာပါတော့တယ်။ အဲ့ဒီမှာ ‌ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကစားနိုင်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံပြင်စပါတယ်။ မွန်တီခရစ်စတိုမြို့စားကြီးအနေနဲ့ ပြန်လာခဲ့ပြီး သူ့အပေါ်မှားယွင်းစွာချောက်ချခဲ့တဲ့ လူသုံးယောက်ကို လက်စားချေမယ့် အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။ Rating ကလည်း IMdb 7.7/10 နဲ့ Rotten tomotoes 100% ရရှိထားပြီး Budget EUR 42.9 million နဲ့ 2024 အတွက်ပြင်သစ်ရဲ့ အကုန်အကျအများဆုံးရုပ်ရှင်ဖြစ်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။ သစ္စာဖောက်မှု၊ ကလဲ့စားနဲ့ ချစ်ခြင်း‌တွေကို အလှပဆုံးပုံဖော်ထားတဲ့ Adaptation ကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် ဘာသာပြန်ကိုလည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားတာမို့ ရှုစားကြည့်လိုက်ကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(9 GB) / (2.8 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Drama, History, Romance, Thriller Duration….02:58:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Phu Thet Khin

7.7 2024 178 mins
The Count of Monte-Cristo Le Comte de Monte-Cristo
Genius
6.5

Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(750 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

6.5 2016 104 mins
Genius
Dasettante cycle

Dasettante cycle 2025 (လုံခြုံရေးသမားကြီးရဲ့ ဘဝဇာတ်ကြောင်း) ဒါဆတ်တန်ဆိုတဲ့ လုံခြုံရေးသမားတစ်ယောက်၊ သူ့မှာ အဖေရယ် မိန်းမရယ် သားလေးတစ်ယောက်ရယ်ရှိပါတယ်။ အဖေလုပ်သူကတော့ အသက်၆၀ကျော် အငြိမ်းစားယူပြီးတဲ့အရွယ်ဖြစ်ပြီး အငြိမ်းစားယူပြီးနောက်မှ လူငယ်လေးတစ်ယောက်လို လက်ဝှေ့ထိုးသင်လိုက် ဘောလုံးကန်လိုက်နဲ့ ပေါ့ပေါ့ပါးပါးဖြတ်သန်းလျက်ရှိပါတယ်။ မိန်းမလုပ်တဲ့သူကတော့ အိမ်အလုပ်တွေ ဒိုင်ခံလုပ်ရင်း အပိုဝင်ငွေရဖို့ အပြင်အလုပ်လေးလည်းလုပ် ယောက်ျားဖြစ်သူနဲ့ ဖေးဖေးမမ ချစ်ချစ်ခင်ခင်ပါပဲ။ သားလေးကတော့ ကျောင်းတက်နေတုန်း ကျောင်းသားလေးပေါ့။ ဒါဆတ်တန်တို့ မိသားစုကတော့ အကြွေးတွေကို ကြိုးစားဆပ်နေရင်းနဲ့ပဲ ဘဝကို အဆင်မပြေတဲ့ကြားက ပြေအောင်ကြိုးစားနေနေကြရပါတယ်။ ဒါဆတ်တန်တစ်ယောက်ကတော့ မိသားစုကို အဆင်ပြေစေဖို့ ကြိုးစားရင်းနဲ့ ရုန်းကန်နေရတဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာကတော့ မိသားစုဘဝ, အိပ်မက်တွေနဲ့အတူ ဘဝဆိုတာကြီးကို လူလတ်တန်းစားဘဝတွေအနေနဲ့ ဘယ်လိုရုန်းကန်လှုပ်ရှားရလဲဆိုတာကို မီးမောင်းထိုးတင်ဆက်ပြသထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Thriller • Crime
0 2025 118 mins
Dasettante cycle