YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Black Mass.2015.BLU-RAY.720P.PP.mp4

1.04 GB 720p video/mp4 3201 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Breakout
3.8

အထူးလျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်း အဲလက်စ်ဟာ ထောင်ကျနေတဲ့သားဖြစ်သူကိုလာတွေ့ရင်း ထောင်ထဲက အကျဉ်းသားတစ်ယောက်က အရာရှိတွေကိုလုပ်ကြံပြီး ထောင်ကိုအပိုင်စီးတဲ့ဖြစ်ရပ်နဲ့ကြုံလို့ သူပါ ထောင်ထဲမှာပိတ်မိခဲ့ပါတယ်။ သူ့သားဖြစ်သူပါ ထောင်ထဲမှာရှိနေတော့ ကယ်ထုတ်ဖို့လုပ်ရင်း အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ရည်ခိုက်ရည်တွေကိုအသုံးချပြီး ထောင်ကျနေလျက်ကနေ လုံခြုံရေးတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ထောင်ကိုစီးနင်းနိုင်တဲ့အထိ ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်သားနဲ့ အားပြိုင်သွားမယ့်ပုံတွေကို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

3.8 2023 85 mins
Breakout
Mothers

ဒီဇာတ်လမ်းမှာတော့ Search WWW က မင်းသမီးချော Lim Soo-Jung က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် မိခင်မေတ္တာကို ဖော်ပြထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခုတော့ ကျန်ရစ်မယ်ထင်ပါတယ် ဇာတ်လမ်းအကျဉ်း ဟျိုဂျင်ဟာ အသက် ၃၂ နှစ်အရွယ် ဆရာမ တစ်ယောက်ဖြစ်ပါတယ် ခင်ပွန်းဖြစ်သူ ဆုံးသွားပြီးနောက်ပိုင်း ဘဝကို မျှော်လင့်ချက်မဲ့ရှင်သန်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ ဆုံးသွားတဲ့ ခင်ပွန်းရဲ့ သားဖြစ်သူကို ကျွေးမွေးစောင့်ရှောက်ပေးဖို့ ဖြစ်လာတဲ့အခါမှာ... ဒီကလေးကို စောင့်ရှောက်ပေးဖို့ ငြင်းပယ်မှာလား သူမရဲ့ သားအဖြစ်နဲ့ မွေးမှာလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာဆက်လက်ကြည့်ရှုပါနော်...။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ပါ ) Quality__720p IMDb Rating__5.9/10 Format__mp4 Duration__01:47:46 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

Comedy • Crime • Thriller
0 2017
Mothers
Crossing Hennessy
6.3

Crossing Hennessy (2010) Lust Caution, Decision to Leave, Long Day’s Journey into Night နဲ့ The Golden Era တို့လို ကားကောင်းတွေမှာရော တခြားရုပ်ရှင်တွေမှာပါ ပါခဲ့ပြီး သရုပ်ဆောင်လည်း တော်တော်ပြောင်မြောက်သလို ပီယဓာတ်လည်း အပြည့်အဝရှိတဲ့ ထျန်းဝေနဲ့ Days of Being Wild ထဲက ဇာတ်ကောင်နဲ့ တရုတ်ရဲ့အကောင်းဆုံး ပါဖောမင့်န်ဆယ်ခုထဲက တစ်ခုမှာစာရင်းဝင်ထားတဲ့၊ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့လို ဆရာကြီးတွေနဲ့ ဇာတ်ကားတွေရိုက်ဖူးတဲ့၊ Four Heavenly Kings of Hong Kong pop music လို့ခေါ်တဲ့ ဟောင်ကောင်ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်ကီချောင်တို့ တွဲဖက်ပါဝင်ထားတဲ့ ရိုမန့်ကားလေးပါ။ ဒါရိုက်တာကတော့ ဟောင်ကောင်မာစတာပိစ်ကားတစ်ကားဖြစ်တဲ့ Comrades: Almost a Love Story ရဲ့ ဇာတ်လမ်း ဇာတ်ညွန်းရေးသားခဲ့တဲ့ Ivy Ho ဆိုတဲ့စာရေးဆရာမတဖြစ်လဲ ဒါရိုက်တာပါ။ ဒီကားမှာတော့ သူရေးလည်းရေး ရိုက်လည်း ရိုက်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင် ရိုမန့်ဟာသကားပီပီသသပဲ။ ခွီရတာတွေလည်းရှိသလို အေးအေးလေးနဲ့ကို ကြည့်ကောင်းပါတယ်။ ဂျက်ကီချောင်က အသက်လေးဆယ်သုံးအထိ မိန်းမမရသေးတဲ့၊ မနက်ဆိုလည်း အဒေါ်သေအောင်နှိုးမှ နိုးတဲ့၊ ဘာအလုပ်မှမလုပ်တဲ့ သူဌေးသားစောက်ပျင်းကောင်။ ထျန်းဝေကတော့ အဖေနဲ့အမေသေသွားလို့ ဦးလေးဆိုင်မှာ အလုပ်ကူလုပ်ရင်းနေနေတဲ့ ကလေးမလေး။ သူတို့၂ယောက်ကို နှစ်ဖက်မိဘတွေက ကြင်ဖက်တွေ့ပေးပြီး ပေးစားဖို့ကြံပေမဲ့ ထျန်းဝေမှာလည်း ရည်းစားရှိနေ၊ ဂျက်ကီချောင်မှာကလည်း ဘဝထဲပြန်ဝင်လာတဲ့ ရည်းစားဟောင်းရှိနေတယ်။ ဒီလိုကနေ နဖူးစာရွာလည်ရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ ထူးတာက ထျန်းဝေက ဒီကားထဲမှာ တော်တော်လေးချစ်ဖို့ကောင်းပါတယ်။ သူနဲ့တင် ဒီဇာတ်လမ်းက တန်ကိုတန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 960MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 45Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • History
6.3 2010 105 mins
Crossing Hennessy
Buried in Barstow
7

Buried in Barstow (2022) ~ IMDb rating – 7/10 ~ “အမေတစ်ယောက်က သူ့ကလေးကို ဘေးရန်တွေကနေကာကွယ်ဖို့ မလုပ်ရဲတဲ့အရာမရှိဘူး” ဟုတ်ပါတယ်။ Single Mother တစ်ယောက်ဖြစ်တဲ့ Hazel King ဟာ နယ်မြို့လေးတစ်ခုမှာ စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး သမီးလေးနဲ့အတူ ဘဝကို သိုသိပ်စွာနေပါတယ်။ ဇာတ်ကားအစက Hazel King က သွေးမသေးတဲ့သူဆိုတာ ခင်ဗျားကတော့ သိလိုက်ရပေမယ့် သူ့အသိုင်းအဝိုင်းလေးနဲ့ သူ့သမီးအပါအဝင် သူဇာတ်မြှုပ်နေထိုင်တဲ့ဘဝမှာ သူဟာ သာမန်ဆိုင်ဖွင့်ထားသူ တစ်ဦးပါပဲ။ တစ်ခုခုလုပ်ပြီးရင် သွေးအေးစွာနေတတ်တဲ့ တုန်လှုပ်မှုမရှိတဲ့ Hazel ဟာ အပေါ်ကပြောသလိုပဲ သူ့သမီးအတွက် အရာရာကို ပြေးကာကွယ်မယ့်သူပါ။ သမီး ဖြစ်သူ Joy ဟာ ဆယ်ကျော်သက်မနူးမနပ်အရွယ်မှာ အချစ်ကို ပညာရေးထက်ပိုအလေးထားခဲ့တယ်ပဲဆိုကြပါစို့။ Joy နဲ့ သူရဲ့ ကောင်လေးဖြစ်တဲ့ Travis နဲ့ Hazel တို့ သုံးယောက် ဘယ်လို Conflict တွေဖြစ်ကြမှာလဲဆိုတာ စိတ်ဝင်စားစရာကောင်းမှာပါ။ နောက်တစ်ဦးကတော့ ဆိုင်မှာပိုက်ဆံမရှင်းနိုင်လို့ အလုပ်ခိုင်းလိုက်တဲ့ နေစရာမဲ့နေသူ အလုပ်ပြုတ် ဆရာဝန်တစ်ဦးဖြစ်တဲ့ Elliot ပါပဲ။ Elliot ဟာ Hazel အပေါ်ရော Joy အပေါ်မှာပါ ကောင်းသူပါ။ Hazel ဟာ သူတစ်ယောက်ပဲသိတဲ့ သူ့ဘဝရဲ့အတိတ်က အရိပ်မဲတွေထံကနေ လွတ်အောင်ပြေးရင်း အသားကျလာတဲ့ဘဝသစ်မှာ သမီးလေးကို ဘယ်လိုဆက်စောင့်ရှောက်မလဲ… အတိတ်ကအငွေ့အသက်တွေက လက်ရှိ ဘဝလေးကို ဘယ်လိုရိုက်ခတ်မလဲ… Elliot ကရော လူဆိုးလား လူကောင်းလား… စတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမယ့် နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်တဲ့ အက်ရှင်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 820MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 25Min Genre – Action, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Action • Drama • War • History
7 2022 85 mins
Buried in Barstow
Irrational Man

Irrational Man (2015) အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါ အချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား… မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီး မတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား.. အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား…. ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါ အဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့ မင်းသမီးချော Emma Stone (La La Land) ပါပဲ.. ဇာတ်လမ်းအကျဉ်း အေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက် ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ.. ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်… ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ .. ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီး ဂျေလ်ကို ‌သူ့စာတမ်းနဲ့ ပတ်သက်ပြီး စကားလက်ဆုံစပြောဖြစ်ရာက သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက အစပြုခဲ့ပါတော့တယ်… ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်းနေတဲ့ အေ့ဘ်ကို အချစ်ကြီးချစ်မိသွားလေတဲ့ ဂျေလ်တစ်ယောက် ချစ်သူကို ပလစ်ပြီး အေ့ဘ်ဘဝထဲ စုံဝင်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားခဲ့ပါတော့တယ် .. ကျောင်းသူလေးတွေနဲ့ မတွဲ စိတ်လည်းမဝင်စားတဲ့ အေ့ဘ်တစ်ယောက် တစ်နေ့မှာတော့ ဂျေလ်နဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေကြရင်း တစ်ဖက်စားပွဲဝိုင်းက စူးရှတဲ့စကားသံတွေရဲ့ နောက်မှာ သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေမယ့် အကြောင်းအရင်းတစ်ခုကို ရှာတွေ့သွားခဲ့ပါတော့တယ်.. ဘဝရဲ့အဓိပ္ပါယ်ကို တစ်ဖန်ရှာဖွေတွေ့ရှိသွားတဲ့ အေ့ဘ် တစ်ယောက် စိတ်သစ်လူသစ်နဲ့ အသိဉာဏ်အသစ်တွေနိုးကြားပြီး အရင်ကစိတ်မဝင်စားခဲ့တဲ့ ကျောင်းသူလေး ဂျေလ်အပေါ် ပြန်တုံ့ပြန်လာလေမလား … အေ့ဘ်ကို အကြီးအကျယ်ပြောင်းလဲသွားစေတဲ့ အကြောင်းအရင်းကရော ဘာများလဲ.. အဲဒီအကြောင်းအရင်းနောက်ကွယ်မှာ အေ့ဘ်ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာလဲ.. အေ့ဘ်နဲ့ဂျေလ်တို့ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာကိုတော့ … ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် (P.S ကြည့်နေရင်းနဲ့ အားမလိုအားမရဖြစ်ပြီး ဇာတ်လမ်းရဲ့ အဆုံးသတ်ကိုတော့ ကျော်မကြည့်လိုက်ပါနဲ့နော်.. Joker မင်းသားကြီးရဲ့ မထိတထိသရုပ်ဆောင်ဟန်တွေနဲ့ Emma Stone ရဲ့ အလှအပလေးကိုပဲ ငေးမောရင်း ဖြည်းဖြည်းချင်း စီးမျောကြည့်လိုက်ပါလို့) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(800MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama,Comedy,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2015
Irrational Man
The Hottest Summer
6.5

The Hottest Summer(2023) ************************* ဇာတ်လမ်းကိုတော့ အီတလီနိုင်ငံ ဆစ္စလီမြို့ရဲ့ အပူဆုံးနွေရာသီတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်…။ အဲ့ဒီမှာဆိုရင် နွေရာသီကာလ ကျောင်းတွေပိတ်တော့ ဘုရားကျောင်းတွေမှာ ကလေးတွေအတွက် နွေရာသီကျောင်းလေးတွေဖွင့်လေ့ရှိပါတယ်..။ ကလေးတွေကို ထိန်းကူဖို့ လူငယ်လူရွယ်လေးတွေကလည်း volunteerလာလုပ်ပေးကြတာ‌ပေါ့…။ လူစီယာဟာလည်း အဲ့လိုvolunteerတစ်ယောက်ဖြစ်ပြီး နွေရာသီကျောင်းကိစ္စဆိုရင် တက်တက်ကြွကြွပါဝင်လေ့ရှိသူပါ…။ ဒီလိုနဲ့ အပူဆုံးနွေရာသီတစ်ခုမှာ သူတို့ရဲ့ဘုရားကျောင်းကို ဘုန်းတော်ကြီးအသစ်ရောက်လာပါတယ်…။ ရောက်လာတဲ့ဘုန်းတော်ကြီးက ငယ်ငယ်ရွယ်ရွယ် ခန့်ခန့်ချောချောဆိုတော့ လူစီယာတို့လို မိန်းမငယ်လေးတွေအတွက်တော့ သဘောကျချင်စရာပါ…။ ဘုန်းတော်ကြီးတွေက အိမ်ထောင်သားမွေးအမှုကိုပြုလို့မရဘူးဆိုတဲ့ ဝိနည်းပညတ်တွေရှိပါတယ်…။ သို့ပေမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ်က ဒီလိုစလာပြီဆိုတော့လည်း စည်းမျဥ်းတွေကို မြင်နိုင်တော့မယ် မထင်ပါဘူး…။ အတားအဆီး ပညတ်ချက်တွေအကြား အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဘယ်လိုပေါက်ဖွားလာမလဲ၊ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File Size : (1.6GB) and (771MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:36:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6.5 2023
The Hottest Summer
They Live
7.2

They Live (1988) ============= IMDb Rating – 7.2/10 နာဒါဆိုတဲ့ အိမ်ခြေရာမဲ့ဟာ အလုပ်ရှာဖို့ လော့စ်အိန်ဂျလိစ်ကို ထွက်လာခဲ့ ပါတယ်။ အလုပ်သမားရုံးကိုသွားပေမယ့် အလုပ်ရှာမပေးနိုင်ကြပါဘူး။ ဒါနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ခဲ့ရင်း ကံကောင်းစွာနဲ့ ဖရန့်ခ်နဲ့ ဆုံတယ်။ သူက စားစရာ အိပ်စရာ နေရာတစ်ခုကို ခေါ်သွားပေးတယ်။ သူတို့ လိုပဲ အိမ်ခြေရာမဲ့ ယခုခေတ်အခေါ် ကျူးရပ်ကွက်လိုမျိုးပေါ့ ဘေးကပ်ရပ်က ချာ့ခ်ျကျောင်းကို မသင်္ကာလို့ စပ်စုမိရင်း ဓမ္မတေးကို သီဆိုနေကြတာမဟုတ်ဘဲ ကတ်ဆက်နဲ့ဖွင့်ထားတာကို တွေ့လိုက်ရတယ် အထဲမှာလည်း ဓာတ်ခွဲခန်းလိုမျိုး အခင်းအကျင်းတွေနဲ့ပေါ့။ တစ်ညမှာ ထိုကျူးရပ်ကွက်နဲ့ ချာ့ခ်ျကျောင်းကို ရဲတွေအလုံးအရင်းနဲ့ ဝင်လာပြီး စီးနင်းကြပါတော့တယ်။ အကြောင်းပြချက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။ နောက်နေ့မှာတော့ နာဒါဟာ ဘုရားကျောင်းထဲ ဝင်နှောင့်ရင်း ထူးဆန်းတဲ့ကတ္ထူ ပုံးကို မ’လာပါတော့တယ်။ အထဲမှာတော့ နေကာမျက်မှန်တွေချည်းနဲ့ ပြည့်လို့နေ တယ်။ မျက်မှန် တစ်လက်ကိုယူပြီး တပ်ကြည့်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက သူထင်ထားသလိုမဟုတ်တာကို တွေ့လိုက်ရချိန်မှာတော့… ချာ့ခ်ျကျောင်းကို ဘာကြောင့် ဝင်စီးတာလဲ… ကျောင်းကရော ဘာတွေ လုပ်နေတာလဲ… နေကာမျက်မှန်ကနေတစ်ဆင့် ဘာတွေမြင်လိုက်လဲဆိုတာတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှုပါတော့။ သူ့ခေတ်အခါမှာ Rating 7.2 ရရှိထားတဲ့အပြင် Top 1 အဖြစ် ၂ပတ်ဆက်တိုက် ရှိနေခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် မကောင်းမှာတော့ ပူစရာမလိုပါဘူး… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.5 GB) / (608 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Horror, Sci-Fi Translator……Mugiwara Ya Encoder……….SWM

7.2 1988 93 mins
They Live
Klaus & Barroso
5.9

ဒီဇာတ်လမ်းလေးဟာ ကလောက်စ် နဲ့ ဘာရိုဆိုတို့ညီအစ်ကို နှစ်ယောက်ကိုအကြောင်းပြုပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ကလပ်တစ်ခုရဲ့အဖျော်ဆရာတစ်ယောက်ဖြစ်တဲ့ ကလောက်စ်ဟာ ငွေတိုးချေးသူတွေထံမှ အကြွေးယူထားသောကြောင့် ကလပ်ပိုင်ရှင်အယောင်ဆောင်ကာ လူပျိုညပါတီတစ်ခုအတွက် အခကြေးငွေယူ၍ ကလပ်ကိုငှါးရမ်းလိုက်ပါတော့တယ်။ ညီအစ်ကိုနှစ်ယောက်တည်း ပြင်ဆင်ရတဲ့ ပါတီမှာ အလွဲမျိုးစုံကြုံတွေ့ရပုံ ကလောက်စ်လိမ်သမျှခံနေရတဲ့ ပါတီကျင်းပသူတွေရဲ့အလွဲမျိုးစုံ ညီအစ်ကိုနှစ်ယောက်ရဲ့သံယောဇဉ်နဲ့ သူတို့နှစ်ဦးရဲ့ကိုယ်စီအချစ်ဇာတ်လမ်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Drama • Comedy
5.9 2024 87 mins
Klaus & Barroso
Love Clinique
5.8

Love Clinique (2012) ********************* 2012ခုနှစ်မှာ ပြသခဲ့တဲ့ ဟာသရုပ်ရှင် LOVE CLINIQUE မှာ မင်းသားYoon Sang-Hyun, Choi Jin-Hyuk နဲ့ မင်းသမီး Park Ha-Sun, Lim Jung-Eun တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ********************* ကီးကြောင်ပြီး ဒေါသကြီးတတ်တဲ့ မိန်းမချောလေး ဒုံဂျူ(Park Ha-Sun)ဟာ ကြင်နာပြီး သီချင်းကောင်းကောင်းဆိုတတ်တဲ့ မင်ဆူ (Choi Jin-Hyuk)ကို အထက်တန်းကတည်းကနေ ၁၀ နှစ်ကျော်ကြာတဲ့အချိန်ထိ ကြိတ်သဘောကျနေခဲ့တာပါ။ ၁၀ နှစ်အကြာ မင်ဆူ ဂျပန်ကနေပြန်ရောက်လာပြီးတော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာပဲ ဒုံဂျူရဲ့ သူငယ်ချင်းဖြစ်သူ ဘိုရာ(Lim Jung-Eun)က မိန်းမလှလေးဖြစ်တဲ့အပြင် အသံကောင်းအဆိုကောင်းတဲ့သူ ဖြစ်တာကြောင့် မင်ဆူက မြင်မြင်ချင်း သဘောကျသွားပါတော့တယ်။ ဒါကြောင့် ဒုံဂျူကလည်း အားကျမခံ သူငယ်ချင်းရဲ့ လက်ထပ်ပွဲမှာ ဂုဏ်ပြုသီချင်းဆိုပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဒါကြောင့် လက်ထပ်ပွဲမတိုင်ခင် ကီးကြောင်တဲ့ပြဿနာကို ဖြေရှင်းဖို့ LOVE CLINIQUE လို့ ခေါ်တဲ့ အသံပြုပြင်ရေးသင်တန်းကျောင်းကို ရောက်သွားပါတော့တယ်။ အဲဒီသင်တန်းကျောင်းမှာ နည်းပြဖြစ်သူ ရှင်းဟုန်း(Yoon Sang-Hyun)နဲ့ တွေ့ဆုံပြီး ဒုံဂျူတစ်ယောက် အလွဲလွဲအချော်အချော်နဲ့ ပြဿနာတွေ ကြုံတွေ့ရပါတော့တယ်။ နောက်ဆုံးမှာ ဒုံဂျူတစ်ယောက် မင်ဆူရဲ့ အာရုံစိုက်မှုကိုရော ရနိုင်မလား၊ ကီးကြောင်တာကို ဖြေရှင်းပြီး နောက်ဆုံးမှာ သီချင်းကောင်းကောင်းဆိုနိုင်မလားဆိုတာကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းကို Stary မှ ရေးသားပေးထားပါတယ်) File size…2.2GB / 871MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 4 min. Genre ….. Music, Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Stary Encoded by AHtet

5.8 2012
Love Clinique
Conquer: Lahad Datu Takluk: Lahad Datu
7.6

Conquer: Lahad Datu (2024) IMDb Rating (7.6) ၂၀၁၃ ခုနှစ်တုန်းက လာဟတ်ဒါတူးကိုဝင်ရောက်ကျူးကျော်ခဲ့တဲ့ အကြမ်းဖက်သမားတစ်သိုက်နဲ့ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့တို့ကြားက စစ်ရေးပဋိပက္ခဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုအဲ့ဒီနယ်မြေရဲ့အရိုက်အရာကိုဆက်ခံရမယ့် ဆူလ်တန်တစ်ဦးလို့ကြွေးကြော်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ သူ့နောက်လိုက် လက်နက်ကိုင်တစ်စုဟာ ၂၀၁၃ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ လာဟတ်ဒါတူးကို လှေတွေနဲ့ရောက်ရှိလာပြီးဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။ အစိုးရဘက်က ပြည်သူတွေမထိခိုက်စေရေးအတွက် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေစေလွှတ်၊ ဆွေးနွေးခဲ့ပေမယ့် မဖြစ်နိုင်လွန်းတဲ့ တောင်းဆိုချက်တွေကြောင့် ဆွေးနွေးပွဲပျက်ပြားခဲ့ပြီး စစ်ရေးပဋိပက္ခစတင်လာခဲ့ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံတဲ့ ဇာတ်ကားဖြစ်ပေမယ့် ကြားညှပ်ထားတဲ့ subplot တွေ၊ emotion scenes တွေအပြင် ခမ်းနားပီပြင်တဲ့နောက်ခံဆက်တင်တွေ၊ သပ်ရပ်တဲ့အက်ရှင်ခန်းတွေကြောင့် အချိန်ပေးရကျိုးနပ်စေမယ့် action/thriller ကားကောင်းတစ်ကားအဖြစ်တွေ့မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mp4 Genre….Action, Crime, Drama, History, Thriller, War Duration….01:59:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.6 2024 120 mins
Conquer: Lahad Datu Takluk: Lahad Datu
FernGully 2: The Magical Rescue
4.4

FernGully 2:The Magical Rescue 1998 FernGully 2:The Magical Rescue ဟာ ၁၉၉၂ ထွက် FernGully:The Last Rainforest ရဲ့ အဆက် ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဖန်ဂါလီဆိုတာ နတ်သူ‌‌ငယ်တွေ၊တိရိစ္ဆာန်လေးတွေ ရောနှောနေထိုင်တဲ့ ထူးဆန်းပြီး မှော်ဆန်တဲ့ မိုးသစ်တော ဖြစ်ပါတယ် ။ တစ်ရက်မှာတော့ အေးချမ်းပြီး မှော်ဆန်လှတဲ့ ဖန်ဂါလီကို ဝိမသလောဘသား လူသားမုဆိုးတွေ ကျူးကျော်လာပြီး သစ်တောကိုမီးရှို့ကာ ‌တိရိစ္ဆာန်ပေါက်လေးတွေကို ဖမ်းယူသွားပါတယ် ။ ဒီလိုနဲ့ အဖမ်းခံလိုက်ရတဲ့ အကောင်ပေါက်လေးတွေကို ကယ်ဖို့ နတ်သူငယ်လေးတွေဖြစ်တဲ့ ပစ်နဲ့ ခရစ္စတာတို့ဟာ မြို့ကိုရောက်ဖူးတဲ့ တောအုပ်ထဲက တိရိစ္ဆာန်တွေအကူအညီနဲ့ လူသား‌တွေရှိရာ အရပ်ကို စွန့်စားခန်းထွက်လာပါတော့တယ်။ ဖန်ဂါလီကနေ တစ်ခါမှအပြင်မထွက်ဖူးတဲ့ပစ်နဲ့ခရစ္စတာတို့ရဲ့ စွန့်စားခန်းဟာ ဘယ်လိုဖြစ်လာမလဲ၊ အကောင်‌ပေါက်လေးတွေကို သူတို့ကယ်တင်နိုင်မလား၊ လူသားကမ္ဘာမှာ နတ်သူငယ်လေးတွေ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ ကြည့်ရမယ့် ကာတွန်းကားလေးပဲဖြစ်ပါတယ်။ File size… 1.9 GB/ 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1 h 10 m Genre ….. Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Romance • Comedy
4.4 1998 72 mins
FernGully 2: The Magical Rescue
The Discloser
6.5

The Discloser (2017) *********************** “The Discloser” (ကိုရီးယားနာမည်: 1급기밀 ) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ပြသထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ် ဒါရိုက်တာ Hong Ki-seon ရဲ့ နောက်ဆုံးလက်ရာဖြစ်ပြီး သူဟာ ဒီကားပြီးပြီး သိပ်မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ အဓိက သရုပ်ဆောင်တွေအ‌နေနဲ့ကတော့ Kim Sang-kyung, Kim Ok-vin ,Choi Moo-sung နဲ့ Choi Gwi-hwa တို့ပါဝင်ရိုက်ကူးထားပြီးတော့ ဒီအဓိကသရုပ်ဆောင်တွေအပြင် Jung Il-woo, Shin Seung-hwan, Seo Hyun-woo နဲ့ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ် ******************* ဇာတ်လမ်းက ဒုတိယဗိုလ်မှူးကြီး Park Dae-ik ကို ဗဟိုပြုထားပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ထောက်ပံ့ပစ္စည်းဌာန လေယာဉ်အပိုပစ္စည်းဝယ်ယူရေး ဌာနခွဲကို ပြောင်းရွှေ့ခံရပြီး စစ်‌လေယာဉ်သုံးပစ္စည်းဝယ်ယူမှုတွေမှာ ကြီးမားတဲ့ ပုံမှန်မဟုတ်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့အထက်အရာရှိ ဗိုလ်ချုပ် Cheon Hyeon-seok က ဒီအကျင့်ပျက်ခြစားမှုတွေကို ခွင့်ပြုရုံမက အားပေးနေတာကို တဖြည်းဖြည်း တွေ့လာရပါတယ် ဗိုလ်ချုပ်ရဲ့ ဖိအားပေးမှုနဲ့ ရာထူးတိုးပေးမယ်ဆိုတဲ့ ကတိတွေကြားမှာ Park Dae-ik ဟာ အဖြစ်မှန်ကို သိလျက်နဲ့ ဆိတ်ဆိတ်နေဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ ချွတ်ယွင်းနေတဲ့ စက်ပစ္စည်းကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးသွားတဲ့အခါ သူ့ရဲ့ ကိုယ်ကျင့်တရားက ဆိတ်ဆိတ်မနေဖို့ တွန်းအားပေးလာပါတော့တယ်။ အဲဒီနောက်မှာ Park Dae-ik ဟာ လျှို့ဝှက်စုံစမ်းမှုတွေ ပြုလုပ်ပြီး စစ်တပ်နဲ့ အမေရိကန် Air Star ကုမ္မဏီတို့ကြားက လျှို့ဝှက်သဘောတူညီမှုတွေကို သိရှိသွားပါတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် သတင်းထောက် Kim Jung-sook နဲ့ ပူးပေါင်းပြီး ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်ကားလေးဟာ စစ်တပ်အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ဖော်ထုတ်သူတစ်ဦးရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်) File Size – 1.1 GB/ 514 MB Quality – WEB-DL 1080p/ 720p Duration – 1h 40m Format – mp4 Genre – Action, Thriller Subtitle – Myanmar Subtitle (Hard Sub) Translated by – Miri Encoded by – Treasure Htet

Romance • Drama
6.5 2017 100 mins
The Discloser
Uppu Kappurambu
5.6

Uppu Kappurambu (2025) “သင်္ချိုင်းနေရာ” လူတစ်ယောက်သေဆုံးသွားတဲ့အခါ ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးခြင်းဟာ ကျန်ရစ်သူတို့ရဲ့ချစ်ခြင်းတရားကို ပြသခြင်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဒါတွေကလည်း လူတွေရဲ့အယူအဆနဲ့ အခြေအနေအပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။ အခုတင်ဆက်ပေးမဲ့ ကျေးလက်နောက်ခံ ဟာသ-ဒရာမာဇာတ်လမ်းဟာလည်း အဲဒီအကြောင်းကိုအခြေခံပြီး စိတ်ကူးဖန်တီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ချစ်တီဂျေယာပူရမ်ဆိုတာ အနီးနားရွာတွေကြားမှာ ထူးခြားလှတဲ့ရွာလေးတစ်ရွာပါ။ အဓိကကတော့ သူ့ရဲ့သမိုင်းကြောင်းနဲ့ သေသူတွေကိုမြှုပ်နှံပေးရာမှာ ထူးခြားတဲ့ အလေ့အထကြောင့်ပါပဲ။ အဲဒီရွာလေးမှာ သေသူတိုင်းကို ပြီးစလွယ်မဟုတ်ဘဲ အုတ်ဂူတွေနဲ့ အသေအချာမြှပ်နှံပေးကြတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂူမှာလည်း နာမည် မွေးရက် သေဆုံးရက်တို့တင်မက သေဆုံးရတဲ့အကြောင်းကိုပါ ရေးထွင်းလေ့ရှိပါတယ်။ သေသူတွေကို ပြီးစလွယ်မမြှုပ်ကြတာဟာလည်း ရွာကလူတွေရဲ့ရှေးသမိုင်းကြောင်းတစ်ခုနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တော့ သူတို့ရွာမှာ သင်္ချိုင်းနေရာရှားပါးလာပါတယ်။ သေသူကိုပြီးစလွယ်မြှုပ်နှံလို့မရတဲ့ သမိုင်းအစဉ်အလာကလည်း ရှိနေတာမို့ အဒီကိစ္စဟာ ရွာအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာပါတော့တယ်။ အဲဒီအခါ အဖေ့နေရာကိုဆက်ခံပြီး မဖြစ်ချင်ဘဲ ရွာလူကြီးဖြစ်လာရတဲ့ အာပူဗာဆိုတဲ့မိန်းကလေးရယ်၊ သုဘရာဇာလေး ချင်နာရယ်၊ ရွာသူရွာသားတွေရယ် ပူးပေါင်းပြီး ရွာအတွက် ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာမို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Comedy • Romance • Drama
5.6 2025 136 mins
Uppu Kappurambu