YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Big.World.2024.720p.(CM).mp4

944.74 MB N/A video/mp4 1185 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hows of Us
6.5

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်... ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး... IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she's dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး..... ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် ! George က Primoကို မြင်တည်းက ကြည့်မရဘူး...ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်... မိသားစုက သူ့ကိုချစ်ကြတယ်...အဖွားဖြစ်သူက Primoကို အသည်းစွဲ...နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်... အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်...ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်... နေ့ရက်တိုင်းဟာ ပျော်စရာပဲ...ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်...သူတို့ ဝေးခဲ့ကြတယ်... အရာရာဟာ နေသားမကျခြင်းတွေနဲ့...အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်... Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့... ဒါပေမဲ့ Georgeက သူ့ကိုစိတ်နာနေတုန်းပဲ... သူ့ကိုစိတ်နာနေတဲ့ George စိတ်ပြန်ပြေပြီး ပြန်ချစ်လာဖို့... သူကတိပေးခဲ့ဖူးပြီး Georgeအရမ်းသွားချင်ခဲ့တဲ့နေရာလေးတစ်ခုကို လိုက်ပို့ပေးနိုင်ဖို့... Georgeတို့မောင်နှမနှစ်ယောက် အရမ်းတွေ့ချင်နေတဲ့အဖေကိုတွေ့အောင်ရှာပေးနိုင်ဖို့ Primo စွမ်းနိုင်မှာလား... သူ့ရဲ့အချစ်တွေကိုရော သက်သေပြနိုင်မှာလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး... အများကြီးပြောရင် ကြည့်ရပေါ့မှာစိုးလို့ ဒီလောက်လေးပဲပြောပါရစေ... ဇာတ်သိမ်းက အသက်မို့ ငိုတတ်တယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့အကြံပေးချင်ပါတယ်.............................. အခက်အခဲလေးတွေရှိမှအကောက်အကွေ့ဆိုတာလေးတွေရှိမှ အချစ်က ပိုပြည့်စုံသတဲ့... အချစ်စစ်တို့မည်သည် မဖြောင့်ဖြူးစတမ်းလို့ ဆိုကြတယ်မဟုတ်ပါလား... တကယ်တော့ ဒါဟာ စမ်းသပ်မှုတွေလည်းဖြစ်နိုင်ပါတယ်...ဒီလူတစ်ယောက်အပေါ် ကိုယ်ဘယ်လောက်အထိချစ်နိုင်လဲ ? ဘယ်လောက်အထိ နားလည်နိုင်လဲ ? ဘယ်လောက်အထိ သည်းခံခွင့်လွှတ်ပေးနိုင်လဲ စသည်ဖြင့်ပေါ့..... တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါသူ့ရဲ့နှလုံးသားကိုပဲ ချစ်ပါ... ကျန်တဲ့အပေါ်ယံတွေကို မေ့ထားပါ... ချမ်းသာတာ ဆင်းရဲတာရုပ်ဆိုးတာ ရုပ်လှတာအောင်မြင်တာ မအောင်မြင်တာစတဲ့အချစ်လောက် အရေးမကြီးတဲ့အရာတွေကို ခဏမေ့ထားပါ... သူဟာ မင်းရဲ့လက်ဝဲဘက်အခြမ်းဆိုတာသေချာပြီလားသူ မင်းအပေါ်ထားတဲ့အချစ် စစ်မှန်တယ်လို့ခံစားရလား သူနဲ့အတူရှိနေရင် မင်းအတွက်အရာရာပြည့်စုံတယ်လို့ခံစားရလား ဒါဆို မင်းအတွက် ဘာလိုဦးမလဲ ? မင်းကိုတကယ်ချစ်တဲ့နှလုံးသားတစ်စုံဟာတစ်ဘဝလုံးစာမင်း နာကျင်အောင် ဘယ်တော့မှမလုပ်ပါဘူး .....။ (ရုပ်ရှင်အညွှန်းကို အောင်ဇင်ဖြိုးမှရေးသားထားပြီး ဘာသာပြန်ကိုတော့ ခင်ပြည့်စုံကျော် မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/48  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.4 GB)/(1.1 GB) Quality…WEB-DL AMZ 1080p / 720p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Khin Pyae Sone Kyaw

Action • Adventure • History • War
6.5 2018 117 mins
The Hows of Us
Dead Bride
4.9

(1080p ရပါပြီ) Insidious လို ထိတ်လန့်စရာ သရဲကားတွေကို နှစ်ခြိုက်ရင် ဒီကားက သင့်အတွက်ပါပဲ။ အဓိက ဇာတ်ကောင်ကတော့ အယ်လီဆန်ဆိုတဲ့အမျိုးသမီးဖြစ်ပြီး သူ့အဖေဖြစ်သူဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားတာကြောင့် သူတို့မိသားစု ငယ်ငယ်က နေခဲ့တဲ့အိမ်ကြီးကို ခင်ပွန်းဖြစ်သူရယ် သားငယ်လေးရယ်နဲ့အတူ ပြောင်းလာခဲ့ပါတယ်။ ငယ်စဉ်တည်းက အိပ်မက်ဆိုးတွေ မက်တတ်တဲ့ အယ်လီဆန်တစ်ယောက် အဲဒီအိမ်ကြီးကို ပြန်ရောက်ပြီးကာမှ အခြေအနေပိုဆိုးလာပါတယ်။ ခင်ပွန်းဖြစ်သူကိုပြောပြပေမယ့်အလုပ်မအားတာကြောင့် သူ့ကို ဆေးသောက်ဖို့သာ မှာပြီး ခပ်ပေါ့ပေါ့ပဲနေပါတယ်။ တစ်ညမှာ သူ့အဖေရဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို တွေ့သွားရာကနေ သူတို့မိသားစုရဲ့ ကြောက်မက်ဖွယ်ရာ နောက်ကြောင်းက ပေါ်လာတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။) File Size          : 389MB, 214MB Quality            : 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 23mins Genre              : Horror, Thriller Translated by May Myat Thu Encoded by Kinnov

Comedy • Drama
4.9 2022 83 mins
Dead Bride
Space Wars: Quest for the Deepstar

၂၉၈၀ ခုနှစ်မှာသေခြင်းတရားဆိုတာက အဆုံးသတ်မဟုတ်တော့ပါဘူး။ လူတစ်ယောက်ယောက်သေဆုံးသွားရင် အလောင်းဆီကနေအဆီအနှစ် လို့ခေါ်တဲ့ဝိဉာဉ်ကိုထုတ်ယူပြီး တော့စက်ရုပ်နဲ့လူနဲ့မျိုးစပ်ထားတဲ့ခန္ဓာကိုယ် တစ်ခုမှာအသက်ပြန်သွင်းပေးလို့ရပါတယ်။ ပြဿနာတစ်ခုရှိတာကအဲ့ဒီလိုလုပ်ဖို့ကအဆမတန်ကိုဈေးကြီးနေတာပါပဲ။ ကစ်ပ်ဆိုတဲ့လူတစ်ယောက်ကဆုံးပါးသွားပေမဲ့ အဆီအနှစ်ထုတ်ယူထားတဲ့ သူ့မိန်းမကိုပြန်ခေါ်နိုင်ဖို့အတွက်သမီးဖြစ်သူတေလာနဲ့ကြိုးစားနေတဲ့ လူပဲဖြစ်ပါတယ်။ဒါပေမယ့်အဆမတန်ဈေးကြီးတဲ့အတွက်သူတို့တွေက အဖိုးတန်ပစ္စည်းတွေကို ခိုးယူရောင်းစားပြီးတော့ အဲ့ဒီအတွက်ပိုက်ဆံစု ဆောင်းနေရတာပဲဖြစ်ပါတယ်။တစ်နေ့မှာတော့သူတို့ဆီကိုဒိစတားလို့ ခေါ်တဲ့တန်ဖိုးကြီးယာဉ်ပျံပျက်ကြီး တစ်စီးကိုရှာဖွေဖို့အခွင့်အရေးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ဒါပေမယ့်လဲတန်ဖိုးကြီးတဲ့ အရာဆိုတော့ အဲ့ဒီနောက်ကိုလိုက်နေတာသူတို့တင်မကပဲတခြားတစ်ဖွဲ့လဲ ရှိနေပါသေးတယ်။ ဒီလိုနဲ့သူတို့သားအဖနှစ်ယောက် အခက်အခဲတွေကို ကျော်ဖြတ်ရင်းအဲ့ဒီဒိစတားဆိုတဲ့ယာဉ်ပျံကြီးကိုရှာတွေ့သွားကြမလား။ ကစ်ပ်ရဲ့ဇနီးဖြစ်သူတေလာရဲ့အမေကိုရောပြန်ခေါ်နိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.39GB / 573MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 30m Genre ….. Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023 90 mins
Space Wars: Quest for the Deepstar
King of Kotha
6.6

King Of Kotha (2023) IMDb – 6.6/10 အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်‌‌ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ် ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ် ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ….. ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်က‌တော့ ToMo, Zwe, Alex, BpL, Dee တို့ပဲ ဖြစ်ပါတယ်)

6.6 2023
King of Kotha
A Really Haunted Loud House
6.4

A Really Haunted Loud House (2023) =========================== October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။ The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။ အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ အပြင် ဆယ်ယောက် ပေါင်းလောင်းကျော်တတ်တဲ့ ညီအစ်မတစ်သိုက်ကလည်း ပါဝင်အားဖြည့်ကူညီ ပေးထားပါသေးတယ်။ ပိတ်ရက်ကို အိမ်မှာ အေးဆေးအနားယူရင်း မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.51 GB) / (629 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 12Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Family Translator……May Thet Khine Soe Encoder……….SWM

6.4 2023 72 mins
A Really Haunted Loud House
Woman at War
7.4

ဇာတ်လမ်းလေးကတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ဖို့အတွက် တစ်ကိုယ်တည်းတိုက်ပွဲဝင်ခဲ့ အမျိုးသမီးတစ်ဦးရဲ့စစ်ပွဲကို သရုပ်ဖော်ထားတဲ့ အိုင်စလန် မူဗီလေးပါပဲ…။ ဇာတ်လမ်းကျောရိုးလေးက အဓိပ္ပာယ်ရှိသလို၊ အိုင်စလန်ရှုခင်းလှလှတွေပါ ရိုက်ကူးပြထားပြီး ဆုတံဆိပ်တွေလည်းအများကြီးရရှိခဲ့တာဇာတ်လမ်းလေးပါ…။ အဲ့ဒီဒေသမှာတော့ သူ့ကို တောင်ပေါ်အမျိုးသမီးလို့သိကြတယ်ဗျ…။ ဘာလို့ဆို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စက်မှုလုပ်ငန်းတွေ မလည်ပတ်နိုင်အောင် တောင်ပေါ်တက်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်တောက်ပစ်လို့ပါပဲ…။ သူ့ရဲ့ခံယူချက်ကတော့ ကမ္ဘာတစ်ဝန်းစက်မှုလုပ်ငန်းများတွင်ကျယ်ပြန့်လာခြင်းဟာ ကမ္ဘာကြီးပူနွေးလာအောင်လုပ်တာ… လူသားမျိုးနွယ်အနေနဲ့ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုဖြစ်ပြီး ဒီမိုကရေစီကလည်း မကယ်တင်နိုင်တဲ့ကိစ္စမျိုးပါတဲ့….။ အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးက သူချစ်တဲ့ မိခင်သဘာဝကြီးကိုကာကွယ်ဖို့ဘာတွေပေးဆပ်တိုက်ပွဲဝင်ခဲ့သလဲဆိုတာကို အိုင်စလန်ရှုခင်းလှလှတွေကြားမှာ မြင်တွေ့ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်…။ File size…1.38GB / 633MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Comedy • Science Fiction
7.4 2018
Woman at War
Do the World Darts 3
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက သုံးကားမြောက်ဖြစ်ပါတယ် အရှေ့ ၂ကား ကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာတစ်ယောက်ရှိတယ်ဆိုတဲ့ သတင်းဟာ မြို့တော်တစ်ခုလုံးမှာ သတင်းပျံ့နှံ့နေပါတယ်။ လူတွေကလည်း အဲဒီအကြောင်းအတွက် သိချင်စိတ်တွေ ပြင်းပြနေပါတယ်။ တစ်နေ့မှာ ထုံးကျိုးခရိုင်က သူဌေးကြီးလျိုတာ့ဖုန်က အိမ်တော်ထိန်းတုကို ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာကို အလုပ်အပ်ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။ အိမ်တော်ထိန်းတု ပြောပုံအရတော့ လျိုတာ့ဖုန်က စီးပွားရေးလုပ်ငန်းကြောင့် အမြဲတမ်း ခရီးထွက်နေရတဲ့အတွက်၊ အခုတစ်လော အိမ်မှာလည်း ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေတဲ့အတွက် အသက်ကြီးပြီဖြစ်တဲ့ လျိုတာ့ဖုန်ရဲ့ အမေက သရဲခြောက်တယ်လို့ သံသယဖြစ်နေတယ်တဲ့။ လျိုတာ့ဖုန်က သရဲရှိတာကို မယုံပေမဲ့ အမေနဲ့ ဇနီးကို နှစ်သိမ့်ပေးဖို့အတွက် အိမ်ကို ကာကွယ်ဖို့ အမျိုးသမီးဆရာတစ်ယောက်ကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှန်ဖေးယန့်ကလည်း လက်ခံခဲ့ပါတယ်။ သူ လျိုအိမ်ကို မရောက်ခင်မှာပဲ ဝိညာဉ်လို ဝတ်စုံဖြူနဲ့ လူတစ်ယောက်က သူ့ကို အပိုတွေ ဝင်မပါဖို့ သတိပေးခဲ့ပါသတဲ့။ လျိုအိမ်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးက ဘာဖြစ်လိမ့်မလဲ…… ဝတ်စုံဖြူနဲ့လူကရော တကယ် သရဲလား။ သူကရော ဘာအတွက်ကြောင့် ဖေးယန့်ကို လိုက်နှောင့်ယှက်နေလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2007
Do the World Darts 3
No Escape
6.8

No Escape (2015) IMDb Rating (6.7) / Rotten Tomatoes (48%) မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့… အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်… သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်… ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်… ဒါပေမယ့် အဲ့ဒီ့သောင်းကျန်းသူတွေက အမေရိကန်နိုင်ငံသားတိုင်းကို သတ်ဖြတ်နေရတာနဲ့နောက်ကွယ်က အကြောင်းအရာကဘာလဲ….. ဂျက်တို့ကိုယ်တိုင်ဒီပြသနာထဲဘယ်လိုရောက်နေလဲ….ကလေးတွေမိန်းမတွေနဲ့သူတို့မိသားစုဘယ်လိုလွတ်အောင်ပြေးကြရမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာဖြစ်ပါတယ်။

6.8 2015 103 mins
No Escape
Baaria
6.9

Baaria (2009) Genre – Comedy, Drama IMDb Rating (6.9) ဘာဂါရီယာဆိုတဲ့ အီတလီမြို့ငယ်လေးက လူတစ်ယောက်အကြောင်းကို ကလေးဘဝ လူငယ်ဘဝ လူကြီးဘဝ စသဖြင့် ခေတ်အဆက်အဆက် ပြောင်းလဲလာပုံနဲ့အတူ မျိုးရိုး ၃ ဆက်လောက်ကို ရိုက်ကူးတင်ဆက်ထားတဲ့ အီတလီ ဒရမ်မာကားလေး ဖြစ်ပါတယ်။ ဒါရိုက်တာ Giuseppe Tornatore ကိုယ်တိုင်ကလည်း အဲဒီမြို့လေးမှာ မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ကားတွေဆို ဆယ်ကျော်သက်လေးက အိမ်ပြောင်းလာတဲ့ မမချော Monica Belluci ကို အပေါက်လေးထဲကနေ ချောင်းကြည့် စိတ်ကူးယဉ်တဲ့ Malena ကို လူသိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ပက်ပီနိုတိုရာနိုဗာဆိုတဲ့ လူအကြောင်းကို အသေးစိတ် ရိုက်ကူးထားတာပါ။ ကလေးဘဝမှာဆို ခေတ်အခြေအနေအရ စာသင်ရတာပျင်းတာ ကြုံရာအလုပ်ကို ဝင်လုပ်ပြီး ကလေးဘဝလေးကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြသထားတာပါ။ လူငယ်ဘဝရောက်တော့ စစ်ပွဲကာလ ကျော်ဖြတ်ရတာတွေ လူငယ်သဘာဝအလျောက် ရည်းစားချစ်သူ ထားတာတွေ မိန်းမလိုချင်တာတွေ တခြားနိုင်ငံရေးလောကထဲ ဝင်ရောက်မိတာတွေကို ပြသထားပါတယ်။ လူကြီးကာလမှာတော့ ကလေးတွေအများကြီးနဲ့ အိမ်ထောင်သည်တစ်ယောက် ဖြစ်တဲ့အပြင် နိုင်ငံရေးလောကမှာ ဘယ်လိုတွေ ရုန်းကန်ရပြီး မိသားစုဘဝကိုလည်း ဘယ်လို ဟန်ချက်ညီအောင်နေရတာတွေ စသဖြင့် ဒီလိုမျိုး မျိုးရိုး ၃ ဆက်စာ အတွေ့အကြုံတွေကို ခေတ်အလိုက် ပြန်ပြီး စိတ်ကူးထဲပုံဖော် မြင်လာအောင် ကြိုးစားရိုက်ကူးပြထားတဲ့ အီတလီရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thura Aung မှ တင်ဆက်ထားပါတယ်။)

6.9 2009 160 mins
Baaria
Novitiate
6.7

Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 665MB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2017 123 mins
Novitiate
The Way We Speak
6.3

The Way We Speak (2024) IMDb Rating (6.3) / Rotten Tomatoes (94%) နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆိုင်မွန်ဟာရစ်ဆန်က နောက်ဆုံးမှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဂျော့နဲ့ စကားရည်လုပွဲမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရတော့မှာ ဖြစ်တယ်။ ဂျော့က ကျန်းမာရေးအခြေအနေကြောင့် ဒီပြိုင်ပွဲကို ဆက်လက်မယှဉ်ပြိုင်နိုင်ခဲ့ချိန်မှာ သူ့နေရာမှာ ဆာရပ်ဆိုတဲ့ ခရစ်စယာန် စာရေးဆရာမတစ်ယောက်နဲ့ အစားထိုးစေခဲ့တယ်။ စတိတ်စင်ပေါ်မှာ တည်ငြိမ်တဲ့ပုံစံပေါက်နေတဲ့ဆိုင်မွန်ဟာ တကယ်တမ်းတော့ စိတ်မတည်ငြိမ်နိုင်ဘဲ ကင်ဆာရောဂါခံစားနေရတဲ့ မိန်းမဖြစ်သူနဲ့ အခြေအနေတွေ တင်းမာနေခဲ့သူပါ။ သူ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်၊ မိန်းမဖြစ်သူကို စိုးရိမ်ပူပန်တဲ့စိတ်၊ သူ့ရဲ့ အလုပ်ရည်မှန်းချက်တွေ ပျက်စီးသွားမလားဆိုတဲ့ ပူပင်သောကပေါင်းများစွာနဲ့ ဆိုင်မွန်ဟာ သူ့ပြိုင်ဘက်ဆာရပ်ကို ပြိုင်ဘက်တစ်ယောက်အဖြစ် မမြင်တော့ဘဲ ရန်သူတစ်ယောက်အနေနဲ့ မြင်ယောင်လာခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ? ဘယ်လောက်ပဲစံနမူနာထားစရာလူတစ်ယောက်ဖြစ်နေပါစေ လက်တွေ့မှာ တစ်ကိုယ်ကောင်းဆန်မှုတွေ မစဉ်းစားမဆင်ခြင်ဘဲ လုပ်လိုက်မိတဲ့အရာတွေဆိုတာ ရှိလာနိုင်တယ်ဆိုတဲ့အချက်ကို ကောင်းကောင်းရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မျက်ရည်လွယ်သူတွေက တစ်ရှူးဆောင်ပြီး ကြည့်ရမယ့် စိတ်ခံစားမှုကို အပြည့်အဝပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ စောင့်ကြည့်ပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.1 GB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Comedy • Drama
6.3 2024 87 mins
The Way We Speak
The Straight Story

ဒီရုပ်ရှင်ကားက သူ့ နာမည်အတိုင်းပဲ Alvin Straight ဆိုတဲ့ စစ်ပြန်အဖိုးကြီး အကြောင်း ရိုက်ထားတာပါ။ သိပ်မကြာသေးခင်က ဆုံးပါးသွားတဲ့ ဒါရိုက်တာကြီး David Lynch ရဲ့ လက်ရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Alvin Straight က အသက် ၇၀ကျော် ခေါင်းတအားမာပြီး လုပ်ချင်တာ ဇွတ်လုပ်တဲ့ အဖိုးကြီးပါ။ သူက Roseလို့ခေါ်တဲ့ သမီးတစ်ယောက်နဲ့ အတူ နေပါတယ်။ တစ်ရက်သူ့ဆီကို Wisconson မှာနေတဲ့ ညီဖြစ်သူက လေဖြတ်သွားပြီ ဆိုပြီး တူ ဖြစ်သူက အကြောင်းကြားလာပါတယ်။ Alvin နဲ့ Lyle တို့ ညီအစ်ကိုက ရန်ဖြစ်ပြီး စကားမပြောတာ ၁၀ စုနှစ် တစ်ခုရှိပါပြီ။ သူ့ညီ သတင်းကြားတာနဲ့ Alvin က သူ့အိမ်က မြက်ရိတ်စက်ကြီးကို နောက်တွဲတစ်ခု ဆွဲပြီး သူ့ညီဆီခရီးထွက်ဖို့ပြင်ပါတော့တယ်။ သူကိုယ်တိုင် ကျန်းမာရေးမကောင်းတာကြောင့် သမီးဖြစ်သူက တားပေမယ့် လက်မခံပဲ ဇွတ်တရွတ် ထွက်သွားတာပါ။ လမ်းမှာ ညဘက်တွေ လယ်ကွင်းထဲ စခန်းချပြီး နောက်တွဲထဲ အိပ်ပါတယ်။ သူနေတဲ့ Iowa ကနေ သူ့ညီနေတဲ့ Wisconsin ကို ၃၁၇မိုင် အကွာအဝေးရှိပါတယ်။ Alvin ရဲ့ ခရီးတစ်လျှောက်မှာ အမေရိကန် ကျေးလက် ရှုခင်းတွေကိုလည်း လှလှပပ မြင်တွေ့ရမှာပါ။ File size…(1.8 GB)/(961 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by leonie

Drama • Romance
0 1999
The Straight Story