YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Blue.Miracle.2021.1080p.NF.WEB-DL.DDP5.1.Atmos.x264-MRCS.mp4

2.11 GB N/A video/mp4 790 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aftersun
7.7

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။ A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။ နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 858MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
7.7 2022 101 mins
Aftersun
Rocketry: The Nambi Effect
7.8

IMDb...9.2 Rocketry: The Nambi Effect ဟာအိန္ဒိယရဲ့ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ လေကြောင်း၊ အာကာသယာဉ်တည်ဆောက်မှုအင်ဂျင်နီယာကြီး Nambi Narayanan ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံထားတဲ့ biographical drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Narayanan ရဲ့ပရင်စတန်တက္ကသိုလ်ဘွဲ့ရကျောင်းသားဘ၀၊ သိပ္ပံပညာရှင်တစ်ဦးမဖြစ်ခင်ဘ၀နဲ့ သူ့အပေါ်သူလျှိုမှုနဲ့လုပ်ကြံစွဲချက်တင်ခံခဲ့ရပုံတွေနဲ့ ဒီလောကဓံတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ Nambi Narayanan အဖြစ် 3 Idiots ဇာတ်ကားနဲ့မြန်မာပရိသတ်တွေရင်းနှီးကြတဲ့ R. Madhavan ကခေါင်းဆောင်ပါဝင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ်ပါတာဝန်ယူခဲ့တာပါ။ ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့အောင်မြင်ခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင် ၆ ကားထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan နဲ့ ထိပ်သီးတမီလ်မင်းသားကြီး Suriya တို့ကလဲ Cameo ပါဝင်ပေးထားပါသေးတယ်။ အတ္တုပတ္တိဇာတ်ကားတစ်ကားဆိုပေမယ့် ပျင်းစရာမကောင်းပဲနစ်မျောသွားအောင် သေသပ်တဲ့တင်ဆက်ပုံ၊ပီပြင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အင်အားနဲ့အဆုံးအထိဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size : (980 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…02:37:00 Genre : Action , Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu, Alias & Hnin Wut Ye Encoded by Phyo Pyae

Action • Crime • Thriller
7.8 2022 154 mins
Rocketry: The Nambi Effect
Manchurian Tiger
5.8

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Manchurian Tiger ဆိုတဲ့ တရုတ်ဒရာမာဟာသကားလေးဖြစ်ပါတယ်။ မန်ချူးရီးယန်းကျားဆိုတာကမ္ဘာမှာအရှားပါးဆုံးမျိုးနွယ်ဝင်မျိုးကျားတစ်မျိုးဖြစ်တယ် ။ လူတွေဟာရှားပါးမျိုးနွယ်ဝင်ကျားကိုထိန်းသိမ်းစောင့်ရှောက်ဖို့ တိရိစ္ဆာန်ရုံမှာပိတ်လှောင်ထားသလိုပဲ လူတိုင်းရဲ့စိတ်ထဲမှာလဲပိတ်လှောင်ထားတဲ့ သားရဲတစ်ကောင်ရှိတယ် ဆိုတဲ့သဘာဝကိုဖော်ကျူးချင်တာဖြစ်ပါတယ်။ မေလင်ဟာ မီးဖွားခါနီး ကိုယ်ဝန်နေ့စေ့လစေ့နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ရွှီတုန်းကတော့ ခွေးချစ်သူတစ်ယောက်ပါ။ ဇနီးဖြစ်သူ မီးဖွားပြီးရင် ကလေးငယ်နဲ့ခွေးကိုဆက်မွေးဖို့အဆင်မပြေတာကြောင့် ရွှီတုန်းဟာ မာချန်လီဆီမှာ ခွေးလေးကို အပ်ထားလိုက်ပါတယ်။ မာချန်လီကတော့ အကြွေးတွေပိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ ကံမကာင်းစွာနဲ့ပဲ ခွေးလေးဟာ မာချန်လီ လက်ထဲမှာ သေသွားပါတယ်။ အဲဒီလိုနဲ့ ရွှီတုန်းဟာ ဒေါသတကြီးနဲ့ မာချန်လီကိုလက်စားလိုက်ချေပါတော့တယ်။ လက်စားချေဖို့ကြိုးစားတိုင်းမအောင်မြင်ဘဲ သူထင်ထားသလို မဟုတ်တဲ့ မာချန်လီအကြောင်းတွေကိုသာသိလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ မေလင် တစ်ယောက် မထင်မှတ်ဘဲနဲ့ သူ့ယောင်္ကျားရဲ့လျို့ဝှက်ချက်ကိုသိသွားပါတော့တယ်….. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ ဒီကားလေးဟာ Genre မှာ Drama / Comedy ဆိုပေမယ့် ကိုယ့်ရဲ့တစ်ဦးတစ်ယောက်ထဲအမြင်အရ ဒရာမာဘက်ပိုရောက်တယ်လို့ ပိုခံစားမိပါတယ်။ ဘဝမှာ တချို့အရာတွေက ရယ်စရာလိုဖြစ်နေပေမယ့် ခါးသီးတဲ့အမှန်တရားတွေဖြစ်နေတတ်တာပဲမဟုတ်လား။ CM ပရိသတ်ကြီးကရော ဘယ်လိုမြင်လဲဆိုတာ အဆုံးကြည့်ပြီး ဆွေးနွေးသွားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama Quality….WEB-DL 1080p and 720p and 480p File size…1.69GB and 877MB and 284MB Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon Encoder ..... LK

Action • Mystery • Thriller
5.8 2022 118 mins
Manchurian Tiger
Beating Heart
6.2

ဒီတစ်ခေါက် CM ရဲ့ တရုတ်ကားချစ်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရမယ်ဆိုရင် ဂျပန်ကားလေး 1 Litre of Tears နဲ့ ပုံစံချင်းဆင်သလို ရှိတယ်ပြောလို့ရတယ်… ဘာလို့လဲဆိုတော့ ကျန်းရှောင်းယွီဆိုတဲ့ ကောင်မလေးကလည်း အာယာ့ ချန် လိုမျိုုးပဲ ရုတ်တရက်ချော်လဲရာကနေ ဆေးစစ်ဆေးကြည့်ပြီးနောက်မှ ရောဂါပြင်းကြီးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတာမလို့ပါ… ရှောင်းယွီလေး ကျောင်းတွင်း မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ထိပ်ဆုံးက ပြေးနေခဲ့ရာကနေ ရုတ်တရက် ချော်လဲသွားပြီး မေ့မြောသွားခဲ့ပါတယ်… ဒီလိုနဲ့ ဆေးရုံကိုလည်းရောက်ရော ဆေးစစ်ချက်က ” ဦးနှောက်ကင်ဆာ” တဲ့… ဖြစ်ချင်တော့ ရှောင်းယွီလေး က single mom တစ်ယောက်တည်းအားနဲ့ နေရတဲ့အပြင် လူကြီးရောဂါသည် အဖိုးကလည်း ရှိနေပြန်တော့ သူ့ရောဂါကို ကုဖို့ဆိုတာ သိပ်မလွယ်ကူဘူးပေါ့… ဒီလိုနဲ့ တစ်ဖက်မှာလည်း သူနဲ့ သွေးအမျိုးစားချင်းတူပြီး မွေးရာပါနှလုံးအားနည်းနေတဲ့ ယန်ဇီဆိုတဲ့ ကောင်မလေးလည်း ရှောင်းယွီ အရေးပေါ်ရောက်ချိန်မှာ သူလည်းရောက်လာတာပေါ့.. ယန်ဇီကတော့ ရှောင်းယွီဘဝနဲ့ မိုးနဲ့မြေပေါ့… ဒါပေမယ့် သူလည်း single daddy ရဲ့ သမီးလေးပေါ့… သို့ပေမယ့် သူ့ single daddy က စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ကြီးဖြစ်နေတာပေါ့… အခု ဆေးရုံကလည်း ယန်ဇီအဖေ့ပိုင် လုပ်ငန်းတွေထဲကတစ်ခုပေါ့… သူ့ဘဝတစ်ခုလုံးမှာ အလုပ်ထက် အရေးကြီးဆုံးက သူ့သမီးပဲ အခုလည်း သူ့သမီးရဲ့နှလုံးကို အစားထိုးဖို့ အကြိမ်ကြိမ်ကြိုးစားလာခဲ့တာပေါ့… ကဲ ဒီလောက်ဆို မှန်းဆနိုင်ပြီထင်ပါရဲ့… ရှောင်းယွီလေးရဲ့ နှလုံးကို ယန်ဇီအတွက် နှလုံးအစားထိုးဖို့အတွက် ကြံရာကနေ နောက်ဆုံးမှာ ယန်ဇီလေး နှလုံးအစားထိုးဖြစ်လား… ရှောင်းယွီလေးရော ကံကြမ္မာတစ်ပတ်လည်ပြီး အသက်ရှင်နိုင်မလား… ထုံးစံအတိုင်း ဇာတ်ကားလေးကို ဒေါင်းကြည့်ပြီး အဝကြီးငိုလိုက်တော့

Action • Crime • Drama • Thriller
6.2 2022
Beating Heart
Firehouse Dog
5.5

ဒီတစ်ခါတော့ ခွေးချစ်တတ်သူလေးတွေအကြိုက်တွေ့စေမယ့် မီးသတ်ခွေးလေး ဒူဝီအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင်လေး ကြည့်ရှုရမယ့်ကားလေးပါပဲ….။ ဇာတ်လမ်းဇာတ်အိမ်လေးက ရိုးရိုးလေးနဲ့ ခွေးလေးဒူဝီရဲ့ ပါးနပ်မှု သွက်လက်မှုတွေကို သဘောကျမြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းထဲမှာဆိုရင် မီးသတ်ခွေးမဖြစ်ခင်က ခွေးလေးဒူဝီဟာ ဟောလိဝုဒ် ရုပ်ရှပ်ရှင်လောကမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ စူပါစတားခွေးလေးပေါ့…။ သူ့ရဲ့အောင်မြင်လွန်းတဲ့ရုပ်ရှင်တွေကိုပြောပါဆိုရင် “Jurassic Bark” (ဂျူရက်စစ်ဟောင်သံ)တို့”The Fast & The Furriest” (လျှင်မြန်သူ ခွေးစုတ်ဖွား)တို့ပါတဲ့…။ ဒီလို နာမည်ကျော် ဟောလိဝုဒ်စတားခွေးလေးဟာ တစ်ရက်မှာတော့ ကံကြမ္မာဆိုးဝင်ပြီး ခွေးလေခွေးလွင့်ဘဝကိုရောက်ခဲ့ရပါတော့တယ်။ သေကံမရောက်လို့ မီးသတ်တပ်ဖွဲ့တစ်ခုက ကယ်ဆယ်မွေးစားခံရပြီးနောက် လူတွေကို ကူညီရင်းပဲ မီးသတ်ခွေးလေးဖြစ်လာခဲ့တယ်ပေါ့။ ခွေးလေးဒူဝီရဲ့ ဆန်းကြယ်လှတဲ့ ကံကြမ္မာအနိမ့်အမြင့် အဖုံဖုံကို လိုက်ပါစီးမျှောခံစားကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ….။ File size…2.57 GB/1.35 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre …..Action , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2007
Firehouse Dog
Just for Showmance
6.6

အခုခေတ်မှာအင်တာနက်တွေကိုလူတိုင်းသုံးလာတာနဲ့အမျှ အွန်လိုင်း Influencer ဆိုတာကလည်းအလုပ်တစ်ခုဖြစ်လာပါပြီ။ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးသထက်ကြီးအောင်ကြိုးစားရင်း ထုတ်ကုန်တွေထုတ်ရောင်းတာ စပွန်ဆာတွေကြော်ငြာပေးတာအစရှိသဖြင့်နဲ့ငွေဝင်လမ်းကြောင်းရှာဖွေရပါတယ်။ အခုတင်ဆက်ပေးမဲ့ Just For Showmance ဆိုတဲ့ဇာတ်ကားထဲက တယ်ရာဆိုတဲ့ အမျိုးသမီးကလည်း Influencer တစ်ယောက်ဖြစ်ပြီး ဒီနေ့မှာပဲသူ့ရဲ့ Skincare တွေကိုပွဲထုတ်ရောင်းချခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့မှာ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့အိပ်မက်လည်းရှိပြီး လူရွေးပွဲ တွေလည်းဝင်ရွေးခံထားပါတယ်။ဒါပေမယ့် သူက လိုအပ်သလောက်နာမည် သိပ်မကြီးတဲ့အတွက် သူ့ပစ္စည်းတွေအများကြီးမရောင်းရတဲ့အပြင် တီဗီအစီအစဉ် တင်ဆက်သူဖြစ်ဖို့လည်းရွေးချယ်မခံရပါဘူး။အဲ့ဒီအချိန်မှာပဲကံကောင်းစွာနဲ့ Happily Ever After ဆိုတဲ့အစီအစဉ်တစ်ခုမှာပါဝင်ဖို့ သူ့ဆီဖုန်းဆက်လာခဲ့ ပါတယ်။Happily Ever After ဆိုတာကတစ်ခါမှ မမြင်မတွေ့ဖူးတဲ့သူ နှစ်ယောက်ကို လက်ထပ်ပေးတဲ့တီဗီရှိုး အစီအစဉ်တစ်ခုဖြစ်ပြီး အဲ့ဒီမှာပါဝင်ရင် နာမည်ကြီးမှာ မလို့တယ်ရာလည်း နှစ်ခါပြန်စဉ်းစားမနေပဲ လက်ခံလိုက်ပါ တော့တယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်က နာမည်ကြီးလာဖို့ပဲဖြစ်ပြီး လက်ထပ်ဖို့ မဟုတ်တဲ့အတွက်သူနဲ့ချိတ်ပေးမဲ့ လူကိုစုံစမ်းပြီးသွားညှိနှိုင်းခဲ့ ပါတော့တယ်။သူနဲ့ချိတ်ပေးမဲ့ လူကတော့ကျေးလက်မှာ နေထိုင်တဲ့ဂျိုးဆိုတဲ့ မုဆိုးဖိုကလေးအဖေလူရိုးလေးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိပါတယ်။ အဲ့ဒီသမီးလေးကသွက်လက်ပြီး သူ့အဖေကိုအတင်းတိုက်တွန်းတာကြောင့် ဂျိုးလည်းလက်ခံလိုက်ရပြီး တကယ်တမ်းသူတို့ကြားမှာ သံယောဇဉ်တွေ တွယ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို Romantic ဆန်ဆန်ကြည့်ရှုရမဲ့ IMDb Rating 6.9 ရရှိထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.72 GB / 693 MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 23m Genre ….. Romance , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.6 2023
Just for Showmance
Alien Siege

Alien Siege (2005 ) ဒီတစ်ခါ CM ပရိသတ်ကြီးတဲ့ ငယ်ငယ်တုန်းကခွေငှါးကြည့်ရတဲ့ အရသာရစေဖို့ ခွေဆိုင်ခေတ်က ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းက Sci-Fi အမျိုးအစားဖြစ်တဲ့အတွက် အဲ့ခေတ်က CGI မျိုးပဲသုံးထားတာဖြစ်ပြီး သူ့ဟာနဲ့သူတော့ ကြည့်ရမဆိုးဘူးလှပါဘူး ဇာတ်လမ်းကလဲ ကမ္ဘာကြီးကိုဂြိုလ်သားတွေဝင်ရောက်လာပြီ ကမ္ဘာပျက်ဘေးကို ကာကွယ်ရမဲ့ Survival စတိုင်မို့ ဒီလိုဇာတ်ကားတွေကို ငယ်ငယ်တုန်းက ခွေထိုးကြည့်ခဲ့ရတဲ့ ကလေးဘဝအရသာလေးကို ရရှိမှာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာကြီးကို ကူလ်ကူလို့ခေါ်တဲ့ ဂြိုလ်သားမျိုးနွယ်စုက ကျူးကျော်သိမ်းပိုက်နေပါတယ် သူတို့က လူနဲ့တော်တော်တူတဲ့ မျိုးစိတ်ဆိုပေမဲ့ နည်းပညာကတော့ အလင်းအလျင်နဲ့ ခရီးသွားနိုင်တဲ့ထိကို တိုးတက်နေပြီပဲ ဖြစ်ပါတယ် သူတို့မျိုးနွယ်မှာဖြစ်နေတဲ့ ရောဂါဗိုင်းရပ်စ်ပိုးကို လူသားတွေကိုပေါင်းခံပြီးရတဲ့အရည်နဲ့ပဲ ကုသနိုင်တာမို့ ကမ္ဘာကြီးကိုလာရောက်ကျူးကျော်တိုက်ခိုက်နေတာပါ နောက်ဆုံးမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဂြိုလ်သားမျိုးစိတ်တွေက လူသားသန်းရှစ်ဆယ်ကို ကူလ်ကူတွေကို ပေးအပ်ပြီး စစ်ပွဲကိုရပ်ဖို့ သဘောတူခဲ့ကြပါတယ် အမေရိကန်နိုင်ငံကတော့ လူပေါင်း ငါးသန်းပေးဖို့ ခွဲတမ်းကျပြီး မဲစနစ်နဲ့ရွေးချယ်ကာ ပေးအပ်ဖို့စီစဉ််ထားပါတယ် ကူလ်ကူနည်းပညာတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင် ဒေါက်တာချေ့စ်ရဲ့သမီးဟာ ခွဲတမ်းစာရင်းထဲ ရွေးချယ်ခံလိုက်ရတဲ့အခါမှာ သမီးကိုချစ်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သူ့သမီးကို ဘယ်လိုကာကွယ်သွားမလဲဆ်ိုတာ ဆက်လက်ကြည့်ရှုရမှာပါ… အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Drama Quality…. 1080p | 720p File size… 1.9GB | 820MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

0 2005
Alien Siege
Age of Heroes
5.5

ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီး ထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာ နာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန် လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်က လွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့ နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။ အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီး နောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်း သယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကို ခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင် ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ File size…2.05GB / 938MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2011 90 mins
Age of Heroes
Bruce Almighty
6.8

စူပါဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်ကြီး ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ 486$ Millions နဲ့ အောင်မြင်မှု သရဖူဆောင်းသွားခဲ့ပါတယ်။ လက်ရှိ IMDb 6.8 ရထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ် ဆိုတဲ့ အားလုံးကို ပျော်ရွှင်စေတတ်တဲ့ အငယ်တန်း သတင်းကြေညာသူလေးဟာ အဓိက သတင်းကြေညာသူနေရာကို အမြဲရည်မှန်းနေပေးမယ့် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါ့အပြင် တခြားအဆင်မပြေမှုတွေ အတွက် ဖန်ဆင်းရှင်ကို အမြဲအပြစ်တင် ပြောဆိုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ဖန်ဆင်းရှင်ဘုရားနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကို တစ်ပတ်တိတိ ဖန်ဆင်းရှင်အဖြစ် တာဝန်လွှဲအပ်လိုက်တဲ့အခါ……. တစ်ကားလုံး ရယ်နေရသလို တွေးတောစရာ သင်ခန်းစာယူစရာတွေ အပြည့်နဲ့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre… Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by YeWai LynnHtut

Science Fiction • Thriller
6.8 2003 101 mins
Bruce Almighty
The Mummy Murders

The Mummy Murders 2023 Horror ကားတွေ fail နေတဲ့ဒီလိုအချိန်မှာ ဒီကားလေးက မဆိုးဘူးလို့ပြောရမယ် ဒီကားက သရဲတွေ တစ္ဆေတွေ နဲ့ ကြောက်အောင်ခြောက်လှန့်မယ်လို့ထင်ရင် မှားသွားလိမ့်မယ် လူကို စိတ္တဇဆန်ဆန် ပယ်ပယ်နယ်နယ်ကိုသတ်ပြပြီး ခြောက်လန့်မှာပါ ကလေးတွေနဲ့ အတူတူကြည့်ဖို့တော့ မသင့်တော်ပါဘူးနော် Domestic Hell လိုမျိုးဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Colin Bressler ရိုက်ကူးထားတာမို့ ဇာတ်အိမ်မကောင်းမှာတော့ မပူရပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ သတင်းထောက်အမျိုးသမီးနေတဲ့ ဆန်တိုနီယိုဆိုတဲ့မြို့လေးမှာ လူတွေတစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အချိန်မှာ အသုဘမှာအလောင်းပြင်ပေးရတဲ့ ဂျိုးဆိုတဲ့ ကွင်းဆက်လူသတ်သမား နဲ့ အဲလက်စ်တို့ ဆိုင်တစ်ဆိုင်မှာ တွေ့ဆုံကြရာကနေ ဂျိုးက သူငယ်ငယ်ကတည်းက အလောင်းပြင်တဲ့အလုပ်ကို သဘောကျပြီးတော့ အလောင်းပြင်ရတဲ့အလုပ်ကို အနုပညာတစ်ခုလို ခံစားတဲ့အကြောင်း အလောင်းပြင်စရာမရှိရင် လူသတ်ပြီး အလောင်းပြင်တဲ့အကြောင်း အခုအဲ့လိုလုပ်ရတာပျင်းလာလို့ တကယ့်အနုပညာလက်ရာမြောက်တစ်ခုလုပ်ချင်တယ်လို့ပြောလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 910MB | 359MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thet Oo Encoder ….. Aaron

Drama • Romance
0 2024
The Mummy Murders
L’immensità

ဒီဇာတ်ကားကတော့ ၁၉၇၀ခုနှစ်လောက်မှာဇာတ်အိမ်တည်ထားပြီး ကလာယာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဖောက်ပြန်ပြီးကြမ်းတမ်းစွာပြောဆိုပြုမှုတတ်တဲ့ယောကျာ်းနဲ့ စိတ်ဆင်းရဲစွာပေါင်းသင်းနေရတာပါ။ သူ့ဖက်က ကွာရှင်းဖို့ကြိုးစားပေမယ့်လဲ မအောင်မြင်တာကြောင့်အောင့်အီးသည်းခံပြီး ဆက်လက်ပေါင်းဖက်နေရတာပေါ့။ ဒီလိုမျိုး မိဘတွေကအမြဲတမ်း အ‌ဆင်မပြေဖြစ်နေတော့ ကလေးတွေအပေါ်ကိုပါတဖြည်းဖြည်းနဲ့ ရိုက်ခတ်လာတော့တာပါပဲ။ ကလေးသုံးယောက်ရှိတာကိုမှ အခံစားရဆုံးကတော့ သိတတ်နားလည်တဲ့အရွယ်ရောက်နေတဲ့ သမီးအကြီးဆုံး အန်ဒရီရာပါ။ မိဘတွေနဲ့ပတ်သက်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့အန်ဒရီရာဟာ စိတ်ထွက်ပေါက်အနေနဲ့ ယောကျာ်းလေးလိုဝတ်၊ယောကျာ်းလေးလိုပြောပြီး၊ ယောကျာ်းလေးလို‌ပဲနေပါတော့တယ်။ ဒီလို‌နဲ့တစ်နေ့မှာတော့ ဆာရာဆိုတဲ့ကောင်မလေးနဲ့တွေ့မိပြီး သူငယ်ချင်းအဖြစ်ကနေ တစ်ဖြည်းဖြည်းသံယောဇဉ်ပိုလာကာ ဘာတွေဆက်ဖြစ်မလဲဆို‌တာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…(1.4 GB)/(886 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 2023
L’immensità
The Bar El Bar
6.3

The Bar (Aka) El Bar (2017) IMDb Rating (6.3) / Rotten Tomatoes (100 %) RT 100% Rating ရရှိထားတဲ့ ဒီစပိန်ကားက တကယ်ကို သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားရမယ့် Underrated ရုပ်ရှင်ကားတကားပါပဲ။ အေးချမ်းတဲ့ သာမန်နေ့ရက်တစ်ရက်မှာ စားသောက်ဆိုင်ဘားတခုထဲ‌မှာ လူတစ်စုက အေးအေးချမ်းချမ်း ရှိနေချိန် ကံကြမ္မာဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါကတော့ ဆိုင်အပြင်ဘက်ကို ထွက်သွားတဲ့ လူနှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဆိုသလို စနှိုက်ပါသေနတ်နဲ့ပစ်သတ်ခံလိုက်ရတာကို ဘားထဲက လူအားလုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်… အပြင်ဖက်ကလူတွေအားလုံးလဲ ထွက်ပြေးပျောက်ကွယ်ကုန်ပြီး ဖုန်းလိုင်းတွေပါဆက်မရဖြစ်သွားပါတော့တယ်။ စနှိုက်ပါသေနတ်သမားရှိနေတာကြောင့် ဘယ်သူမှ ဆိုင်အပြင်မထွက်ရဲတော့ချိန်မှာပဲ ထူးဆန်းစွာ ဆိုင်အပြင်ဖက်က အလောင်း၂လောင်းကပါ ထပ်မံပျောက်ဆုံးသွားတဲ့အခါမှာတော့….။ ဘာမဟုတ်တဲ့မနက်ခင်းလေးကနေ သေရေးရှင်ရေးထိ ဆွဲခေါ်ခံသွားရမယ့် ဒီရုပ်ရှင်ကားက အသည်းတယားယားအခန်းတွေနဲ့ ပဟေဠိတွေကို ထိုင်အဖြေရှာရမှာပါ။

Crime • Drama • Thriller
6.3 2017 102 mins
The Bar El Bar
Sentimentaaal
5

Sentimentaaal ( 2024 ) မတရားမှုတိုက်ပွဲ Imdb 5/10 မွန်ဘိုင်းမြို့ရဲ့ အထက်တန်းကျတဲ့ ဘဝကနေ ရိုဂူနာသ်ပူလိုမျိုး မတရားမှုတွေ ထူပြောတဲ့ ဒေသလေးဆီကို မမျှော်လင့်ဘဲ ရောက်ရှိလာတဲ့ ရဲအရာရှိဆူရာယာ ဒီဒေသ အကြောင်းပြောရရင် ဒီမှာ မွေးဖွားလာတဲ့ကလေးတွေက အမေဆိုတဲ့စကားလုံးကို အရင်မသင်ရဘဲ ဒီဒီမိုနီဆိုတဲ့ အမျိုးသမီးနာမည်ကို အရင်သင်ရပါတယ် ဒီအမျိုးသမီးက ဒီနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားတာကြောင့်ပါ မတရားမှုတွေမှာ သူ့ကိုမယုံလို့ ရဲဆီသွားတိုင်ရင်တောင် လချီကြာတဲ့အထိ ဘာသတင်းမှမရတဲ့အချိန် ဒီအမျိုးသမီးကတော့ ဘယ်လိုပြဿနာမျိုးကိုမဆို နေ့မကူးဘဲ ဖြေရှင်းနိုင်စွမ်းရှိပါတယ် ဒါပေမဲ့တစ်ဖက်မှာလည်း တရားမဝင်လုပ်ငန်းတွေနဲ့ အုပ်စိုးနေတာကို ဆူရာယာတစ်ယောက် မျက်ကွယ်ပြုနိုင်ပါ့မလား ဆူရာယာနဲ့ ဒီဒီမိုနီတို့ရဲ့ အားပြိုင်မှုကို အဓိက ပုံဖော်ထားတဲ့ဒီကားမှာ မတရားမှုတွေကို တွန်းလှန်ရင်း သူ့ရဲ့မိသားစုနဲ့ ဒေသခံပြည်သူတွေကို ကာကွယ်ဖို့ ဆူရာယာက ဘယ်လိုတွေကြိုးပမ်းသွားမလဲ ဒီလို တိုက်ပွဲဝင်ရင်းနဲ့ပဲ မထင်မှတ်ထားတဲ့ အချစ်ရေးပြဿနာတွေ ဟာသအလွဲလေးတွေနဲ့လည်း ကြုံတွေ့ရဦးမှာဖြစ်လို့ လိုက်ပါကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Fantasy • Adventure • Action
5 2024 132 mins
Sentimentaaal
The Story of Us

အခုဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကြမ်းတွေရဲ့မင်းသားကြီး Bruce Willisရဲ့ ၁၉၉၁က ထွက်လာတဲ့ Drama Romanceလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဘန်နဲ့ ကေတီတို့က အိမ်ထောက်သက်ဆယ့်ငါးနှစ်ကျော်ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ။ သူတို့မှာ ဂျော့နဲ့အယ်ရင်လို့ခေါ်တဲ့ ကလေးနှစ်ယောက်လည်းရှိကြပါတယ်။ ဒါပေမဲ့ ဇနီးမောင်နှံတွေရဲ့ ထုံးစံအတိူင်း အိမ်ထောင်သက်ကြာလာတာနဲ့ ရန်ဖြစ်တာတွေ၊ ကတောက်ကဆဖြစ်တာတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကပိုပြီး အေးစက်လာကြပါတော့တယ်။ အဲ့လိုနဲ့ပဲ တဖြည်းဖြည်းနဲ့ နှစ်ယောက်သာ ဝေးကွာသွားကြရင်း ကွာရှင်းဖို့အထိပါ ဖြစ်ကုန်ကြပါတော့တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတစ်ခုကို ရပ်တန့်လိုက်ဖို့ကတော့လွယ်ပေမဲ့ တည်ဆောက်ဖို့ကတော့ ခက်ပါတယ်။ နှစ်ယောက်သား သူတို့ရဲ့ အိမ်ထောင်ရေးကို ပြန်ပြီး အသက်သွင်းဖို့ကြိုးစားကြရပါတယ်။ ကံကြမ္မာနဲ့အချစ်တစ်ခုကြောင့် ပေါင်းဖက်လာကြတဲ့ လူနှစ်ယောက် သဘောမတူညီမှုတွေ၊ အခက်အခဲတွေကြားထဲမှာ အတူတူရှိနေမယ့်လူတစ်ယောက်ကို ရထားတာ ဘယ်လောက်တောင်ကံကောင်းလဲဆိုတာကို နားလည်သွားဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ်။ ပြသာနာတွေကြားကအိမ်ထောင်ရေးတစ်ခုမှ အချစ်ကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာကို ပြသထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ File size… (1.8 GB) / (905 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lwin

0 1999
The Story of Us