YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Batman.Unlimited.Animal.Instincts.2015.720p.BluRay {CM}.mp4

551.89 MB N/A video/mp4 143 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Three Months

Three months Coming of age ရုပ်ရှင်လေးပါ။ Caleb ဟာ ဆယ်ကျော်သက်အရွယ်ဂေး တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ပုံစံကြောင့် သူငယ်ချင်းတစ်ယောက်ကလွဲရင် အပေါင်းအသင်းမရှိပါဘူး။အထက်တန်းကျောင်းပြီးခါနီးမှာပဲ သူနဲ့တူတူနေမိတဲ့ သူစိမ်းတစ်ယောက်ဟာ HIV ရှိနေမှန်းသိလိုက်ရပါတယ်။ သူ့ဆီမှာလည်း ပိုးရှိမရှိကို‌ ဆေးစစ်ချက်အဖြေသိဖို့ သုံးလစောင့်ဆိုင်းရင်း တွေ့ကြုံရတဲ့ အချစ်ရေး၊သူငယ်ချင်းကြား သံယောစဉ်၊မိသားစုပြဿနာ တွေကိုပြသထားပါတယ်။ ဇာတ်လမ်း setting ထူးဆန်းစွာ 2011မှာတည်ထားပါတယ်။ Homosexuality ကိစ္စတွေ HIV ကူးစက်ခံသူတွေရဲ့ဘ၀တွေအပြင် မလွယ်ကူတဲ့ဆယ်ကျော်သက်ဘ၀ကို ပွင့်ပွင့်လင်းလင်းပြထားပါတယ်။ နာမည်ကျော်အဆိုတော် YouTuberလေး Troye Sivanက အဓိကနေရာကနေ ပါ၀င်ထားပြီး Judy Greer,Viveik Kalra တို့လည်းပါ၀င်ထားပါတယ်။ File size…(1.69 GB)/(720.39 MB)/(419.22 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Adventure • Family • Fantasy
0 2022 24 mins
Three Months
Moonlight Shadow
6.1

J drama fan အများစုသိကြတဲ့ မင်းသမီးလေး Nana Komatsuနဲ့ မင်းသား Hio Miyazawaတို့သရုပ်ဆောင်ထားတဲ့Psycho-Cinematography film ရုပ်ရှင်ဖြစ်ပါတယ်။ အတိတ်ကိုမစွန့်လွှတ်နိုင်ဘဲနစ်မွန်းနေပြီး လက်ရှိအခြေအနေကို လက်မခံနိုင် ရှေ့မဆက်နိုင်ဖြစ်တတ်တဲ့လူ့စိတ်ကို လှစ်ဟပြထားတဲ့ရုပ်ရှင်တစ်ကားပါ။ ဂျပန်လူမျိုးတို့ရဲ့ တနဘတပွဲတော်ကို အနည်းငယ်မှီငြမ်းပြီးဖန်တီးထားတဲ့ Banana Yoshimotoရဲ့Short storyကို ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးထားတဲ့ဇာတ်ကားပါ။ "လရိပ်ဖြစ်စဉ်"ဆိုတာကတော့ "အကြောင်းအရာတွေအားလုံးတိုက်ဆိုင်မှုရှိတဲ့အခါ လပြည့်ပြီးနောက်နေ့မနက်မှာ သေသူတွေနဲ့ပြန်လည်ဆုံတွေ့နိုင်တယ်"ဆိုတဲ့ သိပ်ကိုရှားပါးတဲ့ miracleတစ်ခုလို့ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညနေခင်းတစ်ခုမှာ စဆုကိတစ်ယောက် မြစ်ကမ်းဘေးမှာလမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူ့ကြောင်လေးလည်ပင်းမှာဆွဲပေးထားတဲ့ ချူလုံးလေးပျောက်သွားလို့ အနားကကိုင်းပင်တွေထဲမှာ ရှာနေချိန်မှာပဲ နောက်ဘက်က ဓာတ်မီးရောင်ကြောင့် လှည့်ကြည့်လိုက်ပါတယ်။ သူပျောက်နေတဲ့ချူလုံးလေးကတော့ ဟိတိုရှိလက်ထဲမှာပါ။ တိုက်ဆိုင်မှုတစ်ခုနဲ့စတင်ဆုံတွေ့ခဲ့တဲ့သူတို့နှစ်ယောက်က မြင်မြင်ချင်း ချစ်သွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကသိပ်ကိုအဆင်ပြေနေခဲ့ပါတယ်။ ဟိတိုရှိက သူ့ရဲ့ညီဖြစ်သူ "ဟိအိရဂိ"နဲ့စဆုကိတို့ဆုံဖို့အတွက် ခေါ်သွားပေးခဲ့ပါတယ်။ အတူထမင်းစားကြရင်းနဲ့ ဟိအိရဂိရဲ့ရည်းစား"ယုမိကို"က လရိပ်ဖြစ်စဉ် အကြောင်းကို ပြောပြခဲ့ပေမဲ့ သူအတွေ့ချင်ဆုံးဖြစ်တဲ့သူ့ချစ်သူက ဘေးမှာရှိခဲ့တဲ့အတွက် မလိုအပ်ဘူးလို့ပြောခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်က အခန်းငှားဖို့အတွက်သွားကြည့်ပြီးနောက် တံတားတစ်ခုပေါ်မှာ နှုတ်ဆက်စကားပြောပြီးအိမ်ကိုပြန်ခဲ့ကြပါတယ်။ ညသန်းခေါင်ရောက်တော့ စဆုကိဆီကိုဖုန်းဝင်လာခဲ့ပါပြီ။ ဟိတိုရှိနဲ့ ယုမိကိုတို့နှစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး ဆုံးသွားတဲ့သတင်းပါပဲ။ အဆင်ပြေနေတဲ့အခြေအနေကနေ ခုလိုခွဲခွာရတာကို စဆုကိတစ်ယောက် ဘယ်လိုမှလက်မခံနိုင်ခဲ့ပါဘူး။ တံတားပေါ်မှာတုန်းကသာ ငါသူ့ကိုတားခဲ့လိုက်ရင်ဆိုပြီး အပြစ်ရှိတဲ့စိတ်နဲ့ အိပ်မက်ဆိုးတွေညတိုင်းမက်တဲ့အနေအထားရောက်လာပါတယ်။ အတိတ်မှာပဲ နစ်မွန်းနေပြီး ချစ်သူကိုမစွန့်လွှတ်နိုင်တဲ့စဆုကိက "လရိပ်ဖြစ်စဉ်"အကြောင်းကိုသတိရသွားခဲ့ပါတယ်။ "လရိပ်ဖြစ်စဉ်"အတိုင်းလုပ်နိုင်ခဲ့ရင် ချစ်သူတွေကိုပြန်တွေ့ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့လိုက်ပြီးစုံစမ်းကြပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (800MB) Quality__1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:30:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama • Mystery • Thriller
6.1 2021 92 mins
Moonlight Shadow
Sicario
7.6

Genre – Action, Crime, Drama IMDB – 7.6/10 ၂၀၁၅ ခုနှစ်တုန်းက အလန်းစားရုပ်ရှင်တွေထဲက တစ်ကားဆို ငြင်းရမယ် မထင်ဘူးဗျာ… သေသပ်လှပတဲ့ ရိုက်ကွက်၊ ပံ့ပိုးပေး ထားတဲ့ နောက်ခံတီးလုံးက စိတ်လှုပ်ရှားစရာ၊ မထင်ထားတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကောင်ဖွဲ့စည်းပုံတွေကြောင့် ပိုမိုက်တဲ့အက်ရှင် ကားကောင်း ဖြစ်သွားခဲ့ရတယ်။ အက်ရှင်ဇာတ်ကားက ကောင်းဆို ရိုက်ထားတဲ့ ဒါရိုက်တာကြီးက Blade Runner တို့ Dune တို့ Arrival တို့ ရိုက်ထားတဲ့ Denis Villeneuve ပေါ့ သူ့ စတိုင်အတိုင်း ခပ်အေးအေးနဲ့ သံစဉ်တွေ အမြင်တွေနဲ့ ဖော်ကျူးထားတယ်။ သရုပ်ဆောင်တွေကလည်း လူတိုင်းသိကြတဲ့ လက်ဖျောက်တီး Thanos ကြီး Josh Brolin ရယ် အမြဲမှုန်ကုပ်ကုပ်နဲ့ သရုပ်ဆောင် လေ့ရှိတဲ့ Benecio Del Toro ရယ် Quiet Place တို့ တွမ်ခရုနဲ့ ရှယ်ကြမ်းထားတဲ့ Edge of Tomorrow ထဲက Emily Blunt တို့က ရှယ်သရုပ်ဆောင်ပေးထားသေးတာ။ နောက်ပြီး ၂၀၁၆ ခုနှစ် အော်စကာမှာလည်း ရိုက်ချက်ဆု၊ အသံတည်းဖြတ်ဆုနဲ့ နောက်ခံ တေးဂီတဆုတို့က မရခဲ့ပေမဲ့ စကာတင် ဝင်ခဲ့သေးတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အက်ဖ်ဘီအိုင်က စာအုပ်ကြီးအတိုင်း လုပ်နေကြ အေးဂျင့်ကိတ် တစ်ယောက် တစ်ရက်မှာ ပြန်ပေးဆွဲသတင်းရလို့ အိမ်တစ်အိမ် ဝင်စီးရာကနေ လူသေလောင်းပေါင်းများစွာနဲ့ မက်ဆီကို မူးယစ် ဂိုဏ်းကိစ္စတွေဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဒီလို ငယ်ရွယ်ပြီး အတွေ့အကြုံရှိတဲ့အေးဂျင့်ကို တရားရေးရာအကြံပေး ဆိုတဲ့ ဘဲကြီးမက်ဆိုတဲ့လူက သဘောကျပြီး သူတို့အသစ်ဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့ထဲ ဝင်မလားပေါ့ ဒီနေ့ ဒီလူသေအလောင်းတွေအား လုံးရဲ့ လက်သည်တာဝန်ရှိတဲ့လူကို လိုက်ရှာမှာ မင်း စိတ်မပါဘူး လားဆိုတော့ ကိတ်တစ်ယောက် လိုက်ပါသွားခဲ့တယ်။ ဒီလိုသွားတဲ့ အချိန်မှာ စပိန်စကားလည်းရပြီး လူတွေကို မှုန်ကုပ်ကုပ်ကြည့်ပြီး အိပ်ရေးမဝတဲ့ ထူးဆန်းတဲ့ ဘဲကြီးတစ်ပွေကလည်း ပါလာပြန် သေးတယ်။ အဲဒါနဲ့ ညွန့်ပေါင်းအဖွဲ့ စတင်ပြီး မက်ဆီကို မူးယစ်ဂိုဏ်း စစ်ဆင်ရေးတွေ လုပ်ကြတဲ့အခါမှာတော့ ကိတ်အတွက်က မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလိုတွေ ဖြစ်ခဲ့ရတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေကြ ကိတ်နဲ့ ဒီအဖွဲ့အစည်းရဲ့ သမားရိုးကျမဟုတ်တဲ့နည်းတွေ အံ့သြစရာတွေ နောက်ကွယ်က တကယ့်လျှို့ဝှက်ချက်တွေကို ကိတ် သိလိုက်ရတဲ့ခါမှာတော့….။ အဖွဲ့ခေါင်းဆောင်နေရာ ဂွတီးဂွကျနဲ့ ဆော်စရာရှိလည်း အသေဆော်ပြီး ကြမ်းပြတဲ့ Brolin ရော မှုန်ကုပ်ကုပ်နဲ့ တစ်ကားလုံး လုပ်စရာရှိတာကို သွေးအေးအေးနဲ့ လုပ်ပြသွားတဲ့ Del Toro ရယ် လူသစ်လေးနေရာကနေ ဘာမှန်း တစ်လုံးတစ်လေမှ မသိရပဲ နောက်ကနေ အူကြောင်ကြောင်နဲ့ စိတ်အလိုမကျမှုတွေနဲ့ အေးဂျင့် Blunt ကလည်း အကြမ်း။ တစ်ကားလုံး သူ့နေရာကနေ ဝင်ခံစားကြည့်လိုက်ပါ ရင်တစ်ထိတ်ထိတ်နဲ့ ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိပဲ ဟိုဘဲကြီးနှစ်ပွေနောက် လိုက်နေရတဲ့ ဖီးလ်က သည်းထိတ်ရင်ဖိုကားဆန်ဆန်နဲ့ ပရိုကျကျ ဖြုတ်ကျတာတွေကို ခံစားရမှာပါ။ သာမန်အက်ရှင်ကြည့်နေကြလူတွေအတွက်တော့ နည်းနည်းအသွားအလာလေးပြီး ပျင်းသလို ဖြစ်နိုင်ပါတယ် ဒါပေမဲ့ ပြီးအောင်သာဆက်ကြည့်ကြပါ တကယ်ကောင်းတဲ့ ရုပ်ရှင်တစ်ကားမို့ လက်မလွှတ်စေချင်ပါဘူး။ File size…3.71GB / 1.45GB / 550MB Quality… Blu-Ray 4K HEVC / 1080p / 720p Format…mp4 Duration….2h 1m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Thriller
7.6 2015
Sicario
Dude, Where’s My Car?
5.5

Dude, Where’s My Car? (2000) ====================== အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ “ဂျက်စီနဲ့ ချက်စတာ” ဆိုတာပါပဲ။ ၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.9 GB) / (924 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Mystery, Sci-Fi Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

Drama • Adventure • Fantasy
5.5 2000 83 mins
Dude, Where’s My Car?
Wilderness Mystery Case
6

ကုမ္ပဏီသူဌေးတစ်ယောက်နဲ့ ဝန်ထမ်း(၇)ယောက်ဟာ ကုမ္ပဏီပျော်ပွဲရွှင်ပွဲအနေနဲ့ မြို့ပြင်မှာ စခန်းချပျော်ပွဲစားထွက်ကြတယ်။ နောက်နေ့မနက်နိုးလာတော့ ကုမ္ပဏီသူဌေးဟာ ချောက်ကမ်းပါးကပြုတ်ကျပြီးသေနေတာတွေ့ရပါတယ်။ သူ့ရဲ့နောက်ကျောမှာ ဖိနပ်ရာတစ်ခုရှိပြီး မှုခင်းနေရာမှာ သူတို့အားလုံးရဲ့ခြေရာတွေကိုတွေ့ရတဲ့အတွက် တရားခံဘယ်သူဖြစ်မလဲဆိုတာဝေခွဲရခက်နေပါတယ်။ ဒီလိုနဲ့ အမှုကိုစစ်ဆေးရင် သူတို့ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရောင်းစားတာကိုရှာတွေ့သွားပါတယ်။ အချက်အလက်တွေကိုတရားမဝင်ရောင်းစားတဲ့တရားခံကဘယ်သူဖြစ်မလဲ…… လူသတ်တရားခံအစစ်ကရောဘယ်သူဖြစ်မလဲ…… လည်လွန်းတဲ့ဘီး ချီးသင့်ဆိုတဲ့စကားအတိုင်းပဲ အကွက်တွေရွှေ့ရင်း ကိုယ်တိုင်ထောင်ချောက်ထဲကျရတဲ့အဖြစ်မျိုးပေါ်လာတဲ့အပြင် နောက်ဆုံးလူသတ်တရားခံကလဲ မထင်မှတ်ထားတဲ့သူတစ်ယောက်ကဖြစ်နေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်မဆိုးဘူးလို့ပြောလို့ရမယ့် ရဲဘက်စုံထောက်မှုခင်းကားလေးပဲဖြစ်ပါတယ်။

Drama
6 2023
Wilderness Mystery Case
Tainted Love
6

ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့ မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး Zhang Yu , Zhang Youhao နဲ့ Meng li တို့လို သရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့ အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။ 2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုက မှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြို့ကြီးပြကြီးက အမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြား ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။ ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်က သူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့…. သူတို့ကိုလိမ်တဲ့သူတွေနဲ့‌ပြန်တွေ့မလား … ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ

Horror • Thriller • Science Fiction
6 2023
Tainted Love
Argylle

Kingsmen ဒါရိုက်တာ Matthew Vaughn ရဲ့ လက်ရာအသစ် အက်ရှင် သရေလာ ကားပါ။ ကင်းမန်းစတိုင် ဖိုက်တင်ခန်း ကောင်းကောင်းတွေနဲ့ စပိုင်ဇာတ်လမ်းရိုက်ကူးထားတာပါပဲ။ စူပါမန်းမင်းသား Henry Cavill၊ John Cena နဲ့ Dua Lipa တို့ကတော့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ အဓိက မင်းသမီးကတော့ Bryce Dallas Howard ပါပဲ။ ဇာတ်လမ်းအကျဉ်း အယ်လီကွန်ဝေးဆိုတဲ့ စာရေးဆရာမ တစ်ယောက်ဟာ ၅ နှစ်အတွင်း ရောင်းအကောင်းဆုံး ကမ္ဘာကျော် စပိုင် ဝတ္ထု ၄ အုပ်ကို ထုတ်ဝေခဲ့တဲ့သူပါ။ ၅ အုပ်မြောက်စာအုပ်ကို အဆုံးသတ်ပြီး စာမူကြမ်းထွက်တဲ့အချိန်မှာပဲ သူ့ကို လုပ်ကြံမဲ့ အေးဂျင့်တွေ စပိုင်တွေ၊ သူ့ကိုကယ်မဲ့ စပိုင်တွေ တကယ်တွေ့လာရပြီး သူ့စာအုပ်တွေထဲက အဖြစ်တွေက အပြင်မှာပါ တကယ်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ကြောက်စရာကောင်းတဲ့ လျို့ဝှက်အဖွဲ့ကြီးနဲ့ အေးဂျင့်တွေက သူ့ကို ဘာလို့ အသည်းအသန်လိုချင်နေတာလဲဆိုတာကို တဖြည်းဖြည်းနဲ့ သူကိုယ်တိုင်သိလာရပြီး အသက်ရှင်ဖို့အတွက် ရုန်းကန်ရပါတော့တယ်။ www.cmapp.tv မှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…(2.45GB)/(1.3GB) Quality….Webrip 1080p\720p Format…mp4 Duration….02:19:00 Genre…Action, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

0 2024
Argylle
Sarfira
7.9

Sarfira 2024 အိပ်မက်များနဲ့ကျွန်တော် IMDb -7.9/10 မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့ အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။ အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊ လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။ သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။ ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊ သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့ ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama • Romance • Fantasy • Horror
7.9 2024 155 mins
Sarfira
Kadha Innuvare
7.3

Kadha Innuvare (2024) “အချစ်နောက်လိုက်ခြင်း” ရိုးရိုးစင်းစင်း မလေယာလမ် ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တို့ ရင်အေးစေဖို့ တင်ဆက်လိုက်ပါတယ် ဒီဇာတ်လမ်းမှာဆိုရင် မတူညီတဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို စတိုင်တစ်မျိုးနဲ့ တင်ဆက်ထားတာကို ကြည့်ရမှာပါ ရာမာချန်ဒရန်က သက်လတ်ပိုင်း ရုံးလုလင်တစ်ယောက်ဖြစ်ပြီး တစ်သက်လုံးလူပျိုလုပ်လာခဲ့ပြီးမှ ရုံးကိုအသစ်ရောက်လာတဲ့ အထက်အရာရှိအမျိုးသမီးကို ချစ်မိသွားတဲ့လူ ဂျိုးဆပ်ဆိုတာက နိုင်ငံရေးသမားတစ်ယောက်ရဲ့ တပည့်ဖြစ်သူ၊ အကြမ်းနည်းသုံးပြီး ပြဿနာတစ်ခုကို ဖြေရှင်းရင်း ဆတ်ဆတ်ကြဲရန်တွေ့တတ်တဲ့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားခဲ့တယ် နောက်ပြီး ဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်က သူ့ထက်သာတဲ့ ကျောင်းသူကောင်မလေးရဲ့ အချစ်ကို ရဖို့ကြိုးစားပုံနဲ့ အရက်ဆိုင်မှာအလုပ်လုပ်ပြီး ရွှေကြာမလေးတစ်ယောက်ကိုမှ သဘောကျသွားတဲ့ ရိုးသားတဲ့ဖိုးသခွားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.3 2024 129 mins
Kadha Innuvare
Buddha: The Great Departure
6.2

IMDb 6.3ထိရထားတဲ့ ဒီဇာတ်ကားလေးဟာ ဂျပန်Anime movie versionဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ် မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့် ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ် ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီး စိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့် ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါ ဂျပန်Animeတို့ရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ် ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ် ဗုဒ္ဓစာပေလာနာမည်များကိုကူညီပြောပြပေးသော ကို Zaw Lynn Htoon ခေါ် ကိုမင်းကံစီအားအထူးကျေးဇူးတင်ရှိပါသည် File Size : 2.1 GB, 981 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Animation, Adventure, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr.Nyan Encode by : Thit San Khant

6.2 2011 111 mins
Buddha: The Great Departure
Chungking Express
8.1

Chungking Express (1994) IMDb Rating (7.9) / Rotten Tomatoes (89%) ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။ “ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။” – ဝမ်ကာဝေ ဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။ ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။ Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။ “California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ” ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။ California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။ ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။ အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။ သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။ Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊ လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။ Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။ ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊ ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။ “ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ” “ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။” “ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arkar Phyo မှ တင်ဆက်ထားပါတယ်။)

8.1 1994 103 mins
Chungking Express
C4 Cinta
6.2

C 4 Cinta 2025 ရွာလည်တဲ့ဖူးစာ ဒီနေ့မှာ တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ ဒရာမာတွေအချိုးအကွေ့တွေကြားက သူငယ်ချင်းလေးယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဖော်ပြထားတဲ့ မလေးဒရာမာလေးပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း လူငယ်တွေကြားက အချစ်ဇာတ်လမ်းဖြစ်လို့ dramatic ဖြစ်သလို ဟာသတွေလည်းပါ အလွမ်းအဆွေးလည်းပါတဲ့ ရသစုံလင် romanceဇာတ်လမ်းလေးပေါ့။ ဟာရီနဲ့ဆိုနီယာတို့က သိပ်ချစ်ကြပေမဲ့ အယူသီးလွန်းတဲ့ဆိုနီယာအမေက ပြဿနာဖြစ်နေပါတယ်။ လက်ထပ်ပွဲအတွက်လေးပတ်ပဲလိုတော့တာတောင် ဇာတာမစစ်ရရင် လုံးဝသဘောမတူနိုင်တဲ့ယောက္ခမကြီးက အခုလည်း မော်လဒိုက်ဟန်းနီးမွန်းခရီးစဉ်အထိ ဝင်ပါပြီး ကန့်လန့်တိုက်နေသလိုဖြစ်နေပြန်တာပေါ့။ အယူ‌သီး တယူသန်တာကတစ်ဖက်၊ အရာရာ သူ့အမေအလိုကိုလိုက်နေတဲ့ဟာရီကို စိတ်ကုန်စပြုလာတဲ့ဆိုနီယာကတစ်ဖက်နဲ့ လက်ထပ်ခါနီးမှ စကားတွေများနေရင်း ဟာရီက မြေစာပင်ဖြစ်နေတာပေါ့။ တစ်ဖက်က ရူပီနီနဲ့ သာမီဇ်ကလည်း သာမီဇ်က အဖေနဲ့တွေ့စေချင် ရူပီနီကမတွေ့ချင် ဒီလိုနဲ့ ဒီနှစ်တွဲလည်းပြဿနာတွေထပ်ဖြစ်ကြပြီး အသည်းတွေထပ်ကွဲကြပြန်တာပေါ့။ ဒီမှာတော့ အသည်းကွဲနေတဲ့ရူပီနီက ဆိုနီယာကို ဟာရီဘက်ကိုလည်းကြည့်ပေးဖို့ ဟာရီရဲ့လေးစားမှုကိုအသိအမှတ်ပြုဖို့ ဖျောင့်ဖျရင်း အဆင်ပြေသရောင်ရောင်ဖြစ်သွားပါတယ်။ ဒီလိုနဲ့ ဟာရီနဲ့ဆိုနီယာတို့ ဖိတ်စာဝေဖို့သွားရင်း လမ်းမှာ ဟန်းနီးမွန်းအကြောင်း စကားစရာက ကတောက်ကဆဖြစ်ကြပြီး ယာဉ်မတော်တဆဖြစ်သွားတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှပဲဖြစ်ပါတယ်)

Thriller • Horror • Action
6.2 2025
C4 Cinta
Jin-Roh: The Wolf Brigade

ဒီနေ့မှာတော့ IMDb rating 7.3 ရရှိထားတဲ့ American release anime film လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Political thriller အမျိုးအစားဖြစ်တဲ့ “Jin-Roh: The Wolf Brigade” anime ထဲမှာဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံရဲ့ အခြားတစ်ဖက်မှာ ဖြစ်ပေါ်နေတဲ့ လူမှုရေးမငြိမ်မသက်မှုတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြောင်း သည်းထိတ်ရင်ဖိုကြည့်ရှူခံစားရမှာဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Kazuki Fuse ဟာဆိုရင် မြို့တော်ရဲအဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ့ရှေ့မှာ မိန်းကလေးငယ်တစ်ဦး ဗုံးဖောက်ခွဲတာကို မျက်မြင်တွေ့ ရှိခဲ့ရပြီးနောက် စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ Fuse နဲ့ အဲ့မိန်းကလေးရဲ့အစ်မနဲ့ ပြန်တွေ့ပြီး ဘာတွေဆက်ဖြစ်ကြမှာလဲ။ Wolf Brigade ကရော ဘယ်လိုအဖွဲ့အစည်းလဲ အစရှိတာတွေကို ဒီ anime ထဲမှာ ဆက်လက်‌ကြည့်ရှုခံစားနိုင်ပါတယ်။ အန်နီမေးရှင်းလက်ရာကလည်း အမိုက်စားမို့ သည်းထိတ်ရင်ဖို anime film ကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် အကြည့်သင့်ဆုံးလက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.3 GB) / (772 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Romance Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Theint Waddy Lynn

Action • History • Drama • War
0 1999
Jin-Roh: The Wolf Brigade
An American Tail
6.9

An American Tail 1986 1986 မှာထွက်ရှိခဲ့ပြီး IMDB 6.9 ရထားတဲ့ Animation ကားကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ Don Bluthဖြစ်ပြီး CMကာတွန်းချစ်သူတွေကြား လူသိများတဲ့ Land before Time ရဲ့ဒါရိုက်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Disney ရဲ့နာမည်ကျော် Animation ဖြစ်တဲ့ Winnie the Pooh,Robin Hood တို့လို့ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၅၀ ၊၁၉၈၆ လောက်က ဒေါ်လာ ၅သန်းအကုန်ကျခံရိုက်ကူးခဲ့ကာ ဒေါ်လာ ၈၅ သန်းပြန်ရပြီး Box Office မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ One of the Best Animation of All Time လို့ ချီးကျူးမှုတွေပါရရှိထားတာဖြစ်ပါတယ်။ ဒါဆို ဒီကားဟာ ကလေးကြိုက်တင်မဟုတ်ပဲ လူကြီးတွေပါ ကြည့်ရှုသင့်တဲ့ Animation ကားကောင်းတစ်ကား ဆိုတာ သိသာနေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မောက်စကီဝဇ်ဆိုတဲ့ကြွက်မိသားစုဟာ ရုရှားမှာ ကော့ဆက်တွေရဲ့ တိုက်ခိုက်လုယက်မှုတွေကြောင့် အမေရိကကို ရွှေ့ပြောင်း‌အ‌ခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ သားဖြစ်သူ ဖိုက်ဗယ်ဟာ ရေထဲမတော်တဆပြုတ်ကျသွားပြီး မိသားစုနဲ့ကွဲကွာသွားပါတယ်။ ဗိုက်ဗယ်ဟာ အမေရိကမှာ ပျောက်ဆုံးသွားတဲ့ သူ့မိသားစုကို ရှာပုံတော် ဖွင့်တာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဘာလို့ဒီလောက်အောင်မြင်ခဲ့ရလဲဆိုရင် ဇာတ်လမ်းရဲ့ ညွှန်းဆိုချင်တဲ့ ပိုကြီးမားတဲ့ရည်ရွယ်ချက်ရှိနေလို့ပါပဲ။ ရုရှားက မောက်စကီဝဇ်မိသားစုဆိုတာ ဥရောပမှာ ခွဲခြားဆက်ဆံမှုတွေခံခဲ့ရတဲ့ ဂျူးလူမျိုးတွေကို ကိုယ်စားပြုပြီး ကြောင်တွေကတော့ ဂျူးမုန်းတီးရေးသမားတွေဖြစ်ပါတယ်။ ဂျူးတွေရဲ့ ခွဲခြားဆက်ဆံခံရမှု၊ခါးသီးဖွယ်ခံစားချက် နဲ့ ပိုကောင်းတဲ့ဘဝသစ်အတွက် စွန့်စားခဲ့ရပုံတွေအပြင် American Dream Consept ကို လည်းဒီကားမှာတစ်စွန်းတစ တွေ့မြင်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။ File size… 1.38 GB / 725 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Family / Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Comedy • Romance
6.9 1986 80 mins
An American Tail