YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Black Bag 2025 720p HEVC WEB-DL [RMC].mp4

895.21 MB N/A video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rogue
6.4

ဒီကားကတော့ Australia ရဲ့ Northern Territory ကိုအခြေပြုပြီး ရိုက်ထားတဲ့ horror ကားတစ်ကားပါ။ မတူညီတဲ့နောက်ခံတွေ ဘ၀တွေရှိကြတဲ့ သာမန်မိသားစုတွေ၊ စုံတွဲတွေ၊ တစ်ယောက်ထဲ ကိုယ့်အကြောင်းနဲ့ကိုယ် လေ့လာရေးထွက်လာတဲ့ လူတွေဟာ… အလည်အပတ်ခရီးစဉ်အတွက် ဒီရေမြစ်တစ်လျှောက်က မိကျောင်းတွေကို ကြည့်ပြီးတောတွင်းသဘာ၀ကို ခံစားဖို့ လှေတစ်စီးထဲမှာ စီးလာကြရာကနေ… တောရိုင်းသားရဲကောင်တွေရဲ့ သဘာ၀အတိုင်းပဲ.. ဘယ်အချိန်မှာ ထပြီး ကိုယ့်ကို အန္တရာယ် ပေးမယ်ဆိုတာ မသိနိုင်သလို… သူတို့ တိုက်ခိုက်လာတဲ့အခါမှာလည်း… လှေထဲမှာပါလာတဲ့လူတွေက အသက်ရှင်ဖို့အတွက် ဘယ်လိုကြိုစားရမယ်၊ ဘယ်လိုစည်းလုံးကြမယ်၊ ဘယ်လိုသွေးကွဲကြမယ်ဆိုတာတွေကို စိတ်လှုပ်ရှားစရာ ကြည့်ရမှာပါ။ အဓိကမင်းသားနဲ့ မင်းသမီးဆိုတာထက် ဇာတ်ကောင်တွေအားလုံးရဲ့ မတူညီတဲ့ စရိုက်တွေကို မြင်ရမှာပါ။ သူတို့ မိကျောင်းရန်ကနေ ဘယ်လိုအသက်လုပြီး ပြေးကြမလဲ၊ ဘယ်သူတွေကရော မိကျောင်းပါးစပ်ထဲ ရောက်ကုန်ကြမှာလဲ၊ သူတို့အားလုံး အသက်ရှင်လျက် အိမ်ပြန်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ပါနော်… File size…2.32 GB/ 846.4 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 39m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Khay Mar

Adventure • Comedy
6.4 2007 99 mins
Rogue
Like & Share
7.8

"လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ခြိမ်းခြောက်အကျပ်ကိုင်ခံရတဲ့အခါ မိန်းကလေးတွေရဲ့ဘဝပဲ အမြဲပျက်စီးသွားပြီး ယောက်ျားလေးတွေကတော့ ဘာမှမဖြစ်ပါဘူး" တဲ့။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်‌ ပြောတဲ့စကားပါ။ အပြင်လောကမှာလည်း ဘယ်လောက်ပဲ ခေတ်မီပြီး အမြင်ကျယ်လာတယ်ပြောပြော မိန်းကလေးတွေကပဲ စိတ်ဒဏ်ရာတွေကို ပိုခံစားရတတ်ပါတယ်။ ဒီဇာတ်ကားကတော့ ASMR ဗီဒီယိုတွေ ရိုက်ကူးတင်ဆက်တဲ့ Channel တစ်ခု ထောင်ထားပြီး စိတ်ကူးအိပ်မက်တွေအပြည့်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်၊ သူတိူ့နှစ်ယောက်ထဲနှာ တစ်ယောက်က လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်ခံရတော့ သူငယ်ချင်းနှစ်ယောက် အဲဒါကို ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ ရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဆုသုံးခုရထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး ဖြစ်တဲ့အပြင် အာရှနိုင်ငံတွေရဲ့ သိပ်မကွဲပြားတဲ့ အယူအဆတွေကိုလည်း တွေ့ရမှာပါ။ အပြင်လောကမှာလည်း ဒီဇာတ်ကားထဲကလို ဖြစ်တတ်တဲ့ကိစ္စတွေရှိတော့ ဒီဇာတ်ကားကိုကြည့်ရင်း တစ်ခုခုကိုခံစားရမှာတော့ သေချာပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.2GB | 606MB | 306MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Comedy • Drama • Romance
7.8 2022 112 mins
Like & Share
[18+] Malena
7.4

၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် လမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီး တစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊  ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီး စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာ ပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊ အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။ မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲ ဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ "သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ တစ်ကိုယ်လုံးအသုံးချပြီး အမူအရာလုပ်တာပါ" ဆိုတဲ့ သူမရဲ့စကားအတိုင်းပဲ ဒီဇာတ်ကားမှာ စကားပြောနည်းနည်းနဲ့ သူမရဲ့တစ်ကိုယ်လုံးကို အသုံးချသရုပ်ဆောင်သွားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၀ ခုနှစ်ရဲ့ အော်စကာတန်းဝင်ဇာတ်ကားလဲဖြစ်တာကြောင့် ဘယ်လိုမှ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။ Uncut Version နဲ့တင်ထားတာမို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ။ (ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Nyi Nyi Kyaw Myint ဖြစ်ပါတယ်။) File size…(2.4 GB) and (1.1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv/mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Nyi Kyaw Myint

Animation • Drama • Family
7.4 2000 109 mins
[18+] Malena
Ticket to Paradise
6.2

Ticket to Paradise (2022) ဟောလိဝုဒ်ရဲ့ ရွှေခေတ်နှောင်းကာလလောက်မှာမှ ဒီကို ဟောလိဝုဒ်ရွှေခေတ်လောက်ကကားတွေ ရောက်လာပြီးနောက် ကြည့်ခဲ့ကြတဲ့သူတွေကတော့ ဂျော့ကလူးနေးနဲ့ ဂျူလီ‌ယာရောဘတ်တို့ကို ကောင်းကောင်းကြီး ရင်းနှီးကြမှာပါ။ ကလူနေးက‌တော့ သူ့ခေတ်က ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့သလို လူကြိုက်များတဲ့ကားကောင်းတွေ ရိုက်ခဲ့တာလည်း မနည်းမနောပါပဲ။ Batman & Robin နားဝန်းကျင်မှာ စချာလာခဲ့ပေမဲ့လည်း အစဉ်အလာကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက် မင်းသားကြီးအဖြစ်ကနေတော့ မရွေ့လျောသွားဘူးဆိုရမှာပါပဲ။ ဒီကားကတော့ သူနဲ့ သူ့လိုပဲ အစဉ်အလာကြီးတဲ့ မင်းသမီးကြီးဖြစ်တဲ့ ငယ်ဘဝရဲ့ Celebrity Crush မမစာရင်းထဲအပါအဝင်ဖြစ်တဲ့ ဂျူလီယာရောဘတ်နဲ့အတူ တွဲဖက်ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါပဲ။ ဒေးဗစ်နဲ့ ဂျော်ဂျီယာက ကောလိပ်အပြီးမှာပဲ လက်ထပ်ယူခဲ့ကြတဲ့ ငယ်ချစ်တွေပေမဲ့ ကံမပါခဲ့တော့ သမီးလေးလီလီကိုမွေးပြီး အိမ်ထောင်သက်ငါးနှစ် အရောက်မှာပဲ ခွာပြဲခဲ့ကြတယ်။ အဲဒီကနေ ၁၄ နှစ်အကြာမှာတော့ ဆုံလိုက်တိုင်း တဗျစ်တောက်တောက် ဖြစ်တတ်ကြတဲ့ အဖေနဲ့အမေရဲ့ အုပ်ထိန်းမှုကြားမှာ လီလီတစ်ယောက် ဥပဒေဘွဲ့နဲ့ ကျောင်းပြီးသွားခဲ့တယ်။ ဒါပေမဲ့ သူအလုပ်မဝင်ခင်မှာ ဘာလီကို အပန်းဖြေခရီးထွက်ရာကနေ သူ့ဘဝဆုံးဖြတ်ချက်တွေကို ပြန်ဒွိဟဖြစ်လာစေတဲ့ အချစ်မျိုးနဲ့ ကြုံလိုက်ရပြီးတော့ ရှေ့နေဘဝကိုစွန့်ပြီး အဲဒီမှာပဲအခြေချဖို့ လုပ်ချိန်မှာတော့ သမီးဖြစ်သူကို ဆုံးမပြီးတော့ အိမ်ပြန်ခေါ်သွားဖို့ မောင်းတင်ပြီးတော့ ကျွန်းကိုလိုက်လာကြတဲ့ ဒေးဗစ်နဲ့ ဂျော်ဂျီယာတို့ပါ အတိတ်ကရွေးချယ်မှုတွေကို ပြန်သုံးသပ်ရင်း သူတို့ရဲ့နှလုံးသားအဟောင်းတွေကို အသစ်ပြန်မွေးဖွားစေဖို့ ဖြစ်လာကြတော့တယ်။ ရိုမန့်ဟာသ အမျိုးအစားကားပေမဲ့ ဂျော့ကလူးနေးနဲ့ ဂျူလီယာရောဘတ်တို့ကို သူတို့အသက်အရွယ်နဲ့လည်း လိုက်ဖက်ပြီး သူတို့ သရုပ်ဆောင်စကေးကို ပြန်မြင်ရစေမယ့် ရုပ်ရှင်ဆိုတော့ ပရိသတ်ဟောင်းတွေလည်း ကြည့်သင့်သလို သူတို့ကို သိပ်မရင်းနှီးသေးတဲ့သူတွေ ရှိများရှိခဲ့ရင်လည်း ကြည့်ကြဖို့သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 44Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Action
6.2 2022
Ticket to Paradise
The Top Secret: Murder in Mind
5.4

Top secret murder in mind တိုကျိုမြို့တော်ရဲဌာနရဲ့ လက်အောက်မှာ နည်းပညာသစ်ကိုအသုံးပြုပြီး ဆန်းသစ်တဲ့နည်းလမ်းနဲ့ အမှုလိုက်နေတဲ့ “ဌာန၉”ဆိုတာ ရှိပါတယ်။ ဌာန၉က စမ်းသပ်ဆဲဌာနတစ်ခုဖြစ်ပြီး တရားဝင်ဌာနအဖြစ် အသိအမှတ်ပြုမခံရသေးပါဘူး။ သူတို့ရဲ့အဓိကအလုပ်ကတော့ သေဒဏ်ကျခံရပြီး သေသွားတဲ့အပြစ်သားရဲ့ဦးနှောက်ကို လူတစ်ယောက်နဲ့ချိတ်ဆက်ကာ scanဖတ်ပြီး မှတ်ဉာဏ်ဟောင်းတွေကို ကြည့်ရှုတာပါ။ ဒီလိုကြည့်ပြီးတော့ ဒီအမှုမှာဘာတွေဖြစ်ခဲ့လဲ တရားခံဟာ ဘယ်လိုနည်းလမ်းတွေသုံးခဲ့လဲဆိုတာကို စမ်းသပ်စစ်ဆေးနေတဲ့ဌာနပါ။ ဒါမှ တရားခံနဲ့ဆက်စပ်ပြီး နောက်ထပ်ပေါ်လာနိုင်တဲ့ပြစ်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဆုယုဂုချိလို့ခေါ်တဲ့သိပ္ပံပညာရှင်က သူ့မိန်းမ၊ယောက္ခမနဲ့ သမီး၂ယောက်ကို ရက်စက်စွာသတ်ခဲ့တာကြောင့် သေဒဏ်ကျခံခဲ့ရပါတယ်။ သူ့ရဲ့ဦးနှောက်ကို ဌာန၉က လွှဲပြောင်းယူပြီး စစ်ဆေးလိုက်တဲ့အခါ တကယ့်လူသတ်သမားက သူမဟုတ်မှန်း သိလာရပါတယ်။ ဆုယုဂုချိရဲ့ သမီးအကြီးကလည်း တကယ်မသေဘဲ ပျောက်ဆုံးနေပါတယ်။ သမီးကြီးဖြစ်သူက ခိုင်နုမလို့ခေါ်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ စိတ္တဇလူတစ်ယောက်နဲ့ပါ ပတ်သက်မှုရှိနေတဲ့အခါ တကယ့်လူသတ်သမားအစစ်ကို မှတ်ဉာဏ်တွေထဲကနေ အတိတ်ကအမှုကို လျှို့ဝှက်စွာ ပြန်လည်စစ်ဆေးဖော်ထုတ်ကြမဲ့ စုံထောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin San ပါ ) File Size__(2.6GB) / (1.3GB) Quality__WEB-DL_1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__02:16:00 Type__Crime, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
5.4 2016 148 mins
The Top Secret: Murder in Mind
Io Capitano
7.6

Io Capitano (2023) ~ IMDb – 7.6/10, RT – 100%, Meta – 82% ~ လာမယ့်အော်စကာရဲ့ Best International Feature Film အတွက် အီတလီကိုယ်စားပြုအဖြစ်အရွေးခံရပြီး လက်ရှိမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်ပါ။ အီတလီရုပ်ရှင်လို့တပ်ထားပေမဲ့ အီတလီရုပ်ရှင်ကား ကြည့်ရမှာတော့မဟုတ်ပါဘူး။ Io Capitano aka Me Captain ဟာ အီတလီကို အောက်လမ်းကခိုးဝင်ဖို့ကြိုးစားခဲ့ကြတဲ့ အာဖရိကတိုက်သားတွေအကြောင်းကို ရိုက်ပြထားတယ်။ ဒီရုပ်ရှင်အတွက် အိုင်ဒီယာကို အီတလီဒါရိုက်တာ Matteo Garrone ကရခဲ့ပြီး သူကိုယ်တိုင်ပဲရိုက်ထားတယ်။ Dogman (2018) နဲ့ သူ့ကို သိကောင်းသိကြလိမ့်မယ်။ ဇာတ်လမ်းကတော့ ဆိုခဲ့သလိုပဲ… ၁၆နှစ်သားကောင်လေးနှစ်ယောက်ဟာ အာဖရိကက ဒါကာဆိုတဲ့မြို့ကလေးကနေ အောင်မြင်ဖို့အိပ်မက်တွေမက်ပြီး အီတလီကိုသွားဖို့ကြံကြတယ်။ ဒီခရီးက သေဖို့ကပိုများတဲ့ ခရီးဆိုတာ တော်တော်များများသိကြတယ်။ သူတို့အမေတွေကလည်း လုံးဝလက်သင့်မခံနိုင်သလို သူတို့သွားမေးတဲ့လူတွေကတောင် သေချင်ရင်သွားကြဆိုပြီး ပြောလွှတ်လိုက်ပေမဲ့ သူတို့မျက်စိထဲ အောင်မြင်တဲ့ Rapper ကြီးဖြစ်လာဖို့ဆိုတဲ့ အိပ်မက်ကလွဲ ဘာမှမမြင်တော့တဲ့နောက် မရမနေသွားကြတယ်။ လမ်းမှာတော့ အဖမ်းခံရ နှိပ်စက်ခံရ ဒုက္ခမျိုးစုံပေါ့။ ထုံးစံအတိုင်းပါပဲ မဆန်းတော့ဘူး။ ဆန်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ရဲ့ လူမဆန်ဆုံးနားတွေ အခက်ခဲဆုံးနားတွေမှာ တကယ်မဖြစ်ခဲ့တဲ့အဖြစ်တွေကို မျှော်လင့်ချက်ရဲ့ပြယုဂ်လိုလို ဆန္ဒရဲ့ပြယုဂ်လိုလို Surreal ဆန်ဆန် ထည့်သွားတာပဲဖြစ်လိမ့်မယ်။ ဒီအချက်က သူ့ကို သာမန်ဒီလိုကားတွေနဲ့ ကွဲပြားစေခဲ့တယ်။ ဒီကားကို တကယ်လို့ကြိုက်ခဲ့တယ်ဆိုရင် 2022 အော်စကာမှာ Docu, Inter Feature, Animation ဆန်ခါတင်သုံးခုဝင်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် Flee ကိုလည်း ကြည့်ကြည့်သင့်တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 1Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 2023
Io Capitano
Mami Wata
6.6

Mami Wata (2023) =============== IMDb Rating – 6.6/10 “Mami Wata”ဆိုတဲ့ ဇာတ်ကားလေးဟာ အရမ်းကိုခေတ်နောက် ကျကျန်နေခဲ့တဲ့ အီရီရွာလေးကို အခြေတည်ပြီးရိုက်ကူးထားတဲ့ ပညာပေးဆန်ဆန်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကိုးကွယ် ယုံကြည်မှုမှာရော၊ လူတွေကိုယုံကြည်တဲ့နေရာမှာရော ဘယ်အရာ ကိုမှ အစွန်းမရောက်သင့်ဘူးဆိုတဲ့သင်ခန်းစာ‌လေးကို မီးမောင်းထိုး ပြသွားတာပေါ့။ ထူးခြားတာက တစ်ကားလုံး အဖြူနဲ့အမည်းကာ လာပဲမို့လို့ ဇာတ်ကားကပေးချင်တဲ့မက်ဆေ့ဂ်ျကို ပိုပြီးပေါ်လွင်သွား စေတယ်လို့ထင်ပါတယ်။ အီရီရွာလေးက “Mami Wata”ဆိုတဲ့ ရေနတ်ဘုရားမကိုကိုးကွယ် ကြပြီး စာသင်ကျောင်းလည်းမရှိ၊ အနောက်တိုင်းဆေးပညာကိုလည်း မယုံ၊ သူများတွေ ဂန်းနဲ့ဆော်နေချိန် သူတို့က လျှပ်စစ်မီးတောင်မရ သေးတဲ့ ရွာလေးတစ်ရွာ။ အီရီရွာမှာ ရေနတ်ဘုရားမရဲ့ကိုယ်စားပြု သဘောမျိုးဖြစ်တဲ့ မေမေကြီးအိဖ်ဆိုတာရှိတယ်။ တစ်နေ့တော့ သူ့ မွေးစားသမီးက ပင်လယ်ထဲကနေ လူတစ်ယောက်ကိုကယ်လာခဲ့ရာ ကနေ သူတို့ရွာလေးရဲ့ကံကြမ္မာ တစ်မျိုးတစ်ဖုံပြောင်းလဲဖို့ဖြစ်လာပါ တော့တယ်။ IMDb rating 6.6/10နဲ့ Rotten Tomatoes 100% ထိ ရရှိထားတဲ့ကားလေးမို့ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (900 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Fantasy, Thriller Translator…….Ngwe Zin Encoder……….SWM

History • Fantasy • Drama
6.6 2023 107 mins
Mami Wata
The Tearsmith
5.5

အီတလီဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ The Tearsmith ဟာ ၂၀၂၄ ဧပြီ ၄ ရက်ကမှ ထွက်ရှိ ထားတာဖြစ်ပါတယ်။ Erin Doom ရေးသားထားတဲ့ The Tearsmith ဝတ္တုကိုအခြေခံပြီး Alessandro Genovesi က ရိုက်ကူးပေးထားတာပါ။ Simone Baldasseroni နဲ့ Caterina Ferioli က ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပြီး Gen Z ပရိသတ်တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** မိဘတွေက ကားမတော်တဆမှုကြောင့်ဆုံးပါးသွားတဲ့အတွက် နီကာဟာ ဂရေ့ဗ်လို့နာမည်ပြောင်ခေါ်ကြတဲ့မိဘမဲ့ဂေဟာကို ရောက်ရှိလာခဲ့ပါတယ်။ ဂရေ့ဗ်မှာ နီကာဟာ သူ့ကိုရင့်ရင့်သီးသီး ဆက်ဆံလေ့ရှိတဲ့ရီဂျယ်ဆိုတဲ့ကောင်လေးနဲ့သာမက သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်လာတဲ့ အာဒဲလင်နဲ့ပါဆုံတွေ့ခဲ့ပါတယ်။ နီကာ အရွယ်ရောက်လာချိန်မှာတော့ မီလီဂန်မိသားစုက ရီဂျယ်နဲ့ အတူမွေးစားဖို့ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ မိသားစုတစ်ခုအမြဲ လိုချင်နေခဲ့တဲ့နီကာဟာ မိဘအသစ်တွေရဲ့မေတ္တာကိုအပြည့်အဝ ရရှိပေမယ့် မပျော်ရွှင်နိုင်သေးဘဲ ဂရေ့ဗ်မှာကြုံခဲ့ရတဲ့နှိပ်စက် ညှင်းပန်းမှုတွေရဲ့အကျိုးဆက်ကိုခံစားနေရဆဲဖြစ်သလို ရီဂျယ်က သူ့ကိုဘာလို့ရင့်ရင့်သီးသီးဆက်ဆံနေခဲ့လဲဆိုတဲ့အကြောင်းရင်းကို သိရှိသွားတဲ့အခါမှာတော့ နီကာဘာဆက်လုပ်မှာလဲဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.25GB / 574MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024
The Tearsmith
The Devil’s Lair
5.8

The Devil’s Lair 2023 အင်ဒိုသရဲမှကြိုက်တာဆိုတဲ့ ပရိသတ်ကြီးတို့ အကြိုက်ဖြစ်စေမယ့် အင်ဒိုစုန်းကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးမှာတော့ Jump scare typeမဟုတ်ဘဲ အောက်လမ်းဘက်တို့ စုန်းတို့ မှော်တို့ဘက်ပိုရောက်တဲ့horrorကားမျိုးပါ။ ဇာတ်လမ်းကတော့ အဖေ့ရဲ့အကြွေးတွေကို ခက်ခက်ခဲခဲဆပ်ဖို့ ရုန်းကန်နေရတဲ့အာလင်းတစ်ယောက် ညီမလေးကိုလည်း တစ်ဖက်ကစောင့်ရှောက်ရ၊ အကြွေးရှင်တွေကလည်း မိန်းမရွှင်လုပ်ခိုင်းဖို့ တကဲကဲဖြစ်နေတော့ ကြံရာမရဖြစ်ပြီး ချစ်သူဖြစ်တဲ့ ဂန်တို့အဖွဲ့နဲ့အတူ ရှေးဟောင်းအိမ်တစ်အိမ်ကို ဓားပြတိုက်ဖို့လုပ်ပါတော့တယ်။ အဖွဲ့ထဲက ဖစ် ကတော့ မကြည်ဖြူပေမဲ့ လင်းရဲ့ခြိမ်းခြောက်မှုနဲ့ လက်ခံပေးလိုက်ပြီး အိမ်ကြီးဆီရောက်လာတော့တာပေါ့။ ဒါပေမဲ့ အိမ်ကြီးထဲမှာ အဖိုးတန်တွေရှာနေတုန်း အမျိုးသမီး‌တစ်ယောက်ကို ချုပ်ထားတာမြင်ပြီး ကူညီချင်တဲ့ဂန်က လွှတ်ပေးလိုက်ပြီး သူတို့နဲ့အတူခေါ်လာချိန်မှာ အဲဒီအမျိုးသမီးလည်း ပျောက်သွားပြီး အိမ်ထဲမှာ သူတို့လေးယောက် ပိတ်မိသွားကြတဲ့အခါ…. ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့အတိုင်း ဘုမသိဘမသိနဲ့လွှတ်ပေးမိတဲ့ အမျိုးသမီးကဘာလဲ။ သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့ ဒီအိမ်ကြီးထဲက ဒီလူငယ်တစ်သိုက် ရုန်းထွက်နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Action, Fantasy, Horror Quality…. 1080p | 720p File size… 1.2GB | 600MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.8 2024
The Devil’s Lair
The Beat Beneath My Feet
6.4

IMDB: 6.4 Rotten Tomatoes: 50% Genre: Comedy/Drama ဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသော ဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း တွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့် အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။ အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့် Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်း လူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီး သောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုက အခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ File size… 1.7 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.4 2014
The Beat Beneath My Feet
Cypher

သာမန်ကျေးလက်ဘဝလေးကို စိတ်ကုန်နေတဲ့ မော်ဂန်ဆူလီဗန်ဆိုတဲ့ လူတစ်ယောက်က အန္တရာယ်သိပ်များတဲ့ ကော်ပိုရိတ်ထောက်လှမ်းရေးအလုပ်တစ်ခုကို လုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ ဒီဂီခေါ့အတွက် ထောက်လှမ်းရေးစပိုင်လုပ်ရင်း ပြိုင်ဘက််အဖွဲ့အစည်းက ရီတာဖိုစတာဆိုတဲ့ ကောင်မလေးနဲ့ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် မော်ဂန်ဆူလီဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျရမီနော်သန်ဟာ Sitges ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီကားနဲ့ ရရှိထားပါတယ် ဒီကားဟာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းမြုပ်ကွက်တွေကြောင့် ဝေဖန်မှုတွေ အများကြီးရထားတဲ့ ဇာတ်ကားတစ်ကားလဲ ဖြစ်တာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ File size…(2 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Crime • Comedy
0 2002
Cypher
Girls Will Be Girls
7.1

Girls Will Be Girls (2024) IMDb Rating (7.1) / Rotten Tomatoes (100%) ဒီဇာတ်ကားလေးကတော့ 2024 ဒီဇင်ဘာလ ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အိန္ဒိယ အချစ်ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Preeti Panigrahi, Kani Kusruti ,Kesav Binoy Kiron တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Shuchi Talati ပါ။ ဇာတ်လမ်းအကျဉ်း အသက် 18 နှစ်အရွယ် Mira လေးဟာ သူ့ရဲ့ အရမ်းစည်းကမ်းတင်းကြပ်တဲ့ ကျောင်းမှာ အတော်ဆုံးကျောင်းသူတွေထဲက တစ်ယောက်ဖြစ်ပြီးတော့ ကျောင်းသားခေါင်းဆောင်နေရာကိုပါ ရခဲ့ပါတယ်။ Mira ဟာ လူငယ်သဘာဝအရ စိတ်ကစားမှုတွေ ဖြစ်လာပြီးတော့ ဟောင်ကောင်ကပြောင်းလာတဲ့ Sri ဆိုတဲ့ကောင်လေးကို ချစ်မိသွားပါတော့တယ်။ ဒါပေမယ့်လည်း Mira ရဲ့ သိလိုစိတ်ပြင်းပြမှုတွေ ကလန်ကဆန်ပြုချင်မှုတွေ အရွယ်ရောက်လာမှုတွေက သူ့အမေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် နှောက်ယှက်ခြင်းကို ခံရပါတော့တယ်။ လူငယ်သဘာဝ နဲ့ မိဘနဲ့ သားသမီးကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကို ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.4 GB) / (970 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:59:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

Drama • Crime • Thriller
7.1 2024 119 mins
Girls Will Be Girls
The Jackpot De jackpot
4.8

The Jackpot (2024) IMDb Rating (4.8) ဒီဒတ်ချ်ရုပ်ရှင်ကတော့ ယောက်ျားနှစ်ယောက်အကြောင်းပါပဲ။ တစ်ယောက်က အထိန်းအကွပ်မရှိ အသုံးအဖြုန်းကြီးတဲ့ ဘဝမှာ အားလုံးကိုအချိန်ပေးနေတဲ့ ယောက်ျား။ တစ်ယောက်က အရာရာကို စည်းစမနစ်ကျကျနဲ့ ဘဝမှာ ဘယ်သူ့အတွက်မှ အချိန်မပေးနိုင်တဲ့ယောက်ျား။ သူတို့၂ယောက်ဟာ မတူညီတဲ့ဘဝပုံစံမျိုး မတူညီတဲ့အကျင့်စရိုက်မျိုးရှိနေပေမဲ့ တူညီတာတစ်ခုကတော့ သူတို့ရဲ့နေပုံထိုင်ပုံဟာ သူတို့မိသားစုကို စိတ်ကင်ဆာပေးနေတယ်ဆိုတာပါပဲ။ သူတို့ဟာ တစ်ယောက်က တစ်ယောက်ကို မကောင်းတဲ့ကောာင်လို့မြင်ကြပေမဲ့ သူတို့ကိုယ်စီရဲ့မကောင်းတဲ့အချက်တွေကိုတော့ သူတို့မမြင်နိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သူတို့မိသားစုတွေဟာ သူတို့နဲ့ ဝေးဝေးသွားကာမှ သူတို့ကိုယ်သူတို့ ပြန်မြင်လာရင်း အရာရာကိုပြန်ပြင်ဖို့ကြိုးစားကြတဲ့ ယောက်ျား၂ယောက်အကြောင်းပေါ့။ အလယ်မှာပဲနေဖို့ ကျွန်တော်တို့ကို ပြောပြချင်နေတဲ့ ရုပ်ရှင်လို့တော့ထင်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2 GB) / (840 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:28:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Crime • Drama
4.8 2024
The Jackpot De jackpot
Drug Bust Storm
5.9

CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းရုပ်ရှင်တစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ရှောင်းရော့လန်ဟာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ စစ်ဆင်ရေးတစ်ခုမှာ ရန်သူ့ထောင်ချောက်ထဲရောက်သွားပြီး အန္တရာယ်ကြားက ပြန်လာနိုင်ခဲ့ပေမဲ့ ဦးခေါင်းကို ထိမိပြီး အတိတ်မေ့သွားပါတယ်။ လျိုယုံကလည်း မူးယစ်ဂိုဏ်းက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အတိတ်မေ့နေတဲ့ ရှောင်းရော့လန်ကို စိတ်ထဲမှာ သူနဲ့စိမ်းနေသလို ခံစားရပါတယ်။ တိတ်တဆိတ်စမ်းသပ်ပြီးနောက် အခုရှောင်းရော့လန်ဟာ မူးယစ်ဂိုဏ်းချုပ်ချိန်ချန်ရဲ့ မွေးစားညီမလေး ဖန်းဖန်းက ဟန်ဆောင်ထားမှန်း သိလိုက်ရပါတယ်။ ရန်သူ့လက်က တပ်ဖွဲ့ထဲအထိကို ဝင်ရောက်လာတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ…… ရှောင်းရော့လန်အစစ်ကရော ဘယ်မှာ ရှိနေသလဲ…… နောက်ဆုံး မူးယစ်ဂိုဏ်းကို အပြတ်ရှင်းလိုက်ဖို့ ရည်မှန်းချက်ကို အောင်မြင်နိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Comedy
5.9 2025
Drug Bust Storm
6 Journey

6 Journey 2025 (ခရီးသွားဖော် သူငယ်ချင်းများ) IMDb – 8/10 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တေလ်ဂူဘာသာစကားပြော Thriller ဒရာမာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဟိုက်ဒရာဘတ်မှာ ဖုန်းပြောပြီးတဲ့နောက် နားထဲကနေ သွေးတွေထွက်ကာ အသက်‌ေ-သဆုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။ ‌ေ-သဆုံးမှုကလည်း ပမာဏ တော်တော်လေးများလာတဲ့အချိန်ထိကို ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အကြောင်းပြချက် ရှာမရဖြစ်လို့နေပါတယ်။ ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာပဲ ဖုန်းလိုင်းစနစ်နဲ့ပတ်သတ်တဲ့ အစိုးရအရှာရှိ နှစ်ဦး ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ ဒီကိစ္စကို တာဝန်ရှိသူတွေကနေ စစ်ဆေးနေပေမဲ့ အဖြေထွက်မလာသေးပါဘူး။ တစ်ဖက်မှာတော့ ဂိုအာကို ခရီးသွားဖို့ လုပ်နေတဲ့ သူငယ်ချင်းတစ်စု။ သူငယ်ချင်း ၆ယောက် ဂိုအာကို ခရီးနှင်ကြရင်း လမ်းမှာ လူငယ်တစ်ယောက် လမ်းကြုံလိုက်ဖို့ တားရာကနေ ခေါ်တင်ခဲ့ပါတယ်။ ဒီလိုခေါ်တင်ခဲ့မိတဲ့နောက်ဆက်တွဲအနေနဲ့ သူတို့ ဘာတွေ ဆက်ဖြစ်သွားမလဲ ……… ခေါ်တင်ခဲ့တဲ့ လူငယ်လေးနဲ့ အထက်မှာဖော်ပြထားတဲ့ အမှုကိစ္စနဲ့ရော သက်ဆိုင်မှုရှိနေမလား ……. ဆိုတာကို ကြည့်ရှုရမဲ့ Thriller ဒရာမာ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Crime • Thriller • Drama
0 2025
6 Journey