YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

BITCH.X.RICH.(2023)EP6.WEB-DL.1080p(CM).mp4

504.46 MB N/A video/mp4 345 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blood Quantum
5.8

Rotten Tomatoes 90% ရရှိထားတဲ့ ဒီရှပ်ရှင်ဟာ ဇွန်ဘီအပေါ်ကလေ့ပ်စ်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ အမေရိကားမှာရှိတဲ့ လူနီရိုင်းအပိုင်ဒေသက ဖုတ်ကောင်တွေနဲ့ကမ္ဘာပျက်တဲ့အကြောင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းထဲမှာထူးဆန်းစွာနဲ့ပဲ လူနီရိုင်း(နေးတစ်အမေရိကန်)တွေဟာ ဇွန်ဘီပိုးကို Immune ဖြစ်နေကြပါတယ်။ လူဖြူတွေကသာအကိုက်ခံရရင် ပိုးကူးစပ်ပြီး ဇွန်ဘီတွေအဖြစ်ပြောင်းလဲကြပါတယ်။ ဇွန်ဘီရုပ်ရှင်တွေထဲမှာ လူနီရိုင်းဇွန်ဘီကားဆိုတော့ ကြည့်ရတာ ထူးထူးခြားခြားလေးဖြစ်နေပါတယ်။ လူမှုရေးအရှုပ်ထွေးတွေနဲ့ သေရေးရှင်ရေးကိစ္စတွေဖြစ်နေတာတောင် လူတွေရဲ့အတ္တ၊ မာန၊ ဒေါသတွေဟာ ခဝါချနိုင်ဖို့မလွယ်တဲ့အကြောင်း ရှင်သန်ဖို့အတွက်ဆိုဘာမဆိုလုပ်မဲ့ သူတွေအကြောင်း စတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက ကျီးနီ(Red Crow)ကိုယ်ပိုင်ဒေသမှာ ငါးအသေတစ်ကောင်အသက်ပြန်ရှင်လာတာ၊ ခွေးအသေအသက်ပြန်ရှင်လာတာကနေ စပါတယ်။ နောက်ပိုင်း လူတွေပါ ပိုးကူးစပ်ပြီး ဇယားတွေကပ်ကုန်ကြပါတော့တယ်။ ရဲမှူး ထရေဗာတစ်ယောက် ပြဿနာတွေကိုဦးဆောင်ဖြေရှင်းဖို့ဖြစ်လာပြီး ခံတပ်တွေ စခန်းတွေဆောက်ကာ အစုဖွဲ့နှင့်ရှင်သန်နေရာမှ အပြင်ဘက်မှာ ပိုးထိထားတဲ့ လူဖြူဒုက္ခသည်တွေကိုစခန်းသို့ ချွေးမဖြစ်သူ လူဖြူမချာလီ ခေါ်ဆောင်လာရာမှာ ဒုက္ခလှလှတွေ့ကြပါတော့တယ်။ ဘယ်လိုရှေ့ဆက်ပြီး သတ်ဖြတ်ရှင်သန်ကြမလဲ၊ ဘယ်သူတွေက ဘယ်လိုထဖောက်ကြမလဲဆိုတာ ဇာတ်လမ်းအဆုံးထိကြည့်ရှုခံစားကြည့်ရမှဖြစ်ပါတယ်။

Comedy • Drama
5.8 2019 98 mins
Blood Quantum
Sadak 2
5.2

လူ့လောကကို စိတ်ကုန်နေတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ရယ်၊ မသမာသူတွေ လက်ထဲက ပြေးထွက်လာတဲ့ ချစ်သူစုံတွဲရယ်နဲ့ ဇာတ်လမ်းဖွင့်ထားတာတွေ့ရပါလိမ့်မယ်...။ အစောပိုင်းမှာ အဲ့ဒီ ဒရိုက်ဘာကြီးဆီကို ညဉ့်နက်ချိန်မှာ မိန်းကလေးတစ်ယောက်က သူသွားလိုတဲ့ နေရာကို လိုက်ပို့ပေးရမည်ဖြစ်ကြောင်းပြောပြီး အရင်ကတည်းက ကြိုတင်မှာထားကြောင်း ပြောပါတယ်။ တက္ကစီဒရိုက်ဘာကလည်း ငြင်းမရတော့တဲ့အဆုံးမှာ သူသွားလိုရာကို လိုက်ပို့ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးဟာ တစ်ခုခုက ထွက်ပြေးလာပုံပေါ်နေတာမို့ တက္ကစီဒရိုက်ဘာကတော့ ရိပ်စားမိပါတယ်။ ဒါ့အပြင် ဗဟိုအကျဉ်းထောင်ကို သွားပြီး သူ့ချစ်သူကို ခေါ်ရဦးမည်တဲ့။ ကိုယ်တိုင်က အားလုံးကိုစိတ်ပျက်နေရတဲ့ကြားထဲ အန္တရယ်အငွေ့အသက်တွေပြည့်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကားပေါ်တင်လာပြီးတဲ့အချိန်ကစပြီး ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.... ဒီကားနဲ့ပတ်သက်ပြီး  IMDb Ratingကိုပြောချင်ပါသေးတယ်။ Ratingကို အနည်းဆုံးပဲမြင်ရမှာပါ။ ဒါဟာ ဇာတ်ကားကို ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ မထွက်ခင်ကတည်းက ဒီလိုပေးကြမယ်လို့ ကြံစည်ထားကြတာပါ။ ဆူရှန့်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘောလိဝုဒ်ရဲ့ တချို့ဇာတ်ကားတွေကို IMDb Rating နဲ့ သတ်မှတ်လို့မရတော့တဲ့ အခြေအနေပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Koe နဲ့ Myint Thu တို့ပဲဖြစ်ပါတယ်.... File Size : (1.03 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Nyi Koe & Myint Thu Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
5.2 2020 134 mins
Sadak 2
The Lost Patient (a.k.a) Le Patient
5.6

The Lost Patient (a.k.a) Le Patient (2022) (1080p ရပါပြီ) ပြင်သစ်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာ မိသားစုတစ်စုလုံးအသတ်ခံလိုက်ရပြီး သေခါနီးဆဲဆဲ ဖြစ်နေတဲ့ ယောကျာ်းလေးတစ်ယောက်ကိုတော့ ဆေးရုံတင်ပေးလိုက်နိုင်ခဲ့ပါတယ်။ အချိန်မီဆေးရုံရောက်လာလို့ လူနာက အသက်ရှင်ပေမယ့် ကိုမာ (coma) ဝင်ပြီး (၃)နှစ်လောက်မေ့သွားပြန်ပါတယ်။ ပြန်သတိရလာတော့လည်း အိမ်မှာ ဖြစ်ခဲ့တာတွေကို သေချာမမှတ်မိတော့ဘဲ အတိတ်မေ့နေပါတယ်။ မိသားစုတစ်ခုလုံး အသတ်ခံရတဲ့အမှုမှာ အမှုမှန် ပေါ်ပေါက်ဖို့ သူသည်သာ မျှော်လင့်ချက်ဖြစ်နေတဲ့အတွက် စိတ်ပညာရှင်ဒေါက်တာအန်နာက သူ့အတိတ်ဖြစ်ရပ်ကို ကူညီဖော်ထုတ်ပေးပါတော့တယ်။ စတင်မေးမြန်းရာမှာပဲ တစ်မိသားစုလုံးအသတ်ခံရပေမယ့် သူ့အစ်မလော်ရာ ပျောက်နေတာကို သတိထားမိသွားပါတယ်။ လူသတ်သမားအစစ်ကိုရော မိနိုင်ပါ့မလား? ပျောက်နေတဲ့ လော်ရာ ကပဲ မိသားစုတစ်ခုလုံးကို သတ်ဖြတ်သွားတာဖြစ်နေမလား? သူ့အတိတ်ကရော သူထင်သလို ဖြစ်ပါ့မလား? ဆိုတာ ကို ဇာတ်လမ်းလေးကြည့်ရင်း စိတ်ပညာမေးခွန်းတွေ၊ ကုသနည်းတွေနဲ့ ကြိုးစားပြီး အဖြေရှာကြတာပေ့ါဗျာ။ Psycho၊ Shutter Island တို့လို ဂန္ဓဝင် စိတ္တဇဇာတ်လမ်းတွေနဲ့ မယှဉ်သာနိုင်ပေ မယ့် သူအတိုင်းအတာနဲ့သူ သည်းထိတ်ရင်ဖိုခံစားချက်တွေ ပေးစွမ်းနိုင်တဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။) File Size : 964MB, 389MB, 210MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 32mins Genre : Drama, Mystery, Thriller Translated by Ko Myo (Kop) Encoded by Kinnov

Drama • TV Movie • Thriller
5.6 2022 93 mins
The Lost Patient (a.k.a) Le Patient
Children…
7.1

Childern (2011) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ် ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့် ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ် သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလား က‌လေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား လူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Mystery, Thriller Quality…. 1080p | 720p File size…3GB | 1.1GB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

7.1 2011
Children…
The Sacrament
6.1

ဒီဇာတ်လမ်းက​တော့ ဂိုဏ်းဂဏ​တွေ၊cultအယူမှား​တွေနဲ့ အယူကြီး အယူသည်းတဲ့သူ​တွေကြားက ဖြစ်ရပ်ဆိုးတစ်ခုကို ​ပုံ​ဖော်ရိုက်ကူး ထားတာပဲ ဖြစ်ပါတယ်။ Midsommarနဲ့ ဇာတ်လမ်း​ကျောရိုးချင်း အ​​တော်​လေးဆင်တူသလို တချို့ပြကွက်​တွေက စိတ်မခိုင်သူ​တွေ ကြည့်ဖို့မသင့်တဲ့ ပြကွက်​တွေလည်း ပါဝင်ပါတယ်။ နယူး​ယောက်က နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ VICE ကုမ္ပဏီရဲ့ တည်​ထောင်သူ၂​ယောက်က သူတို့မိတ်​ဆွေ ကင်မရာဆရာရဲ့ ညီမ ဆီက ​ရောက်လာတဲ့ စာတစ်​စောင်​ကြောင့် စိတ်ဝင်စားဖို့​ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ​ရနိုင်မယ်ဆိုတဲ့ ​မျှော်လင့်ချက်နဲ့ သူမဖိတ်တဲ့ ​ နေရာတစ်ခုကို အတူတူခရီးထွက်လာကြပါတယ်။ ညီမဖြစ်သူဟာ ​ဆေးဖြတ်စခန်းကို ​ရောက်​နေသူဖြစ်​ပေမယ့် ဖာသာတစ်​ယောက်ရဲ့ လမ်းညွှန်မှု​ကြောင့် ​ဆေးပြတ်သွားသလို လက်ရှိမှာ ဖာသာနဲ့အတူ ​တောတွင်းတစ်​နေရာမှာ ​ကျောင်း​တော်တစ်ခု​ ထောင်ထားတယ်လို့ စာထဲမှာ ​ရေးထားတာပါ။ ဒီလိုနဲ့ပဲ သူငယ်ချင်း၃​ယောက် အဲဒီ​နေရာကို​ ရောက်သွားတဲ့အခါမှ စာထဲမှာရေးထားတဲ့ ​အေးချမ်းဆိတ်ငြိမ်ပြီး ​မောဟကင်းတဲ့ရပ်ဝန်း တစ်ခု၊ ငြိမ်းချမ်းတဲ့ဘဝကို​ ရောက်​စေမယ့်ကျင့်စဉ်ဆိုတဲ့ ​ရေးထား တာ​တွေ တစ်ခုမှမရှိ​နေဘဲ အထင်နဲ့အမြင် တက်တက်စင်လွဲ​နေတဲ့၊ တစ်ခုခုမှားယွင်း​နေတဲ့ ​နေရာတစ်ခုကို ​ရောက်သွားရာ အဲဒီ​နေရာက ပြန်ထွက်​ပြေးလွတ်​မြောက်ဖို့ ကြိုးစားရပါ​တော့တယ်။ File size…2.15GB / 1.11GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.1 2013
The Sacrament
Sweet Dreams
6.5

” Sweet Dreams ” ဆိုတဲ့ဇာတ်လမ်းလေးကတော့ ဒတ်ခ်ျ ဆွီဒင်ဇာတ်လမ်းလေးဖြစ်ပြီး 20 ရာစုအစောပိုင်းကဒတ်ခ်ကိုလိုနီခေတ်ကိုဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဒတ်ခ်ျလူမျိုးပြောင်းလုပ်ငန်းရှင်ကြီးမတော်တဆသေဆုံးသွားပြီး သူပိုင်တဲ့စက်ရုံ အိမ် နဲ့စိုက်ပျိုးမြေတွေကိုတရားဝင်တစ်ဦးတည်းသောသားကိုမပေးဘဲ သူ့အိမ်ကအင်ဒိုနီးရှားလူမျိုးအစေခံနဲ့ရထားတဲ့ 10 နှစ်အရွယ်တရားမဝင်သားဆီကိုလွဲပေးဖို့သေတမ်းစာချန်ထားခဲ့ရာကနေ ပြဿနာတွေစတက်ပါတော့တယ်။ သားအရင်းဖြစ်သူက ဒီဥရောပမှာပိုင်ဆိုင်သမျှအကုန်ရောင်းပြီးနယ်မြေမငြိမ်းချမ်းတဲ့ဥရောပအစား ကိုယ်ဝန်အရင့်မာရှိနေတဲ့ဇနီးနဲ့အတူ ငြိမ်းချမ်းတဲ့ဆွဇ်ဇလန်ကိုပြောင်းချင်ပေမယ့် အမွေတွေဟာသူ့အတွက်မဟုတ်ဘဲ တရားမဝင်သားဆီရောက်သွားတာမလို့ ဒေါသူပုန်ထပါတော့တယ်။မုဆိုးမအမေဖြစ်သူကျပြန်တော့လဲ ဥရောပမှာပဲခေါင်းချချင်သူပါ ဒီပြဿနာတွေကိုဘယ်လိုရှင်းကြမလဲဆိုတာကို ဇာတ်လမ်းလေးမှာကြည့်ရှုလိုက်ပါဦးနော် File size…(1.5 GB)/(1.1 GB) Quality….Blu-ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

6.5 2023 102 mins
Sweet Dreams
The Boat
4.9

The Boat (2022) ============ ဇိမ်ခံရွက်လှေစီးပြီး အပန်းဖြေခရီးထွက်တဲ့ စုံတွဲသုံးတွဲ မထင်မှတ်ထားတဲ့အရာနဲ့ကြုံတွေ့လိုက်ရတဲ့အခါ။ ကျောင်း တုန်းက ငယ်သူငယ်ချင်းတွေ အတူပြန်ဆုံပြီး အပန်း‌ဖြေခရီး ထွက်ဖို့အတွက် အတွဲကိုယ်စီနဲ့ ရွက်လှေပေါ်ကို ရောက်လာ ကြတယ်။ ရောက်ရောက်ချင်းနေ့ရဲ့ ညနေခင်းမှာ မွေးနေ့ပွဲကျင်းပရင်း သောက်စားမူးယစ်ပြီး အကုန်အိပ်ပျော်သွားကြတယ်။ ဒါပေမဲ့ မနက်မိုးလင်းတဲ့အခါမှာတော့ လှေပေါ်မှာ ရိက္ခာတွေရော ဆီတွေပါမရှိတော့တဲ့အပြင် ကျောက်ဆူးပါ မချထားတဲ့အတွက် ပင်လယ်ပြင်ကြီးထဲ ‌မျောပါသွားကြတယ်။ အားလုံးအထိတ် တလန့်ဖြစ်နေတဲ့အချိန်မှာပဲ ဝေါကီတောကီကနေ လူတစ်ယောက် ဆက်သွယ်လာပြီး တောင်းဆိုမှုတွေလုပ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.79 GB) / (814 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Khant Sett Naing Encoder……….SWM

Action • Drama • Comedy
4.9 2022 91 mins
The Boat
The Nightmare
5.7

The Nightmare (2015) ================== တီနာဟာ ဘားသွား၊ကလပ်တက်၊ဆေးချ၊ဘီယာသောက်၊ပါတီကဲ ဘက်စုံတော်တဲ့ကောင်မလေးပါ။ ကျောင်းသူဘဝကို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ သူ့နည်းသူ့ဟန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့ ပါတယ်။ အဲဒီနေ့မတိုင်ခင်ထိပေါ့…။ တစ်နေ့ကျ ရေကူးကန်ပါတီတစ်ခုကအပြန် ကားတစ်စီးဝင်ကြုံးတာ ခံလိုက်ရပြီး အဲဒီအချိန်ကစလို့ သူ့ဘဝကြီးပြောင်းလဲခဲ့တော့တာပါပဲ။ ခြေကျိုးလက်ကျိုးဒုက္ခိတဖြစ်တယ်လို့မထင်လိုက်ပါနဲ့။ သူနဲ့ စိတ်ချင်း ဆက်သလိုဖြစ်နေတဲ့ သတ္တဝါတစ်ကောင်ကို မြင်မြင်နေရတာပါ။ အဲဒီ သတ္တဝါနာရင် သူပါနာတယ်၊ အဲဒီသတ္တဝါသွေးထွက်ရင် သူပါလိုက်ပြီး သွေးထွက်တယ်။ အဲဒီသတ္တဝါကို တခြားလူတွေကလည်းမမြင်ရတော့ သူ့ရဲ့ပြောင်းလဲ လာတဲ့ရူးကြောင်ကြောင် အပြုအမူတွေကြောင့် စိတ်ကျန်းမာရေး ဆေးရုံကိုပါ ပို့ခံထိတော့မလိုပါ။ တီနာတစ်ယောက် အဲဒီထူးဆန်းတဲ့ သတ္တဝါနဲ့ ဘယ်လိုရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။ (ပါဝင်သောဇာတ်ဝင်ခန်းတချို့ကြောင့်ကလေးသူငယ်များကြည့်ရှုရန်မသင့်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.56 GB) / (557 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Horror Translator…….Ngwe Zin Encoder……….SWM

5.7 2015 90 mins
The Nightmare
A Body That Works (aka) Rispet

နီကိုလာက စိတ်မနှံ့တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေရဲ့ စပျစ်ခြံအလုပ်တွေကိုလည်း ဝင်မကူ သူ့ကိုယ်ပိုင်ခွေးနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေ့ရှိတယ်။ ညဘက်တွေဆိုလည်း ခွေးတစ်ကောင်နဲ့ ရွာထဲကိုလျှောက်သွားတတ်ပြီး လူတွေ လမ်းကြားထဲမှာ ရန်ဖြစ်နေတာမြင်ရင် သူက ကြောက်လို့ထွက်ပြေး… လူတွေက သူထွက်ပြေးတာကိုမြင်တော့ သူက ရွာသားတွေကို လိုက်ချောင်းနေတာလားဆိုပြီး အတွေးရောက်စရာတွေဖြစ်ကုန်တော့တယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာထဲက ရွာသားတစ်ယောက်ရဲ့ ပန်းပုရုပ်ထုတစ်ခုကို လူတစ်ယောက်က ညဘက်ကြီး ခေါင်း-ဖြတ်သွားတဲ့အခါ… နောက်ညတွေမှာလည်း အခြားပန်းပုရုပ်တွေပါ ဖျက်စီးခံလာရတဲ့အခါ… တစ်ရွာလုံးရဲ့ စွပ်စွဲချက်တွေက နီကိုလာဆီကို စုပြုံပြီးရောက်လာတော့တယ်။ တကယ်ပဲ နီကိုလာက ရွာကပစ္စည်းတွေကို ဖျက်စီးနေတာလား? ဘယ်သူကလုပ်နေတာလဲ? အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.5 GB)/(790 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo Kay zaw

0 2023 106 mins
A Body That Works (aka) Rispet
The Mystery Of Lop Nur
5.9

ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုက ထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေက အဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။ Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲ ထူးဆန်းစွာပေါ်လာပါတယ်။ ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကို တည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာ သဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲ ဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။ Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့ အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေ ပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။ Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။ အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့် မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။

Drama
5.9 2022
The Mystery Of Lop Nur
Battle Dog Attack 2
5.5

ဒီတစ်ခေါက်တော့ ရှောင်းဝမ်ဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဘတ်ဂျက်အွန်လိုင်းကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်…ဇာတ်လမ်းလေးကတော့… ရှောင်းဝမ်တစ်ယောက်ဟာ လမ်းလျှောက်နေရင်း တစ်နေရာမှာ ရုတ်တရက်ကြီးဆိုသလို အိမ်တစ်အိမ်က ခွေးတစ်ကောင်ရန်မူတာကို ခံလိုက်ရတာနဲ့စတာပဲ… ဟုတ်ပါတယ်… ဒီခွေးက သူ့ကို ရန်မူဖို့ကြိုးစားတာနဲ့အတူ ဒီခွေးလေးက သခင်ကို အကာအကွယ်ကြီးတယ်ဆိုတာကိုပါ မြင်တွေ့ခဲ့ရတဲ့ ရှောင်းဝမ်အတွက် ဒီခွေးလေးကို သံယောဇဉ်ဖြစ်ခဲ့တယ်… ဒါကြောင့်လည်း သူ့သခင်ဆုံးပါးသွားတော့ သူယူပြီး မွေးဖို့ကြိုးစားခဲ့တယ်… ကိုယ်တိုင်က ဆင်ခြေဖုံးရပ်ကွက်လေးက တိုက်ခန်းလေးမှာ သူများတွေနဲ့ မျှပြီး ငှားနေတော့… တိုင်ကြားခံရတာတွေ ဆန့်ကျင်ကြတာတွေ ရင်ဆိုင်ခဲ့ရတာပေါ့… ဒီလိုနဲ့ တစ်ဆင့်ချင်း ခွေးတစ်ကောင်ကို တာဝန်ယူ မွေးဖို့အတွက် ဘာတွေပြင်ဆင်ခဲ့ရတယ်… ဘာတွေလိုအပ်တယ်ဆိုတာလေးတွေနဲ့အတူ… ဒီခွေးလေးကြောင့် တက္ကသိုလ်အပြီး ဘာအလုပ်လုပ်ရမယ်မသိဘဲ မနက် ၉ ည ၅ လုပ်ငန်းထဲ ပစ်ဝင်မိခဲ့တဲ့ ရှောင်းဝမ်တစ်ယောက်ရဲ့ ဘဝလေး အထီးမကျန်တော့ဘဲ လမ်းကြောင်းမှန်လေးတစ်ခု ပေါ်လာခဲ့တော့တယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာမို့… ခွေးချစ်သူလေးတို့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ထပ်ဆင့် တိုက်တွန်းလိုက်ပါတယ်

Animation • Action • Comedy
5.5 2025
Battle Dog Attack 2
Big Fish
8

IMDb Rating (8.0) / Rotten Tomatoes (76%) Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေ ဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်… ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း…. အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ အဖေ့ဘဝမှာ နေပူကြဲတဲ ညနက်သန်းခေါင် နရသိန်နှုတ်ခမ်းဝ အမှောင်မိုက်ဆုံးနဲ့ အပူပြင်းဆုံးနေ့ရက်များစွာ ရှိခဲ့ဖူးတာကို ငါကောင်းကောင်းသိပါတယ်။ အဖြူရောင်မဖြစ်တဖြစ် ပန်းချီကားတစ်ချပ်လိုကာလတုန်းကတော့ ငါရေးတေးတေးပဲ သိခဲ့တယ်။ ငါ့ပန်းချီကားမှာ အရောင်တွေစုံလာမှ သူကြုံခဲ့ရတဲ့အရောင်တွေကို ငါပြန်နားလည်လာနိုင်ခြင်းတွေပေါ့။ ဒါပေမဲ့ ငါ့အဖေက အတ်ဒဝတ်ဘလွန်းမဟုတ်ခဲ့ဘူး။ ပုံပြောကောင်းတဲ့ အဘိုးကြီးမဟုတ်တဲ့ သာမန်အဘိုးကြီးတစ်ယောက်ပဲဖြစ်ခဲ့တယ်။ အော်စကာဝိုင်းပြောသလို အမှန်တရားဆိုတဲ့စကားလုံးမှာ သန့်ရှင်းတယ်ဆိုတာရှားပြီး ရိုးရှင်းတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ဘာလို့ဆို ငါတို့ရဲ့များသောအားဖြင့် တင်စားချက်တွေမှာ အမှန်တရားဟာ ဖုံးကွယ်ထားတဲ့အရာတစ်ခုနောက်က တကယ့်အဖြစ်မှန်ကို ရည်ညွှန်းနေတတ်တာများတယ်။ အတ်ဒဝတ်ဘလွန်းဟာ ခါးသီးတဲ့အဖြစ်မှန်တွေကို လှပတဲ့ပုံပြင်တွေအဖြစ်ပြောင်းလဲပစ်ပြီး သူ့သားကို ရက်စက်တဲ့အမှန်တရားတွေလက်ကနေ ကာကွယ်ခဲ့တယ်။ ငါ့အဖေကတော့ ငါ့ကိုမပြောပြတဲ့ နည်းနဲ့ပဲ ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ငါရေးရေးသိခဲ့ပါတယ်။ အတ်ဒဝတ်ဘလွန်းရဲ့ ကာကွယ်နည်းက ပိုထိရောက်တာအမှန်ပေမဲ့ ငါ့အဖေဟာ သူစွမ်းသလောက်တော့ ငါ့ကိုကာကွယ်ပေးခဲ့တယ်။ သုခမိန်လှိုင်ရဲ့ဓားလို ကာကွယ်ပေးခဲ့တယ်။ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကိုခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး Magical Realismရုပ်ရှင်တွေကို ငါသဘောကျတဲ့အချက်က အရက်စက်ဆုံးဇာတ်လမ်းတွေကိုတောင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွေဖြစ်အောင်လုပ်ပစ်နိုင်တာကိုပေါ့။ Big Fishကတော့ ထူးခြားတယ်။ ခါးသီးတဲ့ဇာတ်လမ်းတွေကို လှပတဲ့ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ Magical Realismရုပ်ရှင်မျိုးပဲ။ အတ်ဒဝတ်ဘလွန်းဟာ မွေးကင်းစကတည်းကနေ သေတဲ့အထိ ဖမ်းလို့မမိနိုင်တဲ့ငါးကြီးတစ်ကောင်ကို လိုက်ဖမ်းခဲ့တယ်။ အဲဒီငါးကြီးက ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတယ်။ အချစ်တွေ, ကိုယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးလုပ်ပေးချင်ခြင်းတွေ, သူ့အခက်ခဲဆုံးအချိန်တွေ ဘေးမှာရှိနေပေးစေခြင်းတွေ, သူဖြစ်ချင်တဲ့အရာတိုင်းကို လုပ်ပေးချင်ခြင်းတွေ, အိပ်မက်တွေပေါ့။ အချစ်ဆိုတဲ့အရာကလည်း ငါတို့ထင်သလောက် မရိုးရှင်းတာ, မသန့်ရှင်းတာ, မချိမြိန်တာကို အနေကြာလာရင်းနဲ့ ငါတို့သိလာတာပါပဲ။ ဒါအမှန်တရားပဲ။ အတ်ဒဝတ်ဘလွန်းက အမှန်တရားက သူ့အချစ်တွေကို ဖုံးလွှမ်းသွားမှာကို ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ အတ်ဒဝတ်ဘလွန်းဟာ တစ်ချိန်လုံး အသိဉာဏ်ထက် ခံစားချက်ကို ဦးစားပေးတဲ့သူဖြစ်ခဲ့တယ်။ ဒီတော့ အတ်ဒဝတ်ဘလွန်းဟာ အချစ်ရဲ့မချိုမြိန်တဲ့ဘက်အခြမ်းတွေကို ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူဘယ်တော့မှ ဖမ်းလို့မမိမယ့်ငါးကြီးနောက်ကို တစ်သက်လုံးလိုက်ခဲ့တယ်။ ဒီငါးကြီးနောက်ကို အတ်ဒဝတ်ဘလွန်းဟာ တစ်သက်လုံးလိုက်ခဲ့ရင်း နောက်ဆုံး သူကိုယ်တိုင် အဲဒီငါးကြီးဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီဟာရဲ့ Metaphorက မတူဘူး။ မဖြူစင်မှုတွေနဲ့ရှင်သန်ရင်း အခါခါလောင်ကျွမ်းခြင်းရဲ့ အဆုံးသတ်မှာ အဖြူရောင်ပြာတွေက တကယ်ဖြူနိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဒီဇာတ်လမ်းပြာ အတ်ဒဝတ်ဘလွန်းရဲ့ အဖြူရောင်ပြာတွေပါပဲ။ ငါ့အဖေလည်း ငါ့ကို အဖြစ်အပျက်တွေမဟုတ်ဘဲ မတူတဲ့ပုံပြင်တွေကို ပြောခဲ့ဖူးတယ်။ သူ့ရဲ့အဖြူရောင်ပြာတွေပေါ့။ လူတစ်ယောက်ဟာ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူကိုယ်တိုင် အဲဒီပုံပြင်ကို ယုံသွားတဲ့အဖြစ်မျိုး ခင်ဗျားတို့ကြုံဖူးလား။ ကြုံဖူးမှာပါ။ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူဟာ အဲဒီပုံပြင်ဖြစ်သွားလိမ့်မယ်။ သူကိုယ်တိုင်တောင် ပြန်ယုံသွားတဲ့ ပုံပြင်ကို အားလုံးလည်း ယုံသွားကြလိမ့်မယ်။ တစ်ခါတလေကျတော့လည်း အမှန်တရားတွေဆိုတာ နှလုံးသားတွေအတွက်မလိုဘူး။ ပုံပြင်လှလှလေးတွေ , သိပ်လှတဲ့ဇာတ်လမ်းလေးတွေ။ အင်းပေါ့ ခါးသီးတဲ့ အတိတ်တွေအကုန်လုံးကို လောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ပြာတွေလို လှပတဲ့ပုံပြင်လေးတွေ။ ပုံပြင်တွေဟာ အတိတ်မဟုတ်ဘူး။ ပစ္စုပ္ပန်မဟုတ်ဘူး။ ပုံပြင်တွေဆိုတာ အနာဂတ်အတွက်ပဲ။ ငါတို့အချစ်တွေကို ငါတို့လည်း ပုံပြင်တွေပြောခဲ့တယ်။ ငါတို့အချစ်တွေကို ငါတို့ ပုံပြင်တွေ ဆက်ပြောနေရဦးမယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8 2003 125 mins
Big Fish
Pale Horse
5.8

မအောင်မြင်ချင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ဒီမေးခွန်းတွေကိုကျတော့ ကိုယ့်ကိုကိုယ် မေးကြည့်ဖူးတဲ့သူဆိုတာလည်း မရှိသလောက်ပဲနေမယ်။ ကိုယ့်အတွက် အောင်မြင်ကျော်ကြားမှုဆိုတာကဘာလဲ။ အောင်မြင်မှုနောက်ကိုလူတွေဘာလိုလိုက်ကြလဲ။ ဘယ်လိုမျိုးနည်းနဲ့အောင်မြင်ချင်တာလဲ။ ဒီဇာတ်လမ်းမှာတော့ အောင်မြင်မှုနောက်ကိုလိုက်နေတဲ့ ခပ်ချောချော တက်သစ်စ လူငယ်ပန်းချီဆရာတစ်ဦး..။ သူ့ရဲ့ ပန်းချီတွေကို ပြခန်းတစ်ခုမှာ လာပြဖို ကမ်းလှမ်းလာတယ်။ အဲ့ဒီပြခန်းမှာအလုပ်လုပ်တဲ့ ပြခန်းတာဝန်ခံကောင်မလေးက သူ့ပန်းချီတွေကိုမြင်သွားတဲ့အချိန်မှာ သူတိုပြခန်းမှာပြပေးဖိုကို စိတ်ဝင်စားသွားတယ်။ အဲ့အပြင် ပန်းချီကားတွေရဲ့ နောက်ကွယ်က ပန်းချီဆရာကိုပါ မမြင်ဖူးခင်ကတည်းက စိတ်ဝင်စားမိသွားတော့တယ်။ အဲ့လိုနဲ့ ဒီပန်းချီဆရာလေးရဲ့ ပန်းချီပြပွဲကို စီစဉ်ပေးရဖိုဖြစ်လာတယ်။ အဲ့ဒီ ပထမဆုံးပွဲမှာပဲ တစ်နေ့တည်းနဲ့ ပန်းချီကားအားလုံးရောင်းထွက်သွားရော။ တာဝန်ခံကောင်မလေးလည်း ပန်းချီဆရာနဲ့ အဲ့ဒီပန်းချီပြပွဲ ညမှာပဲ ဆုံမိကြတယ်။ ထူးဆန်းတဲ့ပန်းချီကားတွေအကြောင်းပြောပေးဖြစ်ကြတယ်။ ဒီလိုနဲ့ သူတိုနှစ်ယောက်ရင်းနှီးသွားတယ်။ သူနောက်နှစ်ယောက်ရင်းနှီးလာလေလေ.. အန္တရာယ်ပိုနီးလာလေလေ ဆိုတာကိုတော့ သူတိုမသိခဲ့ကြဘူး။ သူတိုသတိမထားမိခဲ့ကြဘူး။ အောက်လမ်းတွေမှော်တွေနဲ့ အစီအရင်တွေလုပ်ပြီး အောင်မြင်လုပ်တာမျိုး အဖြစ်အပျက်တွေ ကြားဖူးကြမှာပါ။ ဒီဇာတ်လမ်းက သူတိုအနောက်တိုင်းရဲ့ ဝိညာဉ်.. ပရလောက.. ကဝေအအတ်ပညာ.. အောက်လမ်း စတဲ့အခန်းကဏ္ဍတွေအကြောင်းကို သေသေချာချာ ပြောပြသွားတယ်။ နောက်ပြီး အမှောင်စွမ်းအင်ကိုတိုက်ဖျက်နိုင်တဲ့ အလင်းစွမ်းအင်ဟာ စစ်မှန်တဲ့ ဖြူစင်တဲ့ ချစ်ခြင်းသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်းချပြသွားတယ်။ မပတ်သက်အပ်တဲ့အရာတွေနဲ့ နှောင်ကြိုးတွေသွားချည်မိရင် ကိုယ့်အတွက်ဆိုးကျိုးကြီးပဲရလာလိမ့်မယ်ဆိုတဲ့ အချက်ကိုလည်းတွေ့ရလိမ့်မယ်။ ဒီဇာတ်ကားကို ဝေဖန်သူတွေများခဲ့ပေမယ့် ကြည့်တတ်ရင် အတွေးစများစွာပေးနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ( ပြခန်းတာဝန်ခံ မင်းသမီးချောရဲ့ အမှောင်ထဲက ဇာတ်ကြမ်းတွေကိုလည်း Bonus အဖြစ်တွေ့မြင်ခံစားနိုင်ပါတယ် ) ဇာတ်လမ်းနဲ့အညွှန်းကိုတော့ Pyae Hein Kyaw ရေးသားထားပါတယ်။ File Size… (624 MB) / ( 375 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 27m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

Crime • Mystery • Thriller
5.8 2024 88 mins
Pale Horse
We Were Dangerous
6.4

We Were Dangerous (2024) IMDb Rating (6.4) / Rotten Tomatoes (97%) New Zealand ကို Maori အခေါ် Aotearoa လို့ခေါ်ပါတယ်။ Maori တွေက ပိုလီနီးရှန်းမျိုးနွယ်စုထဲက တစ်ခု ဖြစ်ပြီး New Zealandနိုင်ငံကို ၁၃ရာစုမှာရေကြောင်းကနေ ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာတော့ Maori အမျိုးသမီးငယ်လေးတွေအပေါ် ဆိုးသွမ်းလူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းရဲ့ ဖိနှိပ်ဆက်ဆံမှုတွေကို ရိုက်ပြထားပြီး 1954 ခုနှစ် မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီခေတ် အခါမှာ မိန်းကလေးတွေဟာ ပူဆွေးမှု၊ စိတ်ဓာတ်ကျဆင်းမှု စတဲ့ စိတ်ရောဂါလက္ခဏာတွေ ပြလာခဲ့ရင် အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားတွေဟာ မိမိတို့ရဲ့ ဇနီးတွေ၊ သမီးတွေကို စိတ်ရောဂါကုဆေးရုံ သို့မဟုတ် ဦးနှောက်ခွဲစိတ်မှုတွေ အတင်းအကြပ် လုပ်စေတဲ့ ကာလမျိုးဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ Nellie, Daisyရယ် Louisa တို့ မိန်းကလေး သုံးယောက်ရဲ့ နောက်ခံ ဇာတ်လမ်းက ကွာခြားပေးမယ့် စည်းကမ်းကြီးပြီး နှိပ်စက်တတ်တဲ့ မေထရွန်ကြီး ရဲ့ ကျောင်းမှာတော့ မိန်းကလေးအားလုံးဟာ တန်းတူညီမျှ အဖိနှိပ်ခံရတာပဲ ဖြစ်ပါတယ်။ မေထရွန်ကြီး ကိုယ်တိုင်ကလည်း Maori လူမျိုး တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးကိုင်းရှိုင်းလွန်းပြီး လူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးတွေအပေါ် ကလေးမွေးစက်တစ်ခုအပြင် ပိုမမြင်တဲ့ အစွဲကိုလည်း မသိလိုက်မသိဘာသာ အားပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဘာသာရေးစည်းကမ်း တင်းကြပ်လွန်းတာကြောင့် ကျောင်းရှိ မိန်းကလေးတွေဟာ ကတာတို့၊ သီချင်းဆိုတာတို့၊ Maori ရိုးရာ Haka အကတို့ လုပ်မိရင်လည်း ရိုက်နှက်အပြစ်ပေးခံကြရပါတယ်။ ဒီလို လူ့အဖွဲ့အစည်းကနေ ကျဥ်ဖယ်ထားတဲ့ အမျိုးသမီးလေးတွေကို ကျွန်းတစ်ကျွန်းပေါ်မှာ စုပေါင်းပြီး အိမ်ထောင်မှုသားမွေးအတွက် လေ့ကျင့်ပေးနေတဲ့ မေထရွန်ကြီးဆီကို အထက်အဖွဲ့အစည်းတစ်ခုက ပုဂ္ဂိုလ်တစ်ယောက်ရောက်လာပြီး အမျိုးသမီးငယ်တွေအပေါ် သားကြောဖြတ်တဲ့ ဆေးဝါးခွဲစိတ် စမ်းသပ်မှုတွေ ပြုဖို့ ပြောလာပါတယ်။ အဲ့ဒီနောက်ပိုင်း Nellie, Daisy နဲ့ Louisa တို့ သုံးယောက်ဟာ ကျွန်းပေါ်ကနေ ထွက်ပြေးဖို့ တိုင်ပင်ကြပါတော့တယ်။ သူတို့အစီအစဥ်အောင်မြင်ပါ့မလား၊ မေထရွန် သိသွားပြီး သူတို့ကိုဒဏ်ခတ်မလားဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size… (1.6 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:23:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Leonie

Drama
6.4 2024 82 mins
We Were Dangerous