YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bent (2018) Blu-ray 1080p (CM).mp4

1.34 GB N/A video/mp4 122 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Siberian Sniper
5

ရှေ့တန်းစစ်မြေပြင်တစ်ခု အတွင်းမှာ ရုရှားတပ်ဟာအတုံးအရုံး လဲကျခဲ့ပြီး Egor Cherin ဆိုတဲ့ sniper တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်... ရုရှားတပ်တစ်ခုလုံးမှာ ဘာစစ်ကူ ဘာလက်နက်မှ မကျန်တော့လောက်အောင်ကို ပြုတ်ပြုတ်ပြုန်းနေပါပြီ။ အဲ့ဒီ့အချိန် အဲ့ဒီဒေသမှာ ဂျာမန်တွေဟာ ကြီးစိုးနေတာပါ... အဲ့ဒီ့ဂျာမန်တပ်ကို ဖြိုခွင်းဖို့ ဘာလက်နက် ဘာအင်အားမှမရှိတော့တဲ့ ရုရှားတပ်ဟာ လက်ဖြောင့် spiner တပ်သား Egor Cherin ကိုသာ မှီခိုရပါတော့တယ်။ အဲ့ဒီတပ်သားကရေ ာ Victory ယူလာပေးနိုင်ပါ့မလားဆိုတာကိုတော့ ရုပ်ရှင်ကြည့်ရင်းပဲ ခံစားလိုက်ကြပါဦး.... File Size :(1.6GB) and (681MB) Quality : AMZN.WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:32:00 Genre : History, War Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Horror • Romance
5 2021 95 mins
Siberian Sniper
The Medicine King Coffin
5.5

The Medicine King Coffin ဆိုတဲ့ခေါင်းစဉ်အတိုင်း သင်္ချိုင်းထဲမှာ ဆေးပညာတွေရှာဖွေရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မင်းစား ဟော့ချန်ရှန်းက ငယ်ငယ်ထဲက အဘိုးနိ့သိုင်းလောကထဲမှာဖြတ်သန်းကျော်လွှားပြီး ဆေးပညာဗဟုသုတနဲ့ အဖိုးတန်ဆေးမြစ် ဆေးဝါးတွေကိုရှာဖွေလေ့လာတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် သူ့အဘိုးသေသွားပြီးနောက်မှာ သူ့ရဲ့ငယ်သူငယ်ချင်း ဟူယိဖားနဲ့အတူ ဆေးတိုက်လေးတစ်ခုဖွင့်ပြီး ရောဂါကုပေးပြီး ဆေးဝါးတွေကိုရောင်းချစွာ အေးဆေးနေထိုင်ကာ အသက်မွေးကြပါတယ် တစ်နေ့မှာတော့ သူတို့ သူငယ်ချင်း၂ယောက် ဆေးတိုက်မှာအလုပ်ဆင်းနေချိန် အားမာန်လို့ခေါ်တဲ့ မျောင်မျိုးနွယ်စုက မိန်းကလေးတစ်ယောက်ဝင်လာပါတယ် အားမာန်ရောက်လာပြီးနောက် ဟောရန်ကျန်းလို့ခေါ်တဲ့ ဘိုးတော်တစ်ယောက်ရောက်လာပြန်တယ် သူတို့ ၂ယောက်လုံးက ထူးဆန်းစွာနဲ့ "မင်းအဖေတင်ခဲ့တဲ့အကြွေးက သားဖြစ်သူက အကြွေးပြန်တပ်ပေးရမယ်" ဆိုပြီး ဟော့ချန်ရှန်းတစ်ခါမှ မကြားဖူးတဲ့နေရာ "ဆေးဘုရင်တောင်ကြား"ကို လိုက်ပို့ပေးပါလို့ ၂ဦးလုံးတောင်းဆိုလာကြတယ် ဟော့ချန်ရှန်းက အဖေနဲ့အဆက်သွယ်မရှိတာလည်း ကြာပြီဖြစ်သောကြောင့် အစကငြင်းဆိုခဲ့ရာမှ သူ့အဖေက ဘာဖြစ်လို့သူ့ကိုပစ်ပြီး ဆေးဘုရင်တောင်ကြားထံထွက်သွားခဲ့ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုသိချင်လို့ သူတို့နဲ့အတူလိုက်ပါပေးဖို့ လက်ခံလိုက်ပါတယ် အားမာန်နဲ့ ဟောရန်ကျန်းတို့က ဘာဖြစ်လို့ဆေးဘုရင်တောင်ကြားကိုသွားချင်ရတာလဲ ဟော့ချန်ရှန်းရဲ့အဖေကရော ဆေးဘုရင်တောင်ကြားမှာရှိနေမလား ဆေးဘုရင်တောင်ကြားဆိုတာ ဆေးဝါးတွေနဲ့ပြည့်နှပ်နေတဲ့ ကောင်းကင်ဘုံလား ပုတ်ကောင်အလောင်းတွေနဲ့ပြည့်နေတဲ့ ငရဲဘုံလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ရအောင်ဗျာ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy RunTime : 1h 22min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Encoded by LK

Drama • History
5.5 2022 82 mins
The Medicine King Coffin
Dawn of the Planet of the Apes
7.3

IMDb - 7.6/10_____Rotten - 90% ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for the Planet of the Apes (June 15, 1973) ဆိုပြီး ၅ ကားရှိခဲ့သလို၊ Mark Wahlberg ရဲ့ ၂၀၀၁ ခုနှစ် Remake ဆိုပြီး ရှိပါတယ်။ လက်ရှိဇာတ်ကားတွေကတော့ ဒီ Series ရဲ့ Reboot တွေဖြစ်ပြီး Rise of the Planet of the Ape က ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်က ဇာတ်ကား နဲ့ ဇာတ်လမ်းမတူတော့ပဲ၊ ဇာတ်လမ်း သဘောတရားကိုပဲ ပြန်ယူသုံးထားတာဖြစ်ပါတယ်။ အခု Dawn of the Planet of the Apes ဇာတ်ကားကတော့ ၁၉၆၈ Planet of the Apes ပြီးရင် အကောင်းဆုံး ဇာတ်ကားလို့ သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။ ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေ လွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီး လူတော်တော်များများ သေကုန်ကြပါတယ်။ Caesar ဦးဆောင်တဲ့ မျောက်တွေကတော့ San Francisco မြို့နားကတောထဲမှာ အေးအေးဆေးဆေးနေနေ ကြပါတယ်။ ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသား Malcolm (Jason Clark) ဦးဆောင်တဲ့ လူတွေရောက်လာပြီး၊ မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားတာကနေစပြီး ဘာတွေဖြစ်လာကြမလဲဆိုတာ…………။ ဒီဇာတ်ကားက အကောင်း ဆုံး အထူးပြုလုပ်ချက်တွေနဲ့ ပုံဖော်တင်ပြထားပါတယ်။ ကောင်းမွန်တဲ့ အထူးပြု လုပ်ချက်တွေကြောင့် လူဝံတွေရဲ့ ဒေါသ၊ ဆုံးရှုံးမှု၊ နာကြည်းချက်နဲ့ ခံစားမှုတွေကို ပရိသတ်တွေကပါ လိုက်ပါခံစားရပါတယ်။ အထူးသဖြင့် လူဝံ ခေါင်းဆောင် Caesar အဖြစ် သရုပ်ဆောင်ချက် တွေဟာ အော်စကာတစ်ကြိုပေး မှုနဲ့ ထိုက်တန်တယ်လို့ ဝေဖန်ရေး ဆရာတွေက ရေးသားထားပါ တယ်။ Caesar အဖြစ် သရုပ် ဆောင် Andy Serkis က သရုပ် ဆောင်ထားတာပါ။ နောက်တစ်ခု မှတ်မှတ်ရရ ဝေဖန်ရေးဆရာတွေ ပြောကြ တာကတော့ Dawn of the Planet of the Apes ဇာတ်ကားဟာ ခေါင်းဆောင်မှုအရည်အသွေး တွေကို အထူးအမွှမ်းတင်ထားတဲ့ ကားလို့ ဆိုပါတယ်။ အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ လူနဲ့ မျောက်လို့ဆိုပေမယ့်၊ အသွင်မတူတဲ့ လူတွေ တူတူ မနေနိုင်တဲ့သဘာဝကို ထင်ဟပ်ပြထားပါတယ်။ စစ်ရဲ့ ဆိုးကျိုးနဲ့ သဘောတရားကို လည်း လူတွေ မြင်သာအောင် တင်ဆက်နိုင်ခဲ့ပါတယ်။ ဘာသာပြန်  ကျော်ကျော် (CU-Mdy) ရဲ့ စာဖိုင်ကို အသုံးပြုထားပြီး Myanmar & English  ၂ မျိုး ပြောင်းလဲ ကြည့်ရှုနိုင်တဲ့ BluRay Movie အဖြစ် တင်ဆက်ပေးထားပါတယ်။ ဒီရုပ်ရှင်ကားကို Myanmar & English စတဲ့ Subtitle ၂ မျိုးကို ပြောင်းကြည့်နိုင်သလို စာတန်းထိုး ကိုလဲ ဖျောက်ပြီး ကြည့်နိုင်ပါတယ် မြန်မာစာ ရှိသော မည်သည့် ကွန်ပြုတာ ၊ လပ်တော့ ၊ Device မဆို Phone & Tablet မဆို မြန်မာစာ မရှိသော MKV စနစ်ကို Support လုပ်သော Device များတွင်လဲ Subtitle ကို ပြောင်းကြည့် ဖျောက်ကြည့်နိုင်ပါသည်။ File Size - 4.1 GB Quality - Bly-Ray 1080p Format - mkv Duration - 02:10:00 Subtitle - English & Myanmar (Unicode/Zawgyi) Translator - ကျော်ကျော် (CU-Mdy) Encoder - Thit San Khant

Action & Adventure • Drama • Mystery
7.3 2014 130 mins
Dawn of the Planet of the Apes
God’s Time
6.5

God’s Time(2022) **************** ဒက်ဗ်ဟာ ဆေးစွဲသူတွေအတွက် ပြုလုပ်တဲ့ပြန်လည်ထူထောင်ရေးတွေ့ဆုံပွဲတွေ ကို အမြဲမပြတ်တက်ရောက်လေ့ရှိသူဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး တွေ့ဆုံပွဲမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ လူကာ ခေါ် လူဝီနဲ့ လူအများကို လိုက်ကူညီလေ့ရှိပေမယ့် အမြဲတမ်း အလွဲတွေဖြစ်တတ်ပါတယ်။ လူကာကတော့ သရုပ်ဆောင်ဖြစ်ချင်သူ တစ်ဦး ဖြစ်ပြီးလူရွေးပွဲတွေအမြဲဝင်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ တွေ့ဆုံပွဲမှာ ရက်ဟီနာ ဆို တဲ့ကောင်မလေးက သူ့အရင်ရည်းစားကို သတ်ပစ်ချင်ကြောင်း ပြောမိလိုက်ပါတယ်။ ဒါကို ဒက်ဗ်က အဲ့ကောင်မလေး လူမသတ်မိအောင် အတင်းလိုက်တားပါတော့တယ်။ လူကာက တော့ အမြဲတမ်းလွဲတတ်တဲ့ဒက်ဗ်ကို လန့်နေလို့မပါချင်ပေမယ့် နောက်ဆုံးမှာ လိုက်ပါကူ ညီရပါတော့တယ်။ အမြဲလွဲနေကျ ဒက်ဗ် ဘာတွေထပ်လွဲမလဲဆိုတာ တခွီခွီနဲ့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ လူငယ်တွေကြားမှဖြစ်နေကျ စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ အလွဲအမှား တွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ရိုက်ပြထားတာဖြစ်ပါတယ်။ File Size : (2.9GB) and (995MB) Quality : AMZN.WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:23:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

6.5 2022
God’s Time
[18+] Langitngit
5.7

Langitngit (2023) လေလာက မိသားစုအခြေအနေအရ ခဏကျောင်းထွက်ပြီး နောက်ဆုံးနှစ်အတွက် ကျူရှင်စရိတ်ရှာနေပါတယ်။ သူရလာတဲ့အလုပ်က အိမ်ကဝေးလွန်းတဲ့အတွက် အလုပ်နဲ့အနီးအနားမှာ အခန်းရှာရင်း တိုက်ခန်းငှားခလည်းမတတ်နိုင်လို့ အဘွားကြီးနှစ်ယောက်သာနေတဲ့ ရှေးဟောင်းအိမ်ကြီးတစ်လုံးမှာ တစ်ယောက်စာအခန်းကျဉ်းလေး ငှားနေရပါတယ်။ အဘွားကြီးနှစ်ဦးမှာ တစ်ဦးက အိမ်ရှင်ဖြစ်ပြီး တစ်ဦးကတော့ အိမ်ဖော်ပါ။ အိမ်ဖော်အဘွားကြီးဟာ ညသန်းခေါင်ကျော်တာနဲ့ ဒီအိမ်မှာမနေတော့ပဲ အိမ်ကိုပြန်လေ့ရှိပါတယ်။ သူ့အကြောင်းပြချက်ကတော့ ဒီအိမ်ကြီးဟာ ညနေစောင်းတာနဲ့ ထူးဆန်းတဲ့အသံတွေကြားရလေ့ရှိပြီး အဲ့ဒီအသံတွေဟာ သရဲခြောက်တာလို့ယုံကြည်လို့ပါပဲ။ တစ်ညမှာတော့ လေလာကိုယ်တိုင် အဲဒီအသံတွေနဲ့ကိုယ်တွေ့ကြုံရဖို့ဖြစ်လာပါတယ်။ ညသန်းခေါင်အသံတွေကြောင့် တစ်ဖက်ခန်းကိုချောင်းကြည့်လိုက်ချိန်မှာ တွေ့လိုက်ရတာကတော့ သူ့ဘေးချင်းကပ်ခန်းမှာ အားရပါးရလိင်ဆက်ဆံနေကြတဲ့လူငယ်စုံတွဲတစ်တွဲပါပဲ။ နောက်နေ့မှာ သိလိုက်ရတာက သူညကမြင်လိုက်ရတဲ့ကောင်လေးဟာ အိမ်ရှင်အဘွားကြီးရဲ့တစ်ဦးတည်းသောမြေးငယ် ပိုပွိုင်းဖြစ်ပြီး ရည်းစားထားဖို့ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ ဘာသာရေးအစွန်းရောက်အဘွားဖြစ်သူကြောင့် ကောင်လေးဟာ သူ့ရည်းစားတွေကို အခန်းထဲမှာပဲခေါ်ဧည့်ခံရရှာတာဖြစ်ပါတယ်။ အဲဒီညနောက်ပိုင်းမှာ အပျိုစင်တစ်ယောက်သာဖြစ်နေသေးတဲ့ လေလာတစ်ယောက် အတွေ့အကြုံသစ်ကိုစူးစမ်းလိုတဲ့စိတ်နဲ့ တဏှာရမ္မက်တွေထန်လာခဲ့သလို သဘောကောင်းပုံရတဲ့ အိမ်ရှင်အဘွားကြီးကလည်း မျက်နှာဖုံးကွာကျစပြုလာတဲ့နောက် ဒီအိမ်ကြီးမှာ ခြောက်ခြားစရာတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။ စူပါမော်ဒယ်တစ်ယောက်လို ပိန်ပိန်ပါးပါးညိုချောလေး Manang Medina နဲ့ ဖြူဖြူဖွေးဖွေးရေဆေးငါးလိုအကိတ်ကြီး Zia Zamora ဆိုတဲ့ မင်းသမီးအသစ်လေးနှစ်ယောက်ကိုပွဲဦးထွက်မိတ်ဆက်ထားပါတယ်။ ဇာတ်လမ်းလည်းကောင်း တစ်ခြားဟာတွေလည်းကောင်းပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 915MB Quality – 1080p, 720p Format – mp4 Duration – 1H 53Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

5.7 2023
[18+] Langitngit
May December
7.4

May December (2023) ~ IMDb – 7.4/10, Rotten Tomatoes – 92% ~ May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။ ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။ အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။ စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။ မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။ ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။ May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ့ဆန္ဒကြားက ကျွန်တော်တို့နားမလည်နိုင်တဲ့ အကျိုးအကြောင်းတရားတွေကို တစေ့တစောင်းပြထားတဲ့ ရုပ်ရှင်သက်သက်လို့ ဆိုရမှာပဲ။ သူတို့ရဲ့အကြောင်းတရားတွေကိုတော့ ဇာတ်လမ်းမှာ လုံးစေ့ပတ်စေ့မရှင်းသွားသလို ဒါရိုက်တာအနေနဲ့ အဖြေတစ်ခုခုလည်း မပေးသွားပါဘူး။ Todd Haynes ဟာ ဒီတိုင်း သူတင်ပြချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် တင်ပြသွားခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2023
May December
Good Wife’s Guide to Murder

ဒီဇာတ်လမ်းလေးက Thriller Drama အမျိုးအစားဖြစ်ပါတယ်။ ကိုယ့်ယောကျာ်းကိုပြန်သတ်တဲ့အမှုကိုကျူးလွန်တဲ့ ဖြစ်ရပ်မှန်ရာဇဝတ်မှုတွေအကြောင်း အသံလွှင့်အစီအစဥ်ထုတ်လွှင်တဲ့ ကိတ်ဟာ တနေ့မှာတော့ သူကိုယ်တိုင်ရဲ့ခင်ပွန်းဖြစ်သူအသတ်ခံလိုက်ရပါတယ်။ အဲ့ဒါပြီးတော့ သူမရဲ့အသံလွှင့်အစီအစဥ်ကြောင့် လူသတ်မှုသံသယရှိသူအဖြစ်စွပ်စွဲခံရပါတော့တယ်။ သူအပြစ်မရှိကြောင်းကို ကိတ်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲ တကယ့်တရားခံကရောဘယ်သူလဲ လူသတ်ပြီးရင်လိုက်နာရမယ့်စည်းမျဥ်း ၁၀ ချက်နဲ့အတူ ဒီဇာတ်လမ်းလေးမှာ စောင့်ကြည့်အဖြေရှာလိုက်ကြပါ။ File size…(644 MB) Quality…. 720p Format…mp4 Duration….01:24:00 Genre…Drama, Thriller, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2023
Good Wife’s Guide to Murder
Onde Mande / The Prize
6.9

Onde Mande / The Prize (2023) Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။ ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေက မိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။ ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။ အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊ အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။ ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။ အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။ မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီး ကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။ မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့ ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။ ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။ တစ်ယောက်တည်း ပီတိဖြာရင်း အစီအစဉ်တွေအကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားချိန်မှာ အန်ကူဝမ်တစ်ယောက် ဆုကြေးမထုတ်ရခင် သူသိပ်လုပ်ချင်ခဲ့တဲ့ ရွာပြုပြင်ပြောင်းလဲရေး မန်နင်ဂျောရေကန်ကိုမမှီခိုရတဲ့ စီးပွားရေးလုပ်ငန်းတည်ထောင်ရေးကို လုပ်ခွင့်မကြုံလိုက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီတော့ အန်ကူဝမ်ကို အဖေလိုသဘောထားတဲ့အမ်က ဦးဆောင်လို့ အန်ကူဝမ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.7GB | 733MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6.9 2023
Onde Mande / The Prize
Taxi

ပထမတစ်ခုအနေနဲ့ပြောချင်တာက ဒီကားက ကြည့်ပျော်တဲ့ ဟာသကားကောင်းဖြစ်နေပေမယ့် Rating တွေအရမ်းနည်းနေတာပါပဲ။ နောက်တစ်ခုက Tonight Show ထဲကကျွန်တော်တို့အချစ်တော် Jimmy Fallon ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဝါးလုံးကွဲမဟုတ်ရင်တောင် Jimmy Fallon ရဲ့ရုပ်တည်နဲ့ အရွှန်းဖောက်တာတွေကအတော်လေးသဘောကျစရာကောင်းပါတယ်။ ဇာတ်ညွှန်း: အန်ဒီ ဆိုတာ အတော်လေးကိုညံ့တဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့တခြားရဲတွေအမြင်ပေါ့လေ။ တကယ်တမ်း အန်ဒီဖြစ်နေတာက လွဲတာ။ ဘာလုပ်လုပ်လွဲတယ်။ ပြောရရင်ရဲဖြစ်နေပြီး ကားတောင်ကောင်းကောင်းမမောင်းတက်ဘူး။ ဇာတ်ကားအစအမှုစလိုက်ထဲကကိုလွဲတာ။ ကားမောင်းတာအရမ်းတော်လို့ကားလိုင်စင်အသိမ်းခံလိုက်ရတဲ့အချိန်မှာ သူ့အနီးအနား ဘဏ်ဓားပြမှုတစ်ခုဖြစ်ပါရော။ ပြဿနာကစပြီ သူက အခင်းဖြစ်တဲ့နေရာနဲ့အနီးဆုံး။ ဒါပေမယ့်လမ်းလျောက်မယ်ဆိုရင် သူများထက်နောက်မှရောက်မယ်။ အဲမှာ တကစီတစ်စီးကိုတားပြီး အခင်းနေရာကိုသွားတယ်။ ဖြစ်ချင်တော့ သူတားတဲ့တက္ကစီကလည်း မကြာသေးခင်ကမှ တက္ကစီလိုင်စင်ရထားတဲ့ ဘဲလ် ဆိုတဲ့ လူမည်းအမျိုးသမီးတစ်ယောက်။ တက္ကစီလိုင်စင်ခုမှရပေမယ့်အထင်တော့မသေးပါနဲ့။ ကားနဲ့ဖက်ပြီးကြီးလာတယ်လို့ပြောရလောက်အောင်ကားအကြောင်းနားလည်တဲ့လူ။ အရှုပ်တော်ပုံထဲကိုရောက်သွားတဲ့ ဘဲလ် နဲ့ တစ်မြို့လုံးမှာအချာဆုံးရဲ အရာရှိ အန်ဒီတို့ ဘယ်လိုမျိုး အမှုကိုဆက်လိုက်မှာလဲ။ Rating တွေနည်းပေမယ့်ကြည့်ရတန်တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy, Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lucifer Maximoff

0 2004
Taxi
Land of Broken Hearts

အချစ်ရုပ်ရှင်ပဲ ကြည့်ချင်တဲ့သူတွေအတွက် စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ဟွမ်ကျန့်ခိုင်းဟာ သူ့ကိုယ်သူ ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲမှာ ရှင်သန်နေတယ်လို့ထင်နေပါတယ်။ သူ့ဘဝရုပ်ရှင်မှာ မွေးကတည်းက ဇာတ်ညွှန်းရှိပြီးသား သူဘာမှ မပြောင်းလဲနိုင်ဘူး။ ဇာတ်ညွှန်းအတိုင်းပဲ တစ်နေ့ပြီးတစ်နေ့ ဘဝကို ဖြတ်သန်းရမယ်လို့ ထင်နေပါတယ်။ ဒါပေမဲ့ ဒါကို မကျေနပ်တဲ့သူက အိမ်အသစ်ပြောင်းပြီး ဆံပင်အရောင်အသစ်ဆိုးပြီး ဘဝသစ်ကို စဖို့ ကြိုးစားနေပါတယ်။ အိမ်အသစ်မှာ ထူးဆန်းတဲ့ သူနဲ့ အိမ်အတူငှားနေတဲ့ လီရှောင်လဲ့နဲ့ တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့ဘဝမှာ ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ အဲဒီ နာမည် ၁၀ ခုကျော်လောက်ရှိပြီး စကားအခွန်းတိုင်းမှာ အလိမ်အညာတွေနဲ့ ပြည့်နေတဲ့ မိန်းကလေးရဲ့ဘဝကို သူအားကျမိခဲ့ပါတယ်။ အချင်းချင်း ဘယ်သူမှန်း မသိပေမဲ့ အချင်းချင်း နားအလည်ဆုံးလူ ဖြစ်ခဲ့ပါတယ်။ အဲလိုနဲ့ တဖြည်းဖြည်း သူက လီရှောင်လဲ့ရဲ့ အကြောင်းကို ပိုပိုသိချင်လာပြီး လီရှောင်လဲ့ကတော့ ရှောင်ပြေးသွားခဲ့ပါတယ်။ အချစ်က ဘာလဲဆိုတာကို သိချင်နေတဲ့ သူတို့နှစ်ယောက် အချစ်ကို ရှာတွေ့သွားမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • Romance
0 2024
Land of Broken Hearts
Enter the Fat Dragon
6

ဒီဇာတ်ကားက တော့မင်းသားကြီး Donnie Yenရဲ့ february 1 2020မှာ ထွက်ရှိလာတဲ့ Action,Adventure,Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ဟောင်ကောင်ရဲအရာရှိတစ်ယောက်ဟာ အရမ်းကြိုးစားပြီးလုပ်ကိုင်ပေမယ့် လွဲချော်မှုတွေကြုံရရင်းရာထူးချခံရတဲ့အပြင် ချစ်ရသူရဲ့လမ်းခွဲခြင်းကိုပါခံလိုက်ရတဲ့အခါ…စိတ်ဓာတ်ကျသွားပြီးအစားအလွန်စားရင်းကနေ ၁၀၀ကီလိုကျော်ဝတဲ့ဖက်တီးတစ်ယောက်ဖြစ်လာပါတယ်… ဒီလိုနဲ့ ဂျပန်ရဲတပ်ဖွဲ့ကအလိုရှိနဲ့သူတစ်ယောက်ကိုသွားပို့ပြီး ရာထူးပြန်ရဖို့အခွင့်အလမ်းရလာတဲ့အခါ မထင်မှတ်ပဲလူဆိုးဂိုဏ်းတစ်ခုနဲ့ပတ်သက်ဖို့ရာဖြစ်လာပါတယ်…. ဂျပန်မှာဘယ်လိုလွဲချော်မှုတွေကြုံတွေ့ရမှာလဲ…မသမာမှုလုပ်ရပ်တွေကိုဖော်ထုတ်နိုင်ပါ့မလား…

6 2020
Enter the Fat Dragon
Gabriel’s Inferno: Part I
6

Gabriel’s Inferno: Part I (2020) ****************************** အခု တစ်ခေါက် ဇာတ်ကားလေးကတော့ ကန်နေဒီရန် စာရေးဆရာတစ်ယောက် ရေးသားထားပြီး New York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီး တစ်ချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ ခက်ခဲပင်ပန်းပြီး အချစ်စစ် တစ်ခု ဆုံဆည်းဖို့ကြိုးစားကြတာကို အခုလို အေးမြမြရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် romance ဇာတ်ကားလေး တစ်ကားပါပဲ။ ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်) File Size : 2.07GB/ 670MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Tiff

6 2020 122 mins
Gabriel’s Inferno: Part I
Hear Me: Our Summer
7.5

Hear Me: Our Summer (2024) ****************************** IMDb… 7.5 Weak Hero Class, Revenantထဲက မင်းသား Hong Kyung၊ Our Blues, The Frog ဇာတ်လမ်းတွဲထဲက Roh Yoon Seo၊ IZ*ONE Kim Min Ju တို့ Main Cast အနေနဲ့ ပါဝင်ထားပြီး ချိုချိုမြိန်မြိန် Romance ဇာတ်လမ်းလေးကိုမှ ဘဝအကြောင်းလေးပါ ရောယှက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယုံးဂျွန်း (Hong Kyung) က ဘဝမှာ သူ ဘာဖြစ်ချင်လဲဆိုတာကို မသိသေးတဲ့ ကောင်လေးဆိုပေမဲ့ မိဘတွေရဲ့ စားသောက်ဆိုင်မှာ မိဘတွေကို ကူညီရင်း အချိန်ပိုင်း အလုပ်ဝင်လုပ်နေသူပါ။ တစ်နေ့မှာတော့ ရေကူးကန် တစ်ကန်ကို မု့န်သွားပို့ရင်း ယောရွန်း (Roh Yoon Seo) ဆိုတဲ့ ကောင်မလေးကို တွေ့သွားပြီး မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ယောရွန်းက ဆွံ့အ နားမကြားတဲ့ ကောင်မလေးဆိုတာကို သိသွားတဲ့ အချိန်မှာတော့ ယုံးဂျွန်းဟာ တစ်ချိန်က သူ သင်ခဲ့ဖူးတဲ့ လက်ဟန်ပြ ဘာသာစကားကို အသုံးချပြီး ယောရွန်းကို ချည်းကပ်ပါတော့တယ်။ ညီမ ဖြစ်သူကို စောင့်ရှောက်ရင်း အလုပ်တွေကြား ဗျာများတတ်တဲ့ ယောရွန်းကရော ယုံးဂျွန်းကို နှလုံးသားတံခါး ဖွင့်ပေးမှာလား.. သူတို့ နှစ်ဦးရဲ့ ဇာတ်လမ်းလေးက ဘယ်လို ဘယ်ပုံ ခရီးဆက်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှူစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.96GB/ 810MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:49:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary & Hnin Wai Oo Encoded by Tiff

Drama • Action
7.5 2024 109 mins
Hear Me: Our Summer
State of Emergency/ Vyjimecny Stav

စစ်ပွဲရပ်ဝန်းတစ်ခုမှာ သတင်းပို့ပြီးနောက် ပရာ့ဂ်မြို့ကိုပြန်လာတဲ့ သတင်းထောက် Karel Beran အကြောင်း ချက်နိုင်ငံမှဟာသကားဖြစ်ပါတယ်။ သေနတ်ပစ်ခတ်တာတွေပြီးသွားတဲ့နောက်မှာတော့ အိမ်ကနေ သတင်းပို့ဖို့ ဟန်ဆောင်တဲ့အခါမှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတယ်။ ရုပ်ရှင်က ရယ်စရာကောင်းပြီး မီဒီယာက အမှန်တရားကို ဘယ်လိုဘယ်ပုံနဲ့လှည့်စားနိုင်ကြောင်းပြထားတာပါ။ Karelကပရမ်းပတာအခြေအနေကလွတ်မြောက်ဖို့ မုသားနှင့်ဟာသကိုအသုံးပြုခဲ့ပါတယ်။ လူအချို့က ဟာသဖျော်ဖြေမှုတစ်ခုအနေနဲ့ကြိုက်ကြပေမယ့်အချို့က တော့ဒီဇာတ်ကားကိုနက်နဲတယ်လို့မထင်ကြပါဘူး။ အမှန်တရားနှင့် မီဒီယာပိုင်းဆိုင်တဲ့ အရေးကြီးတဲ့အကြောင်းအရာတွေပါတာကိုပေါ့ပေါ့ပါးပါးရိုက်ကူးထားတာမလို့ အေးဆေးကြည့်လို့ရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ba Nyar Aung

0 2024
State of Emergency/ Vyjimecny Stav