YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Barry.S03E01.Forgiving.Jeff.1080p.(CM).mp4

454.32 MB 1080p video/mp4 121 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mary Is Happy, Mary Is Happy
7.4

အိမ်နီးချင်း ထိုင်းရုပ်ရှင်တွေကတော့ Minimalist style နဲ့ ကမ္ဘာပတ်နှင့်နေပါပြီ။ ဒါရိုက်တာ Nawapol လို့ကြားရင် သိတဲ့သူက သိနိုင်ကြပေမယ့် သာမန်ရုပ်ရှင်ချစ်ပရိတ်သတ်အဖို့တော့ သူ့ကိုမသိတောင် သူ့ကားတစ်ချို့ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ၂၀၁၉တုန်းက မြန်မာပြည်မှာ ရုံတင်သွားတဲ့ Happy Old Year လို၊ တစ်ချိန်က လူငယ်အတော်များများကြိုက်ခဲ့ကြတဲ့ Heart Attack လို၊ မနှစ်တုန်းက ထွက်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fast and Feel Love တို့လိုကားတွေကိုတော့ ရင်းနှီးကြမှာပါ။ အခု ဒီကားကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတစ်ခုပါ။ ဆု ၆ဆု နဲ့ စကာတင် ၁၁ခု ဆိုတာလောက်ကို စာရင်းထဲ ထည့်ပြောမနေချင်ရင်တောင် ရုပ်ရှင်ရဲ့ World Premiere လို့ခေါ်တဲ့ ပထမဆုံး စ,ပြတာကို ဗင်းနစ်ရုပ်ရှင်ပွဲတော် (Venice Film Festival) မှာ ပြခွင့်ရခဲ့တာဖြစ်ပြီး Asia Premiere ကိုတော့ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့တာဖြစ်လို့ အထင်ကြီးစရာကောင်းနေပါပြီ။ အမွှန်းတင်တာတွေ အသာရပ်ပြီး ဇာတ်ကားအကြောင်းဘက် လှည့်ရမယ်ဆိုရင်တော့... အထက်တန်းနောက်ဆုံးနှစ်ဝက် ကျောင်းသူလေးတစ်ယောက်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု၊ မေတ္တာသက်ဝင်မှု၊ ခင်မင်တွယ်တာမှု စတာတွေနဲ့ မထင်မှတ်ထားတဲ့ဆုံးရှုံးမှုတစ်ခုနောက်ပိုင်း နေ့စဉ်ဘဝရဲ့ အပြောင်းအလဲ၊ လက်ခံပြီးရှေ့ဆက်ဖို့ ကြိုးစားရဦးမယ့် အနာဂတ်၊ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓါတ် အတက်/အကျတွေကို လိုက်ပါခံစားရမယ့် Coming of Age Comedy Drama တစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာမှာ Comedy ကတော့ Dark Comedy ဘက်ကိုသွားပါတယ်။ အပြင်မှာတကယ်ရှိတဲ့ မယ်ရီလွန်နီဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်ကောင်မလးရဲ့ တွစ်တာပို့စ် (Tweets) အခုပေါင်း ၄၁၀ ပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ရုပ်ရှင်ပါ။ ဆိုရှယ်မီဒီယာဆိုတာ လူတစ်ချို့အတွက် ထွက်ပေါက်ပါ။ ဒီလိုမျိုး တစ်စုံတစ်ယောက်အတွက် ဖြစ်ခဲ့တဲ့ထွက်ပေါက်ဟာ ဒါရိုက်တာအတွက်တော့ လိုက်လျှောက်ရာ လမ်းကြောင်းဖြစ်ခဲ့ပုံပါပဲ။ ကြည့်ရှုသူတချို့လည်း ထပ်တူခံစားမိကြမှာပါ။ တစ်ခုရှိတာကတော့ ဒီကားက လူတိုင်းအတွက်တော့ မဟုတ်လောက်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ... အပြင်က မယ်ရီတစ်ယောက်လည်း ပျော်ရွှင်နိုင်ဖို့ ဆုတောင်းမိပါရဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 7Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Romance
7.4 2013 127 mins
Mary Is Happy, Mary Is Happy
Cherry
6.3

စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦး ဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့ သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ American Comedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်း လို့တော့ မထင်လိုက်ပါနဲ့ ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်း လေးတစ်ကားပဲ ဖြစ်ပါတယ် ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန် တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့် တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါ လက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာ တစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီ သင်တန်းကို သွားတက်ပါတော့တယ် သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအား မြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါ တော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ် သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာ အယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ် တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကို တစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက် သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာ ဗျာများရင်း... ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာ... စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre .....Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Poebe

Action • Drama • Thriller
6.3 2010 99 mins
Cherry
The Reef
5.7

ရွက်လှေတွေကို ကမ္ဘာအနှံ့လိုက်ပို့ရတဲ့အလုပ်နဲ့ အသက်မွေးနေတဲ့လုခ်ဟာ ရွက်လှေတစ်စင်းကို မပို့ခင် အားလပ်ရက်အပန်းဖြေခရီးထွက်လာတဲ့ သူငယ်ချင်းတွေကို ရွက်လှေအပျော်စီးဖို့ခေါ်ထားပါတယ်။ ဒါပေမယ့်လကျွန်းတစ်ကျွန်းကိုသွားပြီးအပြန်မှာ ကံဆိုးချင်တော့ သန္တာကျောက်တန်းနဲ့တိုက်မိပြီး လှေပက်လက်လန်သွားပါတော့တယ်။ ဘေးပတ်ပတ်လည် ရေကိုသာတွေ့ရတဲ့ ပင်လယ်ထဲတဖြည်းဖြည်းမြုပ်လာနိုင်တဲ့ လှေပက်လက်ပေါ်မှာ လုခ်တို့ဟာ ကယ်မယ့်လူတစ်ယောက်ယောက်ရောက်လာတဲ့အထိ လှေပေါ်ကပဲစောင့်မလား ၁၀မိုင်ကကျွန်းလေးတစ်ခုဆီ လက်ပစ်ကူးမလား ဆုံးဖြတ်ချက်ချရပါ့တော့မယ်... File size…(1.6GB)/(867MB) Quality….Webrip 1080p / 720p  Format…mp4 Duration….01:34:00 Genre...Adventure / Drama / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T Nyein

Action • Drama
5.7 2010 88 mins
The Reef
Churuli
7.3

ဇာတ်လမ်းကိုပုံပြင်တစ်ပုဒ်နဲ့စဖွင့်ထားပါတယ်။ တောအုပ်တစ်အုပ်ထဲမှာ ပါရူမာဒန်ဆိုတဲ့ခရီးသွားတွေကိုလမ်းလွဲအောင်ဖမ်းစားတတ်တဲ့ တစ္ဆေတစ်ကောင်သောင်းကျန်းလို့နေပါတယ်။(ဒီမှာဆို-မွေ့ကောင်ဆိုတာမျိုးပါးစပ်ပြောဒဏ္ဍာရီတွေရှိပါတယ်) အဲ့ဒီတစ္ဆေကိုနှိမ်နင်းဖို့ဆုံးဖြတ်ချက်နဲ့ ဘုန်းကြီးတစ်ပါးဟာ ခြင်းတစ်ခြင်းကိုခေါင်းပေါ်ရွက်ပြီးတောထဲဝင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ အကြာကြီးလမ်းလျှောက်လာပြီးတဲ့နောက် လမ်းပေါ်မှာတွေ့တဲ့ဘောလုံးတစ်လုံးကိုကလေးတွေကစားဖို့ရည်ရွယ်ချက်နဲ့ ခြင်းထဲကောက်ထည့်လာပါတယ်။အချိန်တွေကြာလာတော့ ခြင်းတောင်းထဲက ရုတ်တရက်လှုပ်ရှားလာပြီး စကားသံထွက်လာပါတယ်။ သူကောက်ထည့်လာတာဟာ လုံးပြီးနေနေတဲ့ ပုရွက်စားကောင်တစ်ကောင်ဖြစ်နေလို့ပါ။ စကားပြောတတ်တဲ့ ပုရွက်စားကောင်ကို သဘောကျသွားတဲ့ ဘုန်းကြီးဟာ အဲ့ဒီအကောင်ညွှန်တဲ့လမ်းအတိုင်းသွားရင်းနဲ့ သူကိုယ်တိုင်လမ်းပျောက်သွားပါတော့တယ်။ သူ အသိနောက်ကျခဲ့တာက သူကောက်ထည့်ခဲ့တဲ့ ဘောလုံးဟာ အဲ့ဒီ တစ္ဆေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။ အန်တိုနီနဲ့ ရှာဂျီဗန်တို့ဟာ ဝေးလံခေါင်ဖျားတဲ့ရွာတစ်ရွာက ဝရမ်းပြေးလူဆိုးတစ်ယောက်ကိုလက်ရဖမ်းဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကြမ်းသမားတွေအဖြစ်အသွင်ယူရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလူကို နာမည်တစ်ခုကလွဲလို့ မသိဖူး မမြင်ဖူးကြတဲ့အပြင် ဓာတ်ပုံလေးတစ်ခုတောင်ရှိမနေပါဘူး။ အဲ့ဒီ ရွာကိုသွားဖို့လဲဂျစ်ကားတစ်စီးသာခရီးကြုံရှိလု့ိမေးစမ်းပြီး တက်လိုက်လာခဲ့ကြပါတယ်။ ခရီးဖော်ရွာသားတွေနဲ့တွေ့လို့စကားစမြည်ပြောကြည့်တဲ့အခါ စကားပြောချိုသာယဉ်ကျေးပြီး ရိုးသားကြတယ်လို့တောင် သူတို့ မှတ်ချက်ပြုမိခဲ့ပါသေးတယ်။ နက်ရှိုင်းတဲ့တောအထပ်ထပ် အကွေ့အကောက်လမ်းတွေနဲ့ တောင်အသွယ်သွယ်ကိုဖြတ်ကျော်အပြီး ချောက်ကမ်းပါးကြီးတစ်ခုပေါ်မှာ ခနော်နီခနော်နဲ့ တံတားတစ်ခုရှိနေပါတယ်။ ဂျစ်ကားနဲ့လူတွေရဲ့ဝိတ်နဲ့ ဘယ်လိုမှဖြတ်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေကလမ်းဆင်းလျှောက်ပြီး ကားကိုထိန်းဖြတ်မောင်းရင်း ဟိုဘက်အရောက်မှာ ဇာတ်လမ်းကစပါတယ်။ စောစောကအထိ အင်မတန်ချိုသာယဉ်ကျေးတဲ့ နယ်ခံရွာသားတွေဟာ စကားအခွန်းတိုင်းအခွန်းတိုင်းမှာ အဆဲစကားမပါမပြီးတဲ့ အလွန်ရိုင်းစိုင်းခက်ထန်စရိုက်ကြမ်းတဲ့သူတွေအဖြစ်ပြောင်းလဲသွားတော့တာပါပဲ။ ဒါပေမယ့် ပိုပြီးဆန်းကြယ်နက်နဲတဲ့ ပဟေဠိနဲ့လျှို့ဝှက်ချက်တွေက သူတို့ကိုရှေ့မှာစောင့်ကြိုနေပါသေးတယ်။ Churili ဟာ မလေယလမ်စကားဖြစ်ပြီး ဝင်္ကပါလို့အဓိပ္ပါယ်ရပါတယ်။ Independent ဘက်ကိုအားသန်ပုံရတဲ့ ဒါရိုက်တာ Lijo Jose Pellissery ရဲ့လက်ရာအသစ်ဖြစ်ပြီး ဒီကားရဲ့ ဇာတ်လမ်းသွားတင်ဆက်ပုံတွေကလဲ mainstream ရုပ်ရှင်တွေကနေ သိသိသာသာကွဲထွက်နေပါတယ်။ ဂြိုလ်သားတွေ၊ အချိန်နဲ့နေရာတွေ၊ Time loop လိုကိစ္စမျိုးတွေနဲ့ ခေါင်းရှုပ်ခံငြင်းခုန်တဲ့သူတွေက ငြင်းခုန်နေကြသလို တစ်ချို့တွေကလဲ ဇာတ်လမ်းရှင်းရှင်းလေးလို့ဆိုတဲ့သူကဆိုပါတယ်။ ကိုယ်တိုင်ကြည့်ပြီးဆုံးဖြတ်ကြပါ။ 25th IFFK ရုပ်ရှင်ပွဲတော်မှာ Silver Peacock ဆုနဲ့ Special Mention for Best Direction ဆုတွေရရှိထားသလို၊ 15th Asian Film Awards မှာလဲ Best Art Director နဲ့Best Sound ဆန်ကာတင်ဝင်ထားပါတယ်၊ တကယ်လဲ Cinematography နဲ့ Sound design မှာအတော်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ တောအုပ်ထဲက တိတ်ဆိတ်လွန်းရာကနေ တစ်စီစီမြည်လာတဲ့အသံမျိုးကိုခြောက်ခြားစရာဖြစ်အောင် ဖန်တီးသွားတဲ့နေရာတွေဆို တကယ့်ကိုချီးကျူးချင်စရာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။) File size…(1.4 GB) Quality…WEB-DL  1080p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

Action • Adventure
7.3 2021 114 mins
Churuli
Blue Miracle
7.4

IMDB 6.6/10 Based on True Story Bisbee's Black & Blue ပြိုင်ပွဲဆိုတာ Super Bowl ပွဲလောက်ကြီးမားတဲ့ ကမ္ဘာ့ငါးဖမ်းပြိုင်ပွဲကြီးပါ ။ Blue Merlin လို့ခေါ်တဲ့ မာလင်ငါးပြာကြီးတွေကို ပင်လယ်ထွက်ပြီး တံငါတွေ အဖွဲ့လိုက် ဒေါ်လာ ၁ သန်းဆုကြေးအဖြစ်ဖမ်းယူ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပေါ့။ ဒီပြိုင်ပွဲကို ထပ်မံယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်သူဟာ ချန်ပီယံ ၂ ကြိမ်ဆုရဖူးတဲ့ ချန်ပီယံဟောင်း ကပ္ပတိန် ဝိတ်မာလိုပါ ။ ဒါပေမယ့် သူဟာ နာမည်ကြီးထမင်းငတ်ဖြစ်ပြီး ချန်ပီယံ ၂ ကြိမ်ရခဲ့ပေမယ့် အရှုံးတွေနဲ့ဆက် တိုက်ရင်ဆိုင်ပြီး မိသားစုကစွန့်ပစ်သွားတာကြောင့် လှေပေါ်မှာပဲ လေလွင့်နေတဲ့ ဂွစာအဘိုးကြီးပေါ့။ ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပြန်သိမ်းပိုက်ပြီး သူ့မိသားစုဆီ ပြန်သွားဖို့ တေးထားပါတယ်။ တစ်ဖက်မှာလည်း ကာဆိုဟိုဂါလို့ခေါ်တဲ့ မိဘမဲ့ဂေဟာက အိုမာတို့ဇနီးမောင်နှံဟာ ဘဏ်ကြွေး ဒေါ်လာ ၁ သိန်းကျော်တင်ပြီး ဂေဟာကိုပိတ်သိမ်းပြီး မိဘမဲ့ကလေးတွေ အကုန်လုံး လမ်းပေါ်ရောက်မယ့်အခြေအနေဖြစ်နေပါပြီ။ ပြိုင်ပွဲသတင်းကို ကြားမိတဲ့ အိုမာနဲ့ကပ္ပတိန် ဝိတ်တို့ဟာ တိုက်တိုက်ဆိုင်ဆိုင် သွားဆုံပြီး အသင်းတစ်ခုထဲဖွဲ့ကာ သူတို့ရဲ့ ရည်မှန်းချက် ကိုယ်စီအတွက် ချန်ပီယံဆုကို စိန်ခေါ်ယှဉ်ပြိုင်တာကို ကြည့်ရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ၂၀၁၄ Bisee ငါးဖမ်းပြိုင်ပွဲမှာ ကမ္ဘာ့အကြီးဆုံးမာလင်ငါးပြာကြီးကို ဖမ်းမိခဲ့တဲ့ မက္ကဆီကို ကာဆိုဟိုဂါမိဘမဲ့အသင်းကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီကားမှာ မင်းသားကြီးနှစ်ယောက်ဖြစ်တဲ့ Dennis Quaid နဲ့ Jimmy Gonzale တို့က အဓိကသရုပ်ဆောင်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size - (2.11 GB) / (966 MB) / (638 MB) Quality – WebDL 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Biography, Drama Translator – Thiha Yan Naing Encoder – SWM

Action • Drama • Thriller
7.4 2021 95 mins
Blue Miracle
Torn Hearts
5.9

"Torn Hearts" ဆိုတာက တက်သစ်စ အမျိုးသမီး နှစ်ယောက်တွဲပြီး ဖွဲ့ထားတဲ့ တီးဝိုင်းအဖွဲ့ နာမည်ပါ။ အရက်ဘားတွေမှာ အပျော်တမ်း တီးကြဆိုကြရင်း ဝမ်းစာရှာနေရတဲ့ အဆိုရှင် တစ်ယောက်နဲ့ တေးရေးတစ်ယောက်သာ ပါတဲ့ ဒီအဖွဲ့က ကောင်မလေးနှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အခွေထုတ်နိုင်ဖို့ ဂွင်ကောင်းကောင်းတစ်ခုကို လိုက်ရှာကြရင်းနဲ့ နာမည်ကျော်အဆိုတော်ဟောင်း တစ်ယောက်ဆီ ရောက်သွားကြပါတယ်။ ဒီအဆိုတော်မှာ လူသိမခံဝံ့တဲ့ နောက်ကြောင်းရာဇဝင်တွေ ရှိနေသလို ကြေကွဲစရာ ဇာတ်လမ်းတွေလည်း ရှိထားပြန်ပါတယ်။ ဒီအမျိုးသမီး ၃ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်လာမလဲ.....။ အချစ်၊ သံယောဇဥ် နဲ့ ကျော်ကြားမှုတို့ ယှဥ်လာကြတဲ့အခါ အဖုအထစ်တွေဖြစ်လာရင်း......ဘယ်လိုပြောင်းလဲသွားကြမလဲ....။ အောင်မြင်မှုနောက်ကိုလိုက်ကြရင်း နောက်ဆုံး သင်ခန်းစာရဖွယ် ဖြစ်ရပ်ကိုသာ ကြုံခဲ့ရတာကို ပညာပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ တွေးစရာပေးတဲ့ ဇာတ်လမ်းလေးဖြစ်လို့ အချိန်ရရင် ကြည့်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။ Genre.....Drama, Horror, Music Quality….1080p | 720p| 480p File size…1.1GB | 573MB | 273MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder ..... August

Comedy
5.9 2022 97 mins
Torn Hearts
The Twins Effect (Vampire Effect)
6

၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။ အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ “Day For Night”စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama
6 2003
The Twins Effect (Vampire Effect)
The Taste of Tea
7.6

Taste of Tea (2004) IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။ သူတို့ရဲ့သားဖြစ်သူ “ဟာဂျိမဲ”ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။ သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Horror • Mystery • Thriller
7.6 2004
The Taste of Tea
Swordfish
6.5

Swordfish (2001) ” Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် “ ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating – 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။ စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ တွေ့ခွင့်မရတဲ့ သမီးဖြစ်သူကိုပြန်ရစေမယ်လို့ မက်လုံးပေးတဲ့အတွက် စတန်လိုက်သွားရာကနေ ဂေဘရီရယ်ဆိုတဲ့သူနဲ့တွေ့ပြီး အရှုပ်တော်ပုံထဲရောက်သွားတဲ့အကြောင်းကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 875MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 39Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.5 2001
Swordfish
Creatura
6.8

Creatura (2023) ~ IMDb – 6.8/10, Rotten Tomatoes – 93% ~ “Creatura” ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ “Creature” သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား “Creatura” မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ “Hyper Active” ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ဒီလိုနဲ့ သူ့မိဘတွေက သူ့ကိုဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း တစ်ခါတစ်လေ စိတ်မထိန်းနိုင်တော့တဲ့အခါကျ အော်ဟစ်မိတာတွေရှိပါတယ်။ ဒီလိုနဲ့ မီလာလေးက ငယ်စဉ်ထဲက စိတ်ဒဏ်ရာရပြီး တစ်ခုခုဆို Sensitive ဖြစ် Emotional အဖြစ်လွယ်လာပါတယ်။ ဇာတ်လမ်းအစဖြစ်တဲ့ မီလာတစ်ယောက် အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အမျိုးသားနဲ့ အိမ်ပြောင်းတဲ့အခါမှာလည်း ငယ်ငယ်ကပြဿနာတွေက အိမ်ထောင်ရေးသုခကိုမပြေလည် လင်မယားကြားဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်လာတဲ့ ဆိုးရွားလာခဲ့ပါတယ်။ ဒီလိုနဲ့ သွေးသားဗီဇအရပါလာတဲ့ ပြဿနာတွေကြောင့် စိတ်သောကရောက်နေရတဲ့ မီလာက ငယ်စဉ်ဘဝတုန်းက အဖြစ်အပျက်တွေကို တဖြည်းဖြည်းနဲ့ပြန်သတိရလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာဆိုရင် လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝကရတဲ့ Trauma ဟာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ တော်ရုံလွယ်လွယ်နဲ့မပျောက်နိုင်ဘူးဆိုတာကို ရည်ညွှန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းကြုံတွေ့ရတတ်တဲ့ လက်တွေ့လောကရဲ့ လောကဓံတွေကို အိမ်ထောင်တစ်ခုရဲ့ဇာတ်ကွက်ကနေ လက်တွေ့ကျအောင် ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း လူတိုင်းစာနာခံစားပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုအားပေးတဲ့သူများအားလုံးအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကတော့ အသေအချာပါပဲ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 900MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Crime • Fantasy
6.8 2023 110 mins
Creatura
Five Feet Detective

ဒါကတော့အရမ်းကိုတော်လှတဲ့စုံထောက်ကြီးတစ်ယောက်ရဲ့ နယ်မြို့လေးမှာသွားပြီးတာဝန်ထမ်းဆောင်ရတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူကတော့ ၅ပေနတ်စုံထောက်လို့ နာမည်တွင်းတဲ့မြို့တော်ကလူဆိုးထိန်းကြီးဖြစ်ပါတယ်။ ဟုတ်ပါတယ် အရပ်၅ပေပဲရှိပေမယ့် အထင်သေးလို့မရတဲ့ အမှုပေါင်းများစွာကိုဖော်ခဲ့တဲ့စုံထောက်ကြီးပဲဖြစ်ပါတယ်။ စုံထောက်ကြီးကအသက်ကြီးလာတော့ မြို့တော်မှာအရင်လိုအမှုတွေမဖော်နိုင်ပဲ ပြဿနာတွေပဲရှာနေမိတယ်။ မြို့တော်ကသူ့ကိုဘယ်လိုမှဆက်လက်မခံနိုင်တော့ ဝုမြို့လေးကိုပို့လိုက်တယ်။ အဲဒီမှာအမှုကြီးတစ်ခုကိုဖော်နိုင်ခဲ့မယ်ဆိုရင် မြို့တော်ကိုပြန်လာခွင့်ပေးမယ်ဆိုပြီးတော့ပေါ့။ မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မြို့လေးကသာမန်နဲ့မတူပဲ အရမ်းကိုအေးချမ်းတည်ငြိမ်နေခဲ့တယ်။ အမှုလိုက်ချင်တဲ့ဆရာကြီးအတွက်အခက်တွေ့တော့တာပေါ့။ ဒီလိုနဲ့အရေမရအဖတ်မရအမှုတွေလိုက်ရင်း တစ်နေ့မှာ လူသေမှုတစ်ခုဖြစ်လာခဲ့တယ်။ မြို့တော်ပြန်ချင်တဲ့စုံထောက်ကြီးအတွက် သဘောကျစရာပဲပေါ့။ အဲဒီအမှုကိုလိုက်ရင်နဲ့ လူသေမှုတွေကဆက်တိုက်ဖြစ်လာခဲ့တယ်။ ဒီအပေါ်ယံအမြင်မှာအေးချမ်းနေတဲ့မြို့လေးရဲ့လျှို့ဝှက်ချက်ကဘာတွေရှိနေမလဲ။ ၅ပေစုံထောက်ကြီးက ဒီဆန်းကြယ်တဲ့အမှုကိုရအောင်ဖော်နိုင်မလားဆိုတာကို ဟာသလေးတွေနဲ့ရိုက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်လိုက်ပါဦး။

0 2024
Five Feet Detective
The Town that Dreaded Sundown

ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ဂျေမီနဲ့ သူ့ချစ်သူ ကော်ရီပါပဲ။ ချစ်သူနဲ့ အတူရှိနေချိန် မိမိမျက်စိရှေ့မှာပဲ ချစ်သူကို ဆုံးရှုံးလိုက်ရသူ ဂျေမီက အမှုမှန်ပေါ်အောင် လိုက်လံဖော်ထုတ်ရင်း တစ်စတစ်စနဲ့ မထင်ထားတဲ့ အမှန်တရားတွေကို သိလိုက်ရချိန်မှာတော့.. တစ္ဆေက ဘယ်သူလဲ၊ ဘာလို့သတ်တာလဲ၊ ဘာလို့ ၆၅ နှစ်အကြာမှ ထပ်ပေါ်လာတာလဲ၊ မြို့ငယ်လေးနဲ့ တစ္ဆေကြား ဘယ်လို လျှို့ဝှက်ချက်တွေရှိနေတာလဲ၊ ဂျေမီကရော တစ္ဆေလက်ထဲက လွတ်အောင်ပြေးနိုင်ပါ့မလား.. ဆိုတာကိုတော့ လိုက်ပါစီးမျော အဖြေရှာကြည့်လိုက်ကြပါဦး။ (ဘာသာပြန်သူအတွက်ကတော့ ထင်သမျှလွဲတဲ့ကားပါပဲ။ ကိုယ်က ဒီလူလို့ထင်လိုက် သေလိုက်၊ ဟိုလူလို့ထင်လိုက် သေလိုက်နဲ့ နောက်ဆုံး တရားခံပေါ်လာတော့မှပဲ မှန်းတာလည်း ရပ်သွားပါတော့တယ်။) (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File size…(1.1 GB)/(571MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2014
The Town that Dreaded Sundown
Scooby-Doo! and the Samurai Sword
6.4

ဇာတ်လမ်းအညွှန်း ‌ဒီတစ်ခေါက်မှာတော့ ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ စကူဘီဒူးတို့အဖွဲ့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို လာရောက်ရင်း ပဟေဠိပြဿနာ ဖြေရှင်းကြဦးမှာ ဖြစ်ပါတယ်။ ဒါကတော့ ဂျပန့်ရိုးရာ ဆာမူရိုင်း အရှုပ်တော်ပုံပေါ့။ ကြောက်ရင်း ပြေးရင်း အစားအသောက်ငမ်းရင်းနဲ့ အရှုပ်တော်ပုံကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ စကူဘီနဲ့ ရှက်ဂီတို့ကို ‌အမြဲတမ်း‌တွေ့‌နေကြပုံစံအတိုင်း တွေ့မြင်ရဦးမှာပါ။ စကူဘီဒူးကြည့်ရင်း အိမ်ထောင်ကျတဲ့အရွယ်ရောက်သွားပြီဆိုတဲ့သူတွေအတွက်ကတော့ သားသားမီးမီးလေးတွေ ကြည့်ဖို့ပေါ့ဗျာ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size : 1.36GB, 632 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Animation, Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

6.4 2009 74 mins
Scooby-Doo! and the Samurai Sword
The Witness
6.5

The Witness (2018) ******************* IMDb …… 6.5 ဒီတစ်ခါတော့ Lee Sung-min, Kim Sang-ho, Jin Kyung နဲ့ Kwak Si-yang တို့လို သရုပ်ဆောင် ကောင်းတဲ့သူတွေ ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို ပြစ်မှုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ မိသားစုကို အတော်ချစ်တဲ့ ကုမ္ပဏီဝန်ထမ်း ဟန်ဆန်းဟွန်းက တိုက်ခန်းသစ် ဝယ်နိုင်ခဲ့တာကို အကြောင်းပြုပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရက်အတူတူ သောက်ပြီး ညသန်းခေါင်လောက်မှ အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ အမျိုးသမီးတစ်ယောက် အော်သံကြားလို့ ဝရန်တာဘက်ကို ထွက်ကြည့်လိုက်တဲ့ အခါမှာ လူတစ်ယောက်က အဲဒီအမျိုးသမီးကို သတ်ဖို့လုပ်နေတာကို မျက်မြင်တွေ့လိုက်ရတယ်။ အဲဒါနဲ့ ချက်ချင်း ရဲကို အကြောင်းကြားဖို့ လုပ်နေတုန်းမှာပဲ လူသတ်သမားနဲ့ မျက်လုံးချင်း ဆုံမိသွားခဲ့တယ်။ ဂင်ဆန်းဟွန်းလည်း သူ့မိသားစုကို လာဒုက္ခပေးမှာစိုးလို့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့ပေမဲ့ လူသတ်သမားက အမြဲတမ်း သူတို့နားမှာ တဝဲလည်လည်နဲ့ စောင့်ကြည့်နေတဲ့အခါမှာတော့..။ ဂင်ဆန်းဟွန်းတစ်ယောက် အဲဒီလို အခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက စုံထောက် မှုခင်း သည်းထိတ်ရင်ဖိုကားတွေကို နှစ်သက်တဲ့သူတွေ အကြိုက်တွေ့စေမှာဖြစ်သလို လူတွေရဲ့ တစ်ကိုယ်ကောင်းစိတ်တွေ ကိုယ်ချင်းစာစိတ်တွေကိုပါ ခံစားမိနိုင်တာမို့ လူဆိုတာ ဒါမျိုးပါလားဆိုပြီး ရင်ထဲ တစ်ခုခု ကျန်ခဲ့နိုင်မဲ့ ဇာတ်ကားလေးဖြစ်လို့ အားလုံး ကြည့်ရှုကြည့်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Miri ပဲ ဖြစ်ပါတယ်။) File Size : 2.03GB / 770MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:51:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Miri Encoded by Tiff

6.5 2018 111 mins
The Witness
Devils Stay
6.5

Devils Stay (2024) ******************* သဘာဝလွန် ဇာတ်ကားအမျိုးအစားကို သဘောကျတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေဦးမဲ့ အမိုက်စား ဇာတ်ကားသစ် တစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ လောလောလတ်လတ် ထွက်ရှိထားတဲ့ Face Me ဇာတ်လမ်းတွဲထဲက ချာဂျောင်ဝူး (Lee Min Ki) ဖာသာ အနေနဲ့ ပါဝင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ချာဆိုမီ (Lee Re) ဆိုတဲ့ ခပ်ငယ်ငယ် ကောင်မလေးဟာ နှလုံးခွဲစိတ် ကုသမှု ခံယူပြီးတဲ့ နောက်မှာ ပုံမှန်နဲ့ မတူဘဲ ထူးဆန်းလာခဲ့ပြီး တစ်နေ့မှာတော့ သဘာဝလွန် အဖြစ်အပျက် တစ်ခုကြောင့်ပဲ သေဆုံးသွားခဲ့ပါတယ်။ ခွဲစိတ်မှု အောင်မြင်ခဲ့ပေမဲ့ ဒီလို အဖြစ်အပျက်တွေကြောင့် သမီးဖြစ်သူကို လက်လွှတ်လိုက်ရတဲ့အတွက် အဖေဖြစ်သူ ချာဆွန်းဒို (Park Shin Yang) ဟာလည်း ယူကျုံးမရ အပြည့်နဲ့ပေါ့။ ကိုရီးယားနိုင်ငံရဲ့ ဈာပန လုပ်ထုံးအရ သေဆုံးသူကို ၃ရက်ထားထားရစဥ်မှာပဲ ဆိုမီရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နှလုံးကနေ နတ်ဆိုးဟာ နိုးထလာခဲ့ပါတော့တယ်။ ဖာသာ ဘန်ဟယ်ရှင်း (Lee Min Ki) ဦးဆောင်ပြီး ဒီနတ်ဆိုးကို ဘယ်လို တိုက်ထုတ်သွားမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်…) File Size : 1.16GB/ 490MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:35:00 Genre : Mystery, Horror, Drama, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Treasure Htet & Stary Encoded by Tiff

6.5 2024 95 mins
Devils Stay