YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bahubali The Epic (2025) Hindi 720p WEB-DL [RMC].mp4

2.36 GB N/A video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Slash/Back
5.8

ကလေးအုပ်စုတစ်သိုက်ကို အခြေတည်ပြီးရိုက်ကူးထားတဲ့ရုပ်ရှင်တွေ ပရိတ်သတ်ကြီးတို့ကြည့်ဖူးကြမှာပါ....stranger things တို့ဘာတို့ပေါ့။ ဒီတစ်ခေါက်ကလေးအုပ်စုကတော့ ယောကျ်ားလေးမပါဘဲ မိန်းကလေး တွေချည်း အစွမ်းပြထားတဲ့ရုပ်ရှင်ပါ။ ကဲစိန်တို့ ဂျက်မတို့ပေါ့ဗျာ။ ဖိုက်ရ တာကတော့ လူ့ခန္ဓာ၊ တိရစ္ဆာန်ခန္ဓာကို ကပ်ပါးလုပ်နေတဲ့ ဖုတ်လိုလို ဖွတ် လိုလိုတုတ်ပြားသံကောင်တွေနဲ့ပါ။ မိန်းကလေးချည်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကျားကျားယားယား မိန်းမသားအဖွဲ့က သေနတ်ပစ်တတ်တဲ့သူနဲ့ လက်ရဲဇက်ရဲရှိတဲ့သူနဲ့ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပါပဲ။  သူတို့နေတဲ့ရွာလေးက တောခေါင်သလိုဖြစ်နေလို့ မမတို့အဖွဲ့က သိပ်မကျေနပ်ကြပါဘူး။ တစ်နေ့ကျ လှေခိုးမောင်းပြီး အကဲလွန် ရာကနေ ဝက်ဝံတစ်ကောင်‌နဲ့တွေ့ပြီး တစ်အုပ်စုလုံး မသာပေါ်တော့မလို့ပါ။ သူတို့နဲ့မတော်တဆတွေ့မိတဲ့ ဝက်ဝံကနေ သူတို့ရွာလေးကို ဘယ်လိုအန္တရာယ် တွေကျရောက်လာမလဲ။ ကျားကျားယားယားမိန်းမသားမမလေးတို့အဖွဲ့က ဘယ်လိုပြန်ဆော်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Ngwe Zin, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(1.43 GB) / (600 MB) / (342 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Horror, Sci-Fi Translator.......Ngwe Zin, Khant Sett Naing Encoder..........SWM

Comedy • Drama • Romance
5.8 2022 87 mins
Slash/Back
Ruben Brandt, Collector
7.5

သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊ ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။ ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊ two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာ ဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး၊ တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့။ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။ ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီး ဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ... File Size :(1.1GB) and (418 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:36:00 Genre : Crime , Animation , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Thriller
7.5 2018 96 mins
Ruben Brandt, Collector
The Lord of the Rings: The Two Towers
8.4

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(8 GB)/(3.6 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:55:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Drama • Mystery • Thriller
8.4 2002 179 mins
The Lord of the Rings: The Two Towers
La Trampa
5.6

La Trampa (2022) ဒီတစ်ခေါက်မှာတော့ ဒိုမနစ်ကန် ဟာသဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ မြေအခိုးခံရတဲ့ တူဝရီးနှစ်ယောက် မြေပြန်ရဖို့ကြိုးစားတဲ့ပုံကို ဟာသအနှောလေးတွေနဲ့ရိုက်ထားတဲ့ကားပါ။ လောင်းကစားရုံပိုင်ရှင်တစ်ယောက်က ရုံသစ်ဖွင့်ဖို့နေရာရှာရင်း ဦးလေးယာမဲရဲ့မြေကိုမျက်စိကျသွားတယ်။ ဦးလေးယာမဲကဘိုးဘွားပိုင်မြေကိုမရောင်းနိုင်လို့ငြင်းလိုက်တဲ့အခါမှာတော့ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းတွေကို ခိုးခိုင်းပြီး မြေကိုသိမ်းလိုက်တယ်။ လူမိုက်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်တဲ့အတွက် ယာမဲတို့တူဝရီးနှစ်ယောက် စာရွက်စာတမ်းတွေကိုပြန်ခိုးဖို့ကြိုးစားရတော့တယ်။ တစ်ဖက်မှာလည်း လယ်သမားအယ်ဒိုတစ်ယောက် သားဖြစ်သူရဲ့လောင်းကစားအကြွေးကိုဆပ်ဖို့ စိတ်သောကရောက်ရင်း တူမ,မင်္ဂလာဆောင်ရောက်နေတာတောင် မရယ်နိုင်မပြုံးနိုင်ဖြစ်နေတယ်။ အကြွေးရှင်က ဦးလေးယာမဲတို့မြေကိုခိုးသွားတဲ့သူပါပဲ။ အယ်ဒိုတို့သားအဖရယ် စာရွက်စာတမ်းတွေပြန်ခိုးပြီး ပြန်လာတဲ့ယာမဲတို့တူဝရီးရယ် မင်္ဂလာပွဲကျင်းပနေတဲ့ La Trampa ဆိုတဲ့အပန်းဖြေအိမ်ကြီးမှာ သွားဆုံကြပါတော့တယ်။ La Trampa အိမ်ကြီးမှာ ဘာကိစ္စတွေထပ်ပေါ်လာမလဲ… ဘယ်လိုတွေပွက်လောရိုက်ကြဦးမလဲ… ဆိုတာ ယာမဲတို့တူဝရီးနှစ်ယောက်ရဲ့ ဟာသအလွဲလေးတွေနဲ့အတူ ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 720MB Quality – 1080p, 720p Format – mp4 Duration – 1H 29Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

5.6 2022
La Trampa
Tomorrow, When the War Began
6.1

Tomorrow, When the War Began (2010) ============================= IMDb Rating – 6.1/10 ဒီကားလေးကတော့ ‘ Tomorrow When The War Began ‘ ဆိုတဲ့ Australia နာမည်ကြီး စာရေးဆရာ John Marsden ရေးခဲ့တဲ့ ဝတ္ထုရှည်ကြီးကို ဇာတ်ကားအနေနဲ့ ပြန်လည်အသက် သွင်းထားတဲ့ ကားလေးဖြစ်ပါတယ်။ စာအုပ်အနေနဲ့ Tomorrow Series ဆိုပြီးနာမည်ကြီးပြီး 1993 ကနေ 1999 ထိ စုစုပေါင်း 7 အုပ်ထိ ထုတ်ဝေခဲ့ပါတယ်။ ပထမဆုံးစာအုပ်ဖြစ်တဲ့ Tomorrow When The War Began စာအုပ်ကတော့ ကမ္ဘာတဝှမ်း စာပေ Winner ဆု ‘8ဆု’၊ Best Book ဘာညာအဖြစ်ရွေးချယ်ခံရတာ ‘5ဆု’၊ Nominated ‘1ဆု’ အထိအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းမှာတော့ Australia မင်းသမီးချော Caitlin Stasey က ခေါင်းဆောင်မင်းသမီးအနေနဲ့သရုပ်ဆောင်ထားပြီး၊ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့တဲ့ Peter Pan ကားထဲက Wendy Darling တစ်ဖြစ်လဲ Rachel Hurd-Wood တို့လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့တော့ Stasey တို့ သူငယ်ချင်းတစ်စု Camping ထွက်နေတုန်းမှာပဲ Australia နိုင်ငံ ကို နယ်ချဲ့တွေဝင်လာပါတော့တယ်။ ဒီလိုနဲ့ ရန်သူ့ရဲ့ Back Line မှာ Stasey တို့သူငယ်ချင်းတစ်သိုက် ညပ်သွားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကြမလဲဆိုတာကို ဆက်စောင့်ကြည့်ကြပါဦး။ ဇာတ်ကားအဆက်မထွက်ထားလို့ ဒီကားလေးကြည့်ပြီး Stasey တို့ တစ်ယောက်ဘယ်လိုတွေကြုံတွေ့ကြရဦးမလဲ သိချင်ရင်တော့ ဝတ္ထုကိုဖတ်ကြည့်ဖို့အကြံပြုချင်ပါတယ်..2016 မှာတော့ Mini Series အနေနဲ့ အပိုင်း၆ပိုင်း ထွက်ရှိထားတာလေးလည်းရှိပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.54 GB) / (653 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Thetti Tun Encoder……….SWM

6.1 2010 103 mins
Tomorrow, When the War Began
First Kill
5

First Kill (2017) IMDb: 5.0/10 Genre: Action/Thriller Wall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက် အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။ တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။ သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။ သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။ သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။ နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ဝီလ်အနေနဲ့ အလောင်းကိုကြည့်ချိန်မှာ ရဲတစ်ယောက် ဖြစ်နေခဲ့မှန်း သိခဲ့ရပါတယ်။ သေနတ်ဒဏ်ရာနဲ့ လဲနေတဲ့သူ လီဗိုင်းကို အိမ်ပြန်ခေါ်သွားခဲ့ပြီး ဆေးကုပေးပြီးကာမှ ဒန်နီကို ဓားစာခံလုပ် အကျပ်ကိုင်ခြင်းခံရပါတော့တယ်။ အခင်းဖြစ်ရာနေရာကို ပြန်လာချိန်မှာ ရဲအရာရှိတစ်ယောက် ကြိုတင်ရောက်နေခဲ့ပြီး ဝီလ်နဲ့ လီဗိုင်းကို စတင်ပစ်ခတ် ပါတော့တယ်။ လီဗိုင်းကတော့ ဒန်နီနဲ့အတူ လွတ်မြောက်သွားခဲ့ပြီး ဒန်နီနဲ့လဲလှယ်ဖို့ အခင်းဖြစ်တဲ့နေရာက သော့ကို ယူလာခဲ့ဖို့ ဝီလ်ကို ချိန်းဆိုခဲ့ပါတယ်။ ဝီလ်အနေနဲ့ မိသားစုရဲ့မိတ်ဆွေဟောင်း ရဲမှူးဟောင်းဝဲလ်ကို အခင်းဖြစ်ရာကို ပထမဆုံးအကြိမ်ရောက်တာဖြစ်ကြောင်း လိမ်လည်ခဲ့ပြီး ညကျမှ သော့ကို ပြန်လာရှာဖို့ စိတ်ကူးခဲ့ပါတယ်။ ဝီလ်အနေနဲ့ ရဲတစ်ယောက်ကို သတ်ပစ်ခဲ့တဲ့အမှုကို ဖုံးကွယ်ရင်း သားဖြစ်သူ ဒန်နီဆီကို အရောက်သွားနိုင်မလား ရဲမှူးဟောင်းဝဲလ်အနေနဲ့ရော ဝီလ်ရဲ့လိမ်လည်ရတဲ့အကြောင်းရင်း အမှန်ကို စုံစမ်းနိုင်မလား ဘဏ်ဓားပြမှုမှာ ပါဝင်ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ရဲ့သရုပ်မှန်ကိုရော ဖော်ထုတ်နိုင်မလား ဆိုတဲ့ မေးခွန်းများကို အဖြေရှာနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.6 GB / 819 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Action/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Sai Sumali

5 2017 97 mins
First Kill
My Spy the Eternal City

IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ မသိနိုင်တဲ့လူတစ်စုရဲ့ လျှို့ဝှက်အကြံအစည်တွေနဲ့ သူတို့ရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံလာရချိန်မှာတော့… အစိုးရိမ်ကြီးတဲ့ ဂျေဂျေနဲ့ လူငယ်ပီပီ လွတ်လပ်ချင်တဲ့ ဆိုဖီတို့အကြား ဆက်ဆံရေးပြေလည်သွားနိင်မှာလား.. သူတို့နှစ်ယောက်ရင်ဆိုင်ရမယ့် အန္တရာယ်အခက်အခဲတွေကိုရော ဖြတ်ကျော်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre… Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
My Spy the Eternal City
Deliver Us

“Deliver Us” ဆိုတဲ့ ခေါင်းစဉ်အတိုင်း ဒီဇာတ်ကားက ကလေးနှစ်ယောက်ကို မီးဖွားပေးတဲ့နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ “ယေရှုခရစ်တော်” က ယောင်္ကျားနဲ့မိန်းမ ပေါင်းဖက်ခြင်းကမဟုတ်ဘဲ ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် အပျိုစင်ကညာတစ်ဦးဖြစ်တဲ့ “မာရိ” ထံကနေ လူ့ဇာတိခံခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲမှာဆိုရင် ဒီကမ္ဘာပေါ်ကို ယေရှုခရစ်တော် နောက်တစ်ဖန်ပြန်ကြွလာမယ်လို့ ပရောဖက်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီကာလမတိုင်ခင်မှာပဲ “အန္တိခရစ်” ဆိုတဲ့ ခရစ်တော်ကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကမ္ဘာပေါ်မှာအရင်မွေးဖွားလာပြီး လူသားတွေကို လှည့်စားမှုပေါင်းများစွာနဲ့ အုပ်စိုးမှာပဲဖြစ်ပါတယ်။ အခုဇာတ်ကားထဲမှာတော့ သမားရိုးကျစိတ်ကူးယဉ်ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခရစ်ယာန်သမ္မာကျမ်းစာထဲက အကြောင်းအရာတွေအပေါ်ကိုအခြေခံပြီးတော့ ဆင့်ကဲကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရပ်ဝေးဒေသတစ်ခုမှာရှိတဲ့ သီလရှင်စစ္စတာတစ်ယောက်ကနေပြီးတော့ သံဝါသမပြုဘဲ ကိုယ်ဝန်လွယ်ထားရပါတယ်လို့ သတင်းထွက်လာပါတယ်။ ဒီကိစ္စက ကျမ်းစာထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စ သမိုင်းတစ်ကျော့ပြန်လာတာလားဆိုတာကို ဟုတ်မဟုတ်အတည်ပြုဖို့အတွက် ဗာတီကန်ကနေ ဘာသာဗေဒပညာရှင် ခရစ်ယာန်ဘုန်းကြီးတွေကိုစေလွှတ်လိုက်ပါတယ်။ တကယ်ကတော့ စစ္စတာယူလီယာက ကလေးတစ်ယောက်မဟုတ်ဘဲ ကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရတာပါ။ သူကနေပြီးတော့ လာရောက်အတည်ပြုတဲ့ဘုန်းကြီးတွေကို သူ့ခေါင်းထဲကနေ ရူပါရုံတွေရနေတယ် ကလေးတွေရဲ့စကားပြောနေသံကိုလည်းကြားရပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေက သူပြောတဲ့အကြောင်းအရာနဲ့ ရှေးဟောင်းကျမ်းတွေကို တိုက်စစ်ကြည့်လိုက်တဲ့အချိန်မှာ ကျမ်းတွေအရဆိုရင် ယူလီယာလွယ်ထားရတဲ့ကလေးတစ်ယောက်ဟာ သံဝါသမပြုဘဲရလာတဲ့ “မေရှိယ – လူတွေကိုအပြစ်ကနေ ကယ်ချွတ်မည့်လူ” လို့ ပရောဖက်ပြုထားတဲ့ကလေးနဲ့ လူလူချင်းပေါင်းသင်းဆက်ဆံပြီးမှရလာတဲ့ “သားရဲ” ဆိုတဲ့ လူတွေကို အနုနည်းနဲ့ အုပ်စိုးမယ့်အန္တိခရစ်ရဲ့အပေါင်းအပါဖြစ်တယ်ဆိုတာကို သိသွားကြပါတယ်။ ဒီလိုနဲ့ပဲ ဘုန်းကြီးတွေဟာ ယူလီယာကိုမေ့ဆေးပေးပြီး ကလေးကိုမမွေးပေးဘဲ ဆေးထိုးပြီးဖျက်ချဖို့ ကြိုးစားပါတော့တယ်။ အဲဒီအချိန်ကစပြီးတော့ အနိဌာရုံတွေတစ်ခုပြီးတစ်ခု စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ကလေးနှစ်ယောက်လုံးမွေးနိုင်ခဲ့လား… ကလေးတွေကရော နောက်ဆုံးကျဘယ်လိုဖြစ်သွားမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာစိတ်ဝင်တစားကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 890MB Quality – 1080p, 720p Format – mp4 Duration – 1H 43Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2023 102 mins
Deliver Us
Family Seima
5.5

Seima (2023) IMDb Rating (5.5) နှစ်ပေါင်းအတော်ကြာတဲ့သက်တမ်းရင့်စံအိမ်ကြီးမှာ နေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အကျင့်စရိုက်တွေတစ်ယောက်တစ်မျိုးစီရှိကြသလို ဂယက်ကလည်းမထရရင်မနေနိုင်တဲ့ မိသားစုတစ်စုအကြောင်းကို comedy ဆန်စွာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ Cliché ဖြစ်တဲ့ plot twist များစွာပါသော်ငြားလည်း ခမ်းနားတဲ့ cinematography တွေနဲ့ အိမ်ကြီးတစ်ခုထဲကိုပဲ foucs ထားပြီး ရိုက်ကူးထားတဲ့အတွက် အချိန်ပေးကြည့် ရှုဖို့ရာအတွက် ကိုယ့်ရဲ့ ရုပ်ရှင် taste အပေါ်မူတည်ပြီး ကောင်း၏ မကောင်း၏ကွဲပြားသွားမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(1.6 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:28:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Yamone

5.5 2023 92 mins
Family Seima
28 Days
6.1

28 Days (2000) IMDb Rating (6.1) “28 Days” ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒရာမာနဲ့ ဟာသရောစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ‌တော့ ဂွမ် ဟာ ပါတီပွဲတွေ၊ အရက်တွေနဲ့ ဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူမဟာ မတော်တဆမှုတစ်ခုကို ဖန်တီးမိပြီး နောက်ဆုံးမှာ ပြန်လည်ထူထောင်ရေးစင်တာကို ရောက်ရှိသွားပါတယ်။ ဒီနေရာမှာ ဂွမ် ဟာ သူမရဲ့ ဘဝကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေရတဲ့ ခရီးကို စတင်ပါတယ်။ ဇာတ်ကားထဲမှာ ဂွမ် ရဲ့ ဇာတ်ရုပ်ဟာ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပြီး သူမရဲ့ အားနည်းချက်တွေကို လက်ခံပြီး ကျော်လွှားနိုင်တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်လာပါတယ်။ သူမရဲ့ ခံစားချက်တွေ၊ ရုန်းကန်မှုတွေကို ဇာတ်ကားက ရိုးရိုးသားသား ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ ပြန်လည်ထူထောင်ရေးနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတဲ့ ဇာတ်လမ်းကို ရိုးရှင်းစွာနဲ့ စိတ်ဝင်စားဖွယ်ရာ ဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Sandra Bullock ရဲ့ သရုပ်ဆောင်မှုက ဇာတ်ကားကို ပိုမိုအသက်ဝင်စေပြီး ဇာတ်ကားကြည့်ပြီးရင် ကိုယ့်ဘဝကို ပြန်လည်သုံးသပ်မိစေမယ့် အတွေးတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(2.2 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:44:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

TV Movie • Comedy • Romance
6.1 2000 103 mins
28 Days
Blood: The Last Vampire

အဟောင်းထဲက အကောင်းလေးတစ်ခု ပြန်လည်တင်ဆက်ပေးပါဦးမယ်။ ဒီ သွေးစုပ်ဖုတ်ကောင် Anime လေးက ၂၀၀၀ ခုနှစ်ကတည်းက Production IG ကနေ ထုတ်လုပ်ပေးထားတာပါ။ ၂၀၀၉ ခုနှစ်မှာဆိုရင်လည်း ဟောလိဝုဒ်ကနေ နာမည်ကျော် ကိုရီးယားမင်းသမီး Jun Ji-hyun ကို ဇာတ်ဆောင်ထားပြီး Live Action ပြန်ရိုက်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအရ ဇာတ်အိမ်တည်ထားတာတော့ ဒုတိယကမ္ဘာစစ်အပြီးလောက် ဂျပန်မှာ အမေရိကန်တွေ အခြေစိုက်စခန်းတွေ ချနေဆဲကာလလိုမျိုးပေါ့။ အဲဒီမှာ လူတွေရဲ့သွေးသားကို စားသုံးပြီး အဆုံးစီရင်သွားသလို သတ်ဖြတ်နေကြတဲ့ လင်းနို့ပုံသဏ္ဍာန် နတ်ဆိုးတွေဆိုတာ ရှိကြတယ်။ ဒီလို မကောင်းဆိုးဝါးတွေကို တိတ်တဆိတ်နဲ့ စုံစမ်းထောက်လှမ်းပြီး သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းလည်း ရှိနေတယ်။ Saya ဆိုတာ ဒီအဖွဲ့အစည်းက အဓိကသတ်ဖြတ်ရေးသမား ကင်ဒိုဓားတစ်ချောင်းနဲ့ အကုန်ခုတ်ဖြတ်နေတဲ့ ကောင်မလေး။ နောက်ကျ အခြေစိုက်စခန်းနားမှာ အကောင်တွေသောင်းကျန်းနေတယ်ဆိုပြီး သတင်းရတာနဲ့ ကျောင်းတစ်ခုမှာ အထက်တန်းကျောင်းသူအဖြစ် အသွင်ယူထောက်လှမ်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 757 MB / 319 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 48m Genre ….. Action / Animation / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Horror
0 2000 48 mins
Blood: The Last Vampire
My Brother
7

၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသားကြီး Shin Ha Kyun နဲ့ Won Bin တိုရဲ့ ယနေ့ချိန်ထိ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းစာရင်း၀င်နေဆဲ ညီအစ်ကိုဇာတ်လမ်း။ စိတ်ထားကောင်းပြီး ရိုးတဲ့မိန်းမတစ်ယောက် ရှိခဲ့တယ်။ ပြီးတော့ ‌ဓါတ်ပုံရိုက်ရတာကြိုက်တဲ့ယောက်ျားတစ်‌ယောက် ရှိခဲ့တယ်။ နှစ်ယောက်သား ချစ်မိသွားကြပြီး လက်ထပ်ခဲ့ကြတယ်။ ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။ ဒါပေမဲ့ ကလေးမျက်နှာကိုကြည့်ပြီး ဘယ်သူကမှ မပျော်ရွှင်ခဲ့ကြဘူး။ မိန်းမက တက်နေကျဘုရားကျောင်းကို ဆက်မတက်တော့ဘူး။ ပြီးတော့ ယောက်ျားက ဓါတ်ပုံဆက်မရိုက်တော့ဘူး။ ယောက်ျားက မိန်းမ မသိအောင် ‌ကလေးကို စွန့်ပစ်လိုက်တယ်။ ဒါပေမဲ့ မိန်းမက ကလေးကို ပြန်ယူလာခဲ့တယ်။ အဲဒီနေ့ပြီးတော့ ယောက်ျားက နာမကျန်းဖြစ်ရင်းကနေ ဆုံးပါးသွားခဲ့တယ်။ နည်းနည်းလောက်ကြာတော့ မိန်းမက သူ့မှာ နောက်ထပ် ကိုယ်၀န်လွယ်ထားရတာကို သိလိုက်ရတယ်။ ပြီးတော့ မိန်းမက ဆုံးဖြတ်ချက်ချလိုက်ခဲ့တယ် ရှေ့လျှောက် စိတ်သဘောထားကောင်းပြီး ရိုးမနေတော့ဘူးလို။ သူသန်သန်မာမာနေပြီး ကလေးတွေကို ကောင်းကောင်း ပျိုးထောင်မယ်လို။ နောက်နှစ်မှာပဲ နောက်ထပ်သားယောကျာ်းလေးတစ်ယောက်ကိုမွေးဖွားခဲ့တယ်။ မုဆိုးမတစ်ယောက်က ကြိုးစားရုန်းကန်ပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်း။ File size…(3.7 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:52:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Thriller • Drama
7 2004 112 mins
My Brother
Fatti Vedere
5.7

Fatti Vedere က ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အီတလီ ဟာသရိုမန့်စ် ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ Tiziano Russo ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ Sandra (Matilde Gioli) ဆိုတဲ့ စိတ်ပညာဘွဲ့ရထားတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူမက FATTIVEDERE.COM ဆိုတဲ့ နာမည်ကြီး အွန်လိုင်းစိတ်ကုထုံးဆိုက်မှ ာ အလုပ်သစ်ရထားလို့ ဝမ်းသာနေချိန်မှာ သူမရဲ့ ဆယ်နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူ Stefano (Francesco Centorame) က ဘာအကြောင်းပြချက်မှ မပေးဘဲ သူမကို စွန့်ပစ်သွားခဲ့တယ်။ ဒီလိုနဲ့ Sandra တစ်ယောက် ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကို သိရဖို့ စိတ်ရှုပ်ထွေးပြီး အဖြေရှာဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် သူမရဲ့ ပထမဆုံးအလုပ်နေ့မှာပဲ ဆိုက်မှာ အမှားတစ်ခုဖြစ်ပြီး Sandra ရဲ့ ဓာတ်ပုံအစား အသက် ၇၀ အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ အထောက်အထားတွေ ထည့်သွင်းခံရတယ်။ ပိုပြီး ထူးဆန်းတာက သူမရဲ့ ပထမဆုံး လူနာတွေထဲမှာ Stefano ပါဝင်နေတာပါပဲ။ Sandra တစ်ယောက် သူမရဲ့ အချစ်ရေးပြဿနာကို ဖြေရှင်းဖို့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး အဲဒီ အသက်ကြီးအမျိုးသမီးရဲ့ အထောက်အထားကို အသုံးပြုပြီး သူမကိုယ်သူမဖုံးကွယ်ကာ စိတ်ကုထုံးပေးတယ်။ ဒီလိုနဲ့ သူမဟာ စုံထောက်ပုဂ္ဂလိက Marco (Pierpaolo Spollon) ရဲ့ အကူအညီနဲ့ Stefano က ဘာကြောင့် သူမကို စွန့်ပစ်သွားရတာလဲဆိုတာကို ရှာဖွေဖို့ ကြိုးစားပါတယ်။ ဒီရုပ်ရှင်က ၁ နာရီ ၄၅ မိနစ်ကြာပြီး အီတလီမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က Eagle Pictures က ဖြန့်ချီခဲ့ပါတယ်။ အီတလီမှာ ရုံတင်ဝင်ငွေ ၆၁၂,၀၀၀ ယူရိုလောက် ရရှိခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်က အသက် ၁၃ နှစ်အထက် ကြည့်ရှုဖို့ အကြံပြုထားပါတယ်။ ဟာသရော အချစ်ဇာတ်လမ်းလေးရော ကြိုက်တတ်တဲ့သူတွေအတွက် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ File size… 1.92 GB / 794 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 45m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Min khant

Fantasy • Comedy • Romance
5.7 2025 105 mins
Fatti Vedere