YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Bad love_Rak Rai (2023) (Ep8).mp4

521.14 MB N/A video/mp4 182 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
Naruto Shippuden the Movie
7.3

Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါ အချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo ? ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့အထိ moti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီး shippudenလူငယ်ဘဝက​တော့ ၇ကားအထိထွက်ခဲ့ပါတယ်။ ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ ပထမဆုံးကားဖြစ်ပြီး IMDb 6.7/10 My anime list 7.3/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့ Demon countryမှာ အနာဂတ်ကိုကြိုမြင်နိုင်တဲ့ နတ်ဆရာမတစ်ပါးရှိပါတယ်။ တ​နေ့မှာ​တော့ ချိတ်ပိတ်ချုပ်​နှောင်ထားတဲ့ မိစ္ဆာဘုရင်ကြီးဟာ မသာမာသူမအလ​တွေ​ကြောင့်လွတ်လာခဲ့ပြီး ကမ္ဘာကိုအုပ်စိုးဖို့ပဲလုပ်​ဆောင်လာပါ​တော့တယ်။ မိစ္ဆာဘုရင်ကြီးကိုတားဆီးနိုင်တဲ့သူဟာလည်း နတ်ဆရာမပဲရှိတာမလို့ နတ်ဆရာမကိုကာကွယ်​ပေးရမယ့် တာဝန်ဟာ Narutoတို့တာဝန်ဖြစ်လာပါတယ်။ ဒါ​ပေမဲ့ Narutoဟာ ​​သေရ​​တော့မယ်လို့ နတ်ဆရာမကြီးက ​ဟောလိုက်တဲ့အချိန်မှာ​တော့...... နတ်ဆရာမ​ဟောတာ​တွေက အမြဲမှန်မှာလား Narutoဟာ တကယ်​သေရ​​တော့မှာလားဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါ။ File size…1.25GB / 632MB Quality…1080p  / 720p Format…mp4 Duration….1h 34m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Dr Nyan

Comedy • Crime • Thriller
7.3 2007 94 mins
Naruto Shippuden the Movie
Red Rocket
6.8

ဒီရုပ်ရှင်ကို A24က ရိုက်ကူးဖြန့်ချီခဲ့ပြီး 2021 July လ Cannes ရုပ်ရှင်ပွဲ​တော်မှာ စတင်ပြသခဲ့ပြီး ယူအက်စ် ပြည်တွင်း သီးသန့်ရုံ​တွေမှာပဲ ရုံတင်ပြသခဲ့တာဖြစ်ပါတယ် Cannes, Deauvilleလို ရုပ်ရှင်ဆု​ပေးပွဲ​တွေမှာ ဆု​ပေါင်း များစွာရရှိထားပြီးဖြစ်သလို Palme d'Orလို ဆု​​ပေးပွဲကြီး​ ​တွေမှာလည်း ဒါရိုက်တာဆု၊ဇာတ်လမ်းဆုနဲ့ ဇာတ်​ဆောင်ဆု စသဖြင့် Nominationsများစွာ ရရှိထားပါတယ်၊ ဒါ့အပြင် National Board of Reviewရဲ့ တစ်နှစ်တာအ​ကောင်းဆုံး ဇာတ်ကား ၁၀ကားစာရင်းမှာလည်း ပါဝင်​ထားပါတယ်၊ - IMDb အ​နေနဲ့ 7.6 - Rotten Tomatoes - 86%ရထားပြီး ​ရုပ်ရှင်​ဝေဖန်​​ရေးသမား​တွေလက်စွဲ Metacriticမှာ 75% အထိ rating အမြင့်စားကို ရရှိထားပါတယ်၊ ဇာတ်လမ်းအ​ကြောင်း​ ​ပြောရမယ်ဆိုရင် ဒီဇာတ်ကားက လူတိုင်းအတွက် မဟုတ်ပါဘူး၊ Hollywoodရဲ့ porn industryမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်ခဲ့ဖူးသူ၊ လက်ရှိမှာ ဘဝပျက်ပြီးရုန်းကန်​နေရတဲ့ Adult film starအ​ကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်၊ ဒါ​ကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်​တော်တဲ့အခန်း​တွေ ပါဝင်သလို တချို့​သောစကား​ပြော​ခန်း​တွေကလည်း ကြမ်းပါတယ်၊ Mikey David aka Mikey Saberဟာ တချိန်က​​တော့Hollywood adult film​လောကမှာ ဇာတ်ကား​ပေါင်း ၂၀၀၀​ကျော်၊ အမြင့်ဆုံးဆု ၆ဆုပိုင်ရှင် Hall of Fame Nomination ၁၃ကြိမ်ဝင်ခဲ့ဖူးသူဖြစ်ခဲ့​ပေမဲ့ လက်ရှိမှာ​တော့ studio​တွေနဲ့ အဆင်မ​ပြေ​တော့တာတ​ကြောင်း၊ အသက်ရလာတာတ​ကြောင်း​ကြောင့် သူ့ဇနီး​ဟောင်း porn model​ဟောင်း Lexiဆီပြန်လာရင်း ဘဝသစ်စဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါ​ပေမဲ့ အပြာကားနဲ့ အပြာကားသရုပ်​ဆောင်​တွေဆိုတာက ကိုယ်တိုင်သာ ခိုးကြည့်ရင်ကြည့်မယ်၊ တကယ်လက်​တွေ့မှာ ကြုံရဆုံရရင်​တော့ အသက်​​မွေးဝမ်း​ကြောင်းတစ်ခုလိုမြင်ဖို့ရာ ခက်တဲ့အလုပ်ဆို​တော့ Mikey​လျှောက်သမျှ ဘယ်အလုပ်မှ သူ့ကိုမ​ရွေးချယ်ခဲ့ပါဘူး၊ သမ္မာအာဇီဝနဲ့ ကြိုးစားလို့မရ​တော့တဲ့အဆုံး အရင်ကလို weedရောင်းရင်း ​အချိန်ကုန်လာခဲ့ရာက​နေ တစ်​​နေ့မှာ Raylee( Strawberry) ဆိုတဲ့ မြီး​ကောင်​ပေါက်အရွယ် အသက်၁၈နှစ်ပြည့်ဖို့ ၃ပတ်အလို က​လေးမ​လေးနဲ့အ​တွေ့မှာ Adult film industryကို က​လေးမ​​လေးနဲ့အတူ ပြန်ဝင်ဖို့ ကြိုးစားပါ​တော့တယ်၊ ဒါ​ပေမဲ့ သူရဲ့ရှုပ်​ထွေးလှတဲ့ မိသားစုပြဿနာ​တွေ၊ weed​သမား​တွေရဲ့ ပဋိပက္ခ​တွေ၊ က​လေးမအ​ပေါ် ထိမ်ချန်ထားခဲ့တဲ့ သူ့ဘဝမှန်အ​ကြောင်း​တွေက တစ်စငင် တစ်စင်ပါ ​နောက်ကလိုက်လာတဲ့အခါမှာ ဘာ​တွေဆက်ဖြစ်သွားမလဲဆိုတာကို Dark comedyဆန်ဆန် ခပ်ကြမ်းကြမ်းကြည့်ရှုရမယ့် Rating ခပ်မြင့်မြင့် Drama ဇာတ်ကား​​ကောင်းပဲဖြစ်ပါတယ် အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Thiha Yan Naing တို့ပဲ ဖြစ်ပါတယ်။ Genre.....Comdey,Drama Quality….WEB-DL 1080p and 720p and 360p File size…1.78GB and 1.05GB and 395MB Format…mp4 Duration….2h 10min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX and Thiha Yan Naing Encoder ..... August

Thriller
6.8 2021 130 mins
Red Rocket
Fall In Love With My King

ရှေးခေတ်မှာဇာတ်အိမ်တည်ထားတဲ့ ရိုရိုချိုချို ဇာတ်လမ်းလေးလည်းကြည့်ချင်တယ်၊ အပိုင်းဆက်များတာတွေလည်းမကြည့်ချင်ဘူးဆိုသူတွေအတွက် တစ်ပိုင်းတည်းအပြီး အချစ်ဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ချောမောခန့်ညားပြီးအရည်အချင်းရှိတဲ့ စစ်သူကြီးနဲ့ မင်းသမီးလေးတို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စစ်သူကြီးမုရုံဆိုတာ ရန်တိုင်းပြည်ရဲ့ကျော်ကြားတဲ့စစ်သူကြီး၊ မင်းကြီးကသူ့ကို မင်းသမီးတစ်ပါးနဲ့လက်ဆက်ပေးတယ်။ မင်းသမီးဆိုပေမယ့် ဘုရင့်သမီးတော်မဟုတ်ဘူး။ ဦးရီးတော်ရဲ့မွေးစားသမီး။ ဦးရီးတော်ဆိုတာကလည်း ထီးနန်းကိုကြိတ်ကြံနေတာ။ သူ့မွေးစားသမီးကို စစ်သူကြီးအိမ်တော်ပို့လိုက်တာကလည်း စစ်သူကြီးဆီကပစ္စည်းတစ်ခုကိုခိုးဖို့။ ဒီလိုနဲ့ စစ်သူကြီးနဲ့မင်းသမီးလေးတို့ လက်ထပ်ပြီးသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ အကြံနဲ့လာတဲ့ မင်းသမီးလေးနဲ့ ထက်မြက်တဲ့စစ်သူကြီးတို့ ဘယ်လိုအလွဲလေးတွေဖြစ်ပြီး ၊ ဘယ်လိုချစ်ကျွမ်းဝင်သွားကြမလဲ။ ဘယ်လိုအချိုတွေကျွေးမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Gernes : Romance Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon , Chu Chu , Yin Wai Phyo Encoded by LK

Crime • Mystery • Thriller
0 2020
Fall In Love With My King
Seasons
7.1

Seasons (2023) သွေးသားမတော်စပ်တဲ့ ဖိုမပတ်သက်မှုမှာ တဏှာကင်းတဲ့ "၅၂၈" အချစ်ဆိုတာရှိပါ့မလား။ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကြားမှာတောင်မှပေါ့။ အများစုကတော့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ တိတ်တခိုးကြိုက်နေတတ်တာပါပဲ။ ဘေးနားမှာ အမြဲအသင့်ရှိနေပြီး တစ်ချိန်မှာ ကိုယ့်ကိုမြင်လာမလား စိတ်ကူးတွေနဲ့ပေါ့။ ဒီလိုပါပဲ... ချာလီနဲ့ကတ်တို့ သူငယ်ချင်းနှစ်ယောက်က အချင်းချင်း "၅၂၈" အချစ်နဲ့ပဲချစ်ကြတယ်လို့ လက်ခံထားကြတဲ့သူပါ။ ကတ်တစ်ယောက် စင်ဂယ်ဘ၀နဲ့နေနေတာကို မကြည့်ရက်လေသူ ချာလီက ဂျိန်းဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ချိတ်ပေးလိုက်တာပေါ့။ ဖင်ယားမှုတစ်သိန်း အာမ,မခံဆိုတဲ့စကားအတိုင်း ဂျိန်းဖြစ်သူ ကတ်ဘ၀ထဲရောက်လာမှ ချာလီတစ်ယောက် သူ ကတ်ကိုကြိတ်ချစ်မိနေမှန်း သတိထားမိပါတော့တယ်။ ကတ်ကလည်း ဂျိန်းဖြစ်သူကို လက်ထပ်ခွင့်တောင်းတော့မယ့်အချိန် ချာလီကလည်း ကတ်ကိုအဆုံးရှုံးမခံနိုင်တော့တဲ့အတွက် ကြံမိကြံရာကြံလိုက်မိပါတယ်။ အဲဒီကနေမှ သူနဲ့ကတ်ရဲ့ဆက်ဆံရေးက ဘယ်ဆီကို ဦးတည်သွားမလဲ ဆိုတာကို ဒီ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးမှာ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 48Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Drama
7.1 2023 108 mins
Seasons
Supercop 2

ဒီကားလေးကတော့ ပထမကား Super Cop 1 ရဲ့ အဆက် ဂျက်ကီချန်း နဲ့ မီရှယ်ယို တို့ရဲ့ကားလေးပါပဲ…….. ဒီကားလေးထဲမှာတော့ မီရှယ်ယို က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူဟောင်း ရဲအရာရှိက ဘက်ပြောင်းပြီး ရာဇဝတ်သားဖြစ်သွားလို့ အချစ်နဲ့ တာဝန်ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရတဲ့ ကားကောင်းလေးတစ်ကားပါပဲ……. အတိုက်အခိုက်တွေ ဟာသတွေ နဲ့ တင်ဆက်နေကျ ဂျက်ကီချန်းကားလေးတွေထဲမှာ ဒီကားလေးကတော့ ဝမ်နည်းလွမ်းဆွတ်စရာလေးတွေပါ ရောယှက်ထားလို့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ……. File size…( 890 Mb) Quality….DVDrip 480p Format…mp4 Duration….01:44:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

0 1993
Supercop 2
[18+] Salitan
6.5

Salitan (2024) အန်နီက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ရဲ့ဇနီးဖြစ်ပြီး သူ့ရဲ့နေ့တာတွေကို သူ့ခင်ပွန်းနဲ့လက်ထောက်ကောင်မလေးကို သံသယဝင်ပြီး ကုန်ဆုံးလေ့ရှိပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရဲ့ ဘာလီခရီးစဉ်မှာ အဲဒီလက်ထောက်မိန်းကလေးကိုပါခေါ်သွားမှာဖြစ်တဲ့အတွက် သံသယတွေဝင်ပြိး သူကိုယ်တိုင်နောက်ကလိုက်ချောင်းပါတော့တယ်။ ဒါပေမဲ့လည်း ခရီးစဉ်မှာတွေ့ခဲ့တဲ့ သူစိမ်းလူချောတစ်ယောက်ကြောင့် ဖောက်ပြန်မှုကိုလိုက်စုံစမ်းတဲ့ သူကိုယ်တိုင်က ဖောက်ပြန်သူဘ၀ကျရောက်သွားတဲ့အခါမှာတော့… ရှေ့နေ အယ်လ်ဘတ်၊ လက်ထောက်ကောင်မလေး ခရစ်စတီ၊ အယ်လ်ဘတ်ရဲ့ဇနီး အန်နီနဲ့ သူနဲ့ဖောက်ပြန်မိသူ သူစိမ်း အယ်လ်မာတို့ကြား လေးပွင့်ဆိုင်ဇာတ်ရှုပ်တစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ မင်းသမီးသစ်လေး Vern Kaye နဲ့ မသစ်တသစ်လေး Angelica Hart တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 45Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Mystery • Thriller
6.5 2024 105 mins
[18+] Salitan
Hostile Forces

ယခုအခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် စစ်ပြန်တစ်ယောက်ဖြစ်သူ မစ်ကီဟာသူ့မိသားစုနဲ့အတူ သူ့အကိုဖြစ်သူ နိုအာ နေထိုင်ရာဆီသို့ အားလပ်ရက်ခရီးထွက်လာခဲ့ပါတယ်။ သူ့အကိုအိမ်ကိုရောက်တဲ့အခါ မမျှော်လင့်တာတစ်ခုဖြစ်လာခဲ့ပါတယ်။ မစ်ကီဟာသူ့အကိုရဲ့အလောင်းနဲ့အတူ အိတ်နှစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ ထိုအခါဒီအိမ်ကနေချက်ချင်းထွက်ခွာဖို့လုပ်ခဲ့ပေမယ် အိမ်အပြင်မှာလူတစ်စုကဝိုင်းထားပြီးပါပြီ။ နောက်နေ့မနက်ကျတော့ အိမ်ကိုဝိုင်းထားသူဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်သူ ကိန်းဆိုတဲ့သူဖြစ်နေခဲ့ပါတယ်။ မစ်ကီရဲ့အကိုဟာ ကိန်းအပါအဝင်အခြားလူတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးရောင်းစားနေခဲ့တာပါ။ ဒါပေမဲ့မစ်ကီရဲ့အကိုက မူးယစ်ဆေးတွေကိုပြန်ခိုးလို့ဆိုပြီး ကိန်းတို့ကသတ်လိုက်တာပါ။ ထိုအခါ ကိန်းရဲ့မူးယစ်ဆေးအိတ်တွေကိုပြန်ပေးလည်း အသတ်ခံရမယ်မှန်းသိခဲ့တဲ့အတွက် မစ်ကီဟာ သူ့မိသားစုကိုကယ်တင်ဖို့ ကိန်းတို့ရဲ့လက်ကနေလွတ်မြောက်အောင်ထွက်ပြေးရပါတယ်။ မစ်ကီတို့လွတ်မြောက်သွားမလား..ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(960 Mb) Quality….Webrip 720p Format…mp4 Duration….01:49:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

0 2023 109 mins
Hostile Forces
Room 0

Room 0 (2024) အချိန်နဲ့ပတ်သက်ပြီးတော့ ဇာတ်ကားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ဇာတ်ကားဆိုတာရှားပါတယ်။ ဒါပေမဲ့ ဒီကားလေးမှာတော့ အချိန်နဲ့ပတ်သက်ပြီးတော့ ရိုက်ထားတာလေးက ထူးထူးခြားခြားနဲ့ ကြည့်ကောင်းလှပါတယ်။ တခြား အချိန်နဲ့ပတ်သက်တဲ့ကားတွေဆို ဇာတ်ကောင်တွေကများ ဇာတ်လမ်းတွေကလဲ ဆရာကြီးအထာနဲ့ ဘာတွေမှန်းမသိ ကြည့်ပြီးရင်တောင် ဘာမှန်းမသိလိုက်လို့ သူများတွေပြန်ရှင်းပြထားတာတွေ သွားသွားဖတ်နေရတာ။ ဒါပေမဲ့ ဒီကားမှာတော့ ဇာတ်ကောင်က တစ်ယောက်ထဲ ဇာတ်ဝင်ခန်းကလဲ အခန်းလေးတစ်ခုထဲ ဒါပေမဲ့ ဇာတ်လမ်းကိုကြည့်နေရင်း သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး မွန်းကြပ်နေမိမှာတော့ အမှန်ပဲ။ ဒီလိုဇာတ်လမ်းမျိုးတွေက ရိုက်လေ့ရိုက်ထမရှိကြပေမဲ့ ရိုက်လိုက်ရင်လဲ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြောလိုက်ရအောင်။ မိန်းမပျိုလေးတစ်ယောက် ငွေအသဲအသန်လိုနေတဲ့အတွက် သူ့ကောင်လေးကနေတဆင့် ငွေတွေအများကြီးအလွယ်ရမဲ့ အလုပ်တစ်ခုကို ရှာခိုင်းခဲ့ပါတယ်။ အလုပ်ကလဲ ခက်ခက်ခဲခဲဘာမှမရှိပါဘူး မိုတယ်တစ်ခုကအခန်းတစ်ခုကိုသွားပြီး လာပေးတဲ့ ပါဆယ်ကိုယူထားရုံပါပဲ။ နောက်မှ လာတောင်းတဲ့သူကိုပြန်ပေးရမှာပါ။ ဒါပေမဲ့ လာပေးတဲ့ သေတ္တာလေးက ထူးထူးဆန်းဆန်းတွေဖြစ်လာပြီးတော့ ဒီအခန်းကျဉ်းလေးထဲမှာပဲ သူတစ်ယောက်ထဲ ပိတ်မိသွားတဲ့အခါမှာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller, Sci-fi Quality…. 1080p | 720p File size… 749MB | 314MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2024
Room 0
Maaya Ka Moh
Valkyrie
7.1

Valkyrie(2008) ဒုတိယကမ္ဘာစစ်အခြေခံ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် 2008 ခုနှစ်ထဲ ထွက်ခဲ့တဲ့ Valkyrie ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်.. Valkyrie ဆိုတဲ့အဓိပ္ပာယ်က နော်ဝေ ဒဏ္ဍာရီထဲက စစ်ပွဲထဲမှာ ဘယ်သူသေမယ် ဘယ်သူရှင်မယ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာတော့ Valkyrie ဆိုတာ ဟစ်တလာက သူ့အစိုးရကိုအရေးပေါ်ကာကွယ်ဖို့ ဘာလင်မြို့ပေါ်မှာ ဖွဲ့စည်းထားတဲ့ အရေးပေါ်အရံစစ်တပ်ပဲဖြစ်တယ် … အဲဒီအတွက် ဒီစစ်တပ် လုပ်တဲ့ စစ်ဆင်ရေးကို Valkyrie စစ်ဆင်ရေးလို့ခေါ်တယ် … ဟစ်တလာအစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကို ဝေဖန်လို့ ရှေ့တန်းအပို့ခံရတဲ့ တပ်ရင်းမှူး စတက်ဖန်ဘာ့ (တွမ်ခရုစ်) ဟာ ဒဏ်ရာတွေရပြီး ဘာလင်ကို ပြန်ရောက်လာတယ်… မကြာခင် ဥရောပမဟာမိတ်တွေက ဘာလင်ကိုချီတက် သိမ်းပိုက်တော့မယ့်အခြေအနေမှာ ဘာလင်ပြည်သူတွေရဲ့ဘေးကိုတွေးမိတဲ့ စတက်ဖန်ဘာ့ ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေတဲ့ ဟစ်တလာကိုလုပ်ကြံဖို့ ကြိုးစားပုံကို သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတဲ့အတွက် ရင်တမမ နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်တယ်…. IMDb – 7.1/10 ရရှိထားပြီးတော့ Box office မှာ အမေရိကန်ဒေါ်လာ 201 သန်းခွဲရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အပြေးသားကြည့်ကြတော့ ကိုယ့်လူတို့ရေ.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်.. File Size : 2.29GB & 870MB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:03:00 Genre : History, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Tiff

Crime • Drama • Mystery • Thriller
7.1 2008 121 mins
Valkyrie
Like Mike
5.4

Like Mike (2002) IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။ အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘ တွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။ တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီး ကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြ မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။) File size…(2.6 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Family,Fantasy Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leo

5.4 2002 99 mins
Like Mike
The Unborn Child
6

The Unborn Child (2011) *********************** ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ The Unborn Child ဆိုတဲ့ ထိုင်း Horror ဇာတ်ကားကောင်းလေးကို CM ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်…ဒီဇာတ်လမ်းလေးကတော့ ထိုင်းမှာဖြစ်ပွားခဲ့တဲ့ အရက်စက် အဆိုးရွားဆုံး ဖြစ်ရပ်မှန်တစ်ခုကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်… ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုရဲ့ ရေခဲတိုက်လိုအခန်းတစ်ခုမှာ တရားမဝင် ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေကပို့ပေးထားတဲ့ သေဆုံးပျက်စီးနေပြီးသား သန္ဓေသားလောင်း ၂,၀၀၂ လောင်း ရှာဖွေတွေ့ရှိတဲ့ ဖြစ်စဉ်ကြောင့်…ပညာပေးတဲ့အနေနဲ့ရော နောက်ထပ်ဒီလိုမျိုးဖြစ်ရပ်တွေ ပပျောက်သွားဖို့ ရည်ရွက်ချက်နဲ့ ဒါရိုက်တာက ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————- သတင်းဓာတ်ပုံဆရာ ထရီနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကျောင်းဆရာမ ဖင်မ်တို့နှစ်ယောက်ဟာ သမီးဖြစ်သူ ယယ်မိုင်လေးကို ကျောင်းပို့ကျောင်းကြိုတဲ့အချိန်မှာ ယယ်မိုင်လေးက ထူးဆန်းတဲ့စကားတွေ ပြောလာခဲ့ပါတယ်… မောင်လေးကို အိမ်ခေါ်လာချင်တယ်လို့ တဖွဖွပြောဆိုနေတဲ့ သမီးဖြစ်သူကြောင့် ကလေးရဲ့စိတ်ကျန်းမာရေးကို မိဘတွေ စိတ်ပူပန်လာခဲ့ရပါတယ်…တစ်ချိန်တည်းမှာပဲ ဖင်မ်ရဲ့ ကျောင်းသား‌တွေဖြစ်တဲ့ ဘုံနဲ့ခမ်တို့ကလည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတဲ့အခါ လူငယ်တွေ ထုံးစံအတိုင်း အတွေ့အကြုံရှိတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်…အကုသိုလ်ကို မမြင်နိုင်သော်ငြား ပြုထားတဲ့မကောင်းမှုတွေစုပြုံလာတဲ့ တစ်ချိန်မှာ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုတဲ့ လောကဓမ္မတာတရားအတိုင်း ကျူးလွန်သူတွေဆီကို အပြစ်ဒဏ်ဟာ တစ်နည်းနည်းနဲ့ ပြန်ရောက်လာပါတော့တယ်…ဒါပေမဲ့လည်း မဆီမဆိုင် ထရီနှင့်ဖင်မ်တို့ရဲ့ သမီးလေးဆီမှာမှ ဘာလို့ ဒီလိုထူးဆန်းတဲ့ ထိတ်လန့်ဖွယ်ရာတွေ တွေ့ကြုံလာရတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကြည့်ရင်း ဆက်လက်အဖြေရှာလိုက်ရအောင်နော်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Reddy ဖြစ်ပါတယ်… File Size : 1.47GB / 482MB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:39:00 Genres : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Heather Oo

Action • Adventure
6 2011 92 mins
The Unborn Child
Oki’s Movie
6.8

Oki’s Movie (2010) ****************** Sleep ဇာတ်ကားထဲမှာ အတွဲညီညီနဲ့ အတူသရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား Lee Sun Kyun နဲ့ Jung Yumi တိုရဲ့ IMDb 6.8 ရှိတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Lee Sun Kyun ကိုတော့ Parasite ကြည့်ဖူးသူတိုင်း သိကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ပုံမှန် တင်ဆက်နေကျပုံစံမျိုးမဟုတ်ဘဲ​ ပုံစံအသစ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အိုကီဆိုတဲ့ ရုပ်ရှင်ကျောင်းတက်နေတဲ့ ကောင်မလေး …။ နမ်ဂျင်ဂူဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာ ကောင်လေး…။ ပြီးတော့ ရုပ်ရှင်အတတ်ပညာကို သင်ကြားပေးတဲ့ အမျိုးသား ပါမောက္ခကြီး…။​ သူတို သုံးယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ ထူးဆန်းတာကတော့ Oki’s Movie ဆိုတဲ့ ရုပ်ရှင်ထဲမှာမှ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့အချိန်တွေ၊ မတူညီတဲ့ ရှုထောင့်တွေနဲ့ ပြသတဲ့ ဇာတ်လမ်းတို ၄ခု ခွဲထားတာကို မြင်ရမှာပါ။ ဒီထဲမှာ ပါတဲ့ ဇာတ်လမ်းတို ၄ခုပြီးသွားတဲ့အခါမှာတော့ ဇာတ်ကားတစ်ခုလုံးရဲ့ ဇာတ်အိမ်နဲ့ ဇာတ်ကောင်တွေကို နားလည်ခံစားမိသွားမှာဖြစ်ပြီး ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဒါရိုက်တာကြီး Hong Sang Soo ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်ရိုက်ကူးထားပါတယ်။ Hong Sang Soo ရဲ့ ထုံးစံအတိုင်း ဇာတ်ကြောင်းကို ဖော်ပြတဲ့နေရာမှာ သူများနဲ့မတူဘဲ​ ပုံစံအသစ်နဲ့ ဖော်ပြထားတာဖြစ်လို အခုပဲ သူတိုရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကို ခဏလောက် ဝင်သွားကြည့်ရအောင်နော်…။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.19GB / 690MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 20 min. Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Romance
6.8 2010 81 mins
Oki’s Movie
Everything About My Wife
5.5

အချစ်ဟာသဖိလစ်ပိုင်ရုပ်ရှင် Everything About My Wife ကတော့ ၂၀၀၈ အာဂျင်တီးနားရုပ်ရှင် A Boyfriend For My Wife ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ၂၀၁၂ မှာလည်း All About My Wife ဆိုတဲ့ကိုရီးယားကားထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းကတော့ ကလေးမရဘဲ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ အိမ်ထောင်ရေးမှာမပျော်တော့တဲ့ဒွန်တစ်ယောက် ကိုယ့်ဘက်ကစပြီးလမ်းမခွဲချင်တာကြောင့် သူ့မိန်းမအီမိုက သူ့ကိုထားသွားအောင်မြူဆွယ်ပေးဖို့ လူရှုပ်လူပွေမီဂဲလ်ကို လုပ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အီမိုနဲ့မီဂဲလ်ကြားတွယ်တာမိလာတာနဲ့အမျှ ဒွန်ရဲ့အီမိုအပေါ်ထားတဲ့အမြင်နဲ့သဘောထားတွေကလည်း ပြောင်းလဲလာခဲ့ပါတယ်။ ခင်ပွန်းတစ်ယောက်အနေနဲ့ အဆိုးရွားဆုံးအမှားကြီးတစ်ခုကျူးလွန်မိပြီဆိုတာ ဒွန်သိလိုက်ရချိန်မှာတော့ အီမိုကိုပြန်ရအောင် မရမကကြိုးပမ်းပါတော့တယ်။ File size… (1.63 GB) / ( 958 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Adventure • Fantasy • Animation • Action • Family
5.5 2025 110 mins
Everything About My Wife