YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Backstreet Rookie (2020) (Ep12).mp4

519.7 MB N/A video/mp4 4315 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dark Nature
6.2

ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်ပြီး Horror အမျိုးအစား​ဖြစ်ပါတယ်။ Jigsaw နဲ့​ The​ Purge မှာပါဝင်ခဲ့တဲ့ Hannah Anderson က အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ဂျွိုင်း​ (Hannah Anderson) ဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်သူ​ ဒဲရက်ရဲ့​ အကြမ်းဖက်​နှိပ်စက်​မှုတွေကြောင့်​ စိတ်ဒဏ်ရာရနေသူဖြစ်ပါတယ်။ ဒါကြောင့်​ သူငယ်ချင်းဖြစ်သူ ကာမင်​က​ ဂျွိုင်း​ကို​ စိတ်​ရောဂါပညာရှင်ဒေါက်တာဒန်လေ​ရဲ့​ တောနက်ကြီးထဲမှာ ခရီးထွက်ရင်း​ သဘာဝတရားနဲ့ထိတွေ့ပြီးစိတ်​ဝေဒနာတွေကိုကုသမဲ့ ကုထုံးအစီအစဥ်မှာပါဝင်စေခဲ့တယ်။ ဂျွိုင်း​တို့နှစ်ယောက်က​ ဒေါက်တာ​ဒန်လေရဲ့ဦးဆောင်မှုအောက်မှာ သူမတို့လိုပဲ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေသူအမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံပြီး​ ငါးယောက်သားအတူခရီးထွက်ခဲ့ကြပါတယ်။ ခရီးစပြီးမကြာမီ ဂျွိုင်း​တစ်ယောက်​ တောထဲမှာ သူတို့ကိုနောက်ယောင်ခံ​လိုက်နေသူတစ်ဦးရှိနေတယ်လို့ သံသယဝင်လာပါတော့တယ်။ မကြာခင်သူတို့ငါးယောက်ဟာ သူတို့အတိတ်ကခြောက်လှန့်နေတဲ့အဖြစ်အပျက်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုကို လူသူမနီးတဲ့တောတောင်ထဲမှာ​ ကြုံတွေ့​ရပါတော့တယ်။ သဘာဝတရားဖြစ်တဲ့​ တောတောင်ရေမြေတွေနဲ့ထိတွေ့ခြင်းက စိတ်ဝေဒနာဒဏ်ရာတွေကို​ ကုသပေးတယ်ဆိုပေမဲ့ ဂျွိုင်း​တို့အတွက်ကတော့ ဒီသဘာဝတရားက​ သူတို့စိတ်ဒဏ်ရာတွေကိုကုသပေးမလား ပိုပြီးဆိုးဝါးတဲ့စိတ်ဒဏ်ရာတွေကို ပေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာသာပြန်သူ​က​ Wolfenheim​ ဖြစ်ပါတယ်။ File size…(1.3 GB)/(780 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Drama
6.2 2023 85 mins
Dark Nature
The Good Son
6.8

The Good Son (1993) IMDb Rating (6.4) Home Alone ထဲက ကလေးလေး Macaulay Culkin နဲ့ The Lord of The Ring ထဲကဖရိုဒိုလေး Elijah Wood တို့ငယ်ငယ်က ဇာတ်ကားပါ။ ဇာတ်ကားနာမည်က The Good Son ဖြစ်တာရယ် သရုပ်ဆောင်ကလေးလေးတွေ ချစ်စရာလေးဆိုလို့ ကြည်နူးရမယ့် ဇာတ်ကားလို့ ထင်လိုက်ရင် မှားသွားပါမယ်။ Child's Play တို့ The Omen တို့လို Horror/Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ........ -Spoiler Alert- ........ ....... ၁၂ နှစ်သားလေး မက်ခ်ရဲ့အမေဖြစ်သူဟာ မကြာခင်က ဆုံးပါးသွားခဲ့တယ်။ မက်ခ်ရဲ့အဖေက ဂျပန်ကိုအလုပ်ကိစ္စအတွက်ခရီးသွားရမှာဖြစ်လို့ မက်ခ်ကို သူ့ဦးလေး ဝေါလေစ့် နဲ့အဒေါ်ဆူဇန် တို့အိမ်ရှိရာကိုပို့ထားခဲ့ပါတယ်။ အဲ့ဒီအိမ်မှာ မက်ခ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဝမ်းကွဲညီမ ကောလင်းနဲ့  ညီ ဟင်နရီတို့နဲ့အတူနေထိုင်ဖို့ဖြစ်လာပါတယ်။ ဟင်နရီက အစပိုင်းတော့ တကယ်ကို အမူအကျင့်ကောင်းတဲ့ကလေးလိုပါပဲ.. ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့အပြုမူတွေက ဆိုက်ကိုပက် တစ်ယောက်ရဲ့အမူအကျင့်တွေလိုဖြစ်လာပါတယ်။ ခွေးတွေ ကြောင်လေးတွေသတ်တာ လမ်းပေါ်ကကားတွေတိုက်မိအောင် အရုပ်ကြီးပစ်ချတာတွေကို သူနဲ့အတူမက်ခ်ကိုပါလှည့်စားပြီး ဝင်ပါမိအောင်အကွက်ချလုပ်ဆောင်လာပါတယ်။ အဆိုးဆုံးက သူ့ညီမလေးကိုစကိတ်စီးရင်း ရေခဲပြင်ထဲကျအောင်လုပ်ခဲ့ပြီး သူ့ညီမလေးလေးလဲ ကိုမာဝင်သွားပါတော့တယ်။ သူ့အမေ ဆူဇန်မှာ အရင်က ဟင်နရီတို့မောင်နှမနှစ်ယောက်အပြင် ကလေးအငယ်ဆုံးလေး ရစ်ချက်ပါရှိခဲ့ဖူးပါတယ် အဲ့ဒီကလေးက ငယ်တော့ရေချိုးရင်းရေဇလုံထဲရေမွန်းပြီးသေသွားခဲ့တာကြာခဲ့ပါပြီ အခုဆူဇန်က ဒီကလေးအငယ်လေးသေခဲ့တဲ့ဖြစ်စဥ်မှာ ဟင်နရီက တရားခံဆိုတာသိသွားချိန်မှာ သူ့အမေကိုပါ နှုတ်ပိတ်ဖို့ သားဆိုးဟင်နရီကလုပ်လာပါတော့တယ် ဒါကိုမက်ခ်လေးက ဘယ်လိုကယ်မလဲ ဆိုးသွမ်းတဲ့ကလေး ဟင်နရီကဘာဖြစ်သွားမလဲဆိုတာ..........။ (ရုပ်ရှင်အညွှန်းကို Movieholic Myanmar FB Page မှကူးယူဖော်ပြထားတာဖြစ်ပြီး Myo Min Aung ((MMA) မှ ဘာသာပြန်တင်ဆက်ထားပါတယ်။ File size…(1.9 GB)/ (800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:26:50 Subtitle….Myanmar Subtitle(Hardsub) Encoder….Nyeinsaeya Aung Translated by Myo Min Aung (MMA)

Action & Adventure
6.8 1993 87 mins
The Good Son
Monster of The Deep
6

အခုတစ်ခေါက် CM က သတ္တဝါကြီးတွေနဲ့ စွန့်စားရေးကားတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် Deep Sea Walleye ဆိုတဲ့ သိပ္ပံကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့- သင်္ဘောတစ်စင်းမှ သင်္ဘောသားက ဖန်ပြွန်လေးတစ်ခုကိုကောက်ရခဲ့ပါတယ်။ ဖန်ပြွန်ထဲမှာ ရေဘဝဲလေးတစ်ကောင်ပါနေပါတယ်။ ထိုဖန်ပြွန်ထဲက ရေဘဝဲကို ဖက်တီးဆိုသူက စားပြမယ်ဆိုပြီး မီးဖိုချောင်ထဲမှာ လူတွေ စုနေကြသတဲ့။ တစ်ဖက်မှာ ထိုသင်္ဘောပေါ်က သိန်း ၃၀၀ တန် စိန်ကြီးကို ဓားပြတိုက်ဖို ကျန်းယန်နဲ့ ချွေးလီတိုအဖွဲက သင်္ဘောတစ်စင်းဖြင့် ချဉ်းကပ်လာပါတယ်။ ဖန်ပြွန်ထဲက ရေဘဝဲလေးက ဘယ်လို သတ္တဝါကြီး အဖြစ်ပြောင်းလဲသွားပြီး လူတွေကို ဘယ်လို ဒုက္ခပေးမလဲ...... ကျန်းယန်တိုကရော ထို သတ္တဝါကြီးလက်ထဲကနေ အသက်ရှင်နိုင်ပါမလား...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားကြည့်ရှူလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction , Thriller Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

TV Movie • Thriller
6 2023 78 mins
Monster of The Deep
The Mechanic
6.5

မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။ မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။ Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Adventure • Comedy • Family • Fantasy • Music • TV Movie
6.5 2011 93 mins
The Mechanic
The Great Raid
6.6

ဒါကတော့ ၂၀၀၄ ကထွက်တဲ့ဒုတိယကမ္ဘာစစ်ကားလေးပါ။၁၉၄၁ မှာဂျပန်တွေက ပုလဲဆိပ်ကမ်းကိုဗုံးကျဲပြီးနောက် အမေရိကန်ပိုင် ဖိလစ်ပိုင်ကို၀င်သိမ်းတာ အမေရိကန်စစ်သားတစ်သောင်းလက်နက်ချအဖမ်းခံခဲ့ရပါတယ်။ ၁၉၄၄အရောက်မှာတော့အမေရိကန်တွေက စစ်ရေးသာလာပြီး ဖိလစ်ပိုင်ကိုပြန်သိမ်းဖို့တာစူနေပါပြီ။ အဲဒီအချိန်မှာ ရိန်းဂျားတပ်ရင်း(၆)ဟာ ရှေ့တန်း‌ကိုကျော်ပြီး အမေရိကန်စစ်သုံ့ပန်းငါးရာရှိတဲ့စခန်းကို ၀င်စီးပြီး သုံ့ပန်းတွေကိုကယ်ဖို့ တာ၀န်ကျလာပါတယ်။ လမ်းခရီးမှာတွေကြုံရတဲ့အခက်အခဲတွေ၊တိုက်ပွဲ၀င်ပုံတွေ၊ရဲဘော်ရဲဘက်စိတ်ထားပုံတွေကို ပြထားပါတယ်။ သုံးစွဲတဲ့လက်နက်တွေ၊အသုံးအဆောင်တွေ၊လက်နက်တွေကိုလည်း အမှန်အတိုင်းဖြစ်အောင် ဂရုစိုက်ပြီးသုံးပြထားပါတယ်။ Director John Dahl ရိုက်ကူးထားပြီး နာမည်ကျော်မင်းသား James Franco, Benjamin Bratt,Joseph Fiennes တို့ပါ၀င်ထားပါတယ်။ စစ်ကားကြိုက်တတ်သူတွေ အတွက်အကြိုက်တွေ့မယ့်ကားလေးပါ။ File size…(3.24GB)/(1.4GB)/(1014MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:12:00 Genre...Drama /Action/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Fantasy
6.6 2005 132 mins
The Great Raid
Soul
8.2

ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ Animation တွေရဲ့ ရုပ်လုံးကြွပုံ အသေးစိတ်ကျပုံ လှပခမ်းနားပုံတွေကထည့်ပြောစရာမလိုလောက်အောင်ပါ။ တကယ့်ကို သဘာဝကျကျနဲ့ရယ်လဲရယ်ရပါတယ်။ ဒီလိုကားတွေ ဇာတ်ရှိန်တက်လာရင် ငိုရတာတွေလဲရှိပေမယ့် ဒီကားမှာတော့ ငိုရလောက်အောင် ဇာတ်နာပြထားတာတွေမပါပါဘူး။ ကြည်ကြည်နူးနူးပြုံးနေရင်းနဲ့ မျက်ရည်ဝိုင်းရနိုင်သလို လက်ရှိရနေတဲ့ဘဝကိုလဲ တန်ဖိုးထားတတ်လာပါလိမ့်မယ်။ :) ဒီနှစ်အတွက် ခရစ်စမတ်လက်ဆောင်တစ်ခုပါပဲ။ Imdb 8.3 နဲ့ Rotten Tomatoes 97% ကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ ထိပ်တန်းကားကောင်းတစ်ကားပါ။ File size…(2.3 GB) and (1.2 GB) Quality…WEB-DL 1080p & 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

BL • Drama
8.2 2020 101 mins
Soul
Ito
6.7

Ito (2021) Love Letter မင်းသား Etsushi Toyokawa အပြင် မကြာသေးခင်က တင်ခဲ့တဲ့ Tomorrow, I Will Be Someone’s Girlfriend ဇာတ်လမ်းတွဲထဲက Mayū Yokota နဲ့ သဘာဝကျတဲ့ပုံစံဘက်သွားတဲ့ မင်းသမီး Ren Komai တို့ အဓိက သရုပ်ဆောင်ထားတဲ့ Ito ဆိုတဲ့ MUBI က ကားသစ်လေးပါ။ Osaka Asian Film Festival မှာ Best Film ဆုလည်းရထားပါတယ်။ ဒီဇာတ်လမ်းရဲ့မင်းသမီး Ito ကတော့ အထက်တန်းကျောင်းသူကလေးပါ။ သူဟာ စကားနည်းပြီး စကားကို လေးလုံးကွဲအောင် မပြောတတ်တဲ့သူလည်းဟုတ်ပါတယ်။ သူနဲ့လူတွေကြားက ကွင်းဆက်ကလည်း ဂီတပဲရှိတယ်။ တစ်နေ့မှာတော့ သူ ဒီဂီတကိုလည်း စိတ်မပါတော့ပါဘူး။ ဒီတော့ သူက အိမ်စေကဖေးလို့ခေါ်တဲ့ စားသုံးသူတွေကို ကိုယ့်အိမ်ကိုယ့်ယာလို ခံစားမိအောင် လုပ်ပေးတဲ့ ကဖေးဆိုင်လေးမှာ အလုပ်ဝင်လုပ်ပြီး လခလည်းရ လူတွေနဲ့ ဆက်ဆံရလို့ စကားလည်းပြောတတ်လာမယ်ဆိုပြီး ဝင်လုပ်ပါတယ်။ အဖေက ပါမောက္ခဆိုတော့ လူအထင်သေးလောက်တဲ့ ဒီအလုပ်မျိုးကို သဘောမကျပေမဲ့ မိတဆိုးလေးမို့ လွှတ်ပေးထားလိုက်တယ်။ ဒီလိုနဲ့ အလုပ်ကလူတွေကိုရော အလုပ်ကိုရော သံယောဇဉ်တွယ်လာပြီးနောက် ဆိုင်ရှင်သူဌေးအဖမ်းခံရရာကနေ ဆိုင်ပိတ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်… ဒီဆိုင်လေးတည်မြဲအောင် Ito နဲ့ ဆိုင်ဝန်ထမ်းကောင်မလေးတွေ ဘယ်လိုတွေကြိုးစားကြမလဲဆိုတာကို ဂျပန့်ယဉ်ကျေးမှုအငွေ့အသက်တွေနဲ့အတူ တွဲဖက်ခံစားရမယ့် Coming of Age ဆန်ဆန် ဒရာမာကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 870MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 56Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Crime • Drama
6.7 2021 116 mins
Ito
French Girl
5.5

ဂေါ်ဒင်လို့အမည်ရတဲ့ အမျိုးသားဟာ Brooklyn မြို့က စာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာပြဆရာတစ်ဦး ဖြစ်ပြီးတော့ သူရဲ့ချစ်သူကောင်မလေးကတော့ ဆိုဖီလို့ခေါ်တဲ့ စားဖိုမှူးမလေးပေါ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် ဖြတ်သန်းနေတဲ့သူတို့စုံတွဲကြားထဲ မထင်မှတ် ထားတဲ့အရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်… ဆိုဖီဟာ သူရဲ့ဇာတိဖြစ်တဲ့ Quebec မြို့မှာ နာမည်ကြီးစားဖိုမှူး ဦးစီးဖွင့်မယ့် Frontenac ဆိုတဲ့ဆိုင်မှာ အကြီးတန်းစားဖိုမှူး နေရာအတွက် ကမ်းလှမ်းခံခဲ့ရတဲ့အတွက် ဇာတိမြို့ကို ပြန်သွားဖို့ အကြောင်းဖန်လာခဲ့ပါတယ် ချစ်စိတ်မွှန်နေတဲ့ဂေါ်ဒင်ကတော့ ချစ်သူနောက်ကို လိုက်ပါရင်း Quebec မြို့ကို ရောက်သွားတဲ့အခါမှာ အကြီးတန်းစားဖိုမှူးရာထူးအား ကမ်းလှမ်းသူဟာ ဆိုဖီရဲ့ ရည်းစားဟောင်းရူဘီဖြစ်နေကြောင်း သိသွားတဲ့အခါမှာတော့……. ဂေါ်ဒင် ဘယ်လိုတွေရှေ့ဆက်လုပ်မလဲ? ဆိုဖီနဲ့ရူဘီကရော ဘာကြောင့်လမ်းခွဲခဲ့ရသလဲ? ဆိုဖီရော အလုပ်ကမ်းလှမ်းမှုကို လက်ခံလိုက်မှာလား? ဆိုဖီနဲ့ရူဘီရော ပြန်ဇာတ်ပေါင်းထုပ်သွားမလား? ဆိုတာကိုတော့ ဇာတ်ကားထဲ အဖြေရှာကြည့်ပါဦး…. File size…2.22GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi

5.5 2024 106 mins
French Girl
Squared Love All Over Again

ဇာတ်လမ်းကတော့ မိုနီကာဆိုတဲ့ မူလတန်းပြ ကျောင်းဆရာမလေးက တစ်ဖက်မှာလည်းကလောက်ဒီယာ ဆိုတဲ့ နာမည်နဲ့ မော်ဒယ် ဆယ်လီတစ်ယောက်ပါ ။ ကျောင်းဆရာမ ပီပီကလေးတွေနဲ့ဆက်ဆံရေးကောင်းပြီး ကလေးချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီး ကလေးတွေအတွက် Talent show တစ်ခုမှ Host လုပ်ပေးဖို့ကမ်းလှမ်းခံပါတယ်။ ကျောင်းဆရာမအလုပ်နဲ့ မော်ဒယ်အလုပ်နှစ်ခုကို Balance ညီအောင်လုပ်ရင်း အချစ်ရေးမှာပါ ထိခိုက်လာခဲ့ ပါတယ်။ အဲ့လိုနဲ့သူ့ရဲ့ အလုပ်နှစ်ခုနဲ့ အချစ်ရေးကို Handle လုပ်ရင်း အခက်အခဲတွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနှောပြီး ကြည့်ရှုရမယ့် ပိုလန် Love Romance ကားလေးတစ်ကားပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

0 2023
Squared Love All Over Again
What’s Eating Gilbert Grape
7.8

* What’s Eating Gilbert Grape * IMDB – 7.8/10 Rotten Toamtoes – 89% Leonardo DiCaprio နဲ့ Jonny Depp တို့ အတူ တွဲရိုက်တဲ့ ရှားရှားပါးပါး ရုပ်ရှင် . . ။ အမေရိကန် မြို့ငယ်လေးတစ်မြို့ရဲ့ လူနေမှုဘဝ တွေကို မြင်ရမယ့် ရုပ်ရှင် . . ။ အတက်အကျ အနိမ့်အမြင့် အချိုးအကွေ့တွေနဲ့ ဝေဝေဆာဆာ ဖန်တီးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ခံစားရမယ့် ရုပ်ရှင် . . ။ ဇာတ်လမ်းအကျဉ်းက အသက် 24 နှစ်အရွယ် Gilbert (Jonny Depp) ဆိုတဲ့ ကောင်လေးနဲ့ သူ့မိသားစုအကြောင်း ပါ။ သူ့မှာ စိတ်မမှန်တဲ့ အူကြောင်ကြောင် ညီတစ်ယောက် (Leonardo) ရှိတယ်။ ဒီရုပ်ရှင်ကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ နေ့စဉ်ဘဝ အပါအဝင် ဝမ်းနည်းစရာ စိတ်ပျော်စရာ စတဲ့ ခံစားချက် အမျိုးမျိုးကို ထိတွေ့ရမှာပါ။ ဒီရုပ်ရှင်က 1993 ခုနှစ်မှာ ထွက်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက Leonardo ရဲ့အသက် 19 နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ သုံးကားမြောက်ရုပ်ရှင်ပါ။ ဒါ့အပြင် Leo ရဲ့ ပထမဆုံး အော်စကာ ဇကာတင် စ ဝင်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Supporting Actor အနေနဲ့ ဝင်တာပါ။ အဲ့ဒီကနေ စ လိုက်တာ နောက်ဆုံး The Revenant ကျမှ အော်စကာ ရပါတော့တယ်။ ဒီရုပ်ရှင်မှာ Leo ကို တစ်ခါမှ မမြင်ဖူးတဲ့ သူငယ်နပ်စား စိတ်ရောဂါရှင် အူတိအူကြောင် ကောင်လေးတစ်ယောက်အနေနဲ့ မြင်ရမှာပါ။ Jonny Depp လည်း ဒီကားကို ရိုက်ကူးနေချိန်မှာ အသက် ၃၁ ပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ ဒီကားမှာ Depp ကို ကြွေတယ်။ အေးတိအေးစက် နဲ့ သရုပ်ကို ဆောင်ထားပြီး မထင်ထားတာတွေ ထ ထ လုပ်တဲ့ Depp . . ။ ရူပါကလည်း အဖြောင့်။ (ဆော်တွေတော့ မသိ။ ကိုယ်တော့ ကြွေတယ်) သူနဲ့ Leo နဲ့ ညီအစ်ကို နှစ်ယောက်ဆိုတဲ့ Character ကို ကြည့်ရတာ Legend ကြီး နှစ်ယောက်ရဲ့ ကနဦးဘဝ နှစ်ခုကို တစ်ပြိုင်တည်း လေ့လာခံစားနေခွင့် ရသလိုကို ဖြစ်နေပါတော့တယ်။ အခြား Character တွေဆိုရင် အဲ့ဒီအချိန်က နာမည်ကြီးမင်းသမီးကြီး Luliette Lewis တို့ Mary Steenburgen တို့လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ အခြားနာမည်ရှိပြီးသား Character တစ်ချို့လည်း ပါသေးတယ်ဆိုတော့ ဒီရုပ်ရှင်က character တော်တော်မြိုင်တယ်ပြောရမယ်။ အခြားသော Music တို့ DOP တို့ Production Design တို့ စတဲ့ ကဏ္ဍ အသီးသီးမှာတော့ ဒီဘက်ခေတ်ရုပ်ရှင်တွေလောက် ခေတ်မမှီပေမယ့်လည်း ရိုးရှင်းသပ်ရပ်ပြီး ဒီနေ့ထိ မျက်စိအရသာကို ရှိနေပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် . . အနှစ်သာရလည်းပြည့်ဝတဲ့ Hollywood ရဲ့ classic drama ကား တစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ What’s Eating Gilbert Grape ကို ရွေးချယ်ဖို့ အကြံပြုအပ်ပါတယ်။ _________ မောက်ခမ်းဝါ (ရုပ်ရှင်အညွှန်းကို မောက်ခမ်းဝါ FB မှကူးယူဖော်ပြပါသည်။)

7.8 1993 118 mins
What’s Eating Gilbert Grape
Kaaduvetty
6

Kaaduvetty 2024 (ဘောလိဝုဒ် ရိုမီရိုနဲ့ဂျူးလိယက်) IMDb – 6.1/10 နာမည်ကျော် ရှိတ်စပီးယားပြဇာတ် ရိုမီယိုနဲ့ဂျူးလိယက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အားလုံးသိကြ နှစ်သက်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘောလိဝုဒ်ဗားရှင်း ရိုမီရိုနဲ့ဂျူးလိယက်ကားလေးကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းမှာ ရိုးရာအကသဘင်ပညာရှင်တစ်ဦး၏ သမီးဖြစ်သူ ဒက်ရှာရီနီနဲ့ ဇာတ်နိမ့်မျိုးနွယ်မှာ ပေါက်ဖွားကြီးပြင်းတဲ့ အခီလန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အခီလန်ဟာ ဒက်ရှာရီနီကိုချစ်မိသွားပြီး သူမရဲ့အချစ်ကိုမရရအောင် ကြိုးစားယူခဲ့အပြီးမှာ နောက်ပိုင်းသူတို့ ချစ်သူ၂ဦး အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ။ ဘောလိဝုဒ် အချစ်ဇာတ်လမ်းတွေ အလွမ်းအဆွေးကားတွေကို အားလပ်ချိန်မှာ ကြည့်ရှူမယ့် ပရိတ်သတ်တို့အတွက် အချိန်ပေးရတာတန်မယ့်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)

6 2024
Kaaduvetty
Slay
6.5

IMDb 6.5/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Horror ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ Drag queen အဖွဲ့ တစ်ဖွဲ့က သူတို့ သွားရောက် ဖျော်ဖြေဖို့ စီစဉ်ထားတဲ့နေရာ မဟုတ်ဘဲ ဘာဆိုဘာမှမရှိတဲ့ လွင်တီးခေါင်ပြင်ရဲ့အလယ်က စားသောက်ဆိုင်တစ်ဆိုင်ကို နေရာမှားပြီး ရောက်သွားခဲ့ကြပါတယ်။ သူတို့ကို အထင်သေး မကြိုဆိုကြတဲ့သူတွေကြား စိတ်အားထက်သန်စွာ ကြိုဆိုနေသူ တချို့ကြောင့် ပညာကုန်သုံးပြီး ဖျော်ဖြေပေးခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့ အန္တရာယ်က ရုတ်တရက်ကြီး ရောက်ရှိလာခဲ့လို့ ဝရုန်းသုန်းကားတွေဖြစ်ခဲ့ပါတော့တယ်။ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့တဲ့သူတွေကတော့ ဗန်ပိုင်းယားတွေပါ။ ဖုန်းလည်းဆက်လို့မရ၊ စားသောက်ဆိုင်ထဲမှာလည်း ဘာ လက်နက်မှမရှိနဲ့ ဗန်ပိုင်းယားတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့အလယ်မှာ သူတို့အဖွဲ့နဲ့ ဆိုင်ထဲက သူတို့ကို အထင်သေးတဲ့လူတွေ၊ ကြားနေ လူစုတွေကြား ပဋိပက္ခတွေဖြစ်ကာ အတွင်းရော အပြင်ပါ အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာတော့… သူတို့ကို အထင်သေး ရှုံ့ချနေတဲ့သူတွေက သူတို့အပေါ် အမြင်ပြောင်းနိုင်ပါ့မလား.. တစ်စ တစ်စ တိုးပွားလာတဲ့ ဗန်ပိုင်းယားတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုနည်းနဲ့ လွတ်အောင်ပြေးမလဲ.. တကယ်ရော သူတို့တွေ အတူတကွ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(900 Mb) Quality….Webrip 720p Format… mp4 Duration…. 01:39:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Drama • Romance
6.5 2024
Slay
Hellraiser: Judgment
4.3

Hellraiser: Judgement (2018) ခေတ်တွေပြောင်းပြီး အရမ်းတိုးတက်လာတော့ အပ်ခေါင်းတစ်ယောက် ရှေးနည်းအတိုင်း သစ်သားတုံးတစ်တုံးကို လိုက်လက်ဆင့်ကမ်းနေရုံနဲ့ အလုပ်မဖြစ်တော့လို့ နည်းသစ်တွေ ကြံစည်ရပါတော့တယ်။ လုပ်ထုံးလုပ်နည်းတွေလည်း အသစ်ဖြစ်လာတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းကတော့ စုံထောက်ညီနောင် ပညတ်တော်ဆယ်ပါးအတိုင်း လူလိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားကို စုံထောက်နေရာကစပါတယ်။ သူတို့နှစ်ယောက်အဖွဲ့ကို စုံထောက်မအသစ်တစ်ယောက် ဝင်လာပြီး သုံးယောက်သားစုံထောက်ကြပါတယ်။ နောက်တော့ အစ်ကိုဖြစ်သူက သဲလွန်စတစ်ခုရပြီး လိုက်သွားကြည့်ရင်း Cenobite တွေနဲ့ Pinhead တို့နဲ့ ကြုံလာရပါတော့တယ်။ စုံထောက်ဇာတ်လမ်းတစ်ဖြတ် Horror တစ်ဖြတ်ဆိုတော့ ရင်ထိတ်ရသလို စိတ်ဝင်စားဖို့လည်း ကောင်းတာပေါ့။ ပြီးတော့ Cenobite တွေရဲ့ ဘုရင် Pinhead ထက် မြင့်တဲ့သူတွေလည်း ဇာတ်လမ်းထဲမှာပါလာပါတယ်။ အသည်းမကောင်းတဲ့သူတွေ မကြည့်ကြဖို့တော့မှာချင်ပါတယ်။ Hellraiser ပရိသတ်တချို့တောင် မျက်နှာလွှဲချင်လောက်မယ့် အခန်းတွေလို့ပြောလို့ရမယ်ထင်တဲ့ အော်ဂလီဆန်စရာ အခန်းတချို့တွေပါလို့ပါ။ ကျွန်တော့်အမြင်အရ Hellraiser Franchise ထဲမှာတော့ ၅ /၁၀ ပဲအမှတ်ပေးလို့ရမယ့်ကားလို့ ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 635MB Quality – 1080p, 720p Format – mp4 Duration – 1H 21Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

4.3 2018 81 mins
Hellraiser: Judgment
Ha Ha Ha
6.7

Ha Ha Ha (2010) ***************** နာမည်ကြီး သရုပ်ဆောင်များစွာပါဝင်တဲ့ ဒီကားလေးကတော့ ဒါရိုက်တာ ဟုန်းဆန်ဆူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဟာသ ဒရာမာအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဂျိုမွန်းဂယောင်းက ကိုရီးယားကနေထွက်ခွာပြီး ကနေဒါမှာ သွားနေဖို့ အကြောင်းဖန်လာတယ်။ သူမသွားခင်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ ရုပ်ရှင်ဝေဖန်ရေးသမား ဘန်ဂျောင်ရှစ်နဲ့ အရက်အတူသောက်ရင်း သူတို့ ထုံးယောင်းကို သွားခဲ့ဖူးတဲ့အကြောင်းတွေကို ပြန်ပြီး စားမြုံ့ပြန်ပြောကြတယ်။ ဒါပေမဲ့ တစ်ယောက်အကြောင်း တစ်ယောက်ပြောကြတဲ့အခါ ပျော်စရာကောင်းခဲ့တဲ့အမှတ်တရတွေပဲ ပြောရမယ်လို့ သတ်မှတ်ထားခဲ့ကြတယ်။ ဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် အတိတ်ကအကြောင်းတွေ အချင်းချင်းဖလှယ်ကြရင်းနဲ့ တိုက်ဆိုင်စွာပဲ သူတို့နှစ်ဦး သွားခဲ့တဲ့နေရာတွေလည်း တူနေသလို သူတို့နဲ့ ဆုံခဲ့တဲ့သူတွေဟာလည်း တူနေကြတာပါပဲ။ သူတို့သူငယ်ချင်းနှစ်ယောက် ဘယ်လိုလူတွေနဲ့ ဆုံခဲ့ကြလဲ … ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စမျိုးတွေ ကြုံခဲ့ကြလဲ .. ဆိုတာကို ဒါရိုက်တာဟုန်းဆန်ဆူးက မြင်နေကျမဟုတ်ဘဲ ကွဲထွက်နေတဲ့ ဖန်တီးမှုပုံစံတစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲနော်။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.76GB / 816MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 56m Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Crime • History • Thriller
6.7 2010 116 mins
Ha Ha Ha
Love Xiaoman’s little satisfaction
5.6

အထက်တန်းကျောင်းသူအဆိုတော်မလေးတစ်ယောက်ရဲ့ ဘာမှနားမလည်တဲ့ အခြေအနေကနေပြီးတော့ အောင်မြင်မှုနောက်ကွယ်ကအခက်အခဲတွေ တွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါဘယ်လိုလုပ်မလဲ လျန့်ရှောင်မန်ဟာကျောင်းမှာဆိုရင်သာမန်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီးတော့ စင်မြင့်ပေါ်မှာဆိုရင်တော့ လူကြိုက်များတဲ့အဆိုတော်မလေးတစ်ယောက်ဖြစ်တယ်။ ဒီအဆိုတော်မလေးရဲ့ထူးခြားချက်ကတော့ မျက်နှာတစ်ဝက်ကို အုပ်ထားတဲ့မျက်နှာဖုံးတပ်ထားတာပါပဲ။ လျန့်ရှောင်မန်ဟာ မျက်နှာဖုံးတပ်ထားတဲ့သူကိုစစ်မှန်တဲ့သူလို့မခံစားရပဲ သူ့ကိုယ်သူလျန့်ရှောင်မန်အဖြစ်ချပြချင်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့တယ်။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ပီပီ အမှားတွေကိုစိတ်လိုက်မာန်ပါနဲ့လုပ်ခဲ့တယ်။ သူငယ်ချင်းတွေဆရာတွေရဲ့အကူအညီနဲ့ ဒီအခက်အခဲအမှားတွေကနေသူဘယ်လိုဖြတ်ကျော်နိုင်မလဲ

Family • Fantasy
5.6 2025
Love Xiaoman’s little satisfaction