YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Beauty And Mr. Romantic 2024 EP29 WEB-DL 720p [CM].mp4

482.86 MB N/A video/mp4 88 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bullet to the Head
5.6

ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီးဖြစ်တဲ့ Sylvester Stallone(ရမ်ဘို) နဲ့ Fast&Furious က ကိုရီးယားမင်းသား Han Lue တို့ အတူတူအတွဲအဖက်ညီညီ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ..ဒါရိုက်တာကလည်း တခေတ်တခါက အောင်မြင်ခဲ့တဲ့ 48hrs/The Warriors တို့ကိုရိုက်ခဲ့တဲ့ Action/Thriller ဂုရုကြီး Walter Hill ရိုက်ကူးထားတာဖြစ်လို့ ဒီကားမှာလဲ Action ခန်းအမိုက်စားတွေကိုကြည့်ရဦးမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရမ်ဘိုက ကြေးစားလူသတ်သမားဖြစ်ပြီး Han Lue ကတော့စုံထောက်ဖြစ်ပါတယ်.တနေ့တော့ ရမ်ဘိုတို့သတ်လိုက်တဲ့ လူဟာ Han Lue ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့ပြီး ဒီလိုနဲ့ စုံထောက်နဲ့ကြေးစားဆုံဖို့ရာအကြောင်းအရာဖန်လာပါတော့တယ်..ဒီနောက်မှာတော့ ရမ်ဘိုတို့ကိုအသတ်ခိုင်းလိုက်တဲ့လူရဲ့နောက်ကအရှုပ်ထုတ်တွေက ကပ်ပါလာပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး File size…(1.6 GB)/(760 GB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr .Bee

Action • Horror
5.6 2013 92 mins
Bullet to the Head
Blasting

ဒီတစ်ခါ ကြမ်းမှရမ်းမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ကားလေးကတော့ Blastingဆိုတဲ့ မှုခင်းကားလေးတစ်ကားပါ ရှောင်ကွေ့တိုညီအစ်ကိုနှစ်ယောက်ဟာ ဒုစရိုက်သမားသောင်းယွီချင်ရဲ့ ဖိအားပေးခံရမှုကြောင့် ပေါင်ဖူရတနာဆိုင်ကို လုယက်ဖိုပါသွားခဲ့ကြပါတယ် အစ်ကိုဖြစ်သူဟာ လောင်သောင်းရဲ့လှည့်စားမှုခံရပြီး ရတနာဆိုင်ထဲမှာတင် ပေါက်ကွဲပြီးသေဆုံးသွားသောအခါ တာဝန်ထမ်း ဆောင်နေစဥ်အတွင်း ရတနာဆိုင်ပေါက်ကွဲမှုအတွက် ဓားစာခံသွားကယ်ခဲ့သော ရဲသားရွှ ရဲသားတစ်ယောက်ပေမဲ့ တစ်ဖက်ရန်သူက လက်နက်ချပြီး သူ့ကိုကယ်ဖိုအကြိမ်ကြိမ်တောင်းဆိုသောကြောင့် ဗုံးကိုဖြုတ်ပြီးကယ်ဖို အစွမ်းကုန်ကြိုးစားပေးပေးခဲ့ပါတယ် ဒါပေမဲ့ သူကဗုံးဖြုတ်မကျွမ်းကျင်ဒါကြောင့် မကယ်တင်လိုက်နိုင်ပဲ ရှောင်ကွေ့အစ်ကိုကသေဆုံးသွားခဲ့ရပါတော့တယ် မသေဆုံးခင်မှာ ရှောင်ကွေ့ကိုကယ်တင်ပေးဖို သူ့အစ်ကိုက နောက်ဆုံးအနေနဲ့ ဟစ်အော်မှာကြားခဲ့သောအခါ နောက်ခုနှစ်အကြာမှာတော့ အဲ့ကိစ္စကိုမမေ့နိုင်လို့ ကြိုးစားခဲ့တဲ့ ကပ္ပတိန်ရွှ ပိုက်ဆံဝေစုမပေးဘဲ လိမ်လည်ပုန်းရှောင်နေသော ဒုစရိုက်သမားသောင်းယွီချင် သွေးကြွေးအတွက် လိုက်ရှာနေသော ရှောင်ကွေ့ ကဲဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းလေးပဲ ကြည့်လိုက်ရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Comedy
0 2022
Blasting
Emily
7.1

~ IMDb - 6.9/10, Rotten Tomatoes - 86% ~ "လေထန်ကုန်း" ဆိုတဲ့ စကားလုံးက မြန်မာစာဖတ်ပရိသတ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ စကားလုံးပေါ့။ အဲဒီ လေထန်ကုန်းဆိုတဲ့ စကားလုံးကိုမြင်ရင် ခင်ဗျား ဘာကိုအရင်ပြေးမြင်မလဲတော့မသိဘူး။ အမ်မလီဘရွန်တီရဲ့ ဂန္ထဝင်၀တ္တု Wuthering Heights ကိုလား၊ ဒါမှမဟုတ် လေထန်ကုန်းလို့ခေါ်တဲ့ မြန်မာစာရေးဆရာတွေ ကြုံကြဆုံကြတဲ့ လက်ဖက်ရည်ဆိုင်ကလေးကိုလား။ ဒုတိယဟာက ဒီမှာ ပို Iconic ဖြစ်ပေမဲ့ ဒုတိယဟာကိုသိတဲ့ ဒီကလူတွေဟာ ပထမဟာကိုလည်း ကောင်းကောင်းသိကြမှာပါပဲ။ ၁၈၄၇မှာ ပုံနှိပ်ခဲ့တဲ့ အမ်မလီဘရွန်တီရဲ့ Wuthering Heights ကို ကျော်လှိုင်ဦးက "လေထန်ကုန်း"လို့ တိုက်ရိုက်ပဲ နာမည်ပေးပြီး ပြန်ဆိုရေးသားခဲ့ဖူးပါတယ်။ သူ့ရှေ့မှာတော့ ‌ဒဂုန်ခင်ခင်လေးက ဂုဏ်မြင့်သူဆိုပြီး တစ်စိတ်တစ်ဒေသမှီငြမ်း ရေးသားဖူးပြီး ၁၉၆၀လောက်မှာ သိပ္ပံစိုးလှက ငွေတာရီမဂ္ဂဇင်းမှာ ပင်မြင့်မာလာဆိုပြီး ဘာသာပြန်ဖူးတယ်ဆိုပါတယ်။ ဂန္ထ၀င်ဖြစ်လာတာတောင် နှစ်ပေါင်းရာချီနေတဲ့ ၀တ္တုပါပဲ။ အမ်မလီဘရွန်တီကို မြန်မာစာဖတ်ပရိတ်သတ်တွေအနေနဲ့ ဒီ၀တ္တုနဲ့တင် မဟုတ်ဘဲ Rememberance ဆိုတဲ့ အမ်မလီဘရွန်တီရဲ့ ကဗျာကို တက္ကသိုလ်ဘုန်းနိုင်ကလည်း တမ်းတမိခြင်းဆိုပြီး ပြန်ဖူးတာကို သိကောင်း‌သိကြပါလိမ့်မယ်။ အခုဇာတ်ကားကတော့ အမ်မလီရဲ့ ငယ်ဘ၀ကနေ သူ့ဇာတ်ကြောင်းကို ရိုက်ပြထားတာပါ။ အားလုံးသိပြီးသလိုပဲ၊ သူတို့ညီအစ်မသုံးယောက်စလုံးကလည်း အနုပညာသမားတွေဖြစ်သလို သူတို့အောက်က မောင်ကလည်း Wuthering Heights မှာ သူ့ကို ကိုယ်စားပြုထားတယ်ပြောလို့ရတဲ့ ဇာတ်ကောင်ပါဖူးတဲ့သူပါ။ ဒီတော့ ကလပ်စစ်စာပေ ပရိသတ်တွေအတွက် သူ့ငယ်ဘ၀ကနေ ရိုက်ပြမှာက သူ့အကြောင်းဆိုတာကို ကျော်လွန်ပြီး စိတ်၀င်စားစရာကောင်းမှာပါပဲ။ အမ်မလီရဲ့ဘ၀အစစ်အမှန်အတိုင်း အတိအကျကြီး မရိုက်ကူး‌ထားပေမဲ့ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်ရဲ့ဘ၀အကြောင်းကို ပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အမ်မလီရဲ့ငယ်ဘ၀အကြောင်းတွေ သာမန်စိတ်ကူးယဉ်ဆန်ပြီး ဇာတ်လမ်းတွေထိုင်ရေးတတ်တဲ့ကောင်မလေးအဖြစ်ကနေ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်အဖြစ်ကို ရရှိသွားတဲ့ပုံတွေအပြင် သူရဲ့ရင်နင့်စရာအချစ်ဇာတ်လမ်းလေးကိုပါ စိတ်၀င်စားဖွယ့် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.42GB, 990MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 10Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Crime • Drama • Mystery • Thriller
7.1 2022 130 mins
Emily
Di Renjie and the Flying Demon Head
6

စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက် effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခု ထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲ တစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာ အခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာ လျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီး ပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။ လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီး အန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာ ကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။

Comedy
6 2020
Di Renjie and the Flying Demon Head
Voodoo (2007) Gong Tau
5.6

Voodoo (or) Gong Tau (2007) ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက​တော့ 2007 မှာထွက်ရှိထားတဲ့ ​ဟောင်​ကောင် Horror သည်းထိတ်ရင်ဖိုဇာတ်လမ်း​​​လေး Gong Tau ပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ကျန်း​​ထော(Gong Tau )ဆိုတာ (ဗူဒူးလိုပညာရပ်တစ်ခု) အ​ရှေ့​တောင်​အာရှဘက်မှာ နာမည်​ကျော်တဲ့ ​အောက်လမ်းပညာတစ်ရပ် အချစ်​ရေး​တွေ ​ငွေကိစ္စ​တွေနဲ့ ပတ်သက်ရင် လက်စား​ချေလိုတဲ့စိတ်နဲ့ အသုံးပြုတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်​ကောင် ​ရဲမှူးလော့မင်ကွမ်က အလုပ်ကိစ္စတစ်ခုနဲ့ ထိုင်းနိုင်ငံကိုသွားတုန်း ​ကောင်မ​​လေးတစ်​ယောက်နဲ့ ​ဖောက်ပြန်မိရာက​နေ အချစ်​​ရေး​ကြောင့် သူ့ရဲ့ တစ်မိသားစုလုံးကို ကျန်း​ထောနဲ့ပြုစားခံလိုက်ရပြီး သားဖြစ်သူကို ဆုံးရှူံးလိုက်ရတယ် မိန်းမဖြစ်သူကို ထပ်မဆုံးရှုံးရ​အောင် ​ကျန်း​ထောကျိန်စာကိုဘယ်လိုပြယ်​အောင် ကြိုးစားမလဲ တကယ်​​​ရော​ဖြေ​​ဆေးက အသုံးဝင်ခဲ့လားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့် ကား​လေးတစ်ကားပဲဖြစ်ပါတယ်။ (18+ အခန်း ​အနည်းငယ်ပါတာ​ကြောင့် မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေပါ။)

Romance • Drama
5.6 1900 97 mins
Voodoo (2007) Gong Tau
Iraivan
5

Iraivan 2023 (သို့) အပြုံးလူသတ်သမား IMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား .. ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ် သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်း တစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်.. ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Drama
5 2023
Iraivan
Dating Santa

ဆန်တာဖိုးဖိုးကြီးနဲ့ ဒိတ်ခြင်း ၂၀၂၃ ခရစ္စမတ်ကာလလေးမှာ ၁၅၀၀ အချစ်ရော၊ ၅၂၈ မေတ္တာရောကိုပါ ခံစားရစေမယ့် ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ လူစီယာက လီယိုနိုရာလို့ ခေါ်တဲ့ သမီးလေးကို ထိန်းကျောင်းနေရတဲ့ Single mother ပါ။ လီယွန်ကို ၈နှစ်လုံးလုံး ပျိုးထောင်နေရင်းနဲ့ လူစီယာ ညီမကောင်းမှုနဲ့ ဆာဂျီယိုလို့ ခေါ်တဲ့ စာဖိုမှူးနဲ့ ဘလိုင်းဒိတ်ခွင့်ရပါတော့တယ်။ အဲဒီလိုနဲ့ စကားတွေပြောကြ ဒိတ်ကြရင်း အဆင်ပြေသွားပါတော့တယ်။ ဒါပေမယ့် လီယွန်က သူ့အမေ ကောင်လေးရနေတာကို မြင်လိုက်ရတော့ ကလေးပီပီလန့်သွားပြီး ထငိုပါရော။ အဲဒီလိုနဲ့ လူစီက သူနဲ့တွဲနေတဲ့လူက ဆန်တာဖိုးဖိုးကြီးပါလို့ သူ့သမီးကို လိမ်ပြောလိုက်ပါလေရော။ လူစီနဲ့ ဆာဂျီယိုတို့လည်း သမီးလေးကို အလိမ်မပေါ်အောင် ဘယ်လိုဖုံးကွယ်ကြမလဲ၊ ဆန်တာအဖြစ်နဲ့ ဘယ်လို ဟန်ဆောင်သွားကြမလဲ၊ လီယွန်က ဆာဂျီယိုက ဆန်တာ မဟုတ်ဘူး ဆိုတာကို ရှာတွေ့သွားလေမလား။ မတူညီတဲ့ အချစ်နဲ့ ချစ်ရတဲ့လူ ၂ယောက်အကြေား ဗျာများနေတဲ့ လူစီယာ၊ အမေကို ချစ်ခင်တွယ်တာရှာတဲ့ သမီးငယ်လေး လီယွန်၊ မ,ချစ်တော့ ဥကိုတွယ်တဲ့ဆိုတဲ့အတိုင်းပဲ လူစီယာကို ချစ်မိလို့ ဆန်တာအဖြစ် သရုပ်ဆောင်ပေးရတဲ့ ဆာဂျီယို။ ချစ်ခြင်းတရားတွေကြားမှာ သူတို့၃ယောက် ဘယ်လိုလုပ်ကြမလဲဆိုတာကို နွေးထွေးစွာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.8 GB)/(973 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Dating Santa
Fate/Grand Order: First Order
5.7

Fate/Grand Order: First Order(2016) ရင်းနှီးပြီးသားဖြစ်တဲ့ Fate/Grand Order ဂိမ်းရဲ့ Live action ဖြစ်တဲ့ Fate/Grand Order ရုပ်ရှင်စီးရီးတွေထဲက ပထမဆုံး prequel ပါ။ လူသားမျိုးနွယ် ဆက်တည်တံ့ဖို့ Chaldea အဖွဲ့အစည်းဟာ ပညာရှင်တွေစုစည်းပြီးတော့ အချိန်ခရီးသွားခြင်း(ရေးရှစ်ဖ်)နဲ့ လူသားမျိုးနွယ်မပျက်သုဉ်းသွားအောင်ကာကွယ်ဖို့ကြိုးစားနေတာပါ။ မာစတာဖြစ်နိုင်တဲ့ လူသားတွေကိုစုစည်းပြီးတော့ အချိန်ခရီးသွားစေပြီး လူသားမျိုးနွယ်ပျက်သုဉ်းစေတဲ့အကြောင်းရင်းကို ဖြေရှင်းတဲ့နည်းလမ်းကိုသုံးတာပါ။ ပထမဆုံးစမ်းသပ်တဲ့မစ်ရှင်မှာပဲ မတော်တဆပေါက်ကွဲမှုဖြစ်ပြီး စီစဉ်ထားသလိုမဖြစ်လာခဲ့ပါဘူး။ ပေါက်ကွဲမှုထဲမပါဘဲ ကျန်ခဲ့တဲ့မာစတာဖြစ်နိုင်သူ ဖူဂျီမာရုနဲ့ သူရဲကောင်းဝိဉာဉ်နဲ့ပေါင်းပြီး အစေခံတစ်ပိုင်းဖြစ်သွားတဲ့ မက်ရှ်တို့နှစ်ယောက် ရေးရှစ်ဖ်နဲ့ အချိန်ခရီးသွားမိသွားပြီး မစ်ရှင်ကိုဆက်လုပ်ဖို့ဖြစ်လာပါတော့တယ်။ ဖူဂျီမာရု နဲ့ မက်ရှ်တို့ မစ်ရှင်အောင်ပြီးတော့ လူသားမျိုးနွယ်ကိုထိန်းသိမ်းနိုင်မှာလား ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပြီးတော့ ဘယ်လိုမြင့်မြတ်တဲ့ သူရဲကောင်းတွေက‌ရော မစ်ရှင်မှာဝင်ကူညီမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ File size… 1 GB / 490 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Aniamtion/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

5.7 2016
Fate/Grand Order: First Order
Itutumba Ka Ng Tatay Ko
5.7

Itutumba Ka Ng Tatay Ko [2024] (IMDb – 5.7/10) တီတန်နဲ့ တင်တင်တို့က အဖေတစ်ခု သမီးတစ်ခု… သူတို့နှစ်ယောက်သာ ရှိတဲ့ ဘဝလေးမှာ တီတန်ဟာ ဖခင်ကောင်းတစ်ယောက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေမယ့် သူ့သမီးလေးကို အနိုင်ကျင့်ဗိုလ်ကျနေသူတွေဆီကနေတော့ အပြည့်အဝ မကာကွယ်ပေးနိုင်ရှာဘူး.. အကြောင်းကတော့ တီတန်ဟာ လူကြောက် ဖြစ်နေလို့ပါ… ဒါကိုလည်း သမီးဖြစ်သူက မုန်းတီးလို့ နေခဲ့ပါတယ်… တီတန်ဟာ ဆုံးပါးသွားတဲ့ အမေကိုသာ သူ့အဖေ လူဆိုးလူမိုက်လို မဖြစ်စေရပါဘူးလို့ ကတိမပေးခဲ့ရင် သူဟာ အခုလို လူကြောက်ကြီးဖြစ်နေမှာ မဟုတ်ပါဘူး… ဒီလိုနဲ့ ဒါရိုက်တာတစ်ယောက်ဆီမှာ လက်တိုလက်တောင်း လုပ်ရင်း အသက်ဆက်နေရတဲ့ တီတန်တစ်ယောက်… ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ဦးနှောက်မှာ အကျိတ်ရှိနေပြီး ခုနှစ်ရက်သာ အသက်ရှင်ရတော့မယ်လို့ ကြားသိလိုက်ရပါတော့တယ်… သိပ်မကျန်တော့တဲ့ သူ့ရဲ့ လူ့သက်တမ်းမှာ သူ့သမီးလေးအတွက် တီတန်တစ်ယောက် ဘာတွေဘယ်လိုမျိုးများ လုပ်ပေးသွားလိမ့်ဦးမလဲဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size… 1.3GB | 696MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.7 2024
Itutumba Ka Ng Tatay Ko
Passion
6.8

Passion ( 2008 ) Direceted By Ryusuke Hamaguchi “ရုပ်ရှင်တွေအားလုံးဟာ တစ်ချိန်တည်းမှာ ဖစ်ရှင်လည်းဆန် ဒိုကူမန်ထရီလည်းဖြစ်နေကြတယ်။ ဒိုကူမန်ထရီသန့်သန့်ဆိုတာလည်း မရှိသလို ဖစ်ရှင်သန့်သန့်ဆိုတာလည်း မရှိဘူး”လို့ ရူဆုခဲဟမဂုချိက ပြောဖူးတယ်။ Passion ( 2008 )ဟာလည်း ကျွန်တော်တို့ဘဝထဲရှိနေတဲ့ ဖစ်ရှင်တစ်ခုလို့ပြောရမလားပဲ။ သူ့ကိုယ်ပိုင်ပွဲဦးထွက်ရုပ်ရှင်လို့ပြောလည်းရတယ်။ ဒီမတိုင်ခင် ၂၀၀၇က ထွက်ခဲ့တဲ့ သူ့ပွဲဦးထွက်အစစ် Solarisက သူ့ဆရာ ခိရိုရှိကူရိုဆာဝါရဲ့ စီမံပေးမှုနဲ့ တာကော့စကီးရဲ့ ဆိုလာရစ်ကို ပြန်ရိုက်ထားတာဆိုတော့ ဒါကို ကျွန်တော်တော့ ထည့်မတွက်ချင်ဘူး။ သေချာတာတော့ ဟမဂုချိဟာ ပွဲဦးထွက်မှာတင် တော်တော်ကြမ်းခဲ့ပါတယ်။ Passion ( 2008 )ဟာလည်း သူ့ထုံးစံအတိုင်းပဲ လူ့အတွင်းစိတ်ရဲ့ မရေရာခြင်း ဝေဝါးခြင်းတွေကို မြင်သာထင်သာရှိအောင် ပြထားတဲ့ ရုပ်ရှင်ပါပဲ။ သူ့ဇာတ်က ရှင်းရှင်းလေး‌တော့ ရှင်းရှင်းလေး။ သူငယ်ချင်းတစ်အုပ်ရှိတယ်။ ကောင်လေးသုံးယောက်ပေါ့။ ကောင်မလေး၂ယောက်လည်းပါမယ်လို့ ယူဆရတယ်။ အဲဒီအုပ်ထဲက ကောင်လေးနဲ့ကောင်မလေးတစ်တွဲက အတူတူနေနေတဲ့အတွဲတွေ။ နောက်သူငယ်ချင်းကောင်လေးက အိမ်ထောင်ရှိတယ်။ ကလေးလည်းမွေးတော့မယ်။ နောက်သူငယ်ချင်းကောင်လေးကတော့ လူလွတ်။ လူလွတ်ကောင်လေးက ခုနအတွဲထဲက ကောင်မလေးကို တစ်ဖက်သတ်ချစ်နေတာ တော်တော်ကြာပြီ။ ရုပ်ရှင်ဟာ သူတို့သူငယ်ချင်းတစ်အုပ် ဆုံဖြစ်ကြတာနဲ့စတယ်။ ညနက်လာတော့ မိန်းကလေးတွေကို ပြန်ပို့လိုက်ပြီး ယောက်ျားလေးတွေချည်းနေခဲ့ကြတယ်။ တစ်ကောင်က သူတို့သူငယ်ချင်းထဲက မလာဖြစ်တဲ့ ကောင်မလေးတစ်ယောက်အိမ်ကို သွားကြမယ်ပြောတယ်။ အဲဒီကောင်မလေးကလည်း လူလွတ်ပဲ။ အဲဒီလူလွတ်ကောင်မလေးနဲ့ ခုနလူလွတ်ကောင်လေးက အိပ်ဖူးတယ်။ လူလွတ်ကောင်လေးကတော့ သူ့ကို မချစ်ဘူး။ မချစ်ဘဲ အိပ်တယ်ပေါ့။ ဒီတော့ သူတို့ သူ့အိမ်ကိုသွားကြတယ်။ သူတို့သုံးယောက်အိမ်ကိုရောက်တော့ လူလွတ်ကောင်မလေးအကြောင်းသိရတာက ကောင်မလေးက သူ့အဒေါ်အိမ်မှာနေနေတာ။ သူ့အဒေါ်က နာမည်ကြီးစာရေးဆရာမ ဒါပေမဲ့ ဒီအိမ်ကို သူ့ကြောင်လေးအတွက် ဆက်ထားထားတာ။ သူကကြောင်လေးကိုကြည့်ပေးရင်း အလကားနေနေတာ။ သူတို့သွားတဲ့နေ့မတိုင်ခင်တုန်းက ကြောင်လေးက သေသွားတယ်။ အဲဒီအကြောင်းပြောရင်း ကြောင်လေးအတွက် အရက်သောက်နေတုန်း သူ့အဒေါ်စာရေးဆရာမက သူ့ကြောင်လေးအတွက် ရတက်မအေးလို့ ရောက်ချလာတယ်။ ဒီမှာ အိမ်ထောင်သည်ကောင်နဲ့ သူ့အဒေါ်နဲ့ ဇာတ်လမ်းဖြစ်ကြတယ်။ နောက်ပိုင်းလည်း အတွဲရှိတဲ့ကောင်လေးနဲ့ အဲဒီအိမ်က ကောင်မလေးနဲ့ဖြစ်ကြတယ်။ ဒီတစ်ကားလုံး ဒီလိုဖြစ်နေတာတွေချည်းပြသွားတယ်။ နောက်ဆုံး လူလွတ်ကောင်မလေးရယ်။ ရည်းစားရှိတဲ့ကောင်လေးရယ်။ အိမ်ထောင်ရှိတဲ့ကောင်လေးရယ်။ သုံးယောက်သား တစ်ခုမှမလိမ်ဘဲ အမှန်တွေချည်း တစ်နာရီပြောကြမယ်ဆိုပြီး ဂိမ်းဆော့ကြတယ်။ ဒီတစ်ကားလုံးရဲ့ အဓိကနေရာလို့ပြောလည်းရတယ်။ အဲဒီကစားပွဲကို စတဲ့ ရည်းစားရှိတဲ့ကောင်လေးကတော့ သူဘယ်လိုလူလဲ သူ့ကိုယ်သူမသိနေလို့ ။ သူဘယ်လိုလူလဲ အဖြေရှာဖို့ ဒီကစားနည်းကို ကစားတာလို့ပြောတယ်။ တကယ်လည်းဟုတ်တယ်။ သူတို့အားလုံးမှာ တူညီနေတဲ့အချက်က သူတို့ဘာဖြစ်ချင်လည်း သူတို့မသိနေကြဘူး။ ဒါကြောင့်မို့ သူတို့ဘာဖြစ်ချင်လဲ သူတို့တောင်မသိတာမို့ သူတို့လုပ်သမျှကလည်း အရမ်းရှုပ်ထွေးလွန်းနေခဲ့တယ်။ သူတို့ကိုယ်သူတို့တောင် လုံးစေ့ပတ်စေ့နားလည်နေမှာမဟုတ်ဘူး။ ဒီပြဿနာမျိုးကို ဒီလိုပွိုင့်ကပြတဲ့ ရုပ်ရှင်ကို ကျွန်တော်မမြင်ဖူးဘူးလို့ပဲ ပြောရမယ်။ ကိုယ်တိုင်လည်း ဒီလိုကိစ္စမျိုး ကြုံဖူးတော့ သူပြောသွားသမျှ ပြသွားသမျှဟာ ဟုတ်တော့ဟုတ်နေတာကိုလည်း ခံစားမိနေတယ်။ ဒါပေမဲ့ ဟမဂုချိရုပ်ရှင်အများစုလိုပဲ သူတို့အတွက် အဖြေမရှိပါဘူး။ သူတို့ဘယ်သူတွေလဲ သူတို့သေချာမသိသွားကြသလို ကျွန်တော်တို့ မြင်ရတာလည်း တော်တော်ဝေဝါးတယ်။ ဒါလည်းလက်တွေ့တောာ့ကျပါတယ်။ ဒီဇာတ်ကောင်သုံးကောင်ပြင်ပက နောက်ထပ် အဓိကဇာတ်ကောင်၂ကောင်ဖြစ်တဲ့ လူလွတ်ကောင်လေးနဲ့ ခုနအတူတူနေနေတဲ့အတွဲက ကောင်မလေး နှစ်ယောက်ကလည်းတူတယ်။ သူတို့က ခုနပုစ္စာရဲ့ အဖြေလို့တော့ ပြောချင်လည်း ပြောလို့ရပေမဲ့ ကျွန်တော်တော့မထင်ဘူး။ သူတို့၂ယောက်ကိုက ခုနတစ်အုပ်နဲ့မတူတဲ့ တခြားလူတစ်အုပ်အဖြစ် မြင်နေရတယ်။ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိနေတဲ့လူတွေပေါ့။ သေချာသိတယ်လို့တော့ မသုံးနှုန်းချင်ဘူး။ လူလွတ်ကောင်လေးက ဟိုအတွဲက ကောင်မလေးကိုချစ်သလို အဲဒီအတွဲက ကောင်မလေးကလည်း သူ့ကောင်လေး ဖောက်ပြန်နေတာကို သိသိရက်နဲ့တောင် ခွင့်လွှတ်ပေးနိုင်တဲ့အထိ ချစ်တယ်။ ဒီတော့ သူတို့ကတော့ လုံးဝရိုးရှင်းတယ်။ သူတို့ချစ်ရမယ့်သူကိုပဲ ဘာာဖြစ်ဖြစ် ချစ်နေကြတဲ့သူတွေပဲ။ ဒီရုပ်ရှင်ဟာ ဘာရုပ်ရှင်လဲဆို ဒီလူအုပ်စု၂မျိုုးလို့ပြောရမလား လူ့စိတ်အခြေအနေ၂မျိုးလို့ပြောရမလား ခံစားချက်၂မျိုးလို့တော့ပြောရမလားမသိတဲ့ အဲဒီ၂မျိုးကို တစ်ပေါင်းတည်း Presentationလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီလောက်ဇာတ်ရှုပ်နေတာက ဖစ်ရှင်ဖြစ်ပြီး သူတို့စိတ်အခြေအနေတွေက လက်တွေ့ကျနေတယ်။ ဟမဂုချိပြောသလို ရုပ်ရှင်ဟာ ဖစ်ရှင်ရော ဒိုကူရော ပေါင်းစပ်ထားတဲ့အရာဆိုသလိုပေါ့။ ဘဝမှာ အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ဘာသာတောင် နားမလည်နိုင်တဲ့ အခြေအနေမျိုး ကြုံခဲ့ဖူးရင် ကြုံနေရရင် ကြည့်ကြည့်ပေါ့။ နောင်တတရားနဲ့ တစ်လမ်းတည်းမသွားမိသရွေ့တော့ အားလုံးမမှားကြဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.5GB | 594MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Horror
6.8 2008
Passion
Zoolander 2
4.8

၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းဇာတ်ကွက်ကြောင့်ပဲ ခွီမလား၊ နာမည်ကြီးတွေ ရုပ်တည်ကြီးနဲ့ ပေါတာကိုကြည့်ပြီး ခွီမလား ပရိသတ်ကြီးသဘောပါပဲ၊ ကြိုက်သလိုသာရွေး ခွီလိုက်ပါ။ မယုံမရှိပါနဲ့၊ တချို့နေရာတွေမှာ ကြည့်နေရင်းနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားနိုင်ပါတယ်။ File size…(1.6 GB)/(867 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre… Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

4.8 2016
Zoolander 2
Mujhe Kucch Kehna Hai
4.8

Mujhe Kucch Kehna Hai (2001)”ပြောစရာတွေကျန်သေးတယ်” ============================================== မင်းသမီး ကရီနာကပူးရ်ရဲ့ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Rom-com ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကာရန်ဟာ လုပ်ချင်ရာလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ ၁၀ ကျော်သက် ကောလိပ်ကျောင်းသားတစ်ယောက်ပါ။ သူဟာ အဲဒီအရွယ် ယောက်ျားလေးတွေရဲ့ထုံးစံအတိုင်းပဲ သူ့ကို အမြဲတမ်း ဆူပူနေတဲ့ အဖေဖြစ်သူနဲ့လည်း မတည့်ပါဘူး။ အဲဒီလို လူပျော်လေး ကာရန်ဟာ ပူဂျားဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ အမှတ်မထင် စုံဆည်းခွင့်ရခဲ့ပြီး အချစ်စိတ်တွေ ပေါက်ဖွားခဲ့ပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်တွေကြောင့် ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောရသေးခင်မှာပဲ ကံကြမ္မာက သူတို့ကို တစ်မျိုးတဖုံ ကျီစယ်လှည့်စားပုံတွေကို ဒီရုပ်ရှင်လေးထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.8 2001 137 mins
Mujhe Kucch Kehna Hai
The Return of the Sister-in-Law
6.1

ကြမ်းတာရမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမဲ့ကားလေးကတော့ 2021ကထွက်ရှိတဲ့ တရုတ်အက်ရှင်ကားကောင်းလေးဖြစ်ပါတယ် အစ်ကိုဖြစ်သူနဲ့ ရိုးရိုးသားသားနေထိုင်နေတဲ့ မိန်းကလေးချင်းချိန် တစ်နေ့ကိုယ့်အစ်ကိုဖြစ်သူကို ကိုယ့်မျက်သိရှေ့တင်သတ်ပြီး ကိုယ့်ကိုပါစော်ကားသွားတဲ့အခါ ကလဲ့စားချေချင်စိတ်များပြီး လူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားပါတော့တယ် နာမည်ကြီးဂိုဏ်းခေါင်းဆောင် ဟေးဟော်ဟာ တရားမဝင်မူးယစ်ဆေးတွေရောင်းပြီး လူငယ်တွေဘဝကိုဖျက်ဆီးနေသူပါ သူချစ်ရတဲ့ချစ်သူဟာလည်း သူ့ကိုကာကွယ်ရင်း အသတ်ခံလိုက်ရပါ တော့တယ် ချင်းချိန်ဟာ ဟေးဟော်ရဲ့အရင်ချစ်သူနဲ့တစ်ပုံစံထဲတူနေသောအခါ ချင်းချိန်ကိုတိုက်နည်းခိုက်နည်းတွေ ကိုယ်တိုင်သင်ပေးရင်း အနားမှာခေါ်ထားလိုက်ပါရော ဒါပေမဲ့အရင်ထဲက ရိုးသားသူချင်းချိန်ဟာ ဒီလိုမကောင်းမှုတွေထဲ သူဘယ်လိုနေထိုင်မလဲ? လျှိဝှက်ချက်တွေ သိသွားချိန်မှာရော ဘာတွေဆက်ဖြစ်မလဲ? ဓမ္မနဲ့အဓမ္မမှာ ဘယ်ဟာအနိုင်ရမလဲ? ကဲဇာတ်လမ်းလေးထဲစောင့်ကြည့်ရအောင်နော် မှော်တွေသိုင်းတွေမကြိုက်ဘဲ တိုက်တာခိုက်တာ သီးသန့်ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါ

Action • Crime • Drama • Thriller
6.1 2021
The Return of the Sister-in-Law
Rang De Basanti
8.3

Rang De Basanti (2006) IMDb Rating (8.1) / Rotten Tomatoes (89%) ကဲ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb rating (8.1/10) အထိ ရရှိထားတဲ့ အမီးရ်ခန်းနဲ့ ဆေ့ဖ်အလီခန်းရဲ့ညီမ ဆိုဟာအလီခန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Political Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 3 Idiots ရုပ်ရှင်မှာ အမီးရ်ခန်းနဲ့ တွဲဖက်ညီခဲ့တဲ့ ရာဂျူးတဖြစ်လဲ မင်းသား Sharman Joshi လဲ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ဆူလ်ဆိုတဲ့ ဗြိတိသျှသူလေးဟာ အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာလက်အောက်ရောက်‌ခဲ့စဉ် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဗိုလ်ချုပ် မက္ကလင်းရဲ့ မြေးဖြစ်ပါတယ်။ မစ္စတာမက္ကလင်းဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗြိတိသျှအင်ပါယာကို တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးတပ်သား ၅ဦးအကြောင်းကို သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။ ဆူလ်ဟာ သူ့အဖိုးဒိုင်ယာရီထဲက တော်လှန်ရေးတပ်သား ၅ယောက်ဖြစ်တဲ့ ဘဂတ်ဆင်းဂ်၊ ချန်ဒရာရှေခရ်အာဇားဒ်၊ ရားဂ်ျဂုရု၊ ဒူရ်ဂါဘာဘီနဲ့ အက်ရှဖာခူလာခန်းတို့ရဲ့ မှတ်တမ်းတင်ဇာတ်လမ်းကို ရိုက်ကူးနိုင်ဖို့ အင်္ဂလန်က‌နေ အိန္ဒိယကို ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ အိန္ဒိယကို ရောက်တယ်ဆိုရင်ပဲ သူ့ဇာတ်လမ်းအတွက် ကိုက်ညီမယ့် ဒေလီက ကျောင်းသား ၅ယောက်ကို ရှာတွေ့သွားခဲ့ပြီး ဇာတ်လမ်းကို စတင်ရိုက်ကူးဖို့ စီစဉ်ပါတော့တယ်။ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ဆိုတာ ဘာမှန်းနားမလည်ကြတဲ့ သူတို့တော်လှန်ရေး ဇာတ်ကောင်တွေနေရာမှာ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြမှာလား … လက်တွေ့ဘဝမှာရော ဘယ်လိုပြဿ‌နာတွေ ကြုံဆုံကြရမှာလဲ… ဆူလ်ရဲ့ သူ့အဖိုးရဲ့ ဒိုင်ယာရီကို ရုပ်သံရိုက်ကူးချင်တဲ့ ဆန္ဒကရော ပြည့်နိုင်မှာလား…ဆိုတာတွေကိုတော့။ ဇာတ်လမ်းက အစမှာ ခပ်သောသောဟာသလေးတွေနဲ့ အစချီထားတာကြောင့် ခပ်ပေါ့ပေါ့ဇာတ်ကားလို့ထင်ပြီးစိတ်ပျက်မသွားဖို့လိုပါတယ်…အဆုံးထိသေချာကြည့်ကြည့်ရင် သိပ်ကောင်းတဲ့ကားမှန်းသိမှာပါ။ ဒီရုပ်ရှင်က အသင့်ရှိနေတဲ့ ဝတ္တုတစ်ပုဒ်ကို ဟိုဒီ တည်းဖြတ် ဇာတ်ညွှန်းရေးပြီး ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ဇာတ်လမ်း ဖန်တီးဖို့ကို ၇နှစ်ကျော် ကြာခဲ့ပါတယ် ဆိုပါတယ်။ ဖန်တီးခဲ့တဲ့သူဟာ အပြင်မှာ ခေတ်လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ ၇နှစ်ကြာ သုတေသနပြုရင်း ဒီဇာတ်လမ်းကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပြင်ဆင်တည်းဖြတ် ရေးသားခဲ့ရတယ်လို့ဆိုပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို သိုက်ဆန်းမှ တင်ဆက်ထားပါတယ်။)

8.3 2006 157 mins
Rang De Basanti
Sphere
6.1

Sphere (1998) IMDb Rating (6.1) / Rotten Tomatoes (13%) Rotten Tomatotesအနေနဲ့ 13%ရာခိုင်နှုန်းသာရရှိထားပြီး IMDBအနေနဲ့ ၆.၁သာရထားခဲ့လို့ Underrated Gem တစ်ခုအနေနဲ့သတ်မှတ်ထားကြပါတယ်။ 1998 တုန်းက တစ်နှစ်တည်းထွက်ခဲ့တဲ့ Titanic နဲ့အပြိုင်မချဲနိုင်ခဲ့သလို Box-Office အရလည်း အခြေအနေမဟန်ခဲ့လှပါဘူး။ စာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းရတဲ့အခါမှာ အရမ်းကိုတာဝန်ကြီးသလို စာအုပ်ဖန်တွေရဲ့သပိတ်မှောက်ခြင်းကိုပါခံလိုက်ရလို့ပါပဲ။ စာအုပ်ဖန်များရဲ့ပြောစကားအရ စာအုပ်ထဲကအရေးကြီးတဲ့အပိုင်းတွေကို ဖြတ်တောက်ခဲ့တာကြောင့် ကြည့်ရတာအားမရဘူးလို့ဆိုကြပါတယ်။ သို့သောလည်း Science – Fiction ကောင်းကောင်းငတ်နေသူများအဖို့ မိုးအေးအေးနဲ့ ကြည့်ရတာ ခေါင်းစားစားဖြစ်နေစေမှာပါ။ 1987နှစ်ခုမှာထွက်ရှိခဲ့တဲ့ “ Sphere “ ဆိုတဲ့ဝတ္ထုကို “ Sphere “ ဆိုတဲ့နာမည်အတိုင်းပဲ အပြောင်းမလဲမရှိရိုက်ကူးခဲ့တာဖြစ်ပါတယ်။ စာအုပ်ကိုရေးသူ စာရေးဆရာ Michael Crichton ဟာလည်း နာမည်ကျော် ဂန္တဝင် ဝတ္ထုများဖြစ်ကြတဲ့ “ Jurassic Park “ “ Disclosure “ စတဲ့လက်ရာမြောက်ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် ဇာတ်ပို့များဟာလည်း ခေသူတွေမဟုတ်ကြပြန်ပါဘူး။ ဂန္တဝင်မင်းသားကြီးမင်းသမီးကြီးတွေဖြစ်ကြတဲ့ Dustin Hoffman တို့ Sharon Stone တို့ Samuel L . Jackson တို့ Queen Latifah တို့စတဲ့ အရည်အချင်းရှိသရုပ်ဆောင်များစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရေအောက်ပြကွက်များစွာကို သည်းထိတ်ရင်ဖိုတင်ဆက်ထားတာမို့ ဒီလိုမိုးဝသုန်လေတရှဲရှဲကာလမှာ ရေအောက်သမုဒ္ဒရာကြမ်းပြင်အောက်ကို တစ်ခေါက်လောက်အလည်သွားကြည့်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Science Fiction,Thriller Duration….02:14:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Yamone

Horror
6.1 1998 134 mins
Sphere