YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Band.Of.Brothers.EP04.mp4

342.11 MB N/A video/mp4 727 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Superwho?
6.4

Superwho? (2021) ============= IMDb Rating - 6.1/10 Original Title: Super-héros malgré lui Genre - Action, Comedy ခုလိုရာသီဥတုမှာ စိတ်အမောပြေ အပန်းပြေစေပြီး တစ်ချိန်လုံး ခွီနေရမယ့် ပြင်သစ်ဟာသကားလေး လာပါပြီဗျာ။ Marvel တို့ DC တို့အပြင် X-Men တွေရော Mission Impossible တွေရော ပေါင်းစုံသရော်ထားပြီး Easter Egg တော်တော်များ များကိုလည်း တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းလေး အရင်ပြောပြလိုက်မယ်ဗျာ။ ဟာသကားတွေရဲ့ရိုးရာမပြတ် မင်းသားက သရုပ်ဆောင်ဖြစ်ချင်တဲ့ အရှုံးသမားတစ်ယောက် ကောင်မလေးက ပလစ်လိုက်တော့ ညီမ အိမ်မှာကပ်နေနေရတာပေါ့။ ရဲဖြစ်တဲ့ဖအေကြီးကိုလည်း သားက သရုပ်ဆောင်ပါဆိုပြီး အရမ်းဂုဏ်ယူစေချင်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ အလုပ်ရှာတုန်းမှာ ကံကောင်းထောက်မစွာနဲ့ စူပါဟီးရိုးကား ကို မင်းသားနေရာက ရတယ်၊ ဇာတ်ကောင်ကလည်း Batman ကို ပရမ်းပတာကူးချထားတဲ့ Badman တဲ့ (Joker ကိုတောင် Clown လုပ်လိုက်သေးတယ်)။ အဲဒါနဲ့ တစ်ရက်ရိုက်ကွင်းပြီးတဲ့အချိန် ညီမ ဖြစ်သူဆီကနေ အဖေသေခါနီးဖြစ်တဲ့သတင်းကို ကြားတော့ လော လောနဲ့ ရိုက်ကွင်းကကားရယ် ဟီးရိုးဝတ်စုံရယ် ရုပ်ရှင်ထဲက ပိုက်ဆံ တုတွေရယ် အလောင်းအတုကြီးရယ်နဲ့ ထွက်သွားပါလေရော။ ပြီး တော့ ကားမတော်မဆဖြစ်သွားတယ်။ ဒီမှာ ဆရာသမားက အတိတ် မေ့သွားပြီး တိုက်ထားတဲ့နေရာက ငွေထုတ်စက် ကားထဲမှာက ပိုက် ဆံတွေ ကားကြီးကလည်း အမည်းကြီး သူက ဓားပြတိုက်နေတာပဲ ဆိုပြီး ရူးကြောင်မူးကြောင်နဲ့ ထွက်ပြေးပြီး သူ့ကိုယ်သူ ရုပ်ရှင်ထဲက ဇာတ်ကောင်အတိုင်း ဟီးရိုးတစ်ယောက်လို့ ထင်လိုက်တဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေ ကြည့်ရမှာပါ။ သူ့ညီမနဲ့ သူငယ်ချင်း ၂ ကောင်ရဲ့ လိုက်ရှာကြတဲ့အချိန်အလွဲတွေ၊ လမ်းမှာ သတင်းထောက်မလေးတွေ့ပြီး လွဲကြတာတွေ၊ သူ့အဖေ ရဲဌာနက လမ်းလုံခြုံရေးစနစ်သစ်ရဲ့ အလွဲတွေစသဖြင့် တစ်ကားလုံး ပါးစပ်မစိရအောင် ခွီနေရမယ့်ကားဗျာ လုံးဝကို အာမခံတယ်။ ဒိုင် ယာလော့ခ်တွေလည်းမပေါဘူး ရုပ်တည်ကြီးတွေနဲ့ ထိုင်ဖောက်ထား ကြတာ... ကဲ ပြောနေရင် ကြာပါတယ် ပြေးသာကြည့်ကြပါ။ တလော ကလည်း Facebook မှာ ဒီကားထဲက ဇာတ်ဝင်ခန်းလေးနဲ့တောင်းထား တာမြင်မိတယ် အခုကြည့်လို့ရပါပြီလို့...။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.34 GB) / (588 MB) / (346 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 22Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy Translator.......Thura Aung Encoder..........SWM

Drama
6.4 2022 82 mins
Superwho?
Rich in Love 2
7

Rich in Love 2 (2023) ခရမ်းချဥ်သီးမင်းသားလေးနဲ့ ဆရာဝန်မလေးစုံတွဲဆိုပြီး နာမည်ကြီးခဲ့တဲ့ ပေါ်တူဂီအချစ်ဇာတ်လမ်းလေးရဲ့အဆက် Rich in Love 2 ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဒုတိယပိုင်းကတော့ အမေဇုန်သစ်တောနောက်ခံနဲ့ တက်တိုနဲ့ပေါ်လာတို့ရဲ့ Relationship မှာကြုံတွေ့လာရမယ့် Struggle တွေ၊ တက်တိုရဲ့ Grow Up ​ဖြစ်လာပုံတွေအကြောင်းပေါ့။ အမေဇုန်တောမှာလုပ်အားပေးဖို့ ပေါ်လာထွက်သွားပြီးနောက်ပိုင်း တက်တိုရဲ့အဖေက တက်တိုခွဲထွက်ထားတဲ့ကုမ္ပဏီကိုဖျက်သိမ်းပြီး မူလဖရန်စကိုကုမ္ပဏီကိုပဲ လက်လွှဲယူလိုက်ဖို့ ဖိအားပေးလာတယ်။ လူတိုင်းနီးပါးခရမ်းချဥ်သီးစိုက်နေကြတဲ့တောင်ပိုင်းမှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို ကယ်တင်နိုင်ပြီး ပေါ်လာနဲ့လည်းအတူနေနိုင်ဖို့ ဘရာဇီးမြောက်ပိုင်းအမေဇုန်တောထဲမှာ ခရမ်းချဥ်သီးစိုက်ပျိုးရေးလုပ်ဖို့ထွက်လာခဲ့ပါတယ်။ ပေါ်လာက သူ့ Career မှာတိုးတက်ချင်တဲ့သူဖြစ်ပြီး တက်တိုက သူ့နောက်ကိုအမြဲလိုက်နေတာ သူ့လုပ်ဖော်ကိုင်ဖက်နဲ့သဝန်တိုတာတွေက သူ့အတွက်စိတ်ရှုပ်စရာဖြစ်လာတယ်။ ပေါ်တိုတစ်ယောက်အသဲကွဲရင်းနဲ့ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုရဖို့ကြိုးစားရင်း အီဗရက်တိုဆိုတဲ့ ခရိုနီအဘိုးကြီးနဲ့တိုက်ခိုက်ဖို့ဖြစ်လာတယ်။ ဒီကားမှာတော့ အမေဇုန်ရှုခင်းတွေ၊ တိုင်းရင်းသားတွေရဲ့ Lifestyle တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည်ဖြင့် အကြောင်းအရာလေးတွေပိုစုံလာပါတယ်။ Movie Date မှာကြည့်ဖို့ Romance ဇာတ်လမ်းလေးတွေရှာနေတဲ့သူတွေအတွက် Recommend ပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 755MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Comedy, Music, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Action & Adventure • Comedy • Drama
7 2023 89 mins
Rich in Love 2
Night Moves
5.8

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Action & Adventure • Animation • Sci-Fi & Fantasy
5.8 2014 112 mins
Night Moves
National Treasure: Book of Secrets
6.3

National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။ သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ကြီးပြင်းလာတဲ့သူတွေအတွက်တော့ ဒီကားဟာ ဘာ Fact မှ ရှာဖတ်မရသေးတဲ့ ခေတ်မှာတောင် တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကားဖြစ်ခဲ့တယ်။ ဘာလို့ဆို အဲဒီခေတ်က တော်တော်များများ ပုတက်တို့ ကစ်ဇုန်တို့လို ကာတွန်းဂျာနယ်တွေကို ဖတ်ခဲ့ကြတာကိုး။ ပုတက်ဆို သူ့ရဲ့ အချပ်ပိုသုတစွယ်စုံစာအုပ်လေးမှာ ကမ္ဘာပေါ်က အကျော်အမော်တွေအကြောင်းတွေ အမြဲထည့်ပေးလေ့ရှိတယ်။ National Treasure ရဲ့ Trade Mark လိုဖြစ်နေတဲ့ အမေရိကန်ရဲ့ Founding Fathers တွေတဖြစ်လဲ ဒီကားတွေမှာ သုံးထားတဲ့သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ လင်ကွန်း၊ ဘင်ဂျမင်ဖရန်ကလင် နဲ့ ဖရန်ကလင် ဒီရုစဗဲ့တို့လို သမ္မတတွေ၊ မောင့်ရပ်ချ်မိုးလိုနေရာတွေကို အဲဒီသုတစွယ်စုံစာအုပ်တွေကနေ အားလုံးရင်းနှီးပြီးသားဖြစ်နေတော့ ဒီကားထဲကအချက်တွေဟာ အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်သွားခဲ့တာလည်း ပါတာပါပဲ။ ဖရီးမေဆင်ဘာညာကတော့ မင်းသိင်္ခလို စာရေးဆရာတွေလက်ချက်နဲ့ ရင်းနှီးပြီးသားဆိုတော့ ဒီကားက အစကတည်းက ရင်းနှီးပြီးသားကားလို ဖြစ်သွားခဲ့တာကြောင့်လည်း တော်တော်လူကြိုက်များသွားခဲ့တယ်လို့‌ ပြောလို့ရပါတယ်။ သိမှကြည့်ရမယ်တော့မဟုတ်ပေမဲ့ ဒီလူတွေကို ဒီအရာတွေကို ကြိုမသိဘဲကြည့်တဲ့အရသာနဲ့ ကြိုသိပြီးမှ ကြည့်တဲ့ အရသာကတော့ ကွာတာပေါ့။ National Treasure ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ ဒီ၂ကားလုံးက ရတနာသိုက်တွေ ဖော်တာတွေကို နိုင်ငံ့တည်ထောင်သူဖခင်ကြီးတွေ၊ သမ္မတတွေ၊ နိုင်ငံ့ရေးရာတွေနဲ့ မကင်းတာတွေနဲ့ ပုံဖော်သွားတယ်။ ဒီကားရဲ့ကောင်းကွက်တွေအကြောင်းပြောရင် သရုပ်ဆောင်တွေကိုလည်း ချန်ခဲ့လို့မရပြန်ဘူး။ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာတင်မဟုတ်ဘဲ တခြားရတနာရှာတဲ့ကားတော်တော်များများမှာ ကျွန်တော်တို့ မတွေ့ရနိုင်တဲ့အချက်တစ်ချက်ကို National Treasure က ပိုင်ဆိုင်ထားတယ်။ ဇာတ်ကောင်တွေရဲ့ Chemistry ပေါ့။ ဒီထဲက ဇာတ်ကောင်တွေရဲ့ Chemsitry မိချက်မျိုးကို တော်တန်ရုံ ရတနာသိုက်ရှာတဲ့ ကားမျိုးမှာ တွေ့ရမှာတော့မဟုတ်ဘူး။ နစ်ကေ့ရဲ့ ခပ်တည်တည်နဲ့ မသိမသာဘဝမြင့်တတ်တဲ့ဇာတ်ကောင်အပြင် နောက် ခွီခနဲဖြစ်ရမယ့်ဟာသမျိုးတွေပြောတတ်တဲ့ ဂျက်စတင်ရဲ့ဇာတ်ကောင်ရယ်၊ ခရူဂါရဲ့ ယန်ဓာတ်အားပြုတဲ့ဇာတ်ကောင်ရယ်က နစ်ကေ့ရဲ့ဇာတ်ကောင်ကို ပိုပေါ်အောင် အားဖြည့်ပေးထားတဲ့ ဇာတ်ကောင်တွေပေမဲ့ သူတို့ရဲ့ Chemistry သိပ်ကောင်းနေတာကလည်း ဒီကားကို သာမန်ရတနာရှာတဲ့ကားဆိုတာထက် တစ်ဆင့်တက်သွားစေတဲ့အချက်လို့ပြောလို့ရတယ်။ National Treasure ဖန်တွေအတွက်တော့ ဒီဇာတ်ကောင်တွေကို တခြားလူတွေနဲ့ အစားထိုးလို့မရလောက်ပါဘူး။ ဒီလိုနဲ့ပဲ National Treasure ဟာ တော်တော်‌လေးအောင်မြင်တဲ့ Franchise တစ်ခုဖြစ်လာခဲ့သလို စာအုပ်တစ်ချို့လည်းထွက်ရှိခဲ့ပါတယ်။ ၃ကားမြောက်ကို ၂ပြီးကတည်းက ရိုက်ဖို့စီစဉ်လာတာ အထမမြောက်သေးသလို တော်တော်လည်း ကြာနေခဲ့ပေမဲ့ ဒီနှစ်မှာတော့ သူ့ထဲက တစ်ချို့ဇာတ်ကောင်တွေပြန်ပါလာတဲ့ စီးရီးတစ်ခုတော့ထွက်လာခဲ့ပြီဖြစ်သလို ၃ကလည်း ထွက်လာဖို့ လုံးဝသေချာနေပါပြီ။ ဒီကြားထဲ မကောင်းမကန်းကားပေါင်းစုံ ရိုက်ပြီး တဟုန်ထိုးကျဆင်းလာခဲ့တဲ့ နစ်ကေ့ရဲ့ နာမည်ကလည်း Pig တို့ The Unbearable Weight of Massive Talent တို့နဲ့ ပြန်တက်စပြုလာတော့ ရှေ့နှစ်တွေဟာ NT 3 ရိုက်ဖို့ အချိန်ကောင်းဖြစ်လာမယ်တော့ ထင်ရတာပါပဲ။ ရှေ့နှစ်မှာ သူထွက်မယ့်ကားတွေက နည်းနည်းတော့များနေတော့ တစ်ထစ်ချတော့ပြောမရပေမဲ့ Renfield ဆိုတဲ့ကားသစ်ကိုတော့ တော်တော်များများ Hype နေကြတာပါပဲ။ ဘာနေနေပါ... ဇာတ်ညွှန်းမူကြမ်းပြီးတာ ၁၀စုနှစ်ကျော်နေပြီဖြစ်တဲ့ National Treasure 3 ကို လက်ရှိ Disney ကနေလွှင့်နေတဲ့ ဇာတ်လမ်းတွဲကိုကြည့်ရင်း ဒီကနဦးကား၂ကားကို ပြန်ကြည့်ပြီး Nostalgia ပြန်ဖြစ်ရင်း စောင့်စားလိုက်ကြတာပေါ့။ ----- ဇာတ်လမ်းအကျဉ်း ----- ဒီကားမှာတော့ ဘန်ဂိတ်စ်တို့ရဲ့ အဘီ သောမတ်စ်ဂိတ်စ်ဟာ ပြည်တွင်းစစ်ခေတ်က လင်ကွန်းကို လုပ်ကြံဖို့ ကြိုးကိုင်ခဲ့တဲ့သူလို့ စွပ်စွဲခံရပါတယ်။ တကယ်လုပ်ကြံခဲ့တဲ့သူ ဘုရှ်ရဲ့ ပျောက်ဆုံးနေတဲ့ ဒိုင်ယာရီစာရွက်က စာရွက်ပေါ်‌ သောမတ်စ်ဂိတ်စ်နာမည်နဲ့အတူ ပေါ်လာခဲ့လို့ပါပဲ။ သောမတ်စ်ဂိတ်စ်ရဲ့ နာမည်ပျက်ကို ရှင်းဖို့ကတော့ သောမတ်စ်ဂိတ်စ် ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ ဘုရှ်ရဲ့စာရွက်ဟာ ရတနာမြေပုံဆိုတာကို သက်သေပြနိုင်မှဖြစ်မှာပါပဲ။ ဒီတော့ ဘန်တို့တွေ ထုံးစံအတိုင်း ရတနာရှာကြဖို့ အကြောင်းဖန်လာခဲ့တယ်။ National Treasure ကားတွေရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ သမိုင်းတွေ လှိုင်လှိုင်သုံးပြီး သဲလွန်စတွေတစ်ခုပြီးတစ်ခုနောက်လိုက်တာကို အက်ရှင်လေး နည်းနည်းနှောပြီး ပြသွားတဲ့ ရုပ်ရှင်ပါပဲ။ ဒီဒုတိယကားမှာတော့ အထင်ကရနေရာတွေပိုပါလာသလို သမ္မတတွေ ဘာတွေအဆင့်ထိပါ ပတ်သက်လာတဲ့ကားဖြစ်လာပါတယ်။ ထွက်မလာသေးတဲ့ နောက်ကားအတွက် ကြည့်ရှုသူတွေကို သိချင်စိတ် မီးစာပျိုးသွားတဲ့ ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနှစ်ကားကို ဘာသာပြန်ပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Size - 2.3GB, 1.15GB, 730MB Quality - 1080p, 720p, 480p IMDb Rating - 6.5/10 Format - mp4 Duration - 2h 4Min Genre - Action, Adventure, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Music • Romance
6.3 2007 124 mins
National Treasure: Book of Secrets
The Lost Patient
5.9

ပြင်သစ်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာ မိသားစုတစ်စုလုံးအသတ်ခံလိုက်ရပြီး သေခါနီးဆဲဆဲ ဖြစ်နေတဲ့ ယောကျာ်းလေးတစ်ယောက်ကိုတော့ ဆေးရုံတင်ပေးလိုက်နိုင်ခဲ့ပါတယ်။ အချိန်မီဆေးရုံရောက်လာလို့ လူနာက အသက်ရှင်ပေမယ့် ကိုမာ (coma) ဝင်ပြီး (၃)နှစ်လောက်မေ့သွားပြန်ပါတယ်။ ပြန်သတိရလာတော့လည်း အိမ်မှာ ဖြစ်ခဲ့တာတွေကို သေချာမမှတ်မိတော့ဘဲ အတိတ်မေ့နေပါတယ်။ မိသားစုတစ်ခုလုံး အသတ်ခံရတဲ့အမှုမှာ အမှုမှန် ပေါ်ပေါက်ဖို့ သူသည်သာ မျှော်လင့်ချက်ဖြစ်နေတဲ့အတွက် စိတ်ပညာရှင်ဒေါက်တာအန်နာက သူ့အတိတ်ဖြစ်ရပ်ကို ကူညီဖော်ထုတ်ပေးပါတော့တယ်။ စတင်မေးမြန်းရာမှာပဲ တစ်မိသားစုလုံးအသတ်ခံရပေမယ့် သူ့အစ်မလော်ရာ ပျောက်နေတာကို သတိထားမိသွားပါတယ်။ လူသတ်သမားအစစ်ကိုရော မိနိုင်ပါ့မလား? ပျောက်နေတဲ့ လော်ရာ ကပဲ မိသားစုတစ်ခုလုံးကို သတ်ဖြတ်သွားတာဖြစ်နေမလား? သူ့အတိတ်ကရော သူထင်သလို ဖြစ်ပါ့မလား? ဆိုတာ ကို ဇာတ်လမ်းလေးကြည့်ရင်း စိတ်ပညာမေးခွန်းတွေ၊ ကုသနည်းတွေနဲ့ ကြိုးစားပြီး အဖြေရှာကြတာပေ့ါဗျာ။ Psycho၊ Shutter Island တို့လို ဂန္ဓဝင် စိတ္တဇဇာတ်လမ်းတွေနဲ့ မယှဉ်သာနိုင်ပေ မယ့် သူအတိုင်းအတာနဲ့သူ သည်းထိတ်ရင်ဖိုခံစားချက်တွေ ပေးစွမ်းနိုင်တဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။) File Size          : 964MB, 389MB, 210MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 32mins Genre              : Drama, Mystery, Thriller Translated by Ko Myo (Kop) Encoded by Kinnov

Drama • History
5.9 2022 93 mins
The Lost Patient
Endless Battle
9

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ အက်ရှင်ဇာတ်ကားလေးကိုမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်အက်ရှင်ဇာတ်ကားကောင်လေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် လုံခွန်းကတရားမဝင် မူးယစ်ဆေးတွေကို ရောင်းဝယ်တဲ့လူပေါ့။ရဲတွေကဒီလုံခွန်းကို ဖမ်းဆီးဖို့အတွက်နည်းမျိုးစုံသုံး ဖမ်းဆီးပေမဲ့ အမြဲတမ်းလွတ်မြောက်ခဲ့တယ်။ ဖြောင့်မတ်တဲ့ ရဲအရာရှိဖန်ကျန့်ကျုံးမှာ အားချန်ဆိုတဲ့ ညီလေးတစ်ယောက်ရှိနေပေမဲ့ ညီအစ်ကိုနှစ်ယောက်ဆက်ဆံရေးမပြေလည်ခဲ့ဘူး။ မပြေလည်တဲ့အကြောင်းရင်းကတော့ အစ်ကိုဖြစ်သူက မူးယစ်ဆေးအရောင်းအဝယ်ဂိုဏ်းတွေကို ဖမ်းဆီးနေတဲ့ ရဲသားတစ်ယောက်ဖြစ်ပေမဲ့ ညီကတော့အဲ့ဂိုဏ်းတွေနဲ့ အပေါင်းအပါမိတ်ဆွေတွေ ဖြစ်နေခဲ့တာကြောင့်ပဲ။ သို့ပေမဲ့မကြာခဏ သူ့ညီအဖမ်းခံရတိုင်းဖန်ကျန့်ကျုံးရဲ့မွေးစားအဖေ ချင်ရဲမှူးကတော့ သူ့ညီဘက်ကနေအမြဲကာပေးပြီးလွှတ်ပေးခဲ့တယ်။ တနေ့လုံခွန်းသားအငယ်က ရဲတစ်ယောက်ကို ကားသတ်မှုအပြင်မူးယစ်ဆေးမှုပါ အဖမ်းခံလိုက်ရတဲ့အချိန် သားကို ချစ်မြတ်နိုးတဲ့ လုံခွန်းတစ်ယောက်ကယ်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ဒီအမြဲတမ်းလွတ်မြောက်နေတဲ့ လုံခွန်းမူးယစ်ဆေးဘုရင်မှ ာဘယ်သူတွေ ပါဝင်ကူညီပေးနေလဲ။ညီအစ်ကို နှစ်ယောက်ဆက်ဆံရေးကကော ဘယ်လိုတွေကတောက်ကဆဖြစ်နေဦးမလဲ။ ဒီရူပ်ထွေးလှတဲ့မူးယစ်ဆေးစီးပွားရေးလောကရဲ့ကြိုးစကို ဘယ်လိုဖြည်ကြမလဲအစရှိတဲ့စိတ်ဝင်စရာ စုံထောက်မှုခင်းအက်ရှင်တို့ကို တစ်ခါတည်း ဒီဇာတ်ကားကနေပြသသွားမှာဆိုတော့လက်မလွတ်တမ်းစောင့်ကြည့်လိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK

9 2023 87 mins
Endless Battle
I Care a Lot
6.6

ဇာတ်လမ်းနာမည်အတိုင်း မာလာဂရေဆန်ဟာ အိုမင်းမစွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုကိုဦးဆောင်နေတဲ့ အမျိုးသမီးတစ်ဦးပါ ဒါပေမယ့် ကောင်းသောစောင့်ရှောက်ခြင်းမျိုးလားဆိုတော့ သူ့ကောင်းစားရေးအတွက် ချမ်းသာတဲ့အဘိုးအဘွားတွေကို အသုံးချနေတဲ့စောင့်ရှောက်ခြင်းမျိုးပါ မာလာဟာ ဒေါက်တာကယ်ရင်အေမို့စ်ဆိုတဲ့ ဆရာဝန်နဲ့ပေါင်းကြံပြီး လူနာတွေထဲက သူဌေးအဘိုးကြီး အဘွားကြီးတွေကို ကျန်းမာရေးချို့တဲ့လို့ ကိုယ့်ကိုယ့်ကိုမစောင့်ရှောက်နိုင်တော့ပါဘူးဆိုပြီး တရားရုံးကိုအကူအညီတောင်း၊ တရားရုံးကနေမှ မာလာ့ကိုတရားဝင်အုပ်ထိန်းသူအဖြစ် တာဝန်ခန့်အပ်ပြီး လူနာတွေကို သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာ သွားထားထားတာပါ အဲဒီစောင့်ရှောက်ရေးဂေဟာဆိုတာကလည်း အကျယ်ချုပ်ချထားတာနဲ့မခြားပါဘူး မာလာနဲ့ပေါင်းကြံထားတဲ့အဖွဲ့အစည်းတွေပေါ့ အပြင်လောကနဲ့အဆက်အသွယ်လုံးဝဖြတ်ထားပြီး မိသားစုဝင်တွေနဲ့ပါ လုံးဝပေးမတွေ့တာပါ အဲဒီလို သက်ကြီးရွယ်အိုတွေကို ဂေဟာမှာသွားထားပြီး မာလာကတော့ သူတို့ရဲ့အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေကို လေလံတင်ပြီးရောင်းစားနေတာပေါ့ အကြောင်းပြချက်ကတော့ သူတို့မိသားစုဝင်တွေက အဘိုးအဘွားတွေကိုပစ်ထားတဲ့အတွက် စောင့်ရှောက်ရေးဂေဟာကိုပေးရမယ့်စရိတ်စကတွေပေးဖို့ ဒီလိုပစ္စည်းတွေကိုထုခွဲရောင်းချပြီး စီမံရပါတယ်ပေါ့ ဒီလိုနဲ့တစ်နေ့ ဒေါက်တာကယ်ရင်အေမို့စ်ချိတ်ပေးတဲ့ မိသားစုလည်းမရှိ ငွေလည်းလျှံတဲ့အပျိုကြီး ဂျနီဖာပီတာဆန်တစ်ယောက် မာလာတို့လက်ထဲရောက်လာတဲ့အခါ.... မာလာတို့အကြိုက်ပဲပေါ့နော် အမွေစားအမွေခံသားသမီးလည်းမရှိ၊ မိသားစုဝင်လည်းတစ်ယောက်မှမရှိတော့ အဘွားကြီးကို ဂေဟာမှာလှောင်ပိတ်ထားပြီး အဘွားကြီးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကိုရောင်း၊ ဘဏ်ထဲကမီးခံသေတ္တာတွေကို စိတ်ကြိုက်ခြယ်လှယ်တော့တာပေါ့ ဒါပေမယ့် အဘွားကြီးပြောတဲ့စကားတစ်ခွန်းက "မင်းလုပ်ခဲ့မိသမျှထဲမှာ ငါကအကြီးမားဆုံးအမှားဖြစ်လိမ့်မယ်" ဆိုတော့ ကျိကျိတက်ချမ်းသာတဲ့ အဘွားကြီးက မာလာတို့ရဲ့တကယ့်ငွေထုပ်ကြီးဖြစ်မလား ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး File size… 2.4GB and 1.8GB Quality…. 1080p HEVC 5.1CH and 720p Format…mp4 Duration…. 1hr 58min Subtitle….Myanmar Subtitle (Hardsub) Translator ..... MTA, Yoon Sandi Aung Encoder ..... August

Comedy • Drama
6.6 2021 119 mins
I Care a Lot
Fight The Horse And Grab The Knife
5.7

ဇာတ်လမ်းလေးကတော့ လျောင် စုန့် ဟန့် သုံးပြည်ကို အခြေတည်ထားပြီး ရုံချီဧကရာဇ်နှစ်၃နှစ်မှာ တစုန့်ပြည်ရဲ့ နာမည်ကျော်စစ်ဦးစီမှူးယန်ယဲ့ဟာ လျောင်ပြည်နဲ့စစ်တိုက်ရာမှာ အရေးမသာခဲ့ဘဲ လျောင်ပြည်ရဲ့စစ်သူကြီး လျိုကျန့်ရှန်းဦးဆောင်တဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်အောက်မှာအသက်ကို စတေးသွားခဲ့ရပါတယ် သူ့ရဲ့နာမည်ကြီး ရွှေဓါးဟာလည်း လျောင်ပြည်ရဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပါတယ် ယန်ယဲ့ရဲ့ စစ်သည်တော်တစ်လက်ဖြစ်တဲ့ ကျောင်းကွမ်းဖူကတော့ အသက်ဘေးကနေလွတ်ပြီးတော့ လျောင်ပြည်ရဲ့ လျိုယဲ့မြို့လေးမှာ တည်းခိုဆောင်လေးဖွင့်ကာ ဇာတ်မြှုပ်နေပြီးတော့ တစ်နေ့မှာရွှေဓါးကို ပြန်ယူပြီးတော့ တစုန့်ပြည်ကို ပြန်ဖို့ကတော့ သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ခဲ့ပါတယ် ထိုနည်းတူစွာပဲတစ်ဖက်မှာလည်း ယန်ယဲ့ရဲ့ သမီးတွေဖြစ်တဲ့ ယန်ချီနဲ့ ယန်ယင်းကလည်း လျောင်ပြည်ရဲ့ ဝန်ကြီးအိမ်တော်ကို ခိုးဝင်ပြီး သူတို့ဖခင်ရဲ့ ရွှေဓါးကိုပြန်လည်ခိုးယူခဲ့ပါတယ် အင်အားကြီးတဲ့ လျောင်စစ်တပ်က အလွတ်မပေးဘဲ သူတို့နှစ်ယောက်ကို လိုက်လံဖမ်းဆီးရာမှာတော့ ဇာတ်မြှုပ်နေတဲ့ ကျောင်းကွမ်းဖူနဲ့ တစုန့်လူမျိုးချင်းတူတဲ့ ယန်ယဲ့ရဲ့ သမီးတွေနဲ့ ဆုံတွေ့ခဲ့ပြီး နောက်ဆုံးမှာ ယန်ယဲ့ရဲ့ ရွှေဓါးကို တကယ်ပဲ တစုန့်ပြည်ကိုပြန်လည်ပို့ဆောင်နိုင်ပြီး စစ်ဦးစီးမှူးယန်ယဲ့အတွက် ကလဲ့စားချေပေးနိုင်မှာလားဆိုတာကိုတော့ ရှေးခေတ်စစ်ကားဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်….

5.7 2024
Fight The Horse And Grab The Knife
The New Guy

Imdb rating – 5.8/10 ဒီကားလေးကတော့ အမေရိကန် ကျောင်းသားဟာသကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒစ်ဇ်က အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းထဲမှာ အနိုင်ကျင့်ခံအရှုံးသမားတစ်ယောက်ပါ။ ဒါပေမဲ့ စီနီယာနှစ်မှာတော့ အဲဒါကိုပြောင်းလဲဖို့အတွက်ကြိုးစားရင်း မတော်တဆမှုဖြစ်ပြီး လူရယ်စရာဖြစ်သွားပါတယ်။ စိတ်ညစ်ညစ်နဲ့ ချာ့ခ်ျဂီတအဖွဲ့ထဲ၀င်ကြွယ်လိုက်တာ တစ်ညဂျေးအောင်းလိုက်ရပြီး လူသာဆိုတဲ့ဘဲကြီးဆီအရှုံးသမားကနေ လူကြမ်းကြီးဖြစ်ဖို့ နည်းစနာယူပညာသင်ပါတော့တယ်။ ကျောင်းလည်းပြောင်းလိုက်ပြီးတော့ နာမည်ပါပြောင်း သင်လာသမျှပညာတွေထုတ်သုံးပြီး ဒစ်ဇ်တစ်ယောက် သူဖြစ်ချင်သလို လူကြမ်းကြီးဖြစ်အောင် ကြိုးစားတဲ့အကြောင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။ plotက အကောင်းကြီးမဟုတ်ပေမဲ့ ခွီပဲခွီချင်တယ်ဆိုတဲ့ ကြည့်ရှုသူတွေအတွက် ရွေးချယ်ဖို့အဆင်ပြေတဲ့ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

0 2002
The New Guy
Krazy House
5

Krazy House (2024) မင်းသမီးကြီး Alicia Silverstone နဲ့ ဟာသမင်းသားကြီး Nick Frost ပါဝင်ထားတဲ့ Comedy/Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ 90s sitcom တွေ vibe မျိုး အပြည့်အဝ ရပြီး Christians မိသားစုနဲ့ ဇာတ်အိမ် တည်ထားပါတယ်။ Bernie Christians ဟာ နာမည်အတိုင်းပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန် ကောင်းတစ်ယောက်ဖြစ်ပါတယ်။ မိန်းမဖြစ်သူ Eve ကတော့ အလုပ်ပဲ စိတ်ဝင်စားပြီး တခြားဘာကိုမှ စိတ်မဝင်စားပါဘူး။ သားနဲ့ သမီး နှစ်ယောက်ကလည်း သူ့စကားကို နားမထောင်တဲ့အပြင် အဖေကို လေးလေးစားစားမရှိကြပါဘူး။ ဒီလိုနဲ့ သူတို့အိမ်ကို ရေပိုက်ပြင်ဖို့ Russia လူမျိုး သားအဖ သုံးယောက် ရောက်လာကြပါတယ်။ ရေပိုက်ပြင်တဲ့ အကြောင်းပြချက်နဲ့ မီးဖိုခန်းတစ်ခုလုံး အိမ်တစ်ခုလုံးက နံရံတွေကို ဖြိုချကြပါတယ်။ အလုပ်အလွန်အကျွံလုပ်လွန်းလို့ ကျန်းမာရေး မကောင်းဖြစ်သွားတဲ့ မိန်းမကို ပြုစုရတာ တစ်ဖက်၊ စကားနားမထောင်တဲ့ သားသမီးတွေကို ထိန်းကျောင်းရတာ တစ်ဖက်အပြင် လူဆိုးတွေလိုလို အိမ်ကို ဖျက်ပစ်နေတဲ့ သားအဖ သုံးယောက်ကိုပါ လိုက်တားနေရတဲ့အခါ Bernie စိတ်ထဲမှာ မကောင်းတဲ့ ရုတ်တရက် အတွေးတွေ ခဏခဏ ဝင်လာပါတော့တယ်။ Horror နဲ့ ဟာသရောပြီး 90s sitcomပုံစံ ရိုက်ထားတာမို့လို့ သဘောကျကြမယ်လို့ ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:30:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Horror
5 2024 90 mins
Krazy House
Thaanara
6.4

Thaanara (2024) “အမှုပွေတဲ့ ညတစ်ည” ခေတ်ကျပ်ကြီးထဲမှာ စိတ်ညစ်စရာတွေ ခဏဖယ်ထားပြီး ခဏတာရယ်မောရစေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မတူညီတဲ့ ဘ၀အဖုံဖုံကို အတည်အ‌ပေါက်လိုလိုနဲ့ ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။ စစချင်းမှာပါလာတဲ့ နိုင်ငံရေးအကြောင်းတွေကိုကြည့်ပြီး အတည်အပေါက်လို့တော့ မထင်လိုက်ပါနဲ့ဦး။ နောက်ပိုင်း အခွီတွေချည်း ဆက်တိုက်လာမှာပါ။ ဇာတ်လမ်းမှာ အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်တဲ့ အာဒါ့ရှ်ဟာ အလုပ်ခရီးတစ်ခုဗန်းပြပြီး အမိုက်စားစကီလေးတစ်ဗွေနဲ့ အိမ်ကိုပြန်လာပါတယ်။ဖြစ်ချင်တော့ သူခရီးသွားတဲ့ သတင်းကြောင့် သူ့အိမ်မှာ သူခိုးတစ်ယောက်‌ရောက်နေပါတယ်။ သူခိုးကလည်း အိမ်ရှင်တွေမရှိတာကြောင့် စားလိုက်သောက်လိုက် ထင်တိုင်းကျဲနေတော့တာပေါ့။ အာဒါ့ရှ်နဲ့ စကီလေးတို့ အိမ်ရောက်လာချိန်မှာတော့ စည်းစိမ်ယစ်နေတဲ့ သူခိုးခမျာ ဘုံပျောက်ပါတော့တယ်။ အဲဒီနောက် မမျှော်လင့်ဘဲ အိမ်ကို နောက်ထပ်ရောက်ချလာသူကတော့ အာဒါ့ရှ်ရဲ့မိန်းမပါပဲ။ ဒီလိုနဲ့ အိမ်တစ်လုံးထဲမှာ လွှတ်တော်အမတ်ရယ်၊ စကီလေးတစ်တစ်‌ဗွေရယ်၊ အမတ်ဇနီးရယ်၊ သူခိုးတစ်ယောက်ရယ် ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုတွေ ကမောက်ကမဖြစ်ကုန်မလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

History • War • Drama • Action
6.4 2024
Thaanara