YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

BLUE EYE SAMURAI_S01E08_720p(CM).mp4

299.19 MB N/A video/mp4 1763 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
Blacklight
6.3

မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။ အိုဘီဝမ်ကီနိုဘီနဲ့ဘတ်မန်းရဲ့ဆရာ့ မိသားစုကို ပြဿနာရှာရဲတဲ့လူမိုက်တွေ ထပ်ပေါ်လာပြန်ပါပြီ။ ဒီရုပ်ရှင်မှာတော့ ဗီယက်နမ်စစ်ပြန်ကြီး ထရက်ဗစ် ဘလော့ခ်ပေါ့။ အက်ဖ်ဘီအိုင်မှာ စာရင်းမဝင်တဲ့ မှောင်ခိုစစ်ဆင်ရေးတွေကို လုပ်ပေးနေတဲ့သူပါပဲ။ အက်ဖ်ဘီအိုင်ရဲ့ အကြာကြီး အသွင်ယူနေရတဲ့ အေးဂျင့်တွေကို ကူညီဖို့ ကယ်ထုတ်ဖို့ တာဝန်တွေကိုယူထားရတဲ့သူပါ။ တစ်နေ့မှာတော့ အသွင်ယူအက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက်က သတင်းထောက်တစ်ယောက်ကို အရေးကြီးသတင်းကြီးတစ်ခု ဖွင့်ချမယ်ဆိုပြီး ဆက်သွယ်လာတယ်။ အဲဒီအေးဂျင့်ကို အထက်က လိုက်ဖမ်းခိုင်းတော့ ထရက်ဗစ်ကလိုက်ဖမ်းရင်း အမည်မသိလူတွေရဲ့လက်ချက်နဲ့ အေးဂျင့်အသတ်ခံလိုက်ရပါတော့တယ်။ သူမသေခင်မှာ သတင်းထောက်မလေးနဲ့ ထရက်ဗစ်ကို ပြောသွားတဲ့ လျို့ဝှက်ချက်တစွန်းတစကြောင့် အက်ဖ်ဘီအိုင်ရဲ့ ညွှန်ချုပ်နဲ့ ရန်သူဖြစ်လာတဲ့အခါ.... File size…(1.4 GB)/(650 Mb)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Comedy • Horror • Romance
6.3 2022 104 mins
Blacklight
The Machinery of Dreams
6

The Machinery of Dreams (2021) ======================== ကားတိုက်မှုကြောင့် သူ့အမေ ထိခိုက်သွားပြီး ဆေးရုံတက်နေရ တာကြောင့် ရှစ်နှစ်သမီးလေး လီလီဟာ သူ့အဒေါ်မာသာ အဘွား ဘက်သ်တို့နဲ့အတူ နေရဖို့ အကြောင်းဖန်လာပါတယ်။ သူ့အဘွားဘက်သ်က ပုံပြင်ကောင်းကောင်းလေးတွေ ပြောတတ် သူတစ်ဦးပါ တစ်နေ့မှာတော့ လီလီ့ကို လယ်သမားနဲ့ မီးနတ်သူငယ် ဆိုတဲ့ ပုံပြင်‌လေး ပြောပြပါတယ်။ ပုံပြင်အရ သူ့အမေနေပြန်ကောင်း လာဖို့ နှလုံးသားတစ်စုံကို ရှာရပါမယ်။ နှလုံးသားကို မီးနတ်သူငယ်က သုံးပိုင်းခွဲပြီး လောကသုံးခုက လူသုံးယောက်ဆီမှာ ပေးထားပါတယ်။ သူ့အမေနေပြန်ကောင်းဖို့ ဘာမဆိုလုပ်မယ့် လီလီလေး လောကသုံး ခုကို ခရီးသွားပြီး နှလုံးသားအစိတ်အပိုင်းတွေ ရှာပါတော့တယ်။ လီလီလေး ခရီးမှာ ဘာအလှည့်အပြောင်းတွေ ကြုံရဦးမလဲ ဘာသင်ခန်း စာတွေ သင်ယူရမလဲ သူ့အမေရော ပြန်သတိရလာပါ့မလား စတာတွေ ကို ဒီဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ သင်ယူစရာ သင်ခန်းစာတွေ အများကြီး ရမှာမို့ အားလုံး ခံစားကြည့်ကြဖို့ တိုက်တွန်း လိုက်ရင်း တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.3 GB) / (500 MB) / (330 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Fantasy Translator.......Phu Myat Thwe Encoder..........SWM

Comedy • Romance
6 2021
The Machinery of Dreams
Five Minutes of Heaven

1970 ကာလမှာ အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖက်စ်မြို့မှာ အဲလစ်စတာလစ်‌တဲဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျိုးဂရစ်ဖင်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့အစ်ကိုကို အကြောင်းကိစ္စတစ်ခုကြောင့် ပစ်သတ်ခဲ့ပါတယ်။ နှစ်၃၀အကြာမှာတော့ ခေတ်တွေပြောင်းလဲသွားပြီး ဂျိုးဂရစ်ဖင်နဲ့ အဲလစ်စတာတို့ဟာ တီဗီအစီအစဉ်တစ်ခုက အဖွဲ့သားတွေရဲ့ချဉ်းကပ်မှုကြောင့် ဂျိုးဂရစ်ဖင်ဟာ သူ့အစ်ကိုကိုသတ်ခဲ့တဲ့လူသတ်သမားကို နှစ်၃၀အတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ဆုံဖို့ရာအကြောင်းဖန်လာခဲ့ပါတယ်။ ‌တီဗီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်က ဂျိုးဂရစ်ဖင်တို့နှစ်‌ယောက်ကို ပြန်လည်သင့်မြတ်စေဖို့ရည်ရွယ်တာဖြစ်ပေမဲ့ ဂျိုးဂရစ်ဖင်ကတော့ အစ်ကိုတစ်ယောက်လုံး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာတောင် မတ်တပ်ရပ်ကြည့်နေခဲ့တဲ့အတွက် အမေဖြစ်သူရဲ့ နှစ် ၃၀ လုံးလုံးအပြစ်တင်လာတာကို ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေနဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး တစ်ဘ၀လုံးစာစောင့်ဆိုင်းခဲ့ရတဲ့ လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ရာကြံ‌စည်နေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦး တကယ်တွေ့ဆုံကြတဲ့အချိန်မှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ၊ ဂရစ်ဖင်တစ်ယောက်ရော သူဖြစ်ချင်နေခဲ့တဲ့အတိုင်း နှစ်၃၀လုံးလုံး တေးလာခဲ့ရတဲ့ရန်ကြွေးကိုဆပ်လိုက်မလား၊ အဲလစ်စတာအနေနဲ့ရော အတိတ်က သူလုပ်ခဲ့မိတဲ့အပြစ်အတွက် ပေးဆပ်သွားမှာလားဆိုတာကိုတော့… File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2009
Five Minutes of Heaven
Matcha & Vanilla
6.6

Matcha & Vanilla (2021) Matcha လို့ခေါ်တဲ့ လက်ဖက်စိမ်းက ခါးသက်တဲ့အရသာရှိပြီး Vanilla အရသာကတော့ ချိုအီတဲ့ဘက်ကဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်ဘက် မလိုက်ဖက်ဘူးလို့ ထင်ရတဲ့အရာနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ ထူးခြားတဲ့ နှစ်သက်ဖွယ်ရာ အရသာတစ်ခုထွက်လာသလို ဒီလို ချိုတလှည့် ခါးတလှည့် အရသာကပဲ ဘဝဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရည်ညွှန်းနေသလိုပါပဲ။ ယုခိနဲ့ အအိဆိုတဲ့ အမျိုးသမီးနှစ်ယောက်က လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အမှတ်မထင် တွေ့ဆုံခဲ့ကြတာပါ။ ဘဝအမောတွေကို အပြန်အလှန် ဖေးမနိုင်စွမ်းရှိတဲ့ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားကြပြီး အတူနေထိုင်လာကြတာ ခုဆို ၁၀နှစ်တောင် ရှိပါပြီ။ ယုခိက ပန်းချီဆရာမတစ်ယောက်ဖြစ်ပြီးတော့ ပန်းချီကားတွေကို အချိန်ယူပြီး စိတ်နှစ်ရေးဆွဲလေ့ရှိတဲ့သူတစ်ယောက်ပါ။ ယုခိရော အအိရော ၂ယောက်လုံးက ပန်းချီကားတွေကို သူတို့နှစ်ယောက်ရဲ့သားသမီးတွေလို့ မှတ်ယူထားကြတာပါ။ ယုခိက ချောင်းတွေဆက်တိုက်ဆိုးလာလို့ ဆေးစစ်ကြည့်ရင်းနဲ့ ကင်ဆာနောက်ဆုံးအဆင့် ရှိနေတာကို သိလိုက်ရပါတယ်။ ရှေးရိုးစွဲအတွေးအခေါ်ရှိသူတွေ အများအပြားရှိနေတဲ့ဂျပန်မှာ လိင်တူစုံတွဲအတွက် သာမန်အခြေအနေမှာတောင် ရင်ဆိုင်ကြုံတွေ့ရတာတွေက ခက်ခဲပါတယ်။ ခုလို ကင်ဆာနဲ့ ထိပ်တိုက်တွေ့ရချိန်မှာ ငွေကြေးအခက်အခဲတွေနဲ့ ပြဿနာအစုံကို သူတို့နှစ်ဦး ဘယ်လိုရုန်းကန်ကျော်ဖြတ်ရမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ အခုဆိုရင် ဂျပန်မှာ Same Sex Marriage တွေကို တစ်မြို့ပြီးတစ်မြို့က လက်ခံလာကြပါပြီ။ ဒါပေမဲ့ ဥပဒေအရ တရားဝင်အသိအမှတ်မပြုသေးတဲ့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်နေရပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 855MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 24Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

6.6 2021 84 mins
Matcha & Vanilla
Dreamer: Inspired By a True Story
6.8

ဒီဇာတ်လမ်းမှာ ပြိုင်မြင်းလေ့ကျင့်ရေးသမားဖြစ်တဲ့ Benက အလုပ်များတာကြောင့် သူ့သမီးလေး Cale ကို လျစ်လျူရှုပြီး နေရင်းက အလုပ်မှာ ခြေထောက်ကျိုးသွားတဲ့ပြိုင်မြင်းမလေးတစ်ကောင်ဖြစ်တဲ့ Sonador ကိုကယ်ရင်း အလုပ်ပြုတ်သွားခဲ့တယ်။ Cale လေးက Sonador ကိုချစ်ပြီး Ben နဲ့အတူ အိမ်မှာ Sonador ခြေထောက်သက်သာအောင်ကူညီရင်းက သားအဖနှစ်ယောက် ပြန်လည်စည်းလုံးလာပြီး နွေးထွေးတဲ့ မိသားစုတစ်ခုပြန်လည်ရရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်နေတဲ့ Ben တို့မိသားစု ငွေကြေးအတွက် Sonador မြင်းမလေးနဲ့ ပြိုင်မြင်းလောင်း​ကြေးလောကမှာ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ နွေးထွေးတဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ကလေးမလေး Cale ရဲ့ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုရှိတဲ့ အတုယူစရာစိတ်ဓာတ်နဲ့ သတ္တိကို ရင်ထဲနွေးထွေးပြီး​ အနှစ်သာရအပြည့်နဲ့ ကြည့်ရှုရမဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Drama, Family, Sport Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

Crime • Thriller • Drama
6.8 2005 106 mins
Dreamer: Inspired By a True Story
Twenty Hacker
7.4

ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့် ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရပါတယ် ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့် ဟက်ကာသမားကိုဖမ်းဖို့ သူကိုယ်တိုင် ဟက်ကာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့ “ပိုကောင်းတဲ့ကမ္ဘာ”ဆိုတဲ့အဖွဲ့နဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ ဂျယ်မင်းတို့ တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖို့အတွက် သူတို့အချင်းချင်းပူးပေါင်းပြီးဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ

7.4 2021
Twenty Hacker
Citizen Kane
8.3

Citizen Kane (1941) ~ IMDb – 8.3/10, RT – 99%, Meta – 100% ~ ( I ) One of the Greatest Films of All Time လို့ ရည်ညွှန်းခံရတဲ့ ရုပ်ရှင်တွေက ရုပ်ရှင်ကောင်းတွေ ဖြစ်နေတတ်တာတော့ ကျွန်တော်တို့ ငြင်းမရပါဘူး။ Citizen Kane ဟာ One of the Greatest Films of All Time မဟုတ်တဲ့ The Greatest Film of All Time ဘွဲ့ကို ဒီ၂၁ရာစုအထိ ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ Greatest Films ဆိုတဲ့ Lis‌t‌ တွေရဲ့ ထိပ်ဆုံးမှာ အမြဲရပ်တည်နေခဲ့တယ်။ တစ်နှစ်ကတော့ Rotten Tomatoes 100% ရထားတဲ့ Paddington 2 က 99% ရထားတဲ့ Citizen Kane ကို ကျော်ပြီး ဒီဘွဲ့ရသွားပြီလို့ မျက်ခွက်ပြောင်ခဲ့ကြသေးတယ်။ ဒီအချက်ကတော့ ဟာသမှန်းအားလုံးသိကြပေမဲ့ ကိန်းဟာ တကယ့် Greatest Film of All Time ဟုတ်မဟုတ်တော့ တချို့အတွက် အငြင်းပွားစရာဖြစ်နေခဲ့တယ်။ Rating အရကြည့်ရင်တော့ ကျွန်တော်ကတော့ IMDb ကို လုံးဝမယုံသလို Rotten Tomatoes ကိုလည်း နည်းနည်းပဲယုံပြီး Metacritic ကို ပိုယုံတယ်ဆိုတော့ IMDb – 8.3/10, RT – 99% , Meta – 100% ရထားတဲ့ ကိန်းရဲ့ Rating အခြေအနေက လက်ခံချင်စရာတော့ကောင်းတယ်။ တချို့ကတော့ လက်ရှိခေတ်ရုပ်ရှင်တွေကို ဖြတ်သန်းပြီးမှ ကိန်းကို ပြန်ကြည့်မယ်ဆိုရင် ကောင်းတော့ကောင်းပေမဲ့ ဒီဘွဲ့ကြီးကတော့ မဟုတ်သေးပါဘူးကွာလို့ ပြောကောင်းပြောလိမ့်မယ်။ ကျွန်တော်တို့ ထည့်စဉ်းစားရမယ့်အချက်က ကိန်းဟာ ၁၉၄၁တုန်းက ရုပ်ရှင်ဆိုတာပါပဲ။ သူ့မှာသုံးခဲ့တဲ့ အရင်ကမရှိဖူးခဲ့တဲ့ ဆန်းသစ်မှုတွေအကုန် မဆန်းတော့တာတွေ ဖြစ်ကုန်ပါပြီ။ ရယ်ရတာကတော့ အဲဒီလိုမဆန်းတော့တာတောင် လူတစ်ယောက်အကြောင်း ဒီလိုပုံဖော်ထားတဲ့ထဲ ကိန်းလောက် အရသာရှိတဲ့ပုံစံမျိုး ကျွန်တော်တော့ မကြည့်ဖူးဘူး။ ( II ) သူ့မှာ သုံးထားတဲ့ Storytelling စတိုင်ကလည်း သူ့ခေတ်အနေနဲ့ဆို ဆန်းသစ်မှုတစ်ခုဖြစ်နေသလို ကျွန်တော်ကြည့်ဖူးသလောက်ထဲလည်း ဒီလောက်သပ်ရပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ဟန်မျိုးတော့ မတွေ့ဖူးဘူး။ ပြောရရင် သူ့ဇာတ်ကောင်က ဂတ်စ်ဘီ၊ ဂျော်ဒန်ဘဲဖို့ဒ်နဲ့ ဟောင်းဝတ်ဟုဒ်ကို ပေါင်းထားသလိုမျိုးပဲ။ ဒါပေမဲ့ အဲဒီကားတွေကိုရိုက်ခဲ့တဲ့ဆရာကြီးတွေရဲ့ Storytelling စတိုင်တောင် ဒီလောက်သပ်ရပ်နေတာမျိုးတော့ မဟုတ်ခဲ့ဘူး။ သူ့ခေတ်သူ့အခါမှာ ဆန်းသစ်ခဲ့သလို အခုထိလည်း ခေတ်မီနေသေးတဲ့ ကိန်းရဲ့ Storytelling စတိုင်ဟာ ဒီရုပ်ရှင်ကို အစ ၅မိနစ်လောက်ဖွင့်လိုက်တာနဲ့ အဆုံးထိကို အရှိန်တင်ပေးနိုင်တဲ့ အရည်အသွေးမျိုးရှိတယ်။ စီနီမာတိုဂရပ်ဖာဖြစ်တဲ့ Gregg Toland ရဲ့ စီနီမာတိုကလည်း အဲဒီခေတ်အနေနဲ့ ထူးခြားခဲ့သလို တည်းဖြတ်ပိုင်းကလည်း အပြစ်ပြောစရာမရှိအောင် သေသပ်ခဲ့တယ်။ နှုတ်ခမ်းမွှေးသစ်ပင်ကြီးလို မထော်မနန်းတွေလည်း ကင်းတယ်။ ( III ) ဒီဇာတ်လမ်းဟာ အမေရိကရဲ့ ကူဘလိုင်ခန်လို့ နာမည်ကျော်တဲ့ သတင်းစာလုပ်ငန်းပိုင်ရှင် ရွှေတွင်းသူဌေးကြီး ချားလ်ဖော်စတာကိန်း သေပြီးနောက်မှာ အစပြုခဲ့တယ်။ သူသေခါနီး သူနောက်ဆုံးပြောသွားတဲ့စကားကတော့ “ရို့စ်ဘတ်”တဲ့။ နာမည်တစ်ခုလို့တော့ထင်ရပေမဲ့ ဒီနာမည်ပိုင်ရှင်က ဘယ်သူလဲ၊ ဒီနာမည်က ဘာလဲဆိုတာကို ဘယ်သူမှမသိခဲ့ကြဘူး။ ဒါပေမဲ့ လုပ်သမျှအကုန် သတင်းစာခေါင်းစီးမှာပါနေတဲ့ ကိန်းကိုယ်တိုင် နောက်ဆုံးပြောသွားတဲ့စကားဆိုတော့ ဒါကသတင်းဖြစ်ဖို့လုံလောက်ခဲ့တယ်။ ( IV ) ကိန်းဟာ ကမ္ဘာပေါ်မှာ ဆဠမအချမ်းသာဆုံးသူဌေးဖြစ်ခဲ့သလို တစ်နှစ်ကို အဲဒီခေတ်တန်ကြေး ဒေါ်လာတစ်သန်းရှုံးနေတဲ့ သတင်းစာတိုက်ကို နှစ်ပေါင်းများစွာ ဦးစီးခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ လုပ်ငန်းပေါင်းများစွာပိုင်တဲ့ ခရိုနီတစ်ယောက်ဖြစ်ခဲ့သလို အလုပ်သမားလူတန်းစားဘက်က ရပ်တည်သူလည်းဖြစ်ခဲ့တယ်။ နိုင်ငံရေးသမားတွေကို ရှုံ့ချခဲ့သူဖြစ်သလို နိုင်ငံရေးသမားလုပ်ခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ ကိန်းဟာ လူအားလုံးကို ရက်ရက်ရောရော ပေးနေကမ်းနေတဲ့လူဖြစ်ခဲ့သလို ဘယ်သူ့ကိုမှ ဘာမှမပေးခဲ့တဲ့သူလည်း ဟုတ်ခဲ့တယ်။ ကိန်းဟာ အများအကျိုးကြည့်သူဖြစ်ခဲ့သလို အတ္တကြီးလွန်းသူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ စစ်ကိုဆန့်ကျင်ခဲ့သလို စစ်ကိုလည်း အားပေးခဲ့တယ်။ ကိန်းဟာ သူချစ်တဲ့မိန်းမအတွက် အားလုံးကိုစွန့်လွှတ်ခဲ့ပြီး အော်ပရာဇာတ်ရုံကြီးဆောက်ပေးခဲ့သူဖြစ်သလို ကိန်းဟာ ဘယ်သူ့ကိုမှ မချစ်ခဲ့သူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ အားလုံးကိုလုပ်ခဲ့သလို ဘာကိုမှမပြီးမြောက်ခဲ့သူလည်းဟုတ်တယ်။ ကိန်းဟာ အားလုံးရဲ့အချစ်ကိုရခဲ့သလို အားလုံးရဲ့အမုန်းကိုလည်းရခဲ့တယ်။ ကိန်းဟာ အမှန်ဘက်က ရပ်တည်ချင်သူဖြစ်ခဲ့သလို အမှားတွေကို လုပ်နေသူလည်း ဖြစ်ခဲ့တယ်။ ကိန်းဟာ အရာအားလုံးကို ပိုင်ဆိုင်ခဲ့ရသူဖြစ်ခဲ့သလို အရာအားလုံးကို ဆုံးရှုံးသူလည်းဖြစ်ခဲ့တယ်။ ဒီလိုလူရဲ့သမိုင်းကို ခြေရာပြန်ကောက်ဖို့ ဖြစ်လာတဲ့ သတင်းသမားတွေဟာ “ရို့စ်ဘတ်”ဆိုတဲ့ နာမည်ရဲ့ ဇစ်မြစ်ကိုရှာခဲ့ကြတယ်။ ( V ) သွမ်ဆန်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ကိန်းနဲ့ပတ်သက်တဲ့လူတွေကို တစ်ယောက်ချင်း လိုက်တွေ့ရင်း “ရို့စ်ဘတ်”ဆိုတာကို လိုက်မေးရင်း ကိန်းရဲ့ဘဝကို ကိန်းကိုသိခဲ့တဲ့သူတွေရဲ့ အမြင်ကနေ မတူတဲ့ရှထောင့်ပေါင်းစုံနေ ကြားခဲ့ရတယ်။ တစ်ယောက်ရဲ့အမြင်မှာ ကိန်းဟာ ကြီးကျယ်ခမ်းနားသူ၊ ရိုးသားသူ၊ ရက်ရောသူ။ တစ်ယောက်ရဲ့အမြင်မှာ ကိန်းဟာ ကြီးကျယ်ခမ်းနားချင်ယောင်ဆောင်သူ၊ ရိုးသားချင်ယောင်ဆောင်သူ၊ ရက်ရောချင်ယောင်ဆောင်သူ။ ဒါကို ကျွန်တော်တို့ ခေါ်ကြတာက Rashomon Effect ပေါ့။ ကိန်းဟာ ရာရှိုးမွန်ထက် ဆယ်စုနှစ်တစ်ခုစောတဲ့အတွက် ဒါကို ကိန်းအဖက်လို့ ပြောရလိမ့်မယ်။ ဒါပေမဲ့ ရာရှိုးမွန်ကလည်း ပိုပြည့်စုံအောင်လုပ်ပေးခဲ့တယ်ဆိုလည်း ငြင်းမရပါဘူး။ ဒါကလည်း သူ့ခေတ်အရ တော်တော်ဆန်းသစ်တဲ့ တင်ဆက်ပုံထဲပါတယ်။ ဒါပေမဲ့ ကိန်းက ဒီ Effect ရဲ့ သက်ရောက်မှုလို တစ်လမ်းတည်းမသွားဘဲ ပိုရှုပ်ထွေးတယ်လို့တော့ ပြောရမယ်။ ( VI ) သူ့ဇာတ်လမ်းကိုသိရပုံဟာ သတင်းထောက်က သတင်းလိုက်တာဖြစ်တဲ့အတွက် ဒီထဲက ကိန်းရဲ့ဘဝဖြစ်စဉ်ကို သတင်းထောက်သိရပုံက Linear အတိုင်းမဟုတ်ခဲ့ဘူး။ ဒါတော့ သူ့ရှေ့မှာလည်း ရှိတော့ရှိခဲ့တယ်။ ဒါပေမဲ့ သိပ်တော့အသုံးမများသေးဘူး။ တည်းဖြတ်မှုပိုင်းမှာလည်း အရိပ်တွေ အမှောင်တွေကိုအဓိကထားသုံးပြီး Transition လုပ်သွားတာတွေက ထူးခြားခဲ့တယ်။ သူ့တင်ဆက်ပုံမှာ သတင်းထောက်နဲ့ ကျွန်တော်တို့က အတူတူပဲသိရလိမ့်မယ်။ စစချင်းမှာ ကိန်းရဲ့ကြီးကျယ်ခမ်းနားမှုတွေအကြောင်းကို ဇာတ်ကြောင်းပြောသွားပုံကလည်း ဩချရလောက်တယ်။ လုပ်ဆောင်ဆဲသတင်းရဲ့ နမူနာဗီဒီယိုကိုပြရင်းနဲ့ပဲ အပြင် Narrative ကို သုံးသွားတာမဟုတ်ဘဲ Narrative မဟုတ်တဲ့ Narrative ကို သုံးသွားသလို ဖြစ်နေတယ်။ သတင်းထောက်ဖွင့်ပြတဲ့ အဲဒီဗီဒီယိုမှာ ကျွန်တော်တို့က သတင်းထောက်သိထားတဲ့ ကိန်းအကြောင်းကို သတင်းထောက်နဲ့ ထပ်တူသိရလိမ့်မယ်။ သတင်းထောက်မသိသေးတာတွေကို သတင်းထောက်မေးမြန်းတဲ့အခါမှာ သတင်းထောက်သိတဲ့အချိန်မှာပဲ ကျွန်တော်တို့သိရလိမ့်မယ်။ ဆိုပေမဲ့ ခုနပြောခဲ့သလို ဒီသိရတာတွေက ပုဂ္ဂိုလ်စွဲအမြင်တွေမကင်းဘူး။ ဒီဇာတ်လမ်းမှာ ကျွန်တော်တို့အတွက် ရာနှုန်းပြည့်မှန်ကန်တဲ့အဖြစ်မှန်မရှိဘူး။ ဒီကြားရတာတွေကို သတင်းထောက်က သူ့ဉာဏ်နဲ့သူ ကောက်ချက်ချပြီး ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကိန်းအပေါ် သူ့အမြင်ကို သူတည်ဆောက်ခဲ့တယ်။ ပြောရရင် သတင်းထောက်နဲ့ ကျွန်တော်တို့ကြည့်နေတဲ့လူတွေ သိထားသိလာတာတွေက အတူတူပဲ။ သတင်းထောက်က သူ့အမြင်သူတည်ဆောက်ခဲ့သလို ကျွန်တော်တို့ကိုလည်းကျွန်တော်တို့အမြင်တည်ဆောက်ခွင့်ပေးထားတယ်။ ဘယ်လိုမြင်မလဲက ကျွန်တော်တို့အတာပေါ့။ ဒီStorytelling စတိုင်က ခြောက်ပြစ်ကင်းတဲ့ ပုံစံလို့ ကျွန်တော်တော့မြင်တယ်။ ( VII ) ဒီလိုနဲ့ “ရို့စ်ဘတ်”ဆိုတဲ့ အရာနောက်ကို လိုက်ရင်း ကိန်းအကြောင်းကို စကားလုံးတွေကနေ သိလာတဲ့ သတင်းထောက်ဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လိုစကားလုံးနဲ့မှ သရုပ်ဖော်ပြလို့မရဘူးလို့ သတင်းထောက်ဟာ နှောင်းပိုင်းမှာ ပြောခဲ့တယ်။ “ရို့စ်ဘတ်”ဆိုတဲ့အရာဟာ ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်ခဲ့သလို ဒီဇာတ်လမ်းထဲ ကိန်းကလွဲ ဘယ်သူမှမသိခဲ့တဲ့အရာလည်းဖြစ်ခဲ့တယ်။ သတင်းထောက်တောင်မသိခဲ့ရတဲ့ “ရို့စ်ဘတ်”ကို ကျွန်တော်တို့ပရိသတ်တွေကို သိခွင့်ပေးထားခဲ့တယ်။ “ရို့စ်ဘတ်”ဟာ ကိန်းကို ကျွန်တော်တို့ တကယ်နားလည်စေမယ့်အရာလည်း ဟုတ်ခဲ့သလို ဘာမှမထူးခြားတဲ့ အရာလည်းဟုတ်ခဲ့တယ်။ သတင်းထောက်ကတော့ “ရို့စ်ဘတ်”ကိုသိရလည်း ဘာမှမထူးသွားဘူးလို့ ထင်ခဲ့သလို တကယ်လည်း ဘာမှမထူးတဲ့အရာလည်း ဟုတ်ခဲ့တယ်။ ဘာလို့ဆို သတင်းထောက်ဟာ ကိန်းကို နားလည်သွားခဲ့လို့ပါပဲ။ သတင်းထောက်ဟာ “ရို့စ်ဘတ်”ဟာ အရာရာကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ကိန်း မပိုင်လိုက်ရတဲ့အရာလို့ ကောက်ချက်ချခဲ့တယ်။ သူ့ကောက်ချက်ချခြင်းကလည်း မှန်ခဲ့ပါတယ်။ “ရို့စ်ဘတ်”ဟာ ကိန်းရဲ့ အရာရာကိုရရှိခဲ့ခြင်းကို ရည်ညွှန်းသလို ကိန်းရဲ့ အရာရာကို ဆုံးရှုံးခဲ့ခြင်းကိုလည်း ရည်ညွှန်းထားတယ်။ အနုပညာလက်ရာတစ်ခုမှာ မက်ဆေ့တော့ ဘယ်တော့မှမလိုပေမဲ့ အမြင်တစ်ခုတော့ အမြဲလိုပါတယ်။ Citizen Kane ဟာ အဲဒီအမြင်တစ်ခု ခံယူချက်တစ်ခုလည်း ခိုင်ခိုင်မာမာရှိခဲ့တဲ့ ရုပ်ရှင်ဆိုတာကို “ရို့စ်ဘတ်”က ကျွန်တော်တို့ကို သက်သေပြထားတယ်။ ( VIII ) ဒီ Citizen Kane ရုပ်ရှင်ကို Orson Welles ကိုယ်တိုင် ဒါရိုက်တာ သရုပ်ဆောင်လုပ်ခဲ့ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ Herman J. Mankiewicz နဲ့ တွဲဖက်ပြီး ရေးခဲ့တယ်။ သေချာသိချင်ရင်တော့ ဒေးဖစ်ဖင်ချာရဲ့ Mank (2020) မှာ ဒီရုပ်ရှင်ဇာတ်ညွှန်း ဖြစ်တည်လာပုံကို အသေးစိတ်ကျကျ မြင်နိုင်တယ်။ ကြည့်လည်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ကိန်းဇာတ်ကောင်ကိုတော့ အမေရိကန်သတင်းစာထုတ်ဝေသူနဲ့ မီဒီယာလုပ်ငန်းရှင် နိုင်ငံရေးသမားဖြစ်တဲ့ William Randolph Hearst ကို အဓိကမှီးပြီး တည်ဆောက်ထားခဲ့တယ်။ သူ့ချည်းတော့မဟုတ်ဘူးပေါ့။ Herman ဟာ Hearst ကို တကယ်သိခဲ့သလို သူ့ကိုသူ့အသိုင်းအဝိုင်းထဲက နှင်ထုတ်လိုက်တဲ့အတွက် မုန်းတီးနေသူလည်းဖြစ်ခဲ့တယ်။ စစကတော့ ဒီဇာတ်ညွှန်းကို The American ဆိုပြီး နာမည်ပေးထားခဲ့တယ်။ ဒါလည်း ဆီလျော်တဲ့နာမည်ပဲဆိုတာ ကြည့်ပြီးရင်သိမှာပါ အခုလောက်တော့ ဂန္ထဝင်မဆန်ပေမဲ့ပေါ့။ ( IX ) ရိုက်ကူးရေးဘက်မှာလည်း Citizen Kane ဟာ အော်ဆန်ဝဲလ် ပထမဆုံးရိုက်တဲ့ ရုပ်ရှင်လည်းဟုတ်ခဲ့ပါတယ်။ အရင်းတောင်မကြေတဲ့အထိ ဘတ်ဂျက်သုံးခဲ့သလို Frank Capra, René Clair, Fritz Lang နဲ့ Jean Renoir တို့ရဲ့ ရုပ်ရှင်တွေကိုကြည့်ပြီး လေ့လာခဲ့တယ်။ John Ford ရဲ့ Stagecoach ကိုဆို အကြိမ်လေးဆယ်အထိကြည့်ပြီး လေ့လာခဲ့တယ်။ နည်းနည်းကြာပြီးမှ Greatest Film of All Time ဆိုပြီး ဖြစ်လာခဲ့တဲ့ Citizen Kane ဟာ အော်စကာမှာ ကိုးဆုထိ ဆန်ခါတင်ဝင်ခဲ့ပေမဲ့ Best Original Screenplay တစ်ခုတည်းရခဲ့သလို ဝင်ငွေအရလည်းရှုံးနိမ့်ခဲ့တယ်။ ( X ) Citizen Kane ဟာ အခုထိ Greatest Film of All Time ဟုတ်မဟုတ်က တချို့အတွက်တော့ အငြင်းပွားစရာကိစ္စဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့လည်း သူ့ခေတ်အခါမှာ သူသုံးခဲ့တဲ့ တက္ကနစ်တွေနဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်းအရတော့ မဟုတ်ဘူးလို့ပြောရတော့ခက်ပါတယ်။ သေချာတာတော့ Citizen Kane ဟာ The Greatest Film of All Time ဘွဲ့ကို ပေးမယ်ဆိုလည်း ထိုက်တန်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.5GB, 1.75GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 1H 59Min Genre – Epic, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
8.3 1941 119 mins
Citizen Kane
Project Gutenberg
6.9

IMDb Rate 6.9 နဲ့အတူ နာမည်ကြီးမင်းသား ချောင်ယွမ်ဖတ်ကလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဂျင်းကားမဟုတ်တာတော့ 100 %ကျိန်းသေနေတာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့လွန်ခဲ့တဲ့ နှစ်တွေက ချစ်သူ ၂ယောက် … အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ် ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့် ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ် ကံကြမ္မာလှည့်ကွက်တွေကြောင့် ၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့ ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ် ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြု ပန်းချီပညာရှင်တစ်ယောက်….ရဲစခန်းက ဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကို ကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲ ကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ် ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာ ဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေ အစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ် ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီး စောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့ ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်

6.9 2018 130 mins
Project Gutenberg
Barbie
6.6

Barbie (2012) **************** အပြင်မှာ ညီအစ်မ အရင်းတွေ ဖြစ်ကြတဲ့ Kim Sae Ron နဲ့ Kim Ah Ron တို့ရဲ့ ရုပ်ရှင်လေးဖြစ်ပြီး ဒီကားလေးမှာတော့ .. ကျပ်မပြည့်တဲ့အဖေနဲ့အတူနေတဲ့ အီဆွန်းယောင်းနဲ့ အီဆွန်းဂျာတို့ ညီအစ်မနှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ သူတို့ရဲ့အမေဖြစ်သူက ငယ်ငယ်ကတည်းက သေဆုံးသွားပြီး သူ့အဖေဖွင့်လှစ်ခဲ့တဲ့ တည်းခိုခန်းကိုပဲ ဆက်ဖွင့်ရင်း ဘဝကို ရရာငွေလေးနဲ့ ရှင်သန်နေကြရတဲ့ ဆင်းရဲတဲ့မိသားစုပါ။ သူ့အဖေရဲ့ညီဖြစ်သူ ဦးလေးကလည်း တစ်ဖက်တစ်လမ်းက ဝင်ကူပေးတယ်ပြောရမလိုပေမဲ့ လာချင်တဲ့အချိန်လာ၊ သွားချင်တဲ့အချိန်သွားတတ်တဲ့လူမျိုးဖြစ်တာကြောင့် ကျပ်မပြည့်တဲ့အဖေနဲ့ နေမကောင်းခဏခဏဖြစ်တဲ့ ညီမဖြစ်သူကို ကျွေးမွေးပြီး ပြုစုစောင့်ရှောက်ဖို့အတွက် ဆွန်းယောင်းတစ်ယောက်တည်းကပဲ အရွယ်နဲ့မမျှအောင် တာဝန်ယူထားရပါတယ်။ အဲဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ဦးလေးက သူ့အချိတ်အဆက်နဲ့သူ အမေရိကက စတိဗ်နဲ့ သူ့ရဲ့သမီး ဘာဘီဆိုတဲ့ သားအဖနှစ်ယောက်ကို ခေါ်လာပါတယ်။ သူ့ဦးလေးက ဆွန်းယောင်းရဲ့ဘဝကောင်းစားဖို့အတွက် အဲဒီသားအဖဆီ မွေးစားဖို့ ပေးလိုက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဆွန်းယောင်းက မိသားစုတာဝန်ထမ်းရဦးမှာမို့လို့ လုံးဝမသွားချင်ဘူးပြောပေမဲ့ ကြားထဲမှာ ခဏခဏတွေ့ပြီး ခင်မင်သွားတဲ့ ဘာဘီက ဆွန်းယောင်းကိုသဘောကျပြီး အရခေါ်သွားချင်နေတာပါ…ဖြစ်ချင်တော့ အငယ်မဖြစ်သူ ဆွန်းဂျာက တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲကြည့်တတ်တာမို့ သူ့အစ်မအစား မွေးစားဖို့အတွက် အမေရိကကို သူ့ခေါ်သွားပါလို့ ပြောပါတော့တယ်… ဆွန်းဂျာကို လုံးဝသဘောမကျလို့ အတိုက်အခံလုပ်တဲ့ ဘာဘီနဲ့ ဆွန်းဂျာကိုခေါ်သွားလည်းဖြစ်တယ်ဆိုတဲ့ စတိဗ်တို့ကြားက ဆုံးဖြတ်ချက်က ဘာဖြစ်မလဲ… တကယ်ပဲ အမေရိကကို ဘဝကောင်းစားရေးအတွက် ခေါ်မွေးစားတာလား… ဆွန်းယောင်းတို့မိသားစုကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီရုပ်ရှင်လေးမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူတွေကြားက ကွာခြားချက်တွေ၊ ဘဝကြီးရဲ့ မတရားမှုတွေကို မီးမောင်းထိုးပြနေတဲ့ရုပ်ရှင်လို့ပြောရင်လည်း မမှားတာမို့ ကြည့်ပြီးရင် ရင်ထဲတစ်ခုခုကျန်ခဲ့မှာတော့ အသေအချာပါပဲ။ (အညွှန်းကို Chothet_mlmt မှ ရေးသားထားပါတယ်) File size…1.17GB / 494MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 38m Genre ….. Youth, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by AHtet

Comedy • Drama
6.6 2012 97 mins
Barbie
Padakkalam
5.6

Padakkalam (2025) “လေးယောက်ပေါင်း လောင်းကျော်” သဘာ၀လွန်ကိစ္စတွေကို စိတ်၀င်စားတတ်တဲ့သူတွေအတွက် ဟာသနှောထားတဲ့ မလေယာလမ်စကားပြော လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာတော့ ဒဏ္ဍာရီလာမှော်၀င်ပစ္စည်းတစ်ခုအကြောင်း ပြောပြတာနဲ့ အစပျိုးထားပါတယ်။ တကယ့်ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားလေးယောက်နဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းစတာက ကောလိပ်ကျောင်းတစ်ခုမှာ သပိတ်မှောက်နေကြတဲ့အချိန်ပါ။ ဌာနမှူးဆရာကို မကျေနပ်လို့ ရာထူးကပယ်ရှားပေးဖို့ ကျောင်းသားတွေ ဆန္ဒပြကြတာပါ။ ကျောင်းသားတွေ ဌာနမှူးအသစ်တင်ချင်သူကတော့ အသစ်ပြောင်းလာတဲ့ ဆရာရန်ဂျစ်ပါ။ အဲဒီမှာ သူများလိုလည်း ဆန္ဒမပြဘဲ သူတို့ကိစ္စနဲ့သူတို့ တိုင်ပတ်ပြီး လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားလေးယောက်ရှိပါတယ်။ တစ်ခါတော့ သူတို့ထဲကတစ်ယောက်က ဆရာရန်ဂျစ် မှော်လိုလို‌စုန်းလိုလို ထူးထူးဆန်းဆန်းလုပ်နေတာကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့လေးယောက်သား အဲဒီကိစ္စကိုအဖြေရှာဖို့ ဆရာရန်ဂျစ်နောက်ကို လိုက်စုံစမ်းကြရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။ နောက်ဆုံးမှာ‌ သူတို့လေးယောက် ဆရာရန်ဂျစ်ရဲ့အမှန်တရားကို သိသွားကြမလား၊ ဆရာရန်ဂျစ်ကရော ဘယ်လိုလူဖြစ်နေမလဲ၊ ဘယ်လိုထူးဆန်းတာတွေ ကြုံရမလဲဆိုတာ ဆက်လက်အဖြေရှာပြီး ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

5.6 2025 123 mins
Padakkalam
The Three Sisters of Tenmasou Inn
6.7

The Three Sisters of Tenmasou Inn (2022) **************************************** IMDb… 6.7 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ဂျပန်ဇာတ်ကားလေးကတော့ ၂၀၂၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Three Sisters of Tenmasou Inn ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီ Drama ဇာတ်ကားဟာ လေးနက်တဲ့ဘဝအကြောင်းကို လှပတဲ့ ဂျပန်နိုင်ငံရဲ့ ရှုမျှော်ခင်း မြင်ကွင်းတွေနဲ့ လှပစွာ တင်ဆက်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မိဘမဲ့ တာမာအဲဟာ ဘဝကို ခက်ခဲစွာရုန်းကန်ရင်းကနေ မတော်တဆဖြစ်ကာ ကိုမာဝင်ပြီး မေ့မျောနေသူပါ… သူ အသိစိတ်ကပ်ချိန်မှာ တက္ကစီကားတစ်စီးပေါ်ရောက်နေပြီး လူ့ဘုံနဲ့ ကောင်းကင်ဘုံအကြားက ဘုံတစ်ခုကို ရောက်ရှိနေတဲ့ သူ့အခြေအနေကို သိရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူရောက်နေတဲ့ဘုံ၊ သူသွားရတဲ့တည်းခိုခန်းမှာ သူ့ရဲ့အဖေတူအစ်မတွေလည်း ရှိနေပါသေးတယ်။ ဒီလိုနဲ့ပဲ တာမာအဲဟာတစ်ယောက် တန်မာဆိုယုတည်းခိုခန်းမှာ နေထိုင်ရင်း အဲဒီကို လာရောက်တည်းခိုလာကြတဲ့ အမျိုးမျိုးသောဝိညာဉ်တွေရဲ့ ဇာတ်လမ်းတွေကို နားထောင်ပြီး သူတို့ကို ဘဝကူးပြောင်းဖို့ ဆုံးဖြတ်နိုင်အောင် အစ်မတွေနဲ့အတူ ကူညီပေးဖို့ဖြစ်လာပြီး နောက်ဆုံး သူ့ရဲ့ဝိညာဉ်ကရော ဘယ်ကိုသွားရမလဲဆိုတာကို ရှာဖွေတွေ့ရှိပြီး ငြိမ်းချမ်းမှုကို ရရှိသွားပုံကို စိတ်လှုပ်ရှားဖွယ်ရာ ဖန်တီးရိုက်ကူး တင်ဆက်ထားပါတယ်။ ဇာတ်ကားရဲ့ အဓိက အနှစ်သာရကတော့ ရှင်သန်နေထိုင်ရတဲ့ဘဝနဲ့ သေခြင်းတရားရဲ့အဓိပ္ပာယ်၊ ဝမ်းနည်းမှုနဲ့ ချစ်ခြင်းမေတ္တာ၊ အတိတ်ကို လက်ခံပြီး အနာဂတ်ဆီ ရှေ့ဆက်လှမ်းခြင်း စတာတွေကို လှပတဲ့ မြင်ကွင်းတွေနဲ့ ထိမိတဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုနဲ့ ရိုက်ကူးတင်ပြထားတဲ့လို့ ခံစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ DaoPhyo ပဲ ဖြစ်ပါတယ်။) File Size : 2.61GB/ 1.11GB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…02:09:49 Genre : Drama, Fantasy, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by Tiff

Science Fiction • Horror • Action • Thriller
6.7 2022 150 mins
The Three Sisters of Tenmasou Inn