YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

BLUE EYE SAMURAI_S01E07_720p(CM).mp4

410.54 MB N/A video/mp4 1786 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Starred Up
7.1

ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Love လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်း အကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီး စိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊ အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက် ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။ Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူ Jack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင် အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by KMH

Action • Adventure • Drama • Thriller
7.1 2014 106 mins
Starred Up
The Travelling Cat Chronicles
6.8

The Travelling Cat Chronicles (2018) “ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့”တဲ့။ ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။ ဆတိုးရုက သိပ်ကို ကြံကြံဖန်ဖန်တွေးတတ်တာပဲနော်။ပြီးတော့ ကျွန်တော့်ကို သိပ်ချစ်ရှာပြီး ကျွန်တော့်အတွက်ဆို ငိုပါငိုကြွေးတဲ့ လူသားပေါ့။ ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။ သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။ စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ခါတိုင်းလို ကြောင်အစည်းအဝေးပွဲ သွားရမယ့်ညမှာ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်ဗျ။ ဒါကတော့ လမ်းဖြတ်ကူးနေတုန်း ကားတိုက်ခံလိုက်ရတာပါ။ အမှားလေး တစ်ချက်​ကအသက်ကို နှုတ်ယူသွားနိုင်တဲ့ လေလွင့်ကြောင်တွေရဲ့ဘဝပေါ့ဗျာ။ ကျွန်တော်တစ်ကောင်တည်း လမ်းမကြီးထက်မှာ ကူရာကယ်ရာမဲ့ ဝေဒနာခံစားနေရပြီး သိပ်နာကျင်လွန်းလို့ သေရတော့မှာပါလားလို့ တွေးမိတဲ့အချိန်မှာ ကျွန်တော့်အတွေးထဲ ပေါ်လာတာက သူပါပဲ။ ဟုတ်တယ် သူ၊ ကျွန်တော့်ကို ကြင်နာယုယပေးတဲ့သူ၊ ကျွန်တော်အသံကုန်ခြစ်ပြီး အော်ခေါ်ခဲ့တယ်။ ကယ်ပါဦး၊ ငါ့ကို လာကယ်ပါဦး ဆိုပြီးတော့လေ။ တကယ်လည်း သူ ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် ဆတိုးရုဆိုတဲ့ကောင်လေးက ကျွန်တော့်သခင်ဖြစ်လာတာပေါ့ဗျာ။ သူနဲ့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပြီး တစ်နေ့မှာတော့ ဆတိုးရုက ထူးထူးဆန်းဆန်း ကျွန်တော့်ကို ခေါ်ပြီး ခရီးထွက်ပါလေရော။ ကျွန်တော်ကတော့ ဘာကြောင့်မှန်းမသိပေမယ့် ဆတိုးရုနဲ့အတူ မမြင်ဖူးမတွေ့ဖူးတဲ့ နေရာအသစ်အဆန်းတွေကို သွားရလို့ပျော်နေတာပေါ့ဗျာ။ ပြီးတော့မှ ဘယ်ဟုတ်မလဲ ဆတိုးရုက ကျွန်တော့်ကို သူများဆီမှာ ထားခဲ့ဖို့လုပ်နေတာဗျ။ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး ကျွန်တော်က ဆတိုးရုရဲ့ကြောင်လေ။ တစ်သက်လုံး သူနဲ့ပဲနေမှာကို သူ့နားကနေ တစ်ဖဝါးမှခွာမှာ မဟုတ်ဘူးဆိုတာ အဲဒီအရူးကြီး မသိဘူးထင်တယ်။ ခင်ဗျားတို့ရော ဆတိုးရုကို ဘ ာလို့ကျွန်တော့်ကို သူများဆီပေးဖို့ လုပ်နေတာလဲ သိကြလားဟင်။ …………………….. ဂျပန်စာရေးဆရာမ Hiro Aikawa ရဲ့ ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ 「旅猫リポート」ကြောင်လေးရဲ့ ခရီးသွားမှတ်တမ်း ဝတ္ထုစာအုပ်ကို ဇာတ်လမ်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မြန်မာဘာသာပြန် စာအုပ်လည်းထွက်ရှိထားပြီး ဇာတ်ကားအနေနဲ့လည်း ကြောင်ချစ်သူတွေသာမက အားလုံးအတွက် အချိန်ပေးရတာနဲ့တန်တဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

Action • Crime • Thriller
6.8 2018
The Travelling Cat Chronicles
She Is Love
4.7

She Is Love (2023) ============== “အကြောင်းတိုက်ဆိုင်မှုဆိုတာသာ မရှိခဲ့ရင် ဘဝဟာ ပုံမှန်အတိုင်းပဲ ဖြစ်နေမှာပါ”။ နိုးထမယ်. ရှင်သန်မယ်. အိပ်စက်မယ် . . . ကျွန်တော် တို့ဘဝတွေမှာ နာမည်လေးတစ်ခု ကြားလိုက်ရရုံနဲ့တင် မျက်စိရှေ့မှာ အကြောင်းအရာတိုက်ဆိုင်မှုလေးတစ်ခု ဖြစ်ပျက်ခဲ့ရုံနဲ့တင် နင့်နင့်နဲနဲ ခံစားလိုက်ရတဲ့ အဖြစ်အပျက်တစ်ခု. လူတစ်ယောက်မှာ တစ်ခါတော့ ရှိခဲ့ဖူးမှာပါ။ သစ်ရွက်ဖျားမှာ ခိုသီးနေတဲ့ရေစက်ကလေးကို သစ်ရွက် ကလေးက လက်လွှတ်လိုက်ရချိန်မှာတော့ တုန်ခါလှုပ်ခတ်သွားတဲ့ အ ဖြစ်အပျက်လေးလိုပါပဲ ရေစက်မရှိတော့တဲ့အချိန်မှာတော့ ပြန်လည် တည်ငြိမ်ရစမြဲပါပဲ။ တည်ငြိမ်အခြေကျနေပြီဖြစ်တဲ့ အစ်ဒရစ်စ်ရဲ့ ဘဝထဲကို အချစ်ဟောင်း ဖြစ်သူ ပက်ထရစ်ရှာတစ်ယောက် မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု ကြောင့် ပြန်လည်ဝင်ရောက်လာခဲ့ချိန်၊ တွေ့ဆုံချိန်ခဏလေးအတွင်းမှာ ပဲ နှစ်ဦးသားရဲ့ ရူးသွပ်မှု၊ ပေါက်ကွဲမှု၊ ဟန်ချက်ညီမှု၊ ဘက်ပြိုင်မှု၊ အချစ်၊ အမုန်း၊ အာယာတ၊ ခွင့်လွှတ်မှုတွေကို ရောပြွန်းတင်ဆက်ထားနိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေး လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.33 GB) / (517 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Sai Sumali Encoder……….SWM

Animation • Drama
4.7 2023
She Is Love
October
8

(Blu Ray 1080p Quality Update) အောက်တိုဘာ တဲ့ ရုပ်ရှင်နာမည်ကစွဲဆောင်မှုမရှိသလိုပါပဲ။ ဒါပေမယ့် IMDB Rating 7.9 ရရှိထားပြီး Rotten tomato ကတော့ 86% ရရှိထားပါတယ်။ Rating မြင့်သလောက်လဲဇာတ်ကားက အရမ်းစွဲဆောင်မှုရှိပြီး အဓိပ္ပါယ်ရှိပြီး ကြည့်ရတာတန်တဲ့ဇာတ်ကားတစ်ကားပါ အာမခံနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ဆရာမြသန်းတင့်ရဲ့ လေလွင့်သူကို Romance Version နဲ့ဖတ်လိုက်ရသလိုခံစားရပါတယ်။ လူငယ်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားလို့ပြောရင်မလွန်ဘူးထင်ပါတယ်။ အပူအပင်မရှိတဲ့ ဟော်တယ်အလုပ်သင်ဝန်ထမ်း ၂၁ အရွယ် Dan တစ်ယောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင်နေနေတုန်းမှာပဲ သူ့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Shiuli တစ်ယောက်တိုက်ပေါ်ကကျပြီးကိုမာဖြစ်သွားခဲ့တာပါပဲ။ အဲဒီဖြစ်ရပ်ကို စိတ်ခံစားလွယ်တဲ့ Dan တစ်ယောက် ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့် အချစ်အကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)

8 2018 109 mins
October
The Drug King
6

The Drug King (2018) IMDb Rating (6.2) / Rotten Tomatoes (75%) လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်….. ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်….. ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး…..အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်… သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား …ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ… ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား…အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ… ကိုင်း ခံစားကြည့်လိုက်ပါဦး…. မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်…)

6 2018
The Drug King
The Mouse Trap
5.5

အဲလက် က Funheaven လို့ခေါ်တဲ့ ကလေးကစားကွင်း တစ်ခုက ဝန်ထမ်းပါ။ တစ်ရက်မှာတော့ သူ့သူငယ်ချင်း ၈ ယောက်က အဲလက်အတွက် Surprise မွေးနေ့ လုပ်ပေးဖို့ ကစားကွင်းတစ်ခုလုံးကို တစ်ညနေစာ ငှားလိုက်တယ်။ သူတို့မသိခဲ့ကြတာက အဲဒီအချိန်မှာပဲ မစ်ကီမောက် ဝတ်စုံ စိတ္တဇ လူသတ်သမားတစ်ယောက်က သူတို့နဲ့အတူတူရှိနေခဲ့တယ်။ ဒီဇာတ်ကားမှာတော့ ကစားကွင်းထဲက စိတ္တဇ လူသတ်သမား လက်ကနေ အဲလက်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လို လွတ်လမ်းရှာနိုင်မလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းကိုတော့ သူငယ်ချင်းအုပ်စုထဲက အသက်ရှင်ကျန်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ ရီဘက်ကာ က ဇာတ်ကြောင်းပြန်ပြော ထားတဲ့ ပုံစံမျိုး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဆိုတော့ အတူတူခံစားလိုက်ကြရအောင်လားခင်ဗျာ။ File size…1.22GB / 682MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2024 80 mins
The Mouse Trap
Father of the Milky Way Railroad
6.3

Father of the Milky Way Railroad (2023) ~ IMDb – 6.3/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father of the Milky Way Railroad, Perfect Days နဲ့ Totto-Chan: The Little Girl at the Window တို့ထွက်ခဲ့တယ်။ Perfect Days နဲ့ သူ ကိန်းစ်မှာ သရုပ်ဆောင်ဆုရခဲ့သလို Perfect Days ကိုယ်တိုင်လည်း လက်ရှိ အော်စကာဆန်ခါတင်ဝင်ထားတယ်။ အဲဒီထဲက သူ့ပါဖောမင့်န်ကိုတော့ အားလုံးလည်းကြည့်ပြီး မြင်ပြီးလောက်ပါပြီ။ Perfect Days ရဲ့ ကောင်းခြင်းထက်ဝက်ဟာ သူ့ပါဖောမင့်န်ကြောင့်ဆိုတာကို ငြင်းလို့ရမယ်မထင်ဘူး။ Father of the Milky Way Railroad မှာတော့ လုံးဝကွဲပြားတဲ့ ကာရိုက်တာတစ်ခုနဲ့ ရုပ်ရှင်ကို သူအသက်သွင်းပေးထားခဲ့တယ်။ သူ့ရုပ်ရှင်တွေ ဆယ်ဂဏန်းကျော်ကြည့်ပြီးပေမဲ့ Father of the Milky Way Railroad ထဲက ခိုဂျိရဲ့ ကာရိုက်တာဟာ သူ့ကိုမြင်နေကျ ကာရိုက်တာတွေထက် တော်တော်ကွဲပြားတယ်ပြောရပါမယ်။ ဒီရုပ်ရှင်အတွက်တော့ မတရားပေမဲ့ ဒီရုပ်ရှင်ရဲ့ကောင်းခြင်းထက်ဝက်ဟာလည်း သူ့ကြောင့်ဆိုတာကို ငြင်းမရပြန်ဘူး။ နောက် ဒီကားရဲ့ ဒုတိယဇာတ်ဆောင်မင်းသားကတော့ မထွက်သေးပေမဲ့ ၂၀၂၃ရဲ့အကောင်းဆုံး အန်နီမေးရှင်းလို့ သမုတ်နေကြတဲ့ Hayao Miyazaki ရဲ့ The Boy and the Heron ထဲ The Grey Heron အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Masaki Suda ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုကြမ်းတာက သူ့ညီမအဖြစ်သရုပ်ဆောင်တဲ့ Nana Mori ပါပဲ။ ဒါပေမဲ့ ဒီထဲက ဇာတ်ရုပ်ဟာ သူသရုပ်ဆောင်နေကျ ဇာတ်ကောင်ပုံစံမျိုးပဲဆိုတော့ သိပ်ပြီးတော့ ထူးထူးကဲကဲတော့ မဖြစ်မနေဘူး။ နာနာမိုရိကို ရှန်းဂျီအီဝေရဲ့ အညံ့ဆုံးပေမဲ့ သူ့ကျန်တဲ့ရုပ်ရှင်တွေအတိုင်း ဒီကမ္ဘာကြီးထက်လှပနေဆဲဖြစ်တဲ့ Last Letter နဲ့ Kore-eda ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The Makanai: Cooking for the Maiko House တို့မှာ သေချာမြင်နိုင်တယ်။ ဆိုတော့ သရုပ်ဆောင်တွေကတော့ အကောင်းဆုံးပဲလို့တောင် ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဘိုင်အိုဂရပ်ဖီဇာတ်။ ဂျပန်စာရေးဆရာ ကဗျာဆရာ မီယာဇာဝခန်းဂျီရဲ့ အကြောင်းကို အခြေခံထားတယ်။ သူ့အကြောင်းဆိုတာထက် သူ့အဖေအကြောင်းလို့ပြောရမယ်။ ဒါကြောင့်လည်း နာမည်ကိုက ကြယ်စင်စုရထားလမ်းရဲ့အဖေ ဖြစ်နေတာ။ ကြယ်စင်စုရထားလမ်းဆိုတာ ခန်းဂျီရေးခဲ့တဲ့ စာအုပ်နာမည်။ ဒါကြောင့်ပဲ ခိုဂျိရဲ့ ဇာတ်ကောင်က အဓိကဇာတ်ကောင်ဖြစ်သွားတာ။ ဒီကားရဲ့ ဇာတ်က ဘာမှအဆန်းတကြယ်တော့မဟုတ်ဘူး။ ခိုဂျိတို့မိသားစုက မျိုးရိုးစဉ်ဆက် အပေါင်ဆိုင်ဖွင့်လာတဲ့ မိသားစု။ ရွာသူဌေးတွေ။ အဲဒီဘက်ခေတ်က ဂျပန်တွေကလည်း တရုတ်တွေလိုပဲ သားယောက်ျားလေးက မိသားစုအတွက် အရေးအကြီးဆုံးဖြစ်ခဲ့တယ်။ သားဦးယောက်ျားလေးဆို အသေချစ်ကြတယ်။ ခိုဂျိကတော့ သူ့သားဦးလေးကို အများကြီး အချစ်ပိုခဲ့တယ်။ ဖြစ်လည်းဖြစ်မြောက်စေချင်ခဲ့တယ်။ ခေတ်ဟောင်းက သူ့အဖေကတော့ အပေါင်ဆိုင်ဖွင့်မယ့်လူဆိုတာ မူလတန်းပညာလောက်တတ်ရင်ရပြီဆိုပြီး သူ့ကို မူလတန်းအထိပဲကျောင်းထားပေးခဲ့တယ်။ သူ့သားအလှည့်ကျတော့ ခေတ်သစ်ရဲ့အဖေတစ်ယောက်ဖြစ်တဲ့ သူက ဒီထက်ပိုထားပေးခဲ့တယ်။ သူ့သားကတော့ သနားတတ်တဲ့လူဖြစ်လို့ သူ့တို့လုပ်ငန်းအပေါင်ဆိုင်ကိုလည်း အမွေမယူချင်၊ မြို့မှာကျောင်းတက်လို့ အမြင်ကျယ်လာပေမဲ့ သူဘာဖြစ်ချင်လဲ သူမသိဘဲ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ကျရှုံးလိုက် ကောင်လေးပေါ့။ ဒါပေမဲ့ ခိုဂျိက သူ့သားကိုသိပ်ချစ်တော့ ခဏခဏကျရှုံးနေတဲ့ သူ့သားကို အမြဲလိုအားပေးခဲ့တယ်။ သူ့သား သူ့ကိုယ်သူမယုံတဲ့အချိန်တွေမှာတောင် သူက သူ့သားကို ယုံပေးခဲ့တယ်။ သူ့အဖေရဲ့ ယုံကြည်မှု သူ့ညီမကို ချစ်တဲ့စိတ်တွေကနေ မီယာဇာဝခန်းဂျီဆိုတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာပုံကို ပြထားတယ်။ မီယာဇာဝခန်းဂျီဟာ အနုပညာသမားအများစုလိုဘဲ သေပြီးမှ တန်ဖိုးထားခံရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူကံကောင်းခဲ့ပါတယ်။ ဗန်ဂိုးအတွက် သီအိုရှိခဲ့သလို ခန်းဂျီအတွက်လည်း သူ့အဖေရှိခဲ့တယ်။ ရှိခဲ့တယ်ဆိုတာထက်တောင် ပိုပါလိမ့်မယ်။ မိသားစုဒရာမာကားတွေမှာ သဘောကျချင်စရာကောင်းတဲ့တစ်ချက်က ကျွန်တော်တို့မှာရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် ချစ်ခြင်းဆိုတာကို ခံစားမိအောင်လုပ်ပေးနိုင်တာပဲဖြစ်လိမ့်မယ်။ အပိုင်းပေါင်းများစွာနဲ့ ရှည်လျားလှတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် တစ်နာရီခွဲ နှစ်နာရီပဲကြာတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် ဒီဂုဏ်ဒြပ်တော့အမြဲရှိနေကြတယ်။ “ကြယ်စင်စုရထားလမ်းရဲ့အဖေ” ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲမေးလာရင်တော့ လမ်းပျောက်ခဲ့တဲ့သားတစ်ယောက်ကို အခါခါယုံကြည်ပေးခဲ့တဲ့ ဖခင်တစ်ယောက်အကြောင်းလို့ပဲ ပြောရလိမ့်မယ်။ ဝမ်းနည်းစရာတွေကို အလှပဆုံးတင်ဆက်နိုင်တာဟာ အနုပညာရဲ့ ဂုဏ်ဒြပ်တစ်ခုပေါ့။ အနုပညာဟာ ဝမ်းနည်းစရာတွေကို ရယ်မောရအောင် တင်ဆက်နိုင်သလို ဝမ်းနည်းစရာတွေကို ပီတိဖြာရအောင်လည်း တင်ဆက်နိုင်တယ်။ ဒီရုပ်ရှင်ကတော့ ဒုတိယအမျိုးအစားပေါ့။ ကြယ်စင်စုရထားလမ်းမှာ မျက်ရည်တွေ ကြယ်စင်လို လှပနေခဲ့တယ်။ ~~~~~~~~~~~~~~~~~~~~ ပြန်မလာ အငြိမ့် အငြိမ့်ရှိတယ် လူပြက်ကြီးက ပြောတယ် ငါ့ဘကြီး သေတော့ကွာ ပြန်မလာတော့ဘူး ငါက ပြန်လာဦးမယ် မှတ်နေတာ ဪ တစ်နေ့၊ တစ်နေ့ အဖေ၊ အမေတွေ ချစ်တဲ့သူတွေ ငါက ပြန်လာဦးမယ် မှတ်နေတာ ~ သုခမိန်လှိုင် (အငြိမ့် – ၂၀၀၈) ~~~~~~~~~~~~~~~~~~~~ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 930MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 8Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 2023 128 mins
Father of the Milky Way Railroad
Full Moon Scimitar Harmony Initial
5.6

ရှုပ်ထွေးလှတဲ့ သိုင်းလောကကို ဓားသိုင်းကျမ်းတစ်ခုအားကိုးနဲ့ ဝင်လာတဲ့ တင်းဖောင်တစ်ယောက်… လောကနံပါတ်၁ နေရာရဖို့ သိုင်းပညာရှင်တစ်ယောက်ပြီး တစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်ပြီး နေရာတစ်ခုရဖို့ ကြိုးစားနေချိန်မှာပဲ… တစ်နေ့တော့ မိန်းကလေးတစ်ယောက်က သူနားနေတဲ့ သစ်ရိပ်ဆီ အပြေးရောက်လာပြီး… ပြန်ပေးသမားတွေလက်က ထွက်ပြေးလာရတာမို့ ကယ်တင်ပေးဖို့ တောင်းပန်ခဲ့တယ်… တင်းဖောင်လည်း အဲ့မိန်းကလေးတောင်းဆိုသမျှကို အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားခဲ့တယ်… နောက်တော့လည်း အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလိုပဲ… တင်းဖောင်နဲ့ ဒီမိန်းကလေး ချစ်ကျွမ်းဝင်ခဲ့တယ်… ဒါပေမယ့် ၇ လပိုင်း ၁၅ ရက်နေ့မှာ ဂိုဏ်းချုပ်တစ်ဦးနဲ့ စိန်ခေါ်တိုက်ခိုက်ရမှာမို့ သူ့ကိုမနှောင့်ယှက်ချင်လို့ဆိုပြီး မိန်းကလေးပျောက်သွားခဲ့တယ်… တင်းဖောင်လည်း ဒီစိန်ခေါ်ပွဲအတွက် သူကြိုးစားလေ့ကျင့်ခဲ့တယ်… တကယ့် စိန်ခေါ်ပွဲနေ့မှာတော့…. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…….

5.6 2024
Full Moon Scimitar Harmony Initial
A ’90s Christmas
6

ပစ္စုပ္ပန်မှာရှင်သန်နေရတဲ့လူသားတွေဟာ အတိတ်ကိုရော အနာဂတ်ကိုပါပြောင်းလဲပြင်ဆင်လိုမရပါဘူး။ မိသားစုဝင်တွေနဲ့ရော သူငယ်ချင်းတွေနဲ့ပါအဆက်အသွယ်ဖြတ်ပြီး အလုပ်တွေပဲဖိလုပ်နေတဲ့ ရှေ့နေမလေးလူစီကတော့ ၂၀၂၄ ခရစ္စမတ်မှာ အတိတ်ကိုပြင်ဆင်ပြီး အနာဂတ်ကိုပြောင်းလဲဖို အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ ထူးဆန်းတဲ့တက္ကစီတစီးကြောင့် လူစီဟာ ဘဝရဲ့အရေးပါတဲ့ အချိုးအကွေ့တွေဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ခရစ္စမတ်ကို ပြန်ရောက် သွားခဲ့ပါတယ်။ ဖခင်ဆုံးပါးပြီးခါစ ပူဆွေးသောကရောက်နေတဲ့ မိသားစုကို သူလုပ်ခဲ့ဖူးသလို ထပ်ချန်ထားခဲ့ဦးမှာလား ဒါမှမဟုတ် မိသားစုဝင်တွေကိုဖေးမကူညီပေးသွားမှာလား။ သူငယ်ချင်းမတ်တီကို ခံစားချက်တွေဖွင့်မပြောဘဲ နေရာသစ် တစ်ခုကိုတစ်ကိုယ်တည်းပြောင်းရွှေ့လာဦးမှာလား ဒါမှမဟုတ် မတ်တီနဲ့ချစ်သူတွေဖြစ်ပြီး ကျောင်းအတူတူတက်ကြမှာလား။ အချစ်ဆုံးသူငယ်ချင်းနေဒင်းနဲ့သူစိမ်းတွေဖြစ်လာဦးမှာလား ဒါမှမဟုတ် တစ်သက်လုံးအချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြမှာလား။ လူစီဟာ အတိတ်ကိုပြင်ဆင်ခွင့်ရခဲ့ပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ သူကြိုးစားခဲ့ရတဲ့ဘဝကိုပြောင်းလဲပစ်ဖို ခဲရာခဲဆစ်ရွေးချယ်မှုတွေ လုပ်ရပုံကို A 90s Christmas မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.33GB) / (758MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2024 84 mins
A ’90s Christmas
Counterattack (Aka) Counterstrike (Aka) Contraataque
6

Counterstrike (2025) IMDb Rating (6.0) မက္ကဆီကန်အထူးတပ်ဖွဲနဲ့ မူးယစ်ရာဇာဂိုဏ်းတို အပြိုင်ချကြတဲ့ အရမ်းမိုက်တဲ့စပိန်အက်ရှင်ကား။ ဒေသခံအာဏာပိုင်တွေ‌ကတောင် ကြောက်နေရတဲ့ လူဆိုးဂိုဏ်းကြီးတစ်ဂိုဏ်းက စစ်သား ၁၀ ယောက်ကိုသတ်ပြီး အစုလိုက်အပြုံလိုက် လမ်းဘေးမှာ မြှုပ်ထားခဲ့တာကို ဆိုင်ကယ်စီးလာတဲ့ မိန်းကလေး ၂ ယောက်က တွေ့သွားပြီး သက်ဆိုင်ရာကို အကြောင်းကြားဖိုလုပ်ခဲ့ပေမဲ့ လူဆိုးဂိုဏ်းရဲ့ ပြန်ပေးဆွဲတာကို ခံရဖို ဖြစ်သွားခဲ့တယ်။ အသစ်ရောက်လာတဲ့ ကပ္ပတိန်ကြီးဂူရေရိုဟာ ထိုမိန်းကလေး ၂ ယောက်ကို ကယ်ပေးရာကနေ ဂိုဏ်းအကြောင်းကိုသိသွားခဲ့ပြီး ဂိုဏ်းကို သူရဲ့အဖွဲနဲ့ အပြတ်ရှင်းဖို ကြိုးစားတဲ့အခါ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su

Romance • Fantasy • Drama
6 2025 85 mins
Counterattack (Aka) Counterstrike (Aka) Contraataque
Mittran Da Challeya Truck Ni
8

Mittran Da Challeya Truck Ni (2024)(အချစ်ရှာပုံတော်) ဒီကားလေးကတော့ ထရပ်ကားမောင်းရင်း အသက်မွေးဝမ်းကြောင်းပြကြတဲ့ သားအဖနှစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အဖေလုပ်သူက မိန်းမဖြစ်သူနဲ့ကွဲနေတာဖြစ်ပြီး ပတ်ဝန်းကျင်ကတော့ အဖေ့မိန်းမဟာ သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတယ်လိုပြောကြပေမဲ့ အဖေကိုယ်တိုင်ကတော့ ဒီအကြောင်းက မမှန်ကြောင်းအမြဲပြောလေ့ရှိပါတယ်။ သားဖြစ်သူဟာလည်း အိမ်ထောင်ပြုရမဲ့ အရွယ်ကိုရောက်နေပြီဖြစ်ပေမဲ့ အခုထိ အိမ်ထောင်မကျသေးတဲ့အတွက် အိမ်ထောင်ပြုဖိုအတွက်ကို တိုက်တွန်းလိုနေပါတယ်။ သားဖြစ်သူလိုချင်တဲ့ အိမ်ထောင်ဖက်က သူချစ်တဲ့သူ၊ သူ့ဘဝကို စီမံခန့်ခွဲပေးနိုင်တဲ့ ဇနီးကောင်းလေးမျိုးကို လိုချင်နေသူပေါ့။ဒီလိုနဲ့ သားဖြစ်သူဟာ ချမ်းသာမှုကို လိုလားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံမိကြရာမှာတော့ ……… ထရပ်ကားမောင်းရင်း ဘဝကို အဆင်ပြေသလိုလေး နေနေတဲ့ သားဖြစ်သူနဲ့ ချမ်းသာချင်တဲ့ အမျိုးသမီးလေးတို ဘဝမှာ ဘာတွေ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ပန်ချာပီ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

Horror • Mystery • Thriller
8 2024 145 mins
Mittran Da Challeya Truck Ni
Mountainhead
5.5

Mountainhead (2025) IMDb Rating (5.5) / Rotten Tomatoes (80%) ဒီကားလေးကတော့ လက်ရှိ billionaire အချို့ရဲ့ အစွန်းရောက်နိုင်မှုကို ထင်ဟပ်ထားပါတယ်။ AI ထုတ် သတင်းအမှားတွေကြောင့် ကမ္ဘာတစ်ဝှမ်း အုတ်အော်သောင်းနင်းဖြစ်နေစဉ်မှာ ကျိကျိတက်ချမ်းသာတဲ့သူဌေးသူငယ်ချင်းလေးယောက်က မောင်တိန်ဟာ့ဒ်ဆိုတဲ့နေရာမှာ အားလပ်ရက်ကို လာအပန်းဖြေကြတယ်။ ဒါပေမဲ့ သူတို့တစ်ဦးချင်းစီမှာက လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပါတယ်။ ရလေလိုလေအိုတစ္ဆေဆိုသလိုပဲ လူတစ်ယောက်က ဘယ်လောက်ပဲစည်းစိမ်တွေရှိနေပါစေ ကိုယ့်ထက်သာတဲ့လူကိုအမြဲမျှော်ငေးနေရင်ကတော့ ကျေနပ်မှုက ဘယ်လိုမှမရလာတတ်ဘူး။ အဲ့ဒါကပဲ သူတို့လေးယောက်ကြားမှာ စိတ်၀မ်းကွဲစရာဖြစ်လာတယ်။ သူတို့လေးယောက်ပဲရှိတဲ့ ဒီမောင်တိန်ဟာ့ဒ်နေရာကြီးမှာ ကိုယ်ကျိုးအတွက် ကိုယ်စီလှုပ်ရှားရုန်းကန်ကြတဲ့အခါ ဘာတွေဖြစ်ကုန်မလဲ‌ဆိုတာတော့ ဆက်လက်ကြည့်ရှု့လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (3.3 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:50:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin

Action • Comedy • Crime
5.5 2025 109 mins
Mountainhead
Amongst the Wolves
5.4

Amongst the Wolves (2025) Danny က အာဖဂန်စစ်ပွဲကနေ ပြန်လာပြီး PTSD ရှိတဲ့ အိမ်ခြေမဲ့ စစ်သားဟောင်းတစ်ဦးဖြစ်တယ်။ သူက သူ့ရဲ့သားလေးကို အုပ်ထိန်းစောင့်ရှောက်ခွင့်လိုချင်ပေမဲ့ သူ့ရဲ့ဇနီးက အိမ်ခြေမဲ့ဖြစ်နေတဲ့ Danny ကို သားလေးနဲ့ တွေ့ခွင့်မပေးတဲ့ ပြဿနာတွေလည်းရှိနေတယ်။ အဲဒီအချိန်မှာ Power ဆိုတဲ့ မူးယစ်ဆေးခေါင်းဆောင်နဲ့ အဖွဲဆီက ထွက်ပြေးနေတဲ့ Will လိုခေါ်တဲ့ ဆယ်ကျော်သက် အိမ်ခြေမဲ့ကောင်လေးနဲ့ Danny တိုတွေ့ပြီး သံယောဇဉ်တွေ တွယ်လာကြတယ်။ Danny က Will ကို မူးယစ်ဆေးမှောင်ခိုအဖွဲကနေ ဘယ်လိုတွေကာကွယ်ပေးပြီး သူ့အတိတ်ကအမှားတွေကို ပြန်ပြင်မလဲ၊ Power ရဲ့ ရန်ကနေ သူ့မိသားစုအပေါ်ခြိမ်းခြောက်မှုတွေပါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုစရာ အခန်းတွေနဲ့ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.4 GB) / (840 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:43:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

Thriller • Crime • Mystery
5.4 2025 102 mins
Amongst the Wolves
Appleseed: Ex Machina
7

Appleseed Ex Machina (2007) ————————————- MyAnimeList – 7.31/10, IMDb – 7/10 ဒီတစ်ခေါက် CM Anime Lover တွေကို မိတ်ဆက်ပေးချင်တာကတော့ ကြည့်နေကျ Animation Movie တွေနဲ့မတူတဲ့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ CG Animated Sci-fi Movie ကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ Olympus ဆိုတဲ့ ကမ္ဘာကြီးမှာ လူသားတွေရော၊ Cyborgs တွေရော၊ Cyborgs ကနေ ဖန်တီးထားတဲ့ Bioroids တွေရော အတူနေထိုင်ကြပါတယ်။ E S W.A.T တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ Deunan နဲ့ Briareos ဆိုတဲ့ Cyborg ဟာ ပါတနာတွေဖြစ်ကြပြီး Halcon ဆိုတဲ့ တပ်ဖွဲ့က အကြမ်းဖက်သမားတွေကို တိုက်ခိုက်ရင်း Briareos ဟာ ဒဏ်ရာရပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီလိုနဲ့ အချိန်တွေကြာလာပြီး အထက်ကလူတွေက Briareos ဆီကနေ Tereus ဆိုတဲ့ Bioroids တစ်ယောက်ကို ဖန်တီးပြီး Deunan ရဲ့ ပါတနာအသစ်ဖြစ်စေခဲ့ပါတယ်။ တစ်ဖက်မှာလည်း Briareos ဟာ ပြန်သတိရလာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်တဲ့သူတွေဟာ Cyborg တွေ မဟုတ်ဘဲ လူသားစစ်စစ်တွေဖြစ်နေတာကို သိသွားခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်မှာလည်း မူမမှန်တာတွေ ဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ အဲဒီနောက်မှာ လိုက်စုံစမ်းရင်းနဲ့ သူ့ဆီမှာဖြစ်နေတာတွေရော၊ အကြမ်းဖက်တိုက်ခိုက်မှုတွေရောက Halcon နဲ့ ဆက်စပ်နေတယ်ဆိုတာကို သိသွားတဲ့အခါ…. ဒီတော့ အဲဒီတိုက်ခိုက်မှုတွေမှာ လူတွေပါဝင်နေတာ ရိုးရှင်းရဲ့လား၊ Halcon နဲ့ကရော ဘယ်လိုမျိုးပက်သက်နေတာလဲ၊ Briareos နဲ့ ပါတနာ ဆက်ဆံရေးထက်ပိုတဲ့ Deunan ကရော Tereus ကို ပါတနာအဖြစ် လက်ခံနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်မျှော် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အစပိုင်းမှာ နည်းပညာ အသုံးအနှုန်း‌တွေပါတော့ နည်းနည်းနားလည်ရခက်နိုင်ပေမယ့် တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာ ကောင်းလာပြီး နားလည်လာမှာပါ။ 2007 ခုနှစ်ကထွက်ခဲ့တာဆိုပေမယ့် Animation ကတော့ ဒီခေတ် CG Animation နဲ့တောင် ယှဉ်လိုရတဲ့အထိ Effects တွေက အမိုက်စားလို့ ပြောလိုရပါတယ်။ ထုတ်လုပ်ပေးတာကတော့ 3D/CG animation တွေ Live action တွေနဲ့ နာမည်ကြီးပြီး Death Note (live action) ကို ထုတ်လုပ်ခဲ့တဲ့ Digital Frontier Studio နဲ့ Micott & Basara ဆိုတဲ့ Japanese Film Production တို့ ပူးပေါင်းပြီး ထုတ်လုပ်‌ထားတာပဲ‌ဖြစ်ပါတယ်။ ဒီတော့ ပုံမှန် Anime တွေကြည့်ရတာ ငြီးငွေ့နေပြီဆိုတဲ့ သူတွေအတွက်ရော အသစ်အ‌ဆန်းလေးတွေ ကြည့်ချင်တဲ့သူတွေအတွက်ရော ရွေးချယ်လို့ မမှားတဲ့ ‌ဇာတ်ကားကောင်းလေးဖြစ်လို့ ကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ဖြစ်ပါတယ်) File size… 2 GB / 1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Animation, Action, Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by ttmuswe

Drama • Comedy
7 2007 105 mins
Appleseed: Ex Machina
Headwind
5.3

Headwind (2024) IMDb Rating (5.3) ကင်ဆာရောဂါခံစားနေရပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အယ်လိန်းဟာ သူ့ဘဝရဲ့နောက်ဆုံးရုပ်ရှင်အဖြစ်နဲ့ ဆုံးပါးသွားတဲ့အနုပညာရှင်အဆိုတော်ဂျတ်ခ်ရဲ့ဘဝဇာတ်ကြောင်းကို သရုပ်ဆောင်ပေးဖို့ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ရုပ်ရှင်ရိုက်နေရင်းနဲ့ သူဟာ အချိန်အကြာကြီးမတွေ့ဖြစ်ခဲ့တဲ့သမီးဖြစ်သူ ”လူ”နဲ့အချိန်အတူကုန်ဆုံးချင်တဲ့အတွက် ရိုက်ကွင်းတွေကိုကျောခိုင်းခဲ့ပါတယ်။ သူသရုပ်ဆောင်ရမဲ့ကာရိုက်တာရဲ့ဘဝနဲ့ သူ့ဘဝကိုနှိုင်းယှဥ်ရင်း ဖခင်ကိုစိတ်ဆိုးနေခဲ့တဲ့ ”လူ”တစ်ယောက် အချိန်သိပ်မကျန်တော့တဲ့အဖေဖြစ်သူကို နားလည်နိုင်လာမလားဆိုတာ။ သားအ​ဖနှစ်​ဦးကြားက ချစ်ခြင်းမေတ္တာတွေ၊ ခံစားချက်တွေ၊ ကြေကွဲဝမ်းနည်းဖွယ်တွေ ကိုပုံဖော်ထားတဲ့ ပြင်သစ်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe Eain Si ဖြစ်ပါတယ်။) File size… (1.6 GB) / (790 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:27:16 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Shwe Eain Si

Horror • Thriller
5.3 2024 92 mins
Headwind