YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Breaking Bad - Season 4 [2011] (CM MM Sub).rar

4.31 GB N/A application/rar 5368 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Major
7.3

IMDb...8.7 ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အစွန်းရောက်အကြမ်းဖက်တွေဟာ မွန်ဘိုင်းမြို့ရဲ့  Iconic တစ်ခုလိုဖြစ်တဲ့ Taj Mahal Palace Hotel ကို ဝင်ရောက်စီးနင်းခဲ့တယ်... အလွှာပေါင်း ၄၄ လွှာ ၊အခန်းပေါင်း  ၅၆၀ရှိတဲ့ ဒီဟော်တယ်ကြီးဟာ စစ်အတွင်းမှာတောင်ကုတင်  ၆၀၀ဆံ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ဖူးတယ်လို့ ဆိုတယ်... ဒီဟော်တယ်ကြီး စီးနင်းခံရတဲ့အဖြစ်အပျက်ကတော့ အတော်ထိတ်လန့်စရာကောင်းပါတယ်.. အဆိုးဆုံးကတော့ အကြမ်းဖက်အဖွဲ့တွေဟာ  ဧည့်သည်တွေကို အထိန်းအကွပ်မဲ့ပစ်သတ်ခဲ့သလို အဆောက်အဦးကိုလည်း အတော်ဖျက်ဆီးခဲ့ပါတယ်.. ဒါ့ကြောင့်  ကျန်ရှိနေသေးတဲ့ ဓားစာခံ ပြည်သူတွေကို ကယ်ထုတ်ပြီး အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းဖို့  ဆန်ဒီဗ်အွန်နီခရစ်ရှနန်းဆိုတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့မှ မေဂျာအဆင့်ရှိသူဦးစီး  တပ်စိတ်တစ်စိတ်ဟာ ဝင်ရောက်ခဲ့တယ်.. ဒီနေရာမှာအကြမ်းဖက်အဖွဲ့ဟာ ခပ်ညံညံအဖွဲ့မဟုတ်ခဲ့ဘဲ သေချာထရိန်းပြီး တိုက်ပွဲအတွေ့အကြုံတွေများစွာရှိနေတဲ့သူတွေဖြစ်တယ်... ဒီတော့ မေဂျာတို့အဖွဲ့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာကတော့ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်.. မေဂျာအဆင့်ဖြင့်တာဝန်ထမ်းဆောင်စဉ် ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်ခဲ့ မှုကြီးကို ကယ်ဆယ်ခဲ့တဲ့  Major Sandeep Unnikrishnan အကြောင်းကို ရိုက်ပြထားခြင်းဖြစ်လို့ ခံစားကြည့်ကြပါဦး... သမိုင်းဝင်ဖြစ်ရပ်မို့ ဘက်ဂျက်အများကြီ:အကုန်ကျခံထားသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြည့်ကောင်းပါတယ်.. File Size :(2.23GB)(2.5GB) (1.1GB) and (364 MB) Quality : HEVC 1080P 5.1CH,1080P5.1, 720p Format…mp4 Duration…02:30:00 Genre : Action , Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Taylor Encoded by Phyo Pyae

Comedy • Drama • Family
7.3 2022 149 mins
Major
Kothala Rayudu

IMDb ကြီးမြင်ပြီး လန့်မသွားနဲ့ဦးဗျ။ ဟ Game of Thrones ကိုတောင်မီခါနီ: ပါလားတို့ဘာတို့ပေါ့။ တမီးလ် IMDb rating ဆိုတော့ ဒီလောက်တော့ နည်းနည်း ပါးပါးရှိတာပေါ့ဗျာ၊ နိုင်ငံတကာဘာညာကွိကွတွေရဲ့ မျက်စိထဲသာ ဒါဟာမသင့် တော်တဲ့ Rating ကြီးဘာညာလာမှာဗျ။ တောင်ပိုင်းကားကြိုက်နှစ်သက်သူတွေ အတွက်‌ဆိုရင်တော့ သေချာပေါက်ကို ကြည့်သင့်တဲ့ကားလေးပါ။ Action/ Romance အမျိုးအစားဆိုတော့ အက်ရှင်ခန်းကောင်းကောင်းလေးနဲ့ မေတ္တာဇာတ်လမ်းလေးခံစားချင်ရင် ကြည့်ရမယ့်ကားမျိုး။ ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတဲ့ကောင်မလေးတွေကို ပတ်ပြေးရင်း၊ ပတ်ရှုပ်ရင်း ဇာတ်ရှုပ်ထဲကိုဝင်မယ့်ကားဗျ။ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် တစ်ကိုယ်ကြီးလူပျိုသိုးကြီး Srikanth Meka ဟာ လတ်မှတ်ရောင်းဝယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာ အလုပ်လုပ်ရင်း အိမ်ထောင်မှုကိစ္စဆိုတာ အိမ်မှာထောင်ကျတာပဲဆိုပြီး ပတ်ပြေးနေတဲ့သူပေါ့။ ပတ်ပြေးနေသာပြေးတာ ကောင်မလေးချောချောလေး မြင်တာနဲ့ အီစီကလီဘာညာကွိကွပိုင်းလုပ်ဖို့ကိုတော့လည်း လက်မနှေးတဲ့ လူပျိုကြီးပါပဲ။ တစ်ချို့ကိစ္စတွေမှာ သူများကိုကူညီရင်း လူမိုက်တွေကြားထဲကို ဓါးခုတ်ရာ ဘယ်လိုလက်၀င်လျှိုမှာလဲ။ အချစ်ကိုတန်ဖိုးမထား အီစကလီတွေ များတဲ့လူပျိုကြီး တကယ်အချစ်နဲ့တွေ့တဲ့အချိန် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဟာသတွေနဲ့ စီးမျောလိုက်ရအောင်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို San Thu Aung မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ San Thu Aung, Sai Thurein Lynn နဲ့ Lwin Htoo Aung တို့ဖြစ်ပါတယ်) File Size - (2.34 GB) / (1.49 GB) / (1 GB) Quality – WebDL 1080p / 720p/480p Duration - 2h 16mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Romance Translator – San Thu Aung, Sai Thurein Lynn, Lwin Htoo Aung Encoder – SWM

Drama • Thriller
0 2022 132 mins
Kothala Rayudu
The Father Who Moves Mountains
5.9

ဒီ Romanian ဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Daniel Sandu က ရိုက်ကူးထားပြီး 2021 ကထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက တော့ စစ်တပ်အရံအရာရှိဖြစ်တဲ့ မစ္စတာဂျီအာနူ ဟာဇနီးဟောင်းနဲ့ကွဲပြီး အိမ်ထောင်အသစ်ရှိသူပါ။ သူ့မှာဇနီးဟောင်းနဲ့ရခဲ့တဲ့ ကော့စ်မင် ဆိုတဲ့ သားလေးတစ်ယောက်လည်းရှိပါတယ်။ သူဟာသူ့သားလေးကိုသိပ်ချစ် တာကြောင့်မလို့ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် မဖြစ်နိုင်တာတွေကိုပါ ရအောင် လုပ်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သားလေး ကော့စ်မင် ကသူ့ကောင်မလေးနဲ့အတူ ရေခဲတောင်ခြေလျှင်ခရီးတက်ရင်း ပျောက်ဆုံးသွားတယ်လို့ ရဲတွေက အကြောင်းကြားလာပါတယ်။ အဲဒီအခါမှာတော့ သူအရမ်းချစ်ရတဲ့သား လေးကို ကယ်တင်ဖို့အတွက် သူ့တပည့်ကိုခေါ်ပြီး ရေခဲတောင်တန်းတွေ ရှိရာကိုလာပါတော့တယ်။ အဲဒီမှာတောင်တက်ကယ်ဆယ်ရေးတွေကလည်း ကယ်ဆယ်ပေးနေပေမယ့် စိတ်အရမ်းလောနေတဲ့ မစ္စတာဂျီအာနူကတော့ တောင်ပေါ်တက်မယ်တကဲကဲနဲ့ ဖြစ်နေပါတော့တယ်။ နောက်ပိုင်း တောင် တက်သမားတွေနဲ့ အစပ်အဟပ်မတည့်တော့ သူ့ရဲ့အဆက်သွယ်တွေနဲ့ စစ်တပ်ထောက်လှမ်းရေးကိုပါ ခေါ်ချလာပြီး ကယ်တင်ဖို့လုပ်ပါတော့တယ်။ အရင်ကသူ့သားကိုအနိုင်ကျင့်တဲ့ ဘယ်သူကိုမဆို အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ ရေခဲတောင်ကြီးဖြစ်နေတဲ့အခါ သူ့ရဲ့ဖခင်မေတ္တာတွေနဲ့ အနိုင် ယူနိုင်ဦးမှာလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size..........(1.72 GB) / (733 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator......Theo Kat Encoder..........SWM

Action • Drama • War
5.9 2021 108 mins
The Father Who Moves Mountains
Patriots Day
7

ဒီဇာတ်လမ်းလေးကို ရုပ်ရှင်မကြည့်ခင်မှာပဲအားလုံးသိပြီးကြမှာပါ။ ၂၀၁၃တုန်းကကျင်းပခဲ့တဲ့ Bostonမာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပြီး လူတွေသေကြေ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ကျနော်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းကို ၂၀၁၃တုန်းကပဲ DVBကလွှင့်ခဲ့တဲ့ Documentryအတိုလေးကြည့်လိုက်ရပါတယ်။ ဒီတော့ Spoilerတွေဘာတွေသိပ်စိတ်ပူနေစရာမလိုပါဘူး။ ဒီကားကိုအမှန်အတိုင်းပြောရရင် ကျနော်လည်းသိပ်ကြည့်ချင်ခဲ့တာမဟုတ်ပါဘူး။ ဇာတ်လမ်းကသိပြီးသားဆိုတော့ အခွေထွက်တာပဲစောင့်မယ်ကြံခဲ့တာပါ။ ဒါပေမယ့် ရုံသွားကြည့်သူတွေရဲ့Feedbackအရ သိပြီးသားဇာတ်လမ်းကိုပဲ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြသွားပြီး ကြည့်လို့်ကောင်းတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပဲ ကျနော်လည်းရုံမှာအပြေးသွားကြည့်ခဲ့ပါတယ်။ အားလုံးပြောကြတဲ့အတိုင်း ဇာတ်လမ်းဟာသိပြီးသားဖြစ်ပေမယ့် အလွန်ကိုစိတ်ဝင်စားစရာ ကောင်းလွန်းခဲ့ပြီး နောက်ဆုံးခန်းအထိကို ကြည့်နေတဲ့ပရိသတ်တွေကို ဆွဲခေါ်သွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျနော်မပြောလည်းအားလုံးသိပြီးကြမှာပါ။ 2013,April 15ရက်နေ့မှာ Bostonမြို့မှာကျင်းပခဲ့တဲ့ မာရသွန်ပြေးပွဲမှာ ဗုံး၂လုံးပေါက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဗုံးဟာ Home-Madeဗုံး လို့ယူဆရပြီးBostonမြို့ခံရဲသား Tommy Saunders(Mark Wahlberg)ကဦးဆောင်ပြီး Commissioner Ed Davis (John Goodman)နဲ့ FBI Special Agent Richard DesLauriers (Kevin Bacon)အတူပူးပေါင်းကာ ဗုံးဖောက်ခွဲသူကိုဖေါ်ထုတ်ကြတာပါ။ ဇာတ်ကားစစချင်းမှာ ဒါရိုက်တာက Characterတွေရဲ့အခန်းတွေကိုဟိုစပ်ဒီစပ်ပုံစံနဲ့ရိုက်ပြသွားပြီး ဗုံးဖောက်ခွဲပြီးနောက်ပိုင်းမှာတော့ ဒီCharacterအားလုံးဟာ ဇာတ်လမ်းထဲတဖြည်းဖြည်းဝင်လာခဲ့ပါတယ်။ Mark Wahlbergရဲ့သရုပ်ဆောင်မှုကတော့ တချက်၂ချက်ထဖောက်တာကလွဲပြီး အတော်ပီပြင်ကောင်းမွန်တယ်လို့ချီးကျူးရမှာပါ။ J.K Simmonsကြီးလည်းအရံအဖြစ်ပါဝင်ခဲ့ပြီး Screen Timeနည်းတယ် ဆိုပေမယ့် ပါရတယ့်အခန်းမှာရအောင်တော့ကြမ်းပြသွားပါသေးတယ်။ (Rogue Oneမှာ Darth Vaderပါလာသမျိုးပါပဲ။) 10 CloverField Laneဇာတ်ကားမှာပါဝင်ခဲ့တဲ့ John Goodmanနဲ့ Tremors နဲ့ Hollow Manဇာတ်ကားတွေထဲက Kevin Baconတို့ရဲ့ ဒီကားမှာသရုပ်ဆောင်မှုဟာလည်း အရမ်းမကောင်းဘူးဆိုတောင် မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။ Supergirl မင်းသမီး Melissa Benoistလည်းအရံအဖြစ်ပါဝင်အားဖြည့်ထားပါတယ်။ တခြားခြားသောသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်မှုတွေဟာလည်း အပြစ်ရှာရခက်တယ်ဆိုရလောက်အောင် ကောင်းမွန်လွန်းခဲ့ပါတယ်။ Real Life Eventကိုမှီးထားတဲ့ဒီကားကို အပြင်ကအဖြစ်အပျက်နဲ့ ထပ်တူကျအနိုင်ဆုံးဖြစ်အောင် ကြိုးစားပြီးရိုက်ကူးခဲ့ပါတယ်။ဝတ်ခဲ့တဲ့အဝတ်အစားတွေ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်တွေကိုအသေးစိပ်လေ့လာခဲ့ပြီးမှ ဒီကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဗုံးပေါက်သွားတဲ့အခါ လာရောက်အားပေးသူတွေအပေါ် ဖြစ်ပျက်သွားတဲ့ဖြစ်ရပ်ဆိုးတွေ မနှစ်မျို့ဖွယ်မြင်ကွင်းတွေ သွေးပျက်ဖွယ်ကောင်းတဲ့ထိခိုက်ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါးခံစားခဲ့ရတာတွေကို Tvကလာတဲ့Documentryမှာ မကြည့်ခဲ့ရပေမယ့် ဒီကားမှာတော့ အသေးစိပ်ရိုက်ပြသွားလို့ ကြည့်ခဲ့ရပါတယ်။ ဖြစ်ရပ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရသူ ဆုံးရှုံးသွားခဲ့သူတွေအတွက်လည်းဝမ်းနည်းခဲ့ရပါတယ်။ :'( သူတို့နိုင်ငံကရဲတွေ တရားခံဖမ်းဖို့ကို ပညာသားပါပါနဲ့အဆင့်ဆင့်ထောက်လှမ်းပုံ သက်သေပစ္စည်းတွေခင်းကျင်းထားပုံတွေ ဖြစ်ရပ်ဆိုးနဲ့ကြုံလာတဲ့အခါ မြို့ခံရဲတွေကနေ ကူညီကယ်ဆယ်ပုံ စတာတွေကိုလည်း အသေးစိပ်သိရှိရမှာဖြစ်ပါတယ်။ နောက်ဆုံး တရားခံတွေနဲ့ အချင်းချင်းအပြန်အလှန်ပစ်ခတ်ခဲ့တဲ့ Gunfightဟာလည်း Actionကားတကားအတွက် အလွန်ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ ဗုံးဒဏ်ရာကြောင့်တယောက်တဖက်စီခြေထောက်ဖြတ်လိုက်ရတဲ့ Jessica Kensky နဲ့ Patrick Downesတို့ စုံတွဲအကြောင်းကိုအများကြီးထည့်မရိုက်သွားပါဘူး။ ဗုံးခွဲသူတွေကို လိုက်လံစုံစမ်းနေတယ့် ဇာတ်ကြောင်းနဲ့ သိပ်မဆိုင်လို့ အဲ့အတွဲအကြောင်း နည်းနည်းပဲထည့်ရိုက်သွားတာလို့ ထင်မိပါတယ်။အပြင်မှာတော့ သူတို့စုံတွဲဟာ ဘဝကိုအရှုံးမပေးဘဲဆက်လက်လျှောက်လှမ်းနေကြသူတွေမို့ လူအများရဲ့လေးစားခြင်းခံရတာလည်းဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ဇာတ်ကားပြီးတယ်ဆိုပြီးထမပြန်ပါနဲ့ဦး။ MCU Credit Sceneလောက်တောင်မကြာပါဘူးစောင့်ရတာ။ အပြင်ကဖြစ်ရပ်မှန်ဓါတ်ပုံတွေကိုစာသားနဲ့အတူယှဉ်တွဲပြသွားပြီး Interviewအတိုလေးတွေလည်းပါဝင်ခဲ့သေးတယ်။ မကြည့်လည်းရတယ်ဆိုပေမယ့် ကြည့်သင့်တယ်လို့ထင်ပါတယ်။ ၅မိနစ်ကျော် ၁၀မိနစ်လောက်ပဲကြာတာမို့လည်း သိပ်အချိန်မပေးရပါဘူး ကျနော့်အနေနဲ့ သုံးသပ်ရမယ်ဆို Patriots Dayဆိုတဲ့ဇာတ်ကားဟာ မနှစ်ကထွက်ခဲ့တဲ့Real Life Eventကိုရိုက်ထားတဲ့ Sullyလိုပဲ ကားကောင်းတကားလည်းဖြစ်ပြီး ဇာတ်လမ်းက Sullyထက်ကိုပိုပြီးစိတ်ဝင်စားစရာကောင်းလွန်းခဲ့ပါတယ်။ ရုပ်ရှင်ကားကောင်းကြိုက်တတ်သူတွေ အတွက်တော့ ရုံမှာသွားကြည့်သင့်တယ်လို့ အကြံပြုပရစေ။ ________________________________________________ ________________________________________________ IMDb Rating - 7.6/10 Rottem Tomatoes - 79% MetaCritic - 69% My Rating - 3.9/5 (ဇာတ်လမ်းအညွှန်းကိုတော့ Thway Thway ZarNi Aung ရဲ. facebook account (https://www.facebook.com/sophie.turner.grace.moretz1999?fref=nf&pnref=story) မှကူးယူဖော်ကြထားတာဖြစ်ပါတယ်) File Size : 1 GB Quality :  Bluray 720P Running Time : 2hr 13minutes Format : Mp4 Genre :   Drama, History, Thriller  Encoder : Thanhtike Zaw

Drama • History
7 2016 133 mins
Patriots Day
A Savannah Haunting
4.4

A Savannah Haunting ================= သရဲကားမှကြည့်ချင်တာ၊ တကယ့်အဖြစ်အပျက်မှကြိုက်တာ ဆိုတဲ့သူတွေအတွက် သရဲကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကတော့ ဂျော်ဂျီယာပြည်နယ် ဆာဗားနားမြို့မှာရှိတဲ့ အိမ်တစ်အိမ်မှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာဝီလီယမ် ကိုယ်တိုင် သူ့မိသားစုအိမ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဖြစ်ပြီး ဒီဇာတ်ကားကိုလည်း အဲဒီအိမ်မှာတင် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရန်ကော့ မိသားစုဟာ ဆာဗားနားမှာရှိတဲ့ လူမနေတာကြာပြီဖြစ်တဲ့ အိမ်တစ်အိမ်ကို ပြောင်းလာခဲ့ကြပါတယ်။ ဒီအိမ်ဟာ ဟိုးရှေးရှေးကတည်းက အတိတ်ဆိုးတွေရှိခဲ့တဲ့အိမ်ဖြစ်နေပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ အဲရစ်ဟာ ဒါတွေကို ယုံကြည်တဲ့သူ မဟုတ်တာကြောင့် ပေါ့ပြက်ပြက်ပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုအပေါ် ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံတွေ့လာရပြီးတဲ့နောက်မှာ အဲရစ်တို့မိသားစုတွေ ဒီအိမ်ကြီးထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှူနေရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သာမာန်သရဲကားတွေလိုမဟုတ်ဘဲ တကယ့်အဖြစ်အပျက်နဲ့ ကျောရိုးတည်ပြီး ရိုက်ကူးထားတာကြောင့် ဖြဲတာ၊ ကြဲတာတွေ သိပ်မပါတာကြောင့် “ဝူးရှူးဝါးတွေကြောက်လို့ သရဲကားမကြည့်ရဲပါဘူး” ဆိုတဲ့သူတွေလည်း ကြည့်လို့အဆင်ပြေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

Adventure • Animation • Comedy • Family
4.4 2021 103 mins
A Savannah Haunting
Keramat
6.8

Keramat(2009) ************* ရုပ်ရှင်အဖွဲ့တစ်ဖွဲ့ဟာ သူတို့ရုပ်ရှင်ရိုက်ကူးရေးအတွက် မြို့တစ်မြို့ကို သွားကြတယ်.. အဲ့ဒီမြို့ကိုရောက်ရောက်ချင်းညမှာပဲ သူတို့အဆောင်အပြင်ဘက်မှာ ငိုသံကြီးစကြားကြတယ်.. လိုက်ရှာကြည့်တော့လည်း ဘာမှမတွေ့ခဲ့ပါဘူး… နောက်တစ်နေ့မနက်မှာတော့ ရုပ်ရှင်အဖွဲ့ထဲက ဇာတ်ဆောင်မင်းသမီး Migi ဟာ နေမကောင်းချင်သလိုဖြစ်ပြီး ရိုက်ကူးရေးနားလိုက်ရပါတယ်… အဲ့ဒီ့ညနေမှာပဲ Migi ဟာ တစ်စုံတစ်ယောက် ဝင်ပူးချင်းကို ခံလိုက်ရပါတယ်…. အဲ့ဒီမှာပဲ အပနှင်ဆရာလိုလို ဆရာတစ်ဦးရောက်လာပြီး အပနှင်လိုက်ပြီးတော့ အဆင်ပြေသွားပါ‌တယ်.. ဒါပေမယ့် ခဏအကြာMigi ရဲ့အခန်းထဲဝင်ကြည့်တဲ့အခါ Migi ဟာ ပျောက်ဆုံးနေပါတယ်.. Migi ဘာကြောင့်ပျောက်ဆုံးသွားလဲ ဘယ်ကိုရောက်သွားလဲဆိုတာကတော့ …. File Size :(2.3GB) and (973MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:20:00 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.8 2009
Keramat
Mula sa Buwan
5

Mula sa Buwan ဆိုတာကတော့ Edmond Rostand ရဲ့ ခေတ်ဟောင်း ဂန္ထဝင် Cyrano de Bergerac ကို အခြေခံပြီး မူရင်း ဖိလစ်ပိုင်ဂီတနဲ့ မမျှတသော ချစ်ခြင်းမေတ္တာ၊ အလှတရားနှင့် ခင်မင်ရင်းနှီးမှုတွေရဲ့ ပုံစုံတွေကို ပိုမိုရင်းနှီးသော ပုံပြင်- OURS အဖြစ် ဖန်တီးထားတာဖြစ်ပါတယ် 1940 ခုနှစ် မနီလာရဲ့ လှပသောရှုခင်းများကို ထည့်သွင်းထားပြီး ပုံဖော်တင်ဆက်ထားတဲ့ ပြဇာတ်လေးပါ အားလုံးခြုံငုံလိုက်ရင်တော့ ကဗျာဆရာ Cyrano၊ရဲ့ သူချစ်ရတဲ့ Roxane နဲ့ ကြင်နာတတ်တဲ့ ခရစ်ယာန်တို့ရဲ့ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်လို့လည်း ဆိုနိုင််ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tartee ပါ ) File size_(4.4GB)/(2.8GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:55:00 Genre_Documentry, Musical Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Tartee

5 2023
Mula sa Buwan
Kaale Angrej
5.5

Kaale Angrej (2024) “မသမာမှုများ” ပန်ဂျာဘီစကားပြော ပညာပေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဂျေရက်ရှ်ဆိုတာ ဘွဲ့ရပြီးခါစမိန်းကလေးဖြစ်ပြီး အိန္ဒိယနိုင်ငံက အကျင့်ပျက်ခြစားမှုနဲ့ ထိုင်ခုံနေရာအတွက် အရည်အချင်းထက်စာရင် ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ ယိုယွင်းနေတဲ့စနစ်ကို အလိုမကျသူ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလည်း ဆင်းရဲမွဲတေမှုကို အခွင့်ကောင်းယူကာ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် ဒါ့အပြင် အဖက်ဖက်က သမာမှုတွေအကြောင်းနဲ့ ခေါင်းဆောင်လုပ်သူတွေရဲ့ ဖိနှိပ်မှု၊ အသုံးချမှုတွေကို ဂျေရက်ရှ်ဆိုတဲ့ ကောင်မလေးက ဘယ်လိုတိုက်ခိုက်သွားနိုင်မှာလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.5 2024 131 mins
Kaale Angrej
Cold Road
5

ဒီကားကိုတော့ ဒါရိုက်တာ Kelvin Redvers ရိုက်ကူးထားပြီး မင်းသမီး Roseanne Supernault က အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း အဓိကဇာတ်ကောင် ထရေစီရဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစေတဲ့ ဆောင်းတွင်းခရီးလမ်း အကြောင်းကို ကြည့်ရှုရမှာပါ။ ထရေစီကတော့ မြို့လေးမှာမနေချင်တာကြောင့် မွေးရပ်မြေဇာတိနဲ့ ဝေးရာမှာ အကြာကြီးနေထိုင်နေတဲ့သူပါ။ ယောက်ျားဖြစ်သူက အလုပ်တွေပဲလုပ်ပြီး သူ့ကိုဂရုမစိုက်ပါဘူး။ ဒီလိုနဲ့ အမေဖြစ်သူ လေဖြတ်ပြီး သေခါနီးအချိန်မှာတော့ အမေဖြစ်သူရဲ့ အသက်ကိုမီအောင် ထရေစီတစ်ယောက် ဆယ့်နှစ်နာရီကြာ ကားမောင်းပြီး မွေးရပ်မြေကို ပြန်ရဖို့ဖြစ်လာပါတယ်။ ယောက်ျားဖြစ်သူကလဲ အဖော်မလိုက်ပေးပဲ ခွေးလေးကိုပဲအဖော် အဖြစ်ခေါ်ခဲ့ရတဲ့ ထရေစီတစ်ယောက် ကားမောင်းရမယ့်လမ်းမကြီးက ထူးဆန်းတဲ့ မတော်တဆမှုတွေ မကြာခဏဖြစ်နေခဲ့တာကို သိခဲ့ရပါတယ်။ ဒီလိုနဲ့ လမ်းမှာ‌နှောင့်နှေးမှုတွေ ကြုံရတဲ့အပြင် အေးစက်နေတဲ့ ရာသီဥတုကြား ထရပ်ကားတစ်စီးနဲ့ယောက်ျားတစ်ယောက်က လိုက်သတ်တာကို ကြုံတွေ့ရပါတော့တယ်။ ခရီးလမ်းက စီစဉ်ထားတဲ့အတိုင်း မဖြစ်လာပဲ အန္တရာယ်ကြုံနေရတဲ့ ထရေစီတစ်ယောက် လူသတ်သမားလက်ကလွတ်အောင် ပြေးနိုင်မလား… သူ့အမေရဲ့ အသက်ကိုရော မီနိုင်မှာလား…ဘယ်လိုနည်းတွေသုံးပြီး လူသတ်သမားကို ရင်ဆိုင်မှာလဲ…ရင်ခုန်လှိုက်မောဖွယ် ခရီးတစ်ခုကို ထရေစီနဲ့အတူ သွားရောက်ရင်း ကြည့်ရှုခံစားရမှာပါ။ File size… (1.38GB) / (800MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Drama
5 2023 100 mins
Cold Road
Blitz
6.1

မင်းသားကြီး Jason Statham နဲ့ မင်းသား Paddy Considine တို့ တွဲဖက်ပါဝင်ရိုက်ကူးထားပြီး action ဇာတ်ကားကောင်းများနှစ်သက်သူများအတွက် အထူးကောင်းမွန်ပြီး IMDb Rating 6.2 ရရှိထားတဲ့ဇာတ် ကားတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ နာမည်ဟာ ရဲတွေကို အထူးပစ်မှတ်ထားပြီး လိုက်သတ်တဲ့ လူသတ်သမားရဲ့ နာမည်ဖြစ်ပါတယ်။ ဘရန့် ( jason statham ) ဟာ သူ့ကိုလိုက်လံဖမ်းဆီးခဲ့ပြီး သူ့ကိုဖမ်းမိတဲ့ အချိန်မှာတောင် ခိုင်လုံတဲ့သက်သေအထောက်အထားမပြနိုင်လို့ ပြန်လွတ်ခဲ့ရတဲ့ ဘယ်ရီ ( ဘလစ် ) ကို . ဘရန့် ( jason statham ) က လှလှပပ ဇာတ်သိမ်းပြခဲ့ပုံများ . အထူးသဖြင့် ဘလစ်ဟာ သူ့ကိုဖမ်းဆီးဖူးခဲ့တဲ့ ရဲတွေကိုတစ်ယောက်ချင်းစီ ကလဲ့စားချေလိုက်လံသတ်ဖြတ်မှုတွေဟာ ဒီဇာတ်လမ်းရဲ့ အဓိက ကျောရိုးလည်းဖြစ်လို့နေပါတယ်။ 2011က ထွက်ရှိခဲ့ပြီး Transporter မင်းသားကြီး Jason Statham ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားမို့အထူးတလည်ညွှန်းမနေတော့ပါဘူး Movie သာကြည့်ရှုဖို့ ပြောပါရစေ။ File size…(1.8 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Action, Adventure, Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield

Horror • Mystery • Thriller
6.1 2011 97 mins
Blitz
It Feeds
5.6

It Feeds (2025) IMDb Rating (5.6) / Rotten Tomatoes (84%) စင်သီယာနဲ့ဂျော်ဒန်တို့သားအမိဟာ ပရလောကကိုမြင်နိုင်စွမ်းရှိသူတွေဖြစ်ပြီး အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့်အခုချိန်မှာတော့ ကုထုံးပညာရှင်အဖြစ်အသက်မွေးနေပေမယ် သူတို့ကူညီနိုင်လောက်တဲ့ ပေါ့ပေါ့ပါးပါးကိစ္စလေးတွေကိုတော့ကူညီလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ကို ရိုင်လီဆိုတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက်ရောက်လာခဲ့ပြီး သူ့ကိုကူညီဖို့ဇွတ်အတင်းတောင်းဆိုခဲ့ပေမယ့် သူ့အဖေဖြစ်သူရဲ့ဆွဲခေါ်မှုကြောင့်ပြန်ပါသွားခဲ့ပါတယ်။ ကောင်မလေးကို ပူးကပ်နေတဲ့အရာ/မကောင်းဆိုးဝါးဟာ အလွန်ကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့သူဆိုတာပညာပိုရင့်သန်တဲ့ စင်သီယာက မြင်လိုက်ရလို့ဆက်မလုပ်ဖို့တားပေမယ့် ပြောဆိုရခက်တဲ့ ဆယ်ကျော်သက်အရွယ်ဂျော်ဒန်ကရှေ့ဆက်တိုးရင်း သူကိုယ်တိုင်မကောင်းဆိုးဝါးရဲ့သားကောင်ဖြစ်သွားချိန်မှာတော့ စင်သီယာတစ်ယောက်အကြောက်တရားကိုဘေးချိတ်ပြီး သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ထင်မှတ်မထားပဲ ကြည့်ကောင်းနေတဲ့ ဇာတ်ကားပါပဲ။ နာမည်ကျော် ဟော်ရာကားတစ်ချို့ရဲ့အငွေ့အသက်တွေမြင်ရတာမျိုးလိုတစ်ချို့ဟာကွက်လေးတွေ ဖယ်ကြည့်မယ်ဆိုရင် သရုပ်ဆောင်ကောင်းကောင်း၊ Jump scare ကောင်းကောင်းတစ်ချို့နဲ့ဟော်ရာအရသာကောင်းကောင်းခံစားရစေမယ့် ဟော်ရာချစ်သူတွေအတွက် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (480 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:42:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.6 2025 102 mins
It Feeds
Undisputed
6.1

ဒီဇာတ်ကားလေးကတော့Boxing ဝါသနာအိုးတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ခုပါ။ ဇာတ်ကားအစမှာပဲ ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံတစ်ယောက်က မုဒိန်းမှုနဲ့စွပ်စွဲခံရပြီးထောင်ကျသွားပါတယ်။ ရှုံးပွဲလုံးမရှိခဲ့ဖူးတဲ့ချန်ပီယံက ထောင်ထဲမှာပဲသူ့လိုဖိုက်တာတစ်ယောက်နဲ့တွေ့မိပြီးနောက်… လူမိုက်ဗီဇရှိထားတဲ့ကမ္ဘာ့ချန်ပီယံဆိုသူကသူ့ရဲ့ဂုဏ်သိက္ခာကိုဘယ်လိုထိန်းသွားမလဲ? ထောင်ထဲမှာရှိတဲ့ချန်ပီယံကရော ဘယ်လိုလက်ရည်မျိုးရှိမလဲဆိုတာ… အပြိုင်အဆိုင်ဖြစ်ကြရင်း အဆုံးသတ်မှာဘယ်သူက တကယ်တမ်းချန်ပီယံဖြစ်သွားမလဲဆိုတာကို ထောင်သားတွေရဲ့ဘဝနဲ့ရောနှောပြီးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2 GB)/(900 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Action, Crime, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Satt

Romance • Comedy • Drama
6.1 2002 96 mins
Undisputed
Chaurya Paatam
7.6

Chaurya Paatham 2025 (ရုပ်ရှင်ရိုက်ဖို့ ဘဏ်ကိုဓားပြတိုက်ရာဝယ်) တေလ်ဂူဘာသာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါဝင်ပြီး ရာဇဝတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဗီဒန့်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့အတွက် ကြိုးစားရုန်းကန်နေရသူတစ်ယောက်ပါ။ အိပ်မက်တွေဟာ ဈေးကြီးတယ်ဆိုတဲ့အတိုင်းပဲ ငွေကြေးမပြည့်စုံတဲ့သူ့အတွက် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ လက်ရှိဒါရိုက်တာကြီးတွေဆီမှာ ကပ်ပြီး ပညာသင်ရင်း ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ဇာတ်ညွှန်းကို ဘယ်ထုတ်လုပ်သူကမှ မကြိုက်ဘဲ ဇာတ်ညွှန်းပြဖို့သွားလိုက်တိုင်း မင်းဇာတ်ညွှန်းကို ဇာတ်ကားဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင် ဘဏ်ကိုဓားပြတိုက်မှပဲ ရိုက်နိုင်မှာဆိုတဲ့စကားကို ကြားဖန်များလာတဲ့အခါမှာတော့ သူဟာ လူတစ်စုကို စုလိုက်ပြီး အိန္ဒိယမှာရှိတဲ့ အအေးချမ်းဆုံးသော ရွာလေးတစ်ရွာကိုသွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ သွားပါတော့တယ်။ ဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ရတဲ့ နောက်ကွယ်မှာတော့ ရှေ့က ကြားဖန်များလာတဲ့စကားကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဟုတ်ပါတယ် မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓားပြတိုက်ဖို့ဖြစ်ပါတယ်။ ဗီဒန့်တစ်ယောက် အေးချမ်းတဲ့ရွာလေးမှာ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓ ားပြတိုက်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်လို ဘယ်ပုံ ရယ်စရာအဖြစ်အပျက်တွေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Animation • Action • Adventure • Science Fiction
7.6 2025 124 mins
Chaurya Paatam
But I’m a Cheerleader

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ် လူငယ်အချစ်ဟာသကားလေးပါ။ မီဂန် (Natasha Lyonne) ဟာ ကိုယ့်ကိုယ်ကို သာမန်အမေရိကန်လူငယ်တစ်ယောက်လို့ပဲ ခံယူထားသူပါ။ ကျောင်းမှာ စာတော်တဲ့အပြင် ပန်းပွားအကအသင်းရဲ့အဖွဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ကြိုက်လှတယ်မဟုတ်ပေမယ့် ရည်းစားလည်း ရှိပါတယ်။ ဒါပေမယ့် မိဘတွေက သူ့ကို ‌ဂေး‌ေနတယ်ထင်တာကြောင့် True Direction ဆိုတဲ့ ပြုပြင်ရေးကျောင်းကိုပို့လိုက်ပါတော့တယ်။ အဲ့ကျောင်းမှာ မီဂန်တွေ့ရတာကတော့ ပုန်ကန်ချင်တဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်ကောင်မလေး ဂရမ် (Clea DuVall) ပါပဲ။ သူ့ကိုယ်သူ အဖြောင့်လို့ ယုံကြည်ထားပေမယ့် တဖြည်းဖြည်းနဲ့ သူ့စိတ်တွေ ထွေပြားလာတဲ့အခါ မီဂန်တစ်ယောက် ကိုယ်ကိုယ်ကိုရှာတွေ့သွားမလား သူက တကယ်ဂေးနေတာရော ဟုတ်ရဲ့လား ဆိုတာ…. တချို့အသုံးအနှုန်းတွေကြောင့် ၁၈ နှစ်အောက်လူငယ်တွေ မကြည့်စေချင်ပါဘူး။ File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pwint Oo San

Horror
0 1999
But I’m a Cheerleader
Memento Mori
6.5

Memento Mori (2018) ************************** 2018 တုန်းက ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းလေး တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အဓိကသရုပ်ဆောင်တွေ အဖြစ်နဲ့ Sassy Girl Chun-hyang ထဲက မင်းသား Jae Hee နဲ့ XX ထဲက မင်းသမီး Hwang Seung Eon တို့က ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ***************** မြေအောက်ခန်းတစ်ခုမှာ သတိဝင်လာကြပြီးတော့ အချင်းချင်း မသိကြတဲ့အပြင် ဘာကြောင့် ပိတ်လှောင်ခံထားရမှန်းမသိတဲ့ လူ၆ယောက်ကနေ ဇာတ်လမ်း အစပျိုးထားပါတယ်။ တကယ်တော့ တစ်ယောက်တစ်မျိုးစီနဲ့ နောက်ခံတွေ မတူကြပေမဲ့ သူတို့ကြားထဲ လူသတ်မှုတစ်ခုက ပါဝင်ပတ်သက်နေခဲ့တာပါ။ တစ်ယောက်ချင်းစီက အမှုနဲ့ ဘယ်လို ပါဝင် ပတ်သက်နေတာလဲ။ ဘယ်သူက သူတို့ကို ပိတ်လှောင်ထားပြီး ရည်ရွယ်ချက်က ဘာလဲဆိုတာကို ၆ယောက်လုံး အဖြေရှာရင်း ပိတ်မိနေတဲ့မြေအောက်ခန်းကနေ လွတ်မြောက်အောင် ကြိုးစားကြရမှာပါ။ တရားခံအစစ်က ဘယ်သူလဲဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။ လျှို့ဝှက်ချက်တွေကို အဖြေရှာရင်း Death Game တစ်ခု ဆော့ကစားနေတာကို ကြည့်ရှုရမှာဖြစ်လို့ ဇာတ်လမ်းကြည့်ရင်း အဖြေရှာရတာ ကြိုက်သူတွေအတွက် ဒီကားလေးကို အကြံပြုပေးချင်ပါတယ်။ File Size – 2.32 GB/ 596 MB Quality – WEB-DL 1080p/ 720p Duration – 1h 30m Format – mp4 Genre – Thriller Subtitle – Myanmar Subtitle (Hard Sub)

6.5 2018 89 mins
Memento Mori