Carrie (1976) ~ IMDb – 7.4/10, Rotten Tomatoes – 93% ~ Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းဟာ စာအုပ်ထက်သာတယ်လို့ ချီးကျူးဖူးပါတယ်။ Carrie ဟာ စာအုပ်အနေနဲ့တင်အောင်မြင်ခဲ့တာမဟုတ်ဘဲ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးရာမှာလည်းအောင်မြင်မှုတွေ ရခဲ့ပြီး Horror ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားလို့ သတ်မှတ်ခံခဲ့ရပါတယ်။ Carrie (1976) ရိုက်တဲ့ဒါရိုက်တာကို နာမည်သာ မသိရင်မသိမယ် သူ့ကားတွေတော့ အားလုံးသိကြမှာဖြစ်သလို သူ့ကားတွေဟာ အကောင်းတကာ့ အကောင်းဆုံးကားတွေဆိုတာလည်း ငြင်းမရပါဘူး။ ဂန္ထဝင် ဒါရိုက်တာကြီး Brian De Palma ပါပဲ။ Al Pacino ရဲ့ အကောင်းစားတွေထဲက တစ်ကားဖြစ်တဲ့ Scarface, ကယ်ဗင်ကော်စနာ ရှောင်ကွန်နရီ ရောဘတ်ဒီနဲရိုးတို့ ပါဝင်ထားတဲ့ The Untouchables, ဂျွန်ထရာဗိုတာရဲ့ အကောင်းဆုံးတွေထဲက Blow Out, ဒါ့အပြင် Mission: Impossible, Dressed to Kill, Carlito’s Way တို့လို ကားကောင်းတွေလည်း ရိုက်ခဲ့ပါတယ်။ ရိုက်ခဲ့သလောက် အကုန်ကောင်းခဲ့တဲ့ ဒါရိုက်တာကြီးပါပဲ။ သရုပ်ဆောင်တွေကတော့ Sissy Spacek နဲ့ ဂျွန်ထရာဗိုတာတို့ကို သုံးထားပါတယ်။ ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင် အကုန်ပါဖက်ဖြစ်နေတယ်ပြောရပါမယ်။ နောက် ဒီကားနဲ့ အော်စကာမှာ Spacek က Best Actress ဆန်ခါတင်ဝင်ခဲ့သလို Laurie က Best Supporting Actress ဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဇာတ်ကတော့ ကင်းရဲ့ ရေးတတ်တဲ့ပုံစံအတိုင်း Supernatural Horror ဇာတ်ပါပဲ။ ကင်းပရိသတ်တွေတော့ ကျိန်းသေ အကြိုက်တွေ့မယ့် ဟော်ရာဇာတ်လို့ပြောရပါမယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် လုံးဝ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ Carrie (2013) နဲ့လည်း ကွဲလွဲတာတွေ အများကြီးရှိပေမဲ့ Bright Burn ဆန်ဆန် Carrie မဟုတ်ဘဲ အရာဝတ္ထုတွေကို စိတ်နဲ့စေစားနိုင်တဲ့ အစွမ်းရှိတဲ့၊ ဘာသာရေးအစွန်းရောက် အမေကြောင့် စိတ်ဒဏ်ရာရနေတဲ့၊ လူရာဝင်အောင်ကြိုးစားနေတဲ့ အပယ်ခံ ဆယ်ကျော်သက်လေး Carrie ကိုတွေ့ရတဲ့အတွက် 1976 Version က သဘောကျစရာအကောင်းဆုံးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.15GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 38Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y
7.4
1976