YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Bee.Season.2005.720p.WEBRip.x264.AAC5.1-[YTS.MX] (CM)_new.mp4

817.54 MB N/A video/mp4 68 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Peter Pan & Wendy
5.7

ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။ J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ချီးကျူးသံတွေလဲစုံနေပါတယ်။ ကိုယ်တိုင်သာကြည့်ရှုသုံးသပ်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2GB | 920MB  460MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Romance • TV Movie
5.7 2023 106 mins
Peter Pan & Wendy
Detective Dee and Grand Canal Dragon
3

ယခုတစ်ခေါက် မှုခင်းစုံထောက်ကားတွေကြိုက်တတ်တဲ့သူတွေအတွက် စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချွေကုန့်ခုနှစ်မှာ ဝူကျဲထျန်းဟာ လုံမိန်သို့ တိုင်းခန်းလှည့်လည်ရာမှာ စီးမာချိန်ကျန်းနဲ့ မူးမတ်ရာကျော် လိုက်ပါလာခဲ့ပါတယ်။ ညအချိန် လော့ယန်က လူသောင်းချီတဲ့ လမ်းတွေပေါ်ကနေ လုံမိန်သုံး အပြေးလာကြပြီး မင်းကြီးကို လာရောက်ဖူးမြော်ကြပါတယ် အဲ့အချိန်မှာ တူးမြောင်းကြီးထဲကနေ နဂါးသဏ္ဍာန်တိရိစ္ဆာန်ကြီးက တော်ဝင်သင်္ဘောကို တိုက်ခိုက်ခဲ့ပါတယ်။ လော့ယန်မှ ပြည်သူတွေက နိမိတ်ဆိုးအဖြစ်နဲ့ ပြောဆိုနေကြတဲ့အတွက် ဝူကျဲထျန်းက ဒေါသူပုန်ထပြီး ဒီးရန်ကျယ်ကို နဂါးမင်းအမှုကို စစ်ဆေးဖို့ ပြန်လည်ဆင့်ခေါ်ခဲ့တယ်။ လော့ယန်တစ်မြို့လုံးမှာ ကောလာဟလတွေနဲ့ ပြည်သူအားလုံး ကြောက်လန့်နေကြပါတယ်။ ဒီးရန်ကျယ်တစ်ယောက် နဂါးမင်းအမှုကို ၇ ရက်အတွင်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးဖို့ အမိန့်ကျလာတဲ့အခါမှာ အခက်အခဲတွေ အန္တရာယ်တွေကြားက အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားအဖြေရှာလိုက်ကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

3 2023 70 mins
Detective Dee and Grand Canal Dragon
Dragon Sword:Outlander
6

တနေ့ကတင်ဆက်ထားတဲ့ To Be Immortal ဇာတ်ကားလေးရဲ့ အဆက်သဘောလေးပဲဖြစ်ပါတယ် ဒီကားလေးက သိုင်းပညာနဲ့အဂ္ဂိရတ်ပညာကို ရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါပဲ ကျင့်ကြံသူတွေဒုက္ခရောက်ပြီး အားလုံးသေဆုံးတော့မဲ့အချိန်မှာ ဖုယန်နဲ့သူ့သူငယ်ချင်းတစ်စုဟာ ပြသနာကိုဖြေရှင်းဖိုလိုက်ရှာရင်း တောအုပ်တစ်ခုထဲရောက်သွားခဲ့ပါတယ်တကယ်တော့ အဲ့တောအုပ်ဟာ သာမန်တောအုပ်တစ်ခုမဟုတ်ပါဘူး လောကကြီးနဲ့အဆက်ဖြတ်ပြီး တသီးတခြားတည်ရှိနေတဲ့ ဝင်္ကပါတောအုပ်တစ်ခုပါ သာမန်သူတွေလည်းမဝင်နိုင်သလို ဝင်ချင်လည်း သားရဲမိစ္ဆာကောင်တွေကြောင့် အသက်မရှင်နိုင်ပါဘူး ဒါပေမဲ့ဖုယန်ဟာ ထိုတောအုပ်ထဲကိုရောက်ရှိသွားခဲ့ပါတယ် တောအုပ်ထဲက ကိုယ်ပိုင်ကမ္ဘာမှာနေထိုင်တဲ့ဂိုဏ်းမှ အကြီးအကဲအမတမျိုးနွယ်ကလည်း ဖုယန်ကုသတိထားမိပြီး သူ့တပည့်ကိုလိုက်ချဥ်းကပ်ခိုင်းပါတော့တယ် တစ်ဖက်မှာလည်း အဂ္ဂိရတ်ပညာရှင် တန်းကျွင်းကလည်း သူ့ပညာတွေအမွေပေးရန် ဖုယန်ကုအတင်းချဥ်းကပ်အကျပ်ကိုင်ပြီး သင်ပေးပါတော့တယ် ကဲ ဖုယန်တစ်ယောက်လွတ်မြောက်နိုင်မလား? အဂ္ဂိရတ်ပညာကိုလည် တစ်ဖက်ကမ်းခပ်တက်မြောက်နိုင်မလား? သူဘာတွေကြုံတွေ့နေရမလဲ? ဇာတ်လမ်းလေးထဲ စောင့်ကြည့်ပေးပါနော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance • Thriller
6 2021
Dragon Sword:Outlander

သိုင်းကားတွေကွန်ဖူးချတာတွေမှ ကြည့်ချင်တဲ့ပရိတ်သတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားလာပါပြီ တရုတ်တော်လှန်ရေးခေတ်မှာ သိုင်းလောကနံပါတ်တစ်ရဖိုအတွက် သိုင်းသမားအချင်းချင်းပြန်တိုက်ခိုက်နေကြပါတယ် ဘာလိုနံပါတ်တစ်ရဖိုလိုချင်ကြလဲဆိုရင် နိုင်ငံခြားသားကုန်သည်တွေဟာ သိုင်းလောကနံပါတ်တစ်သမားနဲ့ပဲပူးပေါင်းပြီး လောင်းကစားတွေ လူကုန်ကူးတာတွေ မူးယစ်ဆေးဝါးတွေလုပ်လိုပါပဲ အဲ့အချိန်သိုင်းလောကနံပါတ်တစ်ရရှိထားသူကတော့ မင်ဂိုဏ်းကခေါင်းဆောင်အားရှီပါ ဒါပေမဲ့သူကနိုင်ငံခြားသားတွေနဲ့မပူးပေါင်းပါဘူး အဆင့်တစ်နဲ့မှပူးပေါင်းချင်တဲ့နိုင်ငံခြားသားတွေနဲ့ အဆင့်တစ်ကိုလိုချင်တဲ့လုံဂိုဏ်းဟာအားရှိကိုလုပ်ကြံကြပါတော့တယ် သူတိုပဲလုပ်ကြံနိုင်မလားအားရှီကဘာတွေပြန်လုပ်ပြီး ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုပေးပါနော် သိုင်းချခန်းတွေကတော့ ရှယ်ပါပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 28min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team

Action • Adventure • Fantasy • Science Fiction
null 2022
The Queen Of KungFu 3
Beast
6.8

Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ ... အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ အချိန်မှာတော့ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရတယ်ဆိုတာ လူတွေကို သဲသဲမဲမဲကို လိုက်သတ်တဲ့ ခြင်္သေ့မျိုးပါ။ ခြင်္သေ့တွေက စားစရာမလိုဘဲ သာမန်အားဖြင့် လိုက်သတ်လေ့မရှိပါဘူး။ ဒီခြင်္သေ့ကြီးကတော့ အုပ်စုတစ်ခုလုံးကို တရားမဝင်မုဆိုးတွေက သတ်လိုက်လို့ တွေ့သမျှလူတွေကို သောင်းကျန်ပြီးလိုက်သတ်တာပါပဲ။ ဗီလိန်လို့တောင် မပြောနိုင်ပါဘူး။ တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်သူတွေ အကြိုက်တွေ့မှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပါ။) File Size          : 6GB, 2.1GB, 854MB, 429MB Quality            : 4K WEB-DL HEVC 5.1CH, 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 33mins Genre              : Adventure, Drama, Horror Translated by Mr.Anderson Encoded by Kinnov

Action • Fantasy • Horror • Mystery
6.8 2022 93 mins
Beast
Superman Returns
5.7

Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေကို တစ်ဖန်ရောက်ရှိလာပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ အရာရာဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ ဒီအပြောင်းအလဲတွေကို Superman တစ်ယောက် ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ ဒါ့အပြင် ရန်သူတော် Lex Luthor ရဲ့ ကောက်ကျစ်စဥ်းလဲမှုတွေ၊ ဉာဏ်နီဉာဏ်နက်များတာတွေကိုလည်း တားဆီးဖို့လိုအပ်လာပါပြီ။ ဒါတွေကို Superman ကျော်ဖြတ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ဦးမလဲဆိုတာတွေကို ကောင်းကောင်းလေးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.90GB / 784.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 34m Genre ..... Aciton , Adventure ,  Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin

Crime • Drama
5.7 2006 154 mins
Superman Returns
Blueback
5.8

တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။ File size…(2.08GB) / (771.64MB) / (529.79MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

5.8 2022 102 mins
Blueback
A Compassionate Spy
6.6

A Compassionate Spy (2022) ~ IMDb – 6.6/10, Rotten Tomatoes – 84% ~ ဒုတိယကမ္ဘာစစ်ကာလဟာ လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ စစ်ကြီးတစ်ခုပါပဲ။ အဆိုးဆုံးကတော့ ဟီရိုရှီးမားနဲ့ နာကာဆာကီးကို ကြဲချလိုက်တဲ့ နျူကလီးယားဗုံးနှစ်လုံးဟာ စစ်ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်ရုံမက အရပ်သူအရပ်သားသေဆုံးမှုတွေကိုပါ စစ်ရဲ့အနိဌာရုံအဖြစ် မြင်လိုက်ရတာပေါ့။ ဒါ့အပြင် ဖျက်အားပြင်း လက်နက်ဆန်းက ပေါက်ကွဲမှုမှာ မသေခဲ့တဲ့ ရှင်ကျန်သူတွေကိုပါ အကြောင်းရင်းမသိရဘဲ တဖြုတ်ဖြုတ်သေကုန်အောင် စွမ်းပါသေးသတဲ့။ ဒီလောက်အားကောင်းတဲ့ လက်နက်ဆန်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံက ဖက်ဆစ်ဂျာမန်၊ အီတလီနဲ့ ဂျပန်တို့ကို အပြတ်အသက် အနိုင်ယူနိုင်ခဲ့တာပေါ့။ ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဒီလိုဝရဇိန်လက်နက်ကို တစ်နိုင်ငံတည်းက ပိုင်ထားရင် Power Play မဖြစ်တော့ဘူးပေါ့။ အနိုင်ကျင့်မယ်။ ထစ်ခနဲရှိရင် ဗုံးကြဲချမယ်။ တစ်ကမ္ဘာလုံးက သူ့ကို တုန်နေအောင် ကြောက်ရမယ်။ ဒီလိုနဲ့ ကမ္ဘာကြီးမှာ အသေအပျောက်တွေများလာပြီး ဒုက္ခကပ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားမှာပါပဲ။ မိသားစုတစ်ခုရှိတယ်ဗျ။ သိပ်တော်တဲ့ သိပ္ပံပညာ‌ရှင်တွေ စုဝေးရာပေါ့။ သူတို့ထဲက ညီအစ်ကိုနှစ်ယောက်အကြောင်း ပြောရအောင်… အစ်ကိုလုပ်တဲ့သူက နျူကလီးယားထိပ်ဖူးကိုတင်ဆောင်ပြီး ကမ္ဘာ့တိုက်ကြီးတစ်ခုအတွင်း ကြိုက်တဲ့နေရာကို တိုက်ရိုက်ရောက်အောင်ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို တီထွင်တဲ့သူတွေထဲကတစ်ယောက်။ သူ့ရဲ့ညီက ဟီရိုရှိးမားနဲ့ နာကာဆာကီးကို ကြဲချခဲ့တဲ့ နျူကလီးယား ပထမမျိုးဆက်ဗုံးကို တည်ဆောက်တဲ့နေရာက ပညာရှင်တစ်ဦး။ အနုမြူဗုံးတစ်လုံးမှာ အရေးကြီးတဲ့ ပေါက်ကွဲအားလောင်စာ ယူရေနီယံသတ္ထုသန့်စင်ရေးဖြစ်စဉ်၊ ပိုအားကောင်းတဲ့ ပေါက်ကွဲမှုဖြစ်ရအောင် အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲရတဲ့ဖြစ်စဉ်တွေရှိတယ်။ အဲဒီအထဲကမှ အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲခဲ့တဲ့ ပညာရှင်လေး။ သူတို့အဖွဲ့ ဗုံးစမ်းသပ်မှုလုပ်ပြီး အောင်မြင်ခဲ့ချိန်မှာ လူအများပျော်နေချိန် အခန်းပြန်ပြီး တိတ်တဆိတ်ထိုင်နေတဲ့သူ။ ဒီလိုလက်နက်ဟာ တစ်ဦးတည်းပိုင်ထားရင် ကမ္ဘာအတွက် ကပ်ဆိုးတွေယူလာမယ်ဆိုတာ သူသိခဲ့တယ်။ သူထင်တဲ့အတိုင်းပဲ ဟီရိုရှီးမားနဲ့ နာကာဆာကီကို ဗုံးနှစ်လုံးကြဲချလိုက်တဲ့ အမေရိကန်ဟာ သူ့ရဲ့စစ်ဦးကို ဖက်ဆစ်တွေကနေ ဆိုဗီယက်ပြည်ထောင်စုကို လှည့်သွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုတစ်ခုလုံး ပျက်သုဉ်းအောင် ဗုံးပေါင်းများစွာ ကြဲချတော့မယ့် အစီအစဉ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေတယ်။ နျူကလီးယားဗုံးတစ်လုံး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ စာရွက်စာတန်းနဲ့ နည်းပညာတွေကို ဆိုဗီယက်ပြည်ထောင်စုဆီ လျှို့ဝှက် ပေးပို့လိုက်ပါသတဲ့။ ဒီလိုနဲ့ အမေရိကန်စစ်သားလေးဟာ နျူကလီးယား အက်တမ်နည်းပညာတွေ ကဲ့ထုတ်လိုက်တဲ့ ဆိုဗီယက်သူလျှိုလေး ဖြစ်သွားပါလေရော။ ဒီရုပ်သံမှတ်တမ်းက လူတော်တော်များများ မသိရသေးတဲ့အချက်ကြီးကို ဖွင့်ချထားတာပါ။ ရုပဗေဒပညာရှင်လေး သီအိုဒေါ အယ်လ်ဗင် ဟော ရဲ့ သူလျှိုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ အဖျားဆွတ်ခေါ်တော့ တက် သို့မဟုတ် တက်ဒီ လေးပေါ့ဗျာ။ နျူကလီးယားဗုံးနည်းပညာကို ရုရှားတွေ ရှာဖွေတွေ့ရှိတီထွင်ခဲ့တာမဟုတ်ဘဲ အမေရိကန်တွေဆီက စိမ့်ထွက်လာတယ်ဆိုတာကို အထိတ်တလန့်သိလိုက်ရမယ့် ရုပ်သံမှတ်တမ်းပါ။ ဘယ်လိုပဲပြောပြော တက်ရဲ့ဆုံးဖြတ်ချက် မှန်လို့ ဒီအချိန်အထိ တတိယကမ္ဘာစစ်မဖြစ်သေးတာလား။ သူ့ဆုံးဖြတ်ချက်မှားခဲ့လို့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံအထိရှိသွားပြီး မီးပွားတစ်ခုကျလိုက်တာနဲ့ နျူကလီးယားစစ်ပွဲဖြစ်လို့ ကမ္ဘာကြီး တစ်ရက်တည်းပျက်သွားမယ်လို့ အပြစ်တင်မလားဆိုတာကတော့ လူကြီးမင်းရဲ့ ပုဂ္ဂိုလ်ရေးအတွေးအမြင်သာ ဖြစ်ကြောင်းပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 800MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 41Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.6 2022
A Compassionate Spy
In Order of Disappearance
7.1

ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ​​နော်​ဝေထုတ်ဇာတ်ကား ဖြစ်ပြီး IMDb 7.1နဲ့ RT -86%ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းရဲ့အကျဉ်းက အမြဲတ​စေနှင်း​တွေကျ​နေတဲ့ ​တောင်​ပေါ်မြို့​လေးမှာ နှင်းရှင်းစက်​မောင်းတဲ့ အလုပ်နဲ့ ပြည်သူ့သား​ကောင်းဆု ရထားတဲ့ ​ နေးလ်ဒစ်မန်းတို့ လင်မယားဟာ တစ်​နေ့မှာ သားဖြစ်သူ အသတ်ခံ လိုက်ရတဲ့အတွက် သူတို့သားကို သတ်သွားတဲ့ လက်သည်​တွေကို စုံစမ်းရင်း နယ်ခံမူးယစ်ဂိုဏ်းရဲ့လက်ချက်ဖြစ်​ကြောင်း သိသွားတဲ့ အခါ အဲဒီဂိုဏ်းသား​တွေကို တစ်​ယောက်ချင်း ပြန်လိုက်သတ်ရင်း သားရဲ့​​သွေး​​ကြွေးကို ပြန်ဆပ်ဖို့ကြိုးစားပုံ​တွေကို ကြည့်ရှုရမှာပါ။ File size…1.58GB / 594MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 56m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Romance • Comedy
7.1 2014
In Order of Disappearance
Gold Brick
6.2

Money Heist လို Plot twist တွေနဲ့ သူခိုးဇာတ်လမ်းကြိုက်တဲ့ပရိသတ်တွေအတွက် အလွမ်းပြေ ပြင်သစ် သူခိုးရုပ်ရှင်လေးတစ်ကားလာပါပြီ။ ဆွယ်ဗျားဆိုတဲ့ လူငယ်လေးတွယောက်ဟာ ရှားထရက်မြို့ သာမာန် လူလတ်တန်းစားမိဘနှစ်ဦးကနေ မွေးဖွားကြီးပြင်းလာသူပါ။ သူ့မှာ စကန်နီးရားလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့နေတဲ့မြို့မှာ ဘိုးရစ်နှင့်သားများလို့ ခေါ်တဲ့ ရေမွှေးထုတ်ပိုးဖြန့်ချီရေးကုမ္ပဏီတစ်ခုက တစ်မြို့လုံးရဲ့ အလုပ်အခွင့်အလမ်းတွေကိုအုပ်စိုးထားပြီး ဘယ်လောက်ပင်ပညာတတ်ဖြစ် ​ေနပါစေ အဆုံးသတ်မှာတော့ ဒီစက်ရုံမှာပဲအလုပ်ဝင်ကြရပါတယ်။ ဆွယ်ဗျားနဲ့ စကန်နီးရားတို့ဟာ အဲ့လိုမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့​ေပမယ့် အဆုံးမှာတော့အများနည်းတူ ဘိုးရစ်စက်ရုံမှာပဲ အလုပ်ဝင်ခံရပါတယ်။ သူတို့အလုပ်ဝင်ပြီးမကြာခင်မှာပဲ ဖခင်ဖြစ်သူဘိုးရစ် သေဆုံးသွားခဲ့ပြီး ဘိုးရစ်ဂျူနီယာက ကုမ္ပဏီကိုအမွေဆက်ခံခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆွယ်ဗျားတစ်ယောက် အလုပ်ကနေ အပိုဝင်ငွေရမယ့် နည်းလမ်းတစ်ခုကိုရှာတွေ့သွားတဲ့နောက် သာမာန် စက်ရုံအလုပ်သမားဘဝကနေ သူဌေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုနည်းတွေ၊ အခကါအခဲတွေကို ရုန်းကန်ကြိုးစားကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး ပြင်သစ်စကားပြောရုပ်ရဗင်ဖြစ်တဲအတွက် Money Heist လို ခပ်ဆင်ဆင် Vibe မျိုးရမှာဖြစ်ပေမယ့် ဇာတ်လမ်းက Twisty ဖြစ်ပြီး အေးအေးငြိမ့်ငြိမ့်လေးမို့လို့ မတူညီတဲ့ ရသတစ်မျိုးပေးစွမ်းပါတယ် T Hmue မှ အညွှန်းရေးသားပြီး ဘာသာပြန်သည် File size…(1.5 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6.2 2023
Gold Brick
Infernal Storm
5.9

ဂျပန်စစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေဟာ တိုင်းပြည်အတွက် အနစ်နာခံကာ သေပွဲဝင်ဖို့အမြဲတမ်း အသင့်ဖြစ်နေ​ကြတဲ့သူတွေပါ မနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ ဆက်လက်လျှောက်လှမ်းနေ​ကြတဲ့ ရဲရင့်တဲ့သူရဲ​ကောင်းတွေပဲဖြစ်ကြပါတယ် ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန် တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်​လောက် ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့… တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကို လုပ်ဆောင်ဖို့ သေ​သေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ ​လျှို့ဝှက်အေးဂျင့် လေးယောက်ကို ဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီး သရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက် ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်

5.9 2021
Infernal Storm
Snapshots
7

Snapshots (2018) IMDb Rating (7.0) / Rotten Tomatoes (75%) အချစ်ကို ဆုံးရှုံးဖူးသူတွေရှိမယ်.. အချစ်ကို တွေ့ရှိခဲ့သူတွေ ရှိမယ်.. အချစ်က သစ္စာဖောက်တာကို ခံခဲ့ရသူတွေရှိမယ်.. အချစ်ဆိုတာဘာလဲ? ဒီအရာတွေအားလုံးကို တစ်ပြိုင်နက်တည်း သိရှိခံစားနိုင်မယ့် Snapshots ရုပ်ရှင်ကားကြီး။ သမီးဖြစ်သူပက်တီနဲ့ မြေးဖြစ်သူအယ်လီဆန်တို့ ရောက်ရှိလာပြီး ရို့စ်ရဲ့ တဲအိမ်ထဲက ကင်မရာအဟောင်းတစ်ခုကို တွေ့ရှိကြတဲ့အခါ ဖုန်းကွယ်ထားတဲ့ ရို့စ်ရဲ့ ဘယ်သူမှမသိခဲ့တဲ့ အတိတ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ရို့စ်ရဲ့ အတိတ်က လျှို့ဝှက်ချက်က သူ့မြေးလေးရဲ့ အနာဂတ်လျှို့ဝှက်ချက်တစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ? လူဝီနဲ့ဇီးဆိုတဲ့ လင်မယားစုံတွဲက ရို့စ်နဲ့ ဂျိုးမူလာတို့ရဲ့ ဘဝထဲကို ဝင်လာတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့ကြသလဲ? လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်မှာ ဖြစ်ခဲ့တဲ့အရာတွေအားလုံးကို ကင်မရာတစ်လုံးကြောင့် သိလာရတဲ့အခါ။ အချစ်၊ အလွမ်း၊ အဆွေး ရသပေါင်းစုံကို မတူညီတဲ့ ရှုထောင့်ကနေ ခံစားရမှာ ဖြစ်လို့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.6 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:35:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Drama • Family
7 2018 95 mins
Snapshots
Hearts Around the Table: Kiki’s Fourth Ingredient
6.5

Hearts Around the Table: Kiki’s Fourth Ingredient (2025) Romcom အရသာကို သတိရနေတဲ့လူတွေအတွက်ဒီကားကတော့ ရှယ်ပါပဲ အရှေ့မှာလည်းသူ့ရဲ့ prequel ထွက်ထားတယ်ပေါ့နော်။ အဲဒီကားမှာတော့ သူ့ အကိုအကြောင်းကို ရိုက်ထားတာဖြစ်ပြီး ဒီကားထဲမှာတော့သူ့ရဲ့ညီမလေးဖြစ်တဲ့ KiKi ရဲ့ အချစ်ဇာတ်လမ်းလေးပေါ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ KiKiက သူ့အမ Jenna ရဲ့ မင်္ဂလာဆောင်မှာအစားအသောက်ပိုင်းကို လုံးဝတာဝန်ယူလိုက်ပါတယ်။ ဒါပေမယ့်လူအယောက်တစ်ရာကိုကျွေးရတာဆိုတော့သူစပြီးတော့ ခေါင်းပူပြီပေါ့နော်။ ဒါပေမယ့် Jennaရဲ့ယောကျာ်းလောင်းလေး Andrew ရဲ့ သူငယ်ချင်း Clayလေးနဲ့ ဆုံပါတော့တယ်။ ခေါင်းမာတဲ့ KiKi ကို Clayကလည်းကူညီဖို့လုပ်ရင်း သူတို့အချစ်ဇာတ်လမ်းလေးကို ကြည့်ရမှာဖြစ်ပါတယ်။ ဒါအပြင်သူတို့မိသားစုအချင်းချင်း ချစ်ကြတာကိုလည်း ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (1.8 GB) / (830 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance Duration…. 01:24:33 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw

Comedy
6.5 2025 84 mins
Hearts Around the Table: Kiki’s Fourth Ingredient