YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Blossoms Shanghai E27 1080p WEB-DL CM.mp4

716.06 MB N/A video/mp4 59 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Where the Wild Things Are
6.5

ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲ ပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊ family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။ မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။ မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင် လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ရုပ်ရှင် အများစုနဲ့မတူပဲ ထူးခြား ကွဲထွက်ပြီး ကြည့်ပြီးတာနဲ့ တစ်သက်မမေ့မယ့် ကားမျိုးဖြစ်တာမို့ ကျွန်တော်ကတော့ highly recommendပါ။ မင်းသားကြီး Tom Hanksကိုယ်တိုင် producerအနေနဲ့ပါဝင်ပြီး ဒေါ်လာ သန်း100 အကုန်ကျခံ ရိုက်ကူးထားပါတယ်။ ဒါရိုက်တာကလဲ ဒီလို တမူထူးခြားတဲ့ ကားတွေကို ရိုက်တတ်တဲ့ Spike Jonzeပါ။ သူ့ကိုတော့ Her(2013) ကားနဲ့ အများစု သိကြမှာပါ။ ငွေကြေးအရ အမြတ်သိပ်မထွက်ခဲ့ပေမယ့် အနုပညာပိုင်းအရ အတော်လေး အောင်မြင်ခဲ့ပြီး ၂၀၀၉ခုနှစ်ရဲ့ အကောင်းဆုံ း ရုပ်ရှင်တွေစာရင်းတွေမှာ အမြဲ top 10က ပါလေ့ရှိတဲ့ ရုပ်ရှင်ပါ။ ကလေးဖတ် ရုပ်ပြစာအုပ်ကို အခြေခံပြီး ရိုက်ထားတာဖြစ်ပေမယ့် ၊ ကလေး လူကြီးမရွေး ကြည့်လို့ အဆင်ပြေပါတယ်။ တကယ်လို့သာ သင်ဟာ broken family တစ်ခုမှာ ကြီးပြင်းခဲ့တဲ့ကလေး ဒါမှမဟုတ် ကိုယ်တိုင်က အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘမျိုး ဖြစ်နေခဲ့ရင်တော့ ဒီဇာတ်ကားလေးကို သေသေချာချာ အချိန်ယူပြီး အနည်းဆုံး နှစ်ခေါက်လောက် ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုပေးထားတာကတော့ Kaung Khant Winဖြစ်ပါတယ်။ File size…1.57GB /750MB Quality…1080pBluRay AAC5.1CH / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Thriller
6.5 2009 101 mins
Where the Wild Things Are
The Fight Machine
6

ဒီတစ်ခါတော့ Boxing ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော် Boxing ဆိုတဲ့အတိုင်း အတိုက်အခိုက် အသတ်အပုတ် Scene တွေအမိုက်စားနဲ့ဇာတ်ကားတစ်ကားပါ Boxing သမားတစ်ယောက်ဖြစ်လာဖို့ မလွယ်သလို Fighter တစ်ယောက်ဖြစ်လာဖို့ဆိုတာ ပိုလို့မလွယ်ပါဘူး တရားမဝင်ကြေးစား လက်ဗလာနဲ့ ထိုးသတ်ကြတယ်ဆိုရင်ရော.......... ဇာတ်ကားလေးကတော့ နောက်ခံ Background မတူတဲ့ မိသားစုကနေ ဆင်းသက်လာကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ Boxing ကို ဘယ်လို သဘောထားပြီးတော့ဘဝအတွက် ဘယ်လိုတွေရုန်ကန်ကြသလဲဆိုတာနဲ့ Fighter တွေအဖြစ်နဲ့ ကြိုးဝိုင်းထဲမှာဘယ်လိုတွေ ယှဉ်ပြိုင်သတ်ပုတ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦး ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်

Action • Adventure • Comedy • Drama
6 2022 104 mins
The Fight Machine
Loving Vincent
8

သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်.. ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။ သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ... ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။ " လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ... ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ.. အဆုံးသတ်တစ်နေ့မှာ.. ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့ အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။ ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ.. အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို ရေးဆွဲထား၏။ စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့ နားလည်နိုင်အောင် ရေးထားသည်။ သဘာဝနဲ့ကင်းကွာခြင်းမရှိ။ ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊ ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့ သူငယ်ချင်းပါပဲ...။ ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို ကျွန်တော်တို့ ခံစားကြရမှာပါ။ တစ်ချို့ မရေရောတဲ့ အချက်တွေကို ဒွိဟ ပြသွားပေမဲ့.. သေချာတာကတော့ ဗင်းဆင့်ကို ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။ ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။ ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ... ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက် သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင် ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး ထည့််သုံးထားပါတယ်.. ကြယ်တွေစုံတဲ့ည.. ဂျုံခင်းထဲက ကျီးကန်းများ.. ပန်းအိုးထဲက နေကြာ၁၂ပွင့် ညလုံးပေါက်ကဖေး တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့ နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။ ထူးခြားတာကတော့ ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း ၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင် တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။ ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင် အပါအဝင် ဒေါက်တာ ဂါးချက်.. ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။ ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ.. အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ.. Live Longer.. You'll see.. Life can even bring down the strong.. ဘဝမှာ အနေကြာလာရင် ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်ပါတယ်... ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို ခြေရာကောက် ကြည့်ချင်ရင် ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 810 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__7.8/10 Format__mp4 Duration__01:34:43 Type__Animation , Biography , Crime Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
8 2017 95 mins
Loving Vincent
Clerks III
6.4

Clerks III (2022) IMBb – 6.6 ဒန်တီနဲ့ ရန်ဒယ်တို့ Clerks III နဲ့အတူ ပြန်လာပါပြီ Clerks III မှာတော့ ဒန်တီတို့က Quick Stop စတိုးဆိုင်ပိုင်ရှင်တွေ ဖြစ်နေကြပါပြီ တစ်နေ့တော့ အဲလိုင်းယက်စ်နဲ့ ငြင်းရင်းခုံရင်းကနေ ရန်ဒယ်တစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်သွားပါတယ် သေမင်းခံတွင်းဝကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ ရန်ဒယ်က မဟာစိတ်ကူးကြီးတစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ်ပါတော့တယ် အဲဒီ မဟာစိတ်ကူးကြီးကတော့ သူ့ဘဝအကြောင်းကို ဇာတ်ကားရိုက်ဖို့ပါ Quick Stop စတိုးဆိုင်မှာ ဒန်တီနဲ့ သူကြုံခဲ့တဲ့ ကိစ္စတွေကို သူကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ပါတော့တယ် ရန်ဒယ်ရဲ့ ဇာတ်ကားက သူနဲ့ ဒန်တီအကြောင်း ရိုက်ထားတာဖြစ်လို့ ပြီးခဲ့တဲ့ Clerks I နဲ့ Clerks II တို့ရဲ့ရိုက်ကွင်းတွေကို ကြည့်နေရသလို ခံစားရမှာပါ Clerks ကားတွေရဲ့ ထုံးစံအတိုင်း ပြောင်မြောင်လှတဲ့ ဒိုင်ယာလော့ခ်တွေကြောင့် ခွီလည်း ခွီနေရမှာပါ Clerks I, Clerks II နဲ့ Clerks III သုံးကားလုံး ကြည့်ပြီးသွားရင်တော့ ဒန်တီနဲ့ ရန်ဒယ်ဆိုတဲ့ ဇာတ်ကောင် နှစ်ယောက်က ရင်ထဲမှာ အတိုင်းအတာတစ်ခုအထိ နေရာယူသွားမှာ အသေအချာပါပဲ (အဆုံးမှာ Clerks ဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Kelvin Smith ရဲ့ ကျေးဇူးတင်စကားနဲ့ ရန်ဒယ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲအကြောင်းအရာကို ပြောပြထားတဲ့ အသံဖိုင် ပါတာကြောင့် အဆုံးထိကြည့်ရှုပေးကြပါရန်) အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre…..Comedy Quality…. 1080p | 720p | 480p File size…1.5GB | 811MMB } 444MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator …..Roman NoX Encoder ….. Augustt

Action • Adventure • Science Fiction
6.4 2022
Clerks III
Carnifex
4.7

ဒီဇာတ်ကားက ရုပ်ရှင်ဆိုတာထက် documentary ဘက်ကို ပိုသွားတယ်ဗျ။အဓိကအားဖြင့် ဩစတေးလျတောမီးတွေအကြောင်း၊မျိုးသုဉ်းပျောက်ကွယ်ခါနီး ရှားပါးတိရစ္ဆာန်တွေအကြောင်း နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေစားကျက်နယ်မြေပျောက်ပြီး ကမောက်ကမ ဖြစ်ရပုံတွေကို ချပြထားတာ။အဲ့အထဲမှာမှ ဇာတ်ကြောင်းလေး နည်းနည်းထည့်ပြီး Thriller/ Horror ဘက်ကို သွားထားတာ။ အစပိုင်းတွေက စကားပြောခန်းတွေများတယ်ဆိုပေမယ့် ဩစတေးလျနိုင်ငံရဲ့ ရှားပါးမျိုးစိတ်တွေအကြောင်းကို (ဇာတ်ကားအရ) ရှင်းပြသွားတာမို့ စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်လမ်းရဲ့ climax အထိ ဆွဲခေါ်သွားပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောပြရရင် ဘန် နဲ့ ဂရေ့(စ်) ဆိုတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဂေဟဗေဒပညာရှင်နှစ်ယောက်ဟာ ဘေလေဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ ကောင်မလေးနဲ့ ဩစတေးလျတောနက်ထဲ တစ်ခုကို ထွက်လာခဲ့ကြတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က တောထဲမှာ တပ်ထားခဲ့တဲ့ ကင်မရာတွေကို စစ်ပြီး အဲ့ဒီဧရိယာမှာ ရှားပါးမျိုးစိတ်တွေရှိမရှိ ရှာဖို့နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေ စားကျက်မြေ ပြောင်းလဲရပုံတွေကို လေ့လာဖို့ပေါ့။ ကင်မရာသမား ဘေလေလဲ ပါတယ်ဆိုတော့ လမ်းတစ်လျှောက်သွားရင်းနဲ့ တွေ့ရကြုံရတာတွေကို မှတ်တမ်းတင်လိုက် သူတို့ရဲ့ လက်ရှိအလုပ်အကြောင်း ရှင်းပြရင်း မှတ်တမ်းရိုက်ကူးလိုက်နဲ့ပေါ့။ သူတို့မသိတာက လူတွေတစ်ခါမှ မတွေ့ဖူးတဲ့ သားရဲမျိုးစိတ်အသစ်တစ်ခုဟာ တောမီးကြောင့် စားကျက်မြေပြောင်းလာရပြီး သူတို့နဲ့ အနီးအနားကို ရောက်လာတယ်ဆိုတာပဲ။ ဘန်၊ဘေလေ နဲ့ ဂရေ့(စ်)တို့ သုံးယောက် တောနက်ထဲအထိ ရောက်လာပြီး မမျှော်လင့်ဘဲ အဲ့အကောင်ကြီးနဲ့ တွေ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားကို ကြည့်ရှုရင်း အဖြေရှာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ File size…(3.7GB) / (1.5GB) / (1.0B) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre…Horror / Sci-Fic / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

4.7 2022
Carnifex
Little Lies
6.5

Little Lies(2022) ************** မုသားမပါ လင်္ကာမချောဆိုသလို ကြည်နူးသာယာတဲ့အချစ်ရေးတစ်ခုမှာလည်း အလိမ်အညာအသေးဖွဲ့လေးတွေက မပါမဖြစ်ပါရတယ်ဆိုတာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ…။ ဇာတ်လမ်းလေးထဲမှာ စုံတွဲနှစ်တွဲပါပါတယ်…။ ပထမတစ်တွဲက ဘာဘရာနဲ့ ဂျူလီယန်ပါ…။ ဘာဘရာက အမြဲလိုလို bad boyတွေနဲ့ ကြုံနေရလို့ ခဏခဏ ပလေးခံရနေသူပါ…။ ဂျူလီယန်ကတော့ အမျိုးသမီးတွေကြားမှာဆို စန်းမပွင့်တဲ့ လူရိုးလေးဖြစ်ပြီး လက်တွဲဖော်ရှာဖွေနေသူလေးပါ…။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဖြစ်သူ လင်မယားအတွဲ အီဗာနဲ့ မာတီအာတို့ရဲ့ မြားနတ်မောင်လုပ်ပေးမှုကြောင့် ချစ်သူရည်းစားဘဝကိုရောက်သွားပါတယ်…။ သို့ပေမယ့် ဂျူလီယန်ဟာ စကားနဲ့ အလုပ်နဲ့မညီ၊ အမူအရာတွေ အပျက်အပျက်အယွင်းယွင်းဖြစ်နေတာမို့ လိမ်ထားညာထားတာများရှိနေမလားပေါ့….။ ဒါကို မသင်္ကာတဲ့ အီဗာနဲ့ မာတီအာတို့စုံတွဲက စုံစမ်းထောက်လှမ်းရင်း… ဘယ်သူက ဘယ်သူ့ကိုလိမ်ပြီး၊ ဘာတွေရှုပ်ကြလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Spanish Comedy Drama movieလေးပဲဖြစ်ပါတယ်….။ File size… 1.8GB& 835MB Quality… WEB-DL1080p,720p Format…mp4 Duration….1h 32min Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Themes Translated by Phyo Pyae

Romance • Comedy
6.5 2022
Little Lies
The Vourdalak
5.8

တာ့ခ်သူပုန်တွေကြီးစိုးတဲ့ကာလမှာ ပြင်သစ်ဘုရင်ရဲ့ သံတမန်တစ်ယောက် ထူးဆန်းတဲ့တောထဲမှာ ဓားပြတိုက်ခံရပါတော့တယ်။ သူ့ရဲ့အစောင့်တွေရော သူ့ရဲ့မြင်းပါ ပါသွားတဲ့အတွက် အီအာဖီမှူးမတ်လေးကတော့ အကူအညီတောင်းဖို့ပဲရှိပါတော့တယ်။ ဒါပေမဲ့ သူစတွေ့ခဲ့တဲ့သူကတော့ သူ့ကိုမကူညီပေးဘဲ ဂိုချာဆိုတဲ့သူက သူ့ကိုကူညီနိုင်တယ်ဆိုပြီး ဂိုချာဆီသွားဖို့ လမ်းညွှန်ရင်း သူနားမလည်နိုင်တဲ့ စကားတချို့ ထပ်ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အတွေးစစ်ခင်းရင်းနဲ့ပဲ ဒီအာဖီတစ်ယောက် ဂိုချာအိမ်ကိုရောက်သွားပါတော့တယ်။ သူဂိုချာအိမ်ကိုရောက်သွားချိန်မှာတော့ ဂိုချာရဲ့သားသမီးတွေနဲ့တွေ့ချိန်မှာ သူ့ကို ဂိုချာနဲ့မိတ်ဆက်ပေးဖို့လုပ်ပေမဲ့ ဂိုချာကတော့ အဲဒီနယ်တစ်ဝိုက်မှာ ထကြွနေတဲ့ သူပုန်ခေါင်းဆောင်ကို နှိမ်နင်းဖို့ ထွက်သွားခဲ့ပြီး ၆ ရက်ပြည့်လို့ သူပြန်မလာရင် သူဟာကျိန်စာသင့်ဗိုဒါလက်ဖြစ်သွားပြီမလို့ သူဘာပြောပြော တံခါးဖွင့်မပေးဖို့ စာထဲမှာခဲ့ပါတယ်။ ဒါပေမဲ့ ဂိုချာရဲ့သားအကြီးဆုံးကတော့ စာထဲမှာပါတာကိုနားမထောင်ဘဲနဲ့ ‌၆ ရက်ပြည့်တဲ့မနက် ၆ နာရီမှာ တောစပ်မှာလဲကျနေတဲ့သူ့အဖေကို မရမက ခေါ်လာခဲ့တဲ့အခါ… ဒီဗိုဒါလက်ဆိုတာ ဘာများဖြစ်မလဲ။ အစ်ကိုကြီးဖြစ်သူက ခေါင်းမာပြီး အဖေအမှတ်နဲ့ခေါ်လာတဲ့သူကရော ဒီမိသားစုကို ဘယ်လိုဘေးဒုက္ခတွေ သယ်ဆောင်လာမလဲဆိုတာ ရှုစားကြပါဦး File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

Romance • Comedy • Drama • TV Movie
5.8 2023
The Vourdalak
Southern Shaolin and The Fierce Buddha Warriors
5.7

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ငယ်ဘဝတုန်းကရှောင်လင်ဇာတ်ကားလေးတွေကြည့်ခဲ့ရတဲ့ ပုံရိပ်ကိုပြန်အမှတ်ရစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ တိုင်းတစ်ပါးသာားတွေစိုးမိုးခြယ်လှယ်လာကြရုံမက ပင်လယ်ဓါးပြတွေပေါများလာတဲ့အချိန်မြောက်ပိုင်းရှောင်လင် ဘုန်းကြီးကျောင်းအဖွဲ့ကနေ အစွမ်းကုန်ကြိုးစားနှင်ထုတ်ခဲ့ကြတယ်။ ပင်လယ်ဓါးပြတွေက အရမ်းဆိုးသွမ်းပေမဲ့ ကျီချင်းဆိုတဲ့လူကတော့ ပင်လယ်ဓါးပြခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်။ ဆင်းရဲသူတွေ၊ကိုယ်ဝန်ဆောင် မိခင်တွေကို မတိုက်ခိုက်ပဲ တိုင်းတစ်ပါးသားတွေဆီကနေ လုယူချင်စိတ်သာရှိခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာပေါ့။ ဒါကို မကျေနပ်တဲ့လက်ထောက်ခေါင်းဆောင်ကတော့ သူ့ကိုသတ်လျက် ခေါင်းဆောင်နေရာကိုဝင်ယူခဲ့တယ်။ ဒီလိုနဲ့ကျီချင်းတစ်ယောက် မသေပဲမြောက်ပိုင်း ရှောင်လင်ဘုန်းကြီးကျောင်းကိုရောက်သွားခဲ့တယ်။ ဒီဘုန်းကြီးကျောင်းကရိုးရှင်းပြီးသေးငယ်ပေမဲ့ အင်မတန်မှဆန်းကြယ်မှုတွေပြည့်ဝနေခဲ့တာကို ကျီချင်းတစ်ယောက်သတိထားမိတယ်။ ဒါကိုအမြဲဖော်ထုတ်ဖို့ကြံရွယ်နေတဲ့ကျီချင်းနဲ့ အင်မတန်မှပါးနပ်တဲ့ရှောင်လင်ဘုန်းကြီးတို့ကြားက ရယ်မောစရာတွေနဲ့ အံ့အားသင့်ဖွယ်စရားတွေကို ဒီဇာတ်ကားလေးထဲမှာ အပြည့်အဝခံစားရမှာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင်

Romance • Comedy • Family
5.7 2021
Southern Shaolin and The Fierce Buddha Warriors
Stree 2: Sarkate Ka Aatank Stree 2
7.6

Stree 2 (2024) “ဆတ္ထရီ ၂” imdb 7.6/24k တချို့သော ဝင်ငွေကောင်းတဲ့ နာမည်ကြီးရုံတင်ကားတွေထက်ကို ရုံတင်ဝင်ငွေသောက်သောက်လဲရပြီး အောင်ပွဲခံခဲ့တဲ့ မင်းသမီးချောလေး Shraddha Kapoorရဲ့ ရုံတင်ကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ၂၀၁၈ကထွက်ခဲ့တဲ့ Stree (2018)ရဲ့ အဆက်ပေါ့။ “အို ဆတ္ထရီ မနက်ဖြန်မှ လာခဲ့ပါ”လို့ ချန်ဒေရီမြို့က အိမ်တိုင်းရဲ့ရှေ့မှာ စာရေးထားရလောက်တဲ့ထိ သောင်းကျန်းခဲ့တဲ့ သရဲမလေး။ ညဘက်ကြီး အပြင်ထွက်တဲ့ ယောကျ်ားသားတွေ နောက်ပြန်လှည့်ကြည့်တဲ့အခါ ဖမ်းစားတတ်တဲ့သရဲမလေး။ အပ်ချုပ်သမားလေး ဗစ်ကီချစ်ခဲ့ရတဲ့သရဲမလေး။ ဒီရုပ်ရှင်မှာတော့ ပထမကားအပြီး နှစ်အနည်းငယ်အကြာနဲ့ ဆက်ပါတယ်။ ပျောက်ကွယ်သွားတဲ့ ဆတ္ထရီကိုပဲ မေ့ပျောက်မရသူ မောင်ဗစ်ကီတစ်ယောက် လွမ်းဆွတ်မှုနဲ့အတူ တမ်းတနေရချိန်။ ဘယ်ကမှန်းမသိတဲ့ စာတစ်စောင်ရောက်လာတာက “သူ ပြန်လာပြီ”တဲ့။ ဘာမှ အဓိပ္ပါယ်သိပ်မရှိတာမို့ ဗစ်ကီတစ်ယောက် မေ့မေ့ပျောက်ပျောက်နဲ့နေရင်းက ဇာတ်အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Horror • Drama
7.6 2024
Stree 2: Sarkate Ka Aatank Stree 2
The Riot (or) Sulis (2023)
6.5

The Riot (2023) IMDb Rating (6.5) လျှပ်စစ်မီးမရှိ တယ်လီဖုန်းလိုင်းတွေမရှိတဲ့ခေတ်ဟောင်းကနေ ခေတ်သစ်ကိုကူးလာမယ့် ၁၉ရာစုမှာ ဒီလျှပ်စစ်မီးတွေ တယ်လီဖုန်းလိုင်းတွေအတွက် လိုအပ်တဲ့ကြေးနီကို Companyကြီး‌တွေက အပြိုင်အဆိုင် တူးထုတ်ခဲ့ကြတယ်။ ဒီလိုအပြိုင်အဆိုင်တွေကြားမှာ ငထွားခါးနာခဲ့ရတာတော့ မိုင်းလုပ်သားတွေပါပဲ။ Companyကြီး‌တွေရဲ့ လောဘနောက်မှာ မိုင်းလုပ်သားတွေဟာ နှစ်ပဲခြောက်ပြားငွေနဲ့ အသက်ကိုရင်းပြီး တူးနေရတဲ့ အခြေအနေဖြစ်လာခဲ့တယ်။ ဒီဒဏ်တွေကို ခံနေရတဲ့ မိုင်းလုပ်သားတွေဟာ သူတို့အခွင့်အရေးကို သူတို့သိလာပြီး ပုန်ကန် ဆန္ဒပြကြရာက မိုင်းတွင်းလုပ်ငန်းတွေရဲ့ အချိုးအကွေ့တစ်ခု၊ အလုပ်သမားအားလုံးရဲ့ ပြယုဂ်တစ်ခုဖြစ်လာခဲ့တဲ့ ဆန္ဒပြမှုတစ်ခုအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ပဲဖြစ်ပါတယ်။) File size…(1.3 GB) / (690 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.5 1907 107 mins
The Riot (or) Sulis (2023)
Gifted

Gifted (2014) ************* ၈ နှစ်ကြာလုပ်ခဲ့တဲ့ ရုံးအလုပ်ကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ ဂင်မင်ဆူဟာ… အနာဂတ်ပျောက်ပြီး မွဲပြာကျခါနီးအဖြစ်ကို ရောက်ရှိသွားခဲ့တယ်။ စုထားတဲ့ငွေလည်းမရှိ… ဝင်ငွေလည်းမရှိတော့တဲ့ မင်ဆူဟာ အလုပ်ပေါင်းမနည်း ထပ်လျှောက်ရာမှာလည်း အရေးနိမ့်ခဲ့ပြန်တယ်။ သူ့ကိုယ်သူ ရှက်စိတ်၊ သိမ်ငယ်စိတ်တွေကြောင့် ဒီအကြောင်းတွေကို သူနဲ့စေ့စပ်ထားတဲ့ ဆူဂျင်းဆီ… တစ်ခွန်းမှ မပြောခဲ့ပါဘူး။ ဒုက္ခိတကိုသာ ယူချင်ယူမယ်၊ ကျောမွဲတဲ့လူကိုတော့ မယူနိုင်တဲ့ ဆူဂျင်းဟာ… ဒီကိစ္စကို သိလိုက်တဲ့အခါ ဒေါသအကြီးအကျယ်ထွက်ပြီး မင်ဆူကို လမ်းခွဲဖို့ပြောတော့တယ်။ ဘဝလည်းပျက်၊ ဇနီးလောင်းကိုလည်း ဆုံးရှုံးခါနီးဖြစ်နေတဲ့ မင်ဆူဟာ ကြံမိကြံရာနဲ့ တရားမဝင်အလုပ်တွေကို လုပ်လာတဲ့အခါ… သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာ ရှေ့အနာဂတ်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲ… သူ့ကိုယ်ထဲမှာ ဖုံးထားတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုရှာတွေ့လာမလဲဆိုတာကို… ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ 18+ scenes တချို့ပါဝင်တာကြောင့် မိသားစုနှင့်အတူကြည့်ရှုရန် မသင့်တော်ပါ။ File Size : 1.63GB / 540MB Quality : BluRay 1080p / 720p Duration: 1 hr. 43 min. Genres: Thriller, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo

0 2014 103 mins
Gifted
Drained
5.8

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Dark Romance အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် သွေးစုပ်ဖုတ်ကောင်မလေးကို ချစ်မိသွားတဲ့ ပန်းချီဆရာတစ်ယောက်အကြောင်းကို ကြည့်ရှုရမှာဖြစ်ပြီး အခြားသောသွေးစုပ်ဖုတ်ကောင်ဇာတ်ကားအများစုနဲ့ မတူတဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်… Thomas ဟာ မိခင်ဖြစ်သူနဲ့အတူနေထိုင်ပြီး အလုပ်အကိုင် မရှိသေးတဲ့ ပန်းချီအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် တစ်ရက် သူငယ်ချင်းဖြစ်သူရဲ့ ဘားကိုလာရင်း Rhea ဆိုသူ မိန်းမချောလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီး စွဲလမ်းသွားပါတော့တယ် Thomas ဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ မိန်းမချောလေး Rhea နဲ့ နောက်တစ်ခေါက်ပြန်ဆုံချိန်မှာတော့ Rhea နဲ့အတူအိပ်ဖို့လုပ်ရင်း Rhea ဟာ သာမန်မိန်းကလေးတစ်ဦးမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ်ကြောင်း လက်ကောက်ဝတ်ပေါ်က သွေးစို့နေတဲ့ သွားရာနဲ့အတူ သိရှိသွားကာ အထိတ်တလန့်နဲ့ ထွက်ပြေးရပါတော့တယ် သို့သော်လည်း Rhea ကို စွဲလမ်းသွားနှင့်နေပြီဖြစ်တဲ့ Thomas ဟာ အဆက်မပြတ်နိုင်တော့ဘဲ Rhea နဲ့တဖန်ပြန်ပြီးဆက်သွယ်ဖို့ ကြိုးစားကာ သွေးစုပ်ခံဖို့အတွက်ကို အသင့်ပြင်ပြီး ချစ်မိပါတော့တယ်.. ထိုသို့နှင့် Thomas ဟာ Rhea သွေးစုပ်ရာ အစာအဖြစ်ခံချစ်ပြီး Rhea မှာ အခြားသောရည်းစားတစ်ယောက်ရှိနေတာ သိရှိသွားချိန်မှာတော့… ဒီကားလေးဟာဆိုရင် မြင်တွေ့နေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်များကို ခွဲထွက်ရိုက်ကူးတင်ပြထားတာဖြစ်ပြီး Relationship တွေရဲ့ သဘာဝ တချို့ကို ခိုင်းနှိုင်းတင်ပြမှုအဖြစ်ပါ ခံစားကြည့်နိုင်တာမလို့ ရုပ်ရှင် ချစ်ပရိသတ်များ သဘောခွေ့စရာကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ… File size… (1.27 GB) / (699 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Horror , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.8 2024 113 mins
Drained
Noah’s Arc: The Movie
6

Noah’s Arc: The Movie (2025) IMDb Rating (6.0) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၅ ခုနှစ်ထွက်ဟာသဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Noah’s arc ဆိုတဲ့နာမည်နဲ့အခြားဇာတ်လမ်းတွေရှိပါသေးတယ်။ ဒီဇာတ်လမ်းကတော့နောက်ဆုံးထွက်ထားတာပါ။ ဇာတ်လမ်းတော့နိုအာ၊အဲလက်စ်၊ရစ်ကီ၊ချန်စ့်ဆိုတဲ့သူငယ်ချင်းလေးယောက်အကြောင်းပါ။ သူတို့လေးယောက်ကလိင်တူချစ်သူတွေဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့နိုအာကဇာတ်ညွှန်းရေးဆရာဖြစ်ပြီးတော့ သူ့ယောက်ျား ဝိတ် ကတော့တေးသံသွင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။ ယခုရုပ်ရှင်ကားမှာတော့နိုအာနဲ့ဝိတ်နဲ့ကကလေးယူဖို့အတွက်ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ နိုအာကလည်းသူလေးစားအားကျရတဲ့လိင်တူလူမည်းအမျိုးသားတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ဖို့ကမ်းလှမ်းခံရတယ်။ ယောက်ျားဖြစ်သူဝိတ်ကလည်းခံဝန်ကတိနဲ့လွတ်ထားတဲ့ တူးတုန်းစယ်လိုဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးကိုသီချင်းထုတ်ပေးတာအဆင်ပြေပြေလုပ်နိုင်ရင် ဒုဥက္ကဌနေရာပေးဖို့ကမ်းလှမ်းခံလာရပါတယ်။ နှစ်ယောက်စလုံးအလုပ်ရှုပ်နေကြတော့ ကလေးထိန်းငှားဖို့ဖြစ်လာရပါတယ်။ထို့အပြင်အဲလက်စ်ရဲ့ဆယ်ကျော်သက်သမီးလေးကလည်းမိဘတွေနဲ့ကတောက်ကဆဖြစ်ပြီးနိုအာတို့အိမ်မှာလိုက်နေတော့…ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆက်လက်ရှုစားကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (1.9 GB) / (900 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:24:08 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by AKM

Horror • Mystery • Comedy • Thriller
6 2025
Noah’s Arc: The Movie