YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Bachchhan Paandey 2022.WEB-DL.480P.mp4

408.74 MB N/A video/mp4 2398 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Taste

~ Rotten Tomatoes - 86%, IMDb - 5.6/10 ~ Taste ဟာ ဇာတ်အိမ်က ဘာမှမရှိပါဘဲ နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ဖော်ပြတဲ့ အပြတွေများတဲ့ ရုပ်ရှင်ပါ။ နိမိတ်ပုံဟာ စကားလုံးထက်ပိုတဲ့ ခံစားမှုတစ်ခုကို ရစေဖို့ပါပဲ။ ဒီရုပ်ရှင်မှာ  စကားသိပ်မပြောပေမဲ့ ကြည့်ပျော်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ သူ့အပြတွေဟာ စကားလုံးထက်ပိုမွန်းကျပ်‌ စေပါတယ်။ Taste ဆိုတဲ့စကားလုံးကို ဒါရိုက်တာ ဘယ်အဓိပ္ပာယ်နဲ့ရွေးထားလဲတော့ တပ်အပ်ပြောရခက်တယ်။ ရသာရုံလို့ဆိုရင်မမှားသလို အမြည်းလို့ဆိုရင်လည်း မမှားလောက်ပါဘူး။  ဒါရိုက်တာဟာ ဗီယက်နမ်က အောက်ဆုံးဘ၀ငရဲတွေအကြောင်း အမြည်းဆန်ဆန်ပြထားတာကိုး။ "စာအုပ်တွေဟာ မှန်လိုပဲ။ စာအုပ်တွေမှာ မင်းရဲ့အတွင်းထဲမှာ ရှိနှင့်နေပြီးသား အရာကိုပဲ မြင်ရတာ"လို့ Jean Luc Godard က ပြောဖူးတယ်။ ရုပ်ရှင်တွေကတော့ ပိုဆိုးတာပေါ့။ ရုပ်ရှင်တွေဟာ ယူသလိုပဲရတဲ့ အနုပညာတွေပါပဲ။ Taste ဟာ ကိုယ့်အတွင်းထဲက အမှောင်မိုက်ဆုံးကမ္ဘာကို ပြန်မြင်ရစေမယ့် ရုပ်ရှင်လို့တော့ ဆိုလို့ရတယ်။ ပသို့ပဲဆိုဆို Taste ဟာ စိတ်ပျော်စေမယ့် ရုပ်ရှင်ကားမဟုတ်ပါဘူး။ ကျွန်တော်ဆို ထမင်းစားရင်း ကြည့်မိတာ ဆက်တောင်မစားနိုင်တဲ့ အထိပါပဲ။ သူ့အပြတွေမှာ ကိုယ်လုံးတီးမိန်းမကြီးတွေ ၊ လိင်တံတွေကို စိတ်ညစ်စရာကောင်းအောင် ပြထားတာမို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ Tasteကို ဗီယက်နမ်ရဲ့ တက်သစ်စ လူငယ်ဒါရိုက်တာ BAO Leeက ရိုက်ထားပြီး streaming serviceတစ်ခုဖြစ်တဲ့ MUBI မှာ ပြသခဲ့ပြီး Feb 16 2022 မှာ အမေရိကက ရုံတွေမှာစပြမှာပါ။ IMDb Rating နိမ့်ပေမဲ့ Art Film တွေပဲ တင်တာများတဲ့ MUBI ရဲ့ Rating ကတော့ 6.9 ပါ။ Rotten Tomatoes က 86% ပါ။ ဘာလင်မှာလည်း Special Jury Award, Encounters ဆုကို ရထားပါတယ်။  ကြည့်ကောင်းတဲ့ Art Film တစ်ကားလို့ ဆိုလို့ရပါတယ်။ ရုပ်ရှင်ဟာ ကိုယ့်အတွင်းထဲက အရာကိုပဲ မြင်ရနိုင်တဲ့အရာဆိုတော့ လူတိုင်းတော့ ကြိုက်မှာမဟုတ်ပါဘူး။ သေချာတာကတော့ စိတ်ညစ်မွန်းကျပ်တဲ့ အရသာကိုမရချင်ရင် မကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ အရသာဆိုတာမျိုးက အာရုံနဲ့ဆိုင်ပြီး အခြေခံအချက်တွေကလွဲ အရသာကို တိတိကျကျ ဖော်ပြဖို့ခက်ပါတယ်။ ရေနွေးကြမ်းတစ်ခွက်ရဲ့ ခါးတာလားဖန်တာလား တခြားတစ်ခုခုပါနေသေးလား မသိတဲ့ အရသာကိုခံစားရသလိုပေါ့။ ကျွန်တော့်အတွက်တော့ Taste ဟာ အခန်းကျဉ်းလေးထဲမှာ ကုန်လွန်ခဲ့ရဖူးတဲ့ နေ့ရက်နေ့တို့ထဲ ပြန်ဆွဲသွင်းခံလိုက်ရတဲ့ ရုပ်ရှင်ပါပဲ။ တစ်ချို့အတွက်ကျ လောကကြီးက သိပ်ကိုကျဉ်းတယ်။ ဘ၀ဟာ ဝေဒနာတွေ ရစ်သိုင်းထားတဲ့ ခန္ဓာကျဉ်းကျဉ်းကလေးမှာ ရှင်သန်ရခြင်း တစ်မျိုးပေါ့။ ငါတို့ မီးပုံးပျံတွေ လုပ်ကြတယ်။ ဒါပေမဲ့ ငါတို့လုပ်ထားတဲ့ မီးပုံးပျံတွေ ကောင်းကင်ထဲ ပျံသန်သွားတာ ငါတို့တစ်ခါမှမြင်ခွင့်မရကြဘူး။ သူ့အရိပ်မှာ ဘယ်တော့မှ ထိုင်နိုင်ခွင့်မရှိမှန်းသိသိလျက် သစ်ပင်ကို စိုက်ပျိုးသူဟာ ဘ၀ရဲ့အဓိပ္ပာယ်ကို နားလည်စပြုလာသူလို့ တဂိုးကပြောဖူးတယ်။  ငါနားလည်တာလား ငါလက်ခံလိုက်ရတာလားတော့ ငါမရေရာ။  ကမ္ဘာကျဉ်းကျဉ်းလေးထဲနေပျော်ဖို့ ဒီလိုပဲ ကြံရင်းဖန်ရင်း ဆက်ပြီးရှင်ရင်းသန်ရင်း။ ဘယ်လိုပဲဖြစ်ဖြစ် လူဟာ သေခဲလှတယ်မလား။ မနေ့က ငါသီချင်းတစ်ပုဒ်နားထောင်ဖြစ်တယ်။ "အစိမ်းလိုက်ရင်ဆိုင်" တဲ့။ ဒီကမ္ဘာကြီးနဲ့ မကင်းသမျှ ဒီအောက်ဆုံးဘ၀ငရဲတွေမှာ လူဟာ အစိမ်းလိုက်ရင်ဆိုင်ရင်း ဆက်ရှင်သန်နေရမှာပဲလား။ တစ်နေ့နေ့တော့ မနက်ဖြန်ကိုရောက်မယ်လို့ ငါမျှော်လင့်မှားခဲ့မိပေါ့...... (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 700MB, 300MB Quality - Web-rip 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • Thriller • War
0 2022 9 mins
Taste
Royal Warriors
7

မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ အခုဒုတိယကားအနေနဲ့တင်ဆက်လိုက်တဲ့ Royal Warriors (1986) ဇာတ်ကားကတော့ In The Line of Duty-1 လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသမီးမီရှဲယိုအဓိကပါဝင်ထားပြီး IMDb Rating(6.9) ထိ ရရှိထားမလို့ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(2.8 GB)/(999 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Murphy

Horror • Mystery • Thriller
7 1986 96 mins
Royal Warriors
Toy Story 4
7.5

ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင် ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။ အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင် ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။ သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ် အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ ပေးပစ်လိုက်တာကနေ စတင်ပါတယ်။ ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့် သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့ အရုပ်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော် ဝုဒီလည်း ပါနေတာပေါ့။ ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့ သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်…. တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ ကလေးတွေရဲ့ သံယောဇဉ်တွေကို လှလှပပ ပုံဖော်ထားတာပဲမို့ ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။ ရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Adventure • Animation • Family • Fantasy
7.5 2019 100 mins
Toy Story 4
[18+] Call Boy
6.6

[+18]Call Boy(2018) IMDb….6.4 ဖန်းဆင်းခဲ့ပြီးသော မိန်းမသားများ၏ ဖြစ်တည်ခဲ့သော သဘာဝတရားများသည် ယောင်္ကျားသားများနှင့်ယှဉ်လျှင် အနည်းငယ် ဒုက္ခရောက်ရသော ကိစ္စများရှိလေသည်… ထို့ကြောင့်ပင် အားနွဲ့သောမိန်းမသားလို့ သုံးနှုံးကြလေသည်…….ထို့ကြောင့် မိန်းမသားများသည် မိမိတို့၏ အားနည်းချက်များကို ဖုံးကွယ်ရန်အလို့ငှါ ဉာဏ်ကိုတတ်နိုင်သမျှ သုံးကြလေသည်… ထိုဉာဏ်ကို မာယာဟု တစ်ချို့သောသူတွေက ခေါ်ဆိုကြပြန်သည်… ဒီကားလေးကတော့ မာယာနတ္ထိနဲ့မိန်းမသားအချို့အကြောင်းကိုခပ်လှလှလေးရိုက်ပြထားတာပါ… ဒီဂျပန်ကားလေးမှာတော့ အချို့သောအမျိုးသမီးများသည် လိင်မှုကိစ္စများနှင့် အခြားမွန်းကြတ်နေသောကိစ္စများကိုဖြေဖျောက်ရန် အခကြေးငွေးပေးကာ တိတ်တဆိတ် ခေါ်ယူရနိုင်သည့် ကောင်လေးများနှင့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်… ဒီကားကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ ကွယ်ဝှက်ထားသော အလွှာများကိုမြင်တွေ့နိုင်သည်…. ပြီးတော့ ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ခမ်းခမ်းနားနားလှလှပပလေးကို ရိုက်ပြထားတာ…နောက်ခံသီးချင်းသံကအစ Lighting အဆုံး…. လူတွေကိုစနစ်တကျလေးရွေးချယ်ထားတာရော… တော်တော်ကိုမိုက်တယ်… (18+ အခန်းပေါင်းများစွာ ပါဝင်သဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ….) File Size : (2.02GB) and (635MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wild Race Encoded by SD

6.6 2018
[18+] Call Boy
Haider
8.2

IMDb Rating (8.0) / Rotten Tomatoes (88%) မင်းသား Shahid Kapoor , မင်းသားကြီး Irrfan Khan ,မင်းသမီး Shraddha Kapoor,မင်းသမီးကြီး Tabu တို့နဲ့ ဘောလိဝုဒ်ရဲ့ Rating မြင့် Action,Crime,Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ “Helmet”ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။ အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲ လိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။ ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲ ကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။ နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။ (ရုပ်ရှင်အညွှန်းကို ကျော်ဇေလတ်မှ ရေးသားပြီး V & Thaik San မှ ဘာသာပြန်တင်ဆက်ထားပါတယ်။)

8.2 2014
Haider
The Great Escaper
7.2

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာ မင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့ မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီး ကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအနှစ်ချုပ် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့ အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေ ခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာ နေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာ တခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းက စိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါ သေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေး ချွတ်ယွင်းလာတာကို မသိသေးတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ သူလုပ်စရာရှိတာကိုသာ သဲကြီးမဲကြီးအာရုံစိုက်နေရာက ဘဝတူစစ်ပြန်ကြီး Arthur ရဲ့အကူအညီကြောင့် မမျှော်လင့်ထားတဲ့နေရာကို ရောက်ခဲ့ပါတော့တယ်။ ခရီးသွားဟန်လွဲဆုံရတဲ့ Arthur ရဲ့ နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိမလဲ၊ Bernard သူရည်မှန်းထားတာတွေ အားလုံးလုပ်နိုင်ပါ့မလား။ သူတွေ့ချင်တဲ့အရာတွေနဲ့တွေ့နိုင်ပါ့မလား၊ ကျန်ရစ်ခဲ့တဲ့ ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ရောက်တဲ့အထိ အသက်ရှည်ပါ့မလားဆိုတာ IMDB 7.2, Rotten Tomato 79% ရထားတဲ့ The Great Escaper ရုပ်ရှင်ဇာတ်ကားနဲ့ အတူစီးမျောရင်းခံစားသက်ဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…1.28GB / 499MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by miyamoto

7.2 2023
The Great Escaper
Murder at Honeymoon Hotel
5.9

2016 ခုနှစ်က တောင်ကိုရီးယား-တရုတ် ပူးပေါင်းရိုက်ကူးထားတဲ့ ရယ်ရခက်ခက် ငိုရခက်တဲ့ ဟာသ လူသတ်သမားကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကို အကြမ်းဖြင်းမိတ်ဆက်ပေးရမယ်ဆို.. ဟိုတယ် ဧည့်ကြိုလေး ဝူတကျစ်ဟာ ကိုယ်ဝန်ဆောင် ဇနီးအသစ်စက်စက်လေးကို ဟန်နီးမွန်းမပို့နိုင်လို့ သူအလုပ်လုပ်တဲ့ ဟိုတယ်မှာပဲ ပျားရည်စမ်းဖို့ စဉ်းစားခဲ့တာပေါ့… တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်မင်းသမီးဆိုသူက သူဟန်နီးမွန်းဖို့ကြံထားတဲ့ အခန်းကိုမှ ရွေးတည်းခဲ့တယ်လေ… ဒီမင်းသမီးက ထူးတော့ ထူးဆန်းတယ်… ညကြီးအချိန်မတော် ကွန်ဒိုတိုက်ခန်းထဲရောက်သွားပြီးတော့… နောက်နေ့မှာ မန်နေဂျာလည်းမပါ… အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မန်နေဂျာကို ပိုက်ဆံပေးပြီး… မှတ်ပုံတင်မအပ် စာရင်းလည်းမသွင်းတဲ့အပြင်.. ဟိုတယ်တောင် အနောက် အရေးပေါ် အခန်းကနေ ဝင်ပြီးတည်းတာနော်… ဒီမင်းသမီးက ဒီဟိုတယ်မှာ ပလတ်စတစ်ဆာဂျရီနဲ့ တွေ့ဖို့ကြံထားတာဖြစ်ပြီး… တိုက်တိုက်ဆိုင်ဆိုင် အဲ့ ဆာဂျရီက ဝူတကျစ်ရဲ့ တစ်ရွာတည်းသား မ်ဝမ်ရဲ့ လက်ရှိယောက်ျားဖြစ်နေပြီး လောင်းကစားအကြွေးရှုံးလို့ ထွက်ပြေးနေရသူပေါ့… ကဲမင်းသမီးနဲ့ ဆာဂျရီနဲ့တွေ့ဖြစ်မှာလား… ဝမ်ဝမ်ကရော ဘာလို့ ဟိုတယ်ရောက်နေတာလဲ… ဝူတကျစ်ရော သူ့ဟန်နီးမွန်းအခန်း မင်းသမီးဆီက တောင်းလို့ရမှာလား… ဇာတ်ကားလေးက အလင်းပြပါလိမ့်မယ်

5.9 2016
Murder at Honeymoon Hotel
The Man Without a Past

သတ်လတ်ပိုင်းလူတစ်ယောက်ဟာ ရထားစီးလာရင်း မြို့တစ်ခုကိုရောက်တော့ လူဆိုးတွေရဲ့ရိုက်တာခံလိုက်ရပြီး အတိတ်မေ့သွားခဲ့ပါတယ်။ ဒါနဲ့ပဲ အဲ့မြို့ထဲမှာပဲ ယောင်လည်ယောင်လည်နဲ့ ဟိုသောင်တင် ဒီသောင်တင်နဲ့ပဲအကူညီလေးတွေရခဲ့ပါတယ်။ ပြဿနာက သူ့နာမည်ကိုပါမမှတ်မိတဲ့အတွက် နေရာတကာမှာ ပြဿနာဖြစ်ပြီး ဘယ်အလုပ်ရှင်ကမှလည်းမခေါ်ချင်ပါဘူး။ ဒီလိုနဲ့ပဲနာမည်တောင်မမှတ်မိတဲ့ ဒီလူဟာ အတိတ်မေ့နေရင်းဘယ်လိုရုန်းကန်ရမလဲဆိုတာကိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ IMDb အနေနဲ့လည်း 7.6 တောင်ရထားပြီး Rotten Tomatoes မှာလည်း 87% ထိရထားတဲ့ Finland ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(2.1 GB)/(993 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2002
The Man Without a Past
Si Juki the Movie: Harta Pulau Monyet
7.7

Si Juki the Movie: Harta Pulau Monyet ( 2024 ) စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက် ဒီတစ်ခါတော့ CM ပရိသတ်ကြီး အပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှား ကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုရဲ့ စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက် လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာ အန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။ သူတို့ရဲ့ စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ… အောင်မြင်စွာပဲ ရတနာတွေရလာမှာလား… ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား…. ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့ စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team တို့ပဲဖြစ်ပါတယ် )

Drama
7.7 2024 107 mins
Si Juki the Movie: Harta Pulau Monyet
Hoard
6.6

Hoard (2023) IMDb Rating (6.6) / Rotten Tomatoes (94%) မာရီယာက မိခင်ဖြစ်သူ စင်သီယာနဲ့ အမေတစ်ခုသမီးတစ်ခုကြီးပြင်းလာခဲ့ရသူဖြစ်တယ်။ စင်သီယာက စွန့်ပစ်ပစ္စည်းတွေကို‌ကောက်ရတာ ဝါသနာကြီးသူဖြစ်တာကြောင့် အိမ်မှာအမြဲအမှိုက်တွေပွနေတတ်ပြီး သမီးဖြစ်သူနဲ့လည်း အဲ့ကိစ္စကြောင့် စကားများတတ်ကြပါတယ်။ ဒါပေမဲ့ မာရီယာလေး ဆယ်ကျော်သက်အရွယ်ကျောင်းသူဘဝရောက်လာတဲ့အချိန်မှာတော့ မွေးစားမိခင် မီရှဲလ်နဲ့အတူ ဘဝအသစ်တစ်ခုမှာနေနေရပါတော့တယ်။ မာရီယာက ကျောင်းထွက်လိုက်ပြီး ဘာလုပ်မှန်းမသိဖြစ်နေချိန်မှာ မီရှဲလ်အရင်ကစောင့်ရှောက်ပေးခဲ့ဖူးတဲ့ မိုက်ကယ်ဆိုတဲ့လူတစ်ယောက် သူတို့အိမ်မှာလာတည်းဖို့အကြောင်းဖြစ်လာပါတော့တယ်။ မိုက်ကယ်က ချစ်သူကောင်မလေးရှိရက်နဲ့ မာရီယာ့အပေါ်စိတ်ခံစားချက်တွေ ယိုင်နဲ့လာတဲ့အခါတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမဲ့ စိတ်ကျန်းမာရေးအသားပေး ဒရာမာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….02:07:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing

Romance • Drama
6.6 2024 126 mins
Hoard
Siege (Asedio)
5.2

၂၀၂၃ ရဲ့အကောင်းဆုံးစပိန်ရုပ်ရှင်ဖြစ်ပြီးခေါင်းထဲကပါထုတ်မရစွဲကျန်မယ့်ရုပ်ရှင်အဖြစ် မှတ်ချက်ပေးထားကြတဲ့ Siege( 2023) စပိန်နိုင်ငံမဒရစ်မှာတရားမဝင်ရွှေ့ပြောင်းလာတာကြောင့်ဥပဒေအရအိမ်ငှါးနေထိုင်ခွင့်မရှိတဲ့သူတွေကိုနှင်ထုတ်တာမှာရဲအရာရှိမအသစ်ကလေး ဒန်နီပါလိုက်ပါတာဝန်ထမ်းဆောင်ရပါတယ်။ တရားမဝင်အိမ်ငှါးတွေကိုလိုက်ရှာရင်းအခန်းတစ်ခုမှာ ပိုက်ဆံတွေတွေ့တာကြောင့်ဘယ်သူမှမသိအောင်ပြန်သွားပြီးဒန်နီယူနေတုန်းမှာပဲလူတစ်စုဝင်လာပြီး ပိုက်ဆံကိုလာရှာကြပါတယ်။ အဲဒီလူတစ်စုက ဒန်နီတို့ဌါနကရဲတွေဖြစ်နေပြီး လူမဆန်တဲ့ရက်စက်တဲ့လုပ်ရပ်တွေလုပ်လာကြတဲ့အခါ ဒန်နီကဗွီဒီယို ရိုက်ထားလိုက်ပါတယ် အကျင့်ပျက်ရဲတွေ ဒန်နီ ဗွီဒီယိုရိုက်တာကို မြင်သွားတဲ့အခါ ဖုန်းကိုလိုက်ယူရုံမက လူကိုပါဒုက္ခပေးလာတဲ့အခါသူတို့လက်ကနေဒန်နီလွတ်အောင်ပြေးရပါတော့တယ်။ ဒန်နီ့ကိုဘယ်သူတွေကအကူအညီပေးမလဲ သေရေးရှင်ရေးဆုံးဖြတ်ရတဲ့အခါဒန်နီဘယ်လိုဆုံးဖြတ်မလဲ ဆိုတာတော့…… File size…(1.5 GB)/(980 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Action, Adventure, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khin Sakar Khin

5.2 2023 100 mins
Siege (Asedio)
Cruel Winter Blues
7

Cruel Winter Blues (2006) ************************* Crime ရုပ်ရှင်တွေ ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်အနေနဲ့တော့ Hope, Memoir Of A Murderer, Kill Boksoon, A Normal Family စတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ လူကြိုက်များတဲ့ မင်းသားကြီး Sul Kyung Gu က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်…။ IMDb 7.0 ရှိပြီး Rotten Tomatoes ကလည်း 70% ရရှိထားပါတယ်။ ဇာတ်လမ်းလေးကတော့ (Sul Kyung Gu) ဂျယ်မွန်းဆိုတဲ့ လူမိုက်က သူ့ရဲ့ဆရာနဲ့ ငယ်သူငယ်ချင်းကို သတ်သွားခဲ့တဲ့ လူမိုက်ဒယ်ရှစ်ကို ပြန်လက်စားချေတဲ့ ဇာတ်လမ်းပါ…။ ဂျယ်မွန်းက လက်စားချေဖို့အတွက် လူမိုက်လောကထဲကို အသစ်ဝင်ရောက်လာတဲ့ တိုက်ကွမ်ဒိုကစားသမား ချီဂုနဲ့အတူ ဒယ်ရှစ်ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဂယိုဆိုတဲ့ မြို့ငယ်လေးကို ထွက်လာခဲ့ပါတယ်။ လက်စားချေမယ့် အခွင့်အရေးကို စောင့်နေတုန်းမှာပဲ ဂျယ်မွန်းက ထမင်းစွပ်ပြုတ်ဆိုင် ဖွင့်ထားတဲ့ ဒယ်ရှစ်ရဲ့မိခင်နဲ့ ရင်းနှီးသွားခဲ့တယ်။ ဒယ်ရှစ်ရဲ့အမေကလည်း ဂျယ်မွန်းကို သားအရင်းတစ်ယောက်လို ပြုမူဆက်ဆံတဲ့အခါမှာ ဂျယ်မွန်းရဲ့စိတ်ထဲမှာ လက်စားချေဖို့အတွက် အကျပ်ရိုက်သွားပါတော့တယ်။ ဂျယ်မွန်းနဲ့ ဒယ်ရှစ်တို့ရဲ့ အဆုံးသတ် ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ .. ရင်ခုန်စိတ်လှုပ်ရှားစရာ၊ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုခံစားကြပါနော်။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…3.91GB / 1.1 GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 58 min. Genre ….. Action, Crime, Drama, Martial Arts Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Drama • Science Fiction
7 2006 118 mins
Cruel Winter Blues
The Asphalt Jungle
7.8

ဟန်ဒလေဟာ ထောင်ထွက်တစ်ယောက်ပါ။ အရင်က သူတို့မိသားစုပိုင်ဆိုင်ခဲ့တဲ့ မွေးမြူရေးခြံတွေစိုက်ပျိုးမြေတွေကို ဆုံးရှုံးလိုက်ရတာကြောင့် သူ့ရဲ့တစ်ခုတည်းသောအိပ်မက်က အိမ်ပြန်ပြီး ဆုံးရှုံးခဲ့တာတွေပြန်ယူဖို့ဖြစ်လာခဲ့တယ်။ အခုတော့ သူဟာ ရှိသမျှကိုမြင်းပွဲလောင်းနေတဲ့ တေလေဂျပိုးတစ်ယောက်ဖြစ်ခဲ့လေပြီ။ တစ်နေ့မှာတော့ ထောင်ထွက်ဝိဇ္ဇာကြီးတစ်ယောက်ဦးဆောင်တဲ့ရတနာဖောက်ထွင်းမှုတစ်ခုမှာပါဖို့ ဖြစ်သွားခဲ့ပြီး အောင်အောင်မြင်မြင်နဲ့ဖောက်ထွင်းနိုင်ခဲ့ကြပေမဲ့ ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့အတိုင်း ဟန်ဒလေတစ်ယောက် ပြဿနာတွေကိုကျော်လွှားနိုင်ပြီး အိမ်ပြန်ရောက်နိုင်ပါ့မလား…။( မင်းသမီးချောကြီး Marilyn Monroe လည်းပါ၀င်ပါတယ်) File size…(1.8 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:52:00 Genre… Film Noir, Heist, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

7.8 1950 112 mins
The Asphalt Jungle
Dead Man on Campus
6

Dead Man on Campus (1998) ဒီဇာတ်လမ်းမှာ ထူးချွန်ကျောင်းသား Josh နဲ့ အမြဲတမ်း ပါတီပွဲလုပ် ဆေးသုံးပြီး အလေလိုက်နေတဲ့ Cooper တိုနှစ်ယောက်က ကောလိပ်အဆောင်မှာ အခန်းဖော်တွေဖြစ်လာကြတယ်။ Cooper ရဲ့ အတတ်ဆိုးတွေကြောင့် အပျော်အပါးမက်မိပြီး တစ်ခါမှမကျဖူးတဲ့ စာမေးပွဲတွေအကုန် ကျသွားတဲ့ Josh နဲ့ စာမေးပွဲကို လာတောင်မဖြေတဲ့ Cooper တိုနှစ်ယောက်လုံး ရုတ်တရက်ကြီးမားတဲ့ ပြဿနာကိုယ်စီပေါ်လာပါတော့တယ်။ ဒါပေမဲ့ Josh နဲ့ Cooper တို စာမေးပွဲမအောင်လို သူတိုဘဝကြီးပျက်ဆီးလုနီးပါးအချိန်မှာပဲ တွေ့ရှိလိုက်ရတဲ့ ကောလိပ်စည်းမျဉ်းတစ်ခုကတော့ ကိုယ်နဲ့အတူအိပ်တဲ့ အခန်းဖော်‌တစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေရင် ကျန်တဲ့အခန်းဖော်သူငယ်ချင်းကို နှစ်သိမ့်အားပေးဆုအနေနဲ့ စာမေးပွဲတွေအကုန်အအောင်ပေးရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ Josh နဲ့ Cooper တို သူငယ်ချင်းနှစ်ယောက် သူတိုစာမေးပွဲတွေ အလိုလိုအောင်သွားတောင် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ အခန်းဖော်ရဖိုအတွက် နည်းဗျူဟာမျိုးစုံနဲ့ ဘယ်လိုတွေ ပူးပေါင်းကြံစည်ကြမလဲဆိုတာကို ဒီဟာသဇာတ်လမ်းထဲမှာ တစ်လွဲမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (2.8 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:34:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

Action • Drama
6 1998 96 mins
Dead Man on Campus