YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Bride of the Typhoon (2022) (Ep41).mp4

324.64 MB N/A video/mp4 112 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Son of a Gun
6.4

ပြစ်မှုတစ်ခုနဲ့ ထောင်ထဲကို ပထမဆုံးရောက်လာတဲ့ ဂျက်စီ ရိုင်ယန်ဝှိုက် ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်.. ထောင်ထဲမှာ ဆပ်ပြာတုံးပြုတ်ကျလို့တောင် မကောက်ရဲဖြစ်နေချိန် Criminal Mastermind တဖြစ်လည်း စစ်တုရင်ပညာရှင် တစ်ဦးဖြစ်သူ ဘရန်ဒန် နှင့် တွေ့ဆုံပြီး စစ်တုရင်ကစားကွက်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ဂျက်စီကို သဘောကျသွားတဲ့ ဘရန်ဒန်က ဂျက်စီနဲ့ ပူးပေါင်းပြီး အပြင်လောကမှာပါ Perfect Crime တစ်ခုကို ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လှည့်ကွက်တွေ၊ ပညာသားပါမှု၊ အနိမ့်အမြင့်အတက်အကျ များ စုပေါင်းပြီး ဘယ်လို စိတ်ကျေနပ်စရာ ရသများကို ပေးစွမ်းနိုင်မလဲဆိုတာ CM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.31GB / 548MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 48m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Drama • Romance
6.4 2014 108 mins
Son of a Gun
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
Northeast Beast
6

ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဘဝအမောတွေပြေစေဖို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေရှင် ။ “ မြို့ကိုတက်ပြီးအလုပ်လုပ်နေပေမဲ့ အလုပ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူ ၊ ဖခင်ဖြစ်သူဟာ လျောင်ခရိုင်မှာ တိရိစ္ဆာန်ရုံတစ်ခုကိုဖွင့်လှစ်ထားပေမဲ့ ၎င်းတိရိစ္ဆာန်ရုံကို ဦးစီးဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိသူ ၊ ဖခင်နဲ့လဲ ဆက်ဆံရေး အဆင်မပြေသူ - စွင်းရှောင်ဟူ ” တစ်နေ့မှာတော့ ရင်းနီးမြှုပ်နှံသူတစ်ချို့ဟာ စွင်းရှောင်ဟူ ဖခင်ရဲ့ တိရိစ္ဆာန်ရုံကို စီးပွားရေးနယ်ချဲ့ဖို့အတွက် မျက်စိကျနေခဲ့ကာ တိရိစ္ဆာန်ရုံမြေနေရာကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်လာခဲ့ပါတယ် ။ အဲဒါနဲ့ပဲ အလုပ်အကိုင် / ငွေကြေးအဆင်မပြေတဲ့ စွင်းရှောင် ဟူကို ငွေနဲ့ဖျားယောင်းကာ တိရိစ္ဆာန်ရုံရဲ့ စီးပွားရေးဖျက်ဆီးပစ်ပြီး မြေနေရာကို ဖယ်ခိုင်းခဲ့ပါတယ် ။ ဖခင်အပေါ်လဲ စိတ်ကျေနပ်မှုမရှိတဲ့ စွင်းရှောင်ဟူဟာ ဒီသဘောတူညီချက်ကိုလက်ခံပြီး တိရိစ္ဆာန်ရုံကို ဖျက်ဆီးပစ်ဖို့ စီစဥ်လာခဲ့ပါတော့တယ် ။ ❏ စွင်းရှောင်ဟူတစ်ယောက် ဖခင်ဖြစ်သူကိုဘယ်လိုရင်ဆိုင်မှာလဲ ? ❏ တိရိစ္ဆာန်ရုံဖျက်ဆီးပြစ်ဖို့ အကြံကရော အောင်မြင်နိုင်ပါ့မလား ? ❏ သူ့အပေါ်ဆို ဘယ်အရာနေနေ သစ္စာရှိကြတဲ့ သူငယ်ချင်းတွေကရော သူ့လုပ်ရပ်အတွက် ခွင့်လွှတ်နိုင်ပါ့မလား ? ❏ ဘယ်လိုအလွဲလွဲ အမှားမှားတွေ ဖြစ်လာဦးမလဲဆိုတာ ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime • Drama • Mystery
6 2023
Northeast Beast
Sheep Without a Shepherd
7.8

Sheep without a shepherd ရုပ်ရှင်ခေါင်းစဉ်က ထူးထူးဆန်းဆန်းပါလားပေါ့။ တရုတ်ကားတို့ထုံးစံအတိုင်း အင်္ဂလိပ်နာမည်ကိုကြုံသလိုပေးမိတယ်ထင်တာ။ ဒါပေမဲ့လည်း Drshym ကို remake ပြန်ရိုက်ထားတာဆိုတော့ ဘယ်လိုမျိုးလဲသိချင်ခဲ့မိပါတယ်။ ရုပ်ရှင်ကိုအစအဆုံးကြည့်ပြီးသွားတော့ ဘာလို့အဲ့ဒီလိုပေးဖြစ်ခဲ့လဲဆိုတာ ခံစားမိသွားခဲ့ပါတယ်။ ပိုထူးခြားတာက remake လို့မထင်ရလောက်အောင်ကို တကယ်ကောင်းတဲ့ကားလေးတစ်ကားလို့ ထင်မိပါတယ်။ ဒီကားလေးထဲမှာ သိုးနဲ့ပတ်သက်တဲ့စကားလေးနှစ်ခွန်းပါပါတယ်။ ပထမတစ်ခွန်းက မျက်စိမှုန်တဲ့သိုးလေးတွေက အကောင်ကြီးတွေစားတာကိုခံရတယ်တဲ့။ ဒုတိယတစ်ခွန်းက သိုးလေးတွေက စားစရာသာပေးထားရင် သူတို့သိုးမွှေးတွေကိုရိတ်ပစ်လည်း ဂရုမစိုက်ပါဘူးတဲ့။ အန္တရာယ်ကိုကြိုမမြင်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် သိုးလေးတွေကဖြူစင်သလို သနားဖို့လည်းကောင်းပါတယ်။ ပြီးတော့ သူတို့ကိုစောင့်ရှောက်ပေးဖို့ သိုးထိန်းကောင်းတစ်ယောက်လည်း လိုအပ်ပါတယ်။ လီဝေကျယ်ဆိုတဲ့ ရုပ်ရှင်ရူးအင်တာနက်ပိုင်ရှင်ဆီမှာ ဖိန်ဖိန်ဆိုတဲ့ သမီးလေးရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတို့ထုံးစံအတိုင်း အိမ်မှာအဖေနဲ့သိပ်မတည့်ကြပါဘူး။ သူတို့မိသားစုကို ၁၈၀ ဒီဂရီပြောင်းလဲသွားအောင် လုပ်လိုက်တာကတော့ ဖိန်ဖိန်ရဲ့နွေရာသီစခန်းလေးပဲဖြစ်ပါတယ်။ အရွယ်နုနယ်တဲ့သိုးငယ်လေး ဖိန်ဖိန်လေးကတော့ သိုးထိန်းမရှိတဲ့အချိန် နွေရာသီစခန်းမှာ လူငယ်သဘာဝအတိုင်း မှားခဲ့မိရာကနေ ချန်ပန်းတစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်သွားတဲ့အထိ ပြဿနာတွေကြီးမားသွားခဲ့ပါတယ်။ ဖိန်ဖိန်ကို ကျူးလွန်စော်ကားတဲ့သူက တစ်ခြားသူမဟုတ်ဘဲ ရဲမှူးကြီးရဲ့သားဖြစ်နေတော့ သာမာန်ပြည်သူတစ်ယောက်နဲ့ အာဏာပိုင်ရဲအရာရှိတို့ကြား လွန်ဆွဲမှု၊ ဉာဏ်ကစားမှုတွေကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.64MB | 954MB | 518MB Format… mp4 Duration…. 1h 52mim Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August

Comedy • Family
7.8 2019 112 mins
Sheep Without a Shepherd
Instant Karma
3.3

Instant Karma(2021) Imdb-5.6/10 Type-Comedy,Drama,Fantasy,Mystery Jeffလို့ခေါ်တဲ့ လူတစ်ယောက်ကအလုပ်‌ကောင်းကောင်းတခုရဖို့ကြိုးစားခဲ့ပေမယ့် တခုပြီးတခုပြုတ်ခဲ့လို့စိတ်ညစ်နေတဲ့သူတစ်ယောက်ပါ အခုလည်းအလုပ်ထပ်ပြုတ်လို့LiftဆီမှာFreelancerလုပ်ရင်းကားမောင်းပြီးလိုက်ပို့တဲ့အလုပ်ကိုစလုပ်ကြည့်ပါတယ် ဒါပေမဲ့“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုသလို မောင်းနေတဲ့ကားစုတ်လေးပါရုတ်တရက်ပျက်သွားလို့ မရှိမဲ့ရှိမဲ့အလုပ်လေးတောင်ဆက်မလုပ်နိုင်တော့ပါဘူး ကိုယ့်ကိုကိုယ်ဝင်ငွေမရှိရင်ချစ်သူနဲ့ပါ အတူမနေနိုင်တော့ဘဲအိမ်ခြေရာမဲ့ဖြစ်ရတော့မယ်ဆိုပြီးစိတ်ညစ်နေတုန်း သူ့ချစ်သူရဲ့သူငယ်ချင်း‌တစ်ယောက်ကဇာတိမြို့ကိုပြန်ရင်၃လ‌လောက်ကြာမှာဖြစ်လို့ သူတို့ကို သူ့ကားပေးထားခဲ့ပါတော့တယ် ကားပျက်နေလို့အလုပ်ဆက်မလုပ်နိုင်တဲ့Jeffလည်;သူ့ဘဝမှာပထမဆုံးကံကောင်းမှုဖြစ်လာတဲ့ကားကိုယူမောင်းရင်းထင်မှတ်မထားတဲ့ ကုသိုလ်ကံအကျိုးပေးတွေပါ အဲ့ဒီကားထဲမှာ ဖြစ်ပျက်လာပါတော့တယ် သူတို့ချက်ချင်းအကျိုးပေးတဲ့ကံကောင်းမှုနောက်ကွယ်က အကြောင်းရင်းကို ဂျက်နဲ့သူချစ်သူတို့ နောက်ဆုံးရှာတွေ့နိုင်မှာလား အဲ့ဒီကားရဲ့လျို့ဝှက်ချက်ကရောဘာဖြစ်နိုင်မလဲ File size…(1.86GB)/(834MB)/(403MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Comedy / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Kelvin

Drama • Romance
3.3 2022 101 mins
Instant Karma
The Legend II
6.4

ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့ သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာ တော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာ ပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးက သူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာ သစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။ သိုင်းအက်ရှင်တင်မကပဲဟာသနဲ့ မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK

Mystery • Thriller
6.4 1993 95 mins
The Legend II
Nomadland
7.2

IMDb Rating- 7.7/10 Rotten Tomatoes- 96% ဖန်တီးမှုလက်ရာကောင်းတစ်ခုဟာ ပြောပြချင်တာတွေများလာတဲ့အခါ ဖြစ်တည်လာတော့တာပါပဲ။ ဝေါင်ကာဝေးရုပ်ရှင်အများစုရဲ့ Cinematographyသမား ခရစ္စတိုဖာဒွိုင်းက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပက်သက်ပြီး ပြောဖူးတာတစ်ခုရှိတယ်။ " ကမ္ဘာကြီးကို မြင်အောင်ကြည့်၊ ထောင်ထဲသုံးလေးခါနေကြည့်၊ ခင်ဗျားအတွေ့အကြုံတွေစုဆောင်းမိမယ်။ စုဆောင်းမိလာတာနဲ့ ခင်ဗျား ပြောချင်တာတွေရှိလာမယ်။ ခင်ဗျားပြောချင်တာဘာမှမရှိရင်တော့ ရုပ်ရှင်မရိုက်သင့်ဘူး"တဲ့ Nomadlandဟာ ပြောစရာ သိပ်များတဲ့လူတွေအတူဖန်တီးထားတဲ့ လက်ရာတစ်ခုလို့ဆိုရမယ်။ ညနေစောင်းလို့ တိမ်တောက်တဲ့အခါ မြင်ရတဲ့ နေ၀င်ချိန်တိမ်ပွင့်အမျောကလေးကို ကြည့်ပြီး ပြောစရာသိပ်များတဲ့လူတွေ၊ ရှင်သန်မှုဆိုတဲ့စကားလုံးကလေးနဲ့ ပက်သက်ပြီး‌ ပြောစရာသိပ်များတဲ့လူတွေပေါ့။ ဒီတော့ ဒီရုပ်ရှင်မှာ ရှင်သန်မှုနဲ့ ပက်သက်ပြီး အများကြီးတွေ့ရလိမ့်မယ်။ Nomadဆိုတာ အိမ်ခြေအတည်မရှိ လေလွင့်နေသူတွေ ခြေသလုံးအိမ်တိုင်တွေကိုပြောတာ ၊Nomadlandဆိုတာကို ပြန်ဆိုရရင်တော့ လေလွင့်သူတို့ကွန်းလို့ ဆိုရမယ်။ အိမ်ခြေရာမဲ့လို့တော့ မဆိုချင်ဘူး။ သူတို့မှာ houseဆိုတဲ့အိမ်မရှိပေမဲ့ homeဆိုတဲ့ အိမ်တော့ရှိကြတာကိုး။ ရုပ်၀တ္တုအဆောက်အဦးတွေပေါ်မှာ အမှတ်ရစရာတွေက မတည်ကြဘူးတဲ့ ရုပ်ခန္ဓာထင်ရှားမရှိတော့တဲ့ သူတို့ချစ်ခဲ့တဲ့လူတွေကို အမှတ်ရစေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုးစားနေကြတဲ့ ဒီရုပ်ရှင်ထဲက Nomadတွေနဲ့ သူတို့ရဲ့ ဘ၀နေထိုင်နေမှုဟာ တစ်ချို့အတွက်တော့ ဒုက္ခလို့ ဆိုလို့ရပေမဲ့ ကျွန်တော်တော့ သိပ်ချစ်စရာကောင်းတယ်လို့ပဲ ဆိုချင်တယ်။ ခွဲခွာခဲ့ရတဲ့သူတွေကို တစ်နေ့မှာ အနာဂတ်ရဲ့လမ်းခုလတ်မှာ ပြန်တွေ့ရမယ်လို့ မျှော်ရည်ယုံကြည်ရင်း သူတို့ရှင်သန်ကြတယ်။ အဆုံးသတ်ရန်တစ်နေရာမှာတော့ အားလုံးဟာ အဆုံးသတ်ကြရတာပါပဲ အဲ့ဒီနေ့မရောက်သေးသမျှတော့ ‌မျှော်လင့်ချက်တွေကို လိုအပ်ကြတယ် မဟုတ်လား။ Nomadlandဟာ ဒီမျှော်လင့်ချက်တွေအကြောင်းပါပဲ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကောင်တိုင်းရဲ့ နာမည်တွေက သရုပ်ဆောင်တွေရဲ့ နာမည်အတိုကောက်ပါပဲ Castအပိုင်းမှာတော့ အော်စကာနှစ်ဆုရှင် Frances McDormandပါရင် သရုပ်ဆောင်ထားပြီး တတိယမြောက်အော်စကားရရှိဖို့ တစ်ပြေးနေပါတယ် တစ်ချို့ကတော့ ဒီနှစ်ရဲ့အော်စကာ Best Pictureရနိုင်ခြေအများဆုံး ရုပ်ရှင်လို့ဆိုကြတယ်။ Cineamatographyကလည်း Landscape viewနဲ့ရိုက်ပြထားပြီး အတော်ခမ်းနားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားကိုပြောပါဆိုရင် Nomadlandက ထိပ်ကပါနေမှာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းရေးသားပေးထားသူကတော့ WiRa Aungပါ) Translated by Daniel Lawwai Encoded by : YK Quality : 1080p WEBSCR and 720p File  Size : 1.5GB and 800MB Subtitles : Myanmar(Hardsub) Duration : 1h 48mins

Drama • Mystery • Sci-Fi & Fantasy
7.2 2021 108 mins
Nomadland
Quo Vadis, Aida?
7.6

IMDb Rating. = 7.9/10 Rotten Tomatoes = 100% July 1995မှာ Srebrenicaက မွတ်စလင် 8373ယောက်ဟာ လူမျိုးသုဉ်းသတ်ဖြတ် ခံခဲ့ရတယ်။ 2005မှာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဆရီဘရီနီကာမြို့က အစုအပြုံလိုက်သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်လို့ ကြေညာခဲ့ရတဲ့အထိကို ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။ဥရောပရဲ့ နှလုံးသား‌ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ UNသမိုင်းက အမဲစက်ကြီးဆိုပြီး ကျော်ကြားခဲ့တယ်။ဒီသတ်ဖြတ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့လည်း ခေါ်ကြပေမဲ့ ဆားဘီးယားသမ္မတကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ပါဘူးလို့ ငြင်းဆိုထားတယ်။ဒီရုပ်ရှင်ဟာ ဆရီဘရီနီကာက Genocideဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းကတော့ ဆာ့ဗ်‌တွေက ဆ‌ရီဘရီနီကာကို စသိမ်းလုဆဲဆဲ အချိန်ကစထားတယ်။ မြို့ပေါ်ကို လက်နက်ကြီးတွေ စက္ကန့်တိုင်းမှာ သုံးခုစီ ကျနေတယ်။ UN က ဆရီဘရီနီကာမှာ အခြေစိုက်စခန်းချပြီး ဆရီဘရီနီကာကို လုံခြုံရေးဇုန် (ဝါ) UN ကာကွယ်မှုရဇုန်အဖြစ် ကြေညာထားတယ်ပေါ့။ ဆာ့ဗ်တွေဘက်က လက်နက်ကြီးတွေကို မရုတ်သိမ်းရင် နေတိုးရဲ့လေကြောင်းတိုက်ခိုက်မှုတွေ စလုပ်မယ်လို့ UNကနေ ရာဇသံပေးထားတယ်။ ထုံးစံအတိုင်းပေါ့ ဆာ့ဗ်တွေမြို့နားကပ်လာကတည်းက UN က တစ်လက်မမှ ထပ်မကပ်လာစေရဘူး ဘာညာကတိ‌တွေပေးတယ်။ ဟိုဘက်ကတပ်တွေက မြို့ကိုသိမ်းသွားတဲ့အထိကို နေတိုးရဲ့ လေကြောင်းတိုက်ခိုက်မှုလည်းမလာ ရိက္ခာတောင်မလာဘူး။အခြေစိုက်စခန်းက အရာရှိတွေပြောတဲ့ "ကျုပ်တို့ လုပ်နိုင်တာ အကုန်လုပ်နေပါတယ်"ဆိုတဲ့စကား ကြားရတာကလွဲ ဘာမှဖြစ်မလာခဲ့ဘူး။နောက်ဆုံး သူတို့ အခြေစိုက်စခန်းထဲ ၀င်သောင်းကြမ်းသွားတဲ့ အထိကို UNက ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒီကနေမှ ယူအမ်အခြေစိုက်စခန်းချထားတဲ့ ဆာဘရီနီကာမှာ UNကြီးငုတ်တုတ်ရှိနေလျက်နဲ့ UNရဲ့အဆိုးရွားဆုံးကျရှုံးမှု (ဝါ) UN သမိုင်းရဲ့ အကြီးဆုံးအမဲစက်ဖြစ်တဲ့ ဆရီဘရီနီကာ Genocide ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာကို ရိုက်ပြထားတယ်။ဒီလူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ တရားခံဖြစ်တဲ့ ဘော့စနီးယား သားသတ်သမားလို့ အမည်တွင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်ချ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပြီးတဲ့ ၁၉၉၅ ခုနှစ် ကတည်းက စပြီး ထွက်ပြေး တိမ်းရှောင်နေခဲ့တယ်။ 2017 မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု အပါအ၀င် စွဲချက် ၁၁ ခုနဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်စီရင်ချက်ကိုဖတ်ကြားတဲ့အချိန်မှာ အသတ်ခံရသူများ၏မိခင်များက လက်ခုပ်သြဘာပေးကြတယ်လို့ဆိုတယ်။ Quo Vadis ,Aida? ကို ဘော့စနီးယားဒါရိုက်တာ Jasmila Žbanićက ရေးသား ရိုက်ကူးထားပြီး 2021 အော်စကာဆုပေးပွဲမှာ Best International Feature Filmဆုအတွက် ဆန်ခါတင်၀င်ခဲ့တယ်။ ဆုကိုတော့ သိတဲ့အတိုင်း ဇိုးဘဲရုပ်ရှင်က ရသွားခဲ့တာပါ။ BAFTAအပါအ၀င် တခြားဆုပေးပွဲတွေမှာ ဆန်ခါတင် အတော်များများ၀င်ခဲ့ပြီး ဆုအချို့လည်းရထားခဲ့တယ်။ Ratingပိုင်းမှာလည်း ပေးချင်တဲ့သူပေးပြီး မကောင်းလည်း မြင့်ချင်သလိုမြင့်သွားနိုင်တဲ့ IMDbလည်း 7.9 ပါ။ 100%ပေးတဲ့ကား အရမ်းများနေလို့ ဖြတ်ရိုက်ချင်စရာ ကောင်းနေတဲ့ Rotten Tomatoes ကလည်း100% ပါပဲ။ နောက် သူတို့ထဲတော့ ကျွန်တော်အယုံဆုံး Rating ဖြစ်တဲ့ Metacritic Ratingက 97% ပါ။ Meta 97%ရတဲ့ကား အတော့်ကိုရှားပါတယ်။ အသေကောင်းပါတယ်ဆိုတဲ့ ကားတွေတောင် 95%မရောက်ပါဘူး။‌ နောက် ဒီရုပ်ရှင်ဟာ Metacriticက စာရင်းလုပ်ထားတဲ့ 2021 ရဲ့ ထွက်ပြီးသမျှ အကောင်း‌ဆုံး ကားစာရင်းမှာ နံပါတ်တစ်နေရာယူထားတယ်။ ဆိုတော့ကာ စိတ်ချလက်ချ ကြည့်လို့ရပါတယ်။ခေတ်ကာလအခြေနဲ့လည်း ကိုက်ညီတာကြောင့် Criticတွေထက်တောင် ကောင်းကောင်းကြီး ပိုခံစားလို့၀င်ကြမှာပါ။ Ref , BBC and Other News Medias (တန်ဖိုးရှိတဲ့ ဒီဇာတ်ကားအတွက် တန်ဖိုးရှိတဲ့ ရုပ်ရှင်အညွှန်းကို WiRa Aung က ဖန်တီးပေးထားတာပါ။) File size…(1.8 GB) / (900 MB) / (441 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by WiRa Aung

Drama
7.6 2021 104 mins
Quo Vadis, Aida?
Papillon
7.8

Papillon(2018) ဟာ ၁၉၇၃ခုနှစ်က Papillonကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ Henri Charrièreရဲ့ Papillon and Banco ကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။ Papillonဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။ အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်ဇာတ်ကားဟောင်းPapillon(1973)ဟာလည်း လူကြိုက်များပြီးအောင်မြင်ခဲ့တဲ့အတွက် အသစ်တဖန်ပြန်လည်ရိုက်ကူးထားတဲ့ယခု Papillon(2008)ကိုတော့ အထူးတလည်ညွှန်းနေစရာတော့မလိုပါဘူး။ ပါပီ ရဲ့ ဇတ်ကြောင်းဟာ စာအုပ်တွေ ရုပ်ရှင်တွေ များစွာထွက်ပြီး ဖြစ်လို့ ဇတ်လမ်းရဲ့ စပွိုင်လာကို ဖွင့်ချထားသလို ဖြစ်ရင် နားလည်ခွင့်လွှတ်ပေးပါ ဇတ်လမ်း ရဲ့ ရသ ကတော့ တမူထူးခြားနေမှာပါ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်… File Size : 1.4 GB Quality : 1080P BluRay Running Time : 2h 13min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Source : Rarbg Translated by Hnin Amy Khine Encoded by Thit San Khant

Drama • Thriller
7.8 1973 151 mins
Papillon
A Tribute to Her Majesty – the Queen
5.3

A Tribute to Her Majesty – The Queen (2022) ဒီ Documentary လေးကိုထွေထွေထူးထူးညွှန်းနေစရာတော့လိုမယ်မထင်ပါဘူး။ မကြာသေးခင်ကမှ နတ်ရွာစံသွားတဲ့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး အဲလိဇဘက် ၂ အကြောင်း BBC ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ဘုရင်မကြီးရဲ့ ကလေးဘဝ၊ ဒုတိယကမ္ဘာစစ်ကို ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့ပုံတွေ၊ ထီးနန်းဆက်ခံရမယ့် မျိုးဆက်မဟုတ်ပေမယ့် ကံကြမ္မာကြောင့် ထီးနန်းဆက်ခံဖို့ဖြစ်လာတာတွေ၊ မိသားစုကိုချစ်ခင်ပုံတွေ၊ ထီးနန်းဆက်ခံပြီးနောက်မှာ တာဝန်နဲ့မိသားစုကို ဦးထိပ်ပဓာနထားခဲ့တာတွေကို ဒီ မှတ်တမ်းရုပ်ရှင်လေးမှာတွေ့နိုင်ပါတယ်။ ရှေးခေတ်ဗီဒီယိုမှတ်တမ်းတွေ အများအပြားထည့်သွင်းရိုက်ကူးထားတဲ့အပြင် ဘုရင်မကြီးရဲ့ မိသားစုဝင်တွေ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတွေ၊ မင်းမှုထမ်းတွေလည်း ပါဝင်အားဖြည့်ပေးထားလို့ ကြည့်ရအဆင်ပြေတဲ့ Documentary လေးပါပဲ။ တော်ဝင်မိသားစုဖက်အမြင်ကနေပဲရိုက်ကူးထားပြီး သွားလေသူကိုအမှတ်တရဖြစ်အောင် တင်ပြထားတဲ့အတွက် တစ်ချို့တစ်ချို့သော ကိစ္စလေးတွေမှာ အငြင်းပွါးစရာလေးတွေတော့ရှိနိုင်ပါတယ်။ ဒါလေးကို သည်းခံနိုင်ရင်တော့ ကြည့်ရတာတန်တဲ့ Documentary လေးပါပဲလို့ တတ်နိုင်သလောက်လေး ညွှန်းခဲ့ပါရစေခင်ဗျား… (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.83GB, 823MB Quality – 1080p, 720p Format – mp4 Duration – 1H 33Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Horror • Thriller
5.3 2022 91 mins
A Tribute to Her Majesty – the Queen
Jackass Presents: Bad Grandpa
6.5

Jackass Presents: Bad Grandpa (2013) Genre – Comedy IMDB – 6.5/10 အသေအလဲ ခွီနေရမယ့် ဟာသကားကောင်းလေး တစ်ကားလာပါပြီ။ ဟာသကားဆိုပေမဲ့ ဇာတ်လမ်းပုံစံ ရိုက်ထားတာမျိုးမဟုတ်ပဲ ဇာတ်ညွန်းတော့ပါပြီး တကယ့်အပြင်ကလူတွေကို ချောင်းရိုက်ကင်မရာ ပေါင်းစုံနဲ့ Prank တွေလုပ်နောက်ပြောင်ပြီးတော့ ဇာတ်လမ်းသွားပုံစံ လုပ်ထားတာပါ။ Jackass ဆိုတာ တခြားလူတွေမလုပ်ကြတဲ့ အန္တရာယ်လည်းများတဲ့ ပေါက်ကရစတန့်ပေါင်းစုံတွေလုပ်ပြီး နာမည်ကြီးတဲ့ ငပြောင်အုပ်စုပါ မကြည့်ဖူးရင် ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီကားထဲမှာတော့ Jackass ထဲ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Johnny Knoxville က အသက် ၈၀ ကျော် အဖိုးကြီးတစ်ယောက်လို မိတ်ကပ်တွေနဲ့ ပြင်ဆင်ပြီး လူတွေကို လိုက်ဖောက်ထားတာပါ (အော်စကာတောင် စကာတင် ဝင်ခဲ့ပါသေးတယ် ဘယ်လောက်ပီပြင်သလဲဆို)။ Johnny Knoxville က ဂျက်ကီချမ်းတို့ အာနိုးတို့နဲ့လည်း ရုပ်ရှင်တူတူတွဲရိုက်ဖူးပါတယ်။ သူ့ရဲ့ဇာတ်လမ်းလေးကတော့ အသက် ၈၀ ကျော် အဖိုးကြီး နှစ် ၄၀ ကျော် မိန်းမဖြစ်သူနဲ့ မလွတ်လပ်ခဲ့ရတာကို မိန်းမဆုံးသွားတော့ လူပျို ဖြစ်ပြီး ပျော်နေတဲ့အချိန် သမီးဖြစ်သူက ဆေးမှုနဲ့ ထောင်ထဲ နောက်တစ်ခါ ဝင်ရမှာမို့ သားဖြစ်သူ သူ့မြေးကို ဖအေဆီ ပို့ပေးပါဆိုပြီး လာအပ်သွားလို့ မြေးအဖိုးနှစ်ယောက် ကားတစ်စီးနဲ့ Roadtrip ထွက်ရင်း လမ်းတစ်လျှောက် တွေ့သမျှလူတွေကို Prank တွေလုပ်သွားတာကို ရှယ်ရယ်ရမယ့်ကားပါ။ ပြောင်ကြတာတွေဆို အတော်ဆိုးပါတယ် စိတ်မရှည်တဲ့လူဆို ထထိုးမိမယ့်အပေါက်တွေပါ ပြီးတော့ မြေးဖြစ်သူနေရာက ကလေးကလည်း မထင်မှတ်ရလောက်အောင် ရုပ်တည်ကြီးနဲ့ လိုက်လိုက်ဖောက်တာကို သဘောကျမိပါတယ် (မိန်းကလေးလိုဝတ်ကဲတာဆို အကြမ်းဆုံးပဲ)။ ဒါပေမဲ့ ဇာတ်ကားမကြည့်ခင် တစ်ချပ်သတိပြုစေလိုတာက အဖိုးကြီးတစ်ယောက်က လိုက်ရိုင်းစိုင်းနေတာမျိုး ဖြစ်တဲ့အတွက် စကားလုံးတွေ အသေကြမ်းပါတယ် ပရမ်းပတာ ပြကွက်တွေပါပါတယ် အဲဒါကြောင့် အိပ်ရာပေါ်ကအခန်း မပါပေမဲ့လည်း ကလေးသူငယ်တွေနဲ့ လူကြီးမိဘတွေရှေ့တော့ သတိထားကြည့်စေလိုပါတယ်။ သုံးထားတဲ့ဘန်းစကားတွေက သောက်ရမ်းတွေလန်းပြီး ဆီလျော်အောင် အတတ်နိုင်ဆုံး ဘာသာပြန်ထားတာကြောင့် အမှားရှိရင် ခွင့်လွှတ်ပေးပါလို့ ပြောရင်း အားပေးလိုက်ကြပါဦးဗျ။ File size… 3.4 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

6.5 2013 92 mins
Jackass Presents: Bad Grandpa
Pathfinder
5.4

ဒီဇာတ်လမ်းကတော့ ၁၀ ရာစု Scandinavia ဒေသမှာ ဇာတ်အိမ်တည်ထားပါတယ်။ Ghost ဆိုတဲ့ Viking သင်္ဘောပျက်မှာ တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ကောင်လေးကို နယ်ခံတိုင်းရင်းသားမျိုးနွယ် တွေက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ တနေ့ကြီးပြင်းလာတဲ့အခါ ထိုမျိုးနွယ်ရဲ့ လက်ရွေးစင် တစ်ဦးဖြစ်လာပြီးတော့ လမ်းကြောင်းရှာဖွေစူးစမ်းသူ (pathfinder) ဖြစ်လာဖို ကြိုးစားလို့နေပါတယ်။ ဒါပေမယ့် ကြမ္မာငင်ချင်တော့ တနေ့မှာတော့ Dragon Men လိုခေါ်တဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ Viking တွေဟာ စစ်ဘုရင် Gunner ရဲ့ဦးဆောင်မှုနဲ့ ထိုဒေသကို ကျူးကျော်နယ်ချဲ့တဲ့ အခါ Ghost ရဲ့ရွာလေးကိုပါ ဖျက်စီးပြီးတော့ လူတွေကိုအကုန်သတ်သွားပါတော့တယ်။ လက်စားချေချင်စိတ်တွေနဲ့ ဖုန်းလွှမ်းနေတဲ့ Ghost တစ်ယောက် ဘာလုပ်မှာလဲ၊ ပြုစုပျိုးထောင်ခဲ့တဲ့ မွေးစားမျိုးနွယ်ဖက်ကိုပါမှာလား ဒါမှမဟုတ် သွေးသားတော်စပ်ပေမယ့် ယုတ်ရင်းကြမ်းတမ်းတဲ့ မျိုးနွယ်ဖက်ကို ပါမှာလား၊ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။ ထိုခေတ်အခါက viking တိုရဲ့ရက်စက်မှုကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားတာကြောင့် သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေတော့များပါတယ်။ Norse ဇာတ်လမ်းတွေ Viking တွေကိုသဘောကျရင်တော့ ဒီဇာတ်ကားကို သဘောကျမှာ သေချာပါတယ်ခင်ဗျာ။ ကြည့်ရှူခံစားကြပါအုံးလိုပဲ အကြံပေးလိုက်ပါတယ်။ File size… 1.7 GB / 686 MB Quality… BluRay Unrated 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac

5.4 2007 99 mins
Pathfinder
407 Dark Flight

သရဲတစ္ဆေဇာတ်လမ်းတွေဆိုရင် အထူးပိုင်နိုင်ကျွမ်းကျင်တဲ့ အရှေ့တောင်အာရှနိုင်ငံများထဲကမှ ထိုင်းနိုင်ငံရဲ့ ၂၀၁၂ ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြောင့် လေယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတဲ့ SA-407 လေယာဉ်ကြီးနောက်ကွယ်က အကြောင်းအရာကိုမဖော်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် လေကြောင်းလိုင်းအနေနဲ့ ထိုလေယာဉ်ကြီးကို ပြန်လည်ပြင်ဆင်ဆေးမှုတ်ပြီး ပျံသန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အောက်စီဂျင်ပြတ်လပ်မှုကြောင့် ခရီးသည်တွေ ထင်ယောင်ထင်မှားဖြစ်ပြီး ထူးဆန်းတာတွေ မြင်တွေ့ခဲ့ရတယ်လို့ ယူဆပြီး ယခုတစ်ကြိမ်မှာ ဘယ်လိုဖြစ်ရပ်ဆိုးမှ ပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ရပ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လေယာဉ်မယ်ဖြစ်သူ နယူးအတွက်တော့ ဒီလေယာဉ်ကြီးပေါ်ကို ပြန်ရောက်ခဲ့ပြီး ကံကြမ္မာလှည်းဘီး တစ်ပတ်ပြန်လည်ဖို့ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ကို အပြီးသတ်ပြင်ဆင်ပေးနေတဲ့ နယူးရဲ့ချစ်သူ ဘန့်ခ်တစ်ယောက် ကုန်သိုလှောင်ခန်းထဲမှာ စစ်ဆေးနေတုန်း အပြင်ထွက်မရဘဲ လေယာဉ်ပေါ်မှာ ပါလာခဲ့ပါတယ်။ လေယာဉ်မောင်းနှင်ပြီး မကြာခင်မှာပဲ လေယာဉ်တွင်းအောက်ဆီဂျင် ထိုးကျလာပြီးတော့ ခရီးသည်တွေအတွက် သေရေးရှင်ရေး အခြေအနေဖြစ်လာခဲ့ပါတယ်။ လေယာဉ်မှူးအခန်းကိုလည်း ဆက်သွယ်မရ၊ ဝင်မရဖြစ်နေတာကြောင့် ခရီးသည်တွေကို ကယ်တင်ပေးဖို့တာဝန်က လေယာဉ်မယ်ခေါင်းဆောင်ဖြစ်တဲ့ နယူးနဲ့ ဘန့်ခ်တို့ ပခုံးပေါ် ကျရောက်လာခဲ့ပါတယ်။ ခြောက်ခြားစရာတွေကို တစ်ယောက်စ နှစ်ယောက်စ ကြုံတွေ့လာခဲ့ရတာကနေစပြီး ခရီးသည်တွေကို သရဲစတင်ပူးကပ်လာရာကနေတစ်ဆင့် အချင်းချင်းထင်ယောင်ထင်မှားနဲ့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရဲတဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာကြတဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေ တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှု နဲ့ စွန့်လွှတ်အနစ်နာခံမှု ရဲရင့်မှု နဲ့ သူရဲဘောကြောင်မှု အမုန်းတရား နဲ့ ချစ်ခြင်းမေတ္တာစတဲ့ ခံစားချက်တွေ လွန်ဆွဲကြပုံကို ဒီခြောက်ခြားဖွယ်ခရီးစဉ်တစ်ခုတည်းမှာ ရောပြွန်းခြယ်သထားတဲ့ ဇာတ်ကားလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။ File size… 2.8 GB, 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Drama
0 2012 105 mins
407 Dark Flight
National Lampoon’s Christmas Vacation
7.5

မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့ နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကို ပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။ လက်ဆောင်တွေ ဖလှယ်ကြတယ်။ ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။ နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသော အခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကို တလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစု အဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက် ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လို အဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကို ယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ “National Lampoon’s Christmas Vacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။ File size… 1.99 GB / 837 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Horror
7.5 1989 97 mins
National Lampoon’s Christmas Vacation
Yunmeng Romance
5.6

နှုတ်မဆက်ပဲရုတ်တရက်ပျောက်သွားတဲ့အဖေကိုရှာဖွေရင်း တောနက်ထဲမှာထူးဆန်းတဲ့အန္တရာယ်တွေကိုရင်ဆိုင်ရတဲ့ စွန့်စားခန်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ကျားကျားဆိုတဲ့ကောင်မလေးဟာ ပျောက်သွားတဲ့အဖေကိုရှာဖွေဖို့ အလွတ်စုံထောက်နှစ်ယောက်ကိုငှားခဲ့ပြီးတော့ သမိုင်းပညာရှင်ပါမောက္ခတစ်ယောက်ဖြစ်တဲ့အဖေဖြစ်သူကိုရှာဖို့ စုန်းတောင်(ဝူးတောင်) ရှိရာကိုခရီးထွက်လာခဲ့ကြပါတယ်။ နယ်ခံရွာသားတွေအတွက်ဒီတောင်ဟာတားမြစ်နယ်မြေဖြစ်ပြီးတော့ ရှေးကတည်းကဝင်သွားတဲ့သူတိုင်းပြန်မထွက်လာနိုင်ဘူး ဆိုတဲ့စကားတွေကြောင့် ဘယ်သူမှမသွားရဲဘူးဖြစ်နေပါတယ်။ ဒါပေမယ့် အဖေကိုရှာချင်ဇောနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်တဲ့လူငယ်လေးတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် တောင်ပေါ်ကိုဝင်သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့ အန္တရာယ်တွေအပြည့်နဲ့ သူတို့ရဲ့စွန့်စားခန်းဟာစတင်သွားပါတယ်။

Action • Comedy • Romance
5.6 2025
Yunmeng Romance