YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

bosch.legacy.s01e09.720p(CM).mp4

375.69 MB N/A video/mp4 309 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Machine
6.5

Bert Kreischer (Machine) ဆိုတဲ့ comedian ကိုတော့လူတိုင်းလိုလိုကြားဖူးကြမှာပါ ဒီဇာတ်ကားကတော့ Bert ရဲ့ကိုယ်တွေ့ကျောင်းလေ့လာရေးခရီးကိုစိတ်ကူးယဉ်ဇာတ်လမ်းတွေထပ်ဖြည့်ပြီးရိုက်ကူးထားတဲ့ comedy and adventure movie ဖြစ်ပြီး IMDb 6.2/10 ရရှိထားပါတယ် ဇာတ်လမ်းထဲမှာ Bert ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး Star Wars မှာ Luke Skywalker အနေနဲ့လူသိများတဲ့ Mark Hamil ကတော့ Bert ရဲ့အဖေနေရာမှာသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းထဲမှာတော့ Bert က comedian တစ်ယောက်ဖြစ်ပြီးသူရုရှားမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုအမြဲ‌ဟာသလုပ်ပြောတတ်တဲ့သူပါ တစ်နေ့တော့သူ့ရဲ့အတိတ်ကလုပ်ရပ်တွေကြောင့်သူတို့သားအဖနှစ်ယောက်ရုရှားကိုပြန်ပေးဆွဲခံလိုက်ရပါတော့တယ် ဖြစ်ချင်တော့ ရုရှားမာဖီးယားတွေရဲ့ဂိုဏ်းလုတဲ့ပွဲမှာ Bert လုယူသွားခဲ့တဲ့ပစ္စည်းတစ်ခုကအဓိကဖြစ်နေခဲ့တာပါ သားအဖနှစ်ယောက်ရုရှားမှာပစ္စည်းကိုပြန်လိုက်ရှာရင်းရုရှားမာဖီးယား‌တွေကြားမှာဘယ်လိုအဖြစ်မျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Comedy, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Drama
6.5 2023 112 mins
The Machine
Ikai Dek Wat Chedi
6

ကိန်နဲ့ပီအက်တို့ ညီအစ်ကိုနှစ်ဦး တောင်ပိုင်းက ရွာတစ်ရွာကိုလာပြီးကြက်တိုက်ကြပါတယ်.. ကြက်တိုက်ပွဲမှာရှုံးသွားလို့ ပိုက်ဆံမပေးချင်တာ မြို့ခံလူမိုက်တွေဆီက ထွက်ပြေးရင်း စွန့်ပစ်ဘုရားကျောင်းတစ်ခုကိုရောက်သွားခဲ့ပါတယ် ... အဲဒီဘုရားကျောင်းက Sichon ပြည်နယ်မှာရှိပြီး ရှေးသမိုင်းအစဥ်အဆက်တည်းရှိလာခဲ့တဲ့ Nakhon Si Thammarat ခရိုင်မှာရှိတဲ့ဘုရားကျောင်းပဲဖြစ်ပါတယ် ... အဲဘုရားကျောင်းမှာဆိုရင် အသက် ၁၀ နှစ်အရွယ်ကောင်လေးတစ်ဦးက ရတနာတွေကိုစောင့်ကြပ်ပေးနေပါတယ်သူခိုးတွေရန်ကနေ.... ဒါမယ့်တစ်နေ့မှာတော့ ရတနာတွေကိုယူချင်နေတဲ့မြို့ခံတစ်ချို့နဲ့ ကိန် ပီအက်နဲ့ ခိုင်တို့ နိုက်ခိုက်ကြပါတော့တယ် .. အဲဒီကနေတဆင့် ဆန်းကြယ်မှုတွေဖြစ်ပွားလာပြီး အဲ ၁၀ နှစ်အရွယ်ကောင်လေးက ဘယ်ကလာပြီး ဘ့ာလို့ဒီဘုရားကျောင်းကိုစောင့်ကြပ်ပေးနေရတာလဲ ကိန်နဲ့ပီအက်ကရေ ာ ဒီအရှုပ်တော်ပုံထဲဘယ်လိုဝင်ပြီး ဘာတွေဆက်​ဖြစ်မလဲဆိုတာကိုတော့ ဒီသဘာဝလွန်ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြပါတော့..... File Size :(3.2GB) and (1.3GB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:54:00 Genre : Comedy,Fantasy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chian Encoded by Phyo Pyae

Action • Adventure • Family • Science Fiction
6 2023 115 mins
Ikai Dek Wat Chedi
Mere Desh Ki Dharti
7.2

Mere Desh Ki Dharti(2022) ဆိုတဲ့ အန္ဒိယဟာသ ဒရာမာလေးဟာ ကြည့်ရှူသူတိုင်းကို စိတ်ကျေနပ်မှုပေးမယ့် ဇာတ်ကားကောင်းလေးပါပဲ။ ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလိုမျိုးပဲ သင့်တော်တဲ့အလုပ်ဆိုတာ လူတိုင်းမရနေတဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ကြည့်ရှုရင်း အမောပန်းပြေရမယ့် ဇာတ်ကားလေးပါ။ အာဂျေးနဲ့စမီးရ် ဟာ လစာနည်းတဲ့ အင်ဂျင်နီယာတွေဖြစ်ကြပြီး သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေရုံလေးရုန်းကန်နေကြရပါတယ်။ အာဂျေးက လစာနည်းပါး၍ ချစ်သော ဖခင်ရဲ့ ဆူပူမှုတွေကြောင့် စိတ်ညစ်နေရသူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ချင်နေသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေရင်း လုပ်နိုင်သမျှ အားလုံးကိုလုပ်နေရသူပါ။ ဒါပေမယ့်လဲ လိုအပ်တဲ့ ငွေရေးကြေးရေးဟာ ရှာမရဘဲ အရာအားလုံးက တလွဲဖြစ်ဖို့ပဲ ဖန်တီးလာပါတယ်။ တစ်ချိန်ထဲမှာပဲ စမီးရ်ဟာ ဆိုရင် ကုမ္မဏီမှာ ရာထူးကောင်းပေမယ့် ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ နေရာမှာရှိမနေတဲ့အတွက် ချမ်းသာတဲ့ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ဆက်ဆံရေးအဆင်မပြေလှပါဘူး။ ရှားပါးလှတဲ့ ရာထူးတိုးအခွင့်ရေးကို စောင့်မျှော်နေရင်း ရာထူးတိုးဟာ သူအတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့သူငယ်ချင်းနှစ်ယောက် တခြားရွာတစ်ခုမှာ သတ်သေကြမယ်ဆိုပြီး တိုင်ပင်ပြီးထွက်ခွာသွားရာမှ ဘဝမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့ကြုံရပါတော့တယ်။ သတ်သေမှုမအောင်မြင်ဘဲ အဲဒီရွာလေးမှာပဲ ပိတ်မိနေပြီး တလွဲတွေဖြစ်နေတဲ့ ရွာသားတွေရဲ့ ဘဝကို ဝင်ရောက်ပြင်ဆင်ပေးဖို့ဖြစ်လာခဲ့ပါတော့တယ်။ ရွာမှာရှိနေတဲ့ လယ်သမားတွေရဲ့ သေဆုံးမှုနောက်ကွယ်က အကြောင်းအရာကို လိုက်လံရှာဖွေဖြေရှင်းရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…2.6GB  / 1.2GB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….1h 51mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Honeyey & OeliuJ & Lwin Htoo Aung

Comedy
7.2 2022 142 mins
Mere Desh Ki Dharti
Men
6.2

~ IMDb - 6.3/10, Rotten Tomatoes - 69% ~ A24 ဟာ တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးအောင်မြင်လာလိုက်တာ ဒီနှစ်ဆိုလည်း သူ့ပင်တိုင်လက်စွဲဒါရိုက်တာတွေဖြစ်တဲ့ Jordan Peele တို့ ရောဘတ်အက်ဂါတို့နဲ့ ကားမထုတ်ဖြစ်ပေမဲ့ တခြားနာမည်ကြီး ဒါရိုက်တာတွေ ဒါရိုက်တာအသစ်တွေနဲ့ ကားသစ်တွေထုတ်ခဲ့တာမှာ အကုန်လုံးနီးပါးလည်း အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ထွက်ပြီးသား A24ကားတွေကတော့ - " The Sky Is Everywhere, After Yang, X, Everything Everywhere All at Once နဲ့ Men " တို့တွေပါပဲ။ Everything Everywhere All at Once ဟာ A24 ရဲ့ ရုံဝင်ငွေအရရော အနုပညာအရရော စံချိန်တင်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို After Yang တို့ X တို့ကလည်း တကယ့်ရုပ်ရှင်ကောင်းတွေပါပဲ။ သို့ပေမဲ့ ဒီသုံးကားလုံးက သူတို့အရင်ကလက်မတွဲဖူးတဲ့ ဒါရိုက်တာတွေနဲ့ လက်တွဲရိုက်ကူးခဲ့တာပါ။ ဒီနှစ်မှာတော့ Ex Machina ကားနဲ့ A24 အတူ Debut လုပ်ခဲ့တဲ့ ဒါရိုက်တာ Alex Garland ရဲ့ Men ကို A24ကပဲ ထပ်ပြီးထုတ်ဝေခဲ့ပါတယ်။ Alex Garland ဟာ ရုပ်ရှင်သုံးကားပဲ ရိုက်ကူးထားပေမဲ့ သုံးကားလုံးအောင်မြင်ခဲ့ပါတယ်။ ပထမကား Ex Machina ဟာ တော်တော်အောင်မြင်ခဲ့သလို ဒုတိယကား Annihilation ကလည်း မခေပါဘူး။ ခုတတိယကားကလည်း ပရိသတ်တစ်ချို့ကတော့ တော်တော်သဘောကျနေကြပြီး ဝေဖန်ရေးသမားတွေကလည်း သရုပ်ဆောင်ပိုင်းနဲ့ Sound Design ပိုင်းကို တော်တော်ချီးကျူးထားကြပါတယ်။ Horror ကားတစ်ကားမှာ အသံကလည်း အသက်ပဲမို့လား။ စီနီမာလည်း လှပါတယ်။ ဇာတ်အိမ်အရမ်းကျဉ်းတာကလွဲ အပြစ်ပြောစရာမရှိတဲ့ ရုပ်ရှင်ကောင်းပါပဲ။ Folk horror Genre ကို ရိုက်ကူးထားတာပါ ။ ဒါရိုက်တာကောင်းရိုက်တာဆိုတော့ နည်းနည်းဇာတ်အိမ်ကျဉ်းသွားတာတောင် ကားကောင်းကားဆန်းကြီးဖြစ်နေတုန်းပါပဲ။ တော်တော်ထူးဆန်းတဲ့ ဇာတ်မို့ ဇာတ်လမ်းကိုတော့ မပြောပြချင်တော့ပါဘူး။ ဘာမှမသိဘဲကြည့်ရတာပိုအရသာရှိမှာပါ။ A24 ဖန်တွေ၊ Horror ဖန်တွေ၊ Alex Garland ဖန်တွေ၊ Ex Machina နဲ့ Annihilation ကို သဘောကျတဲ့လူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ တစိမ့်စိမ့် သိချင်စိတ်ကိုဆွပြီး တသိမ့်သိမ့်ကြောက်ရွံ့ခြင်းရသ ပါးပါးကို ရချင်တဲ့သူတွေအပြင် Body Horror ဖန်တွေလည်း ကြည့်သင့်ပါတယ်။ A24 ရဲ့ ရုပ်ရှင်ကားကောင်းတွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့မယ်လို့ပြောနိုင်ပေမဲ့ A24 ကိုက လူတိုင်းကြိုက်တဲ့ ကားမျိုးတွေဖြန့်ဝေတာမဟုတ်တော့ ဒီကားဟာလည်း လူတိုင်းကြိုက်တဲ့ကားဖြစ်မယ်လို့ အာမ, မခံနိုင်ပေမဲ့ ကားကောင်းတစ်ကားဆိုတာတော့ အာမခံနိုင်ပါတယ်။ 2022 ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ Men ကိုလည်းထည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 575MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 40Min Genre - Drama, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Drama • Romance
6.2 2022 100 mins
Men
Tyson’s Run
7

Tyson’s Run (2022) Wholesome ဖြစ်တဲ့ Family Friendly ဇာတ်ကားလေးဖြစ်ပါတယ်။ လောကမှာ ကိုယ်ရွေးချယ်လို့ရတဲ့အရာရယ် ကိုယ်ရွေးချယ်လို့မရတဲ့အရာရယ်ဆိုတာ ရှိစမြဲပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ရွေးချယ်လို့မရခဲ့ပေမဲ့ ကိုယ်ရထားတဲ့ဘဝကို ဘယ်လိုရှေ့ဆက်ရှင်သန်မယ်ဆိုတာကတော့ ရွေးချယ်လို့ရရဲ့မဟုတ်လား။ ဘော်ဘီဟိုလာမန်းက စတန်းဘရေ့ချ်မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးပါ။ ဘယ်လိုအထင်ကရဖြစ်တာလဲဆိုတော့ စတန်းဘရေ့ချ်မြို့ ဂရေးဟောင်း အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းနည်းပြအနေနဲ့ ဂရေးဟောင်းအသင်းကို ခုနစ်နှစ်ဆက်တိုက် ရှုံးပွဲမရှိတဲ့အသင်းဖြစ်စေခဲ့ပြီး ပြည်နယ်ကိုယ်စားပြုချန်ပီယံဆုကို ငါးနှစ်ဆက်တိုက် ဆွတ်ခူးစေခဲ့လို့ပါပဲ။ ဒီလိုမြို့ခံလူထုက လေးစားရတဲ့သူ့မှာ တိုင်ဆန်ဆိုတဲ့ ၁၅ နှစ်အရွယ်သားလေးရှိပါတယ်။ ကံဆိုးရှာတာက တိုင်ဆန်ဟာ အော်တစ်ဇင်ဖြစ်နေရှာတာပါပဲ။ ဒါပေမဲ့လည်း တိုင်ဆန်ဟာ ဘောလုံးနည်းပြကြီး သူ့အဖေ ဂုဏ်ယူရတဲ့သူ ဖြစ်အောင် လုပ်ပြချင်ရှာတယ်။ တစ်နေ့ သူတို့မြို့မှာ မာရသွန်အပြေးပြိုင်ပွဲကြီး ကျင်းပမယ်ဆိုတော့ တိုင်ဆန်က သူလည်း ဝင်ပြိုင်ချင်တယ်ဆိုပြီး သူ့မိဘတွေကို ပူဆာရှာတာပေါ့။ ဒါပေမဲ့ စိတ်ပူတတ်တဲ့မိခင်နဲ့ မလုပ်နိုင်ဘူးထင်တဲ့ဖခင်က တားကြလေရဲ့။ ခေါင်းမာတဲ့ တိုင်ဆန်တစ်ယောက် ချန်ပီယံဟောင်းအာခလိလုနဲ့ အမှတ်မထင်ခင်မင်ရင်းနှီးသွားရာက သူ့အိပ်မက်တွေ တကယ်ဖြစ်လာပါ့မလားဆိုတာကတော့ .. ထူးခြားတာက တိုင်ဆန်အဖြစ် သရုပ်ဆောင်တဲ့မင်းသားက အပြင်မှာလည်း အော်တစ်ဇင်ဖြစ်နေတာပါတဲ့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.3GB, 982MB & 474MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 43mins Genre : Drama Translated by May Myat Thu Encoded by Kinnov

Animation • Comedy • Family
7 2021
Tyson’s Run
The House of the Devil
6.3

The House of the Devil (2009) ~ IMDb – 6.3/10, RT – 85%, Shudder – 3.8/5 ~ ပြောရရင် ဒီရုပ်ရှင်ကို ကျွန်တော်စိတ်ဝင်စားသွားတာက A24 ဖန်ဂရုထဲက ပို့စ်တစ်ခုကြောင့်ပါပဲ။ အကျဉ်းဖျဉ်းပြောရရင် ခုလက်ရှိမှာ Ti West ရဲ့ Pearl ရုံတင်နေတယ်။ အဲဒီကားက တော်တော်လေး လူကြိုက်များ‌နေသလို မာတင်စကေးဆဲစီလို ဂန္ထဝင်ဒါရိုက်တာကြီး ကိုယ်တိုင် ချီးကျူးတာတောင် ခံရတယ်။ သူ့ရှေ့က အောင်မြင်ခဲ့တဲ့ X ရဲ့ ရှေ့ဆက်တွဲလည်း ဟုတ်နေတာကိုး။ ဒီတော့ ဘဲတစ်ပွေက Ti West က Roger Ebert တို့ Aris Aster တို့လို တန်းဝင်လာပြီ ဘာညာပြောတယ်။ အဲဒီမှာပြန်မန့်ကြတာက Ti West ရဲ့ The House of the Devil (2009) ကြောင့် ဒီကားတွေ လမ်းစပွင့်ခဲ့တာ ဘာညာပေါ့။ ဒီလိုနဲ့ ကြည့်ဖြစ်သွားတယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ သူတို့၂ယောက်စလုံးမှာ ဒီလိုယုံကြည်ကိုးကွယ်မှုတစ်ခုကို အခြေတည်ထားတဲ့ ကားတွေရှိပါတယ်။ The House of the Devil ဟာ Horror ကားပေမဲ့ ရုပ်ရှင်ပွဲတော်တစ်ချို့က ဆုတွေရထားပြီး ငြိမ်ငြိမ်‌လေးနဲ့ကို မထင်ရင်မထင်သလို လန့်စရာကောင်းပါတယ်။ ၈၀ပြည့်နှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ 16mm ဖလင်ကို သုံးပြီး retro စတိုင်ရိုက်ကူးထားတာမို့ ၂၀၀၉ကားပေမဲ့ သူ့ထက်ရှေးကျတဲ့ ကလပ်စစ် Horror ကားတွေလို ခံစားရမှာပါ။ ရိုက်ကူးတဲ့အချိန်က ၁၉ရက်တည်းပေမဲ့ ဆရာရိုက်တဲ့ကားဆိုတော့လည်း ဆရာအထာထွက်လာတာပါပဲ။ Horror ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ Ti West ရဲ့ Horror ကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 920MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Fantasy
6.3 2009
The House of the Devil
Chopper
7.1

ဒီဇာတ်ကားကတေ့ာသြစတေးလျလူမိုက် ချော့ပါ ရိဒ်ရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။အမေရိကမှာ အယ်ကပုန်း အင်္ဂလန်မှာ ကရေးညီနောင်တို့လိုပဲ သြစတေးလျမှာအပီအပြင်ကြမ်းခဲ့တဲ့လူမိုက်ကြီးပါ။သြစတေးလျရဲ့ရောင်းအားအကောင်းဆုံးဖြစ်တဲ့ From The Insideဆိုတဲ့ Chopperကြီးရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကိုအခြေတည်ပြီးရိုက်ကူးထားပါတယ်။ဆိုးသွမ်းတဲ့ပြစ်မှုတွေကျူးလွန်သလောက် သူ့ချစ်ခင်သူ သူငယ်ချင်းတွေအပေါ်ဘယ်လိုအနစ်နာခံပုံ၊သူ့ရဲဉာဏ်ကောင်းပုံနဲ့အကွက်ရွှေ့တတ်ပုံတွေကိုလည်းမြင်တွေ့ရမှာပါ။ဖြစ်ရပ်မှန်လူမိုက်ကားရှာနေတဲ့ပရိသတ်ကြီးတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။Chopper ကြီးရဲ့နေရာကနေတော့ Hulkမင်းသားကြီးEric Banaကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…1.07 GB / 449.5 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

7.1 2000 94 mins
Chopper
Beasts of the Southern Wild
7.2

Beasts of the Southern Wild (2012) ~ IMDb – 7.2/10, RT – 86%, Meta – 86% ~ ဟာရီကိန်း မုန်တိုင်းကြီး လာတော့မယ်တဲ့… လူဝီစီယားနားမြစ်ဘေးက ‘ရေချိုးကန်’လို့ ခေါ်ကြတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ တချို့က ကြောက်လို့ ပြေးကြပြီ။ တချို့ကတော့… “အို… ငါတို့ဒီမြစ်ဘေးမှာ တသက်လုံး နေလာတာ… ဒါငါတို့အိမ်၊ ဒါငါတို့ကျွမ်းကျင်ရာမြေ… ဘာကိုများ မှုနေရဦးမလဲ…” ဟုတ်ပါရဲ့… မြစ်နံဘေးမှာ နေသူတွေအဖို့ မုန်တိုင်းနဲ့အတူ ပါလာမယ့် ရေကိုပဲ အပိုလုပ် ကြောက်နေရဦးမလား… ဝေးသေးတယ်။ အစိုးရက မြောက်ပိုင်းကို ပင်လယ်ရေတက်တာလာကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ရေကာတာရဲ့နောက်မှာ သူတို့ရဲ့ ‘ရေချိုးကန်’လေး ရှိနေတာ။ ဝင့်ခ်ကတော့ ခေါင်းမာရဲတင်းသူပီပီ ဘာကိုမှ အကြောက်အလန့်မရှိ… ဒါပေမဲ့ သူစိုးရိမ်တာတခုက သူမရှိတော့တဲ့နောက် သူ့သမီးလေး ဟက်ရှ်ပက်ပီ တစ်ယောက်တည်း ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ ဟက်ရှ်ပက်ပီကို ယောက်ျားလေးတစ်ယောက်လို၊ တောတွင်းသူတစ်ယောက်လို နေတတ်ထိုင်တတ်စားသောက်တတ်ဖို့၊ ဘယ်သူ့မှ အားကိုးစရာမလိုအောင် သူသင်ပေးတယ်။ မုန်တိုင်းကြီးရောက်လာပါပြီ။ သူ အရှေ့ထွက်ပြီး ဒီမုန်တိုင်းကို ရင်ဆိုင်တယ်။ ကိုယ့်အိမ်ကိုယ်ယာကို ချစ်တတ်သူ မိတ်ဆွေတစ်စုနဲ့ မုန်တိုင်းကြားထဲ ကြံ့ကြံ့ခံနေတယ်။ ရေတွေတက်လာလဲ လှေပေါ်တက်ပြီး မျှောနေကြတယ်။ အဆင်ပြေသလို နေကြတယ်။ ကိုယ့်ဒေသလေးမို့ ဘာနေနေ ပျော်စရာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ရက်ကြာလာတော့ သူတို့ အခက်တွေ့ရပြီ။ စားစရာရှားလာပြီ။ နေထိုင်ဖို့ ခက်ခဲလာပြီ။ အစိုးရက ဒီနယ်မြေကနေ အမြန်စွန့်ခွာကြဖို့ သတိပေးတယ်။ အိမ်ချစ်သူတစ်စုဟာ ဒီနေရာလေးကိုပဲ မက်မက်မောမော ဖက်တွယ်နေကြ… မစွန့်ခွာရက်ကြ… စားစရာ၊ နေစရာပေးပါမယ်… ဒုက္ခသည်စခန်းကို လာပါဆိုတာတောင် မသွားချင်ကြ… ဒေသချစ်စိတ်နဲ့ အခက်အခဲဒုက္ခတွေရဲ့ လွန်ဆွဲပွဲမှာ ဘယ်လိုတွေ ဆက်ဖြစ်လာကြမှာလဲ… သေမယ်ဆိုရင်တောင် ကိုယ့်တဲကုပ်လေးထဲမှာပဲ ခေါင်းချသွားချင်တဲ့ သူတို့… ဟက်ရှ်ပက်ပီတစ်ယောက် လောကကြီးထဲမှာ ဘယ်လိုတွေ ဆက်လက်ရှင်သန်ဖို့ ကြိုးစားမလဲ… ဒါတွေကို Beasts of the Southern Wild ဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပြီး ဒီထဲက ဇာတ်ဆောင်ကလေးတစ်ယောက်ဖြစ်တဲ့ ဟက်ရှ်ပက်ပီနေရာက မင်းသမီးလေး ဝယ်လစ်ဟာ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ပဲ ၉နှစ်အရွယ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်ဝင်တဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး မင်းသမီး ဖြစ်လာခဲ့တာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 33Min Genre – Adventure, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

7.2 2012
Beasts of the Southern Wild
All Jacked Up and Full of Worms

(အဖော်အချွတ်ခန်း ကိုယ်လုံးတီးများ သွေးထွက်သံယို ရွံစရာ ပြကွက်များနှင့် အကောင်ပလောင်များ ပါဝင်သောကြောင့် ကလေးသူငယ်များ မကြည့်ရှုသင့်ပါ။) ဇာတ်လမ်းက ပြောရမယ်ဆို ဘာပြောရမှန်းတောင် မသိပါဘူး။ တီကောင်တွေကို စိတ်ကြွထင်ယောင်ထင်မှားဖြစ်စေတယ်ဆိုပြီး မူးယစ်ဆေးအနေနဲ့လုပ်ပြီး သုံးစွဲနေကြတာက အဓိကပေါ့နော်။ အဲဒီမှာ ချစ်သူဖြစ်တဲ့ကောင်မလေးက ဟစ်ပီဆေးတွေ ချခိုင်းပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ဘဲပါမယ်။ နောက်ပြီးတော့ ကလေးလိုချင်တယ်ဆိုပြီး ပရမ်းပတာ အရုပ်ကြီးတွေဝယ် ကလေးရူး ရူးနေတဲ့ ဝတုတ်ကြီးတစ်ယောက် ရှိမယ်။ အူကြောင်ကြောင် တီဗီအစီအစဉ်တွေ ကြည့်ပြီး ဂေါက်သီးထ တီကောင်တွေကျွေးနေတဲ့ ပြည့်တန်ဆာမ တစ်ယောက်ရှိမယ်။ လမ်းမပေါ်တင် ဖြစ်ချင်ရာဖြစ် သောင်းကျန်းချင်ရာ သောင်းကျန်းနေတဲ့ အာရှသူတစ်ယောက်နဲ့ ဂျိုကာလို လူပြက်တို့ စုံတွဲတစ်တွဲလည်း ရှိမယ်။ ဒီလူတွေအားလုံးက ဒီလို ရွံစရာကောင်းတဲ့ တီကောင်မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လိုဇာတ်ရှုပ်ကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ File size…(1.6 GB)/(854 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:12:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

0 2022 72 mins
All Jacked Up and Full of Worms
Mrs. Influencer
7

Senora Influencer (2023) အခုခေတ်မှာ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းရဲ့နိစ္စဓူဝမှာ မပါမဖြစ်အရာတစ်ခု ဖြစ်လာနေပါပြီ။ ကိုယ်တိုင်သိ၍ဖြစ်စေ မသိ၍ဖြစ်စေ တန်ဖိုးရှိတဲ့အချိန်တွေကို ဆိုရှယ်မီဒီယာမှာ မွှေနှောက်ရှာဖွေရင်း အတင်းအဖျင်းတွေ ပွဲတွေရှာဖတ်ရင်း ဖြုန်းမှန်းမသိ ဖြုန်းမိနေတာပေါ့။ ဒီလိုပြော‌နေတဲ့ ကျွန်တော်သည်လည်း ဆိုရှယ်မီဒီယာမှာ နစ်မျောနေတဲ့သူတစ်ယောက်ပါပဲ။ ဒါပေမဲ့ လိုတာထက်ပိုလာရင် ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ကလေးတွေအတွက်တော့ ဒီဆယ်လီရူးရောဂါက အတော်ကြီးတဲ့ဒုက္ခဖြစ်လာမှာပါ။ အခုဒီကားလေးကတော့ ဆိုရှယ်မီဒီယာရဲ့ လူထုအပေါ်သက်ရောက်မှုကို တစ်စေ့တစ်စောင်း မီးမောင်းထိုးပြထားတာပေါ့။ ဖာတီမာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါကြောင့် ကုသမှုခံယူနေရတဲ့သူပေါ့။ ဒါပေမဲ့ အရူးကိုအရူးလို့ပြောရင် အရူးစိတ်ဆိုးသလိုပဲ ဖာတီမာကိုလည်း သူ့မိဘတွေက စိတ်ရောဂါကုဖို့ပြောရင် ဖာတီမာ အရမ်းစိတ်ဆိုးပါတယ်။ ဒါပေမဲ့လည်း မကုရင် ရင့်လာမယ့်ရောဂါဆိုတော့ အဖေကဘာမှမေးနေပြောမနေတော့ဘဲ ဖာတီမာကို ဆေးတွေအတင်းတိုက်ပြီး အိမ်ထဲပိတ်ထားတာပေါ့။ ဒီလုပ်ရပ်က မှန်လားမှားလားတော့မသိပေမဲ့ ဖာတီမာအတွေးထဲမှာတော့ အဖေကသူ့ကိုအဆိပ်တိုက်ပြီး အိမ်ထဲပိတ်ထားတယ်၊ အမေကလည်း သူ့ကိုယ်သူသတ်သေသွားတယ်ဆိုတဲ့ စိတ်ဒဏ်ရာတွေ ကြီးစိုးနေတာပေါ့။ တစ်နေ့မှာ ဖာတီမာတစ်ယောက် အဖေ့ပိုက်ဆံကိုခိုးပြီး ဂျက်ကီဆိုတဲ့ life style influencerရဲ့ ဆွေးနွေးပွဲတက်ရာကနေ ဂျက်ကီရဲ့ ကမ္ဘာကြီးကို မဟားတရားအကောင်းမြင်တဲ့ အချိုသပ်စကားတွေထဲ မျောပြီး အရူးတောင်ပံတပ်‌သလို ဖြစ်‌နေချိန် ဖုန်းဝယ်လိုက်ချိန်မှာတော့ ဘဝမှာကွက်လပ်တွေပြည့်နေတဲ့ ဖာတီမာအတွက် ဆိုရှယ်မီဒီယာက အသက်တမျှဖြစ်လာပါတော့တယ်။ ဂျက်ကီရဲ့ ဇွတ်အကောင်းမြင်ဩဝါဒတွေနဲ့ ဆိုရှယ်မီဒီယာကနေ ချပြရင်း နာမည်ကြီးဖို့ ဖာတီမာကြိုးစားနေပေမဲ့ ချော်တောငေါ့တလွဲတုံ့ပြန်မှုနဲ့ နာမည်ကြီးသွားပါတော့တယ်။ တလွဲဆယ်လီတွေရဲ့ထုံးစံအတိုင်း ပေါက်ကရတွေထထလုပ်ပြီး ဖာတီမာနာမည်ကြီးလာတော့ ထောက်ခံတဲ့သူကတစ်ဖက် ဆဲဆိုပုတ်ခတ်မှုတွေကတစ်ဖက်နဲ့ နဂိုထဲက စိတ်ဝေဒနာသည်ဖြစ်တဲ့ ဖာတီမာတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့….. (အညွှန်းနဲ့ ဘာသာပြန်ကတော့ Mary Christ ပဲဖြစ်ပါတယ်) Genre….. Comedy, Thriller Quality…. 1080p | 720p File size… 1.6GB | 768MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

7 2023
Mrs. Influencer
Be With Me
6

ထိုင်ဝမ် F4 မင်းသား Vic Chou နဲ့ Ariel Lin တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ထိုင်ဝမ်အချစ်ဒရာမာကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖူယွဲ့ဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့ အဖေကိုပြုစုဖို့အတွက် အလုပ်ကိုထားခဲ့ရတယ်။ ပြင်လက်စ ထိုင်ပေကအိမ်ဟောင်းကြီးကိုလဲပစ်ခဲ့ရပြီး မိသားစုနဲ့အတူကျားရီကိုပြန်ခဲ့ရတယ်။ ဇာတိပြန်ပြီးအဖေ့ကိုအဖော်လုပ်ပေးတဲ့နေ့ရက်တွေမှာ ဖူယွဲ့ဟာ သူ့အဖိုးရဲ့အမှတ်တရတွေနောက်လိုက်ခဲ့ပြီး အဖိုးရဲ့ယုံကြည်မှုနဲ့ဒဏ္ဍာရီကိုပြန်အမှတ်ရလာခဲ့ပါတယ်။ အတိတ်ကိုပြန်အမှတ်ရရင် လက်လွှတ်သင့်သူကို လက်လွှတ်နိုင်ခဲ့ပြီး ဘဝအသစ်စဖို့ အသစ်သစ်တွေကို လက်ခံလာနိုင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Drama • Romance
6 2023
Be With Me
Inside Out 2
7.8

2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင် အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့ နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက စောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။ Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက် ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။ Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကို ပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေ ရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကို ပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ “သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ” ဆိုတဲ့ ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာ ဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီး အလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြက သူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။ အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင် ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့ စိတ်ပူတာ၊ စိတ်ကုန်တာ၊ အားကျတာ၊ ရှက်တာ စတဲ့ ခံစားချက်တွေက ဌာနချုပ်ကို အသစ်ရောက်လာပြီး အရင်တုန်းက ပျော်ရွှင်၊ ဝမ်းနည်း၊ ဒေါသ၊ ကြောက်ရွှံ့၊ ရွံရှာ တို့တွေနဲ့ ပြဿနာတွေဖြစ်ကြပါတယ်။ သူ့ရဲ့ခံစားချက်တွေကို နားမလည်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိစိတ် ပျောက်လာတဲ့ ရိုင်လီတစ်ယောက် ဟော်ကီလေ့ကျင့်ရေးမှာ ဘာအမှားတွေလုပ်ပြီး Joy တို့ တစ်စု အတွင်းထဲကနေ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။ File Size : 5.4 GB / 1.8 GB / 1 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 36min Format : Mkv and Mp4 Audio : AAC and AC-3 Genre : Animation/Drama / Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr.Anderson Encode by : Thit San Khant

Action • Crime
7.8 2024 97 mins
Inside Out 2
The Woman in Black 2: Angel of Death
4.8

The Woman in Black 2: Angel of Death (2014) ဒီဇာတ်လမ်းကိုတော့ ပထမဇာတ်ကား (The Woman in Black (2012) က အဖြစ်အပျက်တွေနောက် နှစ် ၃၀ အကြာ London Blitz လို့လူသိကြတဲ့ လန်ဒန်မြို့ကြီးဗုံးကြဲတိုက်ခိုက်ခံရစဉ်ဒုတိယကမ္ဘာစစ်ကာလကိုအခြေခံထားပါတယ်။ ကျောင်းအုပ်ကြီး ဂျင်းန်ဟော့ဂ်နဲ့ဆရာမ အိဗ်ပါကင်းစ်တို့ဟာ ကျောင်းက ကလေးတစ်ချို့နဲ့အတူဝေးလံတဲ့ နယ်မြို့လေးတစ်မြို့ကိုစစ်ရှောင်ထွက်ခဲ့ကြပါတယ်။ သူတို့သွားရောက်တဲ့နေရာကတော့ ခရစ်သင်းဂစ်ဖိုဒ့်ရွာပဲဖြစ်ပြီး အခုချိန်မှာတော့ ရွာသားတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ရွာပျက်ကြီးတစ်ခုဖြစ်နေပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့တည်းခိုဖို့စီစဉ်ထားတဲ့ နေရာကလည်း ဇာတ်လိုက်ကျော် အယ်လ် စိမ့်တောအိမ်ကြီးဖြစ်နေပါတယ်။ အိမ်ကြီးကိုရောက်ပြီးမကြာခင်မှာပဲ သူတို့ကျောင်းသားတွေထဲက မိဘတွေကိုလတ်တလောဆုံးရှုံးလိုက်ရလို့စိတ်ထိခိုက်နေတဲ့ ကျောင်းသားလေးအက်ဒွပ်ဟာ အမူအယာတွေထူးခြားလာခဲ့ပြီး သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသားတစ်ယောက် စိမ့်တောထဲမှာသေဆုံးမှုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဆရာမ ပါကင်းစ်ဟာလည်း ထူးခြားတဲ့ အရိပ်အယောင်တွေ အသံတွေကြားရတာတွေရှိလာတဲ့အတွက် ကျောင်းအုပ်ဆရာမကြီးကိုပြောပြပေမယ့် ခေါင်းမာတဲ့ ဆရာမကြီးက လက်မခံပါဘူး။ အမျိုးသမီးနှစ်ယောက်နဲ့ လူမမယ်ကျောင်းသားတစ်သိုက်၊ရွာပျက်အောင်စွမ်းတဲ့ တစ္ဆေတစ်ကောင်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ The Woman in Black: Angel of Death ဟာ ပထမဇာတ်ကားအခြေခံတဲ့၀တ္ထုရဲ့နောက်ဆက်တွဲနာမည်တူ၀တ္ထုကိုပဲအခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Drama
4.8 2014 98 mins
The Woman in Black 2: Angel of Death