YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Be.Mine.Superstar.S01E05.1080p.CM.mp4

714.32 MB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
How to Steal a Dog
7.3

"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Family Quality…. 1080p | 720p | 480p File size… 1.73GB | 925MB | 406MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Action • Mystery • Thriller
7.3 2014 109 mins
How to Steal a Dog
Betrayed

ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးတွေဟာ ကျွန်တော်တို့ နှလုံးသားတွေကို တိုက်စားပွန်းပဲ့အောင်လုပ်တတ်စမြဲပါပဲ။ ဆိုတော့ကာ ၂၀၂၀ ခုနှစ်မှာလည်း အဆိုပါရုပ်ရှင်ကားမျိုး ရုပ်ရှင်ကားလေးတစ်ကားဟာ ထွက်ရှိလာခဲ့ပါတယ်။ War/ Drama အမျိုးအစားဖြစ်တာကြောင့် စစ်ပွဲအတွင်းက ဖြစ်ရပ်ကို အခြေခံထားတဲ့ကားမျိုးလေးမှန်း လူတိုင်းရိပ်မိကြမယ်ထင်ပါတယ်။ IMDb မှာလည်း 7.1 ရရှိထားသလို Rotten Tomatoes 100% ထိရရှိ ထားတဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေနဲ့ ဆွီဒင်နိုင်ငံမှာ တည်ထားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဖြစ်တာနဲ့အညီ ဂျူးမိသားစုတစ်စုအကြောင်း ဖြစ်ပြီး ဂျာမန်တို့ရဲ့ နာမည်ကျော်လူမျိုးသုဉ်းသ-တ်ဖြတ်မှုကြီးအကြောင်းနဲ့ သက်ဆိုင်နေတာပဲဖြစ်ပါတယ်။ သို့သော် ဇာတ်လမ်းတည်ပုံထူးခြားနေရတာကတော့ ဇာတ်အိမ်ကို နော်ဝေ နိုင်ငံက ဂျူးလူမျိုးမိသားစုလေးတစ်စုဆီမှာ ဇာတ်လမ်းတည်ထားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းကိုကြည့်ရှုရမယ့်အပြင် တကယ့်လက်တွေ့ဘဝသင်ခန်းစာတွေကို ရနိုင်မယ်လို့ ကောက်ချက်ချနိုင်တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီတော့ဗျာ အဆိုပါဂျူးမိသားစုလေး ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘာတွေကြုံ ခဲ့ရသလဲ၊ ကမ္ဘာစစ်ကြီးပြီးသွားချိန်မှာရော ဘာတွေဆက်ဖြစ်သွားခဲ့လဲ၊ နော်ဝေ နိုင်ငံက ဂျူးတွေနဲ့ ဂျာမန်တွေရဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး မည်သို့ဆိုင်နေသ နည်းကို Betrayed ဆိုတဲ့ကားကောင်းလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.67 GB) / (922 MB) / (566 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 16mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History, War Translator.......San Thu Aung Encoder..........SWM

Drama • Romance
null 2020 136 mins
Betrayed
Dasvi
5.4

မင်းသားကြီး Abhishek Bachchan ရဲ့ ကားသစ်လာပါပြီဗျား... ဟရစ် ပရာဒက်ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဂန်ဒါ ရမ် ချောင်ထရီဟာ အတန်းပညာမတတ်သော်လည်းနိုင်ငံရေးအကြောင်းနှောကျေနေပြီး အကျင့်ပျက်ခြစားတတ်တဲ့နိုင်ငံရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့မှာ ဗစ်လာ ဒေဗွီ ချောင်ထရီလို့ခေါ်တဲ့နုံ့နုံ့အအဇနီးတစ်ယောက်လည်းရှိပါသေးတယ်။ လူတွေအပေါ်အမြဲသြဇာလွှမ်းမိုးတတ်တဲ့ဝန်ကြီးဂန်ဒါ ရမ် ချောင်ထရီတစ်ယောက် တစ်နေ့မှာစွဲချက်ပေါင်းမျာစွာနဲ့ ထောင်ချခံလိုက်ရပြီး သူ့မိန်းမဖြစ်သူက ဝန်ကြီးနေရာဆက်ခံပါတော့တယ်။ ထောင်ထဲမှာလည်း ထောင်မှူးတွေအပေါ် သြဇာညောင်းတဲ့ ချောင်ထရီဆပ်ဟာ သူ့မိန်းမဦးဆောင်တဲ့အစိုးရလုပ်ငန်းတွေကိုလည်း နောက်ကွယ်ကကြိုးကိုင်နေဆဲဖြစ်ပါတယ်။ အချိန်ကြာတော့ သူ့ရဲ့ရုပ်သေးရုပ်ဝန်ကြီးဖြစ်တဲ့သူ့မိန်းမဟာ ဝန်ကြီးရာထူးကိုတပ်မက်လာပြီး သူ့ကိုစတင်လျစ်လျှူရှုလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ထောင်ထဲမှာလည်း မထင်ထားတဲ့ပြဿနာတွေပေါ်လာတဲ့အပြင် သူလုံးဝလုပ်ဖို့ခက်တဲ့ ကိစ္စကြီးတွေပေါ်လာတဲ့အခါမှာတော့..... File Size :(1.0GB) and (325 MB) Quality :WEB-DL 720p Format…mp4 Duration…02:05:00 Genre : Crime , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Seiji &Jumper Neysman Encoded by Phyo Pyae

Action • Drama • History
5.4 2022 127 mins
Dasvi
X Zone
9.5

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘောလီဝုဒ် ၁၈ အပေါင်း ကားလေးပဲ ဖြစ်ပါတယ်နော် ၁၈ အပေါင်းအခန်းတွေလည်း ပါဝင်သလို သည်းထိတ်ရင်ဖို ခြောက်ခြားစရာအခန်းများလည်းပါလို့ စောင်ကိုက်တဲ့သူကကိုက်..ခြုံတဲ့သူက ခြုံ.. FA တွေဆိုရင်တော့ ထိုင်ငိုလို့ရအောင် တစ်သျှူးပါဆောင်ထားကြနော်။ ဇာတ်လမ်းအကျဉ်း...။ လူငယ်သဘာဝ စွန့်စားချင်တဲ့ သူငယ်ချင်းအုပ်စုတစ်စုဟာ အတွဲကိုယ်စီနဲ့ တောကြီးမျက်မည်းထဲက အပန်းဖြေအိမ်ကြီးတစ်ခုဆီ အပန်းဖြေခရီးထွက်လာကြပါတယ်။ ညရောက်တော့ သူတို့လေးတွေ ပျော်ပျော်ပါးပါးဆော့ကစားကြတယ် သောက်စားကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအိမ်ကြီးက ခြောက်နေတာကို သူတို့မသိကြရှာဘူး။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကလည်း သူတို့မရိပ်မိခင်မှာဘဲ တဖြည်းဖြည်း အရှိန်တက်လာနေခဲ့ပါတယ်။ သူတို့တွေအားလုံးကလည်း ကိုယ့်စိတ်ကူး ကိုယ့်အကြံကိုယ်စီနဲ့ ဒီခရီးကို ထွက်လာခဲ့ကြတာပေါ့။ ဒီလိုနဲ့ သူတို့တွေကြားမှာ လူသတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဘယ်သူဘယ်ဝါသတ်လို့သတ်မှန်းမသိကြဘဲ အချင်းချင်းကလည်း သံသယစိတ်တွေဝင်လာကြပါပြီ။ ကဲ ဆက်လက်ပြီး ရင်ခုန်ရမယ့်အပိုင်းကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပြီး သူတို့သူငယ်ချင်းတွေအားလုံး လွတ်မြောက်နိုင်ပါ့မလား...။ ဒီအိမ်ကြီးရဲ့တကယ့်ဖြစ်ရပ်မှန် နောက်ကြောင်းရာဇဝင်က ဘာတွေဖြစ်နေမလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…1.6GB  / 757MB Quality…1080p WEB DL /720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil

Action • Comedy • Fantasy
9.5 2020 97 mins
X Zone
My Man
6.1

အသက် ၁၀ နှစ်အရွယ် ဟာနာ ဆိုတဲ့ ကလေးမလေးတစ်ယောက်က ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တစ်ကောင်ကြွက်ဘဝကို နေ့ချင်းညချင်း ရောက်ရှိသွားပါတယ်... မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး မိဘနှစ်ပါလုံးဆုံးပါးသွားတဲ့ ဟာနာလေးကို ၂၆ နှစ်အရွယ် ဂျွန်ကိုဆိုတဲ့ အမျိုးသားတစ်ယောက်က မွေးစားခဲ့ပါတယ်... ဂျွန်ကိုနဲ့ ဟာနာတို့ မြို့ငယ်လေးတစ်မြို့မှာ အတူနေထိုင်ခဲ့ကြပါတယ် တစ်နေ့ သူတို့နေတဲ့မြို့ငယ်လေးမှာ လူသတ်မှုတစ်ခု ပေါ်လာခဲ့ပါတယ် နောက်တော့ ဂျွန်ကိုနဲ့ဟာနာတို့လည်း လျှို့ဝှက်ချက်တစ်ခုနဲ့ တိုကျိုမြို့ကို ပြောင်းရွေ့သွားပါတော့တယ် ဟာနာတို့ ဘာလို့တိုကျိုကို ပြောင်းသွားကြတာလဲ... ဂျွန်ကိုတို့ သားအဖနဲ့ သူတို့မြို့က လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး ဒီဇာတ်ကားက ဆုတွေလည်း ရရှိထားပြီး ဒရမ်မာဇာတ်လမ်းအေးအေးလေးတွေကို ကြိုက်တဲ့ ပိရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt

Action • Crime • Thriller
6.1 2014 129 mins
My Man
You're Next
6.6

ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်း သူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။ မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက် ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ 35 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်း မိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကို အောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီး လူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။ ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလား သူတို့ရဲ့ မိသားစုကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ ဒီလူသ-တ်သမားတွေကရော ဘယ်က‌နေပြီး ဘာကြောင့် ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသ-တ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့ ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။

Comedy • Crime • Mystery • Thriller
6.6 2013 94 mins
You're Next
Samurai Cop
4.6

Samurai Cop (1991) (အချို့သောအခန်းတွေက 90s ခေတ်ရုပ်ရှင်တွေနည်းတူ နည်းနည်းအပြကြမ်းလို့ တစ်ယောက်တည်းကြည့်စေချင်ပါတယ်ခင်ဗျာ) ဒီရုပ်ရှင်ကို best and worse action movie ever လို့ခေါ်ကြတယ်။ ကားကတော့ကောင်းပါတယ်။ အက်ရှင်ခန်းတွေလည်းလန်းတယ်။ သူ့ခေတ်နဲ့ဆို ဇာတ်အိမ်လေးလည်းမဆိုးဘူး။ ဒီတော့အက်ရှင်ကားကောင်းလို့ ယူဆရမလိုပါပဲ။ ဒါပေမဲ့ အားနည်းချက်လေးတွေတော့ရှိသွားခဲ့ပါတယ်။ ဒါကြောင့်မို့ rating စုတ်သွားခဲ့တာပါ။ ဒီရုပ်ရှင်က အခန်းတွေအားလုံးနီးပါးကို single take နဲ့ ရိုက်ယူခဲ့သလို ဒါရိုက်တာကလည်း သေနတ်ကိုလက်တစ်ဆုပ်စာပဲသုံးခဲ့ပါတယ်။ မင်းသားတွေက ကိုယ်ပိုင်အဝတ် ကိုယ်ပိုင်ကားနဲ့ ရိုက်ရတဲ့အထိ ဘတ်ဂျက်ချွေတာခဲ့တယ်။ သို့ပေမဲ့လည်း အက်ရှင်ခန်းအလန်းတွေကြောင့် အက်ရှင်ကားကောင်းဖြစ်နေတုန်းပါပဲ။ လူမဆန်အောင်ရက်စက်တဲ့ ဂျပန်ယာကူဇာဂိုဏ်းဖြစ်တဲ့ Katana ဂိုဏ်းက နယူးယောက်မှာရှိတဲ့ ဖာ ဆေး လောင်းကစားတွေစတဲ့ မကောင်းမှုမှန်သမျှကို ချုပ်ကိုင်ထားတယ်။ ဒါတင်မကသေးဘူး၊ သူတို့က လူသတ်ရတာကို သဘောကျတဲ့ လူသတ်သမားတွေလည်းဟုတ်တယ်။ ဒီအဖွဲ့ကို ဖမ်းဖို့က တော်တော်ခက်တယ်။ မဖြစ်နိုင်သလောက်ပဲ။ ဒီတော့ Joe Marshal ဆိုတဲ့ ဆာမူရိုင်းဓားသိုင်းတတ် ရဲကို ဒီအဖွဲ့နောက်ကို လိုက်ဖို့ တာဝန်ပေးလိုက်တယ်။ ဂျိုးနဲ့ သူ့ပါတနာကပ္ပလီနဲ့ အဲဒီအဖွဲ့ကို ဘယ်လိုထိပ်တိုက်ရင်ဆိုင်မလဲ ဒီရုပ်ရှင်မှာ ခင်ဗျားတို့မြင်ရလိမ့်မယ်။ အဲဒါအပြင် နောက် အရေးကြီးဆုံးညွှန်းစရာက မင်းသမီးတွေပေါ့။ မဟာဆန်ဆန်အလှ၊ ၁၉၉၀ ဆန်ဆန်အလှနဲ့ မင်းသမီး‌တွေရဲ့ မရွံ့မကြောက် အခန်းတွေကလည်း ဒီရုပ်ရှင်မှာ ခင်ဗျားတို့ကို စွဲဆောင်ထားမယ့်အရာ နောက်တစ်ခုပါပဲ။ အက်ရှင်ကားဟောင်း ပရိသတ်တွေအတွက် တကယ့် အက်ရှင်ကားကောင်းလေးပေါ့ဗျာ။ Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 4.6/10 Format – mp4 Duration – 1H 36Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by Y

Comedy • Fantasy • Romance
4.6 1991
Samurai Cop
Little Dragon Maiden
5.9

CM chinese fan တွေအတွက်ကို အခုတစ်ခါ သဘာဝလွန် မိစ္ဆာနဲ့လူသားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ အချစ်ဆိပ်တက်တဲ့ နဂါးမိစ္ဆာခေါ် ရှောင်လုံနွီညီအစ်မ ၂ ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ…. လူနဲ့ မိစ္ဆာ ဘယ်သူက ပိုကြောက်ဖို့ကောင်းလဲ… ဘယ်သူကပိုရက်စက်လဲ… နောက်ပြီး လူနဲ့ မိစ္ဆာကြားက အချစ်ကို ဘာလို့ ကန့်သတ်ထားတာလဲ… ဒီလောကမှာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ… အချစ်က ဘာမလို့ ဒီလောက်တောင် တားဆီးနေကြတာလဲ… ဒီဇာတ်လမ်းလေးက အဖြေပေးပါလိမ့်မယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ အချစ်ဆိပ်တက်ပြီး လူ့ပြည်မှာပဲ တစ်သက်လုံးခေါင်းချဖို့ကြိုးစားနေတဲ့ အစ်မဖြစ်သူကို ပြန်ခေါ်ဖို့ လူပြည်လာခဲ့တဲ့ ရှောင်ပိုင် နဂါးဖြူမိစ္ဆာမလေး… လူ့ပြည်ရဲ့ အစားသောက်တွေကို နှစ်သက်လက်ခံလာရာကနေ ဟုန်ကျီဆိုတဲ့ ဘုန်းကြီးကျောင်းသားလေးပေါ်ပါ တဖြည်းဖြည်း မသိမသာ ရင်းနှီးလာခဲ့တယ်… ဒါပေမယ့် ဟုန်ကျီဟာ သာမန်ဘုန်းကြီးကျောင်းသားလေး မဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကြားက ခင်မင်မှုသံယောဇဉ်ဟာ ထင်သလောက် အဆင်မပြေခဲ့သလို… ရှောင်ပိုင် သူ့အစ်မကို ရှာတွေ့မှာလား နဂါးပြည်ကိုပြန်ခေါ်နိုင်မှာလား… ဒါမှမဟုတ် ဟုန်ကျီနဲ့ပဲ လူ့ပြည်မှာ အရိုးထုတ်သွားမလား… မိစ္ဆာနဲ့လူက တကယ်ပဲ နီးစပ်ခွင့်မရှိဘူးလားဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်တော့နော်…

Drama • Music
5.9 2022
Little Dragon Maiden
The American President
6.8

The American President (1995) ~ IMDb – 6.8/10, Rotten Tomatoes – 91% ~ အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။ ၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ချီးကျူးအခံရဆုံးပေါ့။ ဒါရိုက်တာ Rob Reiner ဆိုရင် ၁၉၈၄ ကနေ ၁၉၉၂ အထိ ၈ နှစ်အတွင်း ဆောင်သမျှအောင်တယ်လို့ပြောရလောက်အောင် အောင်မြင်တဲ့ ရုပ်ရှင် ၅ ကား ရိုက်ပြခဲ့တဲ့လူ။ သူ့အနေနဲ့ ဒီလိုတောက်ပနေတဲ့ကာလမှာ ဒီရုပ်ရှင်ကိုရိုက်တယ်။ နိုင်ငံရေးဇာတ်လမ်းတွေကို ပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တဲ့သူ့အတွက် ဒီရုပ်ရှင်က သူ့ရဲ့ The West Wing စီးရီးအတွက် အများကြီး လွှမ်းမိုးမှုရှိခဲ့တယ်။ ဒီရုပ်ရှင်မှာ အထူးတလှယ် ချီးကျူးခံခဲ့ရတဲ့သူတွေက Michael Douglas နဲ့ Anette Bening ပဲ။ သူတို့ ၂ ယောက်လုံးက Golden Globe မှာ အကောင်းဆုံး မင်းသားဆုကော မင်းသမီးဆုပါ ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ရံတွေအနေနဲ့လည်း Martin Sheen တို့ Michael J. Fox တို့ ပါတယ်ဆိုတော့ သရုပ်ဆောင်အပိုင်းက ကြည့်ရတာ အရသာရှိပါတယ်။ ဇာတ်လမ်းက‌ အမေရိကန်သမ္မတဖြစ်တဲ့ Andrew Shepherd က သက်တမ်းသစ်ရွေးကောက်ပွဲအတွက် မဲဆွယ်‌နေတဲ့ကာလကိုရောက်နေတယ်။ သူမဲနိုင်ဖို့အတွက် လွှတ်တော်ကို ဥပဒေမူကြမ်းတစ်ခုတင်သွင်းဖို့လိုတယ်။ ရွေးစရာ ၂ ခုက လက်နက်ကိုင်မှုလျှော့ချဖို့ ရာဇဝတ်မူကြမ်းနဲ့ သဘာဝပတ်ဝန်းကျင်အသင်း ဂျီဒီစီက တောင်းဆိုတဲ့ ရုပ်ကြွင်းလောင်စာအသုံးချမှု ၂၀% လျှော့ချရေး စွမ်းအင်မူကြမ်း။ အမေရိကန်လွှတ်တော်မှာ မူကြမ်းတစ်ခုအတည်ပြုခွင့်ရဖို့ဆိုရင် အမတ်တွေရဲ့ မဲလိုတယ်။ အဲဒီမှာ ဂျီဒီစီဘက်က နိုင်ငံရေးနည်းလမ်းနဲ့ဝင်ဖို့ ‌ဆစ်ဒနီကို ငှားတယ်။ သမ္မတနဲ့ ဆစ်ဒနီညှိရင်း စွမ်းအင်မူကြမ်းအတွက် ၂၄ မဲရှာနိုင်ရင် အိမ်ဖြူတော်ဘက်က မူကြမ်းတင်သွင်းပေးမယ်လို့ ညှိလို့ရသွားတယ်။ အဲဒီမှာ သမ္မတကြီးနဲ့ ဆစ်ဒနီ စတွေ့ဖြစ်ရင်း ချစ်ကြိုးလေးတွေသီတာပေါ့လေ။ နိုင်ငံရေးလောကက အချစ်ဇာတ်လမ်းဆိုတော့ သိပ်တော့လည်းမလွယ်ကူဘူး။ သမ္မတကလည်း သူ့ဇနီးကင်ဆာနဲ့ဆုံးသွားတော့ Single Father အဖြစ်နေနေတဲ့လူ။ သူ့အနေနဲ့ အချစ်ကိုတွေ့တော့ မအားလပ်တဲ့ကြားကနေ အလုံးစုံတိုင်ပတ်ခံပြီး နီးစပ်ဖို့ကြိုးစားခဲ့တာပေါ့လေ။ “If he wants to, he will” ဆိုသလိုပါပဲ။ အချစ်နဲ့တွေ့ရင် လူတိုင်းက‌ ဆယ်ကျော်သက်ဆိုတော့ သမ္မတကြီးကလည်း သူ့သမီးသူ မိန်းကလေးတွေဘာကြိုက်လဲမေးရတဲ့အခြေအနေပါရောက်သွားတယ်။ သေချာတာကတော့ ဒီရုပ်ရှင်ဟာ သက်လတ်ပိုင်းအချစ်ကို လှလှပပ ချပြရင်း နိုင်ငံရေးအရ အတုယူစရာတွေကိုပါ ထည့်ရိုက်ထားတဲ့ ဟောလိဝုဒ်ခေတ်ပြောင်းကာလရဲ့ ရုပ်ရှင်‌ကောင်းတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 685MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 54Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.8 1995
The American President
Just Pass
7.2

Just Pass 2024 နောက်ဆုံးတန်းသားတို့ပျော်စံရာ ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းမှာဆို အိမ်ကလည်း အမှတ်ကောင်းအောင်ဖိအားပေးသလို ကိုယ်တိုင်လည်း ရည်မှန်းချက်အလိုက် အနည်းနဲ့အများ အားထုတ်ရတာချည်းပါပဲ။ အဓိကကတော့ ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ အမှတ်တောင်းဆိုမှုတွေကြောင့်ပေါ့။ ဒီတစ်ခါရုပ်ရှင်လေးကတော့ ကျောင်းမှာဆို နောက်ဆုံးတန်းက အမှတ်ထွက်ရင်လည်း အောင်ရုံလေးဆိုတဲ့ Just Pass ကပ်အောင်ကျောင်းသားလေးတွေရဲ့ဘဝကို ရိုက်ကူးပြထားတာပါ။ အမျိုးသားဆုရှင်ကြီးဖြစ်ပြီး လေးစားခံရသူတစ်ယောက်ဖြစ်တဲ့ ဒါလာဗာယီတစ်ယောက် သူပင်စင်ယူပြီးချိန်မှာ ကောလိပ်တစ်ခုဖွင့်ဖို့လုပ်ပါတယ် ။ ဒါကတော့ ကျန်တဲ့တက္ကသိုလ်တွေမှာဆို အနှိမ်ခံရ နေရာမရရှာတဲ့ ကပ်အောင်သီးသန့် ကောလိပ်ကြီး တစ်နည်းပြောရရင်တော့ နောက်ဆုံးတန်းကကောင်လေးတို့ရဲ့နိဗ္ဗာန်ကြီးပေါ့။ အတန်းထဲမှာ ဗရုတ်အကျဆုံး ပေါက်ကရအလုပ်နိုင်ဆုံး အကဲဆုံး ဇော်ကျောင်းသားတွေချည်းဆုထားတဲ့ ဒီကောလိပ်ကြီးမှာ ဘယ်လိုဗရုတ်သုတ်ခတွေဖြစ်လာမလဲ။ ကပ်အောင်တွေဆိုတာ ဘာမှမဖြစ်ထွန်းဘူးဆိုတဲ့ လူတွေရဲ့အမြင်ကို ပြောင်းလဲပေးချင်တဲ့ ကျောင်းအုပ်ကြီးရဲ့ဆန္ဒကရော ဖြစ်မြောက်ပါ့မလား ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ Thura ~ KKKZ တို့ပဲဖြစ်ပါတယ်။)

7.2 2024
Just Pass
The Diary
5

စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုလ်ဂါနဲ့ဗစ်တာတို့ဟာလင်မယားအဖြစ်မှ ကွာရှင်းထားပြီးသမီးလေးဗဲရာကိုတစ်ပတ်တစ်ခါအလှည့်ကျ ကိုယ့်အိမ်မှာကိုယ်ခေါပြီးစောင့်ရှောက်ရပါတယ်။ ဗဲရာက ငယ်စဉ်ဘဝက စိတ်ဒဏ်ရာရနိုင်တဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ထားရတာကြောင့် မိခင်ဖြစ်သူအိုလ်ဂါကကားလို့စ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ပြခိုင်းထားတယ်။ အဲ့ဒီစိတ်ဒဏ်ရာကြောင့် အိုလ်ဂါဟာ တစ်သက်လုံးစုဆောင်းထားတဲ့ ပိုက်ဆံတွေကိုသုံးပြီး အခြားတစ်နေရာမှာအိမ်တစ်လုံးဝယ်လိုက်ပြီး သမီးဖြစ်သူနဲ့အတူနေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကိုသန့်ရှင်းရေး လုပ်ရင်းနဲ့ ထူးဆန်းတဲ့သေတ္တာတစ်လုံးတွေ့ခဲ့တယ်။ အရင်အိမ်ရှင်ဟောင်းတွေ ကျန်ခဲ့တယ်အထင်နဲ့ထားလိုက်ပေမယ့် စဝယ်တုန်းက ဒီနေရာမှာဘာမှမရှိဘူးဆိုတာတော့သူအသေအချာသိတယ်။ သေတ္တာထဲဖွင့်ကြည့်လိုက်တဲ့အခါ ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကိုရှာတွေ့တယ်။ စာအုပ်ထဲမှာ လူတွေကို ညှင်းပန်းနှိပ်စက်ပြီးရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကို အသေးစိတ်ရေးထားတာကိုတွေ့လိုက်တယ်။ ကြောက်လန့်ပြီး သေတ္တာကိုလွှင့်ပစ်လိုက်ပေမယ့် အိမ်ကိုပဲပြန်ရောက်နေတယ်။ အဲ့လိုနဲ့ ကားလို့စ်ကိုအကူအညီတောင်းပြီး ဖြေရှင်းကြတဲ့အခါမှာတော့…… File size…1.20GB / 630MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5 2024 82 mins
The Diary
The House La Casa
7

The House (2024) IMDb Rating (7.0) / Rotten Tomatoes (100%) စပိန်ရုပ်ရှင်ပါ။ သူ့နာမည်က မြန်မာလိုဆို အိမ်။ အိမ်ဆိုတာ နေရာတစ်ခုကို ရည်ညွှန်းတတ်တာလည်းရှိတယ်။ အိမ်ဆိုတာ ကိုယ့်အတွက် နွေးထွေးတဲ့ အခြေအနေတစ်ခုကို ရည်ညွှန်းတတ်တာလည်းရှိတယ်။ ဒီရုပ်ရှင်က အိမ်ဆိုတာကတော့ အဲဒီနှစ်ရပ်စလုံးကို ရည်ညွှန်းထားတဲ့ စကားလုံးပါပဲ။ ဒီရုပ်ရှင်မှာ သူတို့အိမ်ကိုတင်ဆက်သွားပုံက အိမ်မဟုတ်တော့တဲ့အိမ်ရဲ့ အိမ်ဖြစ်လာစေခြင်းကိုတင်ဆက်ပြီး အိမ်ဆိုတာကို သဘာဝကျကျနဲ့ လိုအပ်တာထက်လည်း ပိုမနွေးထွေး လိုအပ်တာထက်လည်း ပိုမအေးစက်ပဲ ရိုက်ပြသွားတဲ့ပုံစံပါပဲ။ မိသားစုတစ်စုရဲ့ ကနဦးအိမ်လေးတစ်အိမ်ရှိတယ်။ အဲဒီအိမ်လေးကနေ ကလေးတွေက အရွယ်ရောက်လာတာနဲ့အမျှ ထွက်သွားလိုက်ကြတာ နောက်ဆုံး အိမ်ရဲ့ပိုင်ရှင် အဘိုးကြီးအဘွားကြီးလင်မယားကပါ မြို့ပေါ်တက်နေပြီး အိမ်လေးဆီ ရံဖန်ရံခါပဲရောက်ဖြစ်တော့တဲ့အထိပဲ။ အဲဒီအိမ်ကို အဘိုးကြီးက ခဏခဏရောက်ဖြစ်ပေမဲ့ ကျန်တဲ့လူတွေကတော့ မလာဖြစ်သလောက်ပဲ မိဘတွေဆီလည်း မလာခဲ့ကြဘူး။ အဘွားကြီးသေသွားပြီးတဲ့နောက် အဘိုးကြီးက အဲဒီအိမ်မှာ ခဏခဏသွားနေခဲ့တယ်။ ဒီဇာတ်လမ်းကတော့ အဘိုးကြီးသေတဲ့အချိန်ကနေ စပြထားတယ်။ သူသေတော့ သူ့သားသမီးတွေက သူ့အိမ်ကိုရောင်းဖို့ အဲဒီအိမ်အိုဟောင်းကိုလာပြီး ဆုံဖြစ်ကြရာကနေ သွေးအေးသွားတဲ့မိသားစုတွေရဲ့အမှတ်တရတွေကို အိမ်အဟောင်းက နွေးစေခဲ့ပုံကို ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့ အတင်းကြီးလုပ်ယူပြီး ပြထားတာမဟုတ်လို့ ကျွန်တော်တို့ဘဝတွေကိုပြန်မြင်နေရတဲ့အတိုင်း ကြည့်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.3 GB) / (610 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:17:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

7 2024 81 mins
The House La Casa
Coffee With A Killer

Coffee with A Killer (2025) “လူသတ်သမားနဲ့ အတူသောက်မိတဲ့ ကော်ဖီတစ်ခွက်” ကော်ဖီဆိုင်ဆိုတာ လူမျိုးစုံက အကြောင်းပေါင်းစုံနဲ့ လာတတ်တဲ့နေရာမျိုးပါ။ ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ရင်း လူတွေအကြောင်းလေ့လာကြည့်မယ်ဆိုရင် ဇာတ်လမ်းပေါင်းစုံကို တစ်နေရာတည်းမှာ တွေ့ရတတ်ပါတယ်။ ဒီလိုပါပဲ… ဒီဇာတ်လမ်းကလည်း ကော်ဖီဆိုင်တစ်ဆိုင်ကို အခြေခံပြီး ဇာတ်ကောင်မျိုးစုံကို ဖန်တီးထားမို့ ကြည့်နေကျပုံစံနဲ့ နည်းနည်းကွဲပြားနေမှာတော့ အမှန်ပဲ။ ‌ဇာတ်လမ်းထဲက ကော်ဖီဆိုင်မှာတော့ မန်နေဂျာဖြစ်သူက မြာပွေပြီး တစ်ချိန်လုံး ဖုန်းနဲ့ကြူနေတဲ့သူပေါ့။ ကော်ဖီဆိုင်တွေရဲ့ထုံးစံအတိုင်း စုံတွဲတွေ၊ အလုပ်ကိစ္စရှိသူတွေအပါအ၀င် လူပေါင်းစုံ လာနေတဲ့ထဲမှာ ထူးခြားတဲ့သူတစ်ယောက် ပါလာပါတယ်။ အဲဒါကတော့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။ ဘယ်သူကမှတော့ လူသတ်သမားတစ်ယောက်နဲ့ တစ်ဆိုင်တည်း ကော်ဖီထိုင်သောက်ရမယ်လို့ တွေးကြည့်ဖူးမယ်တောင် မထင်ပါဘူး။ ပိုဆိုးတာက အဲဒီလူသတ်သမားဟာ ကော်ဖီဆိုင်ကို လူသတ်ဖို့ရောက်လာတဲ့ အဖြစ်ပါပဲ။ သူသတ်ရမဲ့သူဟာ ကော်ဖီဆိုင်ထဲမှာ ရှိနေပါတယ်။ အဲဒီလိုနဲ့ သူသတ်ရမဲ့သူက ဘယ်သူဖြစ်နေမလဲ၊ လူသတ်သမားရောက်နေတဲ့ ကော်ဖီဆိုင်က ဇာတ်လမ်းပေါင်းစုံကြားမှာ ဘယ်လိုဇာတ်ရှုပ်တွေ ဖြစ်လာဦးမလဲဆိုတာဟာသလေးတွေပါနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Animation • Comedy • Family • Mystery
0 2025
Coffee With A Killer
Vanvaas
5.7

Vanvaas (2024) အတိတ်နှင့်ပစ္စုပ္ပန် IMDb 6.7/10 မိသားစုဒရမ်မာ ကြိုက်နှစ်သက်သူတိုအတွက် ဟင်ဒီဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကလေးသုံးယောက်နဲ့ မြေးတွေနဲ့ ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရမယ့် အရွယ် ရောက်ရှိလို‌ နေပြီဖြစ်ဝာဲ့သူက စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ မှတ်ဉာဏ်တွေရောထွေးလိုက် မေ့ပျောက်လိုက် ဖြစ်နေခြင်းရယ်ပါ။ သူ့ဇနီးသည်နဲ့သူ အခုမှ ချစ်စကြင်နာစအရွယ်ရောက်လိုက်၊ ကလေးတွေ ဆယ်နှစ်တောင်မပြည့်သေးတဲ့အရွယ်ရောက်သွားလိုက်၊ ပစ္စုပ္ပန်ကာလကိုရောက်ရှိလာလိုက်နဲ့ သူ့မှတ်ဥာဏ်‌တွေဟာ ရော‌ထွေးနေပါတယ်။ သူဘာလုပ်နေတယ်၊ မနေ့ကဘာလုပ်ခဲ့တယ်၊ အခုလေးတင် ဘယ်ပစ္စည်းကို ဘယ်မှာထားခဲ့တယ်‌ဆိုတာကို မေ့ပျောက်လိုက်နဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းကိုလည်းရင်ဆိုင်နေရပါတော့တယ်။ တစ်နေ့ သူတိုတစ်မိသားစုလုံး ဂင်္ဂါမြစ်ဘေးက ဘုရားပွဲတစ်ခုကို ခရီးတိုလေးထွက်ဖို စီစဉ်ကြပါတယ်။ တစ်နိုင်ငံလုံးက ခရီးသွားတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပါ စည်ကားနေတဲ့နေရာမို သွားလာ လည်ပတ်ရင်း သူနဲ့ကလေးတွေနဲ့ လူစုကွဲသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကလေးတွေ ငယ်ရွယ်စဉ်ကလည်း ပွဲဈေးတစ်ခုမှာ လူစုကွဲ ပျောက်သွားလို သူတိုလင်မယားနှစ်ယောက် ခေါင်းမီးတောက် ရှာဖွေခဲ့ရဖူးတာပါ။ သူ့အနေနဲ့ဒီမှတ်ဉာဏ်နှစ်ခုရောထွေးလို သူ့ကလေးငယ်လေးတွေကို ရှာဖွေနေသေးတယ်အမှတ်နဲ့ လိုက်လံမေးမြန်းနေပါတော့တယ်။ သူ့ကလေးတွေကို သူပြန်ရှာတွေ့ပါ့မလား၊ သူ့မှတ်ဉာဏ်ပြဿနာနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို အိန္ဒိယရိုးရာဓလေ့လေးတွေနဲ့အတူ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးမှုကိုပါ ကြည်နူးစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ။

5.7 2024 160 mins
Vanvaas
Pattth

Pattth 2025 သံစဉ်ရှာပုံတော် ဒီဇာတ်ကားက နည်းနည်းတော့ထူးခြားပါတယ် ပုံမှန်လို အချစ် အလွမ်း အကြမ်းတွေမဟုတ်ဘဲ သီချင်းလေးတစ်ပုဒ်ကိုအကြောင်းပြုပြီး သက္ကတခေတ်တွေအထိပါ ရှာပုံတော်ပတ်ဖွင့်သွားရတဲ့အထိ လူတွေစိတ်ဝင်စားခဲ့ကြတာပါ အဓိကအားဖြင့်တော့ ဂီတ မှတ်ဉာဏ်နဲ့ လူသားချင်း ဆက်သွယ်မှု တွေကို စူးစမ်းရှာဖွေတဲ့ ဒရာမာဇာတ်ကားပဲဖြစ်ပါတယ် အူနီလိုခေါ်တဲ့ ကြိုးစားရုန်းကန်ရင်း ဘဝကိုဖြတ်သန်းနေတဲ့ ရုပ်ရှင်တည်းဖြတ်သူတစ်ယောက်က ခရီးသွား vlog တစ်ခုကို တည်းဖြတ်နေတုန်း ကန်ယာမျိုးနွယ်စုဝင်တွေ သီဆိုထားတဲ့ ရိုးရာသီချင်းတစ်ပုဒ် ကို တွေ့ရှိခဲ့ပါတယ် အူနီရဲ့ အဘွားက အဲဒီသီချင်းကိုကြားတဲ့အခါ အတူတူလိုက်ဆိုပြီး ဒီသီချင်းအကြောင်းကို သိတယ်လို ပြောလာပါတယ် အွန်နီနဲ့ သူ့ချစ်သူတိုက ဒီသီချင်းရဲ့ ဇာစ်မြစ်ကို စိတ်ဝင်စားသွားပြီး သူတိုအဘွားဆိုပြတဲ့သီချင်းကို ဆိုရှယ်မီဒီယာမှာ ဘာရယ်မဟုတ်ဘဲ တင်လိုက်မိပါတယ် ဒီလိုနဲ့ Comment တွေကနေ ဒီသီချင်းကို သိတဲ့သူတွေ တစ်စတစ်စ ပေါ်ထွက်လာပြီး အများကြီးရှိတယ်ဆိုတာ သိလာရတဲ့အခါ သူတိုနှစ်ယောက်က ဒီသီချင်းရဲ့ မူလဇာစ်မြစ်ကို ရှာဖွေဖို မှတ်တမ်းရုပ်ရှင်တစ်ကားရိုက်ဖို ခရီးစထွက်လာပါတော့တယ် ခရီးတစ်လျှောက် တွေ့ဆုံရတဲ့ လူသစ်တွေကို မေးမြန်းခန်းနဲ့ဒီသီချင်းရဲ့ လျှိဝှက်ချက်တွေက ပိုပိုပြီးနက်ရှိင်းလာတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်ရှူလိုက်ကြပါဦးရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Cym ~ Alex ~ KKKZ တိုပဲဖြစ်ပါတယ် )

Drama
0 2024
Pattth