YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Borderlands (2024) WEB-DL,720p(CM).mp4

1.08 GB N/A video/mp4 2060 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
The Great Alaskan Race
6

ဇာတ်လမ်းအညွှန်း တိုဂို ဆိုတဲ့ ခွေးသူရဲကောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကို မင်းသားကြီး Willem Dafoe ရိုက်ကူးထားတဲ့ Togo ဆိုတဲ့ ဇာတ်လမ်းကို ကြည့်ဖူးမယ်ဆိုရင် တိုဂိုဆိုတဲ့ ခွေးလေး အကြောင်းနဲ့ နုံးမြို့က ဇာတ်လမ်းလေးကို ရင်းနှီးကြမှာပါ ။ (Togo (2019) ကို မကြည့်ရသေးရင် CM မှာ ကြည့်လို့ရပါတယ်။) အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့Togo (2019) နဲ့ မတူညီတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ 1920 ခုနှစ်က အမေရိကန် မြောက်ပိုင်း အလက်စကာပြည်နယ်က နုံးဆိုတဲ့ ရွာလေး သာသာ မြို့လေးက ဖြစ်ပွါးခဲ့တဲ့ ကပ်ရောဂါမှာ ဘယ်သူတွေ ဘယ်လိုပါဝင်ကြိုးစားခဲ့ကြလဲဆိုတဲ့ ဖြစ်ရပ်မှန်တွေကို အဓိကထားပြီး ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဆုံဆို့နာဆိုတဲ့ ၊ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာ ကလေးတွေအကြားမှာ ကပ်ရောဂါသဖွယ် ဖြစ်ပွါးလာတဲ့အခါမှာ ဒီမြို့လေးမှာ ကုသဖို့ဆေးကမရှိဖြစ်တယ်။ တစ်ခြား ဒေသက ဆေးတွေ ပို့ဆောင်ဖို့အတွက် စီစဉ်ကြမယ်ဆိုတော့ လည်း အေးခဲလှတဲ့ရာသီဖြစ်တာကြောင့် ရေကြောင်းလမ်း ကလည်း ပို့ဆောင်ဖို့အဆင်မပြေ၊ လေယာဉ်နဲ့ဆိုတော့လည်း အဲ့ခေတ်အခါအတွက် အဆင်မပြေဖြစ်နဲ့ ၊ နောက်ဆုံးတော့ ဒေသသုံးစွပ်ဖားသမားတွေ စွပ်ဖားခွေးတွေကိုပဲ အားကိုးဖို့ ဖြစ်လာပါတယ်။ ကုသဆေးကို နီနာနာမြို့ကနေ နုံးမြို့လေးကို ရောက်ဖို့အတွက်ဆိုရင် မိုင်ပေါင်း ၇၀၀ နီးပါးရှည်လျားတဲ့ ခရီးလမ်းဖြစ်ပါတယ်။ စွပ်ဖားသမား အယောက်၂၀က အေးခဲ လှတဲ့ မုန်တိုင်းတွေကြား ရေခဲလမ်းတွေကြား သေခြင်းတရားကို အံတုပြီး ကုသဆေးကို တစ်ပတ်အတွင်း လက်ဆင့်ကမ်းပို့ ဆောင်ကြမှာဖြစ်ပါတယ်။ ခရီးလမ်းရဲ့ မိုင်ပေါင်း ၃၀၀ကျော် လောက်ကို တာဝန်ယူခဲ့ကြတဲ့ လီယိုနတ် ဆပလာ ဆိုတဲ့ စွပ်ဖားသမားနဲ့ သူ့ရဲ့ ၁၂နှစ်အရွယ်ခေါင်းဆောင်ခွေး တိုဂိုတို့ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြပါတယ်။ အခက်အခဲ တွေကြားမှာ နုံးမြို့လေးကို သူတို့တွေ ဘယ်လိုကယ်တင် ပေးခဲ့ကြလဲဆိုတဲ့ အကြောင်းတွေကို စိတ်လှုပ်ရှားစွာနဲ့ စီးမျောပြီးကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရှုလိုက်ကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.11GB / 433MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Action • Crime • Thriller
6 2019 87 mins
The Great Alaskan Race
Salon de Seoul

Salon de Seoul (2023) ********************** ဆူဂျင်းနဲ့ ဂျီယွန်းတို့ဟာဆိုရင် အရမ်းခင်ကြပြီး အိမ်တစ်အိမ်တည်းမှာ အတူငှားနေတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဆူဂျင်းက ကာရာအိုကေဆိုင်မှာ အလုပ်လုပ်တဲ့သူဖြစ်ပြီး ဂျီယွန်းကတော့ တက္ကသိုလ်တက်နေဆဲ တက္ကသိုလ်ကျောင်းသူလေးပေါ့ တစ်နေ့ ဆူဂျင်းက သူ့အဖေနဲ့ သွားတွေ့ရမှာဖြစ်လို့ ဂျီယွန်းကို သူ့အစား ကာရာအိုကေဆိုင်မှာ တစ်နေ့တာ အစားထိုးလုပ်ပေးဖို့ အကူအညီတောင်းပါတော့တယ် တစ်ဖက်မှာလည်း ဂျီယွန်းက ဆူဂျင်းကို သူ့အစား နံနက်ခင်းအတန်းချိန်တွေ သွားတက်ပေးဖို့ ပြန်လည်တောင်းဆိုပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် တစ်ရက်တာ နေရာလဲပြီး နေကြည့်ကြတဲ့အခါမှာ ဘယ်လိုလေးတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါနော်... File Size          : 1.3GB, 420MB Quality            : WEB-DL 1080p, 720p Format            : mp4 Duration         : 1hr 28mins Genre              : Romance, Drama Translated by Hnin Wai Oo Encoded by Phyo Pyae

Action • Drama
0 2023
Salon de Seoul
Kisaragi Station
6.7

ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေ ကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ် ဇာတ်လမ်းအစမှာပေါ့ 'ဆုဆုမီ'ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ 'ဟယာမာ'ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ် 'ဟယာမာ'ဟာ တူမလေးဖြစ်တဲ့ 'ရင်'နဲ့အတူ နေထိုင်လျက်ရှိတယ် သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ... သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__( 1.7GB) / ( 984MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:35:00 Type__Drama, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Drama • Romance
6.7 2022 82 mins
Kisaragi Station
Creed
7.4

Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (950 MB)  Quality : Blu-Ray 720p Running Time : 2hr 13min Format : Mp4 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Hein Min Tun Encoded by Thanhtike Zaw

Action • Drama • History • Mystery
7.4 2015 133 mins
Creed
The Pale Blue Eye
6.9

Christian Baleရဲ့ Crime, mystery ရုံတင်ဇာတ်ကားသစ်ကြီး Digital version အ​နေနဲ့ ထွက်ရှိလာတာ​ကြောင့် CM fan​​ တွေ အတွက် တင်ဆက်​ပေးလိုက်ပါတယ်။ Baleဟာ ဒီဇာတ်ကားမှာ စုံ​​​ထောက်ကြီး ဩဂတ်စတပ် လန်​ဒေါအဖြစ် ပါဝင်ထားပါတယ်။ အ​စောပိုင်း IMDbမှာ 6.5, RT 68% ရရှိထားပါတယ်။ တစ်​ခေတ်တစ်ခါက နယူး​​ယောက်မြို့မှာ အလွန်နာမည်ကြီးခဲ့တဲ့ စုံ​ထောက်ကြီးလန်​ဒေါဟာ တချို့​​သောကိစ္စ​တွေ​ကြောင့် မြို့​လေး တစ်မြို့မှာ ဇာတ်မြုပ်​နေထိုင်​နေတာပါ။ ဒါ​ပေမဲ့ သူရှိရာ မြို့မှာပဲ ထူးဆန်းတဲ့အမှုတစ်ခုဟာ ဆိုက်မြိုက်စွာ​ ရောက်လာခဲ့ပါတယ်။ ထိုမြို့​လေးရှိ စစ်သင်တန်း​ကျောင်းမှ ဗိုလ်​​လောင်းတစ်​ယောက် ကြိုးဆွဲချ​သတ်​သေပြီး​တော့မှ အ​လောင်းထဲက နှလုံးကို ခိုးယူခံ လိုက်ရတာပါ။ စုံ​ထောက်ကြီး လန်​ဒေါဟာ ဒီအမှုရဲ့သဲလွန်စ​တွေကို စုံစမ်းလာရင်း ​သေ​ကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ ဖြစ်​ကြောင်း သိလာရပြီး ထို​ကျောင်းမှ ကဗျာရူးစာရူး ဗိုလ်​လောင်း အီး.​​အေ.ပိုးဆိုသူနဲ့ ရင်းနှီးကာ အမှုလိုက်ရာမှတဆင့် ထင်တာထက် များစွာနက်နဲတဲ့ ​ဖြစ်ရပ်​တွေနဲ့ပတ်သက်​နေမှန်း သိသွားကြပါတယ်။ ထိုကဗျာရူး ဗိုလ်​လောင်းဆိုသည်မှာ တခြားသူမဟုတ်.. ​နောင်အခါ Edgar Allen Poeဆိုသည့် နာမည်​ကျော်စာ​ရေးဆရာကြီး ဖြစ်လာ မယ့်သူပါ။ လန်​ဒေါနဲ့ ပိုးတို့ အမှုကို ဆုံးခန်းတိုင်​အောင် ​ဖော်ထုတ်နိုင်ကြမလား၊ တရားခံအစစ်က ဘယ်သူဖြစ်မလဲ၊ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှု များစွာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ခုလိုချမ်းစိမ့်စိမ့်ရာသီမျိုးမှာ ​ကော်ဖီ တစ်ခွက်နဲ့ အရသာခံပြီးကြည့်လို့ရမယ့် စုံ​ထောက်ဇာတ်ကား​ကောင်း တစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို illidanမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team ဖြစ်ပါတယ်) File Size.......... (600 MB) Quality............WEB-DL 720p Duration.........2Hrs 08mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Horror, Mystery Translator.......illidan, Khant Sett Naing, Thiha Yan Naing Encoder..........SWM

Action • Adventure • Comedy
6.9 2022 130 mins
The Pale Blue Eye
Dark Glasses
4.6

Thriller ဇာတ်ကားကောင်းလေးတွေကို နှစ်သက်တဲ့ အမျိုးတို့အတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရောမမြို့မှာ ပြည့်တန်ဆာတွေ အသတ်ခံရတဲ့ အမှုက ပြည့်တန်ဆာ ၃ ဦး အသတ်ခံရပြီးနောက် နာမည်ကြီးလာခဲ့တယ်။ ပြည့်တန်ဆာ ဒီယာနာ ဆိုတဲ့ အမျိုးသမီးဟာ အင်မတန် လှပပြီး စျေးကြီးတယ်။ တစ်နေ့တော့ သူဟာ လူသတ်သမားရဲ့ ပစ်မှတ် ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ပဲ လူသတ်သမားလက်က လွတ်အောင် ကြိုးစားရင်း ဒီယာနာ တစ်ယောက် ကားအက်စီးဒန့်ဖြစ်ကာ မျက်စိကွယ်သွားခဲ့ရပါတယ်။ သူ့ကားနဲ့ တိုက်မိတဲ့ ကားမှာတော့ တရုတ်လူမျိုး ကလေးလေး တစ်ဦးသာ အသက်ရှင်ကျန်ခဲ့တယ်။ ဖခင်ဖြစ်သူက ပွဲချင်းပြီး သေဆုံးပြီး မိခင်ကတော့ ကိုမာ ဖြစ်သွားတယ်ပေါ့။ ဒီလိုနဲ့ ဒီယာနာ တစ်ယောက် စောင့်ရှောက်ရေး ဂေဟာမှာ အဲ့ကလေးကို သွားတွေ့ခဲ့တယ်။ ကလေးကလည်း ဂေဟာကနေ ခိုးထွက်ပြီး ဒီယာနာရဲ့ အိမ်ကို လိုက်လာခဲ့တယ်။ ဒီလိုနဲ့ လောကကြီးမှာ အမှောင်ထုထဲကနေ ရှင်သန်ရမယ့် မျက်မမြင် ဒီယာနာနဲ့ ကလေးလေးတို့ နှစ်ယောက် ဘယ်လို ရှေ့ဆက်ဖြတ်သန်းကြမလဲ? လက်မလျှော့သေးတဲ့ လူသတ်သမား ရန်ကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ? အဖော်အချွတ်အပိုင်းတွေပါပြီး လူသတ်တဲ့ အပိုင်းတွေကလည်း ပက်စက်တာမို့ ကလေးသူငယ်တွေ ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 1.2GB, 484MB, 245MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 30mins Genre : Horror, Mystery, Thriller Translated by Kit Encoded by Kinnov

Action • Adventure • Comedy
4.6 2022 86 mins
Dark Glasses
The Outpost
6.9

The Outpost Rotten Tomato 91% IMDB 6.6 Metacritic 72% စစ်ကား ကောင်းကောင်းလေးတွေ မထွက်တာကြာနေတဲ့အချိန်မှာ Rating ကောင်းကောင်းနဲ့ စစ်ကားလေး ထွက်လာပါတယ်  ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား အစပိုင်းနည်းနည်းအေးပေမယ့် တိုက်ပွဲခန်းတွေကတော့ တကယ်ကြမ်း။ ကြည့်နေရင်းလည်း စိတ်တိုစရာရှိတဲ့သူတွေကို စိတ်တိုမိလိမ့်မယ်။ ဖြစ်ရပ်မှန်ရိုက်ထားတာဖြစ်လို့ နောက်ပိုင်းမှာ အင်တာဗျူးလေးတွေပါတာကိုပါ ကြည့်လို့ရပါတယ်။ စစ်တပ်မှာ သုံးတဲ့စကားလုံးတွေတော့ အတတ်နိုင်ဆုံးရှာပြီး ကိုက်ညီအောင် ဘာသာပြန်ပေးထားပါတယ်။ မှားတာလေးများတွေ့ရင် သည်းခံပေးပါအုံး။ မင်းသားတွေကလည်း နာမည်ကြီးတွေပဲ။ Scott Eastwood ဆို တချို့ကတော့ The longest rideထဲက မင်းသားလို့သိကြမယ်။ သူ့အဖေ Clint Eastwood နဲ့ နှိုင်းယှဉ်လို့မရသေးပေမယ့် သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရနိုင်ဘူး။ နောက် သူကအရင်ကလည်း စစ်ကားတကားရိုက်ဖူးပါတယ်။ အဲထဲမှာတော့ သူ့မှာ ကလေးမလို့ မပစ်လိုက်ရတာနဲ့ လက်နက်ချတဲ့ရန်သူကိုမသတ်ချင်လို့ သူ့ပဲသတ်ပါလို့ ပြောရတာနဲ့ လုပ်နေတဲ့ကောင်လေးအဖြစ်မြင်ရမှာဖြစ်ပြီးတော့ အခု ဒီထဲမှာတော့ တကယ့်ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်သားတယောက်အဖြစ်မြင်ရမှာပါ။ သူ့အရင်စစ်ကားကတော့ Fury ပါပဲ။ နောက်မင်းသားတယောက်ကတော့ Orlando Bloomပါ။ သူကတော့ The lord of the rings တို့ Pirate of the Caribbean ထဲမှာကတည်းက သိပြီးသားဆိုတော့ သိပ်ပြောစရာမလိုပါဘူး။ ဇာတ်လမ်းအကြောင်းလေး ပြောလိုက်ရအောင်။ ဇာတ်လမ်းကတော့ Jake Tapperရေးထားတဲ့ The Outpost :An untold story of American Valor ဆိုတဲ့ ဖြစ်ရပ်မှန်စာအုပ်ကို ပြန်ရိုက်ထားတာပါ။ များသောအားဖြင့် အမေရိကန်စစ်တပ်ဆိုတာနဲ့ စစ်အင်အားကြီးပြီးတော့ နည်းဗျူဟာ မဟာဗျူဟာတွေမှာ အရမ်းတော်တဲ့စစ်တပ်တခုအဖြစ်မြင်ကြတာများပါတယ်။ အဲဒါအမြဲတမ်းရော မှန်ပါရဲ့လား။ ဒီကားမှာတော့ အဲဒီအကြောင်းကို ပြသသွားပါတယ်။ အထက်လူကြီးက မြေပုံကိုကြည့် လေဆာပွိုင့်လေးပြပြီး အလုပ်လုပ်နေတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အမှားအယွင်းတွေအကြောင်း။ Red Platoonဆိုတဲ့ တပ်စုလေးရယ် အာဖဂန်နစ္စတန်ရဲ့ နယ်စွန်က တပ်စခန်းလေးတခုရယ် တာလီဘန်တွေရယ် ပေါင်းစုံလိုက်တဲ့အခါမှာတော့ အခုဒီ The outpost ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါပဲ။ ဇာတ်လမ်းအဖွင့်မှာတော့ နယ်စွန်တပ်စခန်းလေးမှာ တာဝန်ကျတဲ့ စစ်သားတဖွဲ့ကို ဟယ်လီကော်ပတာတွေနဲ့ လာပို့တယ်။ သူတို့ကိုလာပို့တာကလည်း ညဘက်ပဲပို့လို့ရလို့။ သူတို့တပ်ဖွဲ့ ရောက်တဲ့အခါမှာတော့ ရှိနေတဲ့သူတွေနဲ့နှုတ်ဆက်ကြ နေမယ့်နေရာရှာကြပေါ့။ မနက်ရောက်လို့ အပြင်ထွက်ကြည့်တဲ့အခါမှာတော့ သူတို့တပ်စခန်းက တောင်ကြားမှာ တည်ဆောက်ထားတယ်။ စစ်ရဲ့သဘောတရားနဲ့ရိုးရိုးလေးကြည့်မယ်ဆိုရင်တောင် ဖြစ်နိုင်ရင် ရန်သူကို အပေါ်စီးမှာ မထားသင့်ဘူးမလား။ အခုတော့ ကိုယ်ကြိုက်တဲ့နေရာ စခန်းဆောက်လို့ရတဲ့ကိစ္စကို ဘယ်နှယ့်လုပ် တောင်ကြားအောက်ခြေမှာ လာတည်ထားရသလဲတော့ အထက်က ရွှေဉာဏ်တော်စူးရောက်သူတွေပဲ သိနိုင်မယ်။ စစ်သားဆိုတာကလည်း ပေးအပ်တဲ့အမိန့်တာဝန်ကို ထမ်းဆောင်ရမှာဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ။ သူတို့စခန်းကိုတော့ နေ့တိုင်းနီးပါး ရန်သူတွေက လာလာပစ်ကြတယ်။ အားနေ သေနတ်ပစ်လာစမ်းတယ်ထင်ပါတယ်။ မော်တာနဲ့ပစ်မှပဲ ပြန်ပြေးသွားကြတာများတယ်။ အဲလိုနဲ့ သူတို့တပ်ဖွဲ့က အရာရှိတွေလည်း တယောက်ပြီး တယောက်ပြောင်းသွားကြပြီး အာဖဂန်ရွေးကောက်ပွဲပြီးနောက် သူတို့တပ်တွေ ရုပ်သိမ်းကာနီး ဆဲဆဲစခန်းမှာ တပ်ကြပ်သာ ရာထူးအကြီးဆုံးရှိတဲ့ အချိန်2009ခုနှစ် October 3ရက်နေ့ မှာပဲ တိုက်ပွဲတခုဖြစ်ပေါ်လာခဲ့တော့တယ်။ သူတို့မှာ ရှိတာက စုစုပေါင်းအမေရိကန် စစ်သည် 40ကျော်နဲ့ အာဖဂန်စစ်သည် ANA တွေ 50 ကျော်လောက်ပဲရှိတဲ့နေရာ။ ဝင်တိုက်တဲ့ တာလီဘန်တွေကတော့ 300 လောက်ရှိမယ်။ နေရာအရလည်း အသာစီးမရ လူအင်အားနဲ့ လက်နက်အင်အားလည်းကွာ လေကြောင်းပစ်ကူကလည်း ချက်ချင်းမလာနိုင်တဲ့နေရာ။ ဒီကြားထဲ ANA လို့ခေါ်တဲ့ အာဖဂန်စစ်သားတွေက အကုန်ထွက်ပြေးသွားကြတော့ လေကြောင်းပစ်ကူနဲ့ တပ်ကူတွေ လာတဲ့အထိ သူတို့ ခံတိုက်ထားနိုင်မလားဆိုတာကိုတော့ ဆက်လက် ရှုစားလိုက်ကြပါအုံး။ File Size : ( 1 GB , 358 MB) Quality : WEB DL 720p Running Time : 2 hr 03 min Format : Mp4 Genre : Drama , History , War Subtitle : Myanmar Subtitle (Hard Sub) Translated by NightFury Encoded by Moe Myint Lwin

Comedy • Horror • Science Fiction
6.9 2020 123 mins
The Outpost
Conjuring Curse
5.9

သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုပဲ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဒဏ္ဍာရီထဲက ဖုန်းရွှေဂိုဏ်း ပါးဖုန်းထဲက အဖွဲ့ဝင်ဖြစ်သူ လီကွမ်းကျန့်ဟာ နှစ် ၇၀ ကျော်မှ ကျဲ့ကျီတစ္ဆေမြို့နဲ့ ပတ်သက်တဲ့ သတင်းကို ပို့ပေးခဲ့ပါတယ်။ အဘိုးဖြစ်သူ ဝူလောင်ကုန်ရဲ့ မပြီးခဲ့တဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ဝူရှဲဟာ ကျန်းချီလင်နှင့် ဝမ်ဖန့်ကျီတို့နဲ့အတူ စွန့်စားရေးခရီးကို စတင်ခဲ့ပါတယ်။ ကောင်းကင်ပေါ်မှ ကြယ်တာရာရဲ့ လမ်းညွှန်မှုအတိုင်း သူတို့ဟာ မြေအောက်ဂူရဲ့ ဝင်ပေါက်ကို ရှာတွေ့ခဲ့ပြီး ကလေးရုပ်တုတွေနဲ့ ပြည့်နေတဲ့ ဂူထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ထိုဂူထဲမှာ မျက်ကန်းကိုမထိနဲ့၊ နောက်ပြန်မသွားနဲ့၊ အခေါင်းကိုမဖွင့်နဲ့၊ လရောင်ကို မထိနဲ့ စတဲ့ စည်းမျဉ်းတွေနဲ့ ပြည့်နှက်နေပါတယ်။ စည်းကမ်းတွေကို ၇ ကြိမ်တိတိချိုးဖောက်ရင် မိစ္ဆာကြီးလည်း ရောက်လာနိုင်ပါသေးတယ်။ စည်းကမ်းတွေ ချိုးဖောက်ရင် ဘယ်လို ဒဏ်ပေးခံရမလဲ …… သူတို့အဖွဲ့ရော မြေအောက်ဂူထဲကနေ အသက်ရှင်လျက် ထွက်ခွါနိုင်ပါ့မလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ရအောင်နော်။

5.9 2023
Conjuring Curse
Amores Perros
8.1

ဒီဇာတ်ကားရဲ့အမည်ဖြစ်တဲ့Amores Perrosဆိုတာကို ဘာသာပြန်ရရင် အဓိပ္ပါယ်က နှစ်မျိုးသုံးမျိုးကွဲနေပေမယ့် တိုက်ရိုက်ပြောရရင်တော့ ခွေးချစ်တတ်သောသူများပေါ့။ ဒီဇာတ်ကားက The Revenant တို့ Birdmanတို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alejandro González Iñárritu ကပဲရိုက်ကူးထားတာဖြစ်ပြီး IMDbမှာလဲ 8.1ရခဲ့သလို Rotten Tomatoesမှာလဲ 93%အထိရခဲ့တာမို့လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ ဒီဇာတ်ကားထဲမှာတော့ ကားအက်စီးဒန့်တစ်ခုကြောင့် ခွေးချစ်တတ်တဲ့လူသုံးယောက်ရဲ့ဘဝတွေဟာ သူတို့ရည်ရွယ်ထားတဲ့အတိုင်းမဟုတ်ဘဲ ကောင်းတာရော ဆိုးတာရောဒွန်တွဲပြီး တဆစ်တချိုး ပြောင်းလဲသွားတဲ့အကြောင်းကို တစ်ယောက်တစ်ပိုင်းနှုန်းနဲ့ခွဲပြီး ရိုက်ပြပေးထားပါတယ်။ ထိုအက်စီးဒန့်ဖြစ်တဲ့အထဲမှာ ပါခဲ့တာကတော့ အစ်ကိုဖြစ်သူရဲ့ဇနီးကို တိတ်တခိုးချစ်နေပြီး အလုပ်အကိုင်မရှိ ပိုက်ဆံလဲမရှိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့် သူ့ရဲ့ခွေးနဲ့ ခွေးတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတဲ့ အိုတာဗီယို… လှပတဲ့အတွက် အရမ်းနာမည်ကြီးပြီး လူတကာကချစ်ခင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို အိမ်ထောင်ကွဲစေခဲ့ပြီး ထိုအမျိုးသားနဲ့ တိတ်တခိုးပေါင်းနေခဲ့တဲ့ ဗာလဲရီယာ… ဇနီးနဲ့သမီးကို ထားခဲ့ပြီး နိုင်ငံရေးထဲမှာဝင်ပါပြီးနောက် အနှစ်၂၀ထောင်ကျပြီးပြန်ထွက်အလာမှာ မိသားစုကလက်မခံတော့လို့ ခြေသလုံးအိမ်တိုင်လျှောက်သွားပြီး သူ့ဘဝကိုလမ်းဘေးခွေးတွေနဲ့ပဲဖြတ်သန်းနေတဲ့ ချီဗို…တို့ပဲဖြစ်ပါတယ် ထိုသုံးယောက်ရဲ့ဘဝတွေဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ဘာတွေဘယ်လိုပြောင်းလဲသွားကုန်ကြမလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုပဲကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့။ (ဒီဇာတ်ကားထဲမှာ သွေးသံရဲရဲခွေးတိုက်ပွဲတွေပီပြင်စွာပါဝင်နေတဲ့အတွက် source တွေမှာသေချာရှာကြည့်တော့ “ခွေးတွေက ကစားနေတာသာဖြစ်ပြီး သူတို့ကို လုံးဝမထိခိုက်စေခဲ့ပါ” တဲ့ခင်ဗျ) File size…(3.75 GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:34:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

8.1 2000
Amores Perros
So My Grandma’s a Lesbian!

So My Grandma’s A Lesbian [2019] အီဗာ့အဖွားနာမည်က ဆိုဖီယာ… ဖွားအေလုပ်သူ ဆိုဖီယာက တစ်သက်လုံးကမှ သူဟာ လိင်စိတ်တိမ်းညွတ်နေတဲ့ Lesbianတစ်ယောက်ဆိုတာကို ဘယ်တုန်းကမှ လူသိသူသိ မခံခဲ့ပါဘူး… ဒါပေမယ့် အသက်အရွယ်လည်း ၇၀ဝန်းကျင်ရောက်လာပြီဖြစ်တဲ့ အခါမှာတော့ ငယ်စဉ်ဆက်ကျော်သက်အရွယ်ကတည်းက သူချစ်ခဲ့ရတဲ့ ဆယ်လီယာနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်သလို သူတို့ချစ်ခြင်းကိုလည်း ဖွင့်လှစ်ပြသဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်… ဒီသတင်းကို အီဗာ ကြားသိရချိန်မှာ ရှော့ရသွားပေမယ့် သူတကယ် သွေးတက်ရတာကတော့ သူ့ရဲ့ လောလောလတ်လတ် စေ့စပ်ထားတဲ့ ရှေးရိုးစွဲ စကော့တလန်သားလေး စတူးဝပ်နဲ့ မင်္ဂလာပွဲ ပျက်သုဉ်းသွားမယ့်အရေးကိုပါပဲ…. ဒီတော့ ချက်ချင်းပဲ အီဗာက ဖွားအေရှိရာ နယ်မြို့လေးကို လိုက်လာပြီးတော့ မင်္ဂလာပွဲမကျင်းပဖို့ ဘာသာရေးအရတားမြစ်ထားတဲ့ လိင်တူလက်ထပ်ပွဲကို လုပ်ပြီး မြို့ထဲမှာ ပွဲမရှာဖို့ အကြောင်းမျိုးစုံနဲ့ ဖျောင်းဖျပါတယ်… ဒီအချိန်မှာပဲ တစ်ဖက်က ဆယ်လီယာရဲ့ သားဖြစ်သူ ဂျော့ရှ်လည်း ရောက်လာပါတော့တယ်… ဂျော့ရှ်နဲ့ အီဗာက တစ်ချိန်တုန်းက ငြိခဲ့ဖူးတဲ့အတွက်ကြောင့် ဂျော့ရှ်ကလည်း ဇာတ်လမ်းပြန်စလိုသူပါ… ဂျော့ရှ်ဟာလည်း အီဗာနည်းတူပဲ မင်္ဂလာပွဲကို မကျင်းပစေချင်ပါဘူး… ဒီတော့ မင်္ဂလာပွဲကိုပဲ အီဗာနဲ့ ဂျော့ရှ်တားဆီးသွားနိုင်မလား… ဂျော့ရှ်ကရော သူမျှော်လင့်ထားသလို အီဗာနဲ့ တဖန်ပြန်စည်းမြောပေါင်းစပ်သွားလေမလား… ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.7GB | 1GB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2019
So My Grandma’s a Lesbian!
[21+] Score
5.8

Score (1973) IMDb – 5.8/10 ခုနစ်ဆယ်ခုနစ်တွေနောက်ပိုင်းမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုစိတ်ဝင်စားကြတဲ့သူတွေအကြောင်းကို ရိုက်ကူးတဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သာယာချမ်းမြေ့ပြီး နေချင်စရာအတိပြီးတဲ့ နေရာလေးတစ်ခုမှာ | အယ်လ်ဗိုင်ရာနဲ့ဂျက်ဆိုတဲ့ ဇနီးမောင်နှံတို့ သာယာပျော်ရွှင်စွာနဲ့ နေထိုင်ကြပါတယ် သူတို့ဘ၀တွေကို ချစ်ခြင်းတရားနဲ့ ရမ္မက်တွေ ရာနှုန်းပြည့်လွှမ်းခြုံထားပြီး အချင်းချင်းသာယာပျော်ရွှင်စေဖို့ ကူညီဖေးမလို့နေကြတာပေါ့။ အဲဒီနေရာမှာပဲနေထိုင်ကြသူတွေကတော့ ဘက်ဆီနဲ့အက်ဒီဆိုတဲ့ ဇနီးမောင်နှံ။ ဘက်ဆီလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်အမျိုးသမီးလေး။ အယ်လ်ဗိုင်ရာက သူ့ခင်ပွန်းဖြစ်သူ ဂျက်နဲ့လောင်းထားတာက ဘက်ဆီလေးကို သူ့ဆီမှာတိမ်ထူစေဖို့။ အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဘက်ဆီလေးကို အယ်လ်ဗိုင်ရာအပိုင်ဖြစ်ဖို့အရေး ကြိုးစားကြပုံကို နောက်ထပ်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆိုတဲ့သူပါ ပါဝင်လာတဲ့ ငါးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုကြရမှာပါ။ အဖော်အချွတ်နဲ့ ချစ်တင်းနှောတာတွေအများကြီးပါဝင်တဲ့အတွက် တစ်ကိုယ်တည်းသက်ဝင်ခံစားတာ အကောင်းဆုံးဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

5.8 1973 90 mins
[21+] Score
Hijack ’93
5

လေယာဉ်အနုကြမ်းစီးတယ်ဆိုတာ တော်ရုံတန်ရုံမလွယ်ကူတဲ့အတွက် အဲ့လိုလုပ်တဲ့လူတွေနည်းသလို ထွက်ရှိထားတဲ့ရုပ်ရှင်တွေကလည်း နည်းပါးပါတယ်။အဲ့ဒီနည်းပါးတဲ့ထဲကမှ ၁၉၉၃ ခုနှစ် နိုက်ဂျီးရီးယား နိုင်ငံမှာဖြစ်ခဲ့တဲ့လေယာဥ်အနုကြမ်းစီးမှုကို အခြေခံပြီးပြန်လည် ရိုက်ကူးထားတဲ့ Hijack ’93 လို့ခေါ်တဲ့ဖြစ်ရပ်မှန်နိုက်ဂျီးရီးယား ဇာတ်ကားတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ နိုက်ဂျီးရီးယားတွေကသိတဲ့အတိုင်း တစ်ခါတစ်လေမှာနိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ဇာတ်ကားတွေရိုက်ကူးနိုင်တဲ့အတွက် ဒီကားလည်းနိုင်ငံတကာအဆင့်မှီလား ကောင်းလားဆိုတာကိုတော့ ကြည့်ရှုသူပရိသတ်တွေပဲ ဆုံးဖြတ်သင့်ပါတယ်။ ဒီ ၁၉၉၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လေယာဉ်အနုကြမ်းစီးမှု ဘယ်ကနေ စတာလဲပြောရရင်တော့ အခုထက်ထိမပြီးဆုံးသေးတဲ့စစ်အာဏာရှင် အစိုးရရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေအောက်မှာ မခံမရပ်နိုင်ဖြစ်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကနေစတာပါပဲ။ တစ်နိုင်ငံလုံးဖြစ်ချင်ရာဖြစ် လူနည်းစုကောင်းစားရေးပဲလုပ်နေတဲ့ အစိုးရကိုဖြုတ်ချပြီး ဒီမိုကရေစီစနစ်နဲ့ရွေးချယ်ထားတဲ့သမ္မတကို အာဏာပြန်ပေးဖို့တောင်းဆိုဖို့အတွက် နိုက်ဂျီးရီးယားနိုင်ငံသား လူငယ် ၄ ယောက်က လေယာဉ်တစ်စီးကိုအနုကြမ်းစီးခဲ့ပါ တော့တယ်။အစီအစဉ်တွေကတော့ကောင်းကောင်းချထားပေမဲ့ တကယ်တမ်းအကောင်အထည်ဖော်တဲ့အခါမှာအခက်အခဲတွေ ရှိလာတဲ့အခါမှာတော့ ခရီးသည်တွေအပြည့်ဓားစာခံအနေနဲ့ အဖမ်းခံထားရတဲ့လေယာဉ်တစ်စီး တော်လှန်ရေးလူငယ် ၄ ယောက်နဲ့ နိုက်ဂျီးရီးယားအစိုးရတို့ကြားမှာ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်ဆောင်မှုတွေ လုပ်ကြမလဲဆိုတဲ့စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ရုပ်ရှင်အနေနဲ့ ပြန်လည်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.50GB) / (746MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
5 2024 86 mins
Hijack ’93
A World Without Thieves
7.2

ရှကန်းဟာ အသက် ၁၆ နှစ်ကတည်းက အိမ်ကနေထွက်လာပြီး တိဗက်တောင်တန်းဒေသမှာ ဘုန်းကြီးကျောင်းတွေပြန်‌ဆောက်တဲ့အလုပ်လုပ်လာခဲ့တာ ၅ နှစ်ရှိသွားခဲ့ပြီ။ ၅ နှစ်လုံးလုံးအိမ်မပြန်ခဲ့ရတဲ့ရှကန်းဟာ နှစ်သစ်ကူးလို သူများတွေအိမ်ပြန်ချိန်မှာ သူဟာတောင်ပေါ်ဒေသမှာ ဝံပုလွေလေးတွေနဲ့ပဲ သူငယ်ချင်းလုပ်ပြီးနေခဲ့တယ်။ ၅ နှစ်အတွင်းစုဆောင်းငွေ ၆ သောင်းနဲ့ မွေးရပ်မြေပြန်ပြီး အိမ်ဆောက်မယ် မိန်းမယူမယ်ပေါ့။ ဝံ‌ပုလွေတွေနဲ့တောင် သူငယ်ချင်းလုပ်နိုင်တဲ့ ရှကန်းရဲ့လောကကြီးမှာ လူတွေက ဝံပုလွေထက်ပိုဥာဏ်ကောင်းတာမို့လို့ သူခိုးဆိုတာလည်းမရှိဘူးလိုယုံကြည်တာကြောင့် ငွေ ၆ သောင်းကိုပိုက်ပြီး တစ်ယောက်တည်း ရထားစီးပြီး အိမ်ပြန်တယ်။ သူ့မှာ ငွေ ၆ သောင်းပါတာကို ရထားတစ်စီးလုံးနီးပါးသိသွားခဲ့ပြီး ရထားပေါ်မှာ ကျွမ်းကျင်သူခိုးအုပ်စုတစ်စုရယ်၊ ခြိမ်းခြောက်ငွေညှစ်တာ၊ ခါးပိုက်နှိုက်တာ၊ ခိုးတာအကုန်လုပ်တဲ့ စုံတွဲတစ်တွဲလည်းပါလာတော့ ရှကန်းရဲ့ ‌သူခိုးမရှိတဲ့လောကကြီးက ပြောင်းလဲသွားလေမလား။ သူထင်ထားတဲ့အတိုင်းပဲ ဆက်ဖြစ်မလား ကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(890 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama • Thriller
7.2 2004 113 mins
A World Without Thieves