YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

BITCH.X.RICH.(2023)EP2.WEB-DL.1080p(CM).mp4

464.13 MB N/A video/mp4 500 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mourning Grave
7.3

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ horror, thriller ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်... ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာ... ဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါ အဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေ တကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်... ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊ နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ် Kang Ha Neul, Kim So Eun တို့အဓိကပါဝင်ထားပြီး horror ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမယ့် ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 895MB | 485MB | 248MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron

Action • Adventure • Horror
7.3 2014 90 mins
Mourning Grave
War Of The God Monsters
5.8

ဒေါက်တာဂင်ဆိုတဲ့လူတစ်ယောက်ဟာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောတွေ ပြန်ရှင်လာပြီလို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ပျောက်ကွယ်သွားတဲ့လူပါ။ လူတွေကတော့ ဒီထုတ်ပြန်ချက်ကိုရော သူ့ကိုရော ရူးနေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း သတင်းစာတိုက်တစ်ခုဟာ ဒီအကြောင်းကို လိုက်ဖို့အတွက် မိန်းမလှလေးတစ်ယောက်ကို တာဝန်ပေးခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတင်းရအောင်ယူခဲ့ဖို့လိုတဲ့မိန်းမလှလေးဟာ ဘယ်လိုအကြံတွေထုတ်မလဲ..။ သူတို့တွေ ဘာတွေ ကြုံရလိမ့်ဦးမလဲ..။ ၁၉၈၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အလျှောက် ဇာတ်လမ်းကြောင်းက အတော်လေးကောင်းမွန်နေပြီးတော့ CGI တွေတော့ အတော်လေး အားနည်းနေခဲ့ပါတယ်။ သို့သော်ငြား ပြန်ကြည့်ရင်တော့ လွမ်းစရာပါပဲ။ ငယ်ငယ်တုန်းက ဒီလိုပဲ ကြည့်ရတာကိုး။ ပြောခဲ့တဲ့အတိုင်း CGI တွေ အားနည်းပေမဲ့လည်း ဒိုင်နိုဆောချစ်သူတွေ သဘောကျလိမ့်မယ့်ဇာတ်ကားတစ်ကားပါပဲ။ ဘာကြောင့်လဲဆို...၊ ဇာတ်လမ်းကြောင်း.. ကောင်းတယ်...။ ရသအမျိုးအစား.... စုံတယ်..။ အဲဒီခေတ်အခါက ကြမ်းသင့်သလောက် ကြမ်းခဲ့တဲ့ ဒိုင်နိုဆောတွေကို ကြည့်ပြီးတော့လည်း စိတ်ကျေနပ်ရမယ်။ ဟိုးအရင်ကြာခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်တစ်ကားဆိုတော့ လူတိုင်း ကြိုက်ပါလိမ့်ဦးမလား မသိဘူး။ ဒါပေမဲ့လည်း တချို့လူတွေအတွက်ကတော့ ဒီလိုအရည်အသွေးကောင်းတဲ့အဟောင်းတွေ ပြန်ကြည့်ရတာကိုက အရသာပဲကိုး။ အရင်ခေတ်က ရုပ်ရှင်တစ်ကားဆိုပေမဲ့လည်း အရင်လို မှုန်ဝါးဝါးဖြစ်မနေအောင် CM team က Quality ကောင်းကောင်းနဲ့ တင်ဆက်ပေးထားတာမို့ ကြည့်ကြည့်ကြပါဦး။ File size…(2.78GB)  / (1.43GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Comedy • Drama
5.8 1985 85 mins
War Of The God Monsters
The Banshees of Inisherin
7.5

ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့တာပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ကွမ်ဆိုတဲ့သူနဲ့ ပက်ဒရစ်ဆိုတဲ့သူဟာ အင်နီရှဲရင်ဆိုတဲ့ ကျွန်းကလေးပေါ်က ရွာလေးတစ်ခုမှာ အတူနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွမ်ဟာ ရုတ်တရက်ကြီး ပေါ့ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်သွားပါတယ်။ ဘာကြောင့်မှန်းလည်းမသိတဲ့ ပေါ့ဒရစ်က ကွမ်နဲ့စာရှင်းရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေပိုပိုရှုပ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို မုန်းတီးလာပေမဲ့ အပြင်လူနဲ့ အရေးကြုံရင်လည်း ကူညီတတ်ကြသလို တစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းတရားတွေကြောင့် ဘယ်လိုပျက်စီးရလဲဆိုတာကို Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရယ်ရခက် ငိုရခက်နဲ့ ရိုက်ကူးပြသသွားတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 312MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Crime
7.5 2022 114 mins
The Banshees of Inisherin
Daaka
4

ရှင်ဒီ ဟာ အသက် (၃၈) နှစ်အရွယ် လူပျိုကြီး၊ ပိုင်ဆိုင်တာဆိုလို့ ရူပီးနှစ်သိန်းတန် မြေကွက်တစ်ခုရယ်၊ တံခါးပေါက်တွေတောင်မပါတော့တဲ့ အိမ်တစ်လုံးရယ်၊ ခြေသုံးချောင်းပဲ အကောင်းကျန်တော့တဲ့ ကုတင်တစ်လုံးရယ်၊ ဆီအမြဲပြတ်နေတတ်တဲ့ ဆိုင်ကယ်တစ်စင်းရယ်၊ သူ့ကိုသိပ်ချစ်ရှာတဲ့ အထက်တန်းလွှာက ချစ်သူမိန်းမချောလေးရယ်၊ သူဘေးမှာ မခွာတမ်း ခင်မင်ရှာတဲ့ ညီအစ်ကိုတမျှရင်းနီးသူ ဘာလီ ရယ်။ ရှင်ဒီ နဲ့ ဘာလီ တို့နှစ်ယောက်ဟာ ဈေးဆိုင်ကြီးတစ်ခုရဲ့မျက်နှာစာမှာ ဖုန်းပြင်ဆိုင်သေးသေးလေးဖွင့်လို့ စားဝတ်နေရေး ဖြေရှင်းကြရသူတွေပါ။ ရှင်ဒီ က အကြံဉာဏ်ကောင်းတွေနဲ့ စီးပွားရေးလုပ်ကိုင်တတ်သူဖြစ်ပြီး ဘာလီ ကတော့ ရှင်ဒီ ပြောသမျှနားထောင်ပြီး ဒိုင်ခံအလုပ်လုပ်ပေးသူ ဖြစ်ပါတယ်။ ဉာဏ်သမားနဲ့ အလုပ်လုပ်သမားပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်က ကျောမွဲလေးတွေပါ။ ဆင်းရဲသား နင်းပြားလေးတွေ။ တစ်နေ့မှာ သူတို့မှီခိုနေရတဲ့ ဈေးဆိုင်ကို သူ့ပိုင်ရှင်က ရောင်းချတော့မယ့်အဖြစ်ကို ရောက်လာခဲ့ပါတယ်။ နောက်ရောက်လာမယ့်ပိုင်ရှင်က ဈေးဆိုင်ရှေ့မှာဖွင့်နေတဲ့ သူတို့ရဲ့ဖုန်းပြင်ဆိုင်လေးကို ကြည်ဖြူပါ့မလား မသေချာတာကြောင့် ရှင်ဒီ နဲ့ ဘာလီ တို့ ဈေးဆိုင်ကြီးကို မဖြစ်မနေ ဝယ်ယူရမယ့်အခြေရောက်လာပါတော့တယ်။ ရှင်ဒီ ဘက်မှာလည်း ချစ်သူရဲ့ဖခင်က အထင်ကြီးမှုကို အသည်းအသန်လိုအပ်နေလို့ ဈေးဆိုင်ကိုဝယ်မှရမယ့်အ‌ချိန်၊ ဘာလီ ဘက်မှာလည်း ချစ်သမီးလေးရဲ့ အစာအိမ်ရောဂါက သိပ်ပြင်းထန်လွန်းလို့ ငွေပုံအောပြီး ကုရမယ့်အခြေရောက်လာတော့ နှစ်ယောက်သား ကြံရာမရဖြစ်ရတာပေါ့။ မတတ်သာတဲ့အဆုံး ရွာထဲကဘဏ်ငယ်လေးတစ်လုံးကို ဓားပြတိုက်ဖို့ ကြံစည်ရပါတော့တယ်။ ရှင်ဒီ ရဲ့ ရွှေချရမယ့်ဦးနှောက်နဲ့ အစီအစဉ်တွေ အားလုံးအဆင်ပြေနေပေမဲ့ လတ်တလောဖမ်းမိထားတဲ့ လူလိမ်ရာဇဝတ်ကောင်ကြီး စူကာချန်း ကို သူ့တပည့်တွေက ရဲစခန်းဝင်စီးပြီး လာကယ်ချိန်နဲ့တိုးလို့ သူတို့ဓားပြမှုလေး အောင်မြင်ကာနီးမှ တစ်ပြားမှမရဘဲပြန်ပြေးခဲ့ရတယ်ပေါ့။ အစိုးရဆီက သန်း (၅၀၀) လိမ်လည်ခဲ့သူကြီး စူကာချန်း ဟာ ကယ်တင်မှု မအောင်မြင်လို့ ရွာထဲမှာပိတ်မိနေပြီး ဓားပြမှုကနေ ပြေးလာတဲ့ ရှင်ဒီ တို့နှစ်ယောက်နဲ့ တိုးမိရာကနေ အပေးအယူတစ်ခုဖြစ်လာပါတယ်။ သူ့ကို ရွာထဲက လွတ်အောင်ထုတ်ပေးနိုင်ရင် ရှင်ဒီ တို့နှစ်ယောက် သန်း (၅၀) ရမယ်တဲ့။ ကဲ ဘာဆက်ဖြစ်မလဲဆိုတာတော့ လူကြီးမင်းတို့ဖာသာ ဆက်ကြည့်လိုက်ပါတော့... (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.3GB, 1.1GB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 2H 16Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Thriller
4 2019 140 mins
Daaka
Shershaah
7.3

ဒီနှစ်ထဲမှာ low budget နဲ့ဇာတ်ကားတွေချည်းမို့ ကားကောင်းတွေ နည်းခဲ့တယ်။ အဲ့ဒီအထဲ ဒီဇာတ်ကားကတော့ ကြိုက်မိပါတယ်။ ဗစ်ကရမ်ဆိုတဲ့ ငနဲက ငယ်ငယ်လေး ကတည်းက ရန်ဖြစ်ဖို့လည်း လက်မရွံ့ခဲ့။ အကြောက်တရားက မရှိခဲ့။ ကျောင်းတွင်း ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့တွေမှာဆို ကျောင်းသားအားလုံးကို ကျောင်းဝတ်စုံနဲ့ မြင်ရပေမဲ့ ဗစ်ကရမ်ကတော့ အိန္ဒိယစ်စဝတ်စုံကို ဂုဏ်ယူဝင့်ကြွားစွာ ဝတ်လာတတ်တယ်။ ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်က အရွယ်ရောက်လာတဲ့အခါ စစ်သားကြီးဖြစ်ဖို့ပေါ့။ သူကောလိပ်တက်စဉ်မှာတော့ အင်မတန်မှကို ချောမောလှပတဲ့ ချစ်သူတစ်ယောက်လည်း ပိုင်ဆိုင်ထားတယ်။ အချစ်ရေးမှာရော သူ့ရဲ့ ရည်မှန်းချက် အိပ်မက်က ဘယ်လို အတားအဆီးဖြစ်လာမလဲ။ အဲ့ဒါက ဗစ်ကရမ်ရဲ့အကြောင်းပါပဲ ။ သူ့တာဝန်ထမ်းဆောင်ရတဲ့ နေမြေကတော့ အများသိတဲ့ စစ်သွေးကြွတို့ရဲ့ နယ်မြေ ကက်ရှ်မီးယားပါပဲ။ ကက်ရှ်မီးယားကို သူစတင်ရောက်စဉ်မကြာမီမှာပဲ ဒေသခံတွေနဲ့ ရင်းနီးသွားတယ်။ သတင်းပေးတွေရဲ့ သတင်းတွေအရ အကြမ်းဖက်သမားတွေကို ဘယ်လိုဖြိုခွင်းမလဲဆိုတာကိုလည်း စစ်ကားကောင်းတစ်ကားလို ကြည့်ရမှာပါ။ အချစ်လည်း ပါသလို၊ စစ်ရေးလည်း ပါတာမို့ ကြည့်ရတာ ကျေနပ်မိစေမှာပါ။ သူတို့တပ်ရင်းရဲ့ မြင်မြင်သမျှတွေဟာလည်း တကယ့်စစ်သားတွေလို စကားလုံးအသုံးအနှုန်းတွေကအစ သဘာဝကျလှပါတယ်။ ဒီလို ကားကောင်းတစ်ကားကို မိတ်ဆွေတို့ အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဪ မေ့လို့.. ရိုချင်တဲ့သူတွေအတွက်လည်း သီချင်းလေးက ကောင်းလွန်းလို့ စာတန်းထိုးပေးထားပါတယ်ဗျ။ File size…1.45GB and 2.18GB Quality…720p AMZN Web DL DDP5.1 and 180p WEB DL DD+5.1 Format…Mp4 Duration….2h 15mins Subtitle….Myanmar Subtitles (Hard Sub) Encoder…. YK Translated by Myint Thu & Nyi Koe Reviewed by Nyi Koe

Drama • Mystery • Sci-Fi & Fantasy
7.3 2021 135 mins
Shershaah
Rambo: Last Blood
6.5

ဒီကားကတော့ တိုက်ခိုက်ခန်းတွေနဲ့သတ်ဖြတ်ခန်းတွေ ရက်စက်တာမို့ R rated သတ်မှတ်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရမ်ဘိုကြီးဟာဗီယက်နမ်စစ်ပွဲ၊ မြန်မာစစ်ပွဲတွေ နွှဲခဲ့အပြီးမှာ အိမ်ကိုပြန်လာပြီး မိတ်ဆွေဟောင်း အမျိုးသမီးနဲ့သူ့ရဲ့မြေးလေး ဂေဘရီရယ်တို့ရဲ့ အိမ်မှာ အတူနေနေပါတယ်။ တစ်ရက်မှာ ဆယ်ကျော်သက်လေး ဂေဘရီရယ်ဟာမက္ကဆီကို ကိုခိုးထွက်ပြီး သူ့ကိုစွန့်ပစ်သွားတဲ့ဖခင်ဖြစ်သူကို လိုက်ရှာပါတော့တယ်။ အဲဒီအချိန်မှာ သူပြန်မလာနိုင်ဘဲလူမှောင်ခို ပြည့်တန်ဆာဂိုဏ်းလက်ထဲပါသွားတဲ့အခါမှာ အဘိုးကြီး ရမ်ဘိုတစ်ယောက်စွန့်စားခန်းတွေ ထပ်ဖွင့်ရပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…

Drama • War & Politics
6.5 2019 89 mins
Rambo: Last Blood
The Seven Deadly Sins: Grudge of Edinburgh Part 1
5.5

The Seven Deadly Sins: Grudge of Edinburgh Part 1 (2022) ========================================= ဟုတ်ပါတယ်။ Seven Deadly Sins fanတွေကြားမှာ အရမ်းပွဲထသွားခဲ့တဲ့ 2022တုန်းက Movie ပါ။ ဒါရိုက်တာနဲ့ စတူဒီယိုအပြောင်းအလဲကြောင့် fan တွေကြားမှာ Game Trailer လားလို့တောင် မေးယူရတဲ့အထိ Animation style ကြီးတစ်ခုလုံး ဝက်ဝက်ကွဲဖုန်ထသွားတဲ့ကားပါ။ Seven Deadly Sins က plot ပိုင်းကြောင့် Manga မှာအတန်အသင့်အောင်မြင်ပြီး ဖန်အသင့်အ တင့်လည်းရှိတဲ့ Anime series တစ်ခုပါ။ Grudge of Edinburghရဲ့ Animation style က 2D Japan Anime ကြည့်နေကျလူတွေရဲ့ မျက်စိထဲမှာတော့ နည်း နည်းတစ်မျိုးဖြစ်နေမယ်ဆိုပေမဲ့ အရင် 2Dလို့ စိတ်ထဲမထားဘဲ တခြားအသစ် တစ်ခုအနေနဲ့ မြင်ကြည့်ရင် အဆင်ပြေမယ်ထင်ပါတယ်။ SDSကို မကြည့်ဖူး သူတွေအနေနဲ့လည်း ဒီမူဗီကို ကြည့်လို့ရပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ Timeline ကတော့ ဒုစရိုက်(၇)ပါးရဲ့ခေါင်းဆောင် နဂါးဒေါသဒုစရိုက် Meliodasနဲ့ နတ်ဘုရားမမျိုးနွယ် တတိယမြောက် မင်းသမီး Elizabeth တို့ရဲ့သား Tristan Liones ခေတ်ပါ။ တစ်နေ့တော့ ဘုရင်မ Elizabeth ကျိန်စာအတိုက်ခံပြီး အဲ့ကျိန် စာကို ပယ်ဖျက်ဖို့ Tristanက အာရုံခံမိတဲ့အတိုင်း အရှေ့ဘက်ယွန်းယွန်းကို ခရီး ထွက်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ လိုက်ဖမ်းခံရလို့ ထွက်ပြေးနေတဲ့ ဘီလူးတွေ၊ နတ် သူငယ်တွေနဲ့တွေ့ပြီး ကယ်ပေးလိုက်ရာကနေ သူတို့ရဲ့ဦးတည်ရာကလည်း အရှေ့ ဘက်ဖြစ်နေလေတော့ အတူတူခရီးထွက်လာလိုက်ကြပါတယ်။ Part(1), Part (2) နှစ်ကားထွက်ထားပြီး နှစ်ကားလုံးတင်ဆက်ပေးသွားပါမယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.1 GB) / (587 MB) Quality…………WEB-DL 1080p / 720p Duration………52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator……Ngwe Zin Encoder……….Zin Phyo Aung

5.5 2022
The Seven Deadly Sins: Grudge of Edinburgh Part 1
After the Storm
5.4

After the Storm (2019) ဒီရုပ်ရှင်လေးထဲမှာတော့ သူတစ်ပါးကိုကူညီတတ်တဲ့ ကျောင်းဆရာမလေးနဲ့ တစ်နယ်တည်းသားချင်း နယ်ခံလက်သမားလေးတို့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကျေးလက်ရဲ့ အငွေ့အသက်၊ သာယာလှပမှုတို့ကိုပါ ပူးတွဲခံစားရမှာပဲဖြစ်ပါတယ်။ တစ်နေ့မှာ ကျေးလက်ဒေသလေးတစ်ခုဟာ သူတို့ရဲ့သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်လာခဲ့တဲ့ လေမုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး များပြားလှစွာသော အပျက်အစီးတွေကြားရောက်ခဲ့ရပါတယ်။ သေသူ‌ကသေ၊ ထိခိုက်ဒဏ်ရာရသူကရ၊ အိမ်ပြိုသူကပြိုနဲ့ အတော်လေးကိုကမောက်ကမဖြစ်နေတဲ့ အချိန်ကာလတစ်ခုဖြစ်နေခဲ့တယ်။ မုန်တိုင်းရဲ့ဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့သူတွေထဲမှာ လော်ရန်ဆိုတဲ့ကျောင်းဆရာမလေးတစ်ယောက်လည်း အပါအဝင်ဖြစ်တယ်။ လော်ရန်ဟာ ချောင်လည်တဲ့စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဒန်နဲ့စေ့စပ်ထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။ မုန်တိုင်းကျတဲ့အချိန်မှာ ဒန်ဟာ ဩစတေးလျကို အလုပ်ကိစ္စနဲ့ရောက်နေပြီး လော်ရန်ကတော့ ကိုယ့်အိမ်ကိုယ့်ရာရဲ့ တင်းကုပ်ထဲမှာရှိနေခဲ့တယ်။ မနက်မိုးလင်းထွက်အကြည့်မှာတော့ သူ‌တို့မိသားစုလက်ဆင့်ကမ်းခဲ့ကြတဲ့ သူ့ရဲ့အိမ်လေးဟာ ရာသီဥတုရဲ့ဆိုးရွားတဲ့ရိုက်ချက်မှာ အထိနာခဲ့တာကို တွေ့လိုက်ရပါတော့တယ်။ လော်ရန်ဟာ စိတ်ဓာတ်မကျပဲ နွေရာသီအားလပ်ချိန်လည်းဖြစ်တာကြောင့် သူ့အိမ်ကို သူကိုယ်တိုင်ပြန်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အဝေးရောက်သူတို့သားလောင်းရဲ့ သူ့နည်းသူ့ဟန်နဲ့ သူကောင်းမယ်ထင်သလို လော်ရန့်ကို ကူညီပေးလိုက်တာဟာ သူတို့ကြားကအချင်းချင်းနားလည်မှုနဲ့ ဆက်ဆံရေးအခြေအနေကို အလင်းပွင့်စေခဲ့တယ်။ တစ်ဖက်မှာတော့ လော်ရန်နဲ့ အတိတ်မှာဇယားလေးတွေရှိခဲ့ကြဖူးတဲ့ တစ်နယ်တည်းသား မောင်ကော်လင်းဟာ စိတ်ပါလက်ပါ ထဲထဲဝင်ဝင် ရပ်ကွက်‌ဒေသပြန်လည်ထူထောင်ရေး၊ ရှာဖွေကယ်ဆယ်ရှင်းလင်းရေးတို့မှာ အားတက်သရော ပါဝင်လှုပ်ရှားနေခဲ့တာဖြစ်တယ်။ လော်ရန် သူ့မိသားစုအိမ်ကိုပြန်ဆောက်တဲ့ကိစ္စမှာလည်း လော်ရန့်စိတ်သဘောကို သူနားလည်ပြီး သူကိုယ်တိုင် လူအင်အားဖြည့်ပေးမယ်လို့ စပြီး အကြိမ်ကြိ‌မ်ကမ်းလှမ်းခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ပြန်လည်ရင်းနှီးလာကြပြီး အရင်ကကျန်သေးတဲ့မီးပွားစလေးတွေ တောက်လောင်လာခဲ့တယ်။ ဆိုတော့ လော်ရန်တစ်‌ယောက် နောက်ဆုံးမှာ ဘယ်သူ့ကိုရွေးမှာလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကတော့ အားလုံးအတူ လိုက်ပါကြည့်ရှုလိုက်ကြရအောင်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 722MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 31Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

5.4 2019
After the Storm
Alchemy of the Spirit

2022 တုန်းကထွက်ရှိထားတဲ့ “စိတ်ဝိညာန်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပြောင်းလဲမှု” လို့အမည်ပေးထားတဲ့ Sci-fi ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ထူးထူးခြားခြား ဆုပေါင်း ၂၃ ခုအထိရရှိထားပါတယ်။ အော်လီဗာဘလက်ခ်လို့ အမည်ရတဲ့ ပန်းချီဆရာကြီးဟာ ချစ်မြတ်နိုးရတဲ့ ဇနီးဖြစ်သူအယ်ဗလင်းနဲ့ တစ်သက်လုံးလက်တွဲဖြတ်သန်းလာခဲ့သူတစ်ဦးပါ။ တစ်ရက်မှာတော့ အယ်ဗလင်းဟာ အိပ်စက်နေရင်း သေဆုံးသွားခဲ့ပြီး အော်လီဗာတစ်ယောက် အယ်ဗလင်းရဲ့ဘေးမှာ နိုးထလာခဲ့ပါတယ်။ အော်လီဗာဟာ အစကတော့ ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားဖို့ တွေးမိခဲ့ပေမဲ့ ဒီလိုလုပ်လိုက်ရင် သူနဲ့ သူချစ်ရတဲ့ဇနီးတို့ဟာ ထာ၀ရဝေးကွာသွားရတော့မှာကို သဘောပေါက်သွားပါတယ်။ အော်လီဗာဟာ ဇနီးသည်ရဲ့သေဆုံးမှုကို လက်မခံချင်ဘူး။ ဒီလိုလက်မခံထားမှသာ သူနဲ့ ဇနီးဖြစ်သူဟာ ဘယ်တော့မှမခွဲခွာရမှာ။မှော်ဆန်တဲ့ လက်တွေ့တည်ရှိမှုနဲ့အတူ အော်လီဗာဟာ ယုံကြည်မှုတွေရဲ့ မှားယွင်းနေတဲ့အတွေးကမ္ဘာကြီးထဲကို ရောက်ရှိသွားတယ်။ အိုလီဗာအတွက် အချိန်နဲ့ နေရာတို့ဟာ ရောယှက်သွားခဲ့ပြီး ဘယ်ဟာကအစစ်အမှန်လဲ ဘယ်ဟာက စိတ်ရဲ့လှည့်စားမှုလဲဆိုတာ ကွဲပြားအောင်ခွဲခြားဖို့အတွက် စတင်ခက်ခဲလာခဲ့တယ်။ ဒီလိုနဲ့ အော်လီဗာရဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အတွေးကမ္ဘာကြီးထဲကို အယ်ဗလင်းရောက်လာခဲ့တယ်။ အယ်ဗလင်းနဲ့ အော်လီဗာ စကားပြောကြတယ်၊ အယ်ဗလင်းက အော်လီဗာကိုထွေးပွေ့တယ်။ အော်လီဗာဟာ လက်တွေ့ကမ္ဘာနဲ့ အတွေးကမ္ဘာအကြား သေဆုံးသွားပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဆက်လက်ဆက်သွယ်နေရင်း ဖောက်သည်တစ်ယောက်အပ်ထားတဲ့ အနုပညာဖန်တီးမှုတစ်ခုကို ဆက်လက်ပြုလုပ်နေတယ်။ ဒီရုပ်ရှင်ဟာ သေခြင်းတရားအပေါ် မေးခွန်းထုတ်စေမယ်။ သေဆုံးပြီးသွားတဲ့အခါ နောက်ဘ၀ဆိုတာ ရှိမလား၊ ဘ၀ဆိုတာ သေဆုံးပြီးသွားတာနဲ့ ရပ်တန့်သွားပြီလား၊ စိတ်ကရော ဒါကိုဘယ်လိုလက်ခံလဲဆိုတဲ့ မေးခွန်းထုတ်စရာကိစ္စတွေကို အော်လီဗာနဲ့ အယ်ဗလင်းတို့အကြားက ချစ်ခြင်းသံ‌ယောဇဉ်ကို ထူးခြားတဲ့အရောင်တွေ၊ စကားလုံးလှလှတွေနဲ့ လွမ်းဆွေးဖွယ်ရာသီချင်းသံ‌တွေကို အသုံးပြုပြီး နူးညံ့ ဖြေးညင်းစွာ ပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ပျင်းစရာကောင်းပေမဲ့ တစ်ချိန်တည်းမှာ ကြည့်ရှုသူကို အတွေးကမ္ဘာထဲခေါ်ဆောင်သွားပေးမယ့် ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ… File size…(1 GB)/(436 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Alchemy of the Spirit
Art of War
5.9

ဉာဏ်များပြီး ရက်စက်တဲ့မူးယစ်ရာဇာကြီးနဲ့ အထူးသူလျှိုအဖွဲ့လေးတို့ကြားက ဗျူဟာချင်းပြိုင်ကြတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစိုးရအကြီးပိုင်းတွေကိုထိန်းချုပ်ထားပြီး ထင်ရာစိုင်းနေတဲ့မူးယစ်ရာဇာကြီးကို မြေအောက်သမ္မလို့တောင်ခေါ်ကြပါတယ်။ သူ့ရဲ့အာဏာကြီးတာကြောင့် သူကျူးလွန်ခဲ့တဲ့ရာချီတဲ့ပြစ်မှုတွေရှိပေမယ့် ရဲဘက်ကဘာမှမလုပ်နိုင်ခဲ့ပါဘူး။ တစ်နေ့မှာတော့ မူးယစ်ဆေးဖော်စပ်သူတစ်ယောက်ဟာ တရားရုံးမှာ သက်သေအဖြစ်ထွက်ဆိုဖို့သဘောတူလာတဲ့အတွက် မူးယစ်ရာဇာကိုဖြုတ်ချဖို့အခွင့်အရေးရလာပါတယ်။ ဒါပေမယ့်လဲ သက်သေကို တရားရုံးပေါ်မရောက်နိုင်အောင် အမျိုးမျိုးလုပ်ကြံခဲ့တဲ့အတွက် သက်သေရော စခန်းမှူးတစ်ယောက်ပါသေဆုံးသွားခဲ့တယ်။ သူတို့ကိုစောင့်ရှောက်ပြီးပို့ရတဲ့အဖွဲ့ဟာ ဒီအမှုရဲ့တရားခံအဖြစ်တရားစွဲခံရပြီး ထောင်ကျသွားခဲ့ပါတယ်။ ဒီအဖွဲ့လေးကိုသေဒဏ်ချမှတ်ခံရတဲ့အခါ ဒီလိုပဲ လည်စင်းပြီးခံကြရတော့မှာလား…… မခံချင်စိတ်တွေနဲ့ ထောင်ကထွက်ပြေးလာပြီး ဒီအမှုနောက်ဆက်လိုက်တော့ မထင်ထားတဲ့ အဖြေတွေကိုရှာတွေ့သွားကြတဲ့အခါ……

5.9 2024
Art of War
The Ministry of Ungentlemanly Warfare
7.3

The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို ၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာ လာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံး သေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။ သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာ ဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီး ဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့ တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်း အဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။ တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက် ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ကြည့်ရမှာပါ။ ဒါရိုက်တာကတော့ တလောလေးကပဲ Gentlemen စီးရီးနဲ့ အားလုံးကို အစွမ်းပြထားတဲ့ Guy Ritchie ပါပဲ။ မင်းသားတွေကတော့ စူပါမန်းကြီး Henry Cavill နဲ့ ဂျက်ရိချာကြီး Alan Ritchson တို့ပါပဲ။ ဟင်နရီ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် ဗိုလ်မှူး ဂပ်စ် ဟာဆိုရင် အပြင်မှာတကယ်ရှိတဲ့သူဖြစ်ပြီး ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ရဲ့ မြစ်ဖျားခံရာ မူလ စစ်ပြန်သူရဲကောင်းလို့တောင် သမုတ်ကြပါတယ်။ ဒီလောက်ကောင်းတဲ့ကားကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။ File size… (4.1 GB)/ 1.8 GB / 848 MB Quality… Web-DL 4K HEVC/1080p / 720p Format… mp4 Duration…. 2h Genre ….. Action/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr.Anderson

7.3 2024 120 mins
The Ministry of Ungentlemanly Warfare
Sweet Dreams
5.4

Sweet Dreams (2024) ================ IMDb – 5.4/10 လမ်းမှားရောက်နေတဲ့သူအားလုံးဟာ အရင်တစ်ချိန်က ကောင်း ကောင်းမွန်မွန်ဘ၀ကို ပြန်ရဖို့ အိမ်မက်လှလှလေးမက်မိတာ သ ဘာ၀ပါပဲ။ မော်ရစ် တစ်ယောက်ဟာ အရက်စွဲနေတာကြောင့် မူးယစ်ဆေးဖြတ်တဲ့သူတွေစုနေတဲ့ Sweet Dreams ဆိုတဲ့ ဂေ ဟာကိုရောက်လာပါတယ်။ ဂေဟာမှာက မူးယစ်သေစာအမျိုး မျိုးစွဲလမ်းနေတဲ့ လူတန်းစားအမျိုးမျိုးရှိနေပြီး ရောက်ခါစမှာ တော့ မော်ရစ် တစ်ယောက် လိုက်လျောညီထွေစွာနေနိုင်ဖို့ရုန်း ကန်ရပါတယ်။ သူတို့တွေဟာ အပျော်တမ်း ဆော့ဖ်ဘောကစားကြလေ့ရှိပြီး တစ်နေ့မှာတော့ ဂေဟာရဲ့ငွေကြေးအခက်အခဲကြောင့် ဒေါ်လာ ရှစ်သောင်းရရှိမယ့် ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ကြပါတယ်။ အဲဒီအခါ မှာတော့ မော်ရစ် ဟာ မထင်မှတ်ဘဲ သူတို့ဂေဟာရဲ့ ဆော့ဖ် ဘောအသင်းကို နည်းပြလုပ်လိုက်ရပါတယ်။ အားကစားကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တဖြည်းဖြည်းနဲ့ နားလည်မှု၊ နွေးထွေးမှုတွေရှိလာကြပုံတွေ… မော်ရစ်တစ်ယောက်သူချစ်ရတဲ့ သမီးလေးနဲ့ ပြန်တွေ့ရဖို့နဲ့ သူ့ရဲ့အရင်အောင်မြင်ခဲ့တဲ့ဘ၀ကို ရရှိဖို့ ပြန်လည်ကြိုးစားပုံတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(2.16 GB) / (920 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Sport Translator…….Theo Katt Encoder……….SWM

Crime • Thriller • Drama
5.4 2024
Sweet Dreams
Twitches Too
5.7

ဒီဇာတ်ကား က​တော့ Coventry လို့​ခေါ်တဲ့​မှော်တိုင်းပြည်မှာရှိတဲ့ Alex နဲ့ Camryn လို့​ခေါ်တဲ့ အမွှာစုန်းမနှစ်​ယောက်ရဲ့ ​မှော်စွန့်စားခန်းပဲဖြစ်ပါတယ်။ သူတို့နှစ်​ယောက်ဟာ လွန်ခဲ့တဲ့ ၂၁နှစ်ကနှိမ်နင်းခဲ့တဲ့ အ​မှောင် စွမ်းအား​တွေပြန်လည်နိုးထဖို့ကြိုးစားလာတဲ့အချိန် ဘယ်လိုတားဆီးကြမလဲကိုကြည့်ရှု့ရမှာဖြစ်ပါတယ်။ အမွှာနှစ်​ယောက်ရဲ့ အလွဲအ​ချော်​တွေ ငြင်းခုံမှု​တွေကို ရယ်စရာအ​နေနဲ့မြင်ရမယ့်အပြင် သူတို့ရဲ့ မှော်စွမ်းအား​တွေကိုထိန်းနိုင်​အောင်ဘယ်လို​လေ့ကျင့်ကြမလဲဆိုတာကို ကြည့်ရှု့ကြပါဦးခင်ဗျာ။ File Size : 2.2 GB, 930 MB Quality : WEB-DL 1080p / 720p Running Time : 1hr 23min Format : Mp4 Genre : Drama,Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Jack Encode by : Thit San Khant

5.7 2007 83 mins
Twitches Too
Mudo Kannu
4.6

Mudo Kannu (2024) “သွေးပျက်စရာ မှုခင်း” တေလဂူး မှုခင်းရုပ်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ဇာတ်လမ်းအစမှာ သတင်းသမားတစ်ယောက်က အငြိမ်းစားရဲအရာရှိကို အင်တာဗျူးရာကနေ စထားပါတယ် ရဲအရာရှိကြီးရဲ့ ရဲလုပ်သက်တစ်လျှောက်လုံးမှာ မမေ့နိုင်တဲ့ မှုခင်းဖြစ်ရပ်တွေရှိနေပါတယ် အဲဒီထဲကတစ်ခုကတော့ ကလေးနှစ်ယောက်ကို သတ်ပြီး အလောင်းနဲ့ထွက်ပြေးသွားတဲ့ ဖခင်တစ်ယောက်အမှုပါပဲ ဒီဖြစ်စဉ်မှာ အိမ်မွေးခွေးလေးတစ်ကောင် ကလေးနှစ်ယောက်ကို ကိုက်မိတာကနေစလို့ ဘယ်လိုအခြေအနေထိ ရောက်သွားခဲ့လဲ ရက်ရက်စက်စက် လူသတ်မှုကရော ဘယ်လိုအကြောင်းရင်းကြောင့်များလဲ…။ နောက်ထပ် ရာဇဝတ်မှုခင်းတွေကရော ဘာတွေလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ Yunni တို့မှ ဖြစ်ပါတယ်

Drama • Comedy
4.6 2024 99 mins
Mudo Kannu
Amala

Amala (2024) နက်နဲသောပုံရိပ်များ တစ်မြို့လုံးကို တုန်လှုပ်စေခဲ့တဲ့ လူသ-တ်မှု သ-တ်ပုံသ-တ်နည်းက ကြ-မ်းတမ်းပြီး မိန်းကလေးတွေကို အဓိကထားသ-တ်တဲ့ စိတ္တဇလူသ-တ်မှုပေါ့ စုံစမ်းရေးသမားတွေကတော့ ဒီနောက်ကွယ်မှာ စိတ္တဇတရားခံရှိတယ်လို့ သံသယဝင်နေပါတယ် ဒါကိုဖော်ထုတ်ဖို့ တာဝန်ပေးခံရတာကတော့ ACP အက်ခ်ဘာပါပဲ စုံစမ်းရသလောက်သိလာရတာတော့ လူမနေတဲ့တောနက်ကြီးထဲမှာ မိန်းကလေး ၂ယောက် နေနေကြပါတယ် ဒီ ၂ယောက်နဲ့ မြို့ထဲကလူသတ်မှုတွေက ဘယ်လိုပတ်သက်နေမလဲ စုံစမ်းထောက်လှမ်းမှုများသည် လူသတ်သမားရဲ့ ငယ်ဘဝဇာတ်ကြောင်းဆီသို့ ဦးတည်သွားပြီး စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေ ငယ်စဉ်က ခံစားတွေ့ကြုံခဲ့တာတွေပေါ် အစချီပြီး ဇာတ်လမ်းက ဘာဖြစ်သွားမလဲဆိုတာကိုတော့…. ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ပဲဖြစ်ပါတယ် )

Drama
0 2024
Amala