YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Beyond.the.Star.S01E05.1080p.CM.mp4

516.33 MB N/A video/mp4 11 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Cases of Mystery Lane
6.2

ဒီ ‘The Cases of Mystery Lane’ ရုပ်ရှင်လေးကတော့ ၂၀၂၃ အစောပိုင်းမှာတင် ထွက်ရှိခဲ့တဲ့Crime/Thriller/Detective/Murder Mystery အမျိုးအစားပဲ ဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းဆိုပေမယ့်လည်းလေးလေးပင်ပင်ရှိမနေပဲ အားလပ်ချိန်တွေမှာ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ TV Movie အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - Birdie နဲ့ Alden လင်မယားနှစ်ယောက်ဟာ လျှို့ဝှက်ချက်တွေ ကိုယ်စီရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းလည်းမရှိကြတဲ့ လင်မယားတွေ ဖြစ်ကြပါတယ်။ Birdie ကတော့ အလုပ်ရှင်အမေဖြစ်သူရဲ့ ဖိအားတွေအောက်မှာ အိမ်ခြံမြေရှေ့နေလုပ်ငန်း လုပ်နေသူဖြစ်ပါတယ်။Alden ကလည်း အလွတ်စုံထောက်ဖြစ်သင်တန်းကို မိန်းမဖြစ်သူမသိအောင် ခိုးတက်နေခဲ့ရာမှ လူသတ်မှုတစ်ခုထဲမှာ ပါဝင်ပတ်သက်မိခဲ့တဲ့အခါမှာတော့… မိန်းမဖြစ်သူ Birdie ကလည်း ထိုလူသတ်မှုနဲ့ မကင်းမရှင်း ဖြစ်နေခဲ့တဲ့အခါမှာရော… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး စိတ်ဝင်တစား ကြည့်ရှုခံစားရအောင် တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ File size…(1.5 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Drama, Mystery, Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M

Comedy • Romance
6.2 2023 84 mins
The Cases of Mystery Lane
Anthropoid
7.1

၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့် ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။ အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါက အိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာ အသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။ သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။ နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။ လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။ လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့ မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။ File Size :(3.8GB) and (1.1GB) Quality : WEB-DL1080p, 720p Format…mp4 Duration…02:00:00 Genre : Action ,Biography ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7.1 2016 120 mins
Anthropoid
Lighting Up the Stars
6.9

IMDb Rating - 7.3/10 သံယောဇဉ်ဆိုတဲ့ဆွဲအား၊ ချစ်ခြင်းမေတ္တာရဲ့အင်အားက ဘယ်လောက်တောင် ကြီးမားလဲဆိုရင် လူဆိုးကိုလည်း လူကောင်းဖြစ်သွားစေနိုင်သလို ကြမ်းတမ်းတဲ့ လူကိုလည်း နူးညံ့တဲ့ပန်းလေးတစ်ပွင့် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီတစ်ခါလည်း CM ပရိတ်သတ်ကြီးကို မျက်ရည်ဝဲစေမယ့် ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ထူးထူးခြားခြား ဒီကားလေးက သုဘရာဇာလုပ်ငန်းကိုလုပ်ကိုင်တဲ့ လောင်စန်း အကြောင်း ရိုက်ကူးထားတာပါ။ လောင်စန်းက ထောင်ထွက်တစ်ယောက် ပြီးတော့ အဖေ့အိမ်ကို အမွေလိုချင်လို့ သုဘရာဇာလုပ်ငန်းကို လုပ်နေရတာပါ။ လူသေတွေနဲ့ ပိုက်ဆံရှာတယ်ဆိုပြီးတော့ အားလုံးကလှောင်ကြတဲ့အပြင် ကောင်မလေး ကလည်း စွန့်ပစ်သွားလို့ ပူလောင်နေတုန်းမှာ ရှောင်ဝန်ဆိုတဲ့ကလေးမလေးတစ်ယောက် အိမ်ရှေ့ရောက်လာပါတယ်။ ရှောင်ဝန်ဆိုတာ မနေ့ကအသုဘပွဲလုပ်ပေးလိုက်တဲ့အဘွားရဲ့ မြေးမလေးပါ။ သူ့အဘွားကို လောင်စန်းက သေတ္တာကြီးထဲထည့်ပြီးခေါ်သွားတာမို့ ဘွားဘွားကိုပြန်ခေါ်ပေးပါတဲ့လေ။ ကဲ... ဘယ်လိုလုပ်ကြမလဲ။ ရှောင်ဝန်လေးကလည်း သရုပ်ဆောင်ကောင်းလိုက်ပုံများ ဝါရင့်မင်းသမီးကျနေတာပဲ။ သူလေးကြောင့် ရုပ်ရှင်ကားကို အဆုံးထိကြည့်မိသွားမှာ သေချာပါတယ်ဗျ။ တရုတ် ကားတွေက မေတ္တာဖွဲ့ကားလေးတွေနဲ့ပေါက်နေကြဆိုတော့ ဒီကားလေးကလည်း ပရိသတ် ရင်ထဲ ဘယ်လောက်ထိနေရာယူနိုင်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.56 GB) / (614 MB) / (425 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM

Adventure • Comedy • Family • Romance
6.9 2022 112 mins
Lighting Up the Stars
Preman
5.8

ဇာတ်ဝင်ခန်းထဲက စကားလေးအတိုင်းဆိုရင် တကယ်တော့ မဒူဆာဆိုတဲ့ အမျိုးသမီးဟာ အရမ်းလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့ ဒါပေမဲ့ သူမရဲ့ အလှအပတွေကို လိုချင်တပ်မက်နေတဲ့ ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ သူမကို မုဒိန်းကျင့်ခဲ့တယ် ဒါအပြင့် သူ့ကို မနာလိုတဲ့ နတ်ဖုရားမက အပြစ်ပေးတဲ့အနေနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းပစ်ခဲ့ကြတယ် ဒါတောင်မှ သူမအတွက် ရက်စက်မှုတွေက မကုန်နိုင်သေဘဲ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။ ဒီလိုပါပဲ လူတွေ အတွက်တော့ ပါးစီးယက်တို့က သူရဲကောင်းကြီးတွေ ဖြစ်ပေမဲ့ မဒူဆာ အတွက်တော့ သူတို့တွေဟာ မကောင်းဆိုးဝါး စစ်သားတွေပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ အင်ဒို ၂၀၂၂ ထွက်ကားလေးဖြစ်ပြီးတော့ ဇာတ်လမ်းသဘောလေးကတော့ နားကန်းနေတဲ့ လူတစ်ယောက်ဟာ လူမိုက်ဂိုဏ်း တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလို လူမိုက်အလုပ်ကြောင့်ပဲ မိန်းမဖြစ်သူက ပစ်သွားခဲ့ပြီး သားလေးတစ်ယောက်နဲ့ လောက ကိုရင်ဆိုင်နေသူတစ်ယောက်ပါ။ နဂိုက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အရာရာဟာ သူ့ကို ဒီဘဝကနေ ရုန်းထွက်မရအောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ သားအဖ နှစ်ယောက်လုံးအတွက် အသက်အန္တာရာယ်နဲ့ ကြုံတွေ့လာတဲ့ အခါမှာတော့ အရင်လို ဘဝမျိုး ပြန်ရောက်ဖို့ အတွက် ဘာတွေကို စတေးပြီး ပျော်ရွှင်မှုကို ရှာဖွေရမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာပဲ ခံစားကြည့်ရှုလိုက်ကြပါဦး .... အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Action, Crime, Drama Quality…. 1080p | 720p | 480p File size… 1.5GB | 665MB | 332MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... August

Comedy • Thriller
5.8 2021 92 mins
Preman
Raging Flower

ဒီဇာတ်ကားကတော့ raging flower 2018 ရဲ့အဆက်ဖြစ်ပါတယ် ..၂၀၁၈ ကားကိုမကြည့်ရသေးရင်တော့ ဒီလင့်မှာ https://channelmyanmar.org/raging-flower-2018/ အရင်သွားကြည့်ဖို့အကြံပေးပါတယ်နော်။ တက္ကသိုလ်ကျောင်းသူ လေးယောက်နဲ့ ကျောင်းနားခံလိုက်ရတဲ့ လုံခြုံရေးကိုကြီးတစ်ယောက်တို့ ရင်ထဲကဖြစ်ချင်တဲ့ဆန္ဒ၊ ရည်မှန်းချက်ကို အတူကြိုးစားဖော်ဆောင်တဲ့ ဇာတ်ကားလေးဖြစ်တယ်။ ကျောက်ကျီထုံ ရှောက်ရွှေ ချုံချုံ နဲ့ လင်ဖေး လို့ခေါ်တဲ့တက္ကသိုလ်ကျောင်းသူလေးယောက်ဟာ ဒိတ်ဒိတ်ကြဲတွေဖြစ်ကြတာနဲ့အညီ သူတို့ကိုရေချိုးခန်းထဲဓါတ်ပုံလိုက်ရိုက်တဲ့ကောင်ကို ရဲစခန်းအထိ ဆွဲခေါ်ပြီး ပို့လိုက်ပါတယ်။ ဒါပေမယ့် အဲဒီလူကို ရဲတွေက ချက်ချင်းပြန်လွှတ်ပေးလိုက်လို့ မသင်္ကာဖြစ်ကြပြီး အကြောင်းရင်းကိုစုံစမ်းကြပါတော့တယ်။ အဲဒီလူရဲ့အပြုအမူက ထူးဆန်းနေတာက တစ်ကြောင်း၊ သူနေတဲ့နေရာကလည်း မသင်္ကာစရာဖြစ်နေတာတစ်ကြောင်း ပိုပိုပြီး သံသယတွေများလာကြတာနဲ့ လမ်းမျက်နှာချင်းဆိုင်မှာ မာလာဟင်းရည်ဆိုင်ဖွင့်ပြီး ကိုယ့်စားရိတ်ကိုယ်စား လိုက်လံထောက်လှမ်းပါတော့တယ်။ ဒီလူတစ်စု ဘာပြစ်မှုတွေကျူးလွန်နေတာလဲ..ဘာလို့ရဲလက်ကလွတ်နေတာလဲဆိုတာကို ဖိုက်တာဂျက်မ ၄ ယောက်က သိုင်းနဲ့ဖြေရှင်းပေးမှာပါ။ File size…(1 GB)/(570 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi

Drama • History
0 2021
Raging Flower
White Noise
5.5

ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့ အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

5.5 2005
White Noise
Memory
6.7

Memory (2023) ~ IMDb – 6.7/10, RT – 84%, Meta – 72% ~ လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ သူ့အသက်၈နှစ်ကတုန်းက သူ့အဖေရင်းကိုယ်တိုင် ဗလက္ကာရပြုကျင့်တာကို ခံခဲ့ရသလို သူ့အမေကို သွားတိုင်တော့လည်း မယုံခဲ့ဘူး။ သူ့ကို လုပ်ဇာတ်တွေလျှောက်ခင်းနေတယ်ပဲ သတ်မှတ်ခဲ့တယ်။ ဒီလိုနဲ့ကျောင်းတက်လို့ ကျောင်းမှာထပ် မုဒိန်းကျင့်ခံရလို့ သူ့အမေကို သွားတိုင်တော့လည်း သူ့အမေက သူ့ကို လုပ်ဇာတ်တွေခင်းနေတယ်ပဲသတ်မှတ်ပြီး သူ့ကိုပဲ ထပ်အပြစ်တင်ခဲ့တယ်။ ဒီလိုနဲ့ အမေကို အမုန်းကြီးမုန်းလာတဲ့ အဲဒီအမျိုးသမီးဟာ သူ့အမေဆီက အကူအညီမယူဘဲ သူ့ဘဝကို သူခက်ခက်ခဲခဲနဲ့ကျောင်းနေခဲ့တယ်။ သူ့မှာ သမီးလေးတစ်ယောက်ရှိပေမဲ့ အဲဒီသမီးလေးကို သူဘယ်လိုရခဲ့လဲတော့ မပြထားဘူး။ တစ်နေ့ကျ အဲဒီအမျိုးသမီး ကျောင်းတွေ့ဆုံပွဲကနေ အပြန်မှာ ယောက်ျားတစ်ယောက်က တစ်လမ်းလုံး သူ့နောက်လိုက်လာတယ်။ သူလည်း ထရော်မာရှိတဲ့သူဆိုတော့ လန့်သွားတာပေါ့။ သူ့ကို မုဒိန်းကျင့်ခဲ့တဲ့လူတွေထဲကတစ်ယောက်လား ဘာလားလို့ သူထင်လိုက်တယ်။ ဒါပေမဲ့ နောက်မှသိလိုက်ရတာက အဲဒီလူက အတိတ်မေ့ သတိလွတ်လွတ်သွားတတ်တဲ့ရောဂါသည်ဖြစ်နေတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်စလုံးရဲ့ မှတ်ဉာဏ်တွေကို ကျွန်တော်တို့ကို တစ်လွှာချင်းခွာချပြသွားတယ်။ ဒီရုပ်ရှင်ကိုကြည့်တဲ့ ပရိသတ်တွေထဲ တော်တော်ကြိုက်တဲ့လူနဲ့ တော်တော်မကြိုက်တဲ့လူဆိုပြီး ဆိုးဆိုးရွားရွားကို ကွဲပြားနေတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းရဲ့ထိခတ်စေနိုင်စွမ်းကို ချီးကျူးကြတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းဟာ မပြသွားတာတွေများတော့ မပြည့်စုံဘူးဆိုပြီး သမုတ်ကြသလို အတိတ်မေ့သတိလွတ်နေတဲ့လူနဲ့ ဖြစ်တဲ့အမျိုးသမီးကို အပြစ်တင်ကြတာလည်းရှိတယ်။ ပြောရရင် သတိမရှိတဲ့လူတစ်ယောက်ရဲ့ Consent က မစစ်ဘူးပေါ့။ ဟောလိဝုဒ်က Consent ကို ဂရုမစိုက်ဘူးဆိုတာအထိပြောကြတယ်။ ဘာပြောပြောပါ၊ ၂၀၂၁တုန်းက The Eyes of Tammy Faye နဲ့မင်းသမီးဆုရခဲ့တဲ့ Jessica Chastain နဲ့ Peter Sarsgaard တို့ကတော့ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ခဲ့ကြတယ်။ သေချာတာတော့ ဒီမှတ်ဉာဏ်ဆိုတဲ့ရုပ်ရှင်ဟာ ဇာတ်လမ်းမပြည့်စုံတာလည်းမဟုတ်သလို ပြချင်တာပြထားတာလည်းမဟုတ်တဲ့ မှတ်ဉာဏ်တွေအကြောင်းပြထားတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 950MB, 560MB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Romance
6.7 2023 104 mins
Memory
False Trail
6.5

IMDB -6.5 Rotten Tomato – 100% Rating မြင့်မှကြည့်ချင်တဲ့သူတွေအတွက် အရမ်းမိုက်တဲ့ ဆွီဒင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နယ်မြို့လေးတစ်မြို့က အမဲလိုက်အဖွဲ့က သစ်တောထဲမှာသားကောင်ပစ်လို့ပြင်ဆင်နေကြရင်းနဲ့ အရက်ဆိုင်မှာအလုပ်လုပ်တဲ့ အဲလင်းရဲ့ကားကိုအမှတ်မထင် တွေ့သွားတယ်။ ကားထဲမှာဘယ်သူမှမရှိပေမယ့် သွေးစသွေးနတွေနဲ့ ဖရိုဖရဲဖြစ်နေတာကိုတွေ့တော့ ရဲတပ်ဖွဲ့မှူးမတ်က အမဲလိုက်အဖွဲ့မှာ ပါတဲ့ ရဲအရာရှိဖြစ်တဲ့ တိုစတန်ကိုဖုန်းဆက်ခေါ်လိုက်တယ်။ အခြေအနေကိုစမ်းစစ်ပြီးနောက်မှာတော့ အဲလင်ဟာအသတ်ခံရတာ ဖြစ်နိုင်တယ်လို့ဆုံးဖြတ်လိုက်တယ်။ အလောင်းနဲ့ လူသတ်လက်နက်ကို ရှာမတွေ့ပေမယ့် သံသယရှိသူတွေကိုစစ်ဆေးမေးမြန်းရင်းနဲ့ ကားပေါ်မှာကျန်ခဲ့တဲ့လက်ဗွေရာနဲ့ကိုက်ညီတဲ့ ရာရီဆိုတဲ့သူကို ရှာတွေ့သွားတယ်။ ရာရီက တိုစတန်နဲ့တစ်ချိန်တစ်ခါက ပြဿနာတစ်ချို့ ရှိခဲ့ဖူးတော့ ပုဂ္ဂိုလ်ရေးပြဿနာတွေပါမှာစိုးတဲ့အတွက် မတ်က စတော့ခ်ဟုမ်းက မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အကူအညီ တောင်းလိုက်တယ်။ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က အဲ့မြို့မှာမွေး အဲ့မြို့မှာကြီးပြင်းခဲ့တဲ့ အဲရစ်ကို အမှုစစ်ဖို့လွှတ်လိုက်တယ်။ အဲရစ်ရဲ့စစ်ဆေးမှုတွေအရ ရာရီဟာလူသတ်ပါတယ်ဆိုတဲ့ လုံလောက်တဲ့သက်သေတွေ မရတဲ့အတွက်ရာရီလွှတ်လိုက်ရတယ်။ အကုန်လုံးက ရာရီကိုလူသတ်တရားခံလို့ထင်နေချိန်မှာ အဲရစ်က လူသတ်သမားက အခြားလူဖြစ်နိုင်တယ်လို့ထင်တဲ့အတွက် စစ်ဆေးမှုဆက်လက်လုပ်ဆောင်ပါတော့တယ်။ အဲရစ်တစ်ယောက် လူသတ်သမားအစစ်ကိုရှာဖွေနိုင်မလားဆိုတာဆက်လက် ကြည့်ရှူပေးကြပါဦး.. File size…2.09GB / 937MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 9m Genre ….. Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Action • Crime • Thriller
6.5 2011
False Trail
Dealing with Dad

IMDb – 7 / RT – 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ အာမခံကုမ္ပဏီမှာလုပ်နေတဲ့ရွိုင်ရယ်၊ action figure အရုပ်တွေရောင်း၀ယ်ပြီး မိဘအိမ်မှာကပ်နေနေတဲ့ ဂိမ်းဂျပိုးလယ်ရီနဲ့အတူ အဖေဖြစ်သူကို အရင်ကလိုပုံစံပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို အဖြေရှာကြရပါတော့တယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံက မှားယွင်းခဲ့တာကြောင့် သားသမီးတွေ အထူးသဖြင့် အငယ်ဆုံးသမီးဖြစ်တဲ့မာဂရတ်ဟာ ငယ်ဘ၀ကတည်းက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖေနဲ့ပြန်ပြီးပြောဆိုဆက်ဆံရတာဟာ မာဂရတ်အတွက်တော့ မလွယ်ကူနေခဲ့ပါဘူး။ ဒါကြောင့်လည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ကျ အိမ်ကနေလွတ်ရာကျွတ်ရာကိုထွက်သွားပြီး အိမ်ထောင်ပြုရင်းဘ၀သစ်ကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒီလိုတစ်သက်လုံးအဆင်မပြေခဲ့ရတဲ့အဖေကြီးက နေ့ချင်းညချင်းပြောင်းလဲသွားတော့လည်း မာဂရတ်ခမျာ အောင့်အီးသည်းခံပြီးတော့ အသုံးမကျတဲ့အစ်ကိုနှစ်ယောက်နဲ့အတူ ဒီအဖေကြီးကိုနေပြန်ကောင်းအောင်လုပ်ပေးဖို့ရာကြိုးစားရင်းကနေ တစ်သက်နဲ့တစ်ကိုယ်မသိခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း သိလာရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ခိုင်တဲ့အထဲမှာပါပါတယ်။ သရုပ်ဆောင်ပိုင်းတွေ ဒိုင်ယာလော့တွေကလည်း အပိုအလိုမရှိအောင်ကောင်းပြီးတော့ ဟာသလေးတွေကလည်း အတင်းကလိထိုးရယ်ခိုင်းတဲ့ဟာသတွေမဟုတ်ဘဲ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့အရာတွေကိုပဲ ရယ်စရာအဖြစ်ဖန်တီးထားတာကြောင့်လည်း တော်တော်လေးသဘာ၀ကျပါတယ်။ တစ်ကားလုံးမှာ ရုပ်ရှင်‌တွေ လက်တွေ့ဘ၀ကကိုးကားချက်တွေကိုလည်း ဖောဖောသီသီသုံးထားပြီးတော့ မောင်နှမသုံးယောက်အကြားက ခွီလို့ကောင်းမယ့်ဇာတ်၀င်ခန်းတွေနဲ့အတူ ဇာတ်ကားတစ်ခုလုံးကို အဆုံးထိကြည့်ချင်သွားအောင်ဆွဲဆောင်သွားမယ့်ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်ပါကြောင်း။ File size…(1.7 GB)/(755 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Dealing with Dad
A Sibila
5.8

Sibila ( 2023 ) စီဘယ်လ် ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ Sibila ဆိုတဲ့ ဖြစ်ရပ်မှန်ပေါ်တူဂီကားပဲဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်ကားမျိုးဖြစ်ပြီး ၂၀ရာစုအလယ်ပိုင်း ပေါ်တူဂီမြောက်ပိုင်း ကျေးလက်ဒေသကို အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Sibila ဆိုတဲ့အမျိုးသမီးရဲ့ ငယ်စဉ်ဘ၀ကနေ စတင်ထားပါတယ်။ အိမ်မှာအချစ်မခံရတဲ့ ဒီမိန်းကလေးဟာ အမည်မသိရောဂါတစ်ခုကြောင့် တစ်နှစ်လောက်အိပ်ရာထဲလဲပြီးနောက်မှာတော့ အကြားအမြင်ရသလိုလို နမိတ်ဖတ်သူလိုလိုနဲ့ အားလုံးရဲ့အာရုံစိုက်မှုတွေရအောင် ဖန်တီးလာပါတယ်။ နောက်ပိုင်း သူ့အဖေသေပြီး မောင်တွေလည်း တကွဲတပြား ကိုယ့်အိမ်ကိုယ်တည်ထောင်ပြီးနေကြပါတော့တယ်။ အဲဒီကနေ သူ့ရဲ့သက်လတ်ပိုင်းဘ၀နဲ့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ရလောက်အောင် ဘာအကြောင်းများရှိလို့လဲဆိုတာတွေကိုတော့ သူနဲ့အတူငယ်ဘ၀ကနေ ကြီးတဲ့အထိ လိုက်ပါခံစားပေးပါဦးဗျာ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni , KKKZ, Bluri , Zwe Yan , LinnLunn တို့ပဲဖြစ်ပါတယ် )

5.8 2023
A Sibila
Christmas on Cobbler Street

IMDb – 7.1/10 နော်ဝေမှာ ခုနစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာယူခဲ့တဲ့ ဒါရိုက်တာ Mikal Hovlandရဲ့လက်ရာ ခရစ္စမတ်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက် ရထားခိုးစီးလာရင်း မြို့ကလေးတစ်မြို့ကဘူတာမှာ ခုန်ဆင်းခဲ့ရာကစပါတယ်။ စစ်ပွဲကြီးပြီးကာစ ခရစ္စမတ်အချိန်ကာလကိုရောက်တော့မှာဖြစ်လို့ စစ်ပွဲကြီးအပြီး ပြန်လည်ကျင်းပရမဲ့ ခရစ္စမတ်ကို အားလုံးစောင့်မျှော်နေကြချိန်လည်းဖြစ်။ စစ်ပွဲပြီးကာစအချိန်ဆိုတော့ ရထားပေါ်မှာခိုးစီးရင်း ခုန်ချနေခဲ့တဲ့ ကလေးမလေးကို ရဲတွေကလည်း မသင်္ကာလို့ လိုက်ရှာနေကြပါတယ်။ ခိုကိုးရာမဲ့နေတဲ့ အန်နာလေး အသိမပေးဘဲဝင်တည်းခိုမိတာကတော့ ဖိနပ်ချုပ်သမားကြီး အန်ဒါဆန်ရဲ့အိမ်။ အန်ဒါဆန်ဆိုတာက နှစ်နဲ့ချီအောင် အိမ်ထဲကအိမ်ပြင်မထွက်၊ ဘယ်သူနဲ့မှအဆက်အဆံမလုပ်တဲ့လူ့ဂွစာကြီး။ ဒီလိုနဲ့ အန်နာတစ်ယောက် လူ့ဂွစာကြီးမစ္စတာအန်ဒါဆန်ရဲ့ ဖိနပ်ချုပ်တဲ့အလုပ်ရုံလေးမှာ ခဏတာတည်းခိုဖို့ တောင်းဆိုရာကစ ကြည်နူးလွမ်းဆွတ်ဖွယ်ရာ ခရစ္စမတ်ရုပ်ရှင်လေးတစ်ကားဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Romance • Drama
0 2023
Christmas on Cobbler Street
Maa Nanna Superhero
8.6

Maa Nanna Superhero 2024 (အဖေ့အတွက်သူရဲကောင်းကျွန်တော်) အဖေနဲ့သားကြားက သံယောဇဉ်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ တေလဂူရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ အဖေအရင်းရယ် မွေးစားအဖေရယ် သူတို့ရဲ့သားရယ် သူတို့ 3 ယောက်ကြားက အလွဲလေးတွေအပြင် အရယ်အငိုရသစုံခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ ရင်ခွင်ပိုက်အရွယ် ကလေးငယ်လေးနဲ့ တစ်ကိုယ်တော်အဖေပရာကတ်ရှ်တစ်ယောက် သားလေးကိုမိဘမဲ့ဂေဟာမှာ ခဏအပ်ထားပြီး ကားသမားအနေနဲ့ ပုံသေအလုပ်ရဖို့ အော်ဒါလိုက်သွားပါတယ်။ ကံဆိုးချင်တော့ သူမောင်းရတဲ့ကားက ဆေးခြောက်သယ်လာတဲ့ကားဖြစ်လို့ မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ်ကျသွားပြီး နှစ်နှစ်ဆယ်ကြာမှပဲ ထောင်ကပြန်လွတ်လို့ သားဖြစ်သူကို လိုက်ရှာပါတော့တယ်။ တစ်ဖက်က သားဖြစ်သူဂျွန်နီကလည်း ‌မွေးစားအဖေရဲ့စတော့ရှယ်ယာကြွေးကိုဆပ်လိုက် ဟိုကအကြွေးပြန်တင်လိုက်နဲ့ သံသရာလည်နေပေမဲ့ အဖေ့ကို အပြစ်မမြင်တဲ့သူပေါ့။ ဒီလိုနဲ့ ကံကြမ္မာဇာတ်ဆရာရဲ့အလိုကျ ဒီ လူ 3 ယောက် ဆုံဆည်းဖို့ ဖြစ်လာတဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Horror • Mystery • Thriller
8.6 2024 124 mins
Maa Nanna Superhero
The Cursed Land
6

The Cursed Land (2024) ************************* ထိုင်းသရဲကားထဲမှာမှ မူကွဲပုံစံအသစ်လေးနဲ့ အင်ဒိုသရဲကားနဲ့ခပ်ဆင်ဆင်တူတဲ့ horror movie သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကျိန်စာသင့်ဖုန်းဆိုးမြေပေါ်မှာရှိနေတဲ့ အိမ်ကြီးတစ်လုံးရဲ့ ရာဇဝင်အကြောင်းလေးပေါ့ .. ။ အင်ဂျင်နီယာချုပ်မစ်တစ်ယောက် စက်ရုံမှာ ကြီးကြပ်ပေးဖို့အတွက် နုံကျုပ်မှာရှိတဲ့ မွတ်စလင်ရပ်ကွက်က စက်ရုံနဲ့နီးတဲ့ အိမ်လေးတစ်အိမ်မှာ သမီးဖြစ်သူမေနဲ့ နေရဖို့ဖြစ်လာပါတော့တယ်။ အိမ်ဟောင်းဆိုပေမဲ့ အိမ်ပိုင်ရှင်တွေက သူတို့ကို အိမ်ကိုပြုပြင်ရုံပဲပြုပြင်ပြီး ဘာပစ္စည်းကိုမှ မထိဖို့ မလွှင့်ပစ်ဖို့တော့ အတန်တန်မှာခဲ့ပါသတဲ့။ နဂိုကတည်းက သူ့ရဲ့ပယောဂမကင်းတဲ့ ဇနီးသည်ဆုံးပါးမှုကြောင့် စိတ်မတည်မငြိမ်ဖြစ်ပြီး အကြောင်းအရင်းမရှိ ခေါင်းကိုက်ဝေဒနာ ခံစားခံနေရတဲ့ထဲ ဘာသာမတူတဲ့ မွတ်စလင်ရပ်ကွက်ကလည်းဖြစ် ဘေးအိမ်မှာကလည်း ပယောဂဆရာလိုလို အောက်လမ်းဆရာလိုလို ဟင်ဆိုတဲ့လူတစ်ယောက်လည်းရှိနေတော့ မသိုးမသန့်ခံစားနေရတဲ့ မစ်ဟာ အိမ်မှာကပ်ထားတဲ့ ဘာမှန်းမသိတဲ့အဆောင်တွေကို အကုန်ဖြဲပြီးလွှင့်ပစ်ပြီးတော့ နတ်ကွန်းလေးတစ်ခုဆောက်လိုက်ပါတယ် .. ။ အဲဒီချိန်ကနေစလို့ မစ်တစ်ယောက် ထူးထူးဆန်းဆန်းတွေမြင်ရ ကြားလာရတဲ့အခါမှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.8GB / 727MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 11 min. Genre ….. Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

6 2024 131 mins
The Cursed Land
Reversi
7.3

အချိန်ခရီးသွား မလေးရှားရုပ်ရှင် အရှေ့တောင်အာရှရဲ့ ရုပ်ရှင်ကားတစ်ကားကို အခုလိုမျိုး ကြည့်ရှုခံစားခွင့်ရတာ ဝမ်းသာစရာပါ.. ဒီကားလေးဟာဆိုရင် Drama နဲ့ Sci-Fi ကို အနုပညာမြောက်စွာ ထိထိမိမိ ရောယှက်တင်ပြထားတဲ့ ကားလေးဖြစ်ပြီး အချိန်ခရီးသွားမှုဆိုင်ရာ အတွေးအမြင် တချို့ကို တင်ဆက်ပြသထားခြင်းဖြစ်ပါတယ်… အာကစ်တို့မိသားစုဟာ မျိုးရိုးစဉ်ဆက်အချိန်နောက်ပြန် ခရီးသွားနိုင်သူတွေဖြစ်ကြပါတယ်.. အာကစ်တို့ သားအမိသား အဖသုံးယောက် ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းနေစဉ်မှာပဲ ကံကြမ္မာဆိုးတစ်ခု ဆိုက်ကပ် လာခဲ့ပါတယ်… တစ်နေ့အာကစ်တို့သားအဖ ဥယျာဉ်သုံးပစ္စည်း ဝယ်ယူနေစဉ် အနီးအနားမှ အမျိုးသမီးတစ်ဦးလုယက်ခံခဲ့ရပါတယ် ထိုအမျိုးသမီးအား ကူညီဖို့သွားရင်း အာကစ်အဖေဟာ ဓားထိုးခံခဲ့ရပါတယ် အချိန်နောက်ပြန်သွားနိုင်တဲ့ အာကစ်ဟာ စိတ်မတည်ငြိမ်ချိန်မှာ အချိန်ခရီးသွားလို့မရဆိုတဲ့ စည်းမျဉ်း ကြောင့် အဖေဖြစ်သူကို မကယ်တင်နိုင်ခဲ့ဘဲရှိရာ နောင်တ တရားတွေနဲ့ နေထိုင်ရင်း ဒုစရိုက်မှုတွေကို ကူညီဖြေရှင်းပေးဖို့ ရဲအရာရှိတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်.. ရဲအရာရှိဘဝမှာ အချိန်ခရီးသွားနိုင်တဲ့အစွမ်းကြောင့် ပြစ်မှု မှန်သမျှကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့သော်လည်း ‌အချိန် ခရီးသွားနိုင်သည့်အစွမ်းအကြောင်းကို လူသိမခံဘဲ လျှို့ဝှက် ထားခဲ့ပါတယ်… ဖခင် သေဆုံးပြီးနောက် ရဲအရာရှိအဖြစ်နဲ့ ဘဝကို ရေစုန် မျှောလိုက်နေရင်း ပါတီပွဲတစ်ခုမှာဆုံခဲ့ရတဲ့ ဆာရာ့ကို ချစ်မိ သွားရာမှာတော့ နေရောင်ခြည်အလင်းတန်းတို့ အုံ့မှိုင်းမှိုင်း တိမ်တိုက်တို့ကို ထိုးခွဲပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည့် နှယ် အာကစ်ဘဝဟာ ပြန်လည်ရွှင်လန်းလာခဲ့ပြန်ပါတယ်.. ချစ်ရသူကို လက်ထပ်ယူပြီး သားလေးတစ်ယောက်နဲ့အတူ အာကစ်တို့ မိသားစုဘဝက စိမ်းလန်းစိုပြည်ခဲ့ပါတယ်.. သို့သော်လည်း ပျော်ရွှင်နေရင် ကုန်လွယ်လွန်းတဲ့အချိန်ဟာ အာကစ်အ‌ပေါ်မှာလည်း သက်ညှာခြင်းမရှိခဲ့ပါဘူး.. အာကစ်ထံမှ ချစ်ရသူဇနီးနဲ့သားကို ကံကြမ္မာဆိုးတစ်ခုက ဆွဲထုတ်ခေါ်ဆောင်သွားချိန်မှာတော့ အာကစ်တစ်ယောက် ဘဝအမှောင် ကျရပြန်ပါတော့တယ်.. ဖခင်ဆုံးပါးစဉ်က‌လိုအဖြစ်မခံနိုင်တော့တဲ့ အာကစ်ဟာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အချိန်ခရီးနောက်ပြန်သွားပြီး သားအမိနှစ်ယောက်လုံးကို ကယ်တင်ဖို့ကြိုးစားရာ အဖြေ တွေ့သွားတဲ့နောက်မှာတော့… ဒီဇာတ်ကားလေးကို အာကစ်တစ်ယောက် စိတ်‌ရောပါရဂူထံ ဘဝဇာတ်ကြောင်းဖွင့်ဟ နေဟန်ဖြင့် ဇာတ်လမ်းဆင်တင် ပြထားပြီး မလေးရှားလူနေမှုပုံစံနဲ့ ဓလေ့ထုံးတမ်းအချို့ကိုပါ မြင်တွေ့ရမှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ……….. File size… (1.22 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv Duration….2h 15m Genre …..Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

7.3 2024 132 mins
Reversi
Desert Dawn
4

Desert Dawn (2025) Luke Easton ဟာအတိတ်ကဒဏ်ရာများကြောင့် မွေးရပ်မြေကနေ မြို့ကိုတက်ပြီး အရက်ဂျိုးဖြစ်လာရာကနေ ရုတ်တရက်အသိစိတ်ဝင်လာပြီးတော့ သူ့ရဲ့မွေးရပ်မြေကို ရဲလုပ်ဖို့ပြန်လာခဲ့ပါတော့တယ်။ အရမ်းကိုကံကောင်းရှာပါတယ်။ ချက်ချင်းပဲ ရဲမှူးအဖြစ်ရာထူးတိုးခဲ့ပြီးတော့ မြို့ရဲ့အကြီးမားဆုံးဂိုဏ်းများနဲ့ ပါဝင်ပတ်သက်မိရာကနေ ဖြစ်ပေါ်လာမယ့် ဒုစရိုက်မှု ပြန်ပေးဆွဲမှု စသည်ဖြင့် စိတ်လှုပ်ရှားစွာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (1.5 GB) / (530 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Crime, Thriller Duration…. 01:26:29 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone

Thriller • Crime • Drama • Action
4 2025 89 mins
Desert Dawn