YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Back To 1942 [2012] (MM Sub).mp4

944.97 MB N/A video/mp4 1432 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gym Class
5.8

ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ... ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ... ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 660MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 28Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Romance
5.8 2023 89 mins
Gym Class
Mulan
6.9

မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မူလန် ထွက်လာခဲ့ပါပြီ ရုံတွေ ပိတ်ထားလို့ Disney+ မှာပဲ တင်ခဲ့ပြီး လောလောဆယ် 720P Version ပဲ ရရှိအုံးမှာပါ မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) က အကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်... Mulan ဇတ်ကောင် အနေနဲ့ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို ခနခန Reversion Live Action တွေ ပြန်ရိုက်လဲ ပရိတ်သက်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇတ်ကောင်တစ်ခုပါ တရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေ ယောင်္ကျားသားတွေ ကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့ အခါ မကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် က ယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီး စစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်.. ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် File size…(1.6GB)/(734MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Little Neo

Crime • Drama • War
6.9 2020 115 mins
Mulan
Guardians of the Galaxy Vol. 2
7.6

1080p BluRay 5.1 DTS Quality ဖြင့်  Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။ MCU ဇာတ်ကားအားလုံးကို  https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။ ++++++++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ [Unicode] 1080p BluRay 5.1 DTS Quality ဖွင့ျ Marvel Cinematic Universe (MCU) Collection ကိုစုပေါငျးတငျဆကျပါသညျ။ MCU ဇာတျကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုငျပါသညျ။ ++++++++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတျလုပျရေးမှ Marvel Cinematic Universe(MCU) ကို လှနျခဲ့တဲ့ ၁၀ နှဈက စပွီးတညျဆောကျခဲ့ပါတယျ။ ပထမဆုံး ဇာတျလမျးဖွဈတဲ့ Iron Man-1 နဲ့ဖွဈပါတယျ။ နောကျဆုံးအပိတျကတော့ Endgame (2019) ဖွဈပါတယျ။ Marvel Universe မှာ Infinity Stone လို့ ခေါျတဲ့ စှမျးအား အကွီးဆုံး ကြောကျတုံး(၆) လုံးရှိပါတယျ။ အဲဒီကြောကျတုံးတှဟော စကွဝဠာအနှံ့မှာ ပွန့ျကြဲနတေယျ ဆိုပါတော့။ ကြောကျတုံးတဈတုံးခငြျးစီမှာ သီးခွားအစှမျးတှေ ရှိပွီး သာမာနျလူတှေ ကိုငျတှယျသုံးစှဲဖို့ မဖွဈနိုငျသလောကျပါပဲ။ Infinity War ရဲ့ အဓိက ဗီလိနျဖွဈတဲ့ Mad titan လို့ခေါျကွတဲ့ Thanos က ဒီကြောကျတုံးတှကေို စုစညျးပွီး စကွဝဠာကို သူ့သဘောအတိုငျးဖနျတီးဖို့ကွိုးစားပါလိမ့ျမယျ။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖှဲ့တို့ ပူးပေါငျးတားဆီးကွရငျး ဖွဈလာတဲ့ စဈပှဲပါ။ Infinity Stones 6 လုံးရဲ့ တညျနရောတှကေတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတျကားမှာ နာဇီတှဆေီက လုယူရတဲ့ ကြောကျတုံးဖွဈပွီး Avengers ဇာတျကားမှာ လိုကီက ဂွိုလျသားတှကေို ကမ်ဘာကိုခေါျဖို့ ဝငျပေါကျဖှင့ျတဲ့နရောမှာ အသုံးပွုခဲ့ပါတယျ၊ လကျရှိကတော့ Asgard ဂွိုလျပေါျမှာ သိမျးဆညျးခဲ့ရငျး Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တှေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကွဝဠာကို Big Bang မတိုငျခငျအထိတောငျ ပွနျပွောငျးပဈနိုငျပါတယျ။ Thor 2: The Dark World မှာ ပါလာခဲ့ပွီး နောကျဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမျးဆညျးထားပါတယျ) ၃။ Power Stone (Purple Orb) ( ဂွိုလျတဈခုလုံးကို အသာလေးဖကြျပဈလို့ရတဲ့ raw power တှပေါပါတယျ။ Guardian of the Galaxy 1 မှာ ပါဝငျခဲ့ပွီး Xander က Nova Corps စဈတပျလကျထဲမှာ သိမျးဆညျးထားပါတယျ။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အခြိနျကို လိုသလိုအသုံးခနြိုငျပါတယျ။ Doctor Starnge ဇာတျလမျးမှာ ပါဝငျလာပွီး လကျရှိ ဒေါကျတာ စထျရိန့ျက စောင့ျရှောကျထားပါတယျ) ၅။ Mind Stone (Yellow) ( ဉာဏျရညျကို မွှင့ျတငျခွငျးနဲ့ စိတျညို့ခွငျးတှေ ပွုလုပျနိုငျပါတယျ။ Avengers 1 မှာ ပါဝငျခဲ့ပွီး လကျရှိ Vision ရဲ့ နဖူးထဲမှာ မွှပျထားတာပါ) ၆။ Soul Stone (Orange) ( သကျရှိ သကျမဲ့ အခွအေနတှေကေို ထိနျးခြုပျနိုငျပါတယျ။ Planet Vormir မှာရှိပါတယျ။ ) အဆိုပါ ကြောကျတုံး ၆ တုံးကို သုံးနိုငျဖို့ Infinity Gauntlet ဆိုတဲ့ လကျအိတျကို လိုပါတယျ။ အဲဒီလကျအိတျကိုတော့ Thanos ပိုငျဆိုငျထားပါတယျ။ ဒီလောကျဆို Marvel Universe ကိုကွည့ျဖို့ အကွမျးဖဉြျးလုံလောကျပွီ ထငျပါတယျ။ File size…(2.3 GB) and (1.2 GB in Openload) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tariq L Walker

Crime • Drama • Thriller
7.6 2017 137 mins
Guardians of the Galaxy Vol. 2
Stuber
6.7

မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။ File size…(1.3 GB) and (670 MB) Quality…1080p WEB_DL.DD.5.1 H264 FGT Format…mp4 Duration…1h33min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm,Dolly and August

Comedy
6.7 2019 93 mins
Stuber
Will I Be Single Forever?
6.3

‎Will I be single forever (2021) “တစ်သက်လုံး အပျိုကြီးလုပ်တော့မလို့လား” ဒီမေးခွန်းဟာ အသက် ၃၀ နားကပ်လာတဲ့အထိ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေ မကြာခဏအမေးခံရလေ့ရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာမေးခွန်းမျိုးပေါ့။ မိန်းမတစ်ယောက်အနေနဲ့ အသက်၂၅ လောက်ရောက်တာနဲ့ အိမ်ထောင်ပြုသားမွေးပြီး အိမ်မှုကိစ္စလုပ်ရမယ်ဆိုတဲ့ ခေတ်ဟောင်းကအတွေးအခေါ်တွေက မျက်မှောက်ခေတ်မှာလည်း ကျန်ရှိနေဆဲပါပဲ။ အထူးသဖြင့် “သားကိုသခင် လင်ကို ဘုရား” ဆိုတဲ့ ရှေးရိုးစွဲအယူနဲ့ဖိုဝါဒကြီးစိုးတဲ့နိုင်ငံတွေမှာတော့ အသက် ၃၀ ကျော်ပြီးအိမ်ထောင်မရှိရင် အဲမိန်းမကပဲ တစ်ခုခုချို့ယွင်းနေသလိုလို သနားစရာသတ္တဝါလိုလို ​ဆက်ဆံခံနေရတာပါ။ အဲလိုပတ်ဝန်းကျင်ရဲ့မှိုင်းတွေကြောင့် အပူအပင်မရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်ပေမယ့် တစ်ကိုယ်တည်းအထီးကျန်ဆန်စွာ သေဆုံးသွားရမှာကိုကြောက်ရွံ့ပြီး ကိုယ့်ရဲ့လွတ်လပ်ပျော်ရွှင်မှုကို အိမ်ထောင်ပြုခြင်းဆိုတဲ့အရာနဲ့ လဲလှယ်လိုက်တဲ့အခါ အဆင်ပြေသွားတဲ့သူရှိသလို ဒုက္ခရောက်သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဘယ်လမ်းကိုပဲရွေးချယ်ချယ် ကိုယ့်တန်ဖိုးထားတဲ့အရာတွေကို မဆုံးရှုံးသွားရဖို့ အရေးကြီးဆုံးပဲဆိုတာကို ဒီကားထဲက ဇာတ်ဆောင်အမျိုးသမီးလေးဦးရဲ့ မတူညီတဲ့ရှုထောင့်တွေကနေ ခံစားလို့ရပြီး တွေးစရာတွေအများကြီးရစေမယ့် ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုအားပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 795MB | 441MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Action • Drama • Science Fiction
6.3 1900 94 mins
Will I Be Single Forever?
A Return to Salem’s Lot

ဒီဇာတ်ကားလေးက ၁၉၈၇ခုနှစ်ထွက် Vampire ဇာတ်ကားပါ။ ဒီကားထက်အရင် ၁၉၇၉ခုနှစ်မှာပဲ Salem’s lotဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားရှိပါသေးတယ်။ ဇာတ်ကား၂ကားလုံးက Salem’s lotဆိုတဲ့မြို့ငယ်လေးကိုပဲအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ထူးဆန်းထွေလာတွေကိုရိုက်ကူးတင်ဆက်ပြတဲ့ ဂျိုးဟာ သားဖြစ်သူနဲ့အတူ အမွေရထားတဲ့အိမ်ကိုသွားတဲ့အခါမှာ မြို့ငယ်လေးရဲ့တမူထူးနေပုံကိုသတိထားမိသွားပါတယ်။သားအဖ၂ယောက်လုံး Vampires တွေရဲ့မာယာကျော့ကွင်းမှာမိပြီး သူတို့မြို့ငယ်လေးမှာပဲနေသွားမှာလား၊ဒါမှမဟုတ် ရုန်းကန်ထွက်ပြေးကြမလားဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ File size…(2.3 GB)/(1.1 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre…Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo Min

0 1987
A Return to Salem’s Lot
Annabelle
5.4

2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ 2014 မှာဒီဇာတ်ကားထွက်လာပါတယ်.. သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူး CM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်.. မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ. အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီး သရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေ အတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ.. .ကြောက်တတ်သူများ.. နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ.. တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ File size… 2.41 GB / 1.06 GB / 534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing

5.4 2014
Annabelle
Mimamsa

Mimamsa 2023 “တယ်ဆာရာမိုနိုစ် ခေါ် လေးလောင်းပြိုင်လူသတ်မှု Murder suspenseကိုနှစ်သက်တဲ့ပရိသတ်ကြီးတို့ ဇာတ်လမ်းနောက်ကလိုက်ပြီး ပဟေဠိအဖြေညှိဖို့အတွက် Mimamsaဆိုတဲ့ မှုခင်းစုံထောက်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ Murder suspense ပီပီ ဟိုလူဒီလူတရားခံထင်ရင်းနဲ့ နောက်ဆုံးမှာဘယ်လိုပလေးခံရမလဲဆိုတာ စီအမ်နဲ့တူတူ အဖြေရှာလိုက်ရအောင်ပါ။ မြို့ငယ်လေးတစ်ခုမှာ ဆက်တိုက်ဆိုသလိုဖြစ်လာတဲ့ ကွင်းဆက်လူသတ်မှုတစ်ခု၊ ကျွမ်းကျင်သူတစ်ယောက်ရဲ့လက်ရာအလား သေသပ်လွန်း ပိရိလွန်းလို့ ရဲတွေရဲ့ခေါင်းကိုက်စရာဖြစ်နေတဲ့အမှုဆိုရင်လည်းမမှားပါဘူး။ ဒီလိုနဲ့ ဒုတိယလူသတ်မှုဖြစ်လာချိန်မှာတော့ ပြည်သူနဲ့မီဒီယာကပါ ရဲဘက်ကိုဖိအားပေးလာချိန်မှာတော့ အဒီရာတစ်ယောက် အမှုကိုထဲထဲဝင်ဝင် စုံစမ်းဖို့ဖြစ်လာတဲ့အခါ… သဲလွန်စ‌ပျောက်ပြီး ဘဲဥအစရှာမရဖြစ်နေတဲ့အမှုကို အစဆွဲထုတ်ဖို့အတွက် လူသတ်သမားရဲ့စိတ်ကိုနားလည်ဖို့ အဒီရာတစ်ယောက် ကြိုးစားရင်းနဲ့ လူတွေကိုရော တိရစ္ဆာန်တွေကိုပါ ထဲထဲဝင်ဝင်ကူညီချင်တဲ့ ပါရမီရှင်ဒေါက်တာကာရန်နဲ့ ဆုံဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အမှုကိုနားလည်ဖို့ကြိုးစားလေ မဆုံးနိုင်လေဖြစ်နေတဲ့အပြင် လူသတ်မှုတွေကပါ ဆက်တိုက်ဖြစ်လာချိန်မှာ အဒီရာတစ်ယောက် ဘယ်လိုဆက်ဖြေရှင်းမလဲ။ ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်လိုလက်မည်းကြီးတွေရှိနေမလဲဆိုတာ အားလုံးအတူ အဖြေရှာလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေက CM Bollywood Teamပဲဖြစ်ပါတယ်) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

0 2022
Mimamsa
The Prequel of Gold Convoyers 9 : An Ultimate Task
5.6

ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဆရာတူညီမလေးကျင်းကျင်းသေသွားတော့ ကူဖျင်အန်းကိုချစ်မိနေတဲ့ဝမ်ကျောက်ရှင်းဟာ အနာဂတ်မရှိတဲ့ ကိုယ်ရံတော်တပ်ကိုစိတ်ကုန်ပြီး ကိုယ်ရံတော်တပ်ကထွက်ပြီး အချစ်နဲ့အတူသာမန်ဘဝလေးမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒါကြောင့်သူ့မွေးစားအဖေကိုအသိပေးဖို့ မြို့တော်ကိုသွားတဲ့အချိန်မှာ သူ့ကိုနောက်ဆုံးတာဝန်တစ်ခုပေးအပ်လိုက်တယ်။ တိုင်းတစ်ပါးကစစ်ရှုံးပြီး အညံ့ခံလာတဲ့စစ်သူကြီးတစ်ယောက်ကိုစောင့်ရှောက်ပြီး စစ်မက်ရေးရာဌာနကိုပို့ပေးဖို့ပါ။ ဘယ်သူထင်မထားမလဲ မြို့အဝင်တံခါးမကြီးကနေ စစ်မက်ရေးရာဌာနကိုသွားတဲ့လမ်းတစ်လျှောက်မှာ အန္တရာယ်တွေအထပ်ထပ်ကြုံရမယ်လို့ပေါ့။ တစ်နေ့တာအတွင်း အန္တရာယ်အထပ်ထပ်ကိုကျော်ဖြတ်ပြီး စစ်မက်ရေးရာဌာနကိုရောက်အောင်ပို့ပေးဖို့ကြိုးစားတာကို သဲထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။

5.6 2010
The Prequel of Gold Convoyers 9 : An Ultimate Task
Gilded Newport Mysteries: Murder at the Breakers

အချိန်ကာလအားဖြင့် ၁၈၉၅ ဂျူလိုင်လ။ အမ်မာဟာ ချမ်းသာကြွယ်၀တဲ့ ဗန်ဒါဘစ်မိသားစုနဲ့ ဆွေမျိုးတော်စပ်သူ။ အမ်မာရဲ့ အဖေနဲ့အမေဟာ ဥရောပမှာ ပန်းချီကားတွေကိုသွားရောက်ရောင်းချနေကြသူတွေပါ။ အမ်မာဟာ ဆွေကြီးမျိုးကြီးထဲကဆိုပေမဲ့ အမွေစားအမွေခံတစ်ယောက်မဟုတ်ဘဲ သွေးနှောလို့သာ ဗန်ဒါဘစ်မိသားစု၀င်တစ်ဦးဖြစ်နေသူပါ။ အမ်မာဟာ အိမ်မှာ အိမ်ထိန်းအဖွားဖြစ်သူနဲ့အတူနေထိုင်ရင်း နယူးပေါ့ရဲ့သတင်းစာတိုက်တစ်ခုမှာ အမျိုးသမီးကဏ္ဍအတွက် သတင်းဆောင်းပါးတွေကိုရေးသားကာ ၀င်ငွေရှာနေတဲ့ ၂၁ နှစ်အရွယ် သတင်းထောက်မလေးတစ်ယောက်‌ပေါ့။ အမ်မာဟာ တစ်ရက်မှာ သူငယ်ချင်းဖြစ်သူ ဂါထရုရဲ့ ကပွဲကို ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီနဲ့တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ ကပွဲမှာ လူသေမှုတစ်ခုဖြစ်သွားပြီး ဒီအမှုဟာ မတော်တဆမှုမဟုတ်ဘဲ လူသတ်မှုဆိုတာကို သိရှိလိုက်ရချိန်မှာတော့ ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီဟာ လူသတ်သမားအဖြစ် မတရားစွပ်စွဲအကျဉ်းချခံလိုက်ရပါတယ်။ ဒီလိုနဲ့ အမ်မာတစ်ယောက် စုံထောက်ဂျက်စီဝှိုက်နဲ့အတူ ဒီလူသတ်မှုနောက်ကွယ်ကအကြောင်းစုံကိုစုံစမ်းရင်း မောင်ဖြစ်သူဘရေဒီ အပြစ်ကင်းစင်ကြောင်းသက်သေပြဖို့အတွက် လူသတ်သမားအစစ်ကိုရှာဖွေဖို့ရာ ကြိုးပမ်းရ‌ပါတော့တယ်။ File size…(1.5 GB)/(797 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024 84 mins
Gilded Newport Mysteries: Murder at the Breakers
[18+] Pwede G, Pwede B
4.5

ဘာဆီဟာ အသက် ၃၀ ဝန်းကျင်လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စ ဝါသနာထုံပါတယ်။ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ကို စားပြီးနားမလည်လုပ်ခဲ့ရာကနေ လီလီဆိုတဲ့ ကောင်မလေးနဲ့အလှည့်မှာတော့ စိတ်အနာကြီးနာသွားတဲ့ လီလီရဲ့ကျိန်စာတိုက်မှုကို သူခံခဲ့ရပါတယ်။ အဲ့ဒီကျိန်စာကတော့ မိန်းကလေးတွေကိုလှည့်စားခဲ့တဲ့အတိုင်း သူ့အပေါ်မေတ္တာမတုန့်ပြန်ပဲ အပျော်ကြံမယ့်ယောက်ျားတစ်ယောက်ကို ချစ်မိသွားပါစေဆိုတာပါပဲ။ အဲ့ဒီညမှာပဲ အသည်းကွဲလာတဲ့ အတူနေအခန်းဖော် သူငယ်ချင်း သီယိုနဲ့အမှတ်မထင်အချစ်နယ်ကျွံမိခဲ့ကြပြီး တစ်ဖြည်းဖြည်းနဲ့ သီယို့အပေါ်သူ့ခံစားချက်တွေပြောင်းလဲလာနေပြီဆိုတာ အလန့်တကြားသိလိုက်ရချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(810 MB) / (360 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:51:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.5 2024
[18+] Pwede G, Pwede B