YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bed.Friends.S01E01.720p.CM.mp4

290.93 MB 720p video/mp4 196 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Church of Darkness
4.5

ဒီ Church Of Darkness ဆိုတဲ့ကားလေးကတော့ Horror အမျိုးအစား ကားလေးဖြစ်ပြီး လူငယ်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကား မှာ ဒေးဗစ်ဆိုတဲ့ ခရစ်ယာန်ဘာသာ ယုံကြည်သူ ကောင်လေးတစ်ယောက် မစ်ရှင်ပွိုင့်ဆိုတဲ့ မြို့ကလေးကို စပြောင်းရွှေ့လာစဉ် အင်မတန်ထူးခြားတဲ့ အဆောက်အဦးတစ်ခုကို မြင်တွေ့မိရာကစတင်ထား ပါတယ်။ ဒေးဗစ်ဟာ ဘာသာရေးကို ယုံကြည်သက်ဝင်သူဖြစ်သော်လည်း လူငယ်ဖြစ် သည့်အလျောက် ဘာသာရေးအပေါ် နားလည်မှုလွဲခြင်းများလည်းရှိနေပုံကို ထည့်သွင်းရိုက်ကူးထားပါတယ်။ ထူးဆန်းတဲ့ နတ်ဆိုးများကို ပူဇော်သည့် Wheelmakerဆိုတဲ့ ဂိုဏ်းတစ်ခုကြီးစိုးနေတဲ့ မစ်ရှင်ပွိုင့်မှာ ဒေးဗစ်တစ် ယောက်ဘာတွေကြုံတွေ့ရမလဲ။ ဘယ်လိုတွေစွန့်စားရမလဲဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်) File Size..........(1.0 GB) / (411 MB) / (232 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family, Horror Translator.......Lwin Bo Encoder..........SWM

Comedy • Drama
4.5 2022 87 mins
Church of Darkness
Guillermo del Toro's Pinocchio
8.2

သစ်သားရုပ်လေး ပီနိုခီရိုကို ဒါရိုက်တာကြီး ဂီရယ်မိုဒီတယ်ရိုရဲ့ဗားရှင်းအနေနဲ့ ထွက်လာပါပြီ။ ဒါဟာ ဂီရယ်မိုရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ မူလဇာတ်လမ်းတွေနဲ့ ကွဲပြားစွာပဲ ၁၈၀၀ ခုနှစ်ကိုအခြေမခံဘဲ ပထမကမ္ဘာစစ်အပြီး အီတလီမှာ မူဆိုလီနီအာဏာရချိန် ဖက်ဆစ်အစိုးရ ၁၉၃၀ ဝန်းကျင်ကာလကို အခြေခံထားပါတယ်။ ပုံမှန် Animation မဟုတ်ဘဲ Stop Motion အမျိုးအစားမို့လည်း တစ်မျိုးလေး ဆန်းသစ်ပါသေးတယ်။ ပြီးတော့ ဒါရိုက်တာရဲ့ ထုံးစံအတိုင်း ကလေးပုံပြင်တစ်ခုကိုနည်းနည်းပိုမှောင်မိုက်တဲ့ သဘောတရားတွေနဲ့ ပြသထားတာမို့ လူကြီးပရိသတ်တွေကတော့ ပိုခံစားလို့ကောင်းပါလိမ့်မယ်။ Pan's Labyrinth ရုပ်ရှင်တုန်းကလည်း စပိန်ပြည်တွင်းစစ်ကိုအခြေခံထားသလို ဒီဇာတ်လမ်းကလည်း အီတလီရဲ့တကယ့်နိုင်ငံရေးအခြေအနေကို အခြေခံထားတာပါပဲ။ ပြီးတော့ ပန်းပုဆရာ ဂျီပတ်တိုရဲ့ သေဆုံးသွားတဲ့ သားနာမည်ကိုလည်း ကာလို အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။ မူရင်း ပီနိုခီရိုပုံပြင်ကိုရေးခဲ့သူ Carlo Collodi ကို ဂုဏ်ပြုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။ ၁ နာရီ ၅၇ မိနစ်အကြာရိုက်ကူးထားတာမို့ အကြာဆုံး Stop Motion ရုပ်ရှင်လည်း ဖြစ်သွားပါပြီ။ ဂီရယ်မိုရဲ့ထုံးစံအတိုင်း နိမိတ်ပုံတွေ၊ တွေးစရာတွေထည့်သွင်းနေကျမို့ ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းမှာပါ။ ဥပမာ ကောင့် ဗိုပီဆိုတဲ့ ဗီလိန်ဆိုရင် (ဗိုပီဆိုတာက အီတလီလို မြေခွေး) နှာခေါင်းအရှည်ကြီးဖြစ်နေတာကြောင့် "လိမ်ပြောလေလေနှာခေါင်းရှည်လေလေ" ဆိုတဲ့ ပုံပြင်ကို လူသားမှာပါ သရုပ်ဖော်ထားသလိုဖြစ်နေတာမျိုးပေါ့။ ပီနိုခီရိုပုံပြင်ကို ခဏခဏကြည့်ဖူးဖတ်ဖူးပေမဲ့ ဒီတစ်ခါတော့ တစ်မျိုးခံစားကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Animation, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1.12GB | 400MB Format… mp4 Duration….1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Thriller
8.2 2022 117 mins
Guillermo del Toro's Pinocchio
Maari 2
5.6

မြန်မာစာတန်းထိုး ဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့..... လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။ မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး.... နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။ လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။ နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။ သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ ဖိုက်တင်ဆိုရင် လေပေါ်ကို လွင့်မှ ၊ ကားမှန်တွေကွဲ သေနတ်တွေ ပစ်မှ ၊ အားရကျေနပ်တယ်ဆိုရင်တော့..... အသစ်စက်စက် ထွက်ရှိလာတဲ့ ဒီကားနဲ့ ၂၀၁၅ ထွက် Maari ဇာတ်ကားနှစ်ကားလုံးဟာ ပြောစရာ ဟာကွက်မရှိတဲ့ ဇာတ်ကားတွေသာ ဖြစ်ပါတယ်။ File size…3GB / 1.5GB Quality…1080p WEBRIP AAC5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kyal Sin Yati Ko

5.6 2018 150 mins
Maari 2
Night Blooms
5

ရုပ်ရှင်ဆိုတာ မက်ဆေ့တစ်ခုခုပေးနိုင်ရပါတယ်။ ဘာမက်ဆေ့မှ မပေးတဲ့ ခံစားရုံသက်သက်လို့ ဂျင်းထည့်ကြတာတွေက ဇာတ်ညွှန်းမရှိ ဘတ်ဂျက်မနိုင်လို့ အဆင်ပြေသလိုရိုက်ပြီး အဓိပ္ပာယ်မရှိမှ လျှောက်အာရွှီးတာတွေပါပဲ။ အကောင်းဆုံးရုပ်ရှင်တွေကိုကြည့်ပါ။ IMDb ထိပ်ဆုံးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူ့ထက်ကောင်းတဲ့ကား ဘာမှမရှိတဲ့ Shawshank Redemption ကနေဆို မျှော်လင့်ချက်ထားသင့်ကြောင်း မက်ဆေ့အကြီးကြီးရသလို Star Wars တို့မှာဆိုလည်း ယူတတ်ရင် မက်ဆေ့တွေချည်းပါပဲ။ ကျွန်တော်အသည်းစွဲ တစ်နေ့၂ကားအထိ ကြည့်နေကျ ဘောလိဝုဒ်နဲ့ တမီးလ်ကားတွေမှာလည်း မက်ဆေ့မပါတဲ့ ကားလုံးဝမရှိသလို ဒိုင်ယာလော့တွေနဲ့ ထိထိမိမိကို မက်ဆေ့ပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။ ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အခုရုပ်ရှင်ကလည်း မက်ဆေ့ကို ထိထိရောက်ရောက်ပေးနိုင်တဲ့ Coming Of Age ရုပ်ရှင်တစ်ကားပါပဲ။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမလေးနှစ်ယောက်ရှိတယ်။ သူတို့အတူတူ တီးဝိုင်းထောင်ထားပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်နေထွက်နေကျဆိုတော့ သိပ်ခင်ကြတာပေါ့။ တစ်နေ့ကျတော့ တစ်ယောက်က တစ်ယောက်ရဲ့ အဖေကို ကြိုက်မိသွားပြီး တစ်ယောက်ရဲ့ အဖေနဲ့ အိပ်ရဖို့ ကြံတယ်။ နောက်ဆုံး ပါသွားတာပေါ့။ အဲဒီနောက်ဆက်တွဲတွေအကြောင်းပါပဲ။ ပညာပေးကားလား ဘာလားတော့ မသိပေမဲ့ လိင်ဆက်ဆံခန်းတွေ ၃ခန်းလောက်ပါတာမို့ မိသားစုနဲ့တော့ ကြည့်ဖို့မသင့်ပါဘူး။ Jessica Clement ဆိုတဲ့ မင်းသမီးချောလေးက သရုပ်ဆောင်ထားပါတယ်။ လောကကြီးမှာ မဖြစ်သင့်တာတွေကို လုပ်မိတဲ့အခါ ဘာတွေဖြစ်တတ်လဲ အားလုံးပညာယူနိုင်ရန်အလို့ငှာ မက်ဆေ့အကြီးကြီးပေးသွားတဲ့ ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ မက်ဆေ့ယူဖို့ပဲမဟုတ်လား။ ဇာတ်ကားကောင်းကောင်းလေးလားဆိုတာတော့ အာမ,မခံပေမဲ့ မက်ဆေ့‌ကောင်းကောင်းလေးတော့ရဖို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___"မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 555MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Horror • Music
5 2022 98 mins
Night Blooms
Wolf
5.4

ဒီဇာတ်လမ်းကို စကြည့်လိုက်တာနဲ့ ဂျေကော့ဆိုတဲ့ ကောင်လေးနဲ့အတူ ခင်ဗျားတို့ကို ထူးဆန်းတဲ့အရပ်ကို ခေါ်ဆောင်သွားလိမ့်မယ်။ သာယာခမ်းနား၊ လှပတင့်တယ်နေတဲ့ နေရာတော့ မဟုတ်လေဘူး။ ခင်ဗျားတို့ ရောက်သွားမှာ စိတ္တဇဆေးရုံပဲ။ (စိတ္တဇလို့ ရာနှုန်းပြည့်မခေါ်နိုင်ပေမဲ့ ဒီလိုပဲ ခေါ်လိုက်ရအောင်ဗျာ) စိတ္တဇဆေးရုံကိုမှ ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန်လို့ ထင်နေကြတဲ့ စိတ်ရောဂါရှင်ရှိရာ စိတ္တဇဆေးရုံပါ။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကြက်တူးရွေးလို့ထင်ပြီး သူ့ကိုပြောသမျှ အကုန်လိုက်ပြောတယ်။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ခွေးလို့ထင်ပြီး အချိန်ပြည့် တဝုတ်ဝုတ်၊ တစ်ယောက်က သူ့ကိုယ်သူ ရှဉ့်မဟုတ်လို့ ရှဉ့်ဖြစ်ခွင့်ပေးပါဆိုပြီး ထိုင်ငိုနေတယ်၊ တစ်ယောက်က ပန်ဒါ၀က်ဝံ၊ တစ်ယောက်က မြင်းနဲ့ တိရစ္ဆာန်တွေမှ စုံလို့ဗျာ။ ဒီတော့ ဒီနေရာကို ရောက်လာသူ ဂျေကော့ကလည်း ပုံမှန်မဟုတ်တာ ရိပ်မိလောက်ကြပြီထင်ပါရဲ့။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ဝံပုလွေလို့ ထင်နေသူပေါ့။ ညဘက်တွေရောက်ရင် သူဖောက်ပြီး ထအူပါပြီ။ ဒီလူတွေကို ဒီနေရာပို့ရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် လူဆိုတာ လက်ခံပြီး သာမန်ဘ၀နဲ့ နေနိုင်အောင်ပါ။ ဒီ တိရစ္ဆာန်ပေါင်းစုံကို အဓိက ထိန်းချုပ်ကုသပေးနေသူတွေက ဒေါက်တာမန်းနဲ့ သူ့အဖွဲ့သားတွေပေါ့။ ထိန်းချုပ်ရခက်တာတွေရှိသလို အခြေအနေတိုးတက်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဝံပုလွေဂျေကော့ကတော့ အခြေအနေ ကောင်းပုံမရ။ ထိန်းမရတဲ့နောက် အကြမ်းနည်းတွေဘက် လှည့်လာတဲ့ ဒေါက်တာတွေကတစ်ဖက်၊ ဝံပုလွေလေးကိုမှ ချစ်လှပါချည်ရဲ့ဆိုပြီး ကြား၀င်၀င်ရှုပ်တဲ့ ကြောင်မလေးနဲ့ တွေ့တဲ့အခါ အခြေအနေက ဆိုးသည်ထက်ဆိုးပါတော့တယ် .... ဒီဇာတ်လမ်းမှာ မင်းသား George Mackay က ဂျေကော့အဖြစ် သရုပ်ဆောင်ထားပြီး Johnny Depp ရဲ့ သမီး Lily Rose Depp က စီစီလီ ကြောင်မလေးအဖြစ် စိတ်၀င်စားဖွယ် ပါ၀င် သရုပ်ဆောင်ထားကြပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်။) File Size - (960 MB) Quality – WEBDL- (1080p)/(720p)/(480p) Duration - 1hr 40min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Mystery, Thriller Translator – Yoon Sandi Aung Encoder – San Win Maung

Crime • Drama • Thriller
5.4 2021 100 mins
Wolf
Timecop
6

ဒီဇာတ်ကားလေးကတော့ လူတိုင်းသိကြတဲ့ ရုပ်ရှင်မင်းသားကြီး ဗန်ဒိမ်း ငယ်ရွယ်စဉ်က ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကြမ်းကားလေးပဲဖြစ်ပါတယ် အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေ သိပ္ပံကားတွေ ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လူသားမျိုးနွယ်တွေ အချိန်ခရီးသွားခြင်းကို တီထွင်နိုင်တော့ အစိုးရက မသမာမှုတွေကို ကာကွယ်ဖို့ အေဂျင်စီ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ် အေဂျင်စီဖွဲ့တော့ ဗန်ဒိမ်း ပါဝင်ခဲ့ရပြီး မသမာမှုတွေကို တိုက်ခိုက်ရင်း ရှာဖွေတွေ့ရှိလာတဲ့ အမှန်တရားတွေကနေ သူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့ ကြိုးစားတဲ့အကြောင်းကို သည်းထိတ်ရင်ဖို ရင် တလှပ်လှပ်နဲ့ ကြည့်ရမှာပဲဖြစ်ပါတယ် File size…1.68GB / 609.9MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Crime , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw

Animation • Fantasy • Romance
6 1994 99 mins
Timecop
Bua Pan: Beauty and the Blade
7

Bua Pan: Beauty and the Blade(2023) ********************************** အခု ၂၀၂၃ မှာ ထွက်ထားတဲ့ ထိုင်းရုပ်ရှင်ရုံတင်ကားလေးတစ်ကားကို CM fan တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားမှာတော့ အဓိကမင်းသား Kham အဖြစ် TharnType က Gulf က ပါဝင်သရုပ်ဆောင်ထားပါတယ် အဓိကမင်းသမီးအနေနဲ့ကတော့ ဝါရင့်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Anne Thongprasom က BuaPan အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်… ကျေးလက်တောရွာဓလေ့လေးတွေနဲ့ ဘူဝါဖန်ဆိုတဲ့ ပန်းပဲဆရာမတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို ကြိုက်နှစ်သက်ကြမယ်လို မျှော်လင့်ပါတယ်…. ဇာတ်လမ်းအကျဉ်း ဘူဝါဖန်က ပန်းပဲဆရာမတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက စစ်သမီးတစ်ယောက်လုပ်ချင်တဲ့ အိပ်မက်ရှိခဲ့သူပါ.. ဒါပေမဲ့ သူမဖြစ်ချင်တဲ့ အိပ်မက်ကို သူမအဖေက အသည်းအသန်ကန့်ကွက်ခဲ့ပါတယ်… ဘူဝါကတော့ သူ့ရဲ့ ကလေးဘဝက အိပ်မက်ကို အကောင်အထည်ဖော်ဖို သူ့အဖေမသိအောင်လို ဆရာတစ်ယောက်နဲ့ လျှိဝှက်ပြီးတော့ ဓားရေးစစ်ရေးတွေ သင်ယူခဲ့တယ်… သူမရဲ့ အရည်အချင်းတွေ ပြည့်ဝလာတဲ့အခါမှာတော့ ရည်မှန်းချက်က လက်တစ်ကမ်းအလိုပေါ့.. အဲဒီမှာ ဘူဝါ့ဆီမှာ တပည့်ခံချင်တဲ့ ခမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့တယ်… ခမ်ဆိုတဲ့ကောင်လေးသူမတို့ဆီရောက်လာတဲ့အချိန်ကစပြီး ကပြောင်းကပြန်တွေဖြစ်တော့တာပါပဲ.. ခွီချင် ရင်ခုန်ချင်တဲ့သူတွေ ကြည့်သင့်ပါကြောင်း………. File Size : (2.3GB)&(955MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre :Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Jane & Eric Hay Thar Encoded by Phyo Pyae

Drama • Comedy
7 2023
Bua Pan: Beauty and the Blade
[18+] Love at the End of the World
6.9

[18+] Love at the end of the world (2015) IMDb- 6.9/10 MyDramaList- 6.8/10 မိုးရာသီလေးမှာ အလောင်တစ်လိုင်းကြည့်သင့်တဲ့မိသားစုကားကောင်းလေးတစ်ကားကို ညွှန်းချင်ပါတယ် ပျော်ရွှင်မှုဆိုတာမရှိတဲ့မိသားစုလေးမှာ ဂျာယောင်းဆိုတဲ့အမျိုးသမီးက ကျောင်းမှာရာထူးမတိုးတဲ့အပြင် ခင်ပွန်းဖြစ်သူအရက်သမားရဲ့ နှိပ်စက်တာကိုကြိတ်မှိတ်ခံနေရပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သမီးဖြစ်သူ ယူဂျင်းကိုဆက်လက်ပြုစုပျိုးထောင်လာခဲ့ပါတယ်။ ဒီလိုနဲ့ သာယာနေတဲ့သားအမိနှစ်ယောက်ကြားထဲကို ဝင်လာတာကတော့ တစ်ကောင်ကြွက်ဆီဆိုင်ပိုင်ရှင်ဒုံဟာပါ။ ဒီလိုမျိုးအမေနဲ့ သမီးကြားမှာ ဒုံဟာတစ်ယောက် ဘယ်လိုမျိုး ဗျာများမလဲဆိုတာတော့ ဒီဇာတ်ကားလေးကိုဆုံးအောင်ကြည့်ရှုပေးဖို့ တိုက်တွန်းချင်ပါတယ်။ မြင်တွေ့ဖူးနေကျ မင်းသား မင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပြီး ယူဂျင်းလေးကလည်း ချစ်စရာကောင်းတာ‌တော့ အမှန်ပါပဲ။ (၁၈+ ဆိုပေမယ့် ဒီဇာတ်ကားလေးရဲ့ပေးချင်တဲ့ message တွေအများကြီးပါတဲ့အတွက် တစ်ခန်းချင်းစီကို သေချာကြည့်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ငိငိ) အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Kaung ပဲဖြစ်ပါတယ် Genre….. Romance Quality…. 1080p | 720p File size… 1.1GB | 529MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Kaung Encoder ….. Aaron

6.9 2015
[18+] Love at the End of the World
Kill ’em All
4.5

ထိုင်းမင်းသမီးနဲ့ တရုတ်ဘိုးတော်နဲ့ အဖြူကောင်လူကြမ်းတချို့နဲ့ ဒီရုပ်ရှင်ကားကတော့ နင်းကန်ချတဲ့ အက်ရှင်သိုင်းကားပါပဲ။ ချဆို ဇာတ်လမ်းကလဲ နင်ဂျာကောင်တွေ လူသတ်သမားတွေ သိုင်းသမားတွေကို ဘန်ကာတစ်ခုထဲထည့်ပြီး အချင်းချင်းပြန်ချခိုင်းတာမျိုးပါ။ မချရင် ချတဲ့ကောင်က သတ်တာကို ခံရမှာဖြစ်လို့ တယောက်ကိုတယောက်နင်းကန်ချရင်း ဘာလို့ သူတို့ချင်းကို ချခိုင်းနေတာလဲဆိုတဲ့ အဖြေကိုရှာကြရမှာပါ။ စကားတွေဘာတွေ သိပ်ပြောမနေပါဘူး တွေ့တာနဲ့ချတာပါပဲ။ Kill Them All ဆိုတဲ့အတိုင်း တွေ့သမျှ သတ်ကြတာပါပဲ။

Action • Adventure • Fantasy • Comedy • Family
4.5 2012 86 mins
Kill ’em All
War of the Arrows
7.1

War of the Arrows (2011) ************************* စစ်ပွဲတွေနဲ့ အတိုက်အခိုက်တွေ ကြည့်ရတာကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ဂျိုဆွန်းခေတ်က ထူးချွန်တဲ့လေးသမားအကြောင်းကို ရိုက်ကူးထားတဲ့ နန်းတွင်း အက်ရှင်ကားလေးဖြစ်တဲ့ War Of the Arrows ကို CM မှ တင်ဆက်ပေးထားပါတယ်နော် .. Cast တွေအနေနဲ့ကတော့ The Last Princess ထဲက မင်းသား Park Hae Il နဲ့ Flower of Evil ထဲက မင်းသမီး Moon Chae Won တို့အပြင် Queen Woo ထဲက မင်းသား Kim Mu Yeol , Moving ထဲက မင်းသားကြီး Ryu Seung Ryong စတဲ့ နာမည်ကြီး မင်းသားမင်းသမီးတွေ အများကြီးပါဝင်ထားပြီး IMDb 7.1 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်း *************** အဖေဖြစ်သူက နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ခံလိုက်ရပြီး အသတ်ခံလိုက်ရတဲ့အချိန်မှာ ထွက်ပြေးလာနိုင်ခဲ့တဲ့ နမ်ရီ (Park Hae Il) နဲ့ ဂျာအင် (Moon Chae Won) တို့ မောင်နှမနှစ်ယောက်ဟာ အဖေဖြစ်သူရဲ့ မိတ်ဆွေအိမ်မှာ ဇာတ်မြှုပ်ပြီးနေနေခဲ့ရပါတယ် .. အရွယ်ရောက်လာကြပြီး ဂျာအင်ဟာ အဲဒီအိမ်တော်ရဲ့ သခင်လေးဖြစ်သူ (Kim Mu Yeol) နဲ့ ထိမ်းမြားလက်ထပ်လိုက်တယ် .. ထိမ်းမြားလက်ထပ်ပွဲ ကျင်းပနေတဲ့နေ့မှာပဲ မန်ချူးလူမျိုးတွေ ကျူးကျော်လာပြီး တစ်ရွာလုံးကို အကျဉ်းသားအဖြစ် ခေါ်ဆောင်သွားခဲ့တယ် .. အကျဉ်သားအဖြစ် အခေါ်ဆောင်သွားခံရတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြမှာလဲ… မန်ချူးလူမျိုးတွေကိုရော ဘယ်လိုပြန်လည်တိုက်ထုတ်သွားကြမှာလဲ…ဆိုတာကို တစ်ကားလုံး အတိုက်အခိုက် action scenes အပြည့်နဲ့ မျက်လုံးမမှိတ်တမ်း စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. (အညွှန်းကို Vanessa မှ ရေးသားပေးထားပါတယ်) File size…3.66GB / 1.54GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 2 min. Genre ….. Action, Historical, Drama, War Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

7.1 2011 122 mins
War of the Arrows
And Life Goes On
7.9

And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 840MB Quality – BluRay 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 35Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1992
And Life Goes On
Sikandar Ka Muqaddar

Sikandar Ka Muqaddar (2024) “စိန်ခိုးမှု” ဘောလိဝုဒ်ပရိသတ်တို့အတွက် Netflix က အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖိုရုပ်ရှင်တစ်ကားကို ထွက်ထွက်ချင်းဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ Avinash Tiwary, Jimmy Sheirgill နဲ့ မင်းသမီးချောလေး Tamannaah Bhatia တို့က ပါဝင်ထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်လမ်းအကျဉ်းကတော့ မွမ်ဘိုင်းက နာမည်ကြီးလက်ဝတ်ရတနာပြပွဲတစ်ခုမှာ လူလေးယောက် AK-47 တွေနဲ့ ဝင်စီးမယ်လို့ သတင်းပေးတစ်ယောက်က ဖုန်းဆက်လာပြီး အာဏာပိုင်တွေက လူတွေအားလုံး ပြပွဲခန်းမအပြင်ဘက် ဘေးလွတ်ရာကိုသွားခိုင်းကာ ဓားပြလေးယောက်ကို ထိန်းသိမ်းလိုက်နိုင်ပေမဲ့ အဲဒီလူတွေမရှိတဲ့ အခိုက်အတန့်လေးမှာပဲ တန်ဖိုးကြီးစိန်တွေပျောက်သွားတာ သိလိုက်ရတဲ့အချိန် စုံစမ်းစစ်ဆေးရေးအရာရှိ ဂျက်စ်ဝင်ဒါကို တာဝန်ပေးရပါတော့တယ် မျက်နှာထားတင်းတင်းနဲ့ လုပ်ရဲကိုင်ရဲတဲ့ ဂျက်စ်ဝင်ဒါက အပြစ်ရှိတယ်လို့ မထင်ရတဲ့ သံသယတရားခံ သုံးယောက်ကို ဆွဲထုတ်လိုက်တဲ့အခါမှာတော့ ဘယ်လိုတင်းမာမှုတွေဖြစ်လာမလဲ အမှန်တရားကို သိရဖို့အတွက် ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

0 2024 143 mins
Sikandar Ka Muqaddar
Silent Island: Strange Beasts
5.6

ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့အတွက် စိတ်ဝင်စားစရာ တရုတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်… လူတွေရဲ့ လောဘကြောင့် ဇီဝစမ်းသပ်ခန်းက ဆေးရည်ယိုစိမ့်မှုတွေကြောင့် မိစ္ဆာတွေပေါ်ထွက်လာခဲ့တယ်… ဒီမိစ္ဆာတွေက အမြင်အာရုံ အားနည်းသလောက်… အကြားအာရုံအစွမ်းက သူမတူအောင် ထက်လွန်းတာကြောင့်… အသက်ရှင်ကျန်ရစ်သူ လူနည်းစုက အသံမထွက်ဘဲ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ ကာလအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတာပါ… သဘာဝအန္တရာယ်နဲ့ လူတွေဖန်တီးလို့ ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တို့ ကြုံချိန်မှာ… ဘယ်လိုတွေ အသက်လုပြေးပြီး ဘယ်လိုတွေကျော်လွှားသွားတယ်ဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်မှာမို့… CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်…

5.6 2024
Silent Island: Strange Beasts
[18+] Tokyo Nights

Tokyo Nights (2025) ကာယာနဲ့မက်စ်တို့ဟာ ညားကာစလင်မယားတွေဖြစ်ပြီး ဂျပန်ကိုဟန်းနီးမွန်းခရီးစဉ်အဖြစ်လာခဲ့ကြတာပါ။ သူတို့ရဲ့ခရီးစဉ်ဟာ ကာယာရဲ့ရည်းစားဟောင်း ကန်ဂျီဆိုသူနဲ့တွေ့ဆုံအပြီးမှာတော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ရပါတယ်။ ကန်ဂျီကအထီးကျန်သူတွေကို အဖော်ပြုပေးတဲ့ အချိန်ပိုင်းအငှားလုပ်သားအဖြစ်အလုပ်လုပ်နေတဲ့သူပါ။ စပြီးဆုံတဲ့နေ့မှာပဲ အမူးလွန်ကြရင်း ကန်ဂျီနဲ့ကာယာတို့ရဲ့သံယောဇဉ်မကုန်တဲ့ ရမ္မက်ဇာတ်လမ်းမှာ မက်စ်ကိုယ်တိုင် ပါဝင် သီရိစံခဲ့တဲ့နောက်မှာတော့ အခြေအနေတွေရှုပ်ထွေးကုန်ပါတော့တယ်။ ဇာတ်ကားအထွက်ကြဲတဲ့‌ မင်းသမီးသစ်လေး Alessandra cruz နဲ့အတူ ဂျပန်နွယ်မင်းသမီးအသစ်စက်စက်လေးဖြစ်တဲ့Arneth Watanabe ကိုပွဲဦးထွက်မိတ်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:11:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Romance • Comedy • TV Movie
0 2025
[18+] Tokyo Nights
The Promise
5.5

တစ်ကားလုံး ဟိုဇာတ်ဝင်ခန်းပြလိုက် ဒီဇာတ်ဝင်ခန်းပြလိုက်နဲ့ ရှုပ်ရှတ်ခတ်နေတာမျိုးတွေမကြိုက်ဘဲ ဇာတ်ကောင်တစ်ယောက် အကြောင်းအရာတစ်ခုတည်းကိုပဲ သီးသန့်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုမြင်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ The Promise ဆိုတဲ့ဇာတ်ကားကလည်း ဒီလိုဇာတ်ကားမျိုးပဲ ဖြစ်ပြီး ရိုးရိုးရှင်းရှင်းဆိုပေမဲ့ သည်းထိပ်ရင်ဖိုဖွယ်ကောင်းအောင် ရိုက်ကူးထားနိုင်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီတစ်ကားလုံးအဓိကတွေ့ရမဲ့ဇာတ်ကောင်ကတော့ မာယာဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သူကတော့ ဆုံးပါးသွားတဲ့ အစ်မဖြစ်သူရဲ့သား သူ့တူလေး မက်တီရက်စ်ကိုကြည့်ရှုစောင့်ရှောက်ပေးနေရသူ ဖြစ်ပါတယ်။ဒါပေမယ့် အသက်ကလည်းငယ်သေးတဲ့အပြင် အမေဖြစ်သူကိုပါ ဆုံးရှုံးခဲ့ရတဲ့ မက်တီရက်စ်က အရမ်းဆိုးသွမ်း လွန်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာတော့ သူ့ကိုမိဘမဲ့ ဂေဟာပို့ဖို့ မာယာတစ်ယောက်သွားစုံစမ်းပြီး ကားမောင်းကာ ပြန်လာခဲ့ပါတော့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာပဲ ဇာတ်လမ်းက စလာပါတော့တယ်။မက်တီရက်စ်က သူ့ဆီဖုန်းဆက်ပြီး ပိုက်ဆံတွေ လှမ်းလွှဲခိုင်းတဲ့အတွက် မာယာတစ်ယောက်မေးမြန်းကြည့်တဲ့ အခါမှာ သူ့တူက လူဆိုးဂိုဏ်းဝင်တစ်ယောက်ဆီက ဂျာကင် အကောင်းစား၀ယ်ရင်း ဇယားတွေရှုပ်နေတယ်ဆိုတာကိုသိ လိုက်ရပါတော့တယ်။နောက်ပိုင်းမှာတော့ သူ့တူပြန်ပေးဆွဲခံ လိုက်ရပြီး တူတော်မောင်ဇောနဲ့ ဖုန်းတွေလိုက်ဆက် နေရာစုံ လိုက်ရှာရင်း နောက်ဆုံးမှာ တူ၀ရီးနှစ်ယောက်ပြန်ဆုံစည်း နိုင်သွားပါ့မလားဆိုတာကို ရှုစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.23GB) / (668MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Romance • Comedy • Drama
5.5 2024 86 mins
The Promise