YoteShin Drive is below this article. Scroll down to view.
YouTube testing a feature to view 4K video to premium
Author: Anonymous Published on: 12 Aug 2022
Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin
YoteShin Drive
Sign in using google and save to your drive
Beauty And Mr. Romantic 2024 EP39 WEB-DL 720p [CM].mp4
425.38 MB N/A video/mp4 73 downloads
Save this file to your google drive account to download
Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phantoms
5.4
မြို့ငယ်လေးတစ်ခုက ရှိသမျှ‌လူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။ မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေ‌သူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ... လူသားမျိုးနွယ်ရဲ့ မျိုးတုံး‌ပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။ တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl Harbor (2001) ရဲ့ မင်းသားကြီး၊ Good Will Hunting (1997) ရဲ့ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းရေးဆရာ၊ ရွှေကမ္ဘာလုံးဆု သုံးဆုရှင်ကြီးက ဦးဆောင်ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Horror Films Queen ဖြစ်တဲ့ သရဲကားထိပ်ခေါင်တင် Rose McGowan ပါပဲ။ Scream (1996) နဲ့ Devil in the Flash (1998) တို့ရဲ့ အကြီးအကျယ်အောင်မြင်ခဲ့သူ မင်းသမီးကြီးပါ။ အခြား သရုပ်ဆောင်များအနေနဲ့ Lawrence of Arabia (1962) ရဲ့ မင်းသားကြီး Peter O'Toole ရယ်၊ Joanna Going တို့လိုသရုပ်ဆောင်များနဲ့ ဝေဝေဆာဆာရိုက်ကူးထားလို့ ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားဟောင်းလေးပါလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 840MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 36Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y
Comedy • Drama
5.4 1998 91 mins
Phantoms
Gangnam Zombie
3.4
Ji II Jooနဲ့ Park Ji-yeon တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ Gangnam Zombie လေးရပါပြီ။ Ji-yeonလေး ၇ နှစ်အကြာမှ ပထမဆုံးပြန်ရိုက်တဲ့ ကားလေးဖြစ်ပြီးတော့ Ji-yeon ပုံစံလေးအတိုင်း ခပ်ချေချေ စတိုင်လေးကို ပြန်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... ကိုရိုနာအပြီး အကုန် ပြန်အဆင်ပြေ‌ဖို့ လူတွေက မျှော်လင့်နေကြတဲ့အချိန်‌ ဆိုးလ်မြို့ရဲ့ ဂန်းနမ်ခရိုင်မှာ မြို့သူမြို့သားတွေက ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာ‌တွေကို စတင်ခံစားလာရတယ်။ အဲဒီကနေ လူတွေက မကောင်းဆိုးဝါး ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပြီး ဘယ်လိုတွေ ကြုံတွေ့ရင်ဆိုင်ကြရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်‌ကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri  က ရေးပေးထားပါတယ်။) File Size          : 1.5GB, 596MB, 493MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 21mins Genre              : Horror Translated by Miri & Tiff Encoded by Kinnov
Crime • Drama • Thriller
3.4 2023 81 mins
Gangnam Zombie
Just Mercy
7.9
ဖစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားသစ်လေးပါ။ နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ Michael B. Jordan နဲ့ Jamie Foxx တို့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟားဗတ်ကနေ Law နဲ့ ဘွဲ့ရလာတဲ့ Bryan Stevenson က South Center မှာ လူ့အခွင့်အရေးလှုပ်ရှားသူ ကျောင်းသားတစ်ယောက်အနေနဲ့ အလုပ်သင်ဝင်လုပ်ပြီးနောက်မှာ သူ့ရဲ့ခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။ နောက်တော့ သူက Alabama မှာ အကျဉ်းသားတွေရဲ့ အခွင့်အရေးအတွက် တိုက်ခိုက်ပေးဖို့ Equal Justice Initiative (EJI) ကို တည်ထောင်ခဲ့တယ်။ ဒေသခံ Eva Ansley ရဲ့အကူအညီနဲ့ သေဒဏ်ကျခံနေရတဲ့အကျဉ်းသားတွေရဲ့ အမှုကို စတင်ပြီး ကိုင်တွယ်တော့တယ်။ အဲဒီမှာ လူသတ်မှုကြီးတစ်ခုအတွက် မှားယွင်းစွာစွပ်စွဲခံထားရတဲ့ Johnny D နဲ့ စပြီး ဆုံကြတော့တယ်။ ဒီဇာတ်ကားလေးထဲမှာ စနစ်အတွင်း အကျင့်ပျက်ချစားမှု၊ အပြစ်မဲ့တဲ့အကျဉ်းသားတွေအတွက် Stevenson တစ်ယောက် ဘယ်လိုကြိုးပမ်းမလဲဆိုတာတွေ ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ File Size : ( 1 GB , 401 MB) Quality : WEB-DL 720p Running Time : 2 hr 17 min Format : Mp4 Genre : Biography , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encoded by Moe Myint Lwin
7.9 2019 137 mins
Just Mercy
Furious 7
7.2
Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ Justin Lin က နေ လူစိတ်ဝင်စားလာအောင် ပုံစံပြောင်း ရိုက်ကူးခဲ့ပြီး Fast Five က ဒီစီးရီးရဲ့ အကောင်းဆုံး ဇာတ်ကား အဖြစ် ပရိတ်သတ်တွေ လက်ခံထားကြပါတယ်။ ဒီ Fast & Furious ကားတွေ က Birdman တို့ American Sniper တို့လို ဇာတ်လမ်းပိုင်း ကောင်းမကောင်း ဝေဖန်ဖို့ မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီကားက ဇာတ်လမ်းကောင်းလို့ပြောဖို့ထက်၊ Action ကားကောင်းလို့ပဲ ပြောလို့ရပါ တယ်။ အခု Furious 7 ကလည်း အက်ရှင်တွေ၊ ပြိုင်ကားတွေ၊ သေနတ်၊ ဗုံး စတာတွေ အများအပြားပါသလို၊ ကြည့်လို့လည်း ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် Visual Effect နဲ့ Action ကိုပဲ အားကိုးထားတာတော့မဟုတ်ပါဘူး။ သူ့မှာ စိတ်ဝင်စားစရာ ဇာတ်ကွက်၊ လူရှိန်လောက်တဲ့ ဗီလိန် တွေပါသလို ဗီလိန်တွေရဲ့ ဇာတ်ကောင်ကလည်း အဓိပ္ပာယ်ရှိပါတယ်။ Transformer ကားတွေလို လုံးဝယုတ္တိမရှိတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းမပြောခင် Fast & Furious ဇာတ်ကားတွေရဲ့ အစီစဉ်က The Fast & the Furious, 2 Fast 2 Furious, Fast & Furious (2009) နံပါတ်လေးကားမြောက်ပါ ပြီးတော့မှ Fast Five, Fast & Furious 6, Tokyo Drift (2003), နဲ့ အခု Furious 7 တို့ဖြစ်ပါတယ်။ နံပါတ်ခြောက်မှာ သူတို့ နှိမ်နင်းပေးခဲ့တဲ့ Owen Shaw ရဲ့ အကို Deckard Shaw (Jason Statham) က သူ့ညီအတွက် လက်စားချေဖို့ သူတို့အဖွဲကို တစ်ယောက်ပြီးတစ်ယောက် လိုက် နှိမ်နင်းပါတယ်။ ပထမဆုံးအနေနဲ့ Han ကို Tokyo မှာ သတ်လိုက်ပြီးနောက် Dom ရဲ့ အိမ်ကို ဗုံးခွဲခဲ့ပါတယ်။ ဒါကြောင့် Dom က Deckard Shaw ကို လက်တုန့်ပြန်ရမှာဖြစ်သလို သူတို့ ကို လိုက်သတ်နေတာကိုလည်း ကာကွယ်ရမှာဖြစ်ပါတယ်။ Deckard Shaw က British Special Forces က Black Ops Assassin တစ်ဦးဖြစ်ပါတယ်။ သူ့ကို အစိုးရကလည်း လိုချင်နေပြီး အခုထိရှာလို့မတွေ့သေးပါဘူး။ ဒီနေရာမှာ U.S အစိုးရဘက်က လူတစ်ယောက် (Kurt Russell)က Dom ကို အလုပ်တစ်ခု ခိုင်းလာပါတယ်။ British Hacker တစ်ယောက်က တစ်ကမ္ဘာလုံးမှာ ရှိသမျှ ကင်မရာ ဆဲလ်ဖုန်းတွေ ကို ဟက်လုပ်နိုင်တဲ့ Chipset လေးတစ်ခု ထွင်ထားပြီး အဲ့ဒီ ဟက်ကာကို လူဆိုးလက်က ပြန်ကယ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကယ်နိုင်ရင် Shaw ကို ဒီ Chipset ရဲ့ အကူအညီနဲ့ ရှာပေးမှာဖြစ်တယ်လို့ ကတိပေးပါတယ်။ ဇာတ်လမ်းက တော့ ထုံးစံအတိုင်း ကားတွေ၊ ထွေလာထဲမှာပါသလို စတန့်တွေနဲ့ ပဲ ပြီးသွားတာဖြစ်ပါတယ်။ Action Scene တွေက ကောင်းပေမယ့် ဇာတ်လမ်းက တော့ Fast Five လောက်မကောင်းလှပါဘူး။ တစ်ခု ထူးထူးခြားခြားကောင်းတာက၊ ဇာတ်လမ်းအစကတည်းက Brian (Paul Walker) က မိသားစုဘ၀ ကို ပျင်းရိနေတဲ့ ပုံစံပြထားသလို၊ ဇာတ်လမ်းတစ်လျှောက်မှာလည်း မိန်းမနဲ့ ခွဲသွားရတော့ မယ်ဆိုတဲ့ အရိပ်အယောင်လေးတွေပြထားပါတယ်။ ဒီနေရာမှာ ဒါရိုက်တာ James Wan နဲ့ Justin Lin ကွဲသွားတာ သိသာပါတယ်။ Justin Lin က အက်ရှင်ကို ဦးစားပေး ပြီး အက်ရှင်ကားကောင်းတွေ နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်း မျိုးရွေးချယ်ပေမယ့်၊ James Wan ကတော့ ဒီကားမတိုင်ခင်အထိမှာ Horror ကားတွေပဲ ရိုက်ကူးထားပါတယ်။ Saw, Conjuring, Insidious စတဲ့ ဇာတ်ကားကောင်းတွေ ရိုက်ကူးထားဖူးလို့ ဇာတ်ကားမှာ ဗီလိန်ကောင်းကောင်း ကို ဇာတ်လမ်းနဲ့ကိုက်အောင် အသုံးချတတ်ပါတယ်။ ဒီကားမှာပါတဲ့ Vin Diesel နဲ့ The Rock တို့ လို ဇာတ်ကောင်မျိုးတွေ အတွက် လောက်လောက်လားလား ဗီလိန် ဆိုတာရှားပါးလှပါတယ်။ သူတို့နှစ်ယောက်ကို ယှဉ်ပြီး ချနိုင်ဖို့ ဒုက္ခပေးနိုင်ဖို့ အတွက် အဓိက ဗီလိန် Jason Statham ကို ရွေးထားတာ မှန်ကန်ပြီး ဇာတ်လမ်းအရလည်း အံဝင်ပါတယ်။ Jason ကလည်း ဒီလို ဇာတ်ရုပ်မျိုးတွေပဲ သရုပ်ဆောင် လေ့ရှိတာဖြစ်ပြီး၊ သူရဲ့ Martial Art Skill ကို သူနဲ့တွဲရိုက်သမျှထဲမှာ ယှဉ်နိုင်တာ Jet Li တစ်ယောက်ပဲရှိပါတယ်။ ဒီကားမှာဆိုလည်း သူက Vin Diesel တို့ The Rock တို့ ကိုအသာလေး အနိုင်ယူနိုင်ပေမယ့်၊ ဇာတ်လမ်းအရ သူက တော်တော်နှေးပေးထားရပါတယ်။ နောက်ထပ်တစ်ဦးဖြစ်တဲ့ Ong Bak မင်းသား Tony Jaa ကတော့ ဇာတ်လမ်းမှာသိပ်မပါရပေမယ့် ပါရတဲ့အခန်းမှာတော့ သရုပ်ဆောင်မဆိုးဘူးလို့ဆိုရပါမယ်။ ဇာတ်လမ်းက သာမန်ပဲဖြစ်ပေမယ့် ဇာတ်လမ်း တစ်ခုလုံးမှာ နောက်ဆုံး Scene လေးက ပရိတ်သတ်ရင်ကို ထိမှန်စေတဲ့ အခန်းလေး တစ်ခန်းပါပြီး၊ ဒီတစ်ခန်းထဲနဲ့တင် ဇာတ်ကားရဲ့ ဟာကွက်တွေကို ခွင့်လွှတ်ပေးလို့ရပါတယ်။ ဒီဇာတ်ဝင်ခန်းအကြောင်း ပြောရင်တော့ Spoiler လို့ပြောလို့ရပေမယ့်၊ ရုပ်ရှင် မထွက်ခင်ကတည်းက ဒါရိုက်တာ James Wan က Paul Walker ရဲ့ ဇာတ်ကောင်ကို ဇာတ်လမ်းထဲမှာ သေခိုင်းမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ Studio က ဇာတ်လမ်းထဲမှာပါ ဇာတ်ကောင်ကို သေခိုင်းဖို့ လုပ်ထားပေမယ့်၊ James Wan ရဲ့ ဇာတ်သိမ်းလေးက ပိုကောင်းပါတယ်။ ဟုတ်ပါတယ် Brian O'Conner (Paul Walker) က နောက်ဆုံးမှာ မိသားစုနဲ့အတူ ကမ်းစပ်မှာ ရေကစားနေပြီး၊ သူတို့နှစ်ယောက်ကို Dom (Vin Diesel), Letty (Michelle Rodriguez), Roman (Tyrese Gibson), Tej (Ludacris) နဲ့ Ramsy တို့က နောက်ကနေ ကြည့်နေကြပြီး၊ ဒါနောက်ဆုံးပဲဆိုတဲ့ ခံစားချက်တွေ သူတို့မျက်နှာ်မှာပေါ်လွင်ပါတယ်။ အပြင်မှာ တကယ်သေသွားပြီဖြစ်တဲ့ Paul က နောက်ထပ်ဇာတ်ကားတွေမှာ ပါဝင်နိုင်တော့မှာမဟုတ်သလို၊ ဒီ ဇာတ်ဝင်ခန်းလေးက သူတို့ နောက်ဆုံး နုတ်ဆက်တဲ့ဇာတ်ဝင် ခန်းလေးဖြစ်တာနဲ့အညီ Vin Diesel နဲ့ Tyrese Gibson တို့ရဲ့ မျက်နှာ်မှာ ဝမ်းနည်းနေတာ၊ အရမ်းသိတာသလို၊ တကယ့် ဝမ်းနည်းဖို့လည်းကောင်းပါတယ်။ ကျွန်တော်ပြောတာနဲ့တင်မလုံလောက်ပဲ ဇာတ်ကားကို ရုံမှာသွားကြည့်သင့်ပါတယ်။ No Sex, No Nudity ဆိုပေမယ့် ထုံးစံအတိုင်း ဘီကီနီ နဲ့မိန်းကလေးတွေ တော့ ပါပါတယ်။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ ဒီကားထဲမှာ နောက်ဆုံး ဇာတ်ဝင်ခန်းက အကောင်းဆုံး လို့ပြောလို့ရသလို၊ ပထမဆုံး Jason Statham နဲ့ The Rock ရဲ့ Fight Scene ကလည်း တစ်ကားလုံးမှာ အကောင်းဆုံး Fight Scene လို့ပြောလို့ရပါတယ်။ အဲ့ဒီအခန်းမှာ The Rock က Jason ကို Smack Down သုံးပြီး ချတာ လည်းပါပြီး၊ ရုံမှာကြည့်ရတာပိုမိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Movies For Myanmar ရုပ်ရှင်မိတ်ဆက် Facebook Page မှ ကူးယူတင်ပြပါသည်) File Size : (2.6 GB) / (1.4 GB) Quality : BluRay 1080p / 720p 5.1CH Running Time : 2hr 17min Format : MKV Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Thar Htet Encoded by Thanhtike Zaw
Crime • Drama
7.2 2015 137 mins
Furious 7
The Stalking Fields
The Stalking Fields(2023) ====================== စစ်ပြန်တွေ စစ်မြေပြင်ကနေ ရလာခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ နာကျည်းစရာအတိတ်တွေ PTSD တွေကို ကုသပေးဖို့အတွက် ကုထုံးအမျိုးမျိုးရှိတဲ့ အထဲမှ Stalking Fields ဆိုတဲ့ အမဲလိုက် ပရိုဂရမ်တစ်ခု ပေါ်လာပါတယ် အမဲလိုက်ရမှာကတော့ တိရစ္ဆာန်တွေမဟုတ်ဘဲ…ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေ ကျူးလွန်ထားတဲ့ လူတွေ …အနာဂတ်ပျောက်ဆုံးနေတဲ့လူတွေကို ပြန်ပေးဆွဲပြီး အမဲလိုက်ကွင်းကြီးထဲကို လွှတ်ပေးကာ…စစ်ပြန်တွေကို အမဲလိုက်ခိုင်းတာဖြစ်ပါတယ် နောက်ဆုံးကျန်ရစ်သူကို ဆုငွေဒေါ်လာ ၅ သိန်းနဲ့ ဘဝအသစ်စဖို့ အခွင့်အရေးပေးမယ်ဆိုပြီး ကမ်းလှမ်းပါတယ် အဲ့ဒီထဲမှာမှ အာဖဂန်စစ်မြေပြင်မှာ လူ ၂၀၀ ကျော်သတ်ခဲ့တဲ့ စစ်ပြန်ပြီး ဝုဒ်မန်းဆိုသူ အပါအဝင်ဖြစ်ပါတယ်… ဝုဒ်မန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ အမဲလိုက်ခဲ့ရင်း …အချင်းချင်းပြန်သစ္စာဖောက်မှုတွေနဲ့ ရာဇဝတ်သားကောင်တွေကို ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာကို အလှည့်အပြောင်းများစွာနဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်) Genre….. Action Quality…. 1080p | 720p | 480p File size… 1.55GB | 742MB | 360MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron
0 2022 90 mins
The Stalking Fields
Mr. Car and the Knights Templar
4.5
Mr. Car and the Knights Templar (2023) ============================= ပေါ့ပေါ့ပါးပါး ကြည့်စရာရှာနေသူတွေအတွက် ပိုလန်ရုပ်ရှင်သစ် တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပိုလန်စာရေးဆရာကြီး Zbigniew Nienacki ရဲ့နာမည်တူ၀တ္ထုကို အခြေခံရိုက်ကူးထားတာပါ။ အလွယ်ပြောရရင်တော့ ဇာတ်လိုက်နဲ့ကလေးတစ်သိုက်က ရတနာ သိုက်လိုက်ရှာတဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ ထူးခြားတာကတော့ ခရူးဆိတ်စစ်ပွဲနဲ့ သမိုင်းကြောင်းထဲက သူရဲကောင်းတွေနဲ့ ဆက်စပ် တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေပါနေတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအရတော့ လူသိများတဲ့ ပိုလန်လူမျိုး အနုပညာသမိုင်း ပညာရှင် တောမတ်ရှ်ဟာ တမ်ပလာလက်ဝါးကပ်တိုင်တစ်ခုကို ရှာ တွေ့ထားပါတယ်။ အဲဒီကပေးတဲ့ သဲလွန်စနဲ့ ရှေးခေတ်က ရတနာ သိုက်တစ်ခုကိုရှာဖွေဖို့ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ လူအတော် စိတ်၀င်စားတဲ့ ရတနာသိုက်ဖြစ်တာကြောင့် ဟိုးလေးတကျော်နာမည် ကြီးသွားပါတယ်။ အဲဒီအခါမှာ ရတနာသိုက်မုဆိုးတွေစုလာပြီး အချင်း ချင်းပြိုင်ဆိုင်တိုက်ခိုက်မှုတွေ ရှိလာပါတယ်။ တောမတ်ရှ်ကတော့ သူနဲ့သိပ်မတည့်လှတဲ့ သတင်းထောက်မတစ်ယောက်၊ သူအထင်မကြီးလှတဲ့ ဆယ်ကျော်သက်ကလေး ၃ ယောက်နဲ့ မထင်မှတ် ဘဲ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ တောမတ်ရှ်တို့အဖွဲ့ အလွဲ တွေကြားမှာ ရတနာသိုက်ဘယ်လိုရှာကြမလဲ၊ ဘာတွေရင်ဆိုင်ရမလဲ၊ ဘယ်သူမှ ဘာမှန်းမသိတဲ့ ရတနာသိုက်ဆိုတာက နောက်ဆုံးမှာ ဘာဖြစ် နေမလဲဆိုတာကို ကြည့်ကြရမှာပါ။ ဒရမ်မာနဲ့ စွန့်စားခန်းတွေ ခပ်ပါးပါး ရော‌ထားပြီး သူ့အတိုင်းအတာနဲ့သူကြည့်ကောင်းတာမို့ အပျင်းပြေစိတ်ပြေ လက်ပျောက်ဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.62 GB) / (766 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Family Translator…….C’mon Encoder……….SWM
4.5 2023 110 mins
Mr. Car and the Knights Templar
The Baader Meinhof Complex
7.3
၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။ အရှေ့ဂျာမနီကတော့ ဆိုဗီယက်ဝါဒ လက်အောက်မှာဖြစ်ပြီး အနောက်ဂျာမနီကတော့ အမေရိကန်ရဲ့ နယ်ချဲ့ဝါဒ လက်အောက်မှာ ကျရောက်နေပါတယ်။ ယခု ရုပ်ရှင်မှာ ပါတဲ့ အဖြစ်ပျက်က အနောက်ဂျာမနီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေဖြစ်ပါတယ်။ အမေရိကန်တွေ ကြီးစိုးတဲ့ အနောက်ဂျာမနီက ဒီမိုကရေစီကို ကျင့်သုံးပေမယ့် ဟစ်တလာရဲ့ ဖက်ဆစ်စနစ်ယန္တရားရဲ့ လက်ကျန်လေးကတော့ အနောက်ဂျာမနီ-အနောက်ဘာလင်အစိုးရဆီမှာ ကျန်ရှိနေပါသေးတယ်။ အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဂျာမနီ ကျောင်းသားတွေ ဆန္ဒပြရာကနေ အရေးခင်းတွေ စတင်ဖြစ်ပွားတော့ပါတယ်။ ဂျာမနီအစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အစိုးရရဲ့ ဖိနှိပ်မှုတွေကို မျက်နှာလွှဲပေးထားတဲ့ အမေရိကန်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာ သတင်းစာတိုက်တွေရဲ့ မုသားတွေ အမျိုးမျိုးကို ရတဲ့ဘက်ကနေ လူပေါင်းစုံ အထူးသဖြင့် ကျောင်းသားတွေက တော်လှန်နေကြပါတယ်။ အဲဒီလို တော်လှန်နေတဲ့ လူတွေထဲမှာမှ ဂျာနယ်လစ်ဖြစ်တဲ့ အိုရီခါ မိုင်းဟဖ့်နဲ့ တော်လှန်ရေးကျောင်းသား Baaderတို့ ပူပေါင်းမိကြတဲ့အခါမှာတော့ …. Baader-Meinhof အဖွဲ့က အစိုးရကို ဘယ်လိုတိုက်ထုတ်သွားမလဲ၊ အစိုးရရဲ့ ဖက်ဆစ်ယန္တရားကို ရပ်တန့်သွားအောင် ဘယ်လိုကြိုးစားကြမလဲ … အမေရိကန်ရဲ့ နယ်ချဲ့ဝါဒနဲ့ အနောက်ဂျာမန်အစိုးရရဲ့ ဖက်ဆစ်စနစ်ကို ရဲရဲရင့်ရင့် တိုက်ခိုက်ကြပုံတွေ၊ သူတို့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ၊ ခိုင်မာတဲ့ ပေါ်လစီတွေ၊ တရားမျှတမှုကို လိုချင်ကြပုံတွေကို ယခု ရုပ်ရှင်ထဲမှာ အားပါတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Action, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win
7.3 2008
The Baader Meinhof Complex
Justice League: Doom
7.4
IMDB 7.4 နဲ့ Rotten Tomatoes 87% ရရှိထားတဲ့ ဇာတ်ကားတစ်ကားပါ။ Justice League ရဲ့ လူဆိုးငါးယောက်ဖြစ်ကြတဲ့ ဘိန်း (Bane)၊ စတားဆက်ဖိုင်းယား (Star Sapphire)၊ ချီတာ (Cheetah)၊ မတ်တယ်လို (Metallo) နဲ့ မယ်လာဖတ်အက်ခ် (Ma’alefa’ak) တို့ဟာ ဗန်ဒယ်လ်ဆဲဗေ့ဂျ် (Vandal Savage) ဆိုတဲ့ လူတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် ခေါ်တဲ့နေရာကို ရောက်လာကြတယ်။ သူက Justice League ကိုသတ်ဖို့ စရိတ်၊ တစ်ယောက်သတ်နိုင်ရင် ဒေါ်လာသန်းတစ်ရာအပြင် Justice League အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ ကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာ ပျော့ကွက်တွေကို အသုံးချပြီး အကွက်ကျကျသတ်ဖို့ နည်းလမ်းတွေကိုပါ ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ ဒါတွေက သူ့ရဲ့ပိုကြီးမားတဲ့ အကြံအစည်ကြီးတစ်ခုရဲ့ ပထမဆုံးအဆင့်ပဲရှိပါသေးတယ်။ အဲဒီအကြံအစည်က ဘာလဲ၊ ဗန်ဒယ်လ်ဆဲဗေ့ဂျ်ဆိုတာ ဘယ်သူလဲ၊ Justice League က သူ့ရဲ့နည်းလမ်းတွေကို အသုံးချပြီး သတ်တာကို ရှောင်လွှဲနိုင်မှာလား၊ သူ့ရဲ့အကြံအစည်ကိုရော တားနိုင်မှာလား ဆိုတာတွေကတော့… File size… 1 GB / 501 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
7.4 2012 77 mins
Justice League: Doom
Imagine Me & You
6.7
Imagine Me & You (2005) IMDb – 6.7/10 Genre – Comdey, Drama, Romance GOT စီးရီးမှာ ဆာဆီ လန်နစ္စတာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey၊ Watchmen နဲ့ The Imitation Game မင်းသား Matthew Goode နဲ့ မင်းသမီး Piper Perabo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီးချစ်မိသွားခဲ့ပါတယ်။ လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင် ၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို လိုက်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 2.3 GB / 957 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by TMMT
Drama • Thriller
6.7 2005
Imagine Me & You
Peninsula – Train to Busan 2
6
6 2020
Wag the Dog
7.1
ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Special Jury Prize ဆုကို ရရှိထားတဲ့ နာမည်ကျော် ဒါရိုက်တာ ဘယ်ရီလီဗစ်ဆန် ရိုက်ကူးထားတဲ့ နိုင်ငံရေးဟာသရုပ်ရှင် Wag the dog… ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်အလိုမှာ ထွက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတရဲ့ လိင်အကြမ်းဖက်မှု သတင်းတစ်ခု ဒီသတင်းကို တားဆီးဖို့ သမ္မတရဲ့ လက်ထောက် ဝင်နီဖရတ်အေမီနဲ့ နိုင်ငံရေးကျွမ်းကျင်သူ ကောနတ်ဘာရန်တို့ ပူးပေါင်းပြီး စစ်ပွဲအတုတစ်ခု ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ရာကနေ ဟောလိဝုဒ်ပရိုဂျူဆာ စတန်လေမို့စ်နဲ့ တွေ့ဆုံပြီး အယ်ဘေးနီးယားမှာ စစ်ပွဲတစ်ခုဖန်တီးခဲ့ရာ ဘယ်လိုအလွဲတွေဖြစ်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် စိတ်ဝင်စားစရာဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:57:00 Genre… Dark Comedy, Satire, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Mon
Action • Thriller • Horror
7.1 1997
Wag the Dog
Blue Caprice
6.5
Blue Caprice (2013) ******************* ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် မှုခင်းတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crime Drama ဇာတ်ကားကောင်လေးတစ်ကား ဖြစ်ပါတယ်… မိခင်ရဲ့ စွန့်ပစ်ခြင်းကို ခံထားရတဲ့ လူမည်းကောင်လေးတစ်ယောက် လမ်းပျောက်ပြီး ဘဝကို ရေစုန်မျှောဖို့ လုပ်နေချိန်မှာ အိမ်အနီးက လူတစ်ယောက်က ကယ်တင်ပြီး သားအရင်းလို မွေးစားထားခဲ့ပါတယ်… အဲဒီလူမှာလည်း လူမှုရေးပြဿနာတွေနဲ့ လုံးပမ်းနေရပြီး လောကဓံရဲ့ ရိုက်ချက်တွေကို အလူးအလိမ့်ခံနေရပါတယ်…လောကကြီးကို စိတ်နာသွားတဲ့မွေးစားမိဘနဲ့ သူ့ရဲ့မွေးစားသားတို့နှစ်ယောက် ဘယ်လိုတွေ ရည်မှန်းချက်ထားပြီး ဒီလောကကို အဖြေရှာမလဲဆိုတာ ရိုက်ပြထားတဲ့ ကားကောင်လေးတစ်ကားဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်… ဇာတ်လမ်းအညွှန်းကို Lin Aung မှ ရေးသားပေးထားပါတယ်… File Size : 1.58GB / 615MB Quality : WEB-DL 1080p 5.1ch / 720p Duration: 1 hr. 35 min. Genres: Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lin Aung Encoded by Heather Oo
6.5 2013 93 mins
Blue Caprice
God of Driving
5.8
ဘဝအမောတွေ ပြေပျောက်သွားအောင် အားလုံးအတွက် တရုတ်ဟာသရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပြိုင်ကားပြိုင်ပွဲဝင် ကောင်းလျန့်ဟာ ပြိုင်ကားအဖွဲ့က ထုတ်ပယ်ခံခဲ့ရပြီးနောက် စိတ်ဓာတ်ကျပြီး ရှန်ယာရွာကို ပြန်လာခဲ့ပါတယ်။ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက် လုပ်နေတဲ့ ကောင်းလျန့်တစ်ယောက် မထင်ထားဘဲ ရှန့်ယာရွာကားနတ်ပြိုင်ပွဲမှ ာ ချန်ပီယံဖြစ်သွားခဲ့ပြီး အရင်ကားနတ်ဖြစ်သူ လီဟုန်ကွမ်းကို ဆရာတင်ခဲ့ပါတယ်။ မတည့်အတူနေ မမြင်ချောင်းကြည့် ဆရာတပည့်နှစ်ယောက်က ရယ်မောစရာအဖြစ်တွေ အများအပြားဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ရွာလမ်းကို ပြင်ဖို့အတွက် ကျွမ်းကျင်ပြိုင်ကားချန်ပီယံနဲ့ ပြိုင်ရမဲ့အချိန်မှာ…… ကောင်းလျန့်တစ်ယောက် အောင်မြင်နိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။.
Drama • Family
5.8 2025
God of Driving
The Horse Whisperer
IMDb 6.7/10 Horse Whisperer ဆိုတဲ့အတိုင်း လူနဲ့တိရိစ္ဆာန်တွေကြားက ချစ်ခြင်းမေတ္တာ၊ မိသားစုကြားက နွေးထွေးမှု၊ မွန်တာနာကျေးလက်ဒေသက သဘာဝအလှတရားတွေ စတာတွေအကုန်လုံးကို စုံလင်စွာကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်…………. စိတ်ဒဏ်ရာတွေကို ကုစားဖို့က မေတ္တာတရားနဲ့ အချိန်ကာလတစ်ခုပဲ လိုအပ်တယ်ဆိုတာကို ပြသပေးသွားမယ့် ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်…………. ဆယ်ကျော်သက်အရွယ် ဂရေ့စ်နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဂျူဒီတို့က မြင်းစီးထွက်လာခဲ့ကြရင်း မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရာကနေ သူ့အချစ်ဆုံးသူငယ်ချင်း ဂျူဒီဟာ သေဆုံးသွားခဲ့ရတယ်။ ဂရေ့စ်ရော ဂရေ့စ်ရဲ့ မြင်း Pilgrimရော ဆိုးရွားတဲ့ဒဏ်ရာတွေရရှိခဲ့ကြပြီး ဂရေ့စ်အတွက် စိတ်ရောကိုယ်ပါ ထိခိုက်မှုတွေ ဖြစ်သွားစေခဲ့တယ်။ Pilgrim ကလည်း ဒီမတော်တဆမှုကြောင့် စိတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့် ဂရေ့စ်ရဲ့ အမေ အန်နီက သူ့သမီးရဲ့မြင်းကို ကုစားပေးဖို့ မွန်တာနာကျေးလက်ဒေသရှိ Tom Booker ဆီကို ခေါ်သွားခဲ့ပါတယ်။ Tom Booker က မြင်းတွေရဲ့ စိတ်ကို နားလည်နိုင်စွမ်းရှိသူဖြစ်ပြီးတော့ Grace နဲ့ Pilgrim တို့ကို စိတ်ရှည်ရှည်နဲ့ ပြန်လည်ကုစားပေးဖို့ ကူညီပေးခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ Annie နဲ့ Tom တို့ကြား ရင်းနှီးမှုတွေ တိုးလာခဲ့ပြီး ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေ ဖြစ်လာခဲ့တယ်။ ဒီစိတ်ခံစားချက်ကြောင့် Annie ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝကို စိန်ခေါ်မှုတွေဖြစ်လာခဲ့တဲ့အခါမှာ… Annie က ဘယ်သူ့ကို ရွေးချယ်မှာလဲ???? သမီးလေးရဲ့အဖေ Robert လား ဒါမှမဟုတ် သူချစ်မိသွားခဲ့တဲ့သူ Tom လားဆိုတာကိုတော့ The Horse Whisperer ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး…………………. File size…(2,2 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Adventure, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon
Science Fiction • Thriller
0 1998
The Horse Whisperer