YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Beyond.the.Star.S01E03.1080p.CM.mp4

499.18 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Perfect Addiction
6.6

"စွဲလမ်းမှုလား အချစ်လား" "ပြဿနာတွေကို ဖြတ်ကျော်ပြီး move onနိုင်တာလား စိတ်အတွင်းတစ်နေရာမှာထည့်သိုလိုက်တာလား" ကျွန်တော်တို့သူငယ်ချင်းတွေ ရည်းစားစရပြီဆိုရင်တော့ ကျွန်တော်တို့ရွဲ့ပြောနေကြစကားတစ်ခွန်းကတော့ အချိန်တန်ရင်ပြတ်တာပဲပေါ့။ Relationship တစ်ခုရယ်လို့ဖြစ်လာပြီးဆိုရင်တော့ endingက ၂ ခုတည်းရယ်ပါ။ ပြတ်တဲ့လမ်းမှာ အဆုံးသတ်ခဲ့တာတွေလည်းများသလို ရှားရှားပါးပါး အချစ်စစ်နဲ့လက်တွဲရတာတွေလည်းရှိပါတယ်။ သေချာတာတစ်ခုကတော့ လက်တွဲဖော်တစ်ယောက်ရှာတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် move onတတ်ခြင်းအနုပညာကတော့ လူတိုင်းအတွက်လိုအပ်မှာပါပဲ။ စီယန်နာဆိုတဲ့မိန်းကလေးက MMA fighter တွေကို လေ့ကျင့်ပေးနေတဲ့ နည်းပြတစ်ယောက် လက်ရှိမှာ တစ်ချိန်က MMAလောကရဲ့ဂန္တဝင်ကြီး ဂျူလီယန်ဂျိမ်းစ်ရဲ့ကလပ်မှာ အလုပ်လုပ်နေသူပေါ့။ မိဘတွေဆုံးပါးသွားတဲ့ သူ့အတွက်တော့ ကျန်ခဲ့တဲ့တစ်ဦးတည်းသောမိသားစုဖြစ်တဲ့ ညီမလေးဘက်သ်က သူ့ဘဝအတွက် အရာရာပါပဲ။ ဒီလိုနဲ့ နည်းပြမမကို နှလုံးသားတံခါးခေါက်ဖို့လာတဲ့ ဂျက်စ်ဆိုတဲ့ဖိုက်တာလေးကြောင့် ယစ်မူးစေတတ်တဲ့အချစ်ဆိုတဲ့အရာမှာ ပျော်ဝင်သွားခဲ့တဲ့စီယန်နာတစ်ယောက် သူ့ဘဝရဲ့နံပါတ် ၁ က ဘက်သ်ဆိုရင် နံပါတ် ၂ က ဂျက်စ်ဖြစ်လာတဲ့အထိပါပဲ။ ဒါပေမဲ့ သူ့ရဲ့အရေးအပါဆုံးလူ ၂ ယောက် ဖောက်ပြန်နေတဲ့မြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်တစ်ခဏက သူ့ရဲ့ကမ္ဘာကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေတော့တာပါပဲ။ သူ့ရဲ့ကမ္ဘာကြီးက သူ့ကိုသစ္စာဖောက်သွားသလို ခံစားလိုက်ရတဲ့ နာကျည်းချက်အပြည့်နဲ့ စီယန်နာတစ်ယောက် ဂျက်စ်ကိုအနိုင်ယူနိုင်မဲ့ဖိုက်တာကိုရှာရင်းနဲ့ traumaတွေနဲ့ မြေအောက်ခန်းထဲပုန်းနေတဲ့ underground fighter ကေဒန်ကို တွေ့သွားတဲ့အခါမှာတော့ ဂျက်စ်ကိုထိုးဖို့ဓားတစ်လက်လို ထက်အောင်သွေးဖို့ လေ့ကျင့်ပေးဖို့ကြိုးစားပါတော့တယ်။ အဲဒီနောက်မှာတော့... Underground fightရဲ့ထုံးစံအတိုင်း အသက်ကိုရင်းပြီးထိုးသတ်ရတာဆိုတော့ ဂျက်စ်ကိုအလဲထိုးနိုင်ဖို့ ကေဒန်ကို လေ့ကျင့်ပေးတာ အောင်မြင်မှာလား။ Relationship traumaရသွားတဲ့ စီယန်နာတစ်ယောက်ကရော ကေဒန်အတွက် နှလုံးသားတံခါးပြန်ဖွင့်ပေးပြီး Move onလုပ်သွားနိုင်မလား။ ကေဒန်ကိုယ်တိုင်ကရော အတိတ်ရဲ့အရိပ်ဆိုးအောက်က ရုန်းထွက်နိုင်မှာလားဆိုတာ အားလုံးအတူတူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 700MB 337MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Drama • Mystery • Romance
6.6 2023 97 mins
Perfect Addiction
The Wandering Earth II
7.2

ဒီတရုတ်ရုပ်ရှင်ကတော့ သိပ္ပံစိတ်ကူးယာဉ် အာကာသစွန့်စားခန်းရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မူရင်းနာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ထားတာမို့ ဇာတ်အိမ်ကလည်း ကြီးပါတယ်။ ပြသချိန်ကလည်း ၃ နာရီတောင်ရှိပါတယ်။ ဒီရုပ်ရှင်က တရုတ်ရဲ့ ပထမဆုံး Full-scale သိပ္ပံရုပ်ရှင်လို့ သတင်းတွေမှာတောင် ရေးကြပါတယ်။ ဒီရုပ်ရှင်ရဲ့အဓိက မင်းသား ဝူကျင်းဆိုရင်လည်း ပထမဆုံးအနေနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပဲ ပါဖို့သဘောတူထားပေမဲ့ ဒါရိုက်တာက သူ့ကိုသဘောကျလို့ သူပါတဲ့အခန်းတွေ ဆက်တိုက်ထည့်သွင်းရိုက်ကူးခဲ့ရပါတယ်။ နောက်ဆုံးမှာ သရုပ်ဆောင်ကြေးက ဒေါ်လာ ၁၀ သန်းကျော်လာပြီး ရုပ်ရှင်ကိုလည်း အရမ်းကောင်းမွန်အောင် မွန်းမံရင်းနဲ့ ဘက်ဂျက်ကျော်သွားတာမို့ ဒါရိုက်တာက ဝူကျင်းကို ပိုက်ဆံမယူဘဲ ဆက်ရိုက်ပေးဖို့ အကူအညီတောင်းခဲ့ရတဲ့အထိပါပဲ။ ဝူကျင်းက ရုပ်ရှင်ကို အရမ်းသဘောကျနေပြီမို့ ပိုက်ဆံမယူတဲ့အပြင် အိတ်ထဲကနေ ၉ သန်းပါ ထပ်စိုက်ပြီး ရိုက်ကူးစေခဲ့ပါတယ်။ အခုချိန်မှာတော့ သန်း ၁၀၀ နီးပါးရင်းခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း ၅ ရာကျော် ဝင်သွားပြီး အတော်မြတ်သွားခဲ့ပြီဖြစ်ပါတယ်။ အရင်ရိုက်တတ်တဲ့ တရုတ်သိပ္ပံကားတွေနဲ့ယှဉ်ရင်တော့ another level ကိုရောက်လာတဲ့ ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကမ္ဘာကြီးဟာ Solar Crisis လို့ခေါ်တဲ့ နေမင်းကြီး ပေါက်ကွဲပြန့်ကားလာတဲ့အန္တရာယ်ကြောင့် နှစ်ပေါင်း ၃၀၀ နေရင် ကမ္ဘာပျက်တော့မယ့် အခြေအနေကိုရောက်လာပါပြီ။ ဒီအခြေအနေက‌နေ ရုန်းထွက်ဖို့ ကမ္ဘာ့နိုင်ငံပေါင်းစုံအဖြေရှာကြရင်းနောက်ဆုံးမှာတော့ ကမ္ဘာကြီးကို နေအဖွဲ့အစည်းကနေ ဝေးရာကိုသယ်ထုတ်သွားပြီး အခြားနေအဖွဲ့အစည်းတစ်ခုထဲမှာရှင်သန်ဖို့ ကမ္ဘာ့အင်ဂျင်ပေါင်း ၁၀၀၀၀ ကိုတည်ဆောက်ပြီး ခရီးသွားကမ္ဘာစီမံကိန်းကို စတင်ခဲ့ကြပါတော့တယ်။ အဲဒီခရီးစဉ်ဟာ လဆွဲအားကနေ လွတ်အောင် လကို တွန်းထုတ်တာတွေ၊ အရံအစီအစဉ်အနေနဲ့ လကိုဖောက်ခွဲရတာတွေ စတဲ့အဆင့်ပေါင်းများစွာပါပြီး နှစ်ပေါင်း ၂၅၀၀ ကြာမြင့်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအစီအစဉ်ကို ဆန့်ကျင်ပြီး လူတွေကို Matrix ရုပ်ရှင်ထဲကလို ဒစ်ဂျစ်တယ်သက်ရှိတွေအဖြစ် ရှင်သင်စေချင်တဲ့အဖွဲ့ကလည်း လိုက်ပြီးတိုက်ခိုက်လာတဲ့အခါ အခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရပါတော့တယ်။ File size…(2.7 GB)/(1.4 GB)/(850 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:53:00 Genre...Drama, Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • Romance
7.2 2023 173 mins
The Wandering Earth II
Lord Eagle

ရွှယ်ရင်း အရှင်သခင်လို့ အမည်တွင်တဲ့ တုန်းပေါ်ရွှယ်ရင်းဟာ မျိုးနွယ်စုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး အကျဥ်းချခြင်းခံနေရတဲ့ မိခင်ကို ကယ်တင်ဖို့ ကြိုးစားနေသူ တစ်ဦးပါ ။ အဲဒီအချိန်မှာပဲ ရွှယ်ယင်း(နှင်းသိန်းငှက်နတ်ဘုရား)မျိုးနွယ်စုရဲ့ မျိုးဆက်ဖြစ်တဲ့ ယွီကျင့်ချို ၊ ပြီးတော့ မိန်းကလေး ခုန်းယိုးယွဲ့ နှင့် တစ်ခြားအဖွဲ့သားတွေ အတူပူးပေါင်းကာ မတရားမှုတွေရဲ့ အဖြစ်မှန်ကိုရှာဖွေပြီး / တာဝန်ကို လုပ်ကိုင်ဖြေရှင်းကြဖို့ စီစဥ်ခဲ့ကြပါတယ် ။ ဒီတော့...- ❏ တစ်လမ်းလုံး အခက်အခဲတွေ အဆက်မပြတ် ကြုံတွေ့လာကြပြီးနောက်မှာ အောင်မြင်မှုတွေကိုအရယူနိုင်ကြပါ့မလား ? ❏ သူတို့ရှာနေတဲ့ အမှန်တရားတွေကိုရှာတွေ့ပြီး အညှိုးတွေ လက်စားချေမှုတွေကို ခဝါချနိုင်မလား ? ❏ အခက်အခဲကြားတွေထဲကမှ စစ်မှန်တဲ့ ချစ်ခြင်းတရားလေးကိုရော ရှာတွေ့သွားနိုင်မလား / မိခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama
0 2022 84 mins
Lord Eagle
Laddaland
6.3

ထီဆိုတဲ့သူဟာ သူ့ယောက္ခမအထင်သေးပြောဆိုမှုတွေကိုမခံနိုင်တဲ့အတွက် လတ်ဒါလန်အိမ်ရာက အိမ်တစ်အိမ်ကိုအရစ်ကျနဲ့ပေးဝယ်ခဲ့ပါတယ် ဘန်ကောက်ကနေ လတ်ဒါလန်ကို ပြောင်းရွှေ့ပြီး သူတို့အိမ်ပိုင်တစ်လုံးရှိရင် သူတို့မိသားစုပျော်ရွှင်ကြမယ်လို့ထင်ခဲ့ပေမဲ့ ထီထင်သလို မဖြစ်ခဲ့ပါဘူး တစ်နေ့မှာ သူတို့အိမ်နားက အိမ်တစ်အိမ်မှာအမျိုးသမီးတယောက်သေဆုံးပြီးနောက်ပိုင်း အခြေနေတွေကပိုပိုဆိုးလာပြီး ခြောက်ခြားစရာတွေဖြစ်လာပါတော့တယ်... လူတိုင်းက အဲ့ဒီအိမ်မှာသရဲရှိတယ်လို့ပြောနေကြပေမဲ့ ထီကတော့ သူတို့ရဲ့ ပထမဆုံးပိုင်ဆိုင်ရတဲ့ အိမ်လေးမို့ မယုံခဲ့ပါဘူး အဲ့ဒီအိမ်မှာသရဲတကယ်ရှိရဲ့လား...လတ်ဒါလန်အိမ်ရာမှာရော ဘယ်လိုခြောက်ခြားစရာဖြစ်ရပ်တွေကြုံရဦးမလဲဆိုတာ ဇာတ်ကားမှာကြည့်ရှူလိုက်ရအောင်နော် ။ ဒီကားထဲမှာတော့ May Who ဆိုတဲ့ထိုင်းကားထဲက မင်းသမီးချော Sutatta Udomsilp ပါ၀င်ထားပြီး ဒီကားနဲ့ Best Supporting Actress ဆုကို ရရှိခဲ့ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(2GB) / (970MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:52:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Crime • Drama
6.3 2011 117 mins
Laddaland
The Stolen Years
6.2

The Stolen Years (2013) (အညွှန်း) လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။ Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။ 2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။ “ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” မှာ ဘာတွေဖြစ်ပျက်ခဲ့လို့ He Mann ရဲ့ကမ္ဘာကြီးကပြောင်းလဲသွားရတာလဲ .. လူတွေကပဲပြောင်းလဲသွားခဲ့တာလား အချစ်စစ်ဆိုတာကပဲတည်မြဲမှုမရှိတာလား .. သိပ်ချစ်လွန်းလို့ပေါင်းဖက်နိုင်ခဲ့ပြီးကာမှ ဘယ်အရာတွေက သူတို့ကိုဝေးကွာသွားစေခဲ့တာလဲ .. ဒီအမှန်တရားကို He Mann တစ်ယောက်လက်ခံနိုင်စွမ်းရှိပါ့မလား .. နှစ်ယောက်သားနဲ့ကံကြမ္မာကရော ဘာတွေဆက်ဖြစ်ဦးမှာလဲ .. ။ IMDb 6.2/10 ရ တရုတ် romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အချစ်ဇာတ်လမ်းအဆွေးဇာတ်တွေကိုကြိုက်တတ်သူတွေအဖို့ကတော့ မိုးအေးအေးနဲ့ငြိမ့်ငြိမ့်လေးဆွေးလို့ကောင်းတဲ့ ဇာတ်လမ်းဟောင်း ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။

Action • Adventure • Fantasy • Science Fiction
6.2 2013
The Stolen Years
Pretty Problems
7

Pretty Problems ( 2022 ) ငွေမရှိတဲ့လူတွေကတော့ ငွေရှိလာရင် သူတို့ပြဿနာတွေ ပြေလည်သွားလိမ့်မယ် ထင်တတ်ကြတယ်။ တကယ်တမ်းကျ သုံးမကုန်အောင် ငွေပေါနေတဲ့လူတွေမှာလည်း ပြဿနာတွေက ရှိနေတုန်းပါပဲ။ ငွေဟာ ပြဿနာတွေကို ပြေလည်စေတဲ့ အရာတော့မဟုတ်ဘူးတဲ့။ ငွေဟာ ပြဿနာတွေကို အကျည်းတန်နှုန်းလျော့ပါးစေရုံပါပဲတဲ့။ ဒီရုပ်ရှင်မှာ ငွေရှိရင်ပြဿနာတွေ ပြေလည်သွားပြီလို့ထင်နေတဲ့ လင်မယားနဲ့ ငွေနဲ့ သူတို့ ပြဿနာတွေရဲ့ အကျည်းတန်မှုကို ဖုံးထားတဲ့ လင်မယား အားလပ်ရက်တစ်ခုမှာ အတူဖြတ်သန်းကြရင်း ကြုံလာဆုံလာရတဲ့ အဖြစ်တွေကို ရိုက်ပြထားပါတယ်။ ဒုတိယဘုရားသခင်လို့ဆိုကြတဲ့အရာဟာ တကယ်တမ်း လူတွေအတွက် အပျော်တွေကို ယူဆောင်လာပေးနိုင်လားဆိုတဲ့အကြောင်းကို ဝိုင်တွေမြည်းရင်း ကျေးလက်ဘက်က ဇိမ်ခံအိမ်ကြီးမှာ အပန်းဖြေရင်း ပုံဖော်သွားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File Size__(2.1GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__01:45:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by — Encoded by Naing Aung Latt

Action • Thriller
7 2022
Pretty Problems
The Ipcress File
7.2

The Ipcress File (1965) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ ဗြိတိသျှရုပ်ရှင်အစည်းအရုံးရဲ့ ၂၀ရာစုအတွင်း အကောင်းဆုံးဗြိတိသျှရုပ်ရှင် ၁၀၀ မှာ နံပါတ် ၅၉ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကိုတော့ Len Deighton ရဲ့ ၁၉၆၂ ခုနှစ်ထုတ် The Ipcress File စာအုပ်အပေါ် အခြေခံရိုက်ကူးထားပါတယ်။ စာအုပ်အပေါ်အခြေခံကြတာက မထူးဆန်းပေမဲ့ ဒီစာအုပ်ကျတော့ စပိုင်ဝတ္ထုလောကကို အတော်ရိုက်ခတ်ခဲ့တဲ့စာအုပ်ဖြစ်နေတယ်။ သူ့ခေတ် သူ့အခါအရ စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် စပိုင်ဇာတ်လမ်းတွေခေတ်စားခဲ့တယ်။ အဲဒီစာအုပ်တွေထဲကမှ ဒီစာအုပ်ဟာ လက်တွေ့ဘဝနဲ့ ဆက်နွယ်မှုရှိပြီး တကယ့် စပိုင်တွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပီပီပြင်ပြင် ဖော်ပြခဲ့တာကြောင့် အတော်ကိုကျော်ကြားခဲ့တာမျိုး‌ပေါ့။ ဒီစာအုပ်က Len Deighton ကို ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်စေခဲ့သလို ရုပ်ရှင်အနေနဲ့ ပြန်ရိုက်တဲ့အချိန်မှာလည်း Sir Michael Caine ကို ကမ္ဘာကျော်မင်းသားဖြစ်စေခဲ့တယ်။ Sequel အနေနဲ့ Funeral in Berlin (1966) နဲ့ Billion Dollar Brain (1967) တို့ထွက်ခဲ့တယ်။ ဇာတ်လမ်းကတော့ အေးအေး ကောင်းကောင်းကြီးပဲ။ မုန့်တစ်ခုကို စားနေတုန်း ဗိုက်ပြည့်အောင်သာစားနေပေမဲ့ ကုန်ခါနီးကျမှ ပိုပိုပြီး အရသာရှိလာနေသလိုပေါ့။ ဇာတ်လမ်းကတော့ စပိုင်ကားထုံးစံ သိပ္ပံပညာရှင်တယောက် ပြန်ပေးဆွဲခံလိုက်ရတာကနေ စတယ်။ အဲဒီအချိန်မှာ ထောက်လှမ်းရေးရဲ့ မှတ်တမ်းတွေအရ သိပ္ပံပညာရှင်တွေ အကြောင်းမဲ့ ပျောက်သွားတာ ဒီတယောက်နဲ့ဆိုရင် ၁၇ ယောက်ရှိနေပြီ။ ပြန်ရောက်လာကြတဲ့အခါမှာလည်း သိပ္ပံပညာအလုပ်တွေကိုဆက်မလုပ်ကြတော့ဘူး။ အဲဒီတော့ ဒီလို “ဦးနှောက်ခမ်းခြောက်မှု” ကိစ္စကို အဖြေရှာဖို့အတွက် သူလျှိုတန်ပြန်ရေးဌာနရဲ့ တာဝန်ဖြစ်လာတယ်။ အထူးသဖြင့် ပါလ်မာပေါ့။ ဒီထဲမှာ Michael Caine က ပါလ်မာ ဆိုတဲ့ ဇာတ်ကောင်နဲ့ လုံးဝတထပ်တည်းကျသွားတယ်။ ခွဲခြားမရနိုင်အောင်ကိုဖြစ်သွားတာ‌မျိုး။ ပါလ်မာဆိုတာက စပိုင်တယောက်ပဲ။ ဂျိမ်းစဘွန်းတို့ ဘာတို့လို “ရုပ်ရှင်ထဲမှာပဲရှိတာပါကွာ” လို့ ထင်ရတဲ့ စပိုင်အလန်းစားမျိုးမဟုတ်ဘူး။ သူက ကမ္ဘာစစ်ကာလတုန်းက မှောင်ခိုတွေလုပ်လို့ စစ်ထောင်လည်းကျခဲ့ဖူးတယ်။ ထောင်ကျရင်း ဗိုလ်မှူးကြီးရော့စ်က သူ့အရည်အချင်းကို သိတာကြောင့် အာမခံနဲ့ ထုတ်ပေးပြီး ထောက်လှမ်းရေးမှာ ခိုင်းနေတာပေါ့။ ဖွန်ကြောင်ရတာလည်း အတော်ဝါသနာထုံတယ်။ သူက ဂျိမ်းစဘွန်းလို အားတိုင်း ဖိုက်တင်တွေပလေးပြတဲ့ ဖိုက်တာလည်းမဟုတ်ဘူး။ ရှားလော့ဟုမ်းလို အမှုသီးသန့်လိုက်တဲ့ စုံထောက်လည်းမဟုတ်ဘူး။ သူက စပိုင်။ လက်တွေ့ဘဝက စပိုင်တွေနဲ့ အနီးစပ်ဆုံး ရိုက်ကူးထားတယ်။ အဲဒီလိုနဲ့ ဒီအမှုကို သူတို့လိုက်ကြတယ်။ လူကိုပါ တင်ရောင်းနိုင်တဲ့ မှောင်ခိုဈေးကွက်မျိုးရှိတဲ့လူက ငှက်ခါး ဆိုတဲ့ ဘဲကြီးပဲရှိတယ်။ အဲဒီတော့ သူ့ကို လိုက်ကြလေသတည်းပေါ့။ ဒါပေမဲ့ အမှုက ထင်သလောက်မရိုးရှင်းဘူး။ နောက်ကွယ်က သိပ္ပံစမ်းသပ်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ သပွတ်အူလိုရှုပ်နေတယ်။ အဲဒီအရာတွေထဲက Ipcress ဆိုတာကတော့ ဘယ်လိုအဓိပ္ပာယ်ရှိမလဲ… ဘာရည်ရွယ်ချက်နဲ့လုပ်ကြသလဲ… အဲဒီဇာတ်ရှုပ်ကြီးကို ဘယ်လို‌ဖြည်မလဲ… ကြည့်ရမှာပါ။ ဇာတ်လမ်းကလည်း ၂ နာရီနီးပါးဆိုတော့ အတော်ပေရှည်တဲ့ထဲပါပါတယ်။ ဒါပေမဲ့ ကြည့်ရကျိုးနပ်ပါလိမ့်မယ်။ ရုပ်ရှင်နဲ့ ပေရှည်နေပြီးတာတောင် အားမရလို့ ‌၂၀၂၂ တုန်းက စီးရီးအနေနဲ့ ထပ်ရိုက်ထားပါသေးတယ်။ အဲလ်ဖရက်ဒ်ကြီးရဲ့ ငယ်ဘဝကိုတွေ့ရမယ့်အပြင် စိတ်ဝင်စားဖို့လည်း အတော်ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.2 1965
The Ipcress File
Thank You For Coming
5.8

Thank You For Coming (2023) “အလိုမကျတဲ့ အပျိုကြီးမမ” IMDb-5.8/10 အရှေးကူးမားရဲ့ Toilet ၊ Pati Patni Aur Wohတို့နဲ့ နာမည်ကြီးလာတာတဲ့ လုံးကြီးပေါက်လှ အကိတ်မင်းသမီးလေး ဘူမီး ပဒ်နေကရ်ရဲ့ လူကြီးဟာသ ဇာတ်လမ်းတစ်ပုဒ်…။ နတ်သမီးပုံပြင်လေးတွေကို သဘောကျတဲ့မိန်းကလေးတွေထဲမှာ ကာနီကာကထိပ်ဆုံးက။ ကာနီကာတစ်ယောက်ဟာ မိခင်ဆရာဝန်ရဲ့အိမ်မှာပဲဖွင့်ထားတဲ့ဆေးခန်းကိုအမှီပြုပြီး ကလေးအရွယ်ထက်ပိုသာလွန်တဲ့ အသိတွေသိနေတာပေါ့ သိတဲ့အသိတွေကို မျိုသိပ်မထားနိုင်ဘဲ ကျောင်းကပွဲမှာ လူသိရှင်ကြားထုတ်ပြောမိရာက ကျောင်းရဲ့အကြဉ်ခံလေး ကာနီကာဖြစ်လာတော့တယ် ဒီအသိတွေက ဆယ်ကျော်သက်စူးစမ်းတတ်ချိန်ရောက်တဲ့အခါမှာတော့ လက်တည့်စမ်းပါတော့တယ် နှလုံးသားအလိုဆန္ဒ အချစ်စစ်နဲ့ ညာဘက်လူလိုချင်တာက တစ်ဖက် ၊ ငယ်ငယ်တည်းကရလာတဲ့အသိတွေနဲ့ သွေးသားဆန္ဒတောင့်တမှုတွေတစ်ဖက်နဲ့ ၁၆ နှစ်မှာ ရည်းစားထား ၁၈ နှစ်မှာ အတွေ့အကြုံအသစ်ကို အရယူပါတော့တယ် ။ နှလုံးသားရောသွေးသားဆန္ဒပါ မပြည့်ဝတဲ့ ကာနီကာတစ်ယောက် ညာဘက်လူကိုရှာမတွေ့ဘဲ ရည်းစားများရင်းသာ အသက် ၃၂ နှစ်ပြည့်မွေးနေ့ရောက်လာခဲ့တယ် လက်တွဲဖော်အသီးသီးနဲ့ပျော်နေတဲ့ သူငယ်ချင်းတွေကြား ခပ်မိုက်မိုက်အလှနဲ့ကာနီကာတစ်ယောက် ညာဘက်လူကိုရှာတွေ့သွားနိုင်မလားဆိုတာ…. ပွင့်လင်းမြင်သာလွန်းတဲ့ ဒိုင်ယာလော့ခ်တွေပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ် အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Crime
5.8 2023
Thank You For Coming
The Marine

ဒီဇာတ်ကားလေးမှာ တွေ့ရမှာ‌ကတော့ အ ားလုံးရဲ့ အချစ်တော် ကိုဂျွန်စီးနားကြီးပဲဖြစ်ပါတယ်။ အက်ရှင်ကား ကြမ်းကြမ်းတမ်းတမ်း‌‌မျှော်နေတဲ့ လူတွေရဲ့ အကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဇာတ်လိုက်‌ကျော်ကြီး ကိုဂျွန်စီးနားက ရေတပ်ကနေ အမိန့်မနာခံလို့ အထုတ်ခံလိုက်ရပါတယ်။ အလုပ်ဆိုလို့စစ်ထဲပဲနေလာတဲ့ လူဖြစ်နေတော့ ဘာအလုပ်မှလဲ မလုပ်တတ်မကိုင်တတ် ဖြစ်နေတော့ အရာအားလုံးဆီကနေ အနားယူ ထွက်ပြေး ခရီးထွက်လာပါတော့တယ် အဲဒီအချိန် တဖက်မှာလဲ စိန်သူခိုးတအုပ်နဲ့ တိုးပြီးတော့ သူ့မိန်းမကို ပြန်ပေးဆွဲသွားတဲ့အခါ ဂျွန်တယောက် သူ့မိန်းမကို ကယ်ဖို့ တောထဲကို တစ်ယောက်ထဲ စွန်းစားပြီးလိုက်ပါတော့တယ်။ ဂျွန်စီးနားကြီးရဲ့ ‌တိုက်ပုံခိုက်ပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ ဇာတ်လမ်းက ကြမ်းလဲကြမ်းသလို တချို့အခန်းတွေလဲ ရယ်စရာလေးတွေပါလို့ မြည်းစမ်းကြည့်ကြပါလို့ပဲ အကြံပြုလိုက်ပါတယ်ခင်‌ဗျာ။ File size… 1.2 GB / 796 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac

Family • Fantasy • Animation
0 2006 92 mins
The Marine
Wolf Hiding
6.1

ဒီတစ်ခါမှာတော့ CMကနေတရုတ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Nick Cheung ,Ethan Juan, Darren Wang တို့ကအဓိကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်ကြတဲ့မြို့ကြီးတစ်မြို့မှာ ဟုန်ထိုက်လုပ်ငန်းစုက ဂုဏ် အရှိန်အဟုန်ကြီးမားလျက်ရှိပြီး အဲ့ဒီလုပ်ငန်းစုရဲ့ ဥက္ကဌက မြို့ရဲ့ဝန်ကြီးအဖြစ်ဝင်ရောက်ရွေးချယ်ခံဖို့ ပြင်ဆင်နေခဲ့ပါတယ် တစ်ဖက်မှာလည်း သူ့ရဲ့ဥက္ကဌရာထူးကို သူ့လက်အောက်က လူတစ်ယောက်စီ လွှဲပြောင်းပေးတော့မှာပဲဖြစ်ပါတယ် ဒါပေမယ့် ရာထူးလွှဲပြောင်းပေးတဲ့ပွဲနေ့မှာပဲ အမှတ်မထင်ထားတဲ့ ပြဿနာမျိုးစုံကြုံခဲ့ရပါတော့တယ် အဲ့ဒီအမှတ်မထင်ထားတဲ့ပြဿနာကနေအစချီပြီးတော့ သာယာလှပနေတဲ့မြို့ကို ဆေးရောင်ဆိုးကြတဲ့ လူတစ်စုရဲ့ မကောင်းမှုတွေကလည်း တစ်စပြီးတစ်စ ပေါ်လာခဲ့ပါတယ် နှစ်ပေါင်းများစွာ အမြစ်တည်ခဲ့တဲ့ လူကုန်ကူးမှု ကိုယ်တွင်းအင်္ဂါအရောင်းအဝယ်ဈေးကွက်အစရှိတဲ့မကောင်းမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်မှာလဲ မကောင်းမှုပြုသူတို့ရဲ့ ဇာတ်သိမ်းကတော့ အားလုံးသိပြီးသားဇာတ်သိမ်းမျိုးပေမယ့် ဒီဇာတ်ကားရဲ့ Plot twist ကြီးကအရမ်းမိုက်ပြီး အက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့လို့ တရုတ်ကားပရိတ်သတ်တွေအနေနဲ့ကြည့်ရှုဖို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်နော်…

Romance
6.1 2023
Wolf Hiding
Garuda Purana
7

Garuda Purana (2023) “လွန်လေပြီးသောအခါ…” လတ်တလောမှာ ဆက်တိုက်ဆိုသလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်နာဒါအိန္ဒိယမှုခင်းရုပ်ရှင်တွေထွက်ရှိလာတာမို့ ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ကန်နာဒါလူငယ်ဒါရိုက်တာ Manjunath B Nagbaကိုယ်တိုင် ရေးသားရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ပဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ မိန်းမငယ်လေးတွေ လိင်ပိုင်းဆိုင်ရာစော်ကားသတ်ဖြတ်ခံရပြီး အလောင်းတွေကို လူသူမနီးတဲ့ဆီမှာ အိတ်တစ်လုံးနဲ့ ပစ်ထားခဲ့ခြင်းခံရပါတယ်။ ရဲတပ်ဖွဲ့က ကွင်းဆက်လူသတ်မှုလို့ကောက်ချက်ချပြီး တရားခံကိုဖမ်းဖို့ကြိုးစားပေမဲ့လည်း ကောက်ရိုးပုံမှာအပ်ရှာနေရသလို ဘာသဲလွန်စမှမရသေးဖြစ်နေခဲ့။ တစ်ဖက်မှာတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ယောကျ်ားလေးသူငယ်ချင်းသုံးယောက်က မိန်းကလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးပြီးမှ အဲဒီမိန်းကလေးကလည်း ကွင်းဆက်လူသတ်မှုတွေမှာ သေဆုံးခဲ့ရတဲ့ မိန်းကလေးတွေလို သေဆုံးသွားခဲ့ချိန်မှာတော့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
7 2023 139 mins
Garuda Purana
Pained
6.7

Pained (2011) ************* ဒီကားလေးကတော့ နာကျင်မှုတွေကို မခံစားရတဲ့ ကောင်လေးနဲ့ သွေးမတိတ်တဲ့ရောဂါရှိတဲ့လူနာ ကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးကို ဖော်ပြထားတဲ့ Romance Movie လေးပဲဖြစ်ပါတယ်။ မင်းသား Kwon Sang Woo နဲ့ မင်းသမီး Jung Ryeo Won တို့ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Ma Dong Seok လည်းပါဝင်ထားလို့ Action scene တွေကိုလည်း စိတ်ဝင်တစား ကြည့်ရမယ့် Movie ကောင်းလေးပါနော် .. ဇာတ်လမ်းအကျဉ်း ************* နမ်ဆွန်း (Kwon Sang Woo) ကတော့ မိသားစုရဲ့ ကားမတော်တဆမှုဖြစ်ပြီးနောက်ပိုင်းမှာ စိတ်ဒဏ်ရာတွေရပြီး နာကျင်မှုကို မခံစားရတော့တဲ့ သူတစ်ယောက်ဖြစ်သွားခဲ့ပါတယ် .. လက်ရှိမှာတော့ ဘုံးနို (Ma Dong Seok)နဲ့ လက်တွဲအလုပ်လုပ်ရင်း သူ့ကိုယ်သူ အနာခံ အထိုးခံအနေနဲ့လုပ်ပြီး အတိုးကြီးစားငွေချေးသမားတွေအတွက် ပိုက်ဆံလိုက်ကောက်ပေးတဲ့သူတစ်ယောက်ပါ .. ဒုံဟျွန်း(Jung Ryeo Won)ကလည်း ငယ်စဉ်ကတည်းက မိဘနှစ်ပါးကိုဆုံးရှုံးလိုက်ရပြီး မိဘတွေရဲ့ ဆေးရုံစရိတ်တွေကြောင့် အကြွေးနွံနစ်နေတဲ့အပြင် သူ့ရဲ့သွေးမတိတ်တဲ့ရောဂါအတွက်ပါ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရပါတယ် .. တစ်နေ့မှာတော့ နမ်ဆွန်းနဲ့ ဘုံးနိုက ဒုံဟျွန်းဆီကနေ အကြွေးသွားကောက်ဖို့ ဖြစ်လာပါတော့တယ် .. ဘုံးနိုက သူ့မိန်းမရဲ့ပြဿနာတွေ ဖြေရှင်းနေရတဲ့အတွက် ဒုံဟျွန်းနောက်ကို လိုက်ပြီးအကြွေးကောက်ဖို့ရာက နမ်ဆွန်းရဲ့တာဝန်ဖြစ်လာခဲ့ပါတယ် .. ပေးစရာပိုက်ဆံမရှိတဲ့ ဒုံဟျွန်းနဲ့ မရမကအကြွေးလိုက်ကောက်နေတဲ့ နမ်ဆွန်းတို့ တွေ့တိုင်းစကားများရန်ဖြစ်ကြရင်း နှစ်ယောက်သား ဘယ်လိုသဘောကျသွားကြမှာလဲ .. မတူညီတဲ့ရောဂါတွေရှိနေတဲ့ သူတို့နှစ်ယောက်ကရော ဘယ်လိုဖေးမရင်း အတူတူဖြတ်သန်းသွားကြမှာလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် အညွှန်းကို Vanessa မှရေးသားပေးထားပါတယ်။ File size…2.01GB / 734MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Romance, Crime, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

6.7 2011
Pained
Swargam
6.6

Swargam (2025) ကောင်းကင်ဘုံ “အိမ်”တဲ့ စကားလုံးလေးတစ်လုံးတည်းပေမဲ့ နွေးထွေးလုံခြုံစေတာမျိုး။ အားလုံးမှာ ဖြစ်မြောက်ချင်တဲ့ ရည်မှန်းချက်တွေရှိခဲ့ရင်တောင် မောပန်းနွမ်းနယ်လာတဲ့အခါ၊ အောင်မြင်ပျော်ရွှင်မှုကိုမျှဝေလိုတဲ့အခါ အိမ်ကိုတမ်းတ တတ်ကြပါတယ်တဲ့။ အရွယ်ရောက်လာလို့ လူတွေအများကြီး ကိုယ့်ဘဝထဲဝင်လာလေ၊ ကြုံတွေ့ရဝာာတွေများလာလေ၊ တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်တွေရှိလာလေ ငယ်ဘဝကိုတမ်းတလေပါပဲ။ ဒီဇာတ်ကားလေးမှာလည်း အိမ်နီးနားချင်း ခရစ်ယာန်ဘာသာဝင်မိသားစုနှစ်ခုရဲ့ အ‌ခြေအနေချင်းမတူကြတော့ သဘောထားကွဲလွဲရာမှတစ်ဆင့် ချည်နှောင်မိတဲ့ သိမ်မွေ့တဲ့ နှောင်ကြိုးလေးကို မြင်တွေ့ရမှာပါ။ ဘေးအိမ်က မနက်အစောကြီး ဘုရားရှိခိုးလို့လန့်နိုးလာတာ၊ သီချင်းတွေ၊ တူရိယာတွေတီးမှုတ်နေလို့ မနှစ်သက်တာမျိုးက ကြုံတွေ့ဖူးကြမှာပါ။ အဲဒီကနေ ကူညီရိုင်းပင်းလာမှု၊ နားလည်လာမှုစတဲ့ နွေးထွေးတဲ့ အိမ်နီးနားချင်းသံယောဇဉ်နဲ့ မိသားစု ချစ်ခင်မှုကို ဟာသလေးနှောပြီး ပါဝင်ထားပါတယ်။ ဘဝမှာဟန်ချက်ညီ နေထိုင်နိုင်ဖို့ အရာရာကို ချဲ့ကားနေဖို့မလိုဘဲ တစ်ဦးအပေါ်တစ်ဦး နားထောင်ပေးနိုင်ဖို့၊ မေတ္တာထားပေးနိုင်ဖို့၊ နားလည်ပေးနိုင်ဖို့လိုအပ်တယ်ဆိုတာ ဒီဒရမ်မာလေးကြည့်ပြီး ဘဝအမောပြေကြစေဖို့ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Crime • Thriller
6.6 2024 108 mins
Swargam
Lady Snowblood
7.6

Lady Snowblood (1973) IMDb Rating (7.6) / Rotten Tomatoes (100%) Toshiya Fujitaရဲ့ Lady Snowbloodကို အာရှရုပ်ရှင်ဖန်တွေ ဂျပန်ရုပ်ရှင်ဖန်တွေတော့ သိပြီးသားပါပဲ။ အကောင်းဆုံးဆိုတဲ့ ဆာမူရိုင်းကားတွေ စာရင်းထဲ သူက ပါနေကျလိုဖြစ်နေတယ်။ အဲဒီခေတ်အဲဒီအခါက မန်ဂါကိုပြန်ရိုက်တဲ့ကားဖြစ်နေတာကြောင့်ရော တစ်ကားလုံး သတ်တာဖြတ်တာတွေပဲ အသားပေးသွားပေမဲ့ ဆာမူရိုင်းကားတော့မဟုတ်ဘူးပေါ့။ ကာလက ဆာမူရိုင်းတွေပျက်သုဉ်းသွားတဲ့ခေတ်ဖြစ်တဲ့ မဲအိဂျိခေတ်မတိုင်မီနဲ့ မဲအိဂျိခေတ်သစ်စပြီး အနှစ်နှစ်ဆယ်အကြာဆိုတဲ့ ခေတ်အကူးအပြောင်းကို ဇာတ်အိမ်တည်ထားတယ်။ ခေတ်အကူးအပြောင်းရဲ့ ဆိုးယုတ်မှုတွေကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒီခေတ်အကူးအပြောင်းကာလကို အမြတ်ထုတ်ချင်တဲ့ လူလေးယောက်က ခုတုံးလုပ်ဖို့အတွက် ကျောင်းဆရာလေးတစ်ယောက်နဲ့ သူသားလေးကိုသတ်ပြီး သူ့မိန်းမကို ၃ရက်၃ညတိတိ မုဒိန်းကျင့်နှိပ်စက်ခဲ့ကြတယ်။ ကျောင်းဆရာရဲ့မိန်းမက သူတို့ထဲကတစ်ယောက်ကို သတ်ပြီး ကလဲ့စားချေပြီးတဲ့နောက် ထောင်တစ်သက်တစ်ကျွန်းကျသွားခဲ့တယ်။ ဒါပေမဲ့ သူလက်စားချေစရာ လူ၃ယောက်ကျန်သေးတယ်ဆိုတဲ့အသိနဲ့ မြင်လေလေရာ ယောက်ျားတကာနဲ့အိပ်ပြီး သူ့အစားကလဲ့စားချေပေးဖို့ ကလေးတစ်ယောက်မွေးနိုင်အောင် ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ မိန်းကလေးပဲ မွေးလာခဲ့တယ်။ ဒီကလေးဟာ ကလဲ့စားအတွက်မွေးလာခဲ့တဲ့ ကလေးဖြစ်လာခဲ့ပြီး သူ့ကို လူ့လောကနဲ့မဆိုင်တဲ့ အပယ်ဘုံက ကလေးလို့ ဆိုခဲ့ကြတယ်။ ဒီလိုနဲ့အနှစ်နှစ်ဆယ်ကြာ အဲဒီကလေးအရွယ်ရောက်လာခဲ့ပြီးတဲ့နောက် သူ့ကလဲ့စားခရီးကို စတင်ခဲ့တယ်။ Lady Snowbloodက အကြောင်းမဲ့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ တာရန်တီနိုရဲ့ Kill Billထဲက အဓိကဇာတ်ကောင် The Brideက ဒီထဲက ယုခိကို မှီးထားတာဖြစ်သလို ပတ်ချန်းဝုဒ်ရဲ့ နာမည်ကျော် Vengeance Trilogyထဲက ကျွန်တော်တော့ အကြမ်းဆုံးလို့မြင်တဲ့ Sympathy for Lady Vengeance ကလည်း ဒီယုခိကိုပဲ မှီးထားတာပါပဲ။ တစ်ချို့ကလည်း Sympathy for Lady Vengeanceဟာ Lady Snowbloodလိုဖြစ်အောင်ရိုက်ချင်ခဲ့တာလို့ ဆိုတယ်။ ဘယ်လိုပဲဆိုဆို ကလဲ့စားချေတဲ့ ရုပ်ရှင်တွေအပေါ် Lady Snowbloodက တော်တော်လေးသက်ရောက်မှုရှိခဲ့တယ်။ ဆိုလို့ ဒီလို ဇာတ်မျိုးကို သူကစခဲ့တာလားဆို‌တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ဟိုးရှေးခေတ်ပြဇာတ်ကာလကတည်းက ဒီလိုဇာတ်မျိုးက ရှိခဲ့ပြီးသားပါပဲ။ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ဂျပန်မှုတစ်ရာထဲ ” တစ်ချို့ပြဇာတ်တွေကိုဆို ရာသီတွေကူးပြီးပြရတယ်။ ချူရှင်ဂုရလို့ခေါ်တဲ့ ရိုနင်၄၇ယောက်ရဲ့ဇာတ်လမ်းတွေကိုတော့ ဆောင်းအခါမှပြတယ်။ ဘာလို့ဆို နောက်ဆုံး ကလဲ့စားချတဲ့ပွဲကို ဆီးနှင်းထဲမှာ လုပ်ကြတတ်လို့ပါ။”လို့ ဆိုထားတယ်။ တွေးကြည့်ရုံနဲ့တင် တော်တော်လိုက်ဖက်နေတဲ့ အတွဲအဖက်ပဲဖြစ်မှာပါ နှင်းဖြူဖြူတွေကြားသွေးနီနီတွေလွှမ်းနေတာထက် ကလဲ့စားတို့ သတ်ဖြတ်ခြင်းတို့ကို ပိုအသက်ဝင်စေမယ့် ပြကွက်မျိုးမရှိလောက်ဘူး။ နောက် Lady Snowbloodက ရုပ်ရှင်ကို ပြဇာတ်ဆန်ဆန်တင်ဆက်ထားတယ်။ ဒီလိုဇာတ်လမ်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ဂျပန်ရိုးရာပြဇာတ်တွေကို Tributeပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်ဟောင်းကိုမပယ်သလို တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းတင်ဆက်ပုံကို အချိန်အစဉ်လိုက်မပြဘဲ Nonlinear narrativeနဲ့ တင်ဆက်ထားပြီး ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကိုလည်း မြှင့်တင်ပေးထားတယ်။ Lady Snowbloodဟာ အဟောင်းနဲ့အသစ်ကို လိုက်ဖက်ညီအောင်သုံးထားပြီး သူ့နောက်က အသစ်တွေအတွက် လမ်းကြောင်းပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Crime,Drama Duration….01:39:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Animation • Comedy • Family
7.6 1973 97 mins
Lady Snowblood