YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Boy.Kaldag.2024.720p.WEB-DL (CM).mp4

894.85 MB N/A video/mp4 890 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Noroi: The Curse
6.8

"ဒီကားရဲ့ 1080p HD Version ဟာ မရှိ‌သလောက် ရှားလို့ ခွေဗားရှင်း 480p ကိုပဲ အတော်လေးကြည်အောင် Encode ပေးထားပါတယ်။ တစ်ချိန်ချိန်မှာ 1080p ရှာတွေ့ခဲ့ရင်လည်း update လုပ်ပေးသွားပါမယ်။" ဒီတစ်ခါတော့ ၂၀၀၅ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating 6.9/10 အထိရရှိထားတဲ့ Japanese horror movie ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Incantation လို vibe မျိုးနဲ့ pseudo-documentary ကို လက်တွေ့ဆန်ဆန်ကြည့်ရှုရတာ နှစ်သက်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုဘာယာရှိဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ရှာဖွေလေ့လာပြီး စာအုပ်တွေပါထုတ်ဝေတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး သူနောက်ဆုံးလေ့လာခဲ့တဲ့ မှတ်တမ်းမှာ လူမျိုးစုတစ်စုဆီက ဆင်းသက်လာတဲ့ ရိုးရာပွဲကနေပေါ်ပေါက်လာတဲ့ အရာတစ်ခုကို လေ့လာရင်း သူကိုယ်တိုင်ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့ရပါတယ်။ ဗီဒီယိုကို အစဆုံးမှတ်တမ်းတင်ပြီးချိန်မှာတော့ သူ့အိမ်ပါ မီးလောင်သွားသလို ဇနီးသည်ကိုပါ ဆုံးရှုံးလိုက်ရတယ် ကိုဘာယာရှိကိုယ်တိုင်လည်း ပျောက်ဆုံးသွားခဲ့တယ်။ ဒီဖြစ်ရပ်တွေဟာ မှတ်တမ်းတင်ဗီဒီယိုရဲ့ ကျိန်စာကြောင့်လား တိုက်ဆိုင်မှုလားဆိုတာ ပရိသတ်တို့ပါ တွေးခေါ် ကြည့်ရှု ဖော်ထုတ်ရင်း ဇာတ်လမ်းပြီးသွားတဲ့အခါမှာလည်း စိတ်ထဲ တစ်ခုခုစွဲကျန်ရစ်စေမယ့် ကား​ကောင်းလေးဖြစ်ပါကြောင်း... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Thriller
6.8 2005 115 mins
Noroi: The Curse
Atithi Bhooto Bhava
9

ဒီတစ်ခေါက်မှာတော့ တိုက်ဂါးရဲ့အဖေမင်းသားကြီး Jackie Shroff ပါဝင်ထားပြီး Modern Love ရဲ့အချစ်မင်းသား Pratik Gandhi ပါဝင်သရုပ်ဆောင်ထားတဲ့ Atithi Bhooto Bhava ( တစေဧည့်သည် )ဆိုတဲ့ဇာတ်ကားလေးပါ.... IMDB မှာလည်း 6.5 ရထားတော့ Rating လေးလည်းမဆိုးလှပါဘူး ဇာတ်ကားလေးကိုမိတ်ဆက်ပေးရရင် .ဆရီကန့် ( Pratik Gandhi )က ဟာသပြောတဲ့သူတစ်ယောက်ဖြစ်ပြီး နက်သရာ ( Sharmin Segal )ကတော့ လေယာဥ်မယ်တစ်ယောက်ပေါ့... ချစ်သူသက်တမ်း၄နှစ်ရှိခဲ့ပေမယ့် ဆရီက နက်သရာ့ကိုတန်ဖိုးမထားခဲ့ပါဘူး။ ဆရီ နဲ့နက်သရာက ငယ်ငယ်ထဲက ချစ်ခဲ့တဲ့ စုံတွဲတွေပါ။ ချစ်စ ခင်စ ကြင်နာစ တကွဲစီနေနေရတဲ့အချိန်မှာ အမှတ်တရ နေ့တိုင်း အပြန်အလှန်လက်ဆောင်ပေးရင်း ကြည်နူးစရာဖြတ်သန်းခဲ့ကြတာပါ။ သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ မတည့်အတူနေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲသံယောဇဥ်မပြတ်နိုင်ကြပါဘူး ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်စကားများကြလို့ ဆရီကအရက်သောက်ပြီးမူးလာတဲ့တစ်ညမှာ မာခန်ဆင်း ( Jackie Shroff)နဲ့ တွေ့ခဲ့ကြပြီး မာခန်က သူ့ရဲ့ငယ်ချစ်ဦးမန်ဂျူးနဲ့ပြန်လည်ဆုံစည်းနိုင်ဖို့ ဆရီ့ဆီမှာအကူအညီတောင်းခဲ့ပါတယ် 1975ခုနှစ်မှာအစပြုထားပြီး 2021ခုနှစ်မှာဇာတ်အိမ်ဖွဲ့ထားတဲ့ဒီဇာတ်ကားလေးမှာ ဆရီ့ကိုဘာလို့မာခန်က အဘိုးလို့ခေါ်တာလဲ... မာခန်နဲ့မန်ဂျူးကို ဆရီကဘယ်လိုဆုံစည်းအောင်ကူညီပေးမှာလဲ...... စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လောက်ထိခိုင်မြဲသလဲ... ဟာသလေးနှောပြီးရိုက်ကူးထားလို့ကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးဖြစ်လို့ လိုက်ပါစီးမျောခံစားလိုက်ပါဦး။ File size…1.78GB / 866MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 53mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & ThuRa & Shwe Pyae & lwin Htoo & Kevin

Action • Drama • History
9 2022 113 mins
Atithi Bhooto Bhava
Out of the Blue
6.2

ဒီတစ်ခါတော့ မိန်းမမာယာ သဲကိုးဖြာကိုမှ အကွက်ကွက်ကျကျလေးရိုက်ပြသွားတဲ့ ရုပ်ရှင်လေးတစ်ကား တင်ဆက်လိုက်ပါတယ် မိန်းမမာယာတောင်မှ နှစ်ယောက်ဆိုတော့ ဘယ်လိုမှကိုနွံထဲကရုန်းမထွက်နိုင်အောင်ဖြစ်ရပြီပေါ့ဗျာ အရင်က လူသေမှုနဲ့ထောင်ကျခဲ့တဲ့ ကွန်နာဆိုတဲ့ကောင်လေး ဟာ ကမ်းခြေကိုသွားရင်း မာရီလင်းဆိုတဲ့ မမကြီးနဲ့ ဆုံခဲ့ကြတာပါ အဲဒီနောက် မာရီလင်းက ကောင်လေးအလုပ်လုပ်တဲ့ စာကြည့်တိုက်မှာ စာအုပ်လာငှားရင်းနဲ့ ဆက်သွယ်မိခဲ့ရာက‌နေ ခွဲမရအောင်ချစ်မိသွားခဲ့ကြတာပေါ့ အဲဒီအချိန်မှာပဲ မာရီလင်းမှာ အရမ်းချမ်းသာတဲ့ယောကျာ်းရယ် လင်ပါသမီးလေးရယ်ရှိနေပြီး သူ့ကိုလည်းနှိပ်စက်ပါတယ်လို့ ကွန်နာ ကိုဆက်တိုက်ပြောဆိုရာကနေ နောက်ဆက်တွဲဖြစ်လာမဲ့ ဇာတ်လမ်းလေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲဗျာ File size…(1.7GB)/(908MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Thriller / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Adventure • Comedy • Crime • Drama
6.2 2022 105 mins
Out of the Blue
The First Myth: Clash of Gods
5.3

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom (三国演义) တို့လို ဂန္တဝင်စာပေဝတ္ထုဖြစ်တဲ့ Investiture of the Gods (封神榜) ကိုမှီငြမ်းထားတဲ့ ကားလေးတစ်ကားကို ချပြပေးလိုက်ချင်ပါတယ်။ ဒီထဲမှာ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့အတိုင်း ထီးနန်းစည်းစိမ်အာဏာမှာယစ်မူးနေတဲ့ ရှန်းခေတ်ရဲ့နောက်ဆုံးဘုရင် ရှန်းကျုတ်ဘုရင်က သူ့ထီးနန်းတည်တံ့ဖို့ရာ အပြစ်မဲ့ပြည်သူကို နှိပ်စက်ပြီးသစ္စာရှိတဲ့မူးမင်းမတ်ရာတွေကိုပြည်နှင်ဒဏ်စေလွှတ်ခဲ့တယ်။ ဒါကို အမတ်ချုပ်ဖြစ်တဲ့ကျန်းကျီယာကမနှစ်မြို့တာကြောင့် နတ်ဘွဲ့တံဆိပ်အပ်နှင်းတဲ့ စာလွှာကိုပြင်ဆင်ပြီး ကောင်းကင်ဘုံကသတ်မှတ်တဲ့ရှင်ဘုရင်သစ်ကို တင်မြှောက်ဖို့ကြိုးစားပါတယ်။ ကျန်းကျီယာကတော့ အမတ တစ်ပါးဖြစ်ပြီးသူ့ဆရာတူညီတော် ရှန်းကုန်းပေါက်ကတော့ရှန်းကျုတ်ရဲ့မင်းဆရာလည်းဖြစ်၊ ရှန်းကျုတ်ကိုအားပေးအားမြှောက်ပြုကာ စည်းစိမ်အာဏာမှာယစ်မူးနေခဲ့တယ်။ လောဘစိတ်ကို မငြိမ်းနိုင်တဲ့ရှန်းကုန်းပေါက်ကတော့ ဒီစာလွှာကိုယူပြီး စာလွှာရဲ့စည်းတံဆိပ်ကိုဖွင့်ကာ လူ့ပြည်မှာရှိတဲ့ အမတအပေါင်းတို့ရဲ့စွမ်းအားတွေကို ပိတ်လှောင်ပြီး လူ့ပြည်ကိုအုပ်စိုးခြယ်လှယ်ဖို့ကြိုးစားနေတာပေါ့။ ဒီလိုနဲ့ဝတ္ထုထဲမှာပါရှိတဲ့ စစ်သူကြီးယန်ကျန်,နီကျား, လေကျန်ကျီ,ထူရှင်စွန်းအစရှိတဲ့ အမတအပေါင်းတို့ကကျန်းကျီယာဖက်ကနေ ကူညီကာကွယ်ပေးရင်ဒီစာလွှာကိုကောင်းကင်ဘုံဆီ ပြန်လည်အပ်နှင်းဖို့ကြိုးစားကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာကြမလဲ။ ဘယ်လိုတွေအမတတွေရဲ့စစ်ပွဲမှာ ဓားစာခံအပြစ်မဲ့လူသားတွေက ဆင်းရဲဒုက္ခတွေခံစားရမလဲ။နောက်ဆုံးမှာ ဒီစာလွှာကဘယ်သူ့ လက်ထဲဆီရောက်သွားမလဲစတဲ့စိတ်ဝင်စားစရာအကြောင်းရာတွေကိုတော့ ဒီဇာတ်ကားလေးကနေ ကြည့်ရူစောင့်မျှော်လိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK

Action
5.3 2021 92 mins
The First Myth: Clash of Gods
Ouija: Origin of Evil
6.1

ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီ ကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်.. ၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး ၂. သချိုင်းမြေပေါ်မှာ မကစားရ ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ.. 2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်... အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ သူ့အမေနဲ့အစ်မဖြစ်သူနဲ့အတူ နေထိုင်ပြီး အမေ့ရဲ့ ဝိဉာဉ်ခေါ်ပွဲတွေမှာ ကူညီရသူလေးဖြစ်ပါတယ်... တကယ်တော့ ဝိဉာဉ်ခေါ်ပွဲတွေဟာ အလကားဖြစ်ပြီး ဟန်ဆောင်လိမ်ညာနေကြတာပဲဖြစ်ပါတယ်.. တစ်ရက်မှာတော့ ဒီကစားနည်းဟာ စိတ်ဝင်စားဖို့ကောင်းတာကြောင့် ဧည့်သည်တွေကို လှည့်စားဖို့ အသုံးပြုသင့်တယ်ဆိုတဲ့ သမီးကြီးရဲ့အဆိုအရ Ouija Board တစ်ခုဟာ အိမ်ပေါ်ရောက်လာပါတော့တယ်... သမီးငယ် Doris ဟာ အဖေနဲ့တွေ့ချင်စိတ်ကြောင့် ကစားနည်းကို တစ်ယောက်တည်းကစားကြည့်ခဲ့ရာက မကောင်းဆိုးဝါးဝိဉာဉ်တွေ နိုးထလာပါတော့တယ်... သူ့အမေကတော့ Doris ကို အပမှီနေတာကိုမသိဘဲ သူ့အဘွားဆီကပါရမီကို ဆက်ခံနိုင်တာပဲလို့ယုံကြည်ပြီး မကြာခဏအသုံးပြုခဲ့တာကြောင့် သမီးငယ်ရဲ့စိတ်ကို မကောင်းဆိုးဝါးတွေက လုံးဝအပိုင်ရသွားပါတော့တယ်... ဝိဉာဉ်တွေနဲ့ လိမ်ညာစားသောက်နေရာကနေ အမှန်တကယ် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လာရတဲ့အခါမှတော့ သူတို့တွေ ဘယ်လိုအန္တရာယ်ဆိုးမျိုးကြုံလာမလဲ.. တစ်အိမ်သားလုံး လွတ်မြောက်နိုင်ပါ့မလား... ရောက်ရှိနေတဲ့ဝိဉာဉ်တွေက ဘယ်သူတွေလဲဆိုတာကိုတော့ ............................... လှည့်ကွက်သိပ်မပါပေမယ့် နောက်ပိုင်းမှာ တော်တော်ကျောချမ်းစရာကောင်းတဲ့ဇာတ်ကားပါ... သရဲကားကြိုက်နှစ်သက်သူတွေအတွက်တော့ Ouija 1 ကြည့်ပြီးဖြစ်တာကြောင့် အထူးညွှန်းစရာမလိုဘူးလို့ထင်ပါတယ်.. ကစားနည်းကို စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်... Translated By Nyi Than Lwin Encoded By Joker.phs

Drama • Mystery
6.1 2016 99 mins
Ouija: Origin of Evil
Stoker
6.8

Stoker (2013) ~ IMDb – 6.8/10, Rotten Tomatoes – 70% ~ ဒီနှစ်မှာ Decision to Leave နဲ့ ပြန်ပေါက်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကြီး ပတ်ချန်းဝုရဲ့ ဟောလိဝုဒ်မှာ ရိုက်ခဲ့တဲ့ကားပါ။ IMDb – 6.8/10 နဲ့ RT – 70% ဆိုတော့ rating တွေကတော့ ကောင်းမြဲပါပဲ။ ဒါပေမဲ့ ပတ်ချန်းဝုလို ဆရာ့ဆရာကြီးအနေနဲ့ဆိုရင်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒီလိုအဖြစ်က ဖြစ်နေကျပါပဲ။ အာရှက ဂိဆရာတွေ ဟောလိဝုဒ်တက်ရိုက်လိုက်တိုင်းနီးပါးကို ဖြစ်နေကျ‌ပေါ့။ ဝေါင်ကာဝေးရဲ့ အနုဆုံးကားကလည်း သူဟောလိဝုဒ်တက်ရိုက်လိုက်တဲ့ကားပါပဲ။ ပတ်ချန်းဝုရဲ့ အနုဆုံးဆိုပေမဲ့လည်း ဒီရုပ်ရှင်က သူ့ဟာနဲ့သူတော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ Thriller ကားပီသစွာပဲ တစ်စတစ်စချင်း ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ ပတ်ချန်းဝုကားပီပီသသ မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်စကေးပြခွင့်ရတဲ့ကားဆိုလည်းမမှားပါဘူး။ ဘာလို့ဆို တစ်ကားလုံး လူများများစားစားမပါလှပဲ ဒီ၃ယောက်တည်းကိုပဲ အသည်းယားစရာကောင်းအောင် ရိုက်ပြနေတာမို့ပါ။ မင်းသမီးကတော့ အံ့ဖွယ်ကမ္ဘာထဲက အဲလစ်အဖြစ်နာမည်ကြီးပြီး ဒီနောက်ပိုင်း ကားကောင်းတွေမှာပဲ သရုပ်ဆောင်တော့တဲ့ Mia Wasikowska ရယ်၊ လွတ်လွတ်လပ်လပ် ဒေါက်ဖိနပ်စီးခွင့်ရသွားတဲ့ အန်တီနစ်ကိုးကစ်မင်းရယ်၊ နောက်ဆုံးနဲ့အကောင်းဆုံးကတော့ သူ့ထက် Art ပိုဆန်တဲ့ စူပါဟီးရိုးကား ခုထိမရှိသေးသလို အကောင်းဆုံးစူပါဟီးရိုးကားနည်းနည်းလေးတွေထဲ တစ်ကားဖြစ်တဲ့ Watchmen က Ozymandias အနေနဲ့လူသိများတဲ့ Matthew Goode ပါ။ ဒီသုံးယောက်ရဲ့ သရုပ်ဆောင်အားပြိုင်မှုကိုပဲ ပတ်ချန်းဝုက အသားပေး ရိုက်ကူးထားပါတယ်။ ထူးတာကတော့ ဒီရုပ်ရှင်ကို ထုတ်တဲ့သူက Ridley Scott ပါ ဂန္တဝင်သမိုင်းတွင် Sci-Fi ကားတွေဖြစ်တဲ့ Blade Runnerတို့ Alienတို့ကို ရိုက်ကူးခဲ့တဲ့သူပါ။ Oldboy တို့ The Handmaiden တို့လို ကားတွေကိုရိုက်ခဲ့တဲ့ ပတ်ချန်းဝုကားဖြစ်နေတာနဲ့တင် ဒီရုပ်ရှင်က တော်တော်တန်နေပြီကို ရစ်ဒလေစကော့ကလည်းထုတ်၊ မင်းသားမင်းသမီးတွေလည်း ကြမ်းတာမို့ Thriller ကြိုက်တဲ့သူတွေ၊ ပတ်ချန်းဝုကြိုက်တဲ့သူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 660MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 39Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
6.8 2013 99 mins
Stoker
Tchaikovsky’s Wife
6.6

Tchaikovsky’s Wife (2022) ~ IMDb – 6.6/10, Rotten Tomatoes – 86% ~ ဂေးတစ်ယောက်က သူဂေးတာ လူမသိအောင်လို့ မိန်းမတစ်ယောက်ကို ကာဗာယူပြီး လက်ထပ်လိုက်တယ်ဆိုတာသိလိုက်ရရင် အဲ့မိန်းမက ဘယ်လိုဖြစ်သွားမလဲ။ ၁၉ ရာစုတုန်းက ရုရှားပြည်က အဖြစ်တစ်ခုပါ။ ရုရှားသမိုင်းတလျှောက် အကျော်ကြားဆုံး ဂီတ တေးရေးစာဆိုတစ်ယောက်။ သူ့နာမည်က ချေကော့စကီးတဲ့… ဒီဘဲက လိင်တူချစ်သူဆိုပါတော့… ဒါကို ဘယ်သူမှမသိကြဘူး။ သူ့ထက် အသက်တစ်ဝက်လောက်ငယ်တဲ့ နီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က သူ့ကို အတင်းကြီး ချစ်ပါတယ် ကြိုက်ပါတယ် ယူပါရစေဆိုပြီး တောင်းဆိုလာတယ်။ အဲဒီခေတ်မှာ လိင်တူတိမ်းညွတ်မှုက လက်မခံနိုင်စရာဖြစ်လေတော့ ချေကော့စကီးက လူပြောမခံရအောင် နီနာကို ကာဗာယူဖို့ ဆုံးဖြတ်လိုက်တယ်။ အကိုကြီးတယောက်လိုချစ်လို့ရပါတယ်ဘာညာပြောပြီး လက်ထပ်လိုက်ရော။ ချေကော့စကီးက မိန်းမဆို လုံးဝမကြိုက်ဘူး။ အထိလဲမခံဘူး။ နီနာကတော့ မသိရှာဘူး။ ချေကော့စကီးမှ ချေကော့စကီးပဲ။ အရမ်းကိုချစ်ရှာတယ်။ ကြာလာတော့ ဘဲကြီးက စိတ်ကုန်ပြီး ကွာရှင်းဖို့ ကြိုးစားတယ်။ နီနာက လုံးဝကွာမပေးဘူး။ သူသိပ်ချစ်တဲ့ယောက်ျား… အဖိုးတန်လေးကိုး။ သူဟာ ချေကော့စကီးရဲ့ ထာဝရဇနီးလို့ ခပ်တင်းတင်းခံယူထားတယ်။ ချေကော့စကီးဟာ ဂေးမှန်း သူသိလိုက်ရတာတောင် သူ့ယောက်ျားကို လက်မလွှတ်ပေးနိုင်ဘူးဖြစ်နေတယ်။ မိန်းမဆီ တစ်ချက်လေးတောင် ပြန်မလာတဲ့ ဂေးကိုမှ အချစ်ကြီးချစ်မိလေသူ နီနာနဲ့ မိန်းမဆို မသတီတဲ့ ချေကော့စကီးတို့ကြားက အိမ်ထောင်ရေး လွန်ဆွဲမှု… ချေကော့စကီးရဲ့ ညီအကိုတွေကတောင် ကွာရှင်းဖို့ ဝိုင်းပြီးဖိအားပေးတာခံရတဲ့ နီနာရဲ့ အချစ်စွမ်းအားက ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ… နောက်ဆုံးမှာ သူတို့အိမ်ထောင်ရေးက ဘယ်လိုတွေအဆုံးသတ်သွားမလဲ… စတဲ့အကြောင်းအရာတွေကို ဇာတ်ကားထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 23Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
6.6 2022 144 mins
Tchaikovsky’s Wife
North Face
7.4

North Face ရုပ်ရှင်ဟာ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ်အခြေခံပြီးရိုက်ကူးထားတဲ့ ဂျာမန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်. ၁၉၃၆ ခုနှစ်မှာ ဥရောပတောင်တန်းတွေထဲက အန္တရာယ်အများဆုံးတောင်တွေထဲက တောင်ကြီးရဲ့ မြောက်ဘက်ခြမ်းကို အခြားနိုင်ငံက တောင်တက်သမားတွေနဲ့ ယှဉ်ပြိုင်တက်ရောက်တဲ့ ဂျာမန်တောင်တက်သမား ၂ ဉီးရဲ့အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်. ဂျာမန်သမိုင်းနောက်ခံ ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Phillip Stolzl မှရိုက်ကူးတင်ဆက်ထားပါဖြစ်ပါတယ်. ၂၀၀၉ ခုနှစ် ဂျာမန်ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု, အကောင်းဆုံး အသံဆုတို့အပြင် ရုပ်ရှင်ဝေဖန်ရေးဆု ၂ ဆုကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.8GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Adventure, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Joe Joe

7.4 2008
North Face
Head Count
5.5

ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းခဏတာပိတ်တဲ့အတွက် အဲဗန်ဟာ အစ်ကိုဖြစ်သူပေတန်ဆီကို အတူနေဖို့ထွက်လာပါတယ်။ ပေတန်က ဥယျာဉ်မှာ သဘာဝတရားကိုခံစားရင်းနဲ့အေးချမ်းတည်ငြိမ်တဲ့ ဘဝကိုတည်ဆောက်နေပါတယ်။ အဲဗန်လည်းရောက်သွားတော့ ပေတန်က ညီဖြစ်သူနဲ့အတူအချိန်ကုန်ချင်တဲ့အတွက် ဥယျာဉ်ထဲမှာတောင် တက်ဖို့ပြောတယ်။ ညီအစ်ကိုနှစ်ယောက် စကားပြောရင်းနဲ့ခရီးဆက်လာကြပြီး တောင်ကုန်းတစ်နေရာအရောက်မှာ လူငယ်တစ်ချို့နဲ့ဆုံဖြစ်တယ်။ အဲဗန်ဟာ အဲ့အဖွဲ့က ဇိုး ဆိုကောင်မလေးကိုသဘောကျသွားတယ်။ ဒါကို ဇိုး ရဲ့သူငယ်ချင်း ကမ်မီးလ်က သတိထားမိပြီးဝင်ရောက်ကြံဖန် ပေးလိုက်တဲ့အခါ တစ်ဖွဲ့လုံးနဲ့ခင်သွားတယ်။ညနေစောင်းပြန်ကြတဲ့အခါ ကမ်မီးလ်က အဲဗန်နဲ့ပေတန်ကိုသူတို့ဆီလာဖို့ဖိတ်ခေါ်တယ်။ ပေတန်ကမလိုက်ပေမယ့်ညီဖြစ်သူကို သွားခွင့်ပြုလိုက်တယ်။ ညအရောက်မှာတော့ လူငယ်တွေပီပီသောက်စားမူးယစ်ကြရင်းနဲ့ သရဲအကြောင်းပြောကြတယ်။ အဲဗန်အလှည့်လည်းရောက်ရော မပြောတတ်တာနဲ့ အင်တာနက်ပေါ်က ဇာတ်လမ်းတစ်ပုဒ်ကို ကျပန်းရွေးပြီးဖတ်ပြလိုက်တယ်။ အမှတ်မထင် အဲဗန်ဖတ်ပြတဲ့ ဇာတ်လမ်းက မကောင်းဆိုးဝါးဆင့်‌ခေါ်တဲ့ မန္တာန်ပါနေတဲ့အခါမှာ…….. File size…1.09 GB / 513 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama
5.5 2018
Head Count
The Killer
7.8

The Killer (1989) ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်… ဂျွန်ဝူးရဲ့ရွှေခေတ်…. ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ရရင်လည်း လူပီပီ နာပြကျင်ပြ ခံစားပြတယ်။ လူကိုး။ ခိုးကိုးရာမဲ့ချိန် တစ်ချိန်ချိန်မှာ စိတ်ရဲ့အမြင့်ကလည်း ပြုတ်ကျလာတတ်တာပဲ။ဒီအက်ရှင်ကားရဲ့ တစ်ချို့အခန်းတွေဟာ ရင်ထဲနင့်စရာ သိပ်ကောင်းတယ်။ ဂျွန်ဝူးဟာ သူ့ခေတ်သူ့အခါက တကယ်တော်ခဲ့တဲ့ ဆရာတစ်ပါးပါပဲ။ ရုပ်ရှင်ကိုတောင် ရိုက်နေရင်းမှ ဇာတ်ညွှန်းရေးခဲ့တဲ့သူ တစ်ယောက်ပါ။ နောက်ဒီရုပ်ရှင်ကို ရိုက်ရာမှာ ပီပီပြင်ပြင်ရှိစေဖို့ ဂျွန်ဝူးဟာ တကယ့်သေနတ်အစစ်တွေသုံးပြီး ရိုက်ခဲ့တယ်။ လမ်းမပေါ် ရိုက်တဲ့အချိန်ဆို ဖြတ်သွားဖြတ်လာ လူတွေကတောင် ဓားပြတိုက်နေတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိပါပဲ။ 1991မှာ အနောက်ကလူတွေက ဒန်ဇယ်ဝါရှင်တန်နဲ့ Remakeလုပ်ဖို့ ကြံခဲ့ကြပါတယ်။ နောက်ကျ ဟောလိဝုဒ်က ဒန်ဇယ်နဲ့ Remake လုပ်ဖို့ အဆင်မပြေတော့ ကီယာနူးရိဗ်ကို ငှားခဲ့ပေမဲ့ သူကတော့ ငြင်းလိုက်ပါတယ်။ မငြင်းရင်လည်း အဆင်ပြေမယ်မထင်ပါဘူး။ သို့ပေမဲ့ ကီယာနူးရိဗ်ဟာ John Wickမှာမှ The Killerကို Inspiration ယူခဲ့တယ်။ အစမှာတော့ ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ပြောကြတာကို နည်းနည်းလွန်တယ် ထင်မိပေမဲ့ ဇာတ်အသိမ်းမှာတော့ ငြင်းဆန်နိုင်စွမ်း မရှိတော့ဘူး။ ဒါရိုက်တာဟာ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ့် အရသာတစ်ခုကို ထပ်ဆောင်းပေးခဲ့လိုက်ပြီ။ ဒီအရသာက ကျွန်တော် ဘယ်တော့မှ မေ့တော့မှာမဟုတ်တဲ့ အရသာတစ်ခုပဲ။ ရုပ်ရှင်အပြီးမှာ တစ်ခုသောစာသားကလေးကိုပဲ ကျွန်တော် ပြေး သတိရမိတယ်။ ” ဘဝသည် နာကျင်ဖွယ်အတိနဲ့ ကြင်နာတတ်ကြောင်း ပြလိမ့်ဦးမည်”တဲ့…… (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.3GB, 890MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 51Min Type – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.8 1989 110 mins
The Killer
Glengarry Glen Ross
7.7

IMDb – 7.7/10 နဲ့ Rotten Tomatoes – 95% အထိ ရရှိထားတဲ့ Old but Gold လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ “ပူလစ်ဇာ” ဆုရ ပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ရုပ်ရှင်မှာလည်း Oscar nomination တစ်ခု အပါအဝင် ဆုပေါင်း ၈ ဆု ရရှိခဲ့ပြီး ၁၄ ဆု ဇကာတင်ချိတ်ခဲ့တာမို့ ၁၉၉၀ ခုနှစ်တစ်ဝိုက် အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Cast မှာလည်း Godfather ကြီး Al Pacino, Horrible Boss ကြီး Kevin Spacey, The Rock ရုပ်ရှင်ထဲက နှလုံးလှလူမိုက်ကြီး Ed Harris တို့အပါအဝင် ဟောလိဝုဒ်ရဲ့ထိပ်တန်းမင်းသား/ဇာတ်ပို့ သရုပ်ဆောင်တွေချည်း အသုံးပြုထားတာမို့ ကြည့်ရတာ အင်မတန်မှ စီးစီးပိုင်ပိုင်ရှိလှမှာပါ။ • ဇာတ်လမ်းအကျဉ်း • ဇာတ်လမ်းကတော့ အိမ်ခြံမြေအရောင်းကိုယ်စားလှယ် လေးယောက်ရဲ့ဘဝထဲက နှစ်ရက်တာအတွင်း ဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေပါ။ ပြောရရင် သူတို့ရဲ့အေဂျင်စီက လတ်တလော အင်မတန်အရောင်းထိုင်းနေပါတယ်။ မြေကွက်တွေက ဘယ်လိုရောင်းရောင်း မထွက်တာမို့ အကြံအိုက်နေကြတုန်းမှာ၊ အေဂျင်စီပိုင်ရှင်တွေဆီကနေ တစ်ပါတ်အတွင်း ရောင်းအားအကောင်းဆုံးကိုယ်စားလှယ် နှစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေ အကုန်အလုပ်ဖြုတ်မယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကျလာတဲ့အခါ… ထမင်းအိုးမကွဲဖို့အရေး ဒီလေးယောက် ဘယ်လိုတွေရုန်းကန်ရမလဲ၊ ဉာဏ်နီ ဉာဏ်ဝါ ဉာဏ်ရောင်စုံဖြာပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လို‌တွေကျော်ကြ ခွကြမလဲဆိုတာကို Al Pacino တို့တစ်သိုက်ရဲ့ သဘာဝကျလှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားပေးကြပါဦးခင်ဗျာ။ File size…(2.1 GB)/(951 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Workplace drama, Crime, Drama, Mystery, Financial drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Random Guy

7.7 1992 100 mins
Glengarry Glen Ross
(2024)
6.9

1995 (2024) IMDb Rating (6.9) 1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။ IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။ ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။ ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့ နာမည်ကြီး The Race ဆိုတဲ့ ရှိုးပွဲကနေ သူ့ကိုအင်တာဗျူးလာဖြေဖို့ဆက်သွယ်လာပါတော့တယ်။ အဲ့ဒီအချိန်မှာတင် ရီကာဒိုရဲ့ဘ၀က စတင်တစ်ဆစ်ချိုးပြောင်းလဲသွားပြီး သူချစ်တဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရတယ် ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရတယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Saw Lay ဖြစ်ပါတယ်။) File size…(1.6 GB) / (760 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:59:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Saw Lay

6.9 1995 120 mins
(2024)
My Dog Skip
7

My Dog Skip (2000) IMDb Rating (7.0) / Rotten Tomatoes (73%) ဖြစ်ရပ်မှန်ကို အခြေခံပြီး Emotional ဆန်ဆန် ရိုက်ထားတဲ့ ကားလေးဆိုရင်ရော ကြိုက်ကြလားဗျ။ ဝေဖန်ရေးသမားတွေရဲ့ပါးစပ်ဖျားကမချ ဖြစ်ခဲ့ရတဲ့ ဆုပေါင်းများစွာရရှိခဲ့တဲ့ ဒီကားလေးကတော့ Forrest Gump တို့လို vibe မျိုးရတာကြောင့် ကြည့်သင့်တဲ့ကားတွေထဲက တစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ စစ်ပွဲကာလအတွင်း 1942ခုနှစ်ရဲ့ နွေရာသီအချိန် ဝီလီဆိုတဲ့ကောင်လေးက ခွေးတစ်ကောင်ကို မွေးနေ့လက်ဆောင်အနေနဲ့ မိဘတွေဆီက ရခဲ့ပါတယ်။ အိမ်နီးချင်းဖြစ်သူ ဘေ့စ်ဘော ချန်ပီယံ ဒေ့ဂျန်ကင် စစ်မှုထမ်းရမှာကြောင့် ဘေ့စ်ဘောသင်ပေးမည့်သူနှင့် သူငယ်ချင်း မရှိလို့ဆိုပြီး ဝီလီတစ်ယောက် စိတ်ညစ်နေသတဲ့။ ခွေးလေးနာမည်က “စကစ်” ပါ ပြီးတော့ ဝီလီကိုလဲ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေလာအောင် ကူညီပေးရင်းနဲ့ ဝီလီဘဝမှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ဖြစ်ပါတယ်) File size… (2.1 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Family Duration….01:35:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT

Adventure • Science Fiction • Action • Mystery
7 2000 95 mins
My Dog Skip
Presence
6.5

Presence (2025) IMDb Rating (6.5) / Rotten Tomatoes (88%) စိတ္တဇဟော်ရာရုပ်ရှင်အသစ် ထွက်လာပါပြီ။ Kill Bill တို့ Charlie’s Angels တို့နဲ့ အားလုံးကြိုက်ခဲ့တဲ့ မင်းသမီး Lucy Liu နဲ့ လောလောလတ်လတ် Bad Genius ထဲက မင်းသမီး Callina Liang တို့ အဓိက ပါဝင်ထားတာပါ။ ဇာတ်လမ်းကတော့ လှည့်ကွက်တွေနဲ့ ဇာတ်သိမ်းကျမှ အော် ဒီလိုကိုး ဆိုပြီး သိရတဲ့ ရုပ်ရှင်မျိုးဖြစ်လို့ အများကြီးတော့ မညွှန်းတော့ပါဘူး။ လင်မယားနှစ်ယောက်၊ သမီးတစ်ယောက် နဲ့ သားတစ်ယောက် အိမ်သစ်ကိုပြောင်းလာတယ်။ အိမ်ထဲမှာ တစ်ခုခုရှိနေသလို သမီးဖြစ်သူက ခံစားရတယ်။ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒါတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း အဖြေတွေ့လာတာကို ပြတာပါ။ ကင်မရာကို အိမ်ထဲမှာရှိနေတဲ့အရာကနေ ပြလိုက် မိသားစုတွေဘက်ကနေ ပြလိုက်နဲ့ လှုပ်ရှားမှုများများစားစားမပြဘဲ ကျောချမ်းစရာ ပြထားတာမျိုးပါ။ ဒီတော့ ဟော်ရာကို ပဟေဠိဆန်ဆန် ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (3.4 GB) / (1.3 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:24:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

Animation • Family • Science Fiction • Adventure
6.5 2025 84 mins
Presence
The Last Rodeo

Neal McDonough ဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားဖြစ်ပြီး Bull ridingကိုအဓိကထားရိုက်တဲ့ကားလေးဆိုလည်း မမှားပါဘူး။ အကျဉ်းချူပ်ပြောရရင် Joe Wainwright ဆိုတဲ့ character ဟာ အရင်က Professional bull riderဖြစ်ခဲ့ပြီး သူ့မိန်းမလည်းဆုံး၊ သူလည်းဒဏ်ရာတွေရပြီး နားလိုက်ရပါတယ်။ ဒါပေမယ့် သူနဲ့ဝါသနာတူတဲ့ မြေးလေးက တရက်ကျ ဦးနှောက်အကြိတ်ရှိနေတာ သိလိုက်ရပါတော့တယ်။ အဲ့တော့ Joeဟာ အသက်၅၀မှာ Championship ပွဲကြီးဝင်ပြိုင်ရပြီး သူ့မြေးလေး ခွဲစိတ်တာကို ပေးနိုင်ဖို့ ကြိုးစားရပါတော့တယ်။ သူအောင်မြင်အောင် ပထမဆုကိုဆွတ်ခူးနိုင်ပါ့မလား။ သူ့မိသားစုကို သူကယ်တင်နိုင်ပါ့မလားဆိုတာ ရင်တထိပ်ထိပ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phyu Thwe Zaw

Thriller • Adventure • Crime
0 2025
The Last Rodeo