YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Best Choice Ever E14 720p WEB-DL CM.mp4

289.53 MB N/A video/mp4 116 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dear Zindagi
7.1

Dear Zindagi (or) The Best Bollywood Movie in 2016 နေ့စဉ်ဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝကြီးထဲမှာ အောင်မြင်သောဘဝကိုရရှိဖို့အခက်အခဲမျိုးစုံကို ဖြတ်သန်းနေရပါတယ်။ မအောင်မြင်ခင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားဖို့ မိဘနဲ့ မိမိရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေကိုလိုအပ်ပါတယ်။ သူတို့ရဲ့ ကူညီမှုသာမပါရင် ကျော်ဖြတ်ဖို့ တော်တော်လေးပင်ပန်းခက်ခဲမှာပါ။ မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်တွေက ကျွန်တော့်တို့ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝအတွက်တော့ အကောင်းဆုံးခွန်အားပါပဲ။ Kaira (Alia Bhatt) က အရည်အချင်းရှိတဲ့ Cinematographer တစ်ယောက်ဖြစ်ပြီး သူမရဲ့ဘဝကို ဒီထက်အောင်မြင်မှုရဖို့ကြိုးစားနေသူပါ။ ဒါပေမဲ့ နှလုံးသားရေးမှာတော့ ကံမကောင်းသေးပါဘူး။ သူမနဲ့ ကိုက်ညီတဲ့ စစ်မှန်တဲ့ အချစ်စစ်ကိုရှာဖွေနေတုန်းမှာပဲ အသည်းကွဲခံလိုက်ရပါတယ်။ Goa မှာရှိတဲ့ စားသောက်ဆိုင်ကြော်ငြာရိုက်ဖို့အတွက် မွေးရက်မြေကို ပြန်ဖို့ဖြစ်လာသောအခါ စိတ်ဓာတ်ကျပြီး ရည်မှန်းချက်ပျောက်နေတဲ့ Kaira တစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့ Dr. Jehangir Khan (Shah Rukh Khan) ရဲ့ ဟောပြောမှုကိုနားထောင်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူမရဲ့ဖြစ်ပျက်နေတဲ့ စိတ်ပျက်မှုကိုပပျောက်ဖို့အတွက် Dr.Jug နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ ပုံမှန်သမာရိုးကျမဟုတ်တဲ့ ကုသမှုတွေနဲ့ Kiara ရဲ့ အတိတ်ဘဝ၊လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့အခါ Dear Zindagi ဆိုတဲ့ လှပတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပထမဆုံးချီးကျူးလိုတာကတော့ ဇာတ်ကားကို ရိုက်ကူးတဲ့ အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde ရဲ့ ရိုက်ကူးမှုပါပဲ။မြန်မာပရိသတ်တွေတော်တော်သဘောကျတဲ့ ပေါက်ကားဖြစ်တဲ့ အမေရိကန်ရောက် အင်ဒီယန်းအမျိုးသမီးရဲ့ အင်္ဂလိပ်စာသင်ယူမှု အကြောင်းရိုက်ကူးထားတဲ့ English Vinglish ဇာတ်ကားကို ရိုက်ကူးထားတဲ့သူပါ။ဝင်ငွေပိုင်းအရအောင်မြင်သလို အနုပညာအရလည်းဆုပေါင်းများစွာရရှိခဲ့တဲ့ကားကို ရိုက်ကူးခဲ့တဲ့သူမအနေနဲ့ ယခုဇာတ်ကားအပါအဝင် ဇာတ်ကားနှစ်ကားပဲရိုက်ကူးထားရပါသေးတယ်။တကယ်ကိုပဲ ချီးကျူးဖို့ကောင်းသလို ရိုက်ကူးတဲ့ဇာတ်ကားနှစ်ကားလုံးကအရမ်းကိုကောင်းမွန်သလို ဝင်ငွေပိုင်းမှာလည်း အောင်မြင်ခဲ့ပါတယ်။ အမျိုးသမီးဒါရိုက်တာဖြစ်တာနဲ့အညီ သူမရဲ့ဇာတ်ကားတွေမှာ အမျိုးသမီးဇာတ်ကောင်ကို အဓိကထားရိုက်သလို ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်က မင်းသမီး Alia Bhatt ဖြစ်ပါတယ်။ နောက်ပိုင်းတက်သစ်စမင်းသမီးတွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့ Alia အတွက်တော့ ဒီဇာတ်ကားက သူမရဲ့သရုပ်ဆောင်ဘဝကို တစ်ဆင့်တက်စေတဲ့ ဇာတ်ကားပါပဲ။ လုပ်ကွက်ရတာနဲ့အညီအကောင်းဆုံးသရုပ်ဆောင်သွားတဲ့ Alia ကတော့ ဒီနှစ်ဆုပေးပွဲတွေရဲ့အဓိကသရုပ်ဆောင်ဆုတွေမှာ ရေပန်းစားနေပါသည်။ မင်းသမီးရဲ့အဓိကဦးဆောင်တဲ့ဇာတ်ဖြစ်ပေမယ့် Dear Zindagi ဆိုတဲ့ ဇာတ်ကားရဲ့ အသက်ကိုသွင်းပေးတဲ့သူကတော့ Dr.Jug အဖြစ်သရုပ်ဆောင်တဲ့ အားလုံးချစ်တဲ့မင်းသားကြီး Shah Rukh Khan(SRK) ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းအသက်ဖြစ်တဲ့ အရမ်းကောင်းမွန်တဲ့ စိတ်ပညာနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကို လွယ်ကူစွာနားလည်နိုင်စေရန် ဥပမာပေးပြီး အရေးကြီးတဲ့ ဘဝနဲ့ဆိုင်တဲ့ ဒသနတွေကို ပြောပြခဲ့တဲ့ SRK ရဲ့ဇာတ်ရုပ်က တော်တော်လေးကောင်းမွန်ပါတယ်။ မင်းသားရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်မှုတွေပေါင်းစပ်လိုက်တဲ့ အခါမှာတော့ Dr.Jug ဆိုတဲ့ဇာတ်ကောင်က ကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာပါတော့တယ်။ ဒီဘက်နှစ်တွေမှာ Bollywood မဆန်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးလာတဲ့ မင်းသားရဲ့ပြောင်းလဲမှုကို သက်သေပြုတဲ့ ဒီဇာတ်ကားက ပုံမှန် Bollywood ဇာတ်ကားကနေအများကြီးခွဲထွက်ထားပါတယ်။ မြန်မာနိုင်ငံနဲ့ တော်တော်လေးဆင်ပြီး အရမ်းလှတဲ့ ဂိုအာမြို့မှာအခြေပြုရိုက်ကူးထားတဲ့ ဒီဇာတ်ကားက ပုံမှန်ဖြစ်နေတဲ့ အုပ်စုဖွဲ့ဝိုင်းကတဲ့ သီချင်းခန်းတွေမပါသလို ယုတ္ထိမရှိတဲ့ fight scence လည်း မပါဝင်ပါဘူး။ ဇာတ်ကားနဲ့အရမ်းလိုက်ဖက်သလို အရမ်းကို အဓိပ္ပါယ်ရှိပြီးကောင်းလွန်းတဲ့ နောက်ခံဇာတ်ဝင်သီချင်းတွေသာပါဝင်ပါတယ်။ တော်တော်များလည်းအကြိုက်တွေ့မယ် ထင်ပါတယ်။ဒီလိုသီချင်းပုံစံမျိုးသုံးတာကတော့ ဒါရိုက်တာ Gauri Shinde ရဲ့ စတိုင်လို့ပြောရသလို အရမ်းလည်းမိုက်ပါတယ်။ ရိုက်ကူးထားတာကလည်းလှပသလို မင်းသမီးရဲ့ချစ်စဖွယ်အလှလည်းပေါ်လွင်ပါတယ်။ ဘာမှနည်းပညာဆန်းသစ်မှုမပါပဲ ဘတ်ဂျက်အနည်းငယ်သာကုန်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားက ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ ရိုက်ကူးစရိတ်ကျေပြီး အခုဆိုရင်အမြတ်များစွားရနေပြီဖြစ်ပါတယ်။ ရုပ်ရှင်ကားတစ်ကားရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်းကောင်းမှုနဲ့ သရုပ်ဆောင်တွေရဲ့ အသက်ဝင်တဲ့သရုပ်ဆောင်မှုတွေက ဒီဇာတ်ကားကို အောင်မြင်မှုကိုတွန်းပို့စေပါတယ်။ဒီနေရာတစ်ခုတွေးမိတာ နည်းပညာမတိုးတက်လို့ ရုပ်ရှင်ကားမကောင်းဘူးပြောနေတဲ့ သူတစ်ချို့ကိုသတိရမိပါသေးတယ်။ သူတို့ကို ဒီဇာတ်ကားလေးကို တစ်ခါလောက်ကြည့်ဖို့တိုက်တွန်းချင်ပါသေးတယ်။ ပထမဆုံးပြောခဲ့သလိုပဲ အခက်အခဲတွေနဲ့ကြုံတဲ့အခါ မိတ်ဆွေကောင်းတွေရဲ့ အားပေးလမ်းညွန်မှုက အရေးပါလှပါတယ်။Kiara ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကိုပြောခဲ့တဲ့ Dr.Jug ရဲ့ စကားလုံးတိုင်းက အရမ်းကောင်းပါတယ်။ကျွန်တော်ရေးပြရင် ပေါ့သွာသလိုဖြစ်သွားမှာတာကြောင့် သူငယ်ချင်းတွေကိုတိုင် ကြည့်ရှုပြီးခံစားစေချင်ပါတယ်။တကယ်ကို အဖိုးတန်တဲ့စကားတွေဖြစ်သလို ကျွန်တော်တို့အတွက်တွန်းအားတစ်ခုရစေမှာပါ။စိတ်ဓာတ်ကျနေတဲ့သူတွေ၊တွန်းအားတစ်ခုလိုချင်တဲ့သူတွေ၊ မိတ်ဆွေကောင်းတစ်ယောက်လိုချင်တဲ့သူတွေကိုတော့ ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အချိန် ၂နာရီခွဲအတွင်းမှာပဲ ပေးလိုက်ရတဲ့အချိန်ထက် ပိုတန်တဲ့ ထိုက်တန်မှုကိုရရှိမယ်ဆိုတာကတော့ ရဲရဲကြီးအာမခံပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ပြီး ကျွန်တော်တို့ရဲ့ ဘဝနေနည်းအတွက် Dr.Jug ရဲ့ အကူအညီကိုယူပြီး အသုံးချလိုက်ရအောင်လားခင်ဗျာ...... (ရုပ်ရှင်အညွှန်းကို MMDB Fb Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/ (1.3 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:30:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San

Crime • Drama • Mystery
7.1 2016 151 mins
Dear Zindagi
What to Expect When You're Expecting
6

ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ် ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ် ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါ နောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူး နောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ် နောက်စုံတွဲကတော့ ကိုယ်ဝန်မဆောင်နိုင်လို့ ကလေးမွေးစားဖို့ ကြိုးစားနေတဲ့ ဟော်လီနဲ့ အဲလက်စ်ပါ ဟော်လီက ကလေးအရမ်းလိုချင်နေပေမဲ့ အဲလက်စ်ဘက်ကတော့ သိပ်မသေချာပါဘူး စိုးရိမ်စိတ်တွေများနေပါတယ် နောက်ဆုံးစုံတွဲကတော့ ကျောင်းတော်က ရန်စဟောင်း ရိုစီနဲ့ မာကိုပါ မာကိုက ရိုစီကို အထက်တန်းတုန်းက ပလေးသွားခဲ့ဖူးပါတယ် အခုလည်း စီးပွားရေးချင်း အပြိုင်အဆိုင်တွေဖြစ်ပြီး ရန်စောင်နေကြပါတယ် ဒီစုံတွဲတွေမှာ တူညီတာတစ်ခုက မိဘဖြစ်ဖို့ ပြင်ဆင်နေကြတာပါ ဒါပေမဲ့ ဘဝဆိုတာ ထင်မထားတာတွေ ဖြစ်လာတတ်တော့ အရာအားလုံး သူတို့စီစဉ်ထားသလို ဖြစ်မလာပါဘူး ဂျွမ်းထိုးမှောက်ခုံနဲ့ အလွဲလွဲ အချော်ချော်ဖြစ်ကြတာတွေကို ရိုက်ပြထားပါတယ် ပေါ့ပါ့ပါးပါး ဇာတ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်) File size…1.79 GB/ 781.1 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Action • Crime • Thriller
6 2012 110 mins
What to Expect When You're Expecting
The Hunted
6.2

ဒီကားကတော့ မင်းသားကြီး Tommy Lee Jones နဲ့ Benecio del Toro တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်။ ခြေရာခံကျွမ်းကျင် ဆရာကြီး Bonham(Tommy Lee Jones) ဟာ FBI နဲ့ ပေါင်းပြီး သူ့ရဲ့ အတော်ဆုံး တပည့် ဖြစ်သူ ကို လိုက်လံ ဖမ်းဆီးရမယ့် စိတ်လှုပ်ရှားစရာ Action/Thriller genre ပါ။ The Exorcist တို့ Cruising တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး William Friedkin ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်တာကြောင့် ကားဟောင်းထဲကမှ အက်ရှင်ကားကောင်းကောင်းကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါ။ ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်း မဟုတ်ဘဲ ကြည့်ရင်းနဲ့မှ စိတ်လှုပ်ရှားရမယ့် ကားဖြစ်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Khay Mar ပဲ ဖြစ်ပါတယ်) File size…1.74GB / 778MB Quality…Blu-Ray1080p / 720p Format…mp4 Duration….1h 34m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Khay Mar

Drama
6.2 2003 94 mins
The Hunted
Carol of the Bells
7.4

ဒီဇာတ်ကားလေးကတော့ ဆိုဗီယက်ပြည်ထောင်စုကို နာဇီဂျာမနီတို့ ကျုးကျော်စဥ်က ဂျူးလူမျိုးတွေရယ် ဆိုဗီယက်ပြည်သူတွေ ဘယ်လိုဒုက္ခများစွာခံရလဲ၊ သတ် ဖြတ်ခံခဲ့ရလဲဆိုတဲ့ဒုက္ခများစွာကို အိမ်နီးချင်းမိသားစုနှစ်စု အကြောင်းလေးနဲ့ အတူရိုက်ပြထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ရန်သူ​အပေါ်မှာတောင်​ ဂီတရဲ့သက်ရောက် နိုင်စွမ်း အနှစ်သာရတွေကိုအမွှမ်းတင်ပြသထားတဲ့ ဇာတ် လမ်းလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကအနည်းငယ်အေးသလိုထင်ရပေမယ့်၊ ဂီတကို ချစ်တဲ့သူတွေအတွက်တော့ inspiration ကောင်းကောင်း ပေးနိုင်တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ momo ဖြစ်ပါတယ်) File Size..........(2.16 GB) / (725 MB) / (398 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs 05Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......momo Encoder..........SWM

Crime • Drama • Mystery • Thriller
7.4 2022 122 mins
Carol of the Bells
Dear Sathya
8

IMDb Rating-(7.8/10) "ဆတ်ရာ" ဆိုတာကတော့ စိတ်ကူးအိမ်မက်တွေနဲ့ ပြည့်ဝနေတဲ့ deli ပို့တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် အလုပ်ကြိုးစားတဲ့သူဖြစ်တဲ့အပြင် မိခင်အပေါ်မှာလည်း အရမ်းသိတတ်တဲ့ သားလိမ္မာလေးတစ်ယောက်ပါ သူ့မှာ တစ်ဖက်သတ် ကြိတ်ကြွေနေရတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ် အစားအစာတွေပို့တဲ့ တာဝန်ပြီးတိုင်း ကောင်မလေးကို သွားသွားခိုးကြည့်နေကျပါ သို့သော် တစ်နေ့ ဆတ်ရာတစ်ယောက် သူ မကျူးလွန်ခဲ့တဲ အမှုအတွက် ချောက်တွန်းခံရပြီး ထောင်ကျသွားပါတယ် အဲ့ဒီထက်ဆိုးတာကတော့ သူ့မှာ သူအရမ်းချစ်ရတဲ့ မိခင်မရှိတော့ပါဘူး... ဒီကံကြမ္မာဆိုးက ဆတ်ရာဆီကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာခဲ့တာလဲ... ဆတ်ရာကရော သူ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကို ဘယ်လိုလက်စားပြန်ချေမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action Thriller ကားကောင်းလေးဖြစ်တာမို့ အခုပဲကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ File size…2.07GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by GuuGuu & Lai Lai & Honey

Action • Adventure • Fantasy
8 2022
Dear Sathya
The Beanie Bubble
7

Apple TV+ က ထုတ်လွှင့်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက် ပေးလိုက်ပါတယ်။ IMDb မating 6.3, Rotten Tomatoes 47% ရရှိထား ပါတယ်။ The Great Beanie Baby Bubble: Mass Delusion and the Dark Side of Cute ဆိုတဲ့ စာရေးဆရာ Zac Bissonnette ရဲ့ ၂၀၁၅ ခုနှစ် ထုတ်စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အဲစာအုပ်ဟာဆိုရင်လည်း အပြင်မှာ တကယ်ဖြစ်ခဲ့တာကိုရေးသားထားတာပါ။ ဒီဇာတ်ကားဟာဆိုရင် Comedy, Drama အမျိုးအစားပါ။ ဒီဇာတ်ကားဟာဆိုရင် Beanie Babies တွေကို ထုတ်လုပ်ခဲ့တဲ့ Ty Inc. ရဲ့ တည်ထောင်သူဖြစ်တဲ့ တိုင်ဝါနာရဲ့ ဘဝ စတင်ဖြစ်တည်လာတာကနေ ကျရှုံးတဲ့အချိန်အထိကို ရော်ဘီ, ရှီလာနဲ့ မာယာ ဆိုတဲ့ အမျိုးသမီးသုံးယောက်ရဲ့ အမြင်ကနေ တင်ဆက်ထားတာပါ။ ပထမဆုံးအမျိုးသမီး ရော်ဘီဟာဆိုရင် တိုင် ကို Ty Inc. ထူထောင်ဖို့ အတူတူ လက်တွဲလုပ်ခဲ့တဲ့သူ တစ်ယောက်ပါ။ ဒုတိယအမျိုးသမီး ရှီလာ ကတော့ တိုင်ကို Beanie Babies ဆိုတဲ့ အရုပ်တွေ ထုတ်လုပ်ဖို့ စိတ်ကူးရစေခဲ့သူ ဖြစ်ပါတယ်။ တတိယအမျိုးသမီး မာယာ ဆိုတာကတော့ ၁၇ နှစ်ကတည်းက Ty Inc. မှာ ဧည့်ကြိုအဖြစ်အလုပ်ဝင်ခဲ့ပြီး Ty Inc. ကို ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အရုပ် ကုမ္ပဏီဖြစ်အောင် ကူညီပေးခဲ့တဲ့သူပါ။ ဒီလိုအမျိုးသမီး သုံးယောက်နဲ့ တိုင် ကြား မှာ ဘာတွေဖြစ်ခဲ့တယ် ဘာပြဿနာတွေ ကြုံရတယ်ဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.6 GB) / (660 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator......Leonard Lin Encoder..........SWM

Drama • Romance
7 2023 110 mins
The Beanie Bubble
Stigmatized Properties
5

Stigmatized property ဒီကားကတော့ အဆောင် တိုက်ခန်းရှာနေတဲ့သူတွေကြည့်ရင် အခန်းငှားဖို့တွေဝေတွန့်ဆုတ်စေမဲ့ သရဲကားပါ။ ဂျပန်မှာဆိုရင် အခန်းငှားတဲ့အခါ ဒီအခန်းမှာ အရင်က လူသေထားဖူးရင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဖြစ်တတ်ရင် အခိုက်ရှိတဲ့အခန်း Stigmatized propertyဖြစ်ကြောင်း ဖော်ပြပေးရပါတယ်။ ဒီမှာဆိုရင်တော့ သရဲရှိမရှိ ကိုယ်မေးမှပြောပြကြမှာဖြစ်ပြီး အထူးတလည်သတိပေးကြမှာမဟုတ်လို့ ဘုံမတူတဲ့ မိတ်ဆွေတွေနဲ့ကြုံရနိုင်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရာမမဲ လို့ခေါ်တဲ့ ဟာသတင်ဆက်သူက ရုပ်သံလွှင့်လောကထဲမှာ ၁၀နှစ်ရှိပြီဖြစ်ပေမဲ့ ခုထိမအောင်မြင်သေးပါဘူး။ တစ်ခါရယ်ရင် ၁၇၄စက္ကန့် အသက်ပိုရှည်တယ်ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူတွေကို ရယ်အောင်လုပ်ပေးပေမဲ့ သူ့ဟာသတွေကို လူကြိုက်မများပါဘူး။ ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းရဲ့ ၂ယောက်တစ်ဖွဲ့လေးလည်း ဖျက်လိုက်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။ အဲဒီအချိန်မှာ လူသေဖူးတဲ့ ခိုက်တဲ့အခန်းတွေမှာ နေထိုင်ပြီး အဖြစ်အပျက်တွေကို ထုတ်လွှင့်ပေးဖို့ အကြံတစ်ခုရလာပါတယ်။ သရဲရှိလောက်တဲ့အခန်းကိုငှားပြီး စတင်နေထိုင်တဲ့အခါ တကယ်ကိုပဲ သရဲက အကောင်အထည်ပြလာတာကြောင့် သူ့အစီအစဉ်လည်း နာမည်ကြီးလာပါတယ်။ ဒီလိုနဲ့တစ်ခန်းပြီးတစ်ခန်း ပြောင်းနေရင်းနဲ့ သရဲတွေက ကြမ်းသထက်ကြမ်းလာပြီး လူပါခိုက်လာတဲ့အခါမှာတော့ … ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:50:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Adventure • Animation • Comedy • Family
5 2020 111 mins
Stigmatized Properties
Smugglers
6.8

Smugglers (2023) အားလုံး တမျှော်မျှော်ဖြစ်နေခဲ့ကြတဲ့ Smugglers ရပါပြီ။ Crime Action ကိုမှ ပင်လယ်ကိုအခြေပြုပြီး ဇာတ်အိမ်ဆန်းဆန်းလေး တည်ထားတာမို့ မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမယ်လို့တော့ ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငါးဖမ်းတဲ့ ရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီး လိုက်လံရှာဖွေကြရင်း မှောင်ခိုသမားတစ်မျိုး ဖြစ်သွားခဲ့ကြတဲ့ ဂျန်ဆုနဲ့ချွန်းဂျာတို့ သူငယ်ချင်းနှစ်ယောက်ရယ်၊ တစ်နိုင်ငံလုံးမှာ အတော်ဆုံး မှောင်ခိုဘုရင်လို့ တင်စားကြတဲ့ သူဌေးဂွမ်ရယ်၊ ဂွန်းချွန်းနယ်က မှောင်ခိုခေါင်းဆောင် ဂျန်ဒိုရီရယ်…။ သူတို့တွေရဲ့ တရားမဝင်မှောင်ခိုလောက,က နောက်ကျောဓားနဲ့ထိုးမှုတွေ၊ သူငယ်ချင်းအချင်းချင်း အထင်အမြင်လွဲမှားမှုတွေ၊ လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို Crime Action genre လေးနဲ့ ခံစားကြည့်ရှုရမှာပါ။ မင်းသားမင်းသမီးတွေကတော့ အထွေအထူး ညွှန်းနေစရာမလိုတဲ့ Jo In-Sung, Kim Hye-Soo နဲ့ Yum Jung-Ah တို့ဖြစ်တာမို့ အားလုံး ကျေကျေနပ်နပ်ကြီး ကြည့်ကြရမယ်လို့ ထင်ပါတယ်နော်။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထဂးတာကတော့ Hmwe & Joyz ပဲ ဖြး်ပါတယ်။ Genre….. Action, Crime Quality…. 1080p | 720p File size… 2.85GB | 1.1GB Format… mp4 Duration…. 2h 9min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe & Joyz Encoder ….. Aaron

6.8 2023
Smugglers
The Fabric of Christmas
6.7

The Fabric of Christmas (2023) ====================== IMDb Rating – 6.7/10 ခရစ်စမတ်က လူတိုင်းအတွက် အမှတ်တရတွေယူဆောင်လာတတ် ပါတယ်။ လူတွေက ဒီအားလပ်ရက်တွေမှာ အနားယူကြပြီးတော့ မိသားစုနဲ့အတူတူ ပျော်ပါးတာတွေ ၊ ကိုယ့်အားလပ်ရက်ကို ကိုယ်လုပ် ချင်တဲ့ အရာတွေလုပ်ကြရင်း ကုန်ဆုံးစေကြတာတွေရှိပါတယ်။ ဒီတစ်ခါမှာလည်း မိဘနှစ်ပါးစလုံးကို ဆုံးရှုံးထားတဲ့ မောင်နှမနှစ်ယောက် ဟာ သူတို့ရဲ့ အမှတ်တရတွေကို ခရစ်စမတ်ကာလမှာ ကြုံကြရတော့မှာပါ။ မိဘတွေဆုံးကတည်းက သူပြုစုပျိုးထောင်ခဲ့တဲ့ သူ့ညီမလေးလော်ရန်ဟာ ခရစ်စမတ်မတိုင်ခင် လက်ထပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ အကိုဖြစ်သူ လီယမ်ဟာ တာဝန်ရှိသူတစ်ယောက်အနေနဲ့ရော ၊ သူ့ညီမကိုချစ်တဲ့ အကို တစ်ယောက်အနေနဲ့ပါ ညီမလေးအတွက် အမျိုးမျိုးပြင်ဆင်ပေးခဲ့တာကို တွေ့ရမှာပါ။ သူနဲ့မအပ်စပ်တဲ့အလုပ်တွေလုပ်ပြပြီးတော့ ညီမရဲ့ မဂ်လာပွဲဖြစ်မြောက် အောင် စီစဥ်သွားနိုင်တာကို တွေ့ရမှာပါ။ ကံကောင်းချင်တော့ ဒီလိုလုပ်ရင်း သူကိုယ်တိုင်လည်း ဘယ်လိုအတွေ့အကြုံတွေရသွားမလဲဆိုတာကိုတွေ့ရ မှာမို့ မိသားစုနဲ့ နွေးနွေးထွေးထွေးလေး ကြည့်ရှုကြပါခင်ဗျာ။ ဒီဇာတ်ကား က မိသားစုဘဝတွေ ခက်ခဲတဲ့အခြေအနေမှာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်တဲ့အကြောင်း အပြုအမူပိုင်းတွေ စံပြလုပ်ရိုက် ပြထားတဲ့ drama တီဗွီရုပ်ရှင်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(2.1 GB) / (783 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thy Santa Encoder……….SWM

6.7 2023 90 mins
The Fabric of Christmas
Body of Lies
7

IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။ (အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson

7 2008
Body of Lies
Half of a Yellow Sun
6.1

Half of a Yellow Sun (2014) ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံက ရိုက်ကူးထားတဲ့ စစ်ပွဲနောက်ခံပြု Romance/ Drama ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေး လိုက်ပါတယ်။ IMDb rating – 6.1, Rotten Tomatoes – 51% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ ဖြစ်ပွားတဲ့ နိုင်ဂျီးရီးယား ပြည်တွင်းစစ်ပွဲအတွင်းမှာ အိုလန်နာနဲ့ ကိုင်းနမ်နီ ဆိုတဲ့ သူဠေးသမီးလေး ၂ ယောက်ဟာ ဘဝလမ်းကြောင်း ကိုယ်စီနဲ့ အသက်ရှင်ဖို့ ကြိုးစားကြပုံကို ကြည့်ရမှာပါ။ ဒီဇာတ်လမ်းမှာတော့ နိုင်ဂျီးရီးယားတွေနဲ့ ခွဲထွက်တဲ့ ဘီယာဖရာနိုင်ငံကြားက ပဋိပက္ခတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရင်နင့်ဖွယ် မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း စစ်ပွဲတွေ၊ ဒုက္ခတွေကြားထဲမှာ အချစ်ကို တည်ဆောက်သွားကြတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အချစ်ရေးကို ကြည်နူးဖွယ်ကိုလည်း ခံစားရမှာပါ။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ အမြဲတမ်းဖြစ်နေမှာမဟုတ်ဘဲ အချိန်တစ်ခု ရောက်သွားရင် ပြီးဆုံးသွားမှာလို့ ပြသပေးခဲ့တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.6GB | 813MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Horror • Thriller
6.1 2014
Half of a Yellow Sun
Dog Days Are Over
5.9

မာရှန့်ဟာ သက်လတ်ပိုင်းအရွယ်မှာ မိန်းမနဲ့ ကွာရှင်းခဲ့ရပြီး အကြွေးတွေ တင်နေတဲ့အတွက် ဘဝကြီးဟာ လမ်းဆုံးကို ရောက်နေသလို ခံစားနေရပါတယ်။ နေ့စဉ်နဲ့အမျှ သေဖို့ စဉ်းစားနေတဲ့ သူ့အပေါ် ကံကြမ္မာရဲ့ စနောက်မှုဟာ မပြီးဆုံးသေးပါဘူး။ သူ့အရင်ဇနီးကို လုသွားတဲ့လူကို လိုက်သတ်ဖို့အတွက် လိုက်ရင် လမ်းမှာ တောင်ပြိုတဲ့အတွက် လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေပါတော့တယ်။ လှိုဏ်ဂူထဲမှာ သူ့အရင်ဇနီးနဲ့ လက်ထပ်သွားသူ မိုက်ကယ်၊ မင်္ဂလာပွဲက ထွက်ပြေးလာသူ ရွှယ်လီ ကုန်ကားဒရိုင်ဘာ လောင်ဝမ်တို့နဲ့ ပိတ်မိနေတဲ့အခါ…… သူတို့တွေ အသက်ရှင်ဖို့ ဘယ်လို ကြိုးစားကြမလဲ…… နောက်ပိုင်းမှာရော ဘယ်လို အန္တရာယ်ကြီးတွေက စောင့်နေလိမ့်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2024
Dog Days Are Over
Spellbound
7

Spellbound (2011) ****************** ရိုမန့်စ်သက်သက် ဟာသသက်သက် သရဲကားသက်သက်တွေမဟုတ်ဘဲ သရဲကားကိုမှ ရိုမန့်စ်လည်းပါ ဟာသလေး‌လည်းနှောထားတဲ့ ဇာတ်လမ်းမျိုးကြည့်ချင်တဲ့သူတွေရှိပါသလား။ ဒါဆိုရင်တော့ ဒီတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ထားတဲ့ spellbound ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေဖြစ်တဲ့ Lee Min Ki နဲ့ Son Ye Jin တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ********************* လမ်းဘေးမျက်လှည့်ဆရာဖြစ်တဲ့မာဂျိုဂူ(အီမင်ဂီ)တစ်ယောက် တစ်နေ့ လမ်းပေါ်မှာမျက်လှည့်ပြနေရင်း ဂန်ယောရီ(ဆုန်းယယ်ဂျင်)လို့ခေါ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ လူတွေနဲ့လည်းစကားမပြော ရောရောထွေးထွေးမနေဘဲ သီးသန့်ဆန်တဲ့ယောရီက ဂျိုဂူရဲ့ ကြောက်မက်ဖွယ်ရာမျက်လှည့်ရှိုး‌အတွက် စိတ်ကူးစိတ်သန်းတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လာပြီး နှစ်ယောက်သား မျက်လှည့်ရှိုးတွေကို အတူတွဲလုပ်ဖို့ဖြစ်လာပါတော့တယ်။ အလုပ်အတူတွဲလုပ်တာကြာပေမဲ့လည်း အရင်လိုသီးသန့်ဆန်နေဆဲဖြစ်တာကြောင့် ဂျိုဂူတစ်ယောက် ယောရီနဲ့ရင်းနှီးရအောင် ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ယောရီမှာ သူမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ကြီးရှိနေတာကိုသိလိုက်ရတဲ့အခါ…. အဲဒီလျှို့ဝှက်ချက်က ဘာများဖြစ်မလဲ…. နှစ်ယောက်သားရဲ့ရိုမန့်စ်ကရော ဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့ Spellbound ဆိုတဲ့ဇာတ်လမ်းလေးမှာ အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် .. (အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်) File size…1.57GB / 692MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 54 min. Genre ….. Horror, Comedy, Romance, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

7 2011
Spellbound
Kabali
6.4

ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. IMDb ကတော့ 6.4 ပဲဖြစ်ပါတယ် သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦးဖြစ်သလို ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်.. သူဟာ လူအများကြီး ရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ် သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာ အကုန်လုံးသေဆုံးခဲ့တယ်.. လူမသေပေမယ့် ဘဝသေသွားတဲ့ ကာဘာလီ.. ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာ သူချစ်ရတဲ့မိသားစု..အတွက်.. သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကို ပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်.. ဒီလိုနဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့…………… Genre….. Action, Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 2.81GB | 1.5GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Encoder ….. Aaron

6.4 2016
Kabali
Ramen Shop
6.8

စားဖိုမှူးလေးမာဆာတိုဟာ ရာမန်ဆိုင်ပိုင်ရှင် သူ့အဖေနဲ့ ဆက်ဆံရေးမပြေလည်ကြ။ ဖခင်ဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားချိန်မှာ ဆုံးပါးသွားတာကြာပြီဖြစ်တဲ့သူ့အမေရဲ့ဒိုင်ယာရီဟောင်းလေးကိုတွေ့ရှိခဲ့တယ်။ သူ့အမေက စင်္ကာပူသူ တရုတ်လူမျိုးဖြစ်တာကြောင့် တရုတ်လိုရေးထားတာကို သူဖတ်မတတ်ခဲ့။ သူ့မိဘတွေနှစ်ယောက်လုံးမှာ အဖေက ရာမန်ခေါက်ဆွဲစားဖိုမှူးဖြစ်ပြီး အမေက ၀က်နံရိုးစွပ်ပြုပ်ဆိုင်ပိုင်ရှင်ရဲ့သမီး။ သူတို့တွေဟာ စင်္ကာပူမှာတွေ့ဆုံ မေတ္တာမျှခဲ့ကြပေမဲ့ တရုတ်နဲ့ဂျပန် ကမ္ဘာမကြေရန်သူတွေဖြစ်နေတော့ သူတိုရဲ့အချစ်ခရီးလမ်းကမဖြောင့်ဖြူးခဲ့။ မာဆာတိုဟာ စင်္ကာပူမှာမွေးဖွားခဲ့တာဖြစ်ပြီး သူ့အမေရဲ့ဒိုင်ယာရီဟောင်းလေးကိုပိုက်ကာ သူ့မွေးရပ်မြေ စင်္ကာပူကို သူ့မိဘအတိတ်အကြောင်းတွေကိုသိရဖို့ တစ်ယောက်တည်း ခရီးနှင်ခဲ့ပါလေတော့တယ်။ File size…(1.2 GB)/(730 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:29:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Adventure • Fantasy • Comedy • Mystery
6.8 2018 90 mins
Ramen Shop