YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bangkok.Love.Story.2007.1080p.WEB-DL.CM.mp4

4.84 GB N/A video/mp4 220 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ella Enchanted
6.4

Ella Enchanted (2004) ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။ Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။ Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် နဲ့ အိုင်ယာလန် ရုပ်ရှင်ကုမ္မဏီသုံးခု ပေါင်းရိုက်ခဲ့တာ။ ဒါပေမဲ့ Box Office မှာတော့ အရှုံးပေါ်ခဲ့တယ်။ ဇာတ်လမ်းကတော့ ဖရဲလ် မြို့လေးမှာမွေးတဲ့ အယ်လာ ကို သောက်တလွဲ အရက်သမား နတ်သမီးတစ်ပါးက ကပေါက်တိကပေါက်ချာ ဆုတစ်ခု ချီးမြှင့်သွားတာက စတာပဲ။ ကလေးကို နာခံတတ်တဲ့သူဖြစ်အောင် ဂါထာနဲ့ ပြုစားသွားတယ်။ အယ်လာ လေးက ဘယ်သူ ဘာပြောပြော မငြင်းဆန်နိုင်ပဲ လုပ်ပေးနေရရင်း အရွယ်ရောက်လာသတဲ့။ တိုင်းပြည်က လူထွားကြီးတွေ၊ နတ်သူငယ်တွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ ဟန်ချက်ညီညီစုပေါင်းနေထိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘုရင်ကြီး နတ်ရွာစံအပြီး သူ့ညီနဲ့ ဘုရင်ကြီးသားတော်တို့လက်ထက်အရောက်မှာ ဘီလူးတွေကို နှင်ထုတ်၊ လူထွားကြီးတွေကို ခိုင်းစား၊ နတ်သူငယ်လေးတွေကို ဖျော်ဖြေရေးသမားလုပ်ခိုင်းပြီး လူသားတွေကြီးစိုးတဲ့အချိန်ပေါ့။ အယ်လာ ရဲ့ ဖခင်က နောက်အိမ်ထောင်ပြု၊ မိထွေးနဲ့ သမီးနှစ်ယောက်ပါလာ၊ စင်ဒရဲလားဇာတ်လည်း ပါသေးသဗျ။ မိထွေးကပါလာတဲ့ ညီအစ်မက အယ်လာ ရဲ့ အားနည်းချက်ကိုသိသွားတဲ့အခါမှာ အမျိုးမျိုးအနိုင်ကျင့်ခံရပါတော့တယ်။ တိုင်းပြည်အရှုပ်အထွေးကြားမှာ အယ်လာ တစ်ယောက် ကျိန်စာပြယ်အောင်လုပ်ရင်း ကြုံတွေ့ရပုံတွေကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်း သုံးခုလောက်ကို ရောသမမွှေထားတဲ့ဟန်ပဲ‌ပြောပါတော့။ ကဲ ကျွန်တော်ပြောခဲ့သလိုပဲ။ မင်းသမီးနဲ့တင် ကြည့်ထိုက်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 36Min Genre - Comedy, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy
6.4 2004 96 mins
Ella Enchanted
Last Christmas
7.2

ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(2 GB) and (1 GB) Quality…Blu-Ray 1080p & 720p (HEVC Encode) Format…mkv Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Drama • Romance
7.2 2019 102 mins
Last Christmas
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Romance • TV Movie
7.3 1991 154 mins
Center Stage
The Valet
7.6

IMDb Rating - 6.7/10 ၂၀၂၂မှာထွက်ရှိထားတဲ့ တကယ်ကိုရယ်ရတဲ့ ဟာသကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဘီလီယံနာသူ‌ဌေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတာကို ပါပါရာဇီတွေရဲ့ ဓာတ်ပုံထဲ ရိုက်မိသွားပါတယ်။ ဖြစ်ချင်တော့ သူ‌ဌေးမင်းက မယားကြီးငုတ်တုတ်ရှိနေတော့ သူမသိအောင် လိမ်ရတော့တာပေါ့။ အဲဓာတ်ပုံထဲမှာ ဖြစ်ချင်တော့ သူတို့နှစ်ယောက်အပြင် တခြားလူတစ်ယောက်ကော ရှိနေလေရဲ့။ သူကတော့ ရိုးသားတဲ့ ဖိုးသခွားလေးဖြစ်ပြီး အသက်ကြီးပေမယ့် အလုပ် ကြိုးစားတဲ့ ဧည့်ကြိုဝန်ထမ်းလေးပါ့။ ဒီတော့ သူ‌ဌေးမင်းနဲ့ မင်းသမီးတိုင်ပင်ပြီး လှည့်ကွက်တစ်ခုလုပ်ကြပါတယ်။ "ရွှေမင်းသမီးနဲ့ ကိုဧည့်ကြို"ဇာတ်ကို ထွင်ရတာပေါ့။ ကလိမထိုးပဲ ရယ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ စကားပြောခန်းတွေနဲ့ တကယ်အူတက်စေမယ့်ကားလေးပါ။ စိတ်အမောတွေပြေစေပြီး ဟာသကားကောင်းလေးတွေကို ကြည့်ချင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ကားကောင်း လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Zaw Myo Thu, Leonard Lin, Roman NoX တို့ဖြစ်ပါတယ်။) File Size..........(1.42 GB) / (755 MB) / (457 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 04mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Zaw Myo Thu, Leonard Lin, Roman NoX Encoder..........SWM

Animation • Drama • Fantasy
7.6 2022 124 mins
The Valet
Saint Maud
6.6

Katie ဆိုတဲ့ကောင်မလေးဟာ အင်္ဂလန်ကမ်း‌ခြေမြို့လေးတစ်မြို့က သူနာပြုမလေးတစ်ယောက်။ သူဟာ ဘုရားသခင်အပေါ် အတော်ယုံကြည်သက်၀င်သူ။ နိစ္စဓူဝ အလုပ်တွေကိုတောင်မှ ဘုရားကို အမြဲတိုင်တည်နေတတ်သူ။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပါ နာမည်ပြောင်း‌ထားပါသေးတယ်။ Maud တဲ့...။ တစ်နေ့သူဟာ ကင်ဆာရောဂါသည်တစ်ယောက်ကို သူနာပြုလုပ်ပေးဖို့ တာဝန်ကျလာတယ်။ အဲဒီကင်ဆာရောဂါသည်ကတော့ ဘုရားကို မယုံဘူး။ Lesbian လည်း ဖြစ်နေသေးတယ်။ Maud ဟာ သူ့ကို ဘာသာရေးနယ်ပယ်ထဲ ဆွဲခေါ်ပေမဲ့ မရခဲ့။ လူတွေ ဝိုင်းရှုံ့ချတာ လှောင်တာကို ခံခဲ့ရတယ်။ သူဟာ ဘုရားအပေါ်ကို မေးခွန်းထုတ်လာမိတယ်။ အထီးကျန်မှုတွေနဲ့ အိမ်အပြန်လမ်းတစ်လျှောက်ဟာ သူ့အတွက် ‌ခြောက်ခြားစရာတွေအပြည့်။ သူ ဘုရားကို ပြန်တောင်းပန်ခဲ့တယ်။ ဘုရားသခင်ကလည်း သူ့ကို ဗျာဒိတ်တစ်ခု ပြတော်မူခဲ့ပါတယ်။ " Maud ရဲ့ တစ်ကိုယ်လုံး မီးတွေလောင်နေတယ်။ ဖိနပ်မှာလည်း သံချွန်တွေဟာ အသားထဲထိ စိုက်ဝင်နေတယ်။ နာကျင်မှုတွေကို အလဟဿမဖြစ်စေဖို့နဲ့ ဘုရားသခင် ခံစားရသလို ကိုယ်တိုင်ခံစားရခြင်းဟာလည်း အနှစ်သာရလို့ သူတို့ပြောကြတယ်... Muad ရဲ့ တစ်ကိုယ်လုံးမီးတွေလောင်နေတယ်။ ဗျာဒိတ်တော်ဟာ သူ့အတွက် တမန်တော်ဖြစ်စေခြင်းလား... Maud ရဲ့ တစ်ကိုယ်လုံး မီးတွေလောင်နေတယ်။ လူတွေဟာ သူ့အော်သံကို ကြားကောင်းကြားရလိမ့်မယ်။ ဒါပေမဲ့ ဒီအော်သံဟာ နာကျင်မှုကြောင့် အော်ခြင်းထက် လွတ်လပ်သွားခြင်းကြောင့် ကြွေးကြော်သံဆို‌တာကိုတော့ Maud ကလွဲ ဘယ်သူမှ သိမယ်မထင်..." A24 ရဲ့ Psychological Horror ‌ကားကောင်းတစ်ကားပါပဲ။ A24 ဟာ ဒီလို Genre တွေကို အတော်ပိုင်နိုင်ကြောင်းဆိုတာကိုတော့ အရင့်အရင်ကားတွေ ကြည့်ဖူးတဲ့သူတွေ သိကြပါလိမ့်မယ်။ Horror ကားတိုင်းနီးပါးမှာ မြင်ရ ကြုံဖူးနေကျ ရိုးအီနေကြလောက်မယ့် Jump Scare ဘာညာတွေထက် စိတ္တဇဆန်ဆန်ဇာတ်လမ်း ဇာတ်ကွက်တွေဟာ ဒီကားရဲ့အသက်ပေါ့...။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.27GB, 442.2MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 24Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama
6.6 2019 85 mins
Saint Maud
Deltopia
4.5

Deltopia (2023) ============ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက အိုင်လာဗီစတာဆိုတဲ့နေရာမှာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေ နှစ်တိုင်း လုပ်ကြတဲ့ Deltopia ဆိုတဲ့ အကြီးဆုံးပါတီကြီးအကြောင်းဖြစ်ပါတယ်။ Alcohol, Drugs သုံးစွဲမှုတွေ ကြမ်းတမ်းတဲ့စကားတွေပါတာမို့ မိသား စုနဲ့ ကြည့်ဖို့တော့မသင့်တော်ပါဘူး။ ပါတီမှာသောင်းကျန်းကြပြီး အလွဲတွေဖြစ်ကုန်တဲ့ဇာတ်လမ်းမျိုးသဘော ကျရင် ကြည့်ကြည့်သင့်တယ်လို့ပြောချင်ပါတယ်။ အထက်တန်းကျောင်း သားဂျက်ခ်ဟာ ငယ်ငယ်ကတည်းကသဘောကျခဲ့တဲ့ ကျောင်းနေဖက် ကောင်မလေးဟန်နာကို ဖွင့်မပြောပဲမျိုသိပ်ထားခဲ့ရာမှာ အထက်တန်း ကျောင်းနောက်ဆုံးနေ့ကိုရောက်ခဲ့ပြီဖြစ်ပါတယ်။ ဟန်နာက ကျောင်းပြီး ရင် နယူးယောက်မြို့ကိုပြောင်းတော့မယ်ဆိုတာကို သိရတဲ့အခါ ဟန်နာ တို့သွားမယ့် Deltopia ပါတီကို အမီလိုက်ပြီး ဖွင့်ပြောဖို့ကြိုးစားရာမှာ အမေရိကန်နိုင်ငံရဲအကြီးဆုံးပါတီမှာဘာတွေကြုံရမလဲကြည့်ရမှာဖြစ် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်) File Size……….(2.27 GB) / (789 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……Pyi T. Nyein Encoder……….Zin Phyo Aung

4.5 2023 100 mins
Deltopia
Peace in the Valley

အက်ရှလေနဲ့ ဂျွန်တို့ဟာ သားလေးဖြစ်သူ ဂျက်ဆီနဲ့အတူနေကြပြီး ပျော်ရွှင်တဲ့မိသားစုလေးပါ။ တစ်နေ့မှာ မိသားစုလိုက် ဈေးဝယ်သွားကြရင်း ကုန်တိုက်ကို ဓားပြတိုက်တာနဲ့တိုးသွားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဂျွန်တစ်ယောက်လည်း ‌ေ-သနတ်မှန်ကာ ဆုံးပါးသွားခဲ့ပါတယ်။ ကုန်တိုက်မှာရှိနေတဲ့လူတွေကို ကယ်တင်နိုင်ခဲ့လို့ လူစွမ်းကောင်းတစ်ယောက်အနေနဲ့ သတ်မှတ်ခဲ့ကြပေမဲ့ ကျန်ရစ်ခဲ့တဲ့ ဇနီးသည် အက်ရှလေနဲ့ သားဖြစ်သူ ဂျက်ဆီတို့ဖြတ်ကျော်ရတဲ့နေ့ရက်တွေကတော့ မလွယ်ကူခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း အက်ရှ‌လေတစ်‌ယောက် သားလေး ဂျက်ဆီကို ဘယ်လိုဆက်ပျိုးထောင်သွားမလဲ၊ သူကိုယ်တိုင်ရော ရှေ့ဆက်နိုင်ပါ့မလား၊ ရှင်ကျန်သူတို့ရဲ့ အပြစ်စိတ်ကိုရော ဘယ်လို ကျော်လွှားဖို့ ကြိုးစားရမလဲဆိုတာကို ဆက်လက် ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.2 GB)/(638 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2022
Peace in the Valley
Into the Beat
5.5

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့်​ Street Dance ကားလေးပဲဖြစ်ပါတယ် Street Dance ကိုကြိုက်တဲ့သူတွေပဲဖြစ်ဖြစ် စိတ်အပန်းဖြေချင်လို့ပဲဖြစ်ဖြစ်ရွေးချယ်သင့်တဲ့ ဇာတ်ကားလေးပါပဲ.. ကာ့တ်ယာဆိုတဲ့ဆယ်ကျော်သက်မလေးဟာ ဘဲလေးအကမှာအစဥ်အလာကြီးမားတဲ့ အော်လိုမိသားစုကနေပေါက်ဖွားလာတဲ့ ကောင်မလေးဖြစ်ပြီးတော့ မိသားစုအမွေကို ဆက်ခံဖို့လည်းအသင့်ဖြစ်လုနီးပါးဖြစ်အောင် အထိ ဘဲလေးအကမှာထူးချွန်သူပါ နယူးယောက် ဘဲလေးအကယ်ဒမီရဲ့စကောလာရှစ်ကိုရဖို့လည်း တစ်ပြေးနေသူလေးပေါ့.. တစ်နေ့မှာ​တော့​ ကာ့တ်ယာလေးတစ်ယောက် ဘဲလေးအကနဲ့လုံးဝကွဲပြားတဲ့အကကိုမြင်တွေ့သွားရာကနေ သူ့မှာရွေးချယ်ရခက်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင် ရပါတော့တယ်.. ဇာတ်လမ်းလေးကလည်းကြည့်လို့ကောင်းပြီး အကတွေကလည်းမိုက်လို့ အခုပဲခံစားကြည့်လိုက်ရအောင်ဗျာ File size…1.59GB / 791MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.5 2020 98 mins
Into the Beat
Kamui
5.6

Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။ IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီး ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့ တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

5.6 2009
Kamui
My Annoying Brother
8.3

My Annoying Brother (2024) ချိုးဖျက်မရတဲ့ နှောင်ကြိုး ================================= ၂၀၁၆ က နာမည်ကြီးခဲ့တဲ့ ” My Annoying Brother” ဆိုတဲ့ ကိုရီးယားကားလေးကို ကိုးကား ထားတဲ့ အင်ဒိုနီးရှားဒရမ်မာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံအဆင့် ဂျူဒိုအားကစားသမားလေး ကမ်မယ်လ်ဟာ ပြိုင်ပွဲတစ်ခုမှာ ထိခိုက်မိပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားတဲ့သူ့အဖို့ အားကိုးရာဆိုလို့ အစ်ကိုတစ်ယောက်ပဲ ရှိတာပါ။ အစ်ကိုကလည်း ထောင်ကျနေတာ ကြာပြီဖြစ်တဲ့အတွက် သူ့အဖို့ နေ့စဉ်ဘဝနေထိုင်မှုဟာ ခက်ခဲလာရပါတယ်။ အဲဒီအချိန်မှာပဲ သူ့အစ်ကို ဂျာယာက ကမ်မယ်လ်ကို အကြောင်းပြချက်အဖြစ်သုံးလို့ ခံဝန်လက်မှတ်ထိုးပြီး ထောင်ကလွတ်ငြိမ်းခွင့် ရလာပါတယ်။ အချိန်အတော်ကြာ အနေဝေးခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက်အဖို့ အတူပြန်တွေ့ရချိန်မှာ သိပ်အစေးမကပ်လှပါဘူး။ အဲဒီလိုနဲ့ပဲနှစ်ယောက်သား အလွဲလေးတွေကြုံရင်း၊ ရန်သတ်ရင်း နေ့ရက်တွေကို အတူဖြတ်သန်း နေထိုင်လာပါတယ်။ ညီအစ်ကို၊ မောင်နှမဆိုတာ မတည့်လည်းအတူနေရန်သတ်၊ မမြင်ရင်မနေနိုင် ချောင်းကြည့်ဆိုတဲ့ အတိုင်း သွေးကစကားပြောတာမို့ ကမ်မယ်လ်တို့ညီအစ်ကိုလည်း အတိတ်ကသူတို့ အဆင်ပြေခဲ့စဉ်ကာလတွေကိုအမှတ်ရလာပြီး လောကကြီးထဲ သူတို့နှစ်ဦးသာအားကိုးရာဆိုတာကို သိမြင်လာတဲ့အခါမှာတော့………… သူတို့နှစ်ဦး ဘယ်လိုလွဲချော် ရန်ဖြစ်နေကြလဲ၊ ဘယ်လိုပြန်အဆင်ပြေမလဲ၊ ကမ်မယ်လ်ရဲ့အမြင်အာရုံကရော ရှေ့ဆက်ဘယ်လိုဖြစ်မလဲ၊ ဂျာယာကရော အရင်လိုဆိုးသွမ်းမိုက်မဲနေဆဲလား၊ ပြုပြင်ပြောင်းလဲလာမလားဆိုတာ သူတို့ရဲ့ ရင်ကိုထိခတ်စေတဲ့ ညီအစ်ကိုသံယောဇဉ်နဲ့အတူ ကြည့်ရှုအားပေး ခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ ToMo~Cym~KKKZ~STAR တို့ပဲဖြစ်ပါတယ်။

Drama • Thriller
8.3 2024 114 mins
My Annoying Brother
A Long Visit
7.5

A Long Visit (2010) ******************** CM ပရိတ်သတ်ကြီးတို့အတွက် ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ မိခင် မေတ္တာဖွဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် .. ပြည်သူ့မိခင်ကြီးလို့တောင် တင်စားခေါ်ဝေါ် ရလောက်တဲ့ မင်းသမီးကြီး Kim Hae-Sook နဲ့ မင်းသမီး Park Jin-Hee တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။ – ဇာတ်လမ်းအကျဉ်း – ******************** အန်ဟယ်ဆု (Kim Hae-Sook) ကတော့ သမီးကြီးကို ၂ နှစ်သားအရွယ်မှာတင် ဆုံးရှုံးလိုက်ရတာဖြစ်လို့ သမီးလတ်ဖြစ်သူ ဂိုဂျီဆု (Park Jin-Hee) အပေါ် အထူးတလည် တွယ်တာစိတ်ကြီးမားပြီး သမီးလေးစိတ်တိုင်းကျ ဘာမဆို ဖြည့်ဆည်းပေးတတ်တဲ့ အမေတစ်ယောက်ပါ။ ဒါပေမဲ့ ဂျီဆုကတော့ အိမ်ထောင်ရက်သားကျလို့ ကလေးမွေးပြီးနောက်မှာတောင် အမေက သူ့ကို ကလေးလိုပဲ ဆက်ဆံနေဆဲဖြစ်လို့ တစ်ခါတလေ အမေ့အပေါ် ပြန်ညည်းညူပြတတ်တဲ့ သမီးဆိုးလေးပေါ့ ။ ဒီလိုနဲ့ တစ်နေ့မှာ ဂျီဆုက သူ့ဆီမှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက် သူ့မှာ ရောဂါရှိနေတာကို ဖုံးကွယ်ပြီး အမေနဲ့ နောက်ဆုံးအကြိမ်အဖြစ် အချိန်အတူကုန်ဆုံးဖို့ အမေနေတဲ့ရွာလေးဆီ ပြန်ဆင်းသွားပါတော့တယ်… ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပေမဲ့ သမီးဖြစ်သူ အရင်ထွက်သွားရတော့မှာကို သိလိုက်ရတဲ့အခါ ခံစားရတဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ထဲနင့်နေအောင် ပုံဖော်ရိုက်ကူးပြထားတာဖြစ်လို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ညွှန်းဆိုလိုက်ပါရစေ .. ။ (အညွှန်းကို Hnin Wai Oo မှ ရေးသားထားပါတယ်) File size…1.92GB / 640MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Adventure, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by AHtet

Thriller • Crime • Drama
7.5 2010 109 mins
A Long Visit
The Huntsman: Winter’s War
6.2

The Huntsman: Winter’s War (2016) IMDb Rating (6.2) ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ စနှိုးဝှိုက်ဇာတ်ကားဆိုရင်တော့ ဒီကားပဲ ပြရမှာဖြစ်ပါတယ်… မင်းသား Chris Hemsworth , မင်းသမီး Charlize Theron ,Emily Blunt , Kristen Stewart , Jessica Chastain စတဲ့ ဒိတ်ဒိတ်ကြဲတွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးပါ။ ဒီဇာတ်ကားက 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and The Huntsman ရဲ့ Prequel ရော Sequel အဖြစ်ပါ ပြောလို့ရတဲ့ Huntman ရဲ့ဇာတ်အိမ်ပါပဲ။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်းတွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာအဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ စနှိုးဝှိုက်ပုံပြင်ကျောရိုးကို အက်ရှင်စွန့်စားခန်းတွေနဲ့ဆိုတော့ Fantasy ကြိုက်တတ်သူတွေလုံးဝလက်လွတ်မခံသင့်တဲ့ရုပ်ရှင်ကားကြီးပါပဲ။ Extended Version နဲ့တင်ဆက်ထားတာမလို့ ရုံတင်တုန်းကမပါတဲ့ Scene တချို့နဲ့ ပိုမိုပြည့်စုံတဲ့ Version ဖြစ်ပါတယ်။

Action • Thriller • War • History
6.2 2016 114 mins
The Huntsman: Winter’s War
Pale Horse
5.8

မအောင်မြင်ချင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ဒီမေးခွန်းတွေကိုကျတော့ ကိုယ့်ကိုကိုယ် မေးကြည့်ဖူးတဲ့သူဆိုတာလည်း မရှိသလောက်ပဲနေမယ်။ ကိုယ့်အတွက် အောင်မြင်ကျော်ကြားမှုဆိုတာကဘာလဲ။ အောင်မြင်မှုနောက်ကိုလူတွေဘာလိုလိုက်ကြလဲ။ ဘယ်လိုမျိုးနည်းနဲ့အောင်မြင်ချင်တာလဲ။ ဒီဇာတ်လမ်းမှာတော့ အောင်မြင်မှုနောက်ကိုလိုက်နေတဲ့ ခပ်ချောချော တက်သစ်စ လူငယ်ပန်းချီဆရာတစ်ဦး..။ သူ့ရဲ့ ပန်းချီတွေကို ပြခန်းတစ်ခုမှာ လာပြဖို ကမ်းလှမ်းလာတယ်။ အဲ့ဒီပြခန်းမှာအလုပ်လုပ်တဲ့ ပြခန်းတာဝန်ခံကောင်မလေးက သူ့ပန်းချီတွေကိုမြင်သွားတဲ့အချိန်မှာ သူတိုပြခန်းမှာပြပေးဖိုကို စိတ်ဝင်စားသွားတယ်။ အဲ့အပြင် ပန်းချီကားတွေရဲ့ နောက်ကွယ်က ပန်းချီဆရာကိုပါ မမြင်ဖူးခင်ကတည်းက စိတ်ဝင်စားမိသွားတော့တယ်။ အဲ့လိုနဲ့ ဒီပန်းချီဆရာလေးရဲ့ ပန်းချီပြပွဲကို စီစဉ်ပေးရဖိုဖြစ်လာတယ်။ အဲ့ဒီ ပထမဆုံးပွဲမှာပဲ တစ်နေ့တည်းနဲ့ ပန်းချီကားအားလုံးရောင်းထွက်သွားရော။ တာဝန်ခံကောင်မလေးလည်း ပန်းချီဆရာနဲ့ အဲ့ဒီပန်းချီပြပွဲ ညမှာပဲ ဆုံမိကြတယ်။ ထူးဆန်းတဲ့ပန်းချီကားတွေအကြောင်းပြောပေးဖြစ်ကြတယ်။ ဒီလိုနဲ့ သူတိုနှစ်ယောက်ရင်းနှီးသွားတယ်။ သူနောက်နှစ်ယောက်ရင်းနှီးလာလေလေ.. အန္တရာယ်ပိုနီးလာလေလေ ဆိုတာကိုတော့ သူတိုမသိခဲ့ကြဘူး။ သူတိုသတိမထားမိခဲ့ကြဘူး။ အောက်လမ်းတွေမှော်တွေနဲ့ အစီအရင်တွေလုပ်ပြီး အောင်မြင်လုပ်တာမျိုး အဖြစ်အပျက်တွေ ကြားဖူးကြမှာပါ။ ဒီဇာတ်လမ်းက သူတိုအနောက်တိုင်းရဲ့ ဝိညာဉ်.. ပရလောက.. ကဝေအအတ်ပညာ.. အောက်လမ်း စတဲ့အခန်းကဏ္ဍတွေအကြောင်းကို သေသေချာချာ ပြောပြသွားတယ်။ နောက်ပြီး အမှောင်စွမ်းအင်ကိုတိုက်ဖျက်နိုင်တဲ့ အလင်းစွမ်းအင်ဟာ စစ်မှန်တဲ့ ဖြူစင်တဲ့ ချစ်ခြင်းသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်းချပြသွားတယ်။ မပတ်သက်အပ်တဲ့အရာတွေနဲ့ နှောင်ကြိုးတွေသွားချည်မိရင် ကိုယ့်အတွက်ဆိုးကျိုးကြီးပဲရလာလိမ့်မယ်ဆိုတဲ့ အချက်ကိုလည်းတွေ့ရလိမ့်မယ်။ ဒီဇာတ်ကားကို ဝေဖန်သူတွေများခဲ့ပေမယ့် ကြည့်တတ်ရင် အတွေးစများစွာပေးနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ( ပြခန်းတာဝန်ခံ မင်းသမီးချောရဲ့ အမှောင်ထဲက ဇာတ်ကြမ်းတွေကိုလည်း Bonus အဖြစ်တွေ့မြင်ခံစားနိုင်ပါတယ် ) ဇာတ်လမ်းနဲ့အညွှန်းကိုတော့ Pyae Hein Kyaw ရေးသားထားပါတယ်။ File Size… (624 MB) / ( 375 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 27m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

Crime • Mystery • Thriller
5.8 2024 88 mins
Pale Horse