YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Branding in Seongsu(2024)EP4 WEB-DL 720P(CM).mp4

191.28 MB N/A video/mp4 415 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Classic
7.5

IMDb Rating (7.9/10) Rotten Tomatoes (93%) ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ... My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ... ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။ ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။ မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။ ဇာတ်လမ်းလေးကတော့... ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကို ပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။ သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီး အမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။ ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ .. ကျောင်းသားဘဝ ရယ်စရာတချို့ နဲ့အတူ .. ဆယ်ကျော်သက်အရွယ် ဖြူ စင်တဲ့ မေတ္တာ ... လွမ်းမောဖွယ် ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေဟာ ဆွတ်ပျံ့ကြည်နူးစရာမို့ ဇာတ်လမ်းအဆုံးထိ ကြည့်ပြီးတဲ့အခါ ရင်ဘတ်ထဲ တခုခု ကျန်နေရစ်ခဲ့မှာ သေချာပါတယ်။ ဒီဇာတ်ကားကို ဘာသာပြန်တဲ့သူ ကိုယ်တိုင် ၆ခါ ထက်မနည်း မကြာခဏ ပြန်ကြည့်ဖြစ်တဲ့ ဇာတ်လမ်းလေးဖြစ်ပြီး၊ The Notebook တို့ Dear John တို့လို အချစ်ဇာတ်လမ်းလေးတွေ ကြိုက်တတ်သူ ဆိုရင် ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Allie Scarlett ဖြစ်ပါတယ်။) File size…(2.3 GB)/(1.1 GB) Quality….UHD Rip 1080p/720p Format…mp4 Duration….02:12:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Allie Scarlett

Mystery • Thriller
7.5 2003 133 mins
The Classic
Signs
6.7

Horror / Thriller ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအနေနဲ့တော့ ဒါရိုက်တာ M. Night Shyamalan ကို မသိတဲ့လူ မရှိလောက်ပါဘူး။ ရုပ်ရှင်နဲ့ လူမတွဲမိရင်တောင် သူ့ကားအများစုကို ကြည့်ဖူးပြီးသားဖြစ်ကြမှာပါပဲ။ Shyamalan ဟာ The Sixth Sense, Unbreakable Trilogy, The Village, The Happening နဲ့ Old အစရှိတဲ့ ကားတွေကိုရိုက်ခဲ့တဲ့သူပါပဲ။ Signs ဟာ Shyamalan ရဲ့ မာစတာပိစ်တစ်ကားအဖြစ် Horror ဖန်တွေ သမုတ်ကြတဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို Mel Gibson, Joaquin Pheonix တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ မင်းသား Rory Culkin, မင်းသမီး Abigail Breslin တို့ရဲ့ ငယ်စဉ်ကတည်းကပါလာတဲ့ အနုပညာစွမ်းရည်ကို တွေ့ရမှာလည်းဖြစ်ပါတယ်။ သူ့ Rating ဟာ 6.7 ပဲရှိပေမဲ့ သူ့ပရိသတ်တွေကတော့ ဒီရုပ်ရှင်ဟာ 8.5 အထိပေးသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး 8 အောက်ပေးရင်ကို ရာဇ၀တ်မှုကျူးလွန်လိုက်သလိုပဲလို့ ဆိုကြပါတယ်။ လူတိုင်းကြိုက်နိုင်မှာမဟုတ်ပေမဲ့ Horror သမားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ကားကောင်းဖြစ်တဲ့ Underrated ဖြစ်တဲ့ Horror masterpiece ရုပ်ရှင်တစ်ကားလို့ ပြောရင်လည်းမမှားပါဘူး။ ရင်တသိမ့်သိမ့်တုန် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းလို့ သတ်မှတ်နိုင်သလို မိသားစုမေတ္တာဖွဲ့ ဇာတ်လမ်းလို့လည်း သတ်မှတ်လို့ရနိုင်လောက်ပါတယ်။ နာမည်က Sign (နိမိတ်၊ သင်္ကေတ) ဆိုတဲ့အတိုင်း ဇာတ်ကားတစ်ခုလုံးကို နိမိတ်ပုံလေးတွေနဲ့ ရင်တဖိုဖို ဖြစ်ရအောင်ဖန်တီးထားပြီး ဇာတ်ကားအစကနေအဆုံးထိ မထတမ်းကြည့်ချင်အောင် စိတ်အာရုံကိုဖမ်းစားနိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဇနီးသည်ဆုံးပါးသွားလို့ စိတ်ဓာတ်ပျက်စီးပြီး ယုံကြည်မှုပျောက်ဆုံးနေတဲ့ ဓမ္မဆရာတစ်ယောက် ကမ္ဘာကို ဂြိုလ်သားတွေ ကျူးကျော်လာချိန်မှာ မိသားစုကိုကာကွယ်ရင်း သူ့ရဲ့ယုံကြည်ရာကို ပြန်ပြီးရှာတွေ့သွားနိုင်ခဲ့တဲ့ အကြောင်းလေးပါပဲ။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ပုံကောင်းကောင်း၊ ဒါရိုက်တာရဲ့ တင်ပြပုံ ပညာသားပါပါနဲ့ သိမ်သိမ်မွေ့မွေ့နဲ့ကို ကြောက်လန့်စေမယ့် Horror Masterpiece ကားတစ်ကား ရှာနေတယ်ဆိုရင်တော့ Signs ဟာ ရွေးချယ်မှုမှန်စေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.71GB, 727MB, 481MB Quality - 1080p, 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 1H 46Min Genre - Drama, Mystery, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
6.7 2002 106 mins
Signs
One Missed Call 3: Final
4.9

One Missed Call : Final (2006) ဒီ One Missed Call – Final ဆိုတဲ့ horror movie လေးဟာဆိုရင်တော့ အတန်းထဲမှာအနိုင်ကျင့်ခံရတဲ့ကျောင်းသူလေး Asuka ဆိုတဲ့တစ်ယောက်ကနေစတင်လိုက်တဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဒီကျောင်းသူလေးဟာဆိုရင်အနိုင်ကျင့်ခံရတဲ့ဘဝကနေလွတ်မြောက်အောင် ကိုယ့်ကိုကိုယ်ကြိုးဆွဲချခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ အသက်မသေဘဲ ကိုမာအဖြစ်နေနေရတာပါ ဒါပေမယ့်ကျောင်းသားတွေကိုးရီးယားကိုအလည်အပတ်ခရီးစဥ်သွားဖို့သင်္ဘောပေါ်တက်တဲ့အချိန်မှာတော့ ကိုယ့်နာမည်နဲ့ကိုယ့်ဖုန်းထဲကိုဝင်လာပြီး တစ်ယောက်ပြီးတစ်ယောက်ထူးဆန်းစွာသေဆုံးကုန်ကြတယ် တစ်ခြားသူကိုပြန်ပို့ရင်တော့အသက်ရှင်မယ်ဆိုတော့သေရေးရှင်ရေးကြားမှာသံယောဇဥ်ဆိုတာမြဲပါ့မလား ဒီသေဆုံးမှုကရောအနိုင်ကျင့်ခံရတဲ့ကျောင်းသူလေးရဲ့ကျိန်စာဖြစ်နေမလား ဒီလိုကျိန်စာအီးမေးလ်တွေကနေရောအသက်ရှင်လျက်နဲ့လွတ်မြောက်နိုင်မလားဆိုတာကြည့်လိုက်ရအောင်ပါနော် ဒီကားမှာတော့ ကိုရီးယားမင်းသားချော Jang Geun Suk လည်း ပါဝင်ထားပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Yong Hom ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 1.9GB | 904MB | 434MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Yong Hom Encoder ….. August

Action • Comedy • Crime • Drama
4.9 2006
One Missed Call 3: Final
Ngeri-Ngeri Sedap
8

Ngeri-Ngeri Sedap (2022) ************************ သား ၃ ယောက်နဲ့ သမီး ၁ ယောက်မွေးထားတဲ့ လင်မယား ၂ ယောက်… သား ၃ ယောက်ကို အကောင်းဆုံးပညာရေးရဖို့ တခြားမြို့တွေမှာ ကျောင်းထားခဲ့ရာကစလို့ သားယောက်ျားလေးတွေဟာ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်ပြီး ကိုယ်ဖြစ်ချင်တာကိုပဲ လုပ်ကြရာကနေ မိဘအိမ်ကို ပြန်မလာခဲ့ကြတာ ၁၀ နှစ်နီးပါး ရှိသွားခဲ့တယ်။ ဒီလိုနဲ့ပဲ အဘွားဖြစ်သူရဲ့ မင်္ဂလာအခမ်းအနားကို မိသားစုစုံစုံလင်လင် ကျင်းပဖို့အတွက် သား ၃ ယောက်ကို လင်မယား ၂ ယောက် ဘယ်လို လှည့်ဖြားပြီး အိမ်ကို ပြန်လာအောင် ခေါ်ကြမလဲ… သူတို့ ချက်ချင်း မပြန်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တစ်ခါတစ်လေကျ သားသမီးရဲ့ ပျော်ရွှင်မှုဟာ မိဘရဲ့ စိတ်တိုင်းကျ မဖြစ်နိုင်သလို, မိဘရဲ့ စိတ်တိုင်းကျဆန္ဒဟာလည်း သားသမီးကို မပျော်စေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ မိသားစုတစ်ခုမှာ ဒီလိုမျိုး စိတ်သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာတဲ့အခါ တစ်ဖက်ဖက်က အလျှော့ပေးမှသာ ပျော်ရွှင်တဲ့ မိသားစုမျိုး ပိုင်ဆိုင်နိုင်မှာပဲဖြစ်တယ်။ မိဘတွေဟာလည်း လူကြီးဆိုပြီး အာဏာမပြသင့်သလို သားသမီးတွေဟာလည်း အတ္တကြီးစွာ မိဘတွေကို လျစ်လျူရှုမထားသင့်ကြောင်း ဒီဇာတ်ကားလေးက သက်သေပြပေးသွားမှာပါ။ File Size :(1.2GB)& (540MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:54:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

8 2022
Ngeri-Ngeri Sedap
A Heidelberg Holiday
6.9

ခရစ္စမတ် ရောက်ခါနီးပြီဆိုတော့ ခရစ္စမတ်လို သေချာပေါက် ခံစားစေရမယ့် IMDb 6.9အထိ ရရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ A Christmas Spectacularနဲ့ Broadway Risingတို့လို့ Christmas ရုပ်ရှင်တွေကို သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ မင်းသမီး Ginna Claire Masonက All you need နဲ့ The Cruise Doctorလိုမျိုး ရုပ်ရှင်ကောင်းတွေထဲက မင်းသား Frédéric Brossierနဲ့ အတူ လိုက်ဖက်စွာ ပွဲထွက်လာပါတယ်။ ဂျာမနီနိုင်ငံက ဟိုက်ဒယ်လ်ဘာ့ဂ်ဆိုတဲ့ မြို့လေးက ခရစ္စမတ်ရောက်တိုင်း စျေးပွဲတော် ကျင်းပလေ့ရှိပါတယ်။ အဲဒီစျေးပွဲတော်က ခရစ္စမတ်ကာလရဲ့ ပြရုပ်တစ်ခုလို အင်မတန်မှ ​ကျော်ကြားပါတယ်။ ဒါပေမယ့် အဲဒီ ခရစ္စမတ် စျေးပွဲတော်က တော်ရုံနဲ့ ဝင်ခွင့် မရပါဘူး။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဟိုင်ဒီ ဟိုက်ဒယ်လ်ဘာ့ဂ်လို့ခေါ်တဲ့ ကောင်မလေးက အမေရိကန်-ဂျာမနီသူလေးပါ။ သူက Snow balls ဖန်လုံးလေးတွေကို ဒီဇိုင်းဖော်တဲ့ အနုပညာသည်လေးပါ။ ဟိုင်ဒီက ဟိုက်ဒယ်လ်ဘာ့ဂ်က စျေးကွက်ထဲကို ဝင်ခွင့်ရဖို့ နှစ်တိုင်း ကြိုးစားနေပေမယ့် အငြင်းခံနေရသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ကံကောင်းစွာနဲ့ပဲ ဟိုင်ဒီတစ်ယောက် ဟိုက်ဒယ်လ်ဘာ့ဂ် စျေးထဲ ဝင်ခွင့်ရသွားပါတော့တယ်။ အနီးကပ်မှ ဝင်ခွင့်ရတော့ ပစ္စည်းပို့ဖို့ နေဖို့ထိုင်ဖို့ အကုန်လုံးကို ကမောက်ကမနဲ့ အဆင်ပြေသလို စီစဥ်ရပါတော့တယ်။ အကုန်လုံးကို စီစဉ်ပြီး အခက်ခဲတွေကြားကနေ ဟိုက်ဒယ်လ်ဘာ့ဂ်ကို ရောက်သွားတဲ့အခါမှာတော့ လူးကတ်စ်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာပါတော့တယ်။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့မှာ လူးကတ်စ်နဲ့အတူတူ ကြုံတွေလာရတဲ့ အခက်ခဲတွေကို ဖြေရှင်းကြပုံတွေ၊ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ရဲ့ ခရစ္စမတ်ကာလ အလှတရားတွေ၊ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နွေးထွေးလှတဲ့ အချစ်ဓာတ်လေးကို ခံစားရစေမယ့် ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင် သင့်ရဲ့ဘေးနားမှာ ချောကလက်ပူပူလေးတစ်ခွက်နဲ့ လက်မှာ ကိုင်ထားစရာ ရည်းစားရဲ့လက်ကလေး၊ မှီစရာ ရည်းစားရဲ့ ရင်ခွင်လေး ရှိနေရင်တော့ ရုပ်ရှင်ကို အပြည့်ဝခံစားနိုင်မှာဖြစ်ပါတယ်။ ရည်းစား မရှိတဲ့လူတွေကတော့ ဖက်လုံးလေးပိုက်ရင်းနဲ့ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့က အလှတရားတွေနဲ့ ချစ်ခြင်းမေတ္တာရယ်ကို အတူတူ အားကျလိုက်ရအောင်လို့ ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

6.9 2023 84 mins
A Heidelberg Holiday
Poisoned: The Dirty Truth About Your Food
6.8

ဒီတစ်ခါတော့ IMDB 6.8 ရထားပြီး RT 100% ‌‌‌တောင် ရထားတဲ့ Netflix ရဲ့ Documentary ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းလေးကိုတော့ စာရေးစရာ Jeff Benedict ရဲ့ Poisoned: the deadly truth about E ဆိုတဲ့ စာအုပ်ကို ကျောရိုးယူပြီး အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ပညာ‌‌ရှင်တွေနဲ့အတူတူ မေးမြန်းရိုက်ကူးထားတဲ့ ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ US မှာ ဖြစ်ပျက်နေတဲ့ အစားအသောက်က ဖြစ်တဲ့ ရောဂါတွေ၊ အဲဒီရောဂါတွေ ကူးစက်နိုင်မှန်းသိသိနဲ့ ပိုက်ဆံတစ်မျက်နှာပဲ ကြည့်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့၊ သေသေချာချာမထိန်းချုပ်တဲ့ အစိုးရရဲ့ ပျက်ကွက်မှုတွေစတဲ့ ရုပ်ဆိုးတဲ့ အမှန်တရားကို ကြည့်ရှုရမှာဖြစ်ပြီး အဲဒီလို အခက်အခဲတွေကို ဂရုမစိုက်ဘဲ ပြည်သူတွေဘက်က ရပ်တည်ပြီး တရားစွဲဆိုပေးခဲ့တဲ့ ရှေ့နေ ဘေလ်မာလာ နဲ့အတူ နစ်နာသူတွေ ဆေးပညာရှင်တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဖွင့်ဟပြောဆိုမှုတွေနဲ့ ဒီပြသနာတွေကို ဖြေရှင်းဖို့ ကြိုးစားပုံတွေ အကြံပြုချက်တွေကို မေးမြန်းမှတ်တမ်းတင်ထားတာကို ကြည့်ရမှာဖြစ်ပါတယ်။ File size… 1.5 GB / 764 MB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 1h 23m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Zin Sann Oo

6.8 2024 83 mins
Poisoned: The Dirty Truth About Your Food
Sherina’s Adventure
7.8

Sherinas Adventure 2000 အညွှန်း ဒီတစ်ခေါက် အင်ဒို musical ကားလေးကတော့ ၂၀၀၀ ခုနှစ်ကာလမှာ ထွက်ရှိခဲ့ပြီး ဘတ်ဂျက် ရူပီအာ ၂ ဘီလီယံရင်းနှီးထားကာ ရုံတင်ငွေ ရူပီအာ ၁၀ ဘီလီယံပြန်လည်ရရှိခဲ့တာကြောင့် မနည်းတဲ့ပမာဏလို့ဆိုရမှာပါ။ (မြန်မာငွေ ၁ကျပ် = ၀.၁၃ ရူပီအာ) ကုလားကားတွေမှာပဲ ကတာကြည့်ရတာ ရိုးနေပြီလား ။ ဒီအင်ဒို musical ကားလေးကတော့ တမျိုးတဖုံရသလေးပေးစေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာဆိုတဲ့ ကလေးမလေးက ဖျတ်လတ်တက်ကြွပြီး ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ အပေါင်းအသင်းဝင်ဆံ့‌တဲ့ ကလေးတစ်ယောက်ပါ။ ဖြစ်ချင်တော့ သူ့အဖေက နယ်ဘက်က စိုက်ခင်းတစ်ခုကို အလုပ်ပြောင်းလိုက်ရပြီး ရှယ်ရီနာတစ်ယောက် နယ်ဘက်ကို ရောက်လာပါတယ်။ ရှယ်ရီနာတစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာတဲ့အခါမှာ အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုကို သွားတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ အဲကျောင်းသားတွေရဲ့ခေါင်းဆောင် (ဆဒမ်) က ရှယ်ရီနာအဖေလုပ်နေတဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ သားဖြစ်နေတဲ့အခါမှာတော့…… ဆိုးသွမ်းနေတဲ့ ဆဒမ်ရဲ့ နောက်ကွယ်ကအကြောင်းတွေက ဘာဖြစ်မလဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့ရဲ့ အတိုက်အခံတွေကရော ပြေလည်သွားမှာလား။ သီချင်းမြူးမြူးလေးတွေနဲ့တူတူ မင်းသမီးလေးရဲ့ ချစ်စရာကောင်းပြီး သာယာနာပျော်ဖွယ်ရှိလှတဲ့ အသံလေးနဲ့တူတူ ကခုန်လိုက်ရအောင်လားနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Comedy, Drama Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

7.8 2000
Sherina’s Adventure
Torino Criminale Blood Revenge
7.7

Torino Criminale Blood Revenge (2023) ============================ အီတလီ မာဖီးယားမူးယစ်မှောင်ခိုဇာတ်လမ်းတွေ ကြိုက်တတ်တဲ့လူတွေအတွက် Torino Criminale Blood Revenge ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ တူရင်မြို့က ယဲအားလယ် မူးယစ်မှောင်ခိုဂိုဏ်းကို ညီကိုနှစ်ယောက်ဖြစ်တဲ့ ဆဗာတိုနဲ့ ဗီတိုတို့ကဦးဆောင်ပါတယ်။ ဆဗာတိုဟာ ကာတာနဲ့စ်အဖွဲ့မှာ နေရာရအောင် ဘိရစ်ထရစ်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်နဲ့ အတူအကောက်ကြံ ကြိုးစားနေပါတယ်။ တစ်နေ့မှာ ဆဗာတိုရဲ့အစ်ကိုဗီတိုတစ်ယောက် အသတ်ခံလိုက်ရကနေ စပြီး သူတို့ဂိုဏ်းတွေကြားမှာ ကိစ္စတွေပိုရှုပ်ထွေးလာပါတော့ တယ်။ ကြားထဲမှာလည်း သူတို့ဂိုဏ်းတွေကို အမိဖမ်းဖို့ကြိုးစားနေတဲ့ ရဲအုပ်ကြီးတော့စကိုကလည်း ရှိနေပြန်ပါတယ်။ ဆိုတော့ သူတို့ဂိုဏ်းတွေကြား ဘာတွေဆက်ဖြစ်မလဲ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုလက်စားချေမလဲဆိုတဲ့ အသေးစိတ်ကတော့ ဇာတ်လမ်းလေးကိုပဲ ဆက်ကြည့်ရင်းအဖြေရှာဖို့ပြောချင် ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ W ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Crime , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

7.7 2023
Torino Criminale Blood Revenge
Zorawar Di Jacqueline

Zorawar Di Jacqueline (2024) တစ်ရက်တည်း တူတူသေရမယ့် ဇိုရာဝါနဲ့ ဂျက်ကလင်း ဇာတ်ကြမ်း ဖိုက်တင်ဘောလိဝုဒ်ကားတွေကိုပဲ ကြည့်နေရတာရိုးနေတဲ့လူတွေအတွက် ဘောလိဝုဒ် ဒရာမာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း ဇိုရာဝါနဲ့ ဂျက်ကလင်းတို့ဟာ အတော်လေးချစ်ကြတဲ့ချစ်သူစုံတွဲဖြစ်ပြီး မိဘတွေရော လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကိုရော စွန့်ခွာပြီး ချစ်ခရီးနှင်ခဲ့ကြတဲ့ စုံတွဲလေးပါ။ ဇိုရာဝါကတော့ အိမ်မှာ ဘားပါထားပြီး တကီလာ ဂျက်ကာ ရေမီးအစုံနဲ့လေထီးခုန်တဲ့ ရှက်ကီသမားကြီးပါ။ သူ့ရဲ့ချစ်သူလေး ဇိုရာဝါကတော့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက် ဝတ်ပြုတတ်တဲ့လူပေါ့။ ဒီလိုနဲ့ သာယာနေတဲ့သူတို့ဘဝကြီးမှာ ကိစ္စတစ်ခုဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါကလည်း ထူးထူးဆန်းဆန်း သူတို့ ၂ယောက်လုံး တစ်နေ့တည်းမှာပဲ အတူသေရမယ်ဆိုတဲ့ကိစ္စပါပဲ။ ၂ယောက်လုံးလည်း သူတို့ကံကြမ္မာကို လက်ခံပြီး ကျန်တဲ့ နာရီ ၂၀အတွင်းမှာ သူတို့ရဲ့လက်ကျန်အချိန်လေးကို ဘယ်လိုကုန်ဆုံး စွန့်စားခန်းဖွင့်ကြမလဲ သူတို့တကယ်ရော တစ်နေ့တည်းမှာ တူတူသေဆုံးသွားကြမှာလား ဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ)

0 2024
Zorawar Di Jacqueline
Waiting for Dali
6.8

နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် အရည်အချင်းရှိတဲ့စာဖိုမှုးတယောက်နဲ့ သူ့ညီ ဒါလီဆိုတဲ့ကျော်ကြားလေးစားခံရတဲ့ အနုပညာရှင်နေတဲ့ လှပတဲ့ ကျွန်းပေါ်ကို ရောက်လာတဲ့အခါမှာတော့ သူကြုံတွေ့ရမယ့် အစားအသောက်နဲ့ပက်သတ်တဲ့စိတ်ဝင်စားစရာတွေ ကျွန်းပေါ်က သူတွေရဲ့ ခံယူချက် ရဲမှုးအရာရှိတွေနဲ့ ကျင့်ပျက်ချစားမှု အခြေအနေတွေကို ပါ ရသအစုံခံစားရမယ့် စပိန်/ ပြင်သစ် စကားပြော ဇာတ်ကားကောင်းတခုဖြစ်ပါတယ်… ဟင်းပွဲတခုကို ဘာက ကောင်းစေမကောင်းစေဖြစ်စေသလဲ …. လူတွေရဲ့ချစ်ခြင်းမေတ္တာတွေက ကြိုမြင် ကြိုသိ ကြိုစီစဉ်လိုမရတဲ့အခါ…. File size…(1.7 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:54:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Family
6.8 2024 114 mins
Waiting for Dali
Saranjana: Supernatural City
5

ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက ကျတ်ရွာတို့ ပြိတ္တာဘုံတို့ အသူရကာယ်ဘုံတို့ဆိုတာ ဘာသာရေးအရ ကြားဖူးနားဝ ရှိကြမှာပါ။ ဒီလိုမျိုးပဲ လူတွေ မမြင်ရတဲ့ ဘုံလောကနဲ့ ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ အင်ဒို ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆီသာဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ နာမည်ရနေတဲ့ အုပ်စုဖွဲ့ ဂီတဖျော်ဖြေရေး အဖွဲ့တစ်ခုမှာ ပင်တိုင်အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ဂီတအဖွဲ့တည်ထောင်ခဲ့တာ ဆိုပေမယ့် အဖွဲ့ထဲမှာ အငြင်းအခုံလေးတွေ စကားနာထိုးတာတွေကြောင့် စိတ်ညစ် နေရတဲ့အပြင် သူမရဲ့မိဘတွေကလည်း ငွေအတွက်ပဲ အဆက်အသွယ်လုပ်တာမို့ အထီးကျန်ပြီး မပျော်မရွှင် ဖြစ်နေရသူ ဖြစ်ပါတယ်။ သူတို့အဖွဲ့ ဖျော်ဖြေတဲ့ ကမ်းခြေမြို့ရဲ့ ဟိုတယ်မှာ ဖျော်ဖြေပွဲ အပြီး အခန်းမှာ နားနေတုန်း ပုံမှန်မဟုတ်ဘဲ အင်ဒိုရှေးရိုးရာ ဝတ်စုံဝတ်ထားတဲ့ သူတစ်ယောက်ကို ဆီသာ တွေ့လိုက်ရပါတယ်။ အဲဒီသူနောက်ကို လိုက်ရင်း သူမပါ ပျောက်ဆုံးသွားတဲ့အခါ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေဟာ အပူတပြင်း လိုက်ရှာပေမယ့် ဘယ်လိုမှ ပြန်မတွေ့ပါဘူး။ ဒီမြို့လေးမှာ ဒီလို ပျောက်ဆုံးမှုတွေ ဖြစ်လေ့ရှိတာ သိသွား ကြတဲ့အခါ သူငယ်ချင်းတစ်သိုက် ဘယ်လိုမျိုး ဆီသာကို လိုက်ရှာကြမလဲ။ သူတို့တွေ လိုက်လံရှာဖွေရင်း ဘယ်လိုအခက်အခဲ အတားဆီးတွေနဲ့ တွေ့ကြုံရမလဲ ဆိုတာကိုတော့ အားပေးကြည့်ရှုလိုက်ကြပါဦးလို့…။ File size… (1.09GB) / (580MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Adventure , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 98 mins
Saranjana: Supernatural City
Gemini
6.2

Gemini (2002)”ဂျီမီနီ” ================= ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Gemini ဆိုတဲ့ ဒီရုပ်ရှင်လေးဟာဆိုရင် မေလ ၂၁ ရက်နေ့နဲ့ နဲ့ ဇွန်လ ၂၁ ရက်နေ့ကြားမှာမွေးတဲ့ မေထုန်ရာသီဖွားတွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ မဟုတ်ဘဲ ဂျီမီနီဆိုတဲ့နာမည်နဲ့လူဆိုးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဂျီမီနီဆိုတာကတော့ တမီလ်နာဒူးပြည်နယ်ထဲမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့က လူမိုက်တစ်ယောက်ပါ။ သူဟာ အစတုန်းက မြို့ခံဂိုဏ်းစတားကြီးတွေဆီမှာ အလုပ်လုပ်ခဲ့ပေမဲ့ သူအလုပ်လုပ်ပေးတဲ့ ဂိုဏ်းစတားတိုင်း အဖမ်းခံရ အရှော့ခံရဖြစ်ကုန်တဲ့အတွက် သူယုံကြည်ရတဲ့သူတွေကို စုပြီး ကိုယ်တိုင် ဂိုဏ်းစတားလုပ်ဖို့ ကြံစည်ပါတော့တယ်။ သူဟာ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့ပေမဲ့ သူဌေးတစ်ယောက်ရဲ့ သမီးအလှလေးကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်မိသွားချိန်မှာတော့ ဂိုဏ်းစတားပေါက်စ ဂျီမီနီရဲ့ဘဝလမ်းကြောင်းတွေ ပြောင်းလဲခဲ့ရပုံကို ဒီ တမီလ်စကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Horror • Action • Crime
6.2 2002 160 mins
Gemini
Candlewood
5

ဒီတစ်ခါ cm ပရိသတ်ကြီးကို Candlewood ဆိုတဲ့ Horror ကားသစ်လေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကို နာမည်ကြီး Horror ဇာတ်ကားတွေ အရိုက်များပြီး သစ်တောသစ်ပင် ရေကန်တွေ သဘာဝ ရှုခင်းတွေနဲ့ နာမည်ကြီးတဲ့ ကွန်နတီကပ်ပြည်နယ် နယူးမီလ်ဖို့ဒ်မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်က မိသားစု တစ်စုဟာ ကန်ဒယ်ဝုဒ်ဟေးစ် နားက အိမ်ကြီးတစ်လုံးကို ရာဇဝင်မသိ မမြင်ဖူးသေးဘဲ ငွေပေးချေ ဝယ်ယူခဲ့ပါတယ်။ မိသားစုလိုက် နေထိုင်ဖို့ ပြောင်းလာခဲ့ပြီးမှ နယ်ခံတစ်ချို့ရဲ့ သူတို့အပေါ် အမြင်မကြည်လင်မှုတွေနဲ့ ဒီနယ်မြေရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတွေ သိခဲ့ရပြီးနောက်မှာတော့ သူတို့မိသားစုတွေကြားထဲမှာ ထင်ယောင်ထင်မှားမှုတွေ… ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒဏ္ဍာရီထဲက ဖြစ်ရပ်တွေက တစ်ကယ်ပဲလား…။ ဒီအိမ်ကြီးမှာ အရင်နေခဲ့တဲ့သူတွေက ဘာတွေဖြစ်သွားခဲ့ကြတာလဲ…..။ သူတို့ မိသားစုကို ခြောက်လှန့်နေတဲ့ အရာတွေက ဘာတွေလဲ ဆိုတာကတော့……။ ( စပွိုင်လာ သုံးသပ်ချက်…. ဒီဇာတ်ကားကို Horror Fan တစ်ယောက်အနေနဲ့ သုံးသပ်ရရင် ဇာတ်လမ်းနဲ့ နေရာထိုင်ခင်း ကောင်းပေမယ့် အားမရစရာ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့်လည်း IMDB မှာ Rating 5.0 ပဲ ရတာ နေမယ်…။ အမှန်တကယ် ခြောက်ခြားစရာ ဖြစ်အောင် ရိုက်ကူးလို့ ရရဲ့သားနဲ့ creepy ဖြစ်မယ့် ရိုက်ကွက်နေရာတွေ ရှိရဲ့သားနဲ့ သာမန် သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှား ဖြစ်တဲ့ ပုံစံမျိုးတွေ ရိုက်ကူး ပြထားတာက အတော်ဆိုးတယ်လို့ ပြောရမယ်။ သိပ္ပံနည်းကျ စဉ်းစားကြည့်မယ် ဆိုရင်တော့ သူတို့တွေ သောက်သုံးတဲ့ ရေကနေ ပြဿနာ တစ်ခုခု ရှိတယ်လို့ ထင်ပါတယ်။ ရေတစွတ်စွတ် သောက်ပြနေတဲ့ ရိုက်ကွက်တွေကို ထည့်သွင်းထားတာလည်း အဲဒါကို မြင်သာစေချင်လို့ ယူဆမိပါတယ်။ ) File size… (1.32 GB) / (698 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5 2025 87 mins
Candlewood