YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Best Choice Ever E20 720p WEB-DL CM.mp4

276.79 MB N/A video/mp4 112 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Romeo and Juliet
7.4

Romeo and Juliet (1968) ~ IMDb - 7.6/10, Rotten Tomatoes - 95% ~ " မိုက်မိုက်ကန်းကန်း ချစ်ခဲ့ကြရုံတင်မကဘဲ တစ်ခါတလေ အချစ်လွန်သွားတဲ့အခန်းလေးတွေပါ ပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး " ရှိတ်စပီးယားရဲ့ နာမည်အကျော်ဆုံးပြဇာတ်တစ်ဖြစ်လဲ သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးရိုမန့်ဇာတ်လမ်းဖြစ်တဲ့ ရိုမီရိုဂျူးလိယက်ကို ရုပ်ရှင်အနေနဲ့ ပြန်တင်ဆက်ထားတဲ့ ဂန္ထဝင်ရုပ်ရှင်ပါ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ဟာ ခေတ်အဆက်ဆက်အတင်စားဆုံးအချစ်ဇာတ်လမ်းလည်းဖြစ်ခဲ့တော့ အမျိုးမျိုးအဖုံဖုံပြန်တင်ဆက်ကြတာတွေရှိပေမဲ့ ဒီတစ်ခုကတော့ စာအုပ်နဲ့တော်တော်လေးထပ်တူကျပါတယ်။ ဒီစကားက မှားတောင်မှားနေလောက်တယ်။ စာအုပ်ကြီးအတိုင်းပါပဲဆို ပိုမှန်လိမ့်မယ်။ အမှန်ဆို ဒီကားကို ကျွန်တော်ငယ်ငယ်ကတော့ တစ်ခါကြည့်ဖူးခဲ့တယ်။ ဘာသိမှာလဲ ကြားဖူးနားဝအတိုင်း ရိုမီရို ဂျူးလိယက်ဆိုတဲ့ အသက်ပေးပြီးချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလို့ပဲ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ပြန်ကြည့်တဲ့အချိန်မှာ ရှိတ်စပီးယားဟာ အဲဒီလောက်ပဲပြတတ်တဲ့ ဘဲမဟုတ်ဘူးဆိုတာ ပိုသိလာတယ်။ ပြောရရင် သူ ရိုမီရိုကို ပုံဖော်ခဲ့တဲ့ပုံတွေက လူငယ်လေးတစ်ယောက်ရဲ့ ရူးသွပ်ခြင်းတွေအပြည့်လွှမ်းနေတယ်။ ဖာသာကြီးရဲ့စကားမှာ အချစ်ရဲ့သဘောသဘာဝအမှန်ပါနေပေမဲ့ ရိုမီရိုက နားမဝင်ခဲ့ဘူး။ မိုက်ကန်းရူးရဲ လူငယ်လေးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒီတစ်ခါမှာတော့ ရှိတ်စပီးယားဟာ ဒီဇာတ်ကို အခမ်းနားဆုံးအချစ်ဇာတ်လမ်းအနေနဲ့တင် ပုံဖော်ထားတာမဟုတ်ဘဲ လက်တွေ့အကျဆုံး အချစ်အကြောင်းဇာတ်လမ်းအနေနဲ့ပါ ပုံဖော်ထားတယ်။ ဒါကြီးကို လက်တွေ့ကျတယ်လို့ ပြောတာ ရူးရာကျမယ်လို့တော့ ခင်ဗျားထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရိုမီရို ကာရိုက်တာနဲ့ ဖာသာကြီးစကားတွေကို ယှဉ်မြင်ကြည့်တဲ့အခါ ဒီလိုပဲမြင်ပါတယ်။ ရှိတ်စပီးယားဇာတ်ကို ရှိတ်စပီးယားဟန်အတိုင်း မြည်းစမ်းကြည့်ချင်တဲ့လူတွေကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nay Htet Walar Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.05GB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 2H 18Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Nay Htet Walar Kyaw Encoded by Y

Crime • Drama • Mystery
7.4 1968 138 mins
Romeo and Juliet
Zombies
6.5

Zombies(2018) IMDb…6.5 ဒီဇာတ်ကားလေးကတော့ Disneyက 2018မှာ အသစ်ထွက်ရှိထားတဲ့ကားလေးပါ ….. ဇွန်ဘီ(zombie)ဇာတ်ကားဆိုပေမယ့် စိုးရိမ်ထိတ်လန့်သွေးပျက်စရာအခန်းတွေနဲ့ကားမျိုးတော့မဟုတ်ပါဘူး.. ..မတော်တဆမှုတစ်ခုကနေ လူသားမျိုးနွယ်အတော်များများဟာ ဇွန်ဘီတွေဖြစ်ကုန်ကြတယ်.. .အစိုးရကနေ ဇွန်ဘီတွေနဲ့ လူသားစင်စစ်တွေကြားမှာ တံတိုင်းကြီးခတ်လိုက်တယ်…နောက်ပိုင်း တိုးတက်လာတဲ့ခေတ်ကြီးမှာ ဇွန်ဘီတွေဟာ ထိန်းချုပ်စရာ ကိရိယာတွေတီထွင်ပြီး ပုံမှန်လူသားတစ်ဦးလိုနေထိုင်လာကြတယ်.. .ဇွန်ဘီတွေဟာ သာမန်လူတွေလို ပညာတွေသင်ကြတယ်..အလုပ်တွေလုပ်ကြတယ်.. .သီချင်းတွေဆိုကြတယ်.. .သို့ပေမယ့်လည်း ဇွန်ဘီတွေဟာ ပုံမှန်လူသားတွေအတွက် ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်ရှိနေဆဲပါ.. .ဒီလိုအခြေအနေမျိုးမှာ ဇွန်ဘီ ကောင်လေးတစ်ယောက်ကို လူသားကောင်မလေးတစ်ယောက်က ကြွေသွားတယ်. . Disneyဇာတ်ကားလေးတွေအတိုင်း ကျောင်းသားကျောင်းသူတွေနဲ့ဇာတ်အိမ်တည်ပြီး သီချင်းလေးတွေ မြိုင်ဆိုင်နဲ့ သက်ဝင်လှုပ်ရှားစွာရိုက်ပြထားပါတယ်… ကိုင်း ဖြေဖျော်ရေးဆန်ဆန် ပျော်ပျော်ပါးပါးကားမျိုးလေးတွေမှ သဘောကျနှစ်ခြိုက်တဲ့ သူတွေအတွက် အချစ်ဇာတ်လမ်းကောင်းလေးအဖြစ်ညွှန်းဆိုပါရစေ…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Inzali Than Htike ဖြစ်ပါတယ်… File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:34:00 Genre : Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Inzali Than Htike Encoded by Phyo Pyae

Drama
6.5 2018 94 mins
Zombies
The Family

ဘာသာရေးနဲ့ ပတ်သက်လာရင် ကျနော်တို့တတွေဟာ ငယ်ငယ်ကတည်းက အယူအစွဲကြီးခဲ့ကြမှာပါ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတာကလည်း ဘုရားကျောင်းကန်ကို မပြတ်သွားလေ့ရှိကြတဲ့အမျိုးမဟုတ်လား။ ဒါပေမဲ့ တစ်ခုရှိတာက ငယ်စဉ်ကတည်းက ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဖြန့်လေ့ရှိကြတဲ့ ဘာသာရေးမှိုင်းတွေ၊ လူကြီးသူမတွေရဲ့ ခြောက်လှန့်ပြောဆိုမှုတွေကြားမှာ အသားကျကြီးပြင်းလာခဲ့မယ်ဆိုရင်တောင်မှ အသက်တစ်ခု ရလာလို့ လောကကြီးနဲ့ အထိအတွေ့လေး ရှိလာရင် တချို့ကိစ္စတွေကို အမှားအမှန် ခွဲခြားတတ်လာတာမျိုးလေးတွေလည်း ရှိလာကြစတမ်းပါပဲ။ ဒါပေမဲ့ ငယ်စဉ်ကတည်းက အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး အုပ်ထိန်းသူတွေရဲ့ ဘာသာရေးအဆုံးအမတွေကြားမှာပဲ ရှင်သန်ကြီးပြင်းလာခဲ့ရမယ်ဆိုရင်တော့..။ ဆယ့်ကိုးရာစုပတ်လည်မှာပေါ့။ တောအုပ်တွေဝိုင်းထားတဲ့ လယ်ယာမြေလေးတစ်‌ကွက်မှာ မိသားစုတစ်စု ရှိတယ်။ အဖေဖြစ်သူက ဘာသာရေးစွဲကြီးတဲ့အပြင် အရာရာမှာ နိုင်လိုမင်းထက် ပြုချင်တဲ့ ဗီဇကလည်း ရှိပါ‌သေးတယ်။ ဒီလိုပြောလို့ အမေဖြစ်သူကတော့ ကောင်းလိမ့်မယ် မထင်လိုက်ပါနဲ့ သူလည်း ထူးမခြားနားပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ ညီအငယ်ဆုံးလေးဖြစ်သူ Elijah အလုပ်လုပ်ရင်း ပင်ပန်းမှုဒဏ်တွေကြောင့် လဲကျသွားတဲ့အခါမှာတော့ အဖေလုပ်သူဟာ ယမ်းမီးပုံကျ ဒေါသအိုးကွဲပြီး ညီထွေးကို အပြစ်ပေးတဲ့အနေနဲ့ တောအုပ်ထဲကို ခေါ်သွားကာ ချန်ရစ်ခဲ့ပါတော့တယ်။ နောက်တော့ အိမ်ထောင်ဦးစီးဖြစ်သူ အဖေကြီးက အဖဘုရားသခင်အလိုတော်အရဆိုပြီး မိသားစုထဲ ချွေးမလေးတစ်ယောက်ကို ခေါ်လာခဲ့ပြန်ပါတယ်။ တောကြီးမျက်မည်းထဲ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာတဲ့ အဆိုပါသတို့သမီးလောင်းနဲ့ အကြီးဆုံးသား Calebတို့ကြားက ဆက်ဆံရေးဟာ ဘယ်လိုဘယ်ပုံ ခရီးသွားကြမလဲ။ တစ်စထက်တစ်စ သိနားလည်တဲ့ အရွယ်ကို ရောက်လာတော့ အဖေဖြစ်သူရဲ့ အဆုံးအမတွေ ရှေ့နောက်မညီမှန်းကို သတိထားမိစပြုလာတဲ့ Calebကရော ပုံစံခွက်ထဲကနေ ဖောက်ထွက်ရဲမှာလား။ အပြင်လောကကြီးက အဖေဖြစ်သူပြောသလိုမျိုး ပျက်စီးယိုယွင်းနေပြီး နတ်မိစ္ဆာတွေ အပြည့်နဲ့ ဖြစ်နေမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့် ရှုစားလိုက်ကြပါခင်ဗျား။ Castတွေအနေနဲ့ကတော့ ဝါ့ရင့်သရုပ်ဆောင် မင်းသားကြီး Nigel Benette, The L.A complexထဲက မင်းသား Benjamin Charles Watson, Hannibal, Mafia Incတို့အပါအဝင် ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးEllandအစရှိသဖြင့် ပါဝင်ကြပြီး ရုပ်ရှင်ဆုနှစ်ဆုကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ File size…(1.08GB) / (630MB) / (282MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO

Action • Drama • History • War
0 2022 105 mins
The Family
Fingernails
5.9

Fingernails (2023) Fingernails ရဲ့ ဒါရိုက်တာ Christos Nikou က Dogtooth (2009) လို နာမည်ကျော်ကားမျိုးတွေမှာ Assistant Director လုပ်ရင်းကနေ ဒါရိုက်တာအဖြစ် Apples (2020) နဲ့ ပွဲဦးထွက်ခဲ့တယ်။ သူက ဂရိလူမျိုးဆိုတော့ အဲဒီရုပ်ရှင်ကလည်း ဂရိရဲ့ အော်စကာရွေးချယ်ခံကားအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Apples ဟာ အလိုက်အထိုက်တော့ အောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ ဒုတိယကားဖြစ်တဲ့ Fingernails ကို ကိတ်ဘလန်းချက်လို နာမည်ကျော်မင်းသမီးက ပရိုဂျူဆာလုပ် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၉တုန်းက Sound of Metal နဲ့ မင်းသားဆုအော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Riz Ahmed နဲ့ ၂၀၂၂ တုန်းက The Lost Daughter နဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Jessie Buckley တို့ကို သုံးနိုင်ခဲ့တယ်။ နောက်နာမည်ကြီးထဲကပဲ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ ဂျယ်ရမီအယ်လန်ဝှိုက်တို့ကို သုံးထားသေးတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Sci-Fi / Romance ဆိုတဲ့အတိုင်း ဒရာမာဇာတ်လိုဇာတ်ကိုမှ Sci-Fi အမြင်သစ်တွေနဲ့ ခပ်ဆန်းဆန်းတင်ပြထားတယ်။ ပြောရရင် သိပ်မကြာသေးခင်က ထွက်ခဲ့တဲ့ Foe နဲ့တောင်ဆင်တယ်။ A24 က ထုတ်တာမဟုတ်ပေမဲ့ A24 ကားတွေလို့ ကျွန်တော်တို့လက်ခံထားတဲ့ ပုံစံမျိုးတွေနဲ့လည်းဆင်တယ်။ သူ့နာမည်အတိုင်းပဲ ဒီရုပ်ရှင်ထဲကလူတွေဟာ ချစ်သူစုံတွဲတွေကြားက အချစ်ကို စစ်မစစ် အကဲဖြတ်ဖို့အတွက် ချစ်သူနှစ်ဦးရဲ့ လက်သည်းခွံကို ခွာထုတ်ပြီး စက်ထဲထည့် စက်ကချပေးတဲ့ရာခိုင်နှုန်းကိုကြည့်ပြီး အတည်ပြုကြတယ်။ ပေါ့စတစ်ထွက်ရင် အပြန်အလှန်ချစ်နေကြတဲ့ အချစ်စစ်ဖြစ်ပြီး နဂ္ဂတစ်ထွက်ခဲ့ရင်တော့ မစစ်ဘူးပေါ့။ ဒီလိုနဲ့ ချစ်သူတွေစုံတွဲတွေဟာ သူတို့ကြားက အချစ်ကို စစ်မစစ်ကြည့်ဖို့ အဲဒီလိုအကဲဖြတ်ခဲ့ကြတယ်။ သိပ်အဆင်ပြေနေတဲ့ အိမ်ထောင်ရေးဖြစ်နေရင်တောင်မှ စက် မစစ်ဘူးလို့ ထွက်လာရင် အကြောင်းအမျိုးမျိုးနဲ့ကွဲပြဲကြတယ်။ ဒီလိုစက်က ပေါ့စတစ်ထွက်နိုင်ခြေဆိုတာလည်း တစ်ရာမှာ တစ်ဆယ်ကျော်ပဲရှိတဲ့အထိ အတော်နည်းပေမဲ့ စစ်ချင်တဲ့လူတွေကလည်း သိပ်များခဲ့တယ်။ ဒီလိုနဲ့ အချစ်ရဲ့ ဆုတ်ကပ်ခေတ်ကြီးဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဒါကိုကျော်လွှားဖို့ ချစ်သူတွေကြား ပိုရင်းနှီးကျွမ်းဝင်လာစေဖို့ လေ့ကျင့်ခန်းသဘောဆန်ဆန်တွေ လုပ်ပေးတဲ့ အချစ်စာမေးပွဲဖြေဖို့ ကျူရှင်တက်ရသလို အချစ်ကျူရှင်သဘောမျိုးတွေလည်း ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ်ရော အဓိပ္ပာယ်ရှိရဲ့လား…။ အချစ်တွေကို ဒီလိုကန့်သတ်လို့ရနိုင်ရဲ့လား…။ ဒီရုပ်ရှင်မှာ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဓာတ်ခွဲကြည့်လိုက်ကြပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 700MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 53Min Genre – Drama, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.9 2023
Fingernails
The Marsh King’s Daughter

နာမည်ကြီး ပြန်ပေးသမား လူသတ်သမားရဲ့ သမီးဖြစ်သူအကြောင်း ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ အဓိကမင်းသမီးအဖြစ် စတားဝေါရ်မင်းသမီး ဒေစီရစ်ဒလီက ပါဝင်ထားပါတယ်။ Divergent, Illusionist တို့လို နာမည်ကျော်ကားတွေရဲ့ ဒါရိုက်တာ Neil Burger ကပဲ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဟယ်လင်နာဟာ အဖေဖြစ်သူ မုဆိုး ဂျေကော့ နဲ့အတူ ကလေးဘဝထဲက မုဆိုးပညာတွေ သင်ပြီးတောထဲမှာပဲ မိသားစုသုံးယောက် နေလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အမေက သူ့ကိုခေါ်ပြီးထွက်ပြေးလာတော့မှ သူ့အဖေဟာ သူ့အမေကို အတင်းဖမ်းဆီးပေါင်းသင်းထားတာသိလိုက်ရပါတော့တယ်။ သူတို့သားအမိနောက်ကိုလိုက်လာရင်း ဂျေကော့ အဖမ်းခံလိုက်ရပြီး ထောင်နန်းစံသွားတဲ့အခါ ဟယ်လင်နာလည်း ဘဝသစ်စခဲ့ပြီး သမီးတစ်ယောက် ယောကျ်ားတစ်ယောက်နဲ့တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့အဖေ ထောင်ထဲကနေထွက်ပြေးလွတ်မြောက်သွားကြောင်း ကြားလိုက်ရတဲ့အခါ အတိတ်က အရိပ်တွေကို ရင်ဆိုင်ပြီးဖြေရှင်းဖို့ ကြိုးစားရပါတော့တယ်။ File size…(1.7 GB)/(973 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

0 2023
The Marsh King’s Daughter
Touch Guy Sniper
5.7

ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့… အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့… ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာ ဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့.. အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့.. အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ… ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့… ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာ ဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကို မျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့် သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်… ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းက အလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲ တစ်ဖက်ရန်သူအင်အားလည်း အတော်လေး အတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့… အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့… တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရော အောင်မြင်နိုင်ပါတော့မလား အမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ.. ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင်

Science Fiction • Horror • Action
5.7 2024
Touch Guy Sniper
Srikanth
7.8

Srikanth (2024) ဆရီကန့်သ် ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်‌ဆက်ပေး‌ချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြော ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူ အမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါ ဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်း မြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။‌ နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ကံဆိုးချင်တော့ မျက်မမြင်ကျောင်းရဲ့ကျောင်းအုပ်နဲ့ အဆင်‌မပြေဖြစ်ပြီး ကျောင်းကနေ ထုတ်ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ ဆရာမဒေဗီကာက သူ့ကို ပညာဆက်သင်ခိုင်းရင်း စာမေးပွဲကို 96 ရာခိုင်နှုန်းနဲ့ အောင်မြင်သွားပါတော့တယ်။ ကောလိပ်တက်ဖို့ ဘာသာရပ်ရွေးတဲ့အချိန် သိပ္ပံပညာရပ်ကို မျက်မမြင်မသင်ရဘူးဆိုတဲ့ ဥပဒေကြောင့် ဆရီကန့်သ်က အိန္ဒိယပညာရေးစနစ်ကြီးကို တရားစွဲရင်း ဆရီကန့်သ်တစ်ယောက် သူသင်ချင်တဲ့သိပ္ပံပညာသင်ကြားနိုင်ပါ့မလား….. သူ့ဘဝမှာရော နောက်ထပ် ဘယ်လိုအခက်အခဲမျိုးတွေ ကြုံရဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။

7.8 2024 134 mins
Srikanth
I’m From the Mountains
5.7

တန်းနစ်အားကစားကို “တော်ဝင်အားကစား” လို့ ခေါ်ကြပြီး လူချမ်းသာတွေသာ ထိတွေ့လို့ရတဲ့ အားကစားလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီလိုအပြောမျိုးက မှားနေကြောင်းကို တရုတ်နိုင်ငံတောတောင်ထဲက ဝ လူမျိုး ပလိုင်းလွယ်တဲ့ လူငယ်လေးတွေက သက်သေပြခဲ့ပါတယ်။ ငယ်စဉ်က အားကစားကျောင်းက ထွက်လာခဲ့ပြီး အခွင့်အရေးမရတာကြောင့် မိသားစု စားဝတ်နေရေးအတွက် အားကစားအိပ်မက်ကို လက်လျှော့ခဲ့ပြီး ကုန်ကားမောင်းနေတဲ့ နည်းပြကျန်းရှောင်ဟုန်ဟာ တပည့်ဖြစ်သူစွန်းချန်ကို ချန်ပီယံဖြစ်အောင် လေ့ကျင့်ပေးခဲ့ပေမဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒါကို မကျေနပ်တဲ့ နည်းပြကျန်းဟာ ယူနန်တောင်ထဲက သွက်လက်တဲ့ ကလေးတွေကို တန်းနစ်ကစားသမားဖြစ်အောင် ပျိုးထောင်ပေးခဲ့ပါတယ်။ နည်းပြကျန်းနဲ့ ကလေး ၄ ယောက် တန်းနစ်အားကစားကို ကစားရဖို့အတွက် ဘယ်လို အခက်အခဲတွေ အထင်သေးခံရမှုတွေနဲ့ ကြုံတွေ့ရမလဲ …… တောတောင်ထဲက ကလေးတွေက သာမန်လူတွေထက် ဘယ်လောက် ကြိုးစားအားထုတ်မှုတွေ လုပ်ရသလဲ…… ဆိုတာကို ဖြစ်ရပ်မှန်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
I’m From the Mountains
The Good Half

Diector Robert Schwartzman ရိုက်ကူးထားပြီးအမေရိကန်အဆိုတော်၊ တေးရေး၊ သရုပ်ဆောင် Nicholas Jerry Jonasအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်မိခင်ဆုံးသွာလို့ မွေးရပ်မြေကိုပြန်လာတဲ့ အိပ်ပြေးသားတစ်ယောက်ဖြစ်တဲ့ ရန် ဟာမွေးရပ်မြေကိုပြန်ရောက်ချိန်မှာတော့ မိခင်ဖြစ်သူရဲ့ဈာပနပွဲအတွက်နဲ့ မဆုံတာကြာပြီဖြစ်တဲ့အစ်မဖြစ်သူနဲ့ အဖေဖြစ်သူတို့ကိုပြန်တွေ့ရဖို့အကြောင်းဖန်လာပါတယ် မိခင်ဖြစ်သူကိုဆုံးရှုံးရလို့ ခံစားချက်တွေအများကြီးရှုပ်ထွေးနေပြီးအားလုံးနဲ့ ကတောက်ကဆဖြစ်တာပေါ့ရင်ဆိုင်ဖို့သတ္တိကလည်းမရှိ အမေဖြစ်သူရဲ့နောက်ယောက်ျားနဲ့လည်းပေါက်အလမ်းမတည့် ပြဿနာတွေစုံနေတာပေါ့ ဇာတ်လမ်းလေးကိုတော့ မေတ္တာဖွဲ့အနေနဲ့ပဲရိုက်ကူးထားတာဖြစ်တာကြောင့်ရန် တစ်ယောက်ဒီပြဿနာတွေ ဒီဝေဒနာတွေကိုဘယ်လိုအကောင်းဆုံးဖြေရှင်းသွားမလဲဆိုတာလေးကိုပဲကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size…(1 GB)/(625 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo

Drama
0 2023
The Good Half
Ghost Trail Les fantômes
6.7

Ghost Trail (2024) IMDb Rating (6.7) / Rotten Tomatoes (100%) ထုံးစံအတိုင်း ပြင်သစ်ကို ပြည်ပြေးလာခဲ့တဲ့ ကမ္ဘာအရပ်ရပ်က မငြိမ်မသက်နိုင်ငံတွေကလာခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ရိုက်တဲ့ သူတို့နိုင်ငံမငြိမ်သက်မှုတွေ ကြောင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာပျက်တွေအကြောင်းပါပဲ။ ဆီးရီးယားရဲ့ သားသတ်အိမ်လို့ခေါ်တဲ့ Sednaya ထောင်ကနေ လွတ်လာခဲ့တဲ့ ပြည်ပြေးတွေက တိုင်းတစ်ပါးမှာ ခိုလှုံရင်း မလွတ်လာခဲ့သူတွေ သေသွားတဲ့သူတို့မိသားစု တွေအတွက် မကျက်သေးတဲ့အနာတွေကို ကုစားနေရပုံကို တင်ပြထားတယ်။ အစိုးရဘက်ကနေ သူတို့ကို ဒီထောင်ထဲ နှိပ်စက်ခဲ့ သူတို့အသိတွေကိုသတ်ခဲ့တဲ့ ပြည်ပြေးစစ်သားဟောင်းတွေကိုလည်း ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံမှာ လူမသိသူ မသိ အဖွဲ့သေးသေးလေးတွေဖွဲ့ပြီး လိုက်ရှာပြီး တရားခွင်တင်ဖို့ ကလဲ့စားချေဖို့ကြိုးစားခဲ့ကြတယ်။ ဒီရုပ်ရှင်မှာ ဆီးရီးယားကနေ ပြေးလာခဲ့တဲ့ ပြည်ပြေးတွေရဲ့ ဝေဒနာပေါင်းစုံကို မြင်ရပါလိမ့်မယ်။ Rotten Tomatoesတော့ ၁၀၀ရာခိုင်နှုန်းရထားပါတယ်။ ဒါမျိုးကားတွေက အော်စကာရဲ့နိုင်ငံခြားရုပ်ရှင်ဆန်ခါတင်စာရင်းမှာ အမြဲပါနေကျဆိုတော့ ပါကောင်းပါလာနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.9 GB) / (0.9 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….01:47:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy
6.7 2024
Ghost Trail Les fantômes
Ni Main Sass Kuttni 2
7.3

Ni Main Sass Kuttni 2 (2024) “ယောက္ခမနဲ့ ချွေးမ” ဒီတစ်ခါမှာ ပရိသတ်တို့အတွက် ပန်ချာပီ မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ အမျိုးသမီး ကျေးရွာလူကြီးဖြစ်တဲ့ ချွေးမလုပ်သူဟာဆိုရင် မြေးနှစ်ယောက်ရတဲ့အရွယ်အထိ အိမ်က အသက်အကြီးဆုံးအဘွားအိုဖြစ်တဲ့ ယောက္ခမနဲ့ မတည့်နိုင်ဘဲရှိပါတယ် ယောက္ခမလုပ်သူကလည်း အိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်း စွာကျယ်စွာကျယ်လုပ်တဲ့ ချွေးမကို ပြန်နိုင်ဖို့ရာ အကြံထုတ်လျက်ရှိပါတယ် တစ်ဖက်မှာလည်း ရှေ့နေစုံတွဲနှစ်ယောက် တရားခွင်မှာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တရားရုံးအပြင်မှာ တီတီတာတာလုပ်ကြတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသော ရပ်ရေးရွာရေး ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Adventure • Family
7.3 2024
Ni Main Sass Kuttni 2
Gemini
6.2

Gemini (2002)”ဂျီမီနီ” ================= ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Gemini ဆိုတဲ့ ဒီရုပ်ရှင်လေးဟာဆိုရင် မေလ ၂၁ ရက်နေ့နဲ့ နဲ့ ဇွန်လ ၂၁ ရက်နေ့ကြားမှာမွေးတဲ့ မေထုန်ရာသီဖွားတွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ မဟုတ်ဘဲ ဂျီမီနီဆိုတဲ့နာမည်နဲ့လူဆိုးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဂျီမီနီဆိုတာကတော့ တမီလ်နာဒူးပြည်နယ်ထဲမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့က လူမိုက်တစ်ယောက်ပါ။ သူဟာ အစတုန်းက မြို့ခံဂိုဏ်းစတားကြီးတွေဆီမှာ အလုပ်လုပ်ခဲ့ပေမဲ့ သူအလုပ်လုပ်ပေးတဲ့ ဂိုဏ်းစတားတိုင်း အဖမ်းခံရ အရှော့ခံရဖြစ်ကုန်တဲ့အတွက် သူယုံကြည်ရတဲ့သူတွေကို စုပြီး ကိုယ်တိုင် ဂိုဏ်းစတားလုပ်ဖို့ ကြံစည်ပါတော့တယ်။ သူဟာ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့ပေမဲ့ သူဌေးတစ်ယောက်ရဲ့ သမီးအလှလေးကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်မိသွားချိန်မှာတော့ ဂိုဏ်းစတားပေါက်စ ဂျီမီနီရဲ့ဘဝလမ်းကြောင်းတွေ ပြောင်းလဲခဲ့ရပုံကို ဒီ တမီလ်စကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Horror • Action • Crime
6.2 2002 160 mins
Gemini
Hidden Player
5.5

အွန်လိုင်းဂိမ်းတွေဟာအရမ်းကိုကျယ်ပြန့်လာပြီး နေရာယူလာတာနဲ့အမျှ ကစားသူတွေရဲ့လုံခြုံရေးအတွက်အွန်လိုင်းဂိမ်းတွေကို စုံစမ်းစီစစ်ရတဲ့ PNG ဌာနတစ်ခုဖြစ်လာခဲ့တယ်။ လတ်တလောမှာ တရားမဝင်အွန်လိုင်းဂိမ်းတစ်ခုကြောင့် ကစားသူတွေရဲ့စိတ်တွေကအဲဒီဂိမ်းထဲမှာပဲနစ်မြုပ်သွားပြီးတော့ ပြန်မနိုးလာကြတဲ့ကိစ္စတွေဖြစ်နေခဲ့တယ်။ အဲဒီကိစ္စကိုစုံစမ်းဖို့အတွက် ယွင်ရှင်းဟာ PNGကအလုပ်ကိုထွက်ပြီး အသွင်ယူပြီး လျှို့ဝှက်ကစားသူအနေနဲ့ဝင်ကစားခဲ့တယ်။ လူတွေရဲ့အသိစိတ်ကို ထိန်းချုပ်ပိတ်နှောင်ထားနိုင်တဲ့ဒီဂိမ်းရဲ့ဖန်တီးသူကိုတွေ့အောင်ရှာပြီး ဒီဂိမ်းထဲမှာပိတ်မိနေတဲ့သူတွေကိုကယ်တင်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Action • Comedy
5.5 2025
Hidden Player
Brain Freeze
4.9

Brain Freeze (2021) —————————– IMDb rating -4.9/10 Rotten Tomatoes – 71% Genre – Zombie Horror, comedy ဇာတ်လမ်းအကျဉ်း – သုံးမကုန်အောင် ပိုက်ဆံချမ်းသာ‌နေပြီးတော့ ၊ လူပေါ်လူဇော်လုပ် ဂေါက် ရိုက်ရတာကြိုက်တဲ့ လူချမ်း သာတွေက တစ်နှစ်ပတ်လုံး ‌လုပ်စရာမရှိ ဂေါက်ရိုက်ချင်ကြပါတယ် ဒါပေမဲ့ ဆောင်းတွင်းအခါ နှင်း‌တွေခဲတာကြောင့် မြေမှာ မြက်ပင်တွေ မပေါက်နိုင်တဲ့အခါ လူချမ်းသာတွေ ဟာ ဂေါက်ရိုက်ဖို့ မဖြစ်နိုင်ကြပါဘူး အဲ့ဒီအခါမှာ ဉာဏ်ကြီးရှင် စီးပွားရေး သမား‌တွေ ဟာ အကြံထုတ်ကြပါတော့တယ် သူတို့အတွက် အကျိုးအမြတ်များစွာရရှိနေတဲ့ လူချမ်းသာ တွေအတွက် ဆောင်းတွင်း မှာပါ မြက်တွေပေါက်ဖို့ကို ပညာရှင်တွေနဲ့ စမ်းသပ် ပြီး ဓာတ်မြေဩဇာကို ဖန်တီးလိုက်ပါတယ် မျော်လင့်ထားသလို အလုပ်ဖြစ်ခဲ့ပေမဲ့ ဓာတုပစ္စည်းရဲ့ အန္တာယ်ဟာ ဘယ်လောက်တောင်ဆိုးကျိုးရှိပြီး လူတွေကို ဇွန်ဘီအဖြစ် ပြောင်းသွားစေလောက်အောင် ဖြစ်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပေးကြပါခင်ဗျား။ File size… 1.2 GB / 600MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kafka

Drama • Thriller
4.9 2021 91 mins
Brain Freeze