YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Before.The.Fall.2004.720p.(CM).mp4

1.06 GB N/A video/mp4 74 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hunt
8.1

The Hunt (2012) ဇာတ်ကားနာမည်အတိုင်း ကိုယ့်ရဲ့ဖြစ်ရပ်ဆိုးကြီးကကိုယ့်ကို လိုက်ခြောက်လန့်နေမယ့် ခံစားချက်ကိုရစေမယ့် Drama ကားလေးပါ။ ပိုဆိုးတာက ကိုယ် ကိုယ်တိုင်မလုပ်ထားတဲ့ လုပ်ရပ်အတွက် ပေးဆပ်ခံစားနေရရင် ပိုဆိုးပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်‌တွေ ပီပြင်စွာ လက်စွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ဆုတံဆိပ်တွေများစွာရထားပြီး စီးမျှောခံစားကြည့်လို့ကောင်းတဲ့ ဒိန်းမတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ကလေးတွေနဲ့ဆို ခင်တတ်မင်တတ် ပျော်တတ်တဲ့ မူကြိုကျောင်းဆရာတစ်ယောက်ရှိပါတယ်။ အလုပ်ကိုလည်းကြိုးစားရင် သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကိုလည်း ရ‌အောင်ကြိုးစားရင်း ရုန်းကန်နေရတဲ့ သာမန်ဘဝလေးတစ်ခုပေါ့။ တစ်နေ့ကျတော့ သူအလုပ်လုပ်တဲ့ မူကြိုက ကလေးမလေးတစ်ယောက်ဟာ ဒီဆရာဖြစ်သူက ကလေးမကို လိင်ပိုင်းဆိုင်ရာပြုကျင့်ကြောင်း ပြောဆိုတိုင်ကြားလာပါလေရော။ ဒီကိစ္စဟာ လူ့အသိုင်းအဝိုင်းမှာ မဖြစ်သင့်တဲ့ကိစ္စမို့ မိဘဆရာတွေကလည်း ထိထိရောက်ရောက်ဆောင်ရွက်၊ ကလေးတွေကြားမှာလည်း အချင်းချင်းပြောရင်းဆိုရင်းကနေ အမှုကပိုကြီးလာပါတယ်။ သို့ပေမဲ့ ဒီမူကြိုဆရာကတော့ သူလုပ်တာမဟုတ်ကြောင်း တတွင်တွင်ငြင်းဆိုရင်း လူအများရဲ့ ဒဏ်ခတ်မှုကို သည်းညည်းခံ ခါးစည်းခံနေရပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲကတော့ စိတ်ဝင်စားစရာပါပဲ။ Dramaကားကောင်းကြိုက်သူတိုင်း ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.3GB, 550MB, 330MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 55mins Genre              : Drama Translated by Themes Encoded by Kinnov

Comedy • Drama
8.1 2012 116 mins
The Hunt
Fireflies in the Sun
6.4

ဇာတ်ညွှန်းဆရာ လင်ရိချန်က အချစ်အတွက်သာဆို တစ်ကမ္ဘာလုံးကို မီးပြာချပစ်မယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ရေးလေ့ရှိပါတယ်။ အဲ့လို ဇာတ်လမ်းတွေကိုရေးတဲ့ လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက သိုက်သိုက်ဝင်းဝင်း၊ နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီ နှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံး ရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကို ကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းက အကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။ အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့ အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက် လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ သူ့ဇာတ်ကောင်တွေနည်းတူ သူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။ လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။ သူ ဘယ်လိုဘယ်ပုံတွေလုပ်မယ်ဆိုတာကိုတော့............. Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Family Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Rion Encoded by LK

Action • Animation • Romance
6.4 2021 118 mins
Fireflies in the Sun
Neither Heaven Nor Earth
6.3

ဒီဇာတ်ကားက ပြင်သစ် ​War/thrillerဇာတ်ကားဖြစ်ပြီး IMDb 6.3 RTမှာ92%ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ်မှာ တာဝန်ကျတဲ့ စစ်တပ်တစ်ခုမှာ တပ်သား​တွေ တစ်​​ယောက်ပြီးတစ်​ယောက် အစအနရှာမရဘဲ ​ပျောက်ကုန်ရာက​နေ စပါတယ်။အစပိုင်းမှာ​တော့ တပ်ခွဲကပ္ပတိန်အ​နေနဲ့ နယ်ခံရန်သူ​တွေ၊ ရွာခံ​တွေက ပြန်ပေးဆွဲထားတာလို့ ထင်ခဲ့​မိပေမယ့် ​နောက်ကျ​တော့ တပ်သား​တွေက ​နေ​ရောညပါမကျန် ရုတ်တရက်​ပျောက်တဲ့ အဆင့် ​​ရောက်လာပါ​တော့တယ်။ ဒီလိုနဲ့ ​ပျောက်ဆုံးရတဲ့အ​ကြောင်းရင်းကို ရှာရင်း ပြဿနာက သူတို့ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်း ​နေမှန်း သိလိုက်ရပါ​တော့တယ်။ File size…1.86 GB / 906MB Quality…Web-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Fantasy , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.3 2015
Neither Heaven Nor Earth
The Mystery of Jade
5.8

မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက ” စုန့်တိုင်းပြည်ကြီးပျက်တော့မည်” ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။ တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ…… ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ…… အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ…… လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။

5.8 2024
The Mystery of Jade
Valentine
5

Valentine (2001) ================= ၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်း သားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ် ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါ တယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက် ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက် ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာ ဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ် ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။ လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊ လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ် ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိ သေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ ဖြစ်လာပါတော့တယ်။ Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလက ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ် လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော် တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.5 GB) / (700 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….Alias Encoder……….SWM

5 2001
Valentine
Tusk
5.3

Tusk (2014) Tusk ဟာ နာမည်ကျော် A24 ကနေ ၂၀၁၄က ထွက်ခဲ့တဲ့ကားပေမဲ့ A24 ပရိသတ်တွေကြား အခုထိ တခုတ်တရထည့်ထည့်ပြောနေရတဲ့ ကားပါ။ A24 က ဒီလိုကား အခုထိ ဒီတစ်ကားပဲရှိနေတော့ သူ့ဖန်တွေအတွက် ဒီကားက အမြဲအမှတ်တရလို ဖြစ်နေမယ့်ကားလည်းဖြစ်နေပါတယ်။ A24 က ဒီလိုကားတွေလည်း ဖြန့်တာလားဟလို့လည်း ပြောချင်ပြောလို့ရသလို တကယ်တမ်းပြောကြတာကတော့ ဒီကားရဲ့ စိတ်ညစ်ညူးအောင်လုပ်နိုင်စွမ်းကို ပြောကြတာက ပိုများတာပေါ့။ ဟာသမင်းသား ကီဗင်စမစ်က ရိုက်ထားတာမို့လို့လည်း ဒီကားက Comedy Horror ကားဖြစ်နေတယ်။ ဒီကားရဲ့ Horror ကတော့ Body Horror ပါ။ အားလုံးလည်းသိကြတဲ့အတိုင်း Body Horror ဆိုတာမျိုးက ကြည့်ရတဲ့သူတင်မဟုတ် တစ်ခါတလေကျ ဘာသာပြန်တဲ့လူကိုပါ တော်တော်စိတ်ထဲစွဲပြီး စိတ်ညစ်အောင်လုပ်နိုင်တယ်။ သေချာတာကတော့ ဒီဇာတ်ကားရဲ့ အကြောင်းအရာနဲ့ အပြတွေဟာ ထူးထူးခြားခြားနဲ့ ရှားပါးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါမျိုးမကြိုက်ရင် စိတ်ညစ်မခံနိုင်ရင်တော့ မကြည့်သင့်ပါဘူး။ Body Horror ကို မြည်းစမ်းကြည့်ချင်ပါတယ်ဆိုတဲ့သူတွေနဲ့ နှစ်ခြိုက်ပါတယ်ဆိုတဲ့သူတွေကိုပဲ ကြည့်ဖို့ညွှန်းချင်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ဝေါလေ့စ်က ဟာသပေါ့ကတ်စ်ချန်နယ်တစ်ခုကိုလုပ်နေတာဖြစ်ပြီး အင်တာဗျူးလုပ်ဖို့ လော့စ်အိန်ဂျလိစ့်ကနေ ကနေဒါကိုခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အင်တာဗျူးလုပ်မယ့်သူက သေနေပြီဖြစ်လို့ ဘုံဆိုင်မှာထိုင်ညစ်နေတုန်း “အခန်းလည်းငှားမယ် အတွေ့အကြုံ‌တွေကိုမျှဝေမယ်ဆိုတဲ့” ကြော်ငြာစာတစ်ခုတွေ့ပြီး လိပ်စာအတိုင်းသွားပါတယ်။ ကံဆိုးချင်တော့ သူသွားတွေ့တဲ့သူက ကွင်းဆက်လူသတ်သမားဖြစ်နေတဲ့အပြင် ဆိုက်ကိုပါ ၀င်နေတဲ့သူကြီးဖြစ်နေတော့ အရှင်လတ်လတ် လူဘ၀ကနေ ဖျံဘ၀ကို အပြောင်းခံလိုက်ရပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.35GB, 565MB Quality – BluRay 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 42Min Genre -Comedy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Music • Drama • History
5.3 2014 105 mins
Tusk
Chain of Fools
6

Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲ အတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။ မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့် ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊ Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲ ဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ် ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန် ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။ Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့ တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့ လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီး Avent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲ ဆိုတာကိုတော့ကြည့်လိုက်ကြပါ။ Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah Wood Kresk အဖြစ်မင်းသား Steve Zahn တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size… 1.3 GB / 600 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Action
6 2000 96 mins
Chain of Fools
Citizen Kane
8.3

Citizen Kane (1941) ~ IMDb – 8.3/10, RT – 99%, Meta – 100% ~ ( I ) One of the Greatest Films of All Time လို့ ရည်ညွှန်းခံရတဲ့ ရုပ်ရှင်တွေက ရုပ်ရှင်ကောင်းတွေ ဖြစ်နေတတ်တာတော့ ကျွန်တော်တို့ ငြင်းမရပါဘူး။ Citizen Kane ဟာ One of the Greatest Films of All Time မဟုတ်တဲ့ The Greatest Film of All Time ဘွဲ့ကို ဒီ၂၁ရာစုအထိ ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ Greatest Films ဆိုတဲ့ Lis‌t‌ တွေရဲ့ ထိပ်ဆုံးမှာ အမြဲရပ်တည်နေခဲ့တယ်။ တစ်နှစ်ကတော့ Rotten Tomatoes 100% ရထားတဲ့ Paddington 2 က 99% ရထားတဲ့ Citizen Kane ကို ကျော်ပြီး ဒီဘွဲ့ရသွားပြီလို့ မျက်ခွက်ပြောင်ခဲ့ကြသေးတယ်။ ဒီအချက်ကတော့ ဟာသမှန်းအားလုံးသိကြပေမဲ့ ကိန်းဟာ တကယ့် Greatest Film of All Time ဟုတ်မဟုတ်တော့ တချို့အတွက် အငြင်းပွားစရာဖြစ်နေခဲ့တယ်။ Rating အရကြည့်ရင်တော့ ကျွန်တော်ကတော့ IMDb ကို လုံးဝမယုံသလို Rotten Tomatoes ကိုလည်း နည်းနည်းပဲယုံပြီး Metacritic ကို ပိုယုံတယ်ဆိုတော့ IMDb – 8.3/10, RT – 99% , Meta – 100% ရထားတဲ့ ကိန်းရဲ့ Rating အခြေအနေက လက်ခံချင်စရာတော့ကောင်းတယ်။ တချို့ကတော့ လက်ရှိခေတ်ရုပ်ရှင်တွေကို ဖြတ်သန်းပြီးမှ ကိန်းကို ပြန်ကြည့်မယ်ဆိုရင် ကောင်းတော့ကောင်းပေမဲ့ ဒီဘွဲ့ကြီးကတော့ မဟုတ်သေးပါဘူးကွာလို့ ပြောကောင်းပြောလိမ့်မယ်။ ကျွန်တော်တို့ ထည့်စဉ်းစားရမယ့်အချက်က ကိန်းဟာ ၁၉၄၁တုန်းက ရုပ်ရှင်ဆိုတာပါပဲ။ သူ့မှာသုံးခဲ့တဲ့ အရင်ကမရှိဖူးခဲ့တဲ့ ဆန်းသစ်မှုတွေအကုန် မဆန်းတော့တာတွေ ဖြစ်ကုန်ပါပြီ။ ရယ်ရတာကတော့ အဲဒီလိုမဆန်းတော့တာတောင် လူတစ်ယောက်အကြောင်း ဒီလိုပုံဖော်ထားတဲ့ထဲ ကိန်းလောက် အရသာရှိတဲ့ပုံစံမျိုး ကျွန်တော်တော့ မကြည့်ဖူးဘူး။ ( II ) သူ့မှာ သုံးထားတဲ့ Storytelling စတိုင်ကလည်း သူ့ခေတ်အနေနဲ့ဆို ဆန်းသစ်မှုတစ်ခုဖြစ်နေသလို ကျွန်တော်ကြည့်ဖူးသလောက်ထဲလည်း ဒီလောက်သပ်ရပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ဟန်မျိုးတော့ မတွေ့ဖူးဘူး။ ပြောရရင် သူ့ဇာတ်ကောင်က ဂတ်စ်ဘီ၊ ဂျော်ဒန်ဘဲဖို့ဒ်နဲ့ ဟောင်းဝတ်ဟုဒ်ကို ပေါင်းထားသလိုမျိုးပဲ။ ဒါပေမဲ့ အဲဒီကားတွေကိုရိုက်ခဲ့တဲ့ဆရာကြီးတွေရဲ့ Storytelling စတိုင်တောင် ဒီလောက်သပ်ရပ်နေတာမျိုးတော့ မဟုတ်ခဲ့ဘူး။ သူ့ခေတ်သူ့အခါမှာ ဆန်းသစ်ခဲ့သလို အခုထိလည်း ခေတ်မီနေသေးတဲ့ ကိန်းရဲ့ Storytelling စတိုင်ဟာ ဒီရုပ်ရှင်ကို အစ ၅မိနစ်လောက်ဖွင့်လိုက်တာနဲ့ အဆုံးထိကို အရှိန်တင်ပေးနိုင်တဲ့ အရည်အသွေးမျိုးရှိတယ်။ စီနီမာတိုဂရပ်ဖာဖြစ်တဲ့ Gregg Toland ရဲ့ စီနီမာတိုကလည်း အဲဒီခေတ်အနေနဲ့ ထူးခြားခဲ့သလို တည်းဖြတ်ပိုင်းကလည်း အပြစ်ပြောစရာမရှိအောင် သေသပ်ခဲ့တယ်။ နှုတ်ခမ်းမွှေးသစ်ပင်ကြီးလို မထော်မနန်းတွေလည်း ကင်းတယ်။ ( III ) ဒီဇာတ်လမ်းဟာ အမေရိကရဲ့ ကူဘလိုင်ခန်လို့ နာမည်ကျော်တဲ့ သတင်းစာလုပ်ငန်းပိုင်ရှင် ရွှေတွင်းသူဌေးကြီး ချားလ်ဖော်စတာကိန်း သေပြီးနောက်မှာ အစပြုခဲ့တယ်။ သူသေခါနီး သူနောက်ဆုံးပြောသွားတဲ့စကားကတော့ “ရို့စ်ဘတ်”တဲ့။ နာမည်တစ်ခုလို့တော့ထင်ရပေမဲ့ ဒီနာမည်ပိုင်ရှင်က ဘယ်သူလဲ၊ ဒီနာမည်က ဘာလဲဆိုတာကို ဘယ်သူမှမသိခဲ့ကြဘူး။ ဒါပေမဲ့ လုပ်သမျှအကုန် သတင်းစာခေါင်းစီးမှာပါနေတဲ့ ကိန်းကိုယ်တိုင် နောက်ဆုံးပြောသွားတဲ့စကားဆိုတော့ ဒါကသတင်းဖြစ်ဖို့လုံလောက်ခဲ့တယ်။ ( IV ) ကိန်းဟာ ကမ္ဘာပေါ်မှာ ဆဠမအချမ်းသာဆုံးသူဌေးဖြစ်ခဲ့သလို တစ်နှစ်ကို အဲဒီခေတ်တန်ကြေး ဒေါ်လာတစ်သန်းရှုံးနေတဲ့ သတင်းစာတိုက်ကို နှစ်ပေါင်းများစွာ ဦးစီးခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ လုပ်ငန်းပေါင်းများစွာပိုင်တဲ့ ခရိုနီတစ်ယောက်ဖြစ်ခဲ့သလို အလုပ်သမားလူတန်းစားဘက်က ရပ်တည်သူလည်းဖြစ်ခဲ့တယ်။ နိုင်ငံရေးသမားတွေကို ရှုံ့ချခဲ့သူဖြစ်သလို နိုင်ငံရေးသမားလုပ်ခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ ကိန်းဟာ လူအားလုံးကို ရက်ရက်ရောရော ပေးနေကမ်းနေတဲ့လူဖြစ်ခဲ့သလို ဘယ်သူ့ကိုမှ ဘာမှမပေးခဲ့တဲ့သူလည်း ဟုတ်ခဲ့တယ်။ ကိန်းဟာ အများအကျိုးကြည့်သူဖြစ်ခဲ့သလို အတ္တကြီးလွန်းသူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ စစ်ကိုဆန့်ကျင်ခဲ့သလို စစ်ကိုလည်း အားပေးခဲ့တယ်။ ကိန်းဟာ သူချစ်တဲ့မိန်းမအတွက် အားလုံးကိုစွန့်လွှတ်ခဲ့ပြီး အော်ပရာဇာတ်ရုံကြီးဆောက်ပေးခဲ့သူဖြစ်သလို ကိန်းဟာ ဘယ်သူ့ကိုမှ မချစ်ခဲ့သူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ အားလုံးကိုလုပ်ခဲ့သလို ဘာကိုမှမပြီးမြောက်ခဲ့သူလည်းဟုတ်တယ်။ ကိန်းဟာ အားလုံးရဲ့အချစ်ကိုရခဲ့သလို အားလုံးရဲ့အမုန်းကိုလည်းရခဲ့တယ်။ ကိန်းဟာ အမှန်ဘက်က ရပ်တည်ချင်သူဖြစ်ခဲ့သလို အမှားတွေကို လုပ်နေသူလည်း ဖြစ်ခဲ့တယ်။ ကိန်းဟာ အရာအားလုံးကို ပိုင်ဆိုင်ခဲ့ရသူဖြစ်ခဲ့သလို အရာအားလုံးကို ဆုံးရှုံးသူလည်းဖြစ်ခဲ့တယ်။ ဒီလိုလူရဲ့သမိုင်းကို ခြေရာပြန်ကောက်ဖို့ ဖြစ်လာတဲ့ သတင်းသမားတွေဟာ “ရို့စ်ဘတ်”ဆိုတဲ့ နာမည်ရဲ့ ဇစ်မြစ်ကိုရှာခဲ့ကြတယ်။ ( V ) သွမ်ဆန်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ကိန်းနဲ့ပတ်သက်တဲ့လူတွေကို တစ်ယောက်ချင်း လိုက်တွေ့ရင်း “ရို့စ်ဘတ်”ဆိုတာကို လိုက်မေးရင်း ကိန်းရဲ့ဘဝကို ကိန်းကိုသိခဲ့တဲ့သူတွေရဲ့ အမြင်ကနေ မတူတဲ့ရှထောင့်ပေါင်းစုံနေ ကြားခဲ့ရတယ်။ တစ်ယောက်ရဲ့အမြင်မှာ ကိန်းဟာ ကြီးကျယ်ခမ်းနားသူ၊ ရိုးသားသူ၊ ရက်ရောသူ။ တစ်ယောက်ရဲ့အမြင်မှာ ကိန်းဟာ ကြီးကျယ်ခမ်းနားချင်ယောင်ဆောင်သူ၊ ရိုးသားချင်ယောင်ဆောင်သူ၊ ရက်ရောချင်ယောင်ဆောင်သူ။ ဒါကို ကျွန်တော်တို့ ခေါ်ကြတာက Rashomon Effect ပေါ့။ ကိန်းဟာ ရာရှိုးမွန်ထက် ဆယ်စုနှစ်တစ်ခုစောတဲ့အတွက် ဒါကို ကိန်းအဖက်လို့ ပြောရလိမ့်မယ်။ ဒါပေမဲ့ ရာရှိုးမွန်ကလည်း ပိုပြည့်စုံအောင်လုပ်ပေးခဲ့တယ်ဆိုလည်း ငြင်းမရပါဘူး။ ဒါကလည်း သူ့ခေတ်အရ တော်တော်ဆန်းသစ်တဲ့ တင်ဆက်ပုံထဲပါတယ်။ ဒါပေမဲ့ ကိန်းက ဒီ Effect ရဲ့ သက်ရောက်မှုလို တစ်လမ်းတည်းမသွားဘဲ ပိုရှုပ်ထွေးတယ်လို့တော့ ပြောရမယ်။ ( VI ) သူ့ဇာတ်လမ်းကိုသိရပုံဟာ သတင်းထောက်က သတင်းလိုက်တာဖြစ်တဲ့အတွက် ဒီထဲက ကိန်းရဲ့ဘဝဖြစ်စဉ်ကို သတင်းထောက်သိရပုံက Linear အတိုင်းမဟုတ်ခဲ့ဘူး။ ဒါတော့ သူ့ရှေ့မှာလည်း ရှိတော့ရှိခဲ့တယ်။ ဒါပေမဲ့ သိပ်တော့အသုံးမများသေးဘူး။ တည်းဖြတ်မှုပိုင်းမှာလည်း အရိပ်တွေ အမှောင်တွေကိုအဓိကထားသုံးပြီး Transition လုပ်သွားတာတွေက ထူးခြားခဲ့တယ်။ သူ့တင်ဆက်ပုံမှာ သတင်းထောက်နဲ့ ကျွန်တော်တို့က အတူတူပဲသိရလိမ့်မယ်။ စစချင်းမှာ ကိန်းရဲ့ကြီးကျယ်ခမ်းနားမှုတွေအကြောင်းကို ဇာတ်ကြောင်းပြောသွားပုံကလည်း ဩချရလောက်တယ်။ လုပ်ဆောင်ဆဲသတင်းရဲ့ နမူနာဗီဒီယိုကိုပြရင်းနဲ့ပဲ အပြင် Narrative ကို သုံးသွားတာမဟုတ်ဘဲ Narrative မဟုတ်တဲ့ Narrative ကို သုံးသွားသလို ဖြစ်နေတယ်။ သတင်းထောက်ဖွင့်ပြတဲ့ အဲဒီဗီဒီယိုမှာ ကျွန်တော်တို့က သတင်းထောက်သိထားတဲ့ ကိန်းအကြောင်းကို သတင်းထောက်နဲ့ ထပ်တူသိရလိမ့်မယ်။ သတင်းထောက်မသိသေးတာတွေကို သတင်းထောက်မေးမြန်းတဲ့အခါမှာ သတင်းထောက်သိတဲ့အချိန်မှာပဲ ကျွန်တော်တို့သိရလိမ့်မယ်။ ဆိုပေမဲ့ ခုနပြောခဲ့သလို ဒီသိရတာတွေက ပုဂ္ဂိုလ်စွဲအမြင်တွေမကင်းဘူး။ ဒီဇာတ်လမ်းမှာ ကျွန်တော်တို့အတွက် ရာနှုန်းပြည့်မှန်ကန်တဲ့အဖြစ်မှန်မရှိဘူး။ ဒီကြားရတာတွေကို သတင်းထောက်က သူ့ဉာဏ်နဲ့သူ ကောက်ချက်ချပြီး ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကိန်းအပေါ် သူ့အမြင်ကို သူတည်ဆောက်ခဲ့တယ်။ ပြောရရင် သတင်းထောက်နဲ့ ကျွန်တော်တို့ကြည့်နေတဲ့လူတွေ သိထားသိလာတာတွေက အတူတူပဲ။ သတင်းထောက်က သူ့အမြင်သူတည်ဆောက်ခဲ့သလို ကျွန်တော်တို့ကိုလည်းကျွန်တော်တို့အမြင်တည်ဆောက်ခွင့်ပေးထားတယ်။ ဘယ်လိုမြင်မလဲက ကျွန်တော်တို့အတာပေါ့။ ဒီStorytelling စတိုင်က ခြောက်ပြစ်ကင်းတဲ့ ပုံစံလို့ ကျွန်တော်တော့မြင်တယ်။ ( VII ) ဒီလိုနဲ့ “ရို့စ်ဘတ်”ဆိုတဲ့ အရာနောက်ကို လိုက်ရင်း ကိန်းအကြောင်းကို စကားလုံးတွေကနေ သိလာတဲ့ သတင်းထောက်ဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လိုစကားလုံးနဲ့မှ သရုပ်ဖော်ပြလို့မရဘူးလို့ သတင်းထောက်ဟာ နှောင်းပိုင်းမှာ ပြောခဲ့တယ်။ “ရို့စ်ဘတ်”ဆိုတဲ့အရာဟာ ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်ခဲ့သလို ဒီဇာတ်လမ်းထဲ ကိန်းကလွဲ ဘယ်သူမှမသိခဲ့တဲ့အရာလည်းဖြစ်ခဲ့တယ်။ သတင်းထောက်တောင်မသိခဲ့ရတဲ့ “ရို့စ်ဘတ်”ကို ကျွန်တော်တို့ပရိသတ်တွေကို သိခွင့်ပေးထားခဲ့တယ်။ “ရို့စ်ဘတ်”ဟာ ကိန်းကို ကျွန်တော်တို့ တကယ်နားလည်စေမယ့်အရာလည်း ဟုတ်ခဲ့သလို ဘာမှမထူးခြားတဲ့ အရာလည်းဟုတ်ခဲ့တယ်။ သတင်းထောက်ကတော့ “ရို့စ်ဘတ်”ကိုသိရလည်း ဘာမှမထူးသွားဘူးလို့ ထင်ခဲ့သလို တကယ်လည်း ဘာမှမထူးတဲ့အရာလည်း ဟုတ်ခဲ့တယ်။ ဘာလို့ဆို သတင်းထောက်ဟာ ကိန်းကို နားလည်သွားခဲ့လို့ပါပဲ။ သတင်းထောက်ဟာ “ရို့စ်ဘတ်”ဟာ အရာရာကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ကိန်း မပိုင်လိုက်ရတဲ့အရာလို့ ကောက်ချက်ချခဲ့တယ်။ သူ့ကောက်ချက်ချခြင်းကလည်း မှန်ခဲ့ပါတယ်။ “ရို့စ်ဘတ်”ဟာ ကိန်းရဲ့ အရာရာကိုရရှိခဲ့ခြင်းကို ရည်ညွှန်းသလို ကိန်းရဲ့ အရာရာကို ဆုံးရှုံးခဲ့ခြင်းကိုလည်း ရည်ညွှန်းထားတယ်။ အနုပညာလက်ရာတစ်ခုမှာ မက်ဆေ့တော့ ဘယ်တော့မှမလိုပေမဲ့ အမြင်တစ်ခုတော့ အမြဲလိုပါတယ်။ Citizen Kane ဟာ အဲဒီအမြင်တစ်ခု ခံယူချက်တစ်ခုလည်း ခိုင်ခိုင်မာမာရှိခဲ့တဲ့ ရုပ်ရှင်ဆိုတာကို “ရို့စ်ဘတ်”က ကျွန်တော်တို့ကို သက်သေပြထားတယ်။ ( VIII ) ဒီ Citizen Kane ရုပ်ရှင်ကို Orson Welles ကိုယ်တိုင် ဒါရိုက်တာ သရုပ်ဆောင်လုပ်ခဲ့ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ Herman J. Mankiewicz နဲ့ တွဲဖက်ပြီး ရေးခဲ့တယ်။ သေချာသိချင်ရင်တော့ ဒေးဖစ်ဖင်ချာရဲ့ Mank (2020) မှာ ဒီရုပ်ရှင်ဇာတ်ညွှန်း ဖြစ်တည်လာပုံကို အသေးစိတ်ကျကျ မြင်နိုင်တယ်။ ကြည့်လည်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ကိန်းဇာတ်ကောင်ကိုတော့ အမေရိကန်သတင်းစာထုတ်ဝေသူနဲ့ မီဒီယာလုပ်ငန်းရှင် နိုင်ငံရေးသမားဖြစ်တဲ့ William Randolph Hearst ကို အဓိကမှီးပြီး တည်ဆောက်ထားခဲ့တယ်။ သူ့ချည်းတော့မဟုတ်ဘူးပေါ့။ Herman ဟာ Hearst ကို တကယ်သိခဲ့သလို သူ့ကိုသူ့အသိုင်းအဝိုင်းထဲက နှင်ထုတ်လိုက်တဲ့အတွက် မုန်းတီးနေသူလည်းဖြစ်ခဲ့တယ်။ စစကတော့ ဒီဇာတ်ညွှန်းကို The American ဆိုပြီး နာမည်ပေးထားခဲ့တယ်။ ဒါလည်း ဆီလျော်တဲ့နာမည်ပဲဆိုတာ ကြည့်ပြီးရင်သိမှာပါ အခုလောက်တော့ ဂန္ထဝင်မဆန်ပေမဲ့ပေါ့။ ( IX ) ရိုက်ကူးရေးဘက်မှာလည်း Citizen Kane ဟာ အော်ဆန်ဝဲလ် ပထမဆုံးရိုက်တဲ့ ရုပ်ရှင်လည်းဟုတ်ခဲ့ပါတယ်။ အရင်းတောင်မကြေတဲ့အထိ ဘတ်ဂျက်သုံးခဲ့သလို Frank Capra, René Clair, Fritz Lang နဲ့ Jean Renoir တို့ရဲ့ ရုပ်ရှင်တွေကိုကြည့်ပြီး လေ့လာခဲ့တယ်။ John Ford ရဲ့ Stagecoach ကိုဆို အကြိမ်လေးဆယ်အထိကြည့်ပြီး လေ့လာခဲ့တယ်။ နည်းနည်းကြာပြီးမှ Greatest Film of All Time ဆိုပြီး ဖြစ်လာခဲ့တဲ့ Citizen Kane ဟာ အော်စကာမှာ ကိုးဆုထိ ဆန်ခါတင်ဝင်ခဲ့ပေမဲ့ Best Original Screenplay တစ်ခုတည်းရခဲ့သလို ဝင်ငွေအရလည်းရှုံးနိမ့်ခဲ့တယ်။ ( X ) Citizen Kane ဟာ အခုထိ Greatest Film of All Time ဟုတ်မဟုတ်က တချို့အတွက်တော့ အငြင်းပွားစရာကိစ္စဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့လည်း သူ့ခေတ်အခါမှာ သူသုံးခဲ့တဲ့ တက္ကနစ်တွေနဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်းအရတော့ မဟုတ်ဘူးလို့ပြောရတော့ခက်ပါတယ်။ သေချာတာတော့ Citizen Kane ဟာ The Greatest Film of All Time ဘွဲ့ကို ပေးမယ်ဆိုလည်း ထိုက်တန်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.5GB, 1.75GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 1H 59Min Genre – Epic, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
8.3 1941 119 mins
Citizen Kane
Angels of Sex El sexo de los ángeles
6.4

Angels of Sex (2012) Original title: El sexo de los ángeles IMDb Rating (6.4) *အဖော်အချွတ်အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုဖို့မသင့်တော်ပါ* အခုနောက်ပိုင်းခေတ်စားလာတဲ့ Throuple Relationship ကိုပုံဖော်တဲ့ဇာတ်ကားတစ်ကား (၂၀၁၀) အစောပိုင်းဆီက ထွက်ခဲ့ဖူးပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘရူနိုနဲ့ကာလာဆိုတဲ့ ကောလိပ်ကျောင်းသား စုံတွဲတစ်တွဲရှိပါတယ်။ သူတို့ဟာ ငယ်စဉ်ကတည်းကချစ်သူတွေဖြစ်ခဲ့ကြပေမယ့် ဘရူနို့ကိုတော့ ကာလာ့မိဘတွေက သိပ်ကြည့်မရပါဘူး။ တစ်နေ့တော့ ဘရူနိုဟာ ကာလာ့ဆီကိုလာရင်း လမ်းဘေးက Underground ကပွဲတစ်ခုကိုရပ်ငေးရင်း လုယက်ခံရရာကနေသူ့ကိုကူညီပေးတဲ့ ရိုင်း ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံပြီး သူကိုယ်တိုင်မသိခဲ့တဲ့ သူ့လိင်စိတ်တိမ်းညွတ်မှုရဲ့တစ်ခြားဘက်ကိုရှာတွေ့ခဲ့ပါတယ်။ ရိုင်းနဲ့အချစ်နယ်ကျွံမိသွားပေမယ့် ဘရူနိုဟာ ကာလာကို မစွန့်လွှတ်နိုင်ပြန်ပါဘူး။ ကာလာကိုယ်တိုင်ကလည်း အကြောင်းစုံသိသွားပေမယ့် နားလည်မှုပေးထားရာကနေ ဘရူနိုဟာ သူ့ချစ်သူနှစ်ယောက်ဖြစ်တဲ့ ရိုင်းနဲ့ ကာလာတို့ကို မိတ်ဖြစ်ဆွေဖြစ်စေ့စပ်ပေးရာကနေ သူတို့နှစ်ယောက်ကပါ မိတ်ဆွေအဖြစ်ထက်ပိုသွားတဲ့အခါမှာတော့..။ ထူးခြားဆန်းကြယ်တဲ့ အချစ်ကို ရိုးရှင်းစွာပေါ့ပေါ့ပါးပါးပုံဖော်ထားတဲ့ Rom/com ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါပေမယ့် ဥရောပကားပီပီ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ ခပ်များများပါဝင်ထားတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။) File size…(2.1 GB) / (1.1 GB) Quality….BLU-RAY 1080P HEVC / 720p Format…. mkv/mp4 Duration….01:43:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

6.4 2012
Angels of Sex El sexo de los ángeles
Rambut Kafan
5

Rambut Kafan (2024) IMDb Rating (5.0) အောင်​မြင်နေတဲ့ ကုမ္ပဏီပိုင်ရှင်သူဌေးဖြစ်သူ Anwar နဲ့ သူ့ဇနီးသည်က ကိုယ်ဝန်ပျက်ကျမှုကို ဆက်တိုက်ကြုံရပြီး ဇနီးသည်က နေမကောင်းဖြစ်သွားခဲ့တယ်။ တဖြည်းဖြည်းနဲ့ Anwar ရဲ့ သမီးဖြစ်သူ Tari က သူ့အမေ နေမကောင်းဖြစ်တာ သာမန်ရောဂါကြောင့်မဟုတ်ဘဲ တစ်ယောက်ယောက်အောက်လမ်းနည်းနဲ့ ပြုစားထားတာလို့ သံသယဝင်လာပါတော့တယ်။ Tari ရဲ့ သံသယဝင်သူကတော့ အမွေအိမ်ကို ရောင်းပြီးဝေစုခွဲဖို့ ပိုက်ဆံခဏခဏလာတောင်းတဲ့ သူ့အဖေရဲ့ညီ ဦးလေး Subhan ပါ။ ဒါပေမဲ့ Tari ထင်ထားသလို သူ့အမေကို အောက်လမ်းနည်းနဲ့ပြုစားနေတာ တကယ်ပဲ အမွေလိုချင်နေတဲ့ သူ့ဦးလေးလား ဒါမှမဟုတ် သူမသိထားတဲ့ သူ့အဖေစည်းစိမ်ချမ်းသာမှုတွေရဲ့ နောက်ကွယ်က မသမာတဲ့သမိုင်းကြောင်းတွေရှိနေလားဆိုတာကို ဒီ horrorဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(820 MB) / (390 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:36:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

5 2024 98 mins
Rambut Kafan
Centipede
5.6

သဲထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တတ်သူတွေအတွက် Centipede ဆိုတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ကျော်ဝေတို့အုပ်စုဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက ထူးဆန်စွာ အသေအပျောက်များခဲ့တဲ့ အပန်းဖြေစခန်းတစ်ခုကို လိုက်ဖ်လွှင့်ဖို့ စီစဉ်ခဲ့ကြပါတယ်။ အဲဒီ အပန်းဖြေစခန်းရဲ့ ပိုင်ရှင်ကိုယ်တိုင်က ဆွဲကြိုးချ သေသွားခဲ့ပြီး အပန်းဖြေစခန်း အခန်းတွေထဲမှာ မီးလောင်သေသူ၊ ရေနစ်သေသူတွေလည်း ရှိနေပါတယ်။ အဲဒီလူတွေရဲ့ အခန်းထဲကို လိုက်ဖ်လွှင့်ဖို့ သွားတဲ့သူတို့တစ်ဖွဲ့ ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ကြုံတွေ့ရပြီး ဘယ်လိုထိတ်လန့်မှုတွေ ဖြစ်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Crime • Drama • Comedy
5.6 2025
Centipede