YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Blind Fury (2025) 720p WEB-DL AAC2.0-CM.mkv

532.34 MB N/A video/x-matroska 571 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ishq-e-Nadaan
7

Ishq-e-Nadaan 2023 ယခုတစ်ခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဟင်ဒီအချစ်ဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကြီးနီနာဂူပတာတို့ အဓိကပါဝင်ထားပြီး ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်တွေများစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ထဲမှာ စုံတွဲသုံးတွဲတို့ရဲ့အချစ်ဇာတ်လမ်းကို အချိတ်အဆက်မိမိတင်ဆက်ထားပါတယ်။ - ဘဝကိုရုန်းကန်နေရပြီး တစ်နေ့မှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ဆုံတွေ့ခဲ့တဲ့သူတစ်ဦး - သားနဲ့ချွေးမဖြစ်သူတို့အိမ်ကို အလည်သွားရမှ မထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံပြီး အချစ်‌တွေပြန်ပေါက်ဖွားလာသူ - မချစ်ရက်တော့တဲ့သူတစ်ဦးနဲ့ ချစ်တတ်လွန်းသူတစ်ဦးတို့ဆုံကြရာဝယ်... ဒီလိုနဲ့အချစ်ရဲ့ အဓိပ္ပာယ်ကိုယ်စီရှာဖွေရင်း အချစ်ဆိုတဲ့ဟာကို သူတို့ဘယ်လိုခံယူထားကြတယ်ဆိုတာ အသီးသီးအဖြေရှာကြရင်း ဇာတ်ကောင်တွေအများကြီးနဲ့ ဇာတ်လမ်းရှုပ်ယှက်ခတ်သွားတာမျိုးမဖြစ်စေဘဲ သူ့ဇာတ်ကောင်နဲ့သူ အံဝင်ခွင်ကျနဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~BpL~V~Zwe~Cherry~YH တို့ပဲဖြစ်ပါတယ်။ File size…1.75 GB / 643.3 MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle(Hard Sub) Encoder…YK Translated by Moon~BpL~V~Zwe~Cherry~YH

Action • Adventure • Drama • Family
7 2023
Ishq-e-Nadaan
WWII: The Long Road Home
5

ဒီဇာတ်လမ်းက ဆယ်ကျော်သက်ဒါရိုက်တာတစ်ယောက်ရဲ့ သူ့အဘိုး ဒုတိယကမ္ဘာစစ်မှာ ထွက်ပြေးလွတ်မြောက်တာကို ရိုက်ထူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချာလီတို့တပ်ဖွဲ့ကို ကပ္ပတိန်တစ်ယောက်နဲ့အတူ ဂျာမနီစစ်တပ် ကိုစုံစမ်းဖို့အတွက် ဂျာမနီနိုင်ငံကိုသွားရမယ်လို့အထက်ကအမိန့် ချလာပါတယ်။ စုံစမ်းဖို့သွားနေရင်းနဲ့ လမ်းတစ်ဝက်မှာအဖမ်းလိုက် ခံရပါတယ်။ နောက်တော့ ကပ္ပတိန်နဲ့အတူ မဟာမိတ်တပ်တွေ လာကယ်တာကိုစောင့်ဆိုင်းကြတာပေါ့။ဒါပေမယ့် ချာလီဟာ ရန်သူ့နယ်မြေမှာဖြစ်တဲ့အတွက် စောင့်နေရင် ပိုဆိုးလာမယ့် အန္တရာယ် များကိုသိတဲ့အတွက် သူတစ်ယောက်တည်း မဟာမိတ်နယ်မြေကို ရောက်အောင်သွားရင်းနဲ့လမ်းမှာ ကြုံရတဲ့အခက်အခဲတွေကိုရိုက် ကူးထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.7 GB) / (822 MB) / (530 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......Tin Myo Lwin Encoder..........SWM

Drama • History • Romance
5 2019 90 mins
WWII: The Long Road Home
The Ideal Squad

The Ideal Squad (2023) comedy fanတွေအတွက် ဗီယက်နမ်ဟာသဇာတ်လမ်းကောင်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခဝေးတစ်ယောက် သွမ့်ဆိုတဲ့ သူမရဲ့အရင်ယောကျာ်းကောင်းမှုကြောင့် ထောင်နန်းစံခဲ့ရတယ်။ သူ ပြန်လွတ်လာချိန်မှာ သွမ့်က ဂျူဝဲလ်ဆိုတဲ့အမျိူးသမီးနဲ့ လက်ထပ်ဖို့ပြင်နေပြီ။ အဲ့ဒီအမျိူးသမီးကို တင်တောင်းတာကလည်း ခဝေးအမေ ခဝေးကိုအမွေပေးခဲ့တဲ့လည်ဆွဲနဲ့။ ဒါပေမယ့် လည်ဆွဲက အစစ်မဟုတ်ဘူး။ ခဝေးနဲ့သွမ့်ရဲ့သမီးလေးကိုလည်း သွမ့်ကပဲခေါ်ထားတယ်။ ဒီတော့ ခဝေးနဲ့ သူမငယ်သူငယ်ချင်း ဟောင်ဖုန်းဟာ သွမ့်နဲ့ဂျူဝဲလ်တို့မင်္ဂလာဆောင်မှာ လည်ဆွဲကိုခိုးပြီး သွမ့်ကိုဖော်ကောင်လုပ်ဖို့၊ ပြီးရင် ခဝေးရဲ့သမီးလေးကို ပြန်ခေါ်ဖို့အတွက် planတွေဆွဲကြတယ်။ ဒါပေမယ့် ဒီplanထဲမှာ မထင်မှတ်ဘဲ ပါလာတာက.... သူခိုးဆီက ဘုမသိဘမသိနဲ့ရလိုက်တဲ့ ဆွီဒင်ကြက်ဖကြီးကို ကင်စားမိလို့ ငွေတစ်ဘီလီယံအကြွေးဆပ်နေရတဲ့ ဗရုတ်သုတ်ခမိသားစုတစ်စု။ ဒီလိုနဲ့ ကပေါက်တိကပေါက်ချာ မိသားစုရယ်၊ ခဝေးတို့သူငယ်ချင်းနှစ်ယောက်ရယ်ပေါင်းပြီး ဘယ်လိုတွေလောင်းကျော်မလဲ၊ planချထားတာတွေ ရှောရှောရှူရှူဖြစ်လာမလား၊ ဂျူဝဲလ်ကရော လူတွေထင်သလို စိတ်နှလုံးကောင်းတဲ့သူလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာလိုက်ပါ။ ထိုင်းဟာသကားတွေကြိုက်တတ်ရင် ဒီဗီယက်နမ်ကားလေးကိုလည်း နှစ်ခြိုက်သဘောကျပါလိမ့်မယ်နော်~ အညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ်။

Crime • Drama
0 2023
The Ideal Squad
Starred Up
7.3

Starred Up(2013) ============== ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Love လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်း အကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီး စိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊ အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက် ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။ Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူ Jack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင် အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by KMH

7.3 2013
Starred Up
Khun Pan 2
6.5

Khun Pan 2 (2018) ============== ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Khun Pan 1 ရဲ့ sequel ဖြစ်တဲ့ Khun Pan 2 ကို ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Khun Pan 1 မှာ တုတ်ပြီး ဓားပြီး သေနတ်ပြီး တောပုန်းဓားပြကြီး အဟာဝီရလူနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူစွမ်းကောင်းရဲအရာရှိကြီး ခွန်ဖန်ရဲ့ တောပုန်းဓားပြရေစက်ကတော့မဆုံးနိုင်အောင်ပါပဲ။ ဒီ Khun Pan 2 မှာလည်း မြေပြန့်အလယ်ပိုင်းမှာသောင်းကျန်းနေတဲ့ တောပုန်းဓားပြ “ဖိုင်” နဲ့ “ဘိုင်” ဦးဆောင်တဲ့ “ရှပ်နက်ဝတ် တောပုန်းဓားပြဂိုဏ်း” ကိုနှိမ်နင်းဖို့အကြောင်းဖန်လာပြန်ပါတော့တယ်။ ဒီတစ်ခေါက်စစ်ဆင်ရေးမှာရော လူစွမ်းကောင်းကြီး ခွန်ဖန်တစ်ယောက် အောင်ပန်းဆွတ်နိုင်မှာလား .. မထင်မှတ်ထားတဲ့ဘယ်လိုအတွေ့အကြုံထူးတွေ ကြုံတွေ့ရဦးမှာလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါတော့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Action, Fantasy Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

Drama
6.5 2018
Khun Pan 2
Deltopia
4.5

Deltopia (2023) ============ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက အိုင်လာဗီစတာဆိုတဲ့နေရာမှာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေ နှစ်တိုင်း လုပ်ကြတဲ့ Deltopia ဆိုတဲ့ အကြီးဆုံးပါတီကြီးအကြောင်းဖြစ်ပါတယ်။ Alcohol, Drugs သုံးစွဲမှုတွေ ကြမ်းတမ်းတဲ့စကားတွေပါတာမို့ မိသား စုနဲ့ ကြည့်ဖို့တော့မသင့်တော်ပါဘူး။ ပါတီမှာသောင်းကျန်းကြပြီး အလွဲတွေဖြစ်ကုန်တဲ့ဇာတ်လမ်းမျိုးသဘော ကျရင် ကြည့်ကြည့်သင့်တယ်လို့ပြောချင်ပါတယ်။ အထက်တန်းကျောင်း သားဂျက်ခ်ဟာ ငယ်ငယ်ကတည်းကသဘောကျခဲ့တဲ့ ကျောင်းနေဖက် ကောင်မလေးဟန်နာကို ဖွင့်မပြောပဲမျိုသိပ်ထားခဲ့ရာမှာ အထက်တန်း ကျောင်းနောက်ဆုံးနေ့ကိုရောက်ခဲ့ပြီဖြစ်ပါတယ်။ ဟန်နာက ကျောင်းပြီး ရင် နယူးယောက်မြို့ကိုပြောင်းတော့မယ်ဆိုတာကို သိရတဲ့အခါ ဟန်နာ တို့သွားမယ့် Deltopia ပါတီကို အမီလိုက်ပြီး ဖွင့်ပြောဖို့ကြိုးစားရာမှာ အမေရိကန်နိုင်ငံရဲအကြီးဆုံးပါတီမှာဘာတွေကြုံရမလဲကြည့်ရမှာဖြစ် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်) File Size……….(2.27 GB) / (789 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……Pyi T. Nyein Encoder……….Zin Phyo Aung

4.5 2023 100 mins
Deltopia
The Passion of the Christ
7.2

The Passion of the Christ (2004) ~ IMDb – 7.2/10, Rotten Tomatoes – 49% ~ ခရစ်တော်တို့ မယ်တော်မေရီတို့အကြောင်းဇာတ်ကားတွေ သမ္မာကျမ်းစာလာကားတွေကို ရိုက်ရတယ်ဆိုတာ အင်မတန်အန္တရာယ်ကြီးတဲ့အလုပ်ပါပဲ။ လူပေါင်းမြောက်များစွာ လုပ်ခဲ့ကြပေမဲ့ နာမည်ကြီးဒါရိုက်တာကြီးတွေတောင် အောင်မြင်တစ်လှည့် ရှုံးတစ်လှည့်နဲ့ပေါ့။ ဒီတစ်ခါ “The Passion of the Christ” ဆိုတဲ့ ဇာတ်ကားကိုတော့ Mel Gibson က ရိုက်ထားတယ်။ ဂစ်ဆင်ကိုတော်တော်များများ မင်းသားအနေနဲ့ ပိုသိကြမှာပါ။ ဒါပေမဲ့ သူလည်း သရုပ်ဆောင်သက်တမ်းမနည်းသလို ဒါရိုက်တာသက်တမ်းလည်း အတော်တော့ရှိနေပါပြီ။ Braveheart လို ဂန္ထဝင်တွင်တဲ့ကားတွေ၊ Hacksaw Ridge နဲ့ Apocalypto တို့လို တကယ့်ကားကောင်းတွေရိုက်ခဲ့သလို အခုရုပ်ရှင် The Passion of the Christ ကိုလည်း IMDB rating မှာ 7.2 ရထားတဲ့အပြင် ဆုပေါင်း ၃၀ ကျော် ဆွတ်ခူးထားနိုင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့လည်း တကယ်မခေတဲ့သူပါပဲ။ ခေါင်းစဉ်အတိုင်း ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲမှာတဲ့ “Jesus Christ” သခင်ယေရှုအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပေမဲ့ သခင်ယေရှုသက်တော်စဉ်ဖြစ်တဲ့ ဘဝတစ်ခုလုံးအကြောင်းရိုက်ပြထားတာပဲမဟုတ်ဘဲ “The Last Supper” လို့ နာမည်ကြီးတဲ့ နောက်ဆုံးညစာစားပွဲပြီး နောက်တစ်နေ့နံနက်အချိန် သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ် ကားစင်တင်သတ်မခံရခင် ၁၂ နာရီကာလကို အသေးစိတ်ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခရစ်တော်အကြောင်းရိုက်တဲ့ကားတွေထဲကမှ ဒီကားကတော့ ထူးထူးခြားခြား အချိန်တိုလေးကို သုံးပြီး ရိုက်ကူးထားတာဖြစ်လို့ အန္တရာယ်ပိုကြီးမှာပေမဲ့ Mel Gibson ကတော့ ကောင်းကောင်းကြီး ပုံဖော်သွားခဲ့နိုင်တယ်ပဲ ပြောရပါမယ်။ ~ ဇာတ်လမ်းအကျဉ်း ~ သခင်ယေရှုဟာ သူရဲ့သာဝက ၁၂ ပါးနဲ့ ပွဲတော်စားပြီးတဲ့အချိန်မှာ နောက်တစ်နေ့မနက် အသတ်ခံရတော့မှာကိုသိတဲ့အတွက် ဂေသရှေမန်ဥယျာဉ်ထဲမှာ ခမည်းတော် အဘဘုရားဆီဆုတောင်းဖို့သွားခဲ့ပါတယ်။ ဆုတောင်းအပြီးမကြာခင်မှာပဲ ရောမရဲမက်တစ်သိုက်နဲ့အတူ သခင်ယေရှုကို ဖာရိရှဲလို့ခေါ်တဲ့ ထိုခေတ်အခါက ကျမ်းတတ်ပုဂ္ဂိုလ်ဆိုတဲ့လူတွေဆီ ငွေအသပြာ သုံးဆယ်နဲ့ရောင်းစားခဲ့တဲ့ သခင်ယေရှုရဲ့တပည့်တော် ၁၂ ပါးထဲမှ သခင်ယေရှုကိုသစ္စာဖောက်ခဲ့တဲ့ ယုဒရှကာရုတ်ဆိုတဲ့ တပည့်တော်လည်းပါပါတယ်။ ဒီလိုအကြောင်းဖန်လာတာကတော့ ဖာရိရှဲတို့က သခင်ယေရှုကို မှားယွင်းတဲ့ဩဝါဒဖြန့်သူ၊ မဟုတ်မမှန်ဘဲ ဘုရားသားလို့ မိမိကိုယ်ကိုခေါ်ဝေါ်သမုတ်သူဖြစ်တယ်ဆိုပြီး ရဲမက်တွေကိုဖမ်းဆီးခိုင်းလိုက်လို့ပဲဖြစ်ပါတယ်။ ယေရုရှလင်(ဂျေရုဆလင်)မြို့ရဲ့ တရားစိုးမိုးမှုအောက်မှာရှိနေတဲ့ သခင်ယေရှုက နောက်ဆုံးမှာ ဘယ်လိုမျိုးကားစင်တင်သတ်ခံသွားရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာရှုမြင်ခံစားကြရမှာပဲဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲက သခင်ယေရှုလက်ဝါးကပ်တိုင်ပေါ်မှာ ကားစင်တင်သတ်ခံရပုံကို သမ္မာကျမ်းစာထဲကအတိုင်း တိကျသေသပ်အောင် ရိုက်ကူးထားနိုင်ခဲ့ရုံတင်မကဘဲ ခရစ်ယာန်တွေရဲ့ နာမည်ကြီးထုံးတမ်းစဉ်လာတွေဖြစ်ကြတဲ့ “ပွဲတော်စားခြင်း”၊ သခင်ယေရှုရဲ့ ငယ်ဘဝအကျဉ်း၊ ကျမ်းတတ်ပေမဲ့လည်း သမာသမတ်မကျတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲတွေရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားနိုင်ခဲ့ပါတယ်။ လာမယ့် 2024~2025 မှာလည်း ဒီဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ကောင်းကင်ပေါ်ပြန်မကြွခင်ကာလအကြောင်းဇာတ်ကားကို Mel Gibson ကပဲ ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – (8 GB)/ (2.7 GB)/(1.4 GB) Quality – BluRay 4K HEVC /1080p/ 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 7Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

7.2 2004 127 mins
The Passion of the Christ
Strange Days
7.2

Strange Days (1995) ~ IMDb – 7.2/10, RT – 68%, Meta – 66% ~ 1995 တုန်းက Sci-Fi ကားတစ်ခုအ​နေနဲ့ထွက်ရှိထားပြီး နာမည်ကြီးသရုပ်​ဆောင် Ralph Finnes တို့ Angela Basset တို့ပါဝင်သရုပ်​ဆောင်ပါဝင်ထားပြီး Rating ​လေး​လည်း​ကောင်းတဲ့ Strange Days ဆိုတဲ့ကား​လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဇာတ်လမ်းကို​တော့ ရာစုနှစ်တစ်ခုရဲ့​နောက်ဆုံး​နေ့ (December 31, 1999) နဲ့ လူဖြူလူမည်းအဓိကရုဏ်းကို ​ကျောရိုးယူပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူတစ်​ယောက်ရဲ့​ခေါင်း​ပေါ်မှာ ချပ်ပြား​တွေပါတဲ့​ခေါင်းစွပ်ကိုတပ်ဆင်လိုက်တာနဲ့ သူ့ရဲ့ မှတ်ဥာဏ်​တွေကို မှတ်တမ်းတင်အ​​ခွေတစ်ခုအ​​နေနဲ့ သိမ်းဆည်းပြီး အဲဒါကို ပြန်တပ်ကြည့်လိုက်တာနဲ့ အဲဒီသူအတိုင်းခံစား​ရတဲ့ နည်းပညာကို တီထွင်နိုင်ခဲ့​ပေမဲ့ ရုတ်တရက် ရဲဘက်သုံးနည်းပညာကနေ တရားမဝင်နည်းပညာအဖြစ်​ပြောင်းလဲသွားခဲ့ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်​ကောင်ဖြစ်တဲ့ လန်နီက​တော့ ဒီနည်းပညာကိုအသုံးပြုပြီး လူ​တွေရဲ့စိတ်ကို​ကျေနပ်​​အောင်လုပ်​ပေးရင်း တစ်​နေ့မထင်မှတ်ပဲ လူမည်းတစ်​ယောက်ကို လူဖြူ ရဲ​တွေ ပစ်သတ်လိုက်တာကို မထင်မှတ်ပဲ မှတ်တမ်းက​နေ သိလိုက်ရပါတယ်။ တစ်ဖက်မှာလည်း ရည်းစား​ဟောင်း ဖိတ် နဲ့ သူငယ်ချင်းအိုင်းရစ်ကလည်း ဒီကိစ္စနဲ့ ပတ်သက်​နေတာကို သိသွားပြီး ရည်းစား​ဟောင်းအ​ပေါ် စိတ်မပျက်​​သေးတဲ့ လန်နီတစ်​ယောက် ဘယ်လိုလွတ်​မြောက်​အောင်ကယ်တင်ခဲ့လဲ… ဘယ်လို​တွေ​​ဖြေရှင်းခဲ့လဲဆိုတာ​တွေကို ကြည့်ရမယ့် ဒရာမာ အက်ရှင် သိပ္ပံစိတ်ကူးယဥ်ကား​ကောင်း​လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 25Min Genre – Crime, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.2 1995
Strange Days
Good Grief
6.4

Good Grief (2023) ~ IMDb – 6.4/10, RT – 78%, Meta – 60% ~ Schitt’s Creek Sitcom နဲ့ နာမည်စရလာခဲ့သလို Schitt’s Creek ရဲ့နောက်ဆုံးစီဆန်ကိုလည်း ကိုယ်တိုင်ရေးသား ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ Emmy လေးဆုပိုင်ရှင် Dan Levy ကိုယ်တိုင် ရေးသား ရိုက်ကူး သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Dan Levy ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဟုတ်တယ်။ Rotten Tomatoes – 78% ရထားတော့ ပွဲဦးထွက်အနေနဲ့ဆို အရည်အချင်းရှိတယ်ပြောရမှာပါပဲ။ နက်ဖလစ်ကနေ ဖြန့်ပေးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်ကတော့ လိင်တူအချစ်ကို Focus ထားပြသလိုပြနေရင်းက သူငယ်ချင်းတစ်အုပ်ကြားကအချစ်ကို Focus ထားပြထားတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ မက်ဆိုတဲ့ ဂေးတစ်ယောက်ရှိတယ်။ သူက ပန်းချီဆွဲတဲ့အလုပ်လုပ်တယ်။ ပြောရရင်သရုပ်ဖော်ပုံဆွဲတာပေါ့။ စာအုပ်အဖုံးတို့ ပုံပြင်တို့ကိုဆွဲတာများတယ်။ သူ့ယောက်ျားကတော့ နာမည်ကျော် စာရေးဆရာ။ သူ့ယောက်ျားစာအုပ်တွေကိုလည်း သူပဲ သရုပ်ဖော်ပုံဆွဲတာ။ သူတို့လင်ယောက်ျားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေလာခဲ့တာကြာပြီ။ သူတို့အိမ်လေးကလည်း ပါတီတွေ သူငယ်ချင်းတွေနဲ့သာယာနေခဲ့တယ်။ ဒီလိုနဲ့ အပျော်တွေမကုန်ခင် တစ်နေ့မှာ သူ့ယောက်ျားဆုံးသွားတယ်။ ဘဝမှာ သူ့ယောက်ျားကိုပဲကြည့်ရင်း နေလာခဲ့တဲ့လူတစ်ယောက်ဟာ သူ့ယောက်ျားမရှိတော့တဲ့နောက် သူ့ယောက်ျားနဲ့အတူနေခဲ့တဲ့ အိမ်ကြီးထဲ တစ်ကိုယ်တည်း ရှင်သန်ရဖို့ဖြစ်လာတယ်။ သူ့သူငယ်ချင်းတွေက သူတို့ဘဝရဲ့ တစ်နှစ်တာအချိန်ကို အကုန်ခံပြီး သူ့ကိုအားပေးဖို့ သူနဲ့အတူလာနေပေးကြတယ်။ တစ်နှစ်ပြည့်ပြီးတဲ့နောက် သူ့ယောက်ျားချန်ထားခဲ့တဲ့စာကို ဖောက်ဖတ်ဖို့ သတ္တိရှိလာတဲ့အချိန် ဒီစာဟာ သူ့ဘဝကို ဘယ်လိုရိုက်ခတ်သွားခဲ့သလဲ… သူ့သူငယ်ချင်းတွေနဲ့သူ့ဆက်ဆံရေးက ဘာဖြစ်သွားမလဲ… ကျွန်တော်တို့မြင်ရလိမ့်မယ်။ ဆိုခဲ့သလို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းကနေ သူငယ်ချင်းတွေအကြောင်းဖြစ်သွားတဲ့ရုပ်ရှင်ပါပဲ။ ခင်မင်မှုရဲ့ ခွင့်လွှတ်ခြင်း လှပခြင်းတွေကို တစိမ့်စိမ့်ကြည့်ရလိမ့်မယ်။ ဒီလိုကားမျိုးတွေက သရုပ်ဆောင်ကောင်းရင်ကောင်းသလောက် ပိုတာသွားတတ်သလို Dan Levy, Luke Evans, Emma Corrin, Passing (2021) ထဲက အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ မင်းသမီးဇာတ်ဆောင်အော်စကာဆု ဆန်ခါတင်ဖူးခဲ့တဲ့ Ruth Negga, Yesterday (2019)ထဲက မင်းသား Himesh Patel တို့လို သရုပ်ဆောင်ကောင်းတဲ့ ဆရာကြီးတွေချည်း သရုပ်ဆောင်ထားတာမို့ ကြည့်ရတာတော့ ရှယ်တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 665MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2023 101 mins
Good Grief
The Lost Boys
6.8

The Lost Boys (2023) ~ IMDb – 6.8/10, Rotten Tomatoes – 100% ~ ” ကျွန်တော်က ဂျိုးပါ။ ကျွန်တော့်ငယ်ဘ၀အကြောင်းသိပ်မမှတ်မိပေမဲ့ အမေနဲ့အတူ ရေကန်ဘေးမှာ လမ်းလျှောက်လေ့ရှိတာကိုတော့မှတ်မိတယ်။ ဆောင်းရာသီဆို ရေကန်ကြီးရေခဲသွားတဲ့အခါ အဲဒီပေါ်မှာလမ်းလျှောက်ရင်း ရေခဲထဲမှာ အစီအရီပိတ်မိနေတဲ့ငါးတွေကိုတွေ့ဖူးတယ်။ ငယ်ငယ်တုန်းကတော့ ၀က်ဝံတွေလို ငါးတွေကဆောင်းခိုနေတာ ဆောင်းကုန်ရင် ပြန်အသက်ရှင်လာမယ်လို့ထင်ခဲ့ပေမဲ့ အခုတော့သိပြီ။ ငါးတွေကသေသွားကြတာဗျ… ကျွန်တော် အခု လူငယ်ထိန်းသိမ်းရေးစခန်းကိုရောက်‌နေတာ ခြောက်လပြည့်တော့မယ်။ စခန်းကို လူသစ် ဝီလီယမ်ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာတယ်။ သူနဲ့ကျွန်တော်က နှလုံးသားချင်းနီးတယ်ဗျ။ ညဆို အခန်းနံရံတွေကတဆင့် ကျွန်တော်တို့ဆက်သွယ်တယ်။ ကျန်တဲ့အချိန်ကျတော့ ခန္ဓာကိုယ်ချင်းပေါ့ဗျာ။ ကျွန်တော့်လွတ်ရက်ကနီးပြီ။ တရားသူကြီးရဲ့အဆုံးအဖြတ်လိုသေးပေမဲ့ သေချာသလောက်တော့ရှိတယ်ဗျာ။ ကျွန်တော်လည်း မျှော်လင့်နေမိတယ်။ ဒါပေမဲ့ ဝီလီယမ်ကို ဒီကိစ္စဘယ်လိုပြောပြရမှာပါလိမ့်… ” လူငယ်ထိန်းသိမ်းရေးစခန်းရောက်နေကြတဲ့ ကောင်လေးတွေအကြောင်းရိုက်ကူးထားတာဖြစ်ပြီး သူတို့ရဲ့မျှော်လင့်ချက်တွေ ရင်းနှီးမှုတွေ တပ်မက်စရာကောင်းတဲ့အချစ်တွေ နာကျင်စရာကောင်းတဲ့အချိုးအကွေ့တွေကို ရိုက်ပြထားတဲ့ လှပလွန်းတဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 615MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 23Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.8 2023
The Lost Boys
And Then Come the Nightjars
6.4

And Then Come the Nightjars (2023) ~ IMDb – 6.4/10, Rotten Tomatoes – 80% ~ ခွာနာလျှာနာရောဂါကို တော်တော်များများ ကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ်လောက်တုန်းကပေါ့ ဗြိတိန်မှာ ခွာနာလျှာနာ အကြီးအကျယ်ကူးစက်ပျံ့နှံခဲ့ပါတယ်။ မွေးမြူရေးခြံပေါင်း ၁၀,၀၀ လောက် ကူးစက်ခံရတာကြောင့် လူပေါင်း ၈၀၀၀ ကျော်လောက် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်တဲ့လုပ်ငန်းစဉ်မှာ ‌ဗြိတိသျှပေါင် ၃ဘီလီယံကျော် ကုန်ကျခဲ့ပါတယ်။ မွေးမြူရေးတိရစ္ဆာန်ပေါင်း ၆.၅ သန်းလည်း အသတ်ခံခဲ့ရပါတယ်။ အခု ဒီရုပ်ရှင်ကတော့ အဲဒီအချိန်ကာလကို ပြန်တည်ထားတာပါ။ အဲဒီအခြေအနေအကျပ်အတည်းကို နောက်ခံထားပြီးရေးဖွဲ့ထားတဲ့ ဆုရပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းလိုက်တာပဲဖြစ်ပါတယ်။ မွေးမြူရေးခြံရှင် အဖိုးကြီးတစ်ဦးနဲ့ လူလတ်ပိုင်း ဒေသန္တရတိရစ္ဆာန်ဆရာဝန်တစ်ဦးကြားက အပိုဆာဒါးမပါတဲ့ ရိုးရှင်းနွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို တွေ့မြင်ရမှာပါ။ ခြံရှင်အဖိုးကြီးဟာ သူ့ရဲ့ နွားတွေကို သားသမီးတွေနဲ့မခြားချစ်သူဖြစ်ပြီး သူ့ရဲ့ အချိန် စိတ်နှလုံး တစ်ဘဝလုံးကို သူတို့တွေဆီမှာသာ မြှုပ်နှံထားသူဖြစ်ပါတယ်။ တိရစ္ဆာန်ဆရာဝန်ကတော့ ဒီဒေသမှာ တာဝန်ကျတဲ့ အပြင်ကလူပေါ့။ ဒါပေမဲ့ ဒီမှာ အနေကြာလာပြီး ဒေသကို (အထူးသဖြင့်တော့ အဖိုးကြီးကို) ခင်တွယ်လာသူဖြစ်ပါတယ်။ သူ့ အားလပ်ချိန်တွေဆို အဖိုးကြီးခြံကို သွားပြီး ကလေးတစ်ယောက်ယောက်လိုပဲ အဖိုးကြီးနောက်ကို တကောက်ကောက်လိုက်ပြီး စကားတွေ တောင်စဉ်ရေမရ ပြောနေတတ်ပါသေးတယ်။ ဒီလိုနဲ့ ခွာနာလျှာနာ ကူးစက်နှုန်းမြင့်လာပြီး ရောဂါထိန်းချုပ်ရေးအတွက် သတ်ဖြတ်တာတွေ မီးရှို့တာတွေ စလုပ်လာတဲ့အချိန်မှာတော့. မွေးမြူရေးတိရစ္ဆာန်တွေကို သားသမီးလိုချစ်တဲ့အဖိုးကြီးနဲ့ တာဝန်အရ သတ်ဖြတ်မှုတွေကို ဦးဆောင်ရမယ့် တိရစ္ဆာန်ဆရာဝန်တို့ရဲ့ကြားက ဆက်ဆံရေးလေး ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်စောင့်ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 640MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 21Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.4 2023 81 mins
And Then Come the Nightjars
You, Me, and that Mountain Retreat
6.1

ကိုယ်ရယ် မင်းရယ် ဒီတောစခန်းရယ် (You Me and that Mountain Retreat) ဒီဇာတ်ကားလေးကတော့ ၂၀၂၃ မှာတင်ထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါ.. ဇာတ်လမ်းလေးကတော့ IAM ဆိုတဲ့ကုမ္ပဏီမှာ အလုပ်ဝင်ချင်တဲ့ ရေဗက္ကာဆိုတဲ့ ကောင်မလေးနေရာကနေ ကြည့်ရှူခံစားရမှာပါ ဒီဇိုင်နာတစ်ယောက်ဖြစ်တာနဲ့အညီ introvert တစ်ယောက်လိုအခန်းထဲမှာပဲ အောင်းပြီး အလုပ်လုပ်ချင်တဲ့သူမအတွက် ခေါင်းဆောင်ရာထူးတစ်ခုကို လျှောက်မိတဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ အခက်အခဲ တွေ့ရပါတော့တယ်.. ဒါ့အပြင်သူလျှောက်တဲ့ကုမ္ပဏီကလည်း သာမန်မဟုတ်ပါဘူး သဘာဝတရားကြီးကို ချစ်မြတ်နိုးတဲ့သူကိုယ်တိုင် တည်ထောင် ထားတဲ့ ကုမ္ပဏီမလို့ ကုမ္ပဏီရဲ့ပုံစံကတခြားခေါက်ရိုးကျိုး သမားရိုးကျပုံစံတွေနဲ့ ကွာခြားလှပါတယ် ဒီလိုပဲ ဆန်းဆန်းပြားပြားတွေ လုပ်တတ်တာနဲ့အညီ IAMရဲ့အလုပ်ခန့်ဖို့နောက်ဆုံးလူရွေးပွဲကို တောစခန်းတစ်ခုမှာလုပ်မှာပါ ဒီနေရာမှာ ၁၀ရက်ကြာ ဘယ်လိုမျိုးတွေတွေ့ကြုံဖြတ်သန်းရဦးမလဲ… ဒီကြားထဲမှာ သူမနဲ့ပြောင်းပြန် လူတွေနဲ့ပနံသင့် စကား ရွှန်းရွှန်းဝေအောင်ပြောနေတတ်တဲ့ အရောင်းစာရေးတစ်ယောက်နဲ့ အတူတူအတွဲက ကျလိုက်ပါသေးတယ် စရိုက်ချင်မတူတဲ့အပြင် ကိုယ့်ဆရာက အဲယားကွန်းခန်းထဲကမထွက်ချင်တဲ့သူတစ်ယောက် စခန်းချထွက်တဲ့နေရာကိုရောက်နေတဲ့အခါမှာတော့ ……….. အားလုံးအတွက် ပျော်ရ ရီရ အပန်းဖြေ ရတဲ့ comedy romance ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်… File size…2.07GB / 947MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khnat Paing

Drama • Romance
6.1 2023
You, Me, and that Mountain Retreat
Perrier’s Bounty
6.3

ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက် ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီး သူ့ရဲ့ အဖေဖြစ်သူရယ် .. အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ် လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေး ကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲ တစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက် ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လို မသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲ သေချာပေါက် ပြောလိုက်ပါရစေ။ File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.3 2009
Perrier’s Bounty
Chhota Bheem and the Curse of Damyaan
7.3

Choota Bheem and the Curse of Damyaan(2024) “ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ” ========================================= လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံး Anime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။ Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့် အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင် ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကို အပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ ဇာတ်လမ်းကတော့… နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကို စစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့ တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမက သူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင် တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီး ဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီး နော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.3 2024 145 mins
Chhota Bheem and the Curse of Damyaan
Devara: Part 1
6.4

Devara: Part 1 (2024) “ဒေဗာရာ” IMDb – 6.4/10 ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့ တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊ ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကို လက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။ ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။ သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။ ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။ အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။ ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Adventure • Action • Comedy
6.4 2024 175 mins
Devara: Part 1