YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

At The End Of The Tunnel [2016] (MM Sub).mp4

1006.66 MB N/A video/mp4 823 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alice, Darling
5.9

ကနဦးပြောချင်တာကတော့ ဒီကားကို ဘာ Genre လဲ သွားမကြည့်ပါနဲ့။ ဒီတိုင်း ဘာကားမှန်းမသိဘဲ ကြည့်လိုက်ပါ။ ဒါဆို ပိုအဆင်ပြေပါလိမ့်မယ်။ နောက်တစ်ချက်သတိချပ်စေချင်တာကတော့ ဒီကားမှာ မင်းသမီးရေချိုးနေတုန်း မင်းသမီးဘော်ဒီကိုပြပြီး အနောက်ဘက်ကုန်းမြင့်ဒေသတွေကို လေ့လာစူးစမ်း အလံတိုင်စိုက်တာတွေပါတဲ့အတွက် မိသားစုနဲ့မကြည့်သင့်ပါဘူး။ မင်းသမီးကတော့ အားလုံးသိကြတဲ့ Pitch Perfect မင်းသမီး Anna Kendrick ပါ။ ချစ်စရာကောင်းနေဆဲပါပဲ။ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ဘဲက ပန်းချီဆရာ။ ဒါပေမဲ့ သွေးကြီးမွေးကြီး ကိန်းကြီးခန်းကြီးနိုင်တဲ့လူ။ ကောင်မလေးဘဝမှာ သူငယ်ချင်း ၂ယောက်ရယ် သူ့ဘဲရယ် ဒါပဲရှိမယ်။ ကောင်မလေးက အရင်က ဆိုးခဲ့ပေခဲ့ပုံရတယ်။ သူ့ဘဲ ကြောင်သူတော်ကြွက်သူခိုးက ကောင်မလေးကို သူ့လိုပဲဖြစ်စေချင်တယ်။ ဒီတော့ ကောင်မလေးက သူဆိုးတာကို ချမပြဘူး။ သူ့ဘဲက ကောင်မလေးကို သူငယ်ချင်း၂ယောက်နဲ့လည်း မပေါင်းစေချင်ဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတစ်ယောက်မွေးနေ့မှာ ကောင်မလေးဟာ သူ့ဘဲကို လိမ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ နယ်ဘက်ကျေးလက်က အိမ်လေးကို အပျော်ခရီးထွက်သွားတယ်။ အဲဒီခရီးမှာဘာတွေဖြစ်မလဲ သူ့ဘဲကရော ဘာဆက်လုပ်မလဲ မြင်ရလိမ့်မယ်။ ထူးတာက ဒီကားက ဘာကားမှန်းမသိဘဲ ကြည့်လိုက်မယ်ဆို ဘာကားမှန်းမသည်းမကွဲဖြစ်ချင်စရာကောင်းတယ်။ နယ်ဘက်က အိမ်ကြီးကို သွားရင်း လူသတ်သမားနဲ့တွေ့ရတော့မလိုလို သရဲပဲအခြောက်ခံရတော့မလိုလို သူ့ဘဲက လိုက်သတ်တော့မလိုလို သို့လောသို့လော ထင်ချင်စရာအချက်တွေပြသွားတယ်။ ဒီဇာတ်တည်ရာမှာလည်း ပျောက်ဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကို အားလုံးဝိုင်းရှာနေကြတာတွေလည်းပါတယ်။ မင်းသမီးကလည်း စိတ်ဖိစီးမှုတွေနဲ့ ခေါင်းထဲ အသံဗလံတွေ မျိုးစုံ အလိုလိုကြားနေရတယ်။ ဒါပေမဲ့ ဇာတ်မဆုံးခင်အထိကို သူက ဘယ်လမ်းကြောင်းသွားမလဲ မရေမရာဖြစ်အောင်လုပ်ပြနိုင်ခဲ့တယ်။ ကြည့်ကောင်းတဲ့ကားလေးပါပဲ။ မင်းသမီးလည်း တော်တော်လှပါတယ်။ ဘာကားမှန်းမသိဘဲကြည့်ရင် ပိုကြည့်ကောင်းပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 29Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by B Encoded by Y

Comedy • Drama
5.9 2022 90 mins
Alice, Darling
All the Old Knives
6

မင်းသား ခရစ္စပိုင်းရဲ့ ရုပ်ရှင်အသစ်လေးပါ။ စပိုင်ရုပ်ရှင်ပါပဲ။ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။ လိုက်ပြီးလည်း အတူစဉ်းစားရတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း - လွန်ခဲ့တဲ့ ၈ နှစ်က လေယာဉ်ပြန်ပေးဆွဲမှုတစ်ခုမှာ ဓားစာခံတွေ ရာချီပြီး သေဆုံးခဲ့သလို အကြမ်းဖက်သမားတွေအကုန်သေဆုံးခဲ့တဲ့အမှုတစ်ခုဖြစ်ပါတယ်။ အဲဒီအမှုမှာ ပါဝင်တဲ့သူတွေလည်း သေတဲ့သူသေ အငြိမ်းစားယူတဲ့သူ ယူကုန်ကြပါပြီ။ အကြမ်းဖက်ထောက်လှမ်းရေး အေဂျင်စီအနေနဲ့ အရှက်တကွဲနဲ့ ပိတ်သိမ်းခဲ့ရတဲ့ အမှုတစ်ခုပါပဲ။ ဒါပေမဲ့ ရှစ်နှစ်ကြာပြီးအချိန်မှာတော့ လေယာဉ်ပြန်ပေးခေါင်းဆောင်ကို ဖမ်းမိခဲ့ပြီး ပြန်ပေးမှုဟာ ထောက်လှမ်းရေးအတွင်းလူတစ်ယောက် ပါဝင်နေတယ်ဆိုတာသိလိုက်ရပါတယ်။ အဲဒီအတွက် အေဂျင်စီရဲ့ အတော်ဆုံး ထောက်လှမ်းရေးသမားကို တာဝန်ပေးပြီး အတွင်းလူသစ္စာဖောက် ဘယ်သူလဲဆိုတာ စုံစမ်းလာတဲ့အခါ.... File size…(1.22 GB)/(646.7MB)/(442MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Romance
6 2022 101 mins
All the Old Knives
Flying Colors
7.4

ကဲ .. ဒီတစ်ပတ်တော့ ကျောင်းသူကျောင်းသားများ ဒါမှမဟုတ် စာမေးပွဲတစ်ခုခုဖြေစရာရှိသူများအတွက် ရုပ်ရှင်ကြည့်လိုက်ရုံနဲ့ ကြိုးစားချင်စိတ် motivation တွေ တဖွားဖွားပေါ်လာစေမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်။ နာမည်ကတော့ Flying Colors (ဂုဏ်ထူး) ပါတဲ့ ။ ဂျပန်ပြည်တွင်းမှာတော့ Biri Gyaru (ဘိတ်ချီးကောင်မလေး) လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၅ခုနှစ်မှာ ဒါရိုက်တာ Doi Nobuhiro ကနေ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဘဝဟာသဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျပန် Box office မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Gyaru ဆိုတာကတော့ ဂျပန်ဖက်ရှင် ၊ music ပိုင်းနဲ့ ရင်းနှီးသူတွေအတွက် ခဏခဏကြားဖူးနေပါလိမ့်မယ်။ Gal(Girl) ဆိုတာက ဂျပန်အသံထွက်နဲ့ slang ပုံစံသုံးကြရာက တွင်ကျယ်လာတဲ့ ဒီစကားလုံးဟာ သုံးနှုန်းပုံဖွင့်ဆိုချက်တွေ၊ အမျိုးအစားတွေအများကြီးရှိပေမယ့် ဒီမှာနားလည်ရလွယ်အောင်လို့ အလှအပအရမ်းဦးစားပေးပြီး၊ ခေတ်ပေါ်ဖန်စီရှုပ်ရှုပ်ယှက်ယှက်တွေအများကြီးဆင်ယင်ထားတဲ့၊ ကလေးဆန်တဲ့ခေတ်ကောင်မလေး လို့ပဲ ဆိုကြပါစို့။ Kudo Sayaka ဟာ ဆံပင်ရွှေရောင်ဆိုးထားတဲ့ Gyaru တစ်ယောက်ဖြစ်ပါတယ်။ သာမန်မိန်းကလေးအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်ရောက်နေတဲ့ Sayaka ဟာ ကျောင်းစာကိုလုံးဝ(လုံးဝ)ကိုစိတ်မဝင်စားသလို အနာဂတ်အတွက်လည်းဘာမှအပူအပင်ရှိစရာမလိုပဲ အတန်းချိန်မှာ အေးအေးလူလူ စကားပြောလိုက်၊ မိတ်ကပ်လိမ်းလိုက်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ တစ်နေ့တော့ Sayaka ဆီကနေ ဆေးလိပ်ဘူး မိပြီးနောက် သူ့သူငယ်ချင်းတွေကိုပါဖော်ကောင်လုပ်ဖို့ ငြင်းဆန်တဲ့ Sayaka တစ်ယောက်တည်း ကျောင်းနားခံလိုက်ရပါတယ်။ စာမေးပွဲအမှတ်တွေကလည်း အားရစရာ၊ ဟိုးအောက်ကကို မတက်တဲ့ကြားထဲ ဒီလိုပြဿနာတွေဖြစ်လာတဲ့ Sayaka ဟာ အထက်တန်းဒုတိယနှစ်၊ နောက်နှစ်ဆို တက္ကသိုလ်ဝင်တန်းဖြေရတော့မယ် ဆိုတော့ အမေဖြစ်သူက စိတ်မအေးနိုင်ပဲ အပြင်ကျူရှင်အပ်ဖို့ လုပ်လာရပါတယ်။ အမေဖြစ်သူခေါင်းမီးတောက်နေချိန်မှာ အဖေဖြစ်သူကတော့ Sayaka ရဲ့မောင်လေးဖြစ်သူ Ryuta ကို ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ဖို့သာအားသန်လျက်ရှိပါတယ်။ သူကိုယ်တိုင်မဖြစ်ခဲ့ရလို့ သားဖြစ်သူအပေါ် ရည်မှန်းချက်ထားလွန်းတဲ့ ဖခင်ဖြစ်သူဟာ Sayaka နဲ့အငယ်ဆုံးညီမလေးကို လုံးလုံးဂရုမစိုက်တော့ပဲ ဘေ့စ်ဘောပဲရူးနေတာပေါ့။ ဒါကလည်း Sayaka တစ်ယောက် ဒီလိုပုံစံဖြစ်လာဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကကျောင်းခဏခဏပြောင်းရပြီး၊ သူငယ်ချင်းဖွဲ့ရမှာကြောက်တတ်တဲ့ Sayaka ကို ပထမဆုံးနွေးနွေးထွေးထွေးဆက်ဆံခဲ့တဲ့ သူငယ်ချင်းသုံးယောက်က သူ့လိုပဲမထူးခြားနား Gyaru တွေဖြစ်ကြပြီး၊ ကျောင်းမှာအမွှေဆုံးအုပ်စုအဖြစ် ထင်ရှားပါတယ်။ ဒီလို Sayaka ကို တက္ကသိုလ်ဝင်တန်းအတွက်ပြင်ဆင်ဖို့အတွက် အမေဖြစ်သူက အပြင်ကျူရှင်ဆရာတစ်ယောက်ဖြစ်တဲ့ Tsubota Yushitaka ဆီအပ်ပါတယ်။ ပထမဆုံးနေ့မှာအစမ်းtestလေးတစ်ခုဖြေခိုင်းတော့ အားရစရာ ဇီးရိုးကိုက်၊ဥမကွဲတဲ့ Sayaka ကို သြချမိပေမယ့် လက်တော့မလျှော့သေးပါဘူး။ ထူးခြားတဲ့သင်ကြားမှုပုံစံနဲ့ Tsubota ဟာ တပည့်တွေအကြိုက်ကိုလိုက်ပြီး၊ရင်းနှီးမှုရယူ ၊ ပြီးတော့ သူတို့စိတ်အားတက်အောင် များများချီးကျူးပေးပြီး သင်ကြားတတ်တဲ့ ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလို ဥမကွဲတာကိုတောင် ပြန်ပြီး၊ ချီးကျူးလိုက်တော့ ဆရာတွေဆီမှာတစ်ခါမှချီးကျူးမခံရဖူးတဲ့ Sayaka တစ်ယောက် နည်နည်းတော့ပျော်သွားပါတယ်။ Tsubota က ရည်မှန်းချက်မြင့်မြင့်ထားဖို့ပြောပြီး၊ သူရွေးပေးလိုက်တဲ့ ကျောင်းက ဂျပန်နိုင်ငံရဲ့ ထိပ်ဆုံးကတက္ကသိုလ်တစ်ခုဖြစ်တဲ့ Keio University ဖြစ်နေပါတယ်။ Tsubotaရဲ့ မက်လုံးကတော့ Keio က ကောင်လေးတွေချောတယ်လို့နာမည်ကြီးပါတယ်တဲ့။ test ရလဒ်တွေအရဆိုရင် လေးတန်းလောက်သာသာ ပညာရေးအဆင့်ရှိတဲ့ Sayaka က Keio သွားမယ်ဆိုတော့ သူ့အမေကလွဲလို့ အားလုံးရယ်ကြတာပေါ့။ အထူးသဖြင့် သူတို့အတန်းပိုင်ဆရာက (သူကလည်း မွှေလွန်းတဲ့ Sayaka တို့အုပ်စုကို မျက်မုန်းကျိုးနေတာ) Keio ဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုပြီး ၊ စကားနိုင်လုကြရာက Sayaka နဲ့ ကျောင်းရှေ့မှာအင်္ကျီချွတ်ကြေး အလောင်းအစားလုပ်ကြပါတော့တယ်။ အဲဒီမှာပဲ အစကဟာသတစ်ခုလိုသဘောထားရာက Sayaka ဟာ သူ့ရဲ့ Keio ပန်းတိုင်ကို နည်းနည်းseriousထားလာပြီး၊ နောက်ပိုင်း အိမ်မှာ ပြဿနာတွေတက်ကြရာက အဖေဖြစ်သူခနဲ့တဲ့စကားတွေကို မခံချင်တဲ့စိတ်နဲ့ ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမယ့် ကျောင်းစာမရရုံတင်မဟုတ် ပြင်ပဗဟုသုတပါလုံးဝမရှိတဲ့ Sayaka (သူဟာ Santa Clause နဲ့ Ultraman တို့ကိုအပြင်မှာတကယ်ရှိတယ်လို့ယုံပါတယ်) ကို Tsubotaအတွက် စာသင်ပေးရတာလွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်သလို နေ့ချင်းညချင်းလည်းအဆင့်တွေဝုန်းခနဲတက်မလာပါဘူး။ ဒါပေမယ့် သူ့ရဲ့ တပည့်တွေစိတ်ဝင်စားမှု၊ အကြိုက်ပေါ်လိုက်ပြီး၊ မတူညီတဲ့ချဉ်းကပ်မှုအမျိုးမျိုးနဲ့ (ဥပမာ Idol ကြိုက်သူဆိုရင် Idol တွေနဲ့၊ Anime ကြိုက်သူဆိုရင် Anime နဲ့၊ Game ကြိုက်သူဆိုရင် Gameနဲ့) သင်ကြားပေးတဲ့စနစ်ဟာ အလုပ်ဖြစ်လာမယ်လို့ စွဲစွဲမြဲမြဲယုံကြည်ထားသူပါ။ အချိန်တွေကုန်လွန်လာတာနဲ့အမျှ Sayakaတစ်ယောက် သူ့ကိုချစ်လွန်းတဲ့အမေအတွက် ရည်မှန်းချက်အပေါ် ပိုစိတ်အားထက်သန်လာပြီး၊ သူမရဲ့ကြိုးစားအားထုတ်မှုက သူ့ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်ရည်မှန်းချက်ကို သားဖြစ်သူအပေါ် အတင်းဖိသွင်းတတ်တဲ့ဖခင်၊ ဝါသနာပါတာမလုပ်ရပဲ ဘေ့စ်ဘောပဲကစားနေတဲ့ မောင်ဖြစ်သူ၊ Sayaka ရဲ့ အချစ်ဆုံးသူငယ်ချင်း မိGyaruလေးတွေ၊ သူတို့ကျူရှင်မှာပဲလာအပ်ထားတဲ့ နာမည်ကျော်ရှေ့နေမျိုးရိုးရဲ့ သား မောင်Yankee(ကျောင်းလူမိုက်)လေး၊ နောက်ဆုံး ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းနေတဲ့ Tsubota ကိုယ်တိုင်ဆီမှာ လွှမ်းမိုးမှုတွေဖြစ်လာပါတော့တယ်။ တစ်ရက်မှာတော့ အင်္ဂလိပ်စာတစ်သက်မှာတစ်ခါမှမအောင်ဖူးတဲ့ Sayaka တစ်ယောက် အမှတ်၇၀ ထိရခဲ့ပြီးနောက်မှာတော့ … သူမအနေနဲ့ Keio တက္ကသိုလ်ရှေ့မှာ fresher ကျောင်းသူတစ်ယောက်အနေနဲ့ ဓာတ်ပုံရိုက်ခွင့်ကြုံနိုင်မလား .. ဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ ပုံမှန်တွေ့နေကျ အထက်တန်းကျောင်းနောက်ခံဂျပန်ဇာတ်ကားတွေနဲ့ တော်တော်လေးကွဲပြားနေတာကိုတော့ ဇာတ်လမ်းအကျဉ်းဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကိုယ်တိုင်မမြင်ဖူးတော့မသိပေမယ့် ဒီဇာတ်ကားထဲက မိန်းကလေးအထက်တန်းကျောင်းတွေနဲ့ Gyaru character တွေကိုသရုပ်ဖော်ပြမှုဟာ တော်တေ်ာလေးမှန်ကန်တယ်လို့ ဆိုကြပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ စာစိတ်မဝင်စားပဲ အလှအပ၊အပျော်အပါးပဲမက်တဲ့ ပေါ့ပျက်ပျက်ကောင်မလေးကို အသိတရားရအောင်စာသင်ပေးတဲ့ဇာတ် လို့ ခေါင်းကြီးတပ်နိုင်ပေမယ့် အဓိကဇာတ်ကောင် ကောင်မလေး Sayaka ရဲ့ ကြီးပြင်လာပုံ ၊ ပြီးတော့ သူမရဲ့လက်ရှိမိသားစုအခြေအနေတွေပါထည့်တွက်ကြည့်လိုက်တော့ ခုနကလိုလွယ်လွယ်ပြောလို့မရတော့တာ တွေ့ရမှာပါ။ တစ်နေရာမှာတော့ ကျောင်းကအတန်းပိုင်ဆရာကနေ ကျူရှင်ဆရာ Tsubota ကိုလာပြီးသတိပေးတဲ့ဇာတ်ဝင်ခန်းတစ်ခန်းပါပြီး၊ ကျွန်တော်တို့အနေနဲ့သိပ်နားမလည်တဲ့ ကျူရှင်နဲ့ကျောင်းကြီးကြားက အားပြိုင်မှု၊ တက္ကသိုလ်ဝင်ခွင့်အားပြိုင်မှုတွေဘာတွေကို သရုပ်ဖော်ထားတာက သူတို့ပြည်တွင်းကလူတွေအနေနဲ့ ပိုrelateဖြစ်နိုင်မယ့် ဇာတ်လမ်းဇာတ်ကွက်မျိုးတွေလို့ ဆိုရမှာပါ။ ပိုပြီးသဘောကျစရာတစ်ချက်ကတော့ ပြသချိန်၂နာရီအတွင်းမှာ Sayaka ရဲ့ လေးတန်းအသိဉာဏ်နဲ့ အထက်တန်းကျောင်းသူလေးအဖြစ်ကနေ Keio ဝင်ခွင့်စာမေးပွဲကြီးဆီသို့သွားရာလမ်းအတိုင်း ကိုယ်ကိုယ်တိုင်ဘေးကလိုက်ပြီး၊ ဖြတ်သန်းခဲ့ရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တာပါ။ ဘယ်လိုပြောရမလဲ။ ကြည့်ရှုသူပရိသတ်အနေနဲ့ ဇာတ်လမ်းအစက Sayaka နဲ့ အဆုံးက Sayaka က တစ်ယောက်တည်းပေမယ့် ဘာတွေကွဲပြားသွားသလဲဆိုတာ အသေအချာမြင်နိုင်ပြီး၊ ဘာလို့ဒီလိုပြောင်းလဲသွားသလဲဆိုတာ သိနေတဲ့ပုံစံမျိုးပေါ့။ Sayaka တစ်ယောက်တည်းမဟုတ်ဘူး။ ပါဝင်တဲ့တစ်ခြားဇာတ်ကောင်တွေလည်း ဇာတ်လမ်းပြီးတဲ့အချိန်မှာ အနည်းငယ်စီကွဲပြားပြောင်းလဲသွားကြတဲ့ပုံစံလေးတွေ တွေ့ကြရမှာပါ။ ဒါကလည်း ဒါရိုက်တာ Doi Nobuhiro (Hanamizuki ၊ Kirin no Tsubasa) ရဲ့ ရိုက်ကူးမှုနဲ့ pacing တွေကို ချီးကျူးရမှာဖြစ်သလို Sayaka အဖြစ်ခေါင်းဆောင်ပါဝင်တဲ့ မင်းသမီး Arimura Kasumi (Strobe Edge)ရဲ့ သရုပ်ဆောင်စွမ်းရည်အပါဝင် တခြား ဇာတ်ပို့castတွေရဲ့ ကောင်းမွန်တဲ့performance တွေကြောင့်လည်း အများကြီးပါပါတယ်။ ရုပ်ရှင်ထဲမှာပဲကွာ ကြိုးစားရတာလွယ်မှာပေါ့ လို့ဆိုချင်ဆိုလိမ့်မယ်။ ဒါပေမယ့် တကယ်မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာပေါ့ ။ အပြင်မှာလည်း ဒီလိုမျိုးသာဓကတွေရှိတာပဲ ။ မှန်ကန်တဲ့သင်ကြားလမ်းပြမှု နဲ့ လက်တွေ့ကြိုးစားမှုနဲ့ ပေါင်းစပ်လိုက်ရင် အောင်မြင်တာ၊မအောင်မြင်တာ အသာထား ၊ ပြောင်းလဲမှုတစ်ခုခုကိုတော့ပြုလုပ်နိုင်စွမ်းရှိကြတာပဲ မဟုတ်လား။ ပြောရရင် ဒီဇာတ်လမ်းကိုယ်တိုင်ကိုက ကျူရှင်ဆရာတစ်ယောက်ဖြစ်တဲ့ Tsubota Nobutaka ရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်လို့ဆိုတဲ့ စာအုပ်ကို ရိုက်ကူးထားတာပဲလေ။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီဇာတ်ကားပြီးဆုံးသွားတဲ့အချိန်မှာ ကျန်ရစ်ခဲ့တဲ့ raw feeling လေးတစ်ခုနဲ့တင် လက်ရှိရောက်နေတဲ့နေရာကနေ နည်းနည်းပဲဖြစ်ဖြစ် ကြိုးစားချင်စိတ်လေးတစ်ခု ပေါ်လာမိလိမ့်မှာတော့ အသေအချာပါပဲ။ ။ #Samuri (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို myotaku.club မှ Samuri (Soe Nyein Oo) မှ တင်ဆက်ထားတာပါ။) File size…(1.3 GB)/(670 MB) Quality….BluRay 1080p/720p Format…mkv Duration….01:56:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Samuri

Thriller
7.4 2015 117 mins
Flying Colors
Ralph Breaks the Internet
7.2

ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘဝကို ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ဝင်နေတဲ့ အချိန် Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေ ဖောက်ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီလို ပရိုဂရမ်ကနေ သွေဖယ်သွားတဲ့ လမ်းကြောင်းကို အပြင်က ဂိမ်းဆော့သူက လိုက်ပြီး ပြန်ထိန်းချုပ်ရင်း အဲ့ဒီပြိုင်ကား ဂိမ်းစက်ဟာ ပျက်စီးသွားခဲ့ပါတော့တယ်.... ဆိုင်ရှင်က အပိုပစ္စည်း မှာဖို့ ကြံစဉ်ပေမဲ့ မူလ လက်ဟောင်းဖြစ်တဲ့အတွက် အပိုပစ္စည်းမရှိသလို အင်မတန်ဈေးကြီးတဲ့အတွက် Vanellope ရဲ့ ပြိုင်ကားဂိမ်းစက်ကို ချောင်ထိုးထားဖို့ စိတ်ကူးသာ ရရှိသွားပါတော့တယ်... ဒီလိုနဲ့ ပြိုင်ကား ဂိမ်းထဲ နေထိုင်နေကြတဲ့ သူတွေ အားလုံးဟာ ထွက်ပြေးကြရင်း ဖြတ်ကူးကြတဲ့ ကြား တစ်နေရာမှာ သောင်တင်ကုန်ကြပါတယ်.. Ralph ကလဲ သူ့ အမှားဖြစ်တာကြောင့်ရယ် Vanellope မပျော်ရင် သူလဲ မပျော် ဖြစ်တာကြောင့် ပြိုင်ကားဂိမ်းစက် ကို Online ကနေ မှာယူဖို့ ကြံစည်ကြရင်း Ralph နဲ့ Vanellope တို့ အရှုပ်ထုပ် ၂ ယောက် ဆိုင်ပိုင်ရှင် ရဲ့ နက်ဝေါ့ ထဲကနေ ကြီးမားကျယ်ပြန့်လှတဲ့ Online ပေါ်သို့ ခရီးထွက်ခဲ့ကြသောအခါ.... ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့် မှ အညွှန်းရေးပေးထားပါတယ်

Comedy • Drama
7.2 2018 112 mins
Ralph Breaks the Internet
The Railway Children Return
5.4

ဒီတစ်ခါတော့ မျက်ရည်မခိုင်တဲ့သူတွေမကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် ခင်ဗျာ လူ့တိရစ္ဆာန် အက်ဒေါ့ဖ်ဟစ်တလာ ကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်လာပြီး၅နှစ်ကြာတဲ့အချိန်မှာပဲ ဂျာမန်ဗုံးကြဲလေယာဉ်တွေက ဗြိတိသျှမြို့တွေ့ကို ဗုံးကြဲတိုက်ခိုက်လို့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဗုံးလွတ်တဲ့ကျေးလက်ဒေသတွေဆီပို့ဖို့ ဆုံးဖြတ်ခဲ့ရတာပေါ့ အဲဒီလိုနဲ့ လီလီ, ပတ်တီ နဲ့ တက်ခ် ဆိုတဲ့မောင်နှမ ၃ယောက်ဟာ ရော့ရှိုင်းယားဒေသကိုရောက်ပြီး ၃ယောက်တောင်ဖြစ်နေလို့ဘယ်သူမှ ခေါ်ထားဖို့ မရွေးတဲ့အချိန်မှာပဲ အဲဒီမြို့က ကျောင်းအုပ်ဆရာမကြီးရဲ့အမေက သနားပြီးခေါ်ထားလိုက်တာပါ သူ့ဆီမှာလည်း မြေလေးတစ်ယောက်ရှိတော့ အဖွဲ့ကျပြီး ကစားကြရင်းနဲ့ အမေရိကန်စစ်ပြေးရဲဘော်လေးတစ်ယောက်နဲ့ တွေ့ခဲ့ကြတာပါ အဲဒီအချိန်မှာပဲ ဇာတ်လမ်းလေးက စခဲ့ရတာပေါ့ ဒီကားထဲမှာ စိတ်ဓာတ်ညံ့ဖျင်းတဲ့ ဟစ်တလာကြောင့် တစ်ကမ္ဘာလုံးကြုံခဲ့ရတဲ့ စစ်အနိဌာရုံတွေ ရှင်ကွဲ ကွဲရတဲ့မိသားစုတွေ သေကွဲကွဲရတဲ့ မိသားစုအကြောင်းတွေ ကလေးတွေရဲ့ ဖြူစင်တဲ့မေတ္တာတွေ အမေရိကန်တွေရဲ့ အသားရောင်ခွဲခြားမှုတွေကို တဝကြီးခံစားပြီး တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ တစ်သျှူးလေးဘေးချပြီး ကြည့်ရမဲ့ ကားကောင်းလေးမို့ လက်မလွှတ်ဘဲ ကြည့်လိုက်ကြပါဦးဗျာ… File size…(1.53GB)/(817MB)/(414MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre…Adventure / Drama / family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Drama • Thriller
5.4 2022
The Railway Children Return
Christmas in August
7.6

Christmas in August ( 1998 ) သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အတိတ်မှာ ကြွင်းရစ်နေမြဲ။ သိဟ်ရာသီရေ အဲဒီခတ္တာပွင့်ကလေးကို သိမ်းရစ်လေဦး။ April Snowတို့ One Fine Spring Dayတို့ အရိုတစ်လိုင်းကားတွေ , Forbidden Dreamတို့ The Last Princessတို့လို ရာဇဝင်ကားတွေ, ရိုက်ခဲ့တဲ့ hur jin hoရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မင်းသားကတော့ လီချန်းဒုံရဲ့ ပွဲဦးထွက်ကား Green Fishရဲ့ အဓိကဇာတ်ဆောင်ဖြစ်ဖူးတဲ့ Dr. Romanticတို့ Deep Rooted Treeတို့ထဲလည်း သရုပ်ဆောင်တော်တော်ကောင်းတာ မြင်နိုင်တဲ့ Han Suk-kyuပါပဲ။ Baeksang ဆုပေးပွဲမှာ Best Film ,Best Actress , Best New Director ဆုတွေရခဲ့ပြီး Blue Dragon မှာလည်း Best Film , Best Actress , Best Cinematography , Best New Director ဆုတွေကို ရခဲ့ပါတယ်။ ဒီကားကို ကျွန်တော် သတိထားမိတာက တစ်ချို့က ကိုရီးယားရိုမန့်တစ်မာစတာပိစ်တွေဖြစ်နေတဲ့ II Mareတို့ My Sassy Girlတို့ the classicတို့လို ကားမျိုးတွေနဲ့ တစ်တန်းတည်းထားကြလို့ပါပဲ။ မကြည့်ခင်ကတော့ ကျွန်တော်လည်း အဲဒီလို တော်တော်ရိုမန့်တစ်ဆန်တဲ့ပုံစံမျိုးလို့ ထင်ခဲ့တာပဲ။ ခုနကားတွေလို ကိုရီးယားကလပ်စစ် ရိုမန့်မာစတာပိစ်စာရင်းဝင်ပေမဲ့ ခုနကားတွေကို ကြိုက်တဲ့လူတွေ ကြိုက်မကြိုက်တော့မသေချာပါဘူး။ ကျွန်တော်တော့ ခုနကားတွေကိုလည်း ကျသလို ဒါလည်း ကျတာပါပဲ။ ဒီကားက တခြားရိုမန့်တစ်ကားတွေနဲ့ ကွာခြားနေတဲ့အချက်က realityဆန်လွန်းနေတာပါပဲ။ ခင်ဗျား ဘဝမှာ နေရင်းထိုင်ရင်း ရနိုင်တဲ့ ရိုမန့်ဆက်ဆံရေးတစ်ခုလို ပုံစံမျိုးကိုပဲ ပုံဖော်ထားတာ ကြုံတောင့်ကြုံခဲမှ တွေ့ကောင်းတွေ့နိုင်တဲ့ ရိုမန့်ဆန်ခြင်းမျိုးမဟုတ်ဘူး။ မင်းသားက သေတော့မယ့်လူ ဒါပေမဲ့ ဒရာမာချိုးလို့ ရလျက်သားနဲ့ကို လုံးဝဒရာမာမချိုးသွားသလို မင်းသမီးကလည်း ဒါကိုမသိသွားဘူး။ ဇာတ်ကောင်မင်းသားက မင်းသမီးထက် အသက်၁၀နှစ်လောက်နီးနီးကြီးတဲ့သူဆိုတော့ အဲဒီအရွယ်နဲ့လိုက်ဖက်အောင်ပဲ ပုံဖော်သွားတယ်။ သူ့သေခြင်းကို သူကောင်းကောင်းကြီး လက်ခံပြီး ဘယ်သူ့ကိုမှ စိတ်ဆင်းရဲရအောင် မလုပ်ချင်တော့တဲ့ ချစ်ခြင်းမျိုးကိုပဲ ပြသွားတယ်။ ဘာမှ ဒရာမာကြီးကြီးမားမားမချိုးသွားဘူး။ ဒီကားဟာ ရိုမန့်ကားပေမဲ့ တော်တော်လေးရိုးရိုးသားသားနဲ့ကို ရိုမန့်ဆန်နေတဲ့ကားလို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.4GB | 1GB | 480MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Adventure • Animation • Comedy • Family
7.6 1998
Christmas in August
She’s Dating the Gangster
7

She is Dating the Gangster IMDb 7/10 Romance and Drama “ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ” လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့ သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်း ချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She’s Dating the Gangster ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာ သူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။ သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်း ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊ သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊ သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။ Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/42 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.2 GB)/(1.2 GB) Quality…WEB-DL AMZ 1080p / 720p Format…mp4 Duration….01:53:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Action • Drama
7 2014
She’s Dating the Gangster
Mad Max: Fury Road
8.1

Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ ဒါကတော့ ၄ ကားမြောက်ဖြစ်တဲ့ Mad Max: Fury Road (2015)ဇာတ်ကားပါ။ IMDb (8.1) နဲ့ Rotten Tomatoes(97%) ရရှိထားပါတယ်။ Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။) +++++++++++++++++++++++ Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေ ကူးယူဖော်ပြလိုက်ပါတယ်။ +++++++++++++++++++++++ Mad Max: Fury Road ဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်လောက်က ထွက်ရှိခဲ့တဲ့ Action Movies တွေထဲက သင်ကြည့်ဖူးသမျှ Action Movies တွေထဲမှာ ဘယ်ရုပ်ရှင်ဟာ အကောင်းဆုံးလဲလို့အရင်တွေးကြည့်လိုက်ပါ။ သင်တွေးမိလိုက်တဲ့ ထိုရုပ်ရှင်ထက် ယခု ဒီ Mad Max: Fury Road ရုပ်ရှင်ဟာ ပိုကောင်းတယ်ဆိုတာ သေချာတပ်အပ် ကျွန်တော် ရဲရဲကြီး ပြောဆိုနိုင်ပါတယ်။ Mad Max ဆိုတာ ဘယ်သူကို ပြောတာလဲ? Max Rockatansky ဆိုတဲ့ လူတစ်ယောက်ကိုပြောတာပါ။ ဒါဆိုထိုသူက ဘယ်သူလဲ? သူဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အရင်ကားဟောင်း 3 ကားဖြစ်တဲ့ Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ သိခဲ့ပြီး ဖြစ်ပါတယ်။ Max သည် ကမ္ဘာကြီး မပျက်ဆီးခင်က အမှန်တရားရဲ့ဘက်တော်သားလို့အမည်ရတဲ့ ရဲတစ်ဦးဖြစ်ခဲ့သည်။ သူ့တွင် တွယ်တာစရာ မိန်းမနှင့် သားလေးတစ်ဦးပါဝင်သော မိသားစုလေးရှိခဲ့သည်။ ဒါတွေကို ကျွန်တော်တို့ပထမဆုံး Mad Max (1979) တွင် တွေ့ခဲ့ရသည်။ သူသည် ထိုရုပ်ရှင်ထဲတွင် ရဲဌာနမှ အငြိမ်းစားယူရန် မကြာခဏ တောင်းဆိုခဲ့သည်မှာ ထိုမိသားစုလေးအတွက်ပင်ဖြစ်သည်။ သို့သော် ကံမကောင်းခဲ့သော သူ့အတွက် သူ့ရဲ့ ထိုမိသားစုကလေးကို ဆုံးရှုံးရသောအခါ ရုပ်ရှင်ရဲ့The Third Act လောက်မှာ သူ့ရဲ့Antihero တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သော စရိုက်ကို တွေ့မြင်ခဲ့ရပြန်သည်။ ထိုရုပ်ရှင်သည် Director George Miller ရဲ့ပထမဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ သူသည် အရင်က ဆေးကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ $350,000 ဆိုသော Budget ကလေးနဲ့အောင်မြင်သွားချက်က ထိုခေတ်က $100 Million နီးပါးပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် The Blair Witch Project ဆိုသော သရဲကား မထွက်ခင်ထိ Mad Max ရုပ်ရှင်သည် အမြတ်ပမာဏ အများဆုံးရရှိသော ရုပ်ရှင်တစ်ကားဖြစ်ခဲ့လေသည်။ ဒုတိယ ဇာတ်ကား Mad Max: Road Warrior (1981) ဇာတ်ကားစတော့ ကမ္ဘာကြီးသည် ပျက်စီးသွားခဲ့ပြီး Max ကိုလည်း လမ်းပေါ်မှာ တစ်ဦးတည်း ဦးတည်ချက်မဲ့ သွားနေသော ခရီးသည်ကြီးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတော့တယ်။ သူသည် မိမိနှင့်မဆိုင်ရင် ဝင်မပါသောသူ ကြမ်းတမ်းသော လောကကြီးတွင် မည်ကဲ့သို့အသက်ဆက်ရှင်ရမည်ကို ကောင်းမွန်စွာ သိသောသူ စကားနည်းသွားသောသူ အဖြစ် ကျွန်တော်တို့သူ့ရဲ့ တည်ငြိမ်သော စရိုက်ကို မြင်ခဲ့ကြရပြန်တယ်။ အစားစရာ၊ ရေ၊ နေထိုင်စရာနေရာတစ်ခု နှင့် Petrol တို့ကို လိုအပ်ချက်သည် ထိုရုပ်ရှင်ရဲ့အဓိက ဇာတ်လမ်းပင်ဖြစ်ခဲ့သည်။ သူ့ရဲ့ခရီးစဉ်ရဲ့တစ်နေရာတွင် သူသည် ဓာတ်ဆီများကို ပိုင်ဆိုင်ထား၍ အခြေတကျ နေထိုင်နေကြသော လူတစ်စုနှင့် ထိုဓာတ်ဆီများကို လိုချင်နေကြသော အကြမ်းဖက်ဒုစရိုက် အုပ်စု တစ်စုတို့ရဲ့ကြားထဲကို ရောက်ရှိခဲ့လေသည်။ ဒီရုပ်ရှင်သည် Mad Max ဆိုသော ဇာတ်ကောင်ကို Icon တစ်ခုအဖြစ် အသွင်ပြောင်းပေးခဲ့သော ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပေ။ တတိယ ဇာတ်ကား Mad Max: Beyond Thunderdome (1985) စပြန်တော့လည်း သူ့ကို အရင်ကလို တစ်ဦးတည်း သွားလာနေတဲ့ ခရီးသည်ကြီးတစ်ယောက် အဖြစ်စတင်ခဲ့ကာ မိမိရဲ့ပိုင်ဆိုင်သော အရာများကို လုယူခံရခြင်းမှ ထိုအရာများကို ပြန်လည် လဲယူရန် Society တစ်ခုနှင့် အပေးအယူ လုပ်ခဲ့သည်။ အုပ်ချုပ်မှုဆိုသော ခေါင်းဆောင်ပိုင်းကို လုယူနေကြသော လူများကို သူတွေ့ခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော ကမ္ဘာကြီးရဲ့သရုပ်မှန်လောကကြီးနှင့် ဝေးကွာသောတစ်နေရာတွင် ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး အဖြစ်မှန်ကို မသိခဲ့ကြတဲ့ လူတစ်စုကိုလည်း သူ တွေ့ခဲ့ပြန်သလို ကျွန်တော်တို့လည်း တွေ့ခဲ့ရပါတယ်။ ထိုပြီးခဲ့တဲ့ ဇာတ်ကား 3 ကားကို ပြန်လည်တွေးတောကြည့်မယ်ဆိုရင် အဓိက Theme က “အိမ်” ဆိုတဲ့ အရာလေးတစ်ခု နဲ့အသက်ဆက်လက်ရှင်သန်နေထိုင်နိင်ခြင်း တို့ပဲဖြစ်ပါတယ်။ လူတိုင်းသည် မိမိတို့ရဲ့အိမ် မိသားစု ဆိုတဲ့ အရာများကို မက်မောလေ့ရှိတတ်ကြပါတယ်။ အကယ်၍ ကမ္ဘာကြီး ပျက်ဆီးသွားခဲ့ရင်တောင် နေထိုင်စရာ အသက်ရှင်စရာ ကို လုယူ၍သော်လည်းကောင်း ရှာဖွေ၍သော်လည်းကောင်း တစ်နည်းနည်းနဲ့ရရှိအောင် ပြုမူဆောင်ရွက်ကြမည်မှာ လူသားတိုင်းပင်ဖြစ်ပါတယ်။ ထို့အတူပါပဲ။ ယခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ Mad Mac: Fury Road (2015) ဇာတ်ကားတွင်လည်း အဓိက နောက်ခံကျောရိုး ဇာတ်လမ်းနဲ့ဒီရုပ်ရှင်ဇာတ်လမ်းရဲ့အဓိကရည်ရွယ်ချက်က “Home” ဆိုသော “အိမ်” ဆိုသည့် လူသားတွေ အသက်ရှင် နေထိုင်ကြမည့်နေရာတစ်ခုကို ရှာပုံတော်ဖွင့်နေကြတဲ့ အမျိုးသမီးတစ်စုရဲ့အကြောင်းကို တင်ပြထားပါတယ်။ ဒါဆို ထို မိန်းမတစ်စုနဲ့တစ်ကိုယ်တော် ခရီးသည်ကြီး Max တို့နဲ့ဘယ်လိုများ စပ်ဆက် နေတာပါလဲ? ဇာတ်လမ်းအစမှာ Max ကို စတင်တွေ့ရသည်။ သူသည် မည်သည့်နေရာက လာခဲ့သည်ဆိုတာကို ဇာတ်လမ်းက ပြောမသွား။ ဒါပေမဲ့သူသည် War Boys ဆိုသော လူတစ်စုထံမှ ပြေးနေရသည်ဆိုတာကိုတော့ နောက်အခန်းတွေမှ စ၍ သိခဲ့ရသည်။ သူထို War Boys ဆိုသူတွေရဲ့ဖမ်းဆီးခြင်းကို ခံရတော့ ထိုသူတို့ရဲ့ခေါင်းဆောင်ကြီးဖြစ်သူ Inmortan Joe ဆိုသော လူကြီးဆီသို့ခေါ်ဆောင်သွားခံရသည်။ ထို Inmortan Joe သည် သူနေထိုင်ရာ မြို့ဟု ခေါ်ဆိုရမည့် Society တစ်ခုတွင် အာဏာရှိသောသူ အရာအားလုံးကို ထိန်းချုပ်ထားသူ တစ်ဦးဖြစ်သည်။ ထိုအနီးအနားတဝိုက်တွင် နေထိုင်သူ အားလုံးသည် သူ့ရဲ့အစားအစာ နှင့် ရေ ထောက်ပံမှုကို လိုအပ်နေသော လူများပင် ဖြစ်သည်။ ထို့အပြင်သူသည် သူ့ရဲ့မျိုးပွားရန်အတွက် မိန်းမငယ်များကို ဖမ်းဆီးထားကာ War Boys ဟုခေါ်သော သူ့ရဲ့တပည့်တပန်းများ (သို့) မျိုးပွားထားသော သားများသည် စစ်တိုက်ခိုက်ရန်နှင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်အပြင် ထို Inmortan Joe အတွက် အသက်စတေးပေးကာ တာဝန်ထမ်းဆောင်နိုင်လျှင် မြင့်မြတ်သော အောင်မြင်သော ဂုဏ်ရှိသော အလုပ်တစ်ခုဟု အယူဝါဒသစ်တစ်ခု မှိုင်းတိုက်ခံထားရသော လူငယ် ယောင်္ကျားလေးများပင် ဖြစ်သည်။ Max ရဲ့သွေးသည် Universal Blood ဆိုသည်ကို သူတို့သိကြသောအခါ ထို War Boys များထဲမှ နာမကျန်းဖြစ်နေသည့် Nux ဆိုသော လူငယ် War Boy တစ်ဦးအတွက် သွေးထောက်ပံပေးနေရသော လူတစ်ဦးအဖြစ် ဖမ်းဆီးခြင်း ခံထားရသည်။ (Universal Blood Donner ဆိုသည်မှာ သွေးအမျိုးအစား O – များကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပြီး ကျန်သော သွေးအမျိုးအစားအားလုံးကို သွင်းနိုင်သည်။ Universal Blood Recipients များကတော့ AB+ သွေးအမျိုးအစားကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပါသည်။ အတိအကျ အသေးစိပ်ကိုတော့ ဆရာဝန်များ ပိုသိကြပါတယ်။) ဒီနေရာတွင် Furiosa ဆိုသော အမျိုးသမီးကို ကျွန်တော်တို့စတင်ပြီး တွေ့ခဲ့ရသည်။ သူမသည် ဒီရုပ်ရှင်ရဲ့အသက်ဟုခေါ်ဆိုရလောက်တဲ့ အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်း ဖြစ်ပေါ်လာရပုံနဲ့နောက်ဆက်တွဲ အကျိုးရလာဒ်များအားလုံးသည် သူမကြောင့်ပင်ဖြစ်သည်။ သူမရဲ့ပုံကို ပြောရမယ်ဆိုရင် အရပ်အမောင်း ကောင်းမွန်ကာ ဆံပင်မရှိ ရဲ့ရင့်သော ထက်မြက်သော အမျိုးသမီးတစ်ဦး အသွင်ရှိသည်။ သူမရဲ့လက်ဝဲဘက် လက်မရှိ၍ စက်လက်အတု တစ်ချောင်းကို တပ်ဆင်ထားရသည်။ သူမသည် Inmortan Joe အတွက် Gasoline သွားယူရန် ကြီးမားသော Rig ကြီးကိုမောင်းနှင်ကာ ထွက်သွားကာ သွားရမည့်လမ်းမှ ကွဲထွက်သွားသောအခါ Inmortan Joe သည် သူ့ရဲ့အမြတ်နိုးဆုံး အရေးကြီးဆုံး အလိုအပ်ဆုံး ပစ္စည်း 5 ခုပျောက်ဆုံးသွားကာ ထိုပစ္စည်းများသည် Furiosa နှင့်အတူ ပါသွားကြပြီကို သိလိုက်သောအခါ သူ့ရဲ့စစ်တပ်တစ်ခုလုံးကို ခေါ်ဆောင်ကာ Furiosa နောက်သို့လိုက်လံလေတော့သည်။ ဒါဆို Furiosa နဲ့အတူ ပါသွားကြတဲ့ တန်ဖိုးရှိ အရာ 5 ခုသည် ဘာတွေနည်း? Angharad Splendid, Capable, Cheedo, Toast နှင့် Dag ဟုအမည်ရသော Inmortan Joe မျိုးပွားရန် ဖမ်းဆီးထားသော သူ့ရဲ့မိန်းမများဖြစ်သော အမျိုးသမီးငယ်များပင် ဖြစ်ပေသည်။ တိုက်ပွဲတွင် Inmortan Joe အတွက် သေဆုံးရလျှင် ဂုဏ်ယူစရာဟု ထင်မှတ်မှားနေသော ဖျားနေနေသည့် War Boy – Nux သည် နေမကောင်းသည့် ကြားထဲကပင် Max ကို သူမောင်းနှင်ရမည့် ကားရှေ့တွင် မက်တပ်ရပ်စေလျှက် သွေးသွင်း၍ ကားမောင်းကာ ထွက်ပြေးသွားသော Furiosa တို့ကားနောက်ကို လိုက်လံဖမ်းဆီးတဲ့ အဖွဲ့ထဲတွင် လိုက်ပါလာလေသည်။ ပြင်းထန်သော တိုက်ပွဲများနှင့် တွေ့ဆုံနေကြပြီး ရှေ့တွင် ကြီးမား၍ အန္တာရယ် အလွန်ကြီးမားသော သဲမုန်တိုင်းကြီးတစ်ခုထဲသို့Furiosa တို့Rig ကြီးမောင်းနှင်သွားချိန်တွင် Max နှင့်အတူ Nux ပါ လိုက်ပါ မောင်းနှင်သွားကြသောအခါ…. ဇာတ်လမ်းတစ်ခုလုံးသည် လိုက်တမ်းပြေးတမ်း တစ်ခုပင်ဖြစ်သည်။ ထိုအမျိုးသမီးလေး 5 ဦးကို Furiosa ခေါ်ဆောင်လာခဲ့သော နေရာသည် သူမကြီးပြင်းခဲ့သည့် နေရာတစ်ခုကိုပင်ဖြစ်သည်။ သူတို့ခေါ်တော့ “Green Place” ဆိုပြီး စိမ်းလန်းစိုပြေတဲ့ နေရာလို့တင်စားခေါ်ဝေါ်ကြတဲ့ အိပ်မက်ဆန်ဆန် နေရာတစ်ခုပင် ဖြစ်တယ်။ Nuclear War ကြောင့် ပျက်ဆီးသွားတဲ့ ကမ္ဘာမြေကြီးသည် နေရာတိုင်းတွင် ခြောက်ကပ်နေသည်။ အပင်များ မပေါက် နေထိုင်ရန်ခက်ခဲ ကြမ်းတမ်းသော လူများ အုပ်စိုးနေတဲ့ လောကကြီးမှာ ငြိမ်းချမ်းအေးဆေးတဲ့ စိမ်းလန်းစိုပြေတဲ့ နေရာတစ်နေရာလေးသည် ထိုကာလရဲ့လူသားတိုင်းအတွက်တော့ အိပ်မက်ဆန်ဆန် နေရာလေးတစ်ခုပင်ဖြစ်သည်။ Furiosa နဲ့ထိုအမျိုးသမီးလေး 5 ယောက်တို့ခရီးကြမ်းကြီးရဲ့ပန်းတိုင်သည် ထိုနေရာပင် ဖြစ်သည်။ သူမတို့ထိုနေရာကို ရောက်ကြပါ့မလား ဆိုတာကိုတော့ စာဖတ်သူတို့ပဲ သည်းထတ်ရင်တဖိုဖိုနဲ့ဆက်လက် ကြည့်လိုက်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ Director George Miller ဒီရုပ်ရှင်ကို ရိုက်ကူးရန် စိတ်ကူးရှိခဲ့သည်မှာ Wikipedia မှာ ဖတ်ရသလောက်ဆိုရင် 1998 ခုနှစ်ကတည်းက Los Angles မြို့ရဲ့လမ်းစုံတစ်နေရာမှာ လမ်းလျှောက်နေခဲ့ရင်းနဲ့စတင်ခဲ့တာလို့ဖတ်ရပါတယ်။ အဲ့ဒီ့နောက် တစ်နှစ်လောက်ကြာတော့ Australia ကိုပြန်တဲ့ လေယာဉ်ပေါ်မှာ သူ ဒီဇာတ်လမ်းတစ်ခုလုံးကို ရခဲ့ပါတယ်။ 2001 ခုနှစ်က 20th Century Fox နဲ့ရိုက်ကူးကြမယ်လို့စတင်ခဲ့ကြပေမဲ့ September 11 အရေးကြောင့် US Dollar ဈေးတွေ Australia Dollar ဈေးတွေထက် အဆမတန်ကျကာ Budget မခိုင်ပဲဖြစ်ခဲ့ရကာ ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ 2003 ခုနှစ်မှာ US Dollar 100 Million Budget နဲ့စတင်ရိုက်ကူးဖို့ခွင့်ပြုချက်ရခဲ့ပေမဲ့ Iraq စစ်ပွဲတွေ စတင်လာပြန်သောကြောင့် နိုင်ငံရေးအရ Nuclear War ဆိုတဲ့အရာနဲ့ဇာတ်လမ်းနဲ့ဆက်နွယ်နေခဲ့ပြန်သောကြောင့် နောက်တစ်ကြိမ် ရိုက်ကူးရေးကို ရပ်နားခဲ့ရပြန်ပါတယ်။ ထိုအခါမှာတော့ Original Max ဖြစ်တဲ့ မင်းသား Mel Gibson က ရိုက်ကူးရေး ရပ်နားလာရသောကြောင့် ထိုဇာတ်ကားကို ရိုက်ကူးရန် စိတ်ဝင်စားမှူ မရှိခဲ့တော့ပါဘူး။ နောက်တစ်ကြိမ် 2007 လောက်မှုာ ထပ်မံရိုက်ကူးဖို့George Miller ကြိုးစားပါတယ်။ ဒီတစ်ခါတော့ အသက်အရွယ်ကြီးလာတဲ့ Mel Gibson နေရာမှာ Heath Ledger နဲ့Max ဇာတ်ကောင်ကို ရိုက်ကူးမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမဲ့2008 မှာ Heath Ledger သေဆုံးသွားတော့ 2009 ခုနှစ်မှာ Tom Hardy ကို ရွေးချယ်ခဲ့ကြပါတယ်။ 2011 ခုနှစ်မှာ Australia နိုင်ငံမှာ ကြီးမားတဲ့ မိုးရွာသွန်းမှူကြောင့် သူတို့ရိုက်ကူးရန် စီစဉ်ထားကြတဲ့ Broken Hill သည် ပျက်ဆီးသွားခဲ့ပြီး အရင်က ကန္တရသဖွယ် ဖြစ်တည်နေသော ထိုနေရာသည် ပန်းများဖြင့် ဝေဆာကုန်သောကြောင့် ဇာတ်လမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ ရိုက်ကူးရေးကို Namibia နိုင်ငံသို့ရွေ့ပြောင်းခဲ့ရပြန်သည်။ ဒါပေမဲ့ 2012 ခုနှစ် July လ မတိုင်ခင်အထိ အကြောင်းအမျိုးမျိုးကြောင့် ရိုက်ကူးရေး မစတင်နိုင်ခဲ့ကြပြန်ပါဘူး။ 2012 July လောက်မှ စတင်ကာ Namibia နိင်ငံနှင့် Western Sydney တို့တွင် ရိုက်ကူးခဲ့ကာ 17th December 2012 တွင်ပြီးဆုံးခဲ့၍ ရက်ပေါင်း 120 ကြာမြင့်ခဲ့သည်။ ဒါပေမဲ့ 2013 ခုနှစ် အစောပိုင်းလောက်မှာ Namibia ရဲ့Namibian Coast Conservation and Management သည် ထိုရုပ်ရှင်လာရောက်ရိုက်ကူးသွားခဲ့ခြင်းသည် သူတို့ရဲ့Namib ကန္တရကြီးကို ပျက်စီးစေခဲ့ပြီး ထိုအရပ်ရှိ အပင်များ တရိစ္ဆာန်များကို ပျက်ဆီးစေခဲ့သည်ဟု စွပ်စွဲကာ Mad Max Fury Road ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများသည် တိုင်ကြားခြင်းခံခဲ့ရသည်။ ထို့နောက် November 2013 မှာ သူတို့ထိုရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခဲ့ကြရပြန်ပါတယ်။ ယခု May 2015 မှာတော့ ကျွန်တော်တို့ထို အခက်အခဲပေါင်း မြောက်မြားစွာက အောင်မြင်စွာ ထွက်ရှိနိုင်လာတဲ့ ထိုရုပ်ရှင်ကို ကြည့်နိုင်ကြပြီလေ။ ဒီရုပ်ရှင်က Mad Max ရဲ့ဇာတ်ကားဖြစ်ပေမဲ့ ဇာတ်လမ်းသဘောအရ အမျိုးသမီးတွေကို ဦးစားပေးထားသော ဇာတ်ကားဖြစ်သည့် အားလျော်စွာ ကျွန်တော် ထို အမျိုးသမီးဇာတ်ကောင် 6 ယောက်ကို လေ့လာကြည့်ခဲ့ပါတယ်။ Imperator Furiosa ထိုဇာတ်ကောင်ကို မင်းသမီး Charlize Theron က သရုပ်ဆောင်ထားပါတယ်။ သူမသည် ပထမဆုံး Mad Max ရုပ်ရှင်ကားကို အသက် 8 နှစ်တွင် မပြည့်မစုံ ကြည့်ခဲ့ရသည်။ သူမသည် ထိုဇာတ်ကောင်ကို ရိုက်ကူးနေစဉ်က သူမစိတ်ပူနေခဲ့သည်မှာ တတိယဇာတ်ကားဖြစ်တဲ့ Mad Max: Beyond Thunderdome ဇာတ်ကားထဲက Tina Turner ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Aunty Enitity နှင့် ဇာတ်ကောင်စရိုက်ပုံစံခြင်း ဆင်တူနေမှာကို စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတူညီပါ။ ဟိုတစ်ယောက်က အာဏာကို လိုချင်သောသူ။ သူမရဲ့ ဇာတ်ကောင်ကတော့ အမျိုးသမီး 5 ယောက်ကို ကိုယ်ချင်းစာသောသူ၊ ငယ်စဉ်အခါက မိခင်နှင့်အတူ လူဆိုးများရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရ၍ အိမ်နှင့်ဝေးကွာနေခဲ့ရသူ၊ သူမဘဝရဲ့တစ်ချိန်တစ်ခါတုန်းက တိုက်ပွဲတစ်ခုတွင် အကြောင်းတစ်ခုခုကြောင့် သူမရဲ့လက်ဝဲဘက် လက်ကို ဆုံးရှုံးခဲ့ရသောသူ၊ ဝမ်းနည်းရမည့်အချိန်တွင် မျက်ရည်ဝဲခဲ့ပေမဲ့ စိတ်ဓာတ်ပြတ်သားကာ မိမိဆက်လက်လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ခဲ့သူ၊ ကြမ်းတမ်းသော လောကကြီးတွင် ကြီးပြင်းလာခဲ့၍ လူတိုင်းကိုမယုံကြည်တတ်ကာ အခြေအနေနှင့် အချိန်အခါအလိုက် မှန်ကန်ဆုံးနှင့် ရဲ့ရင့်ဆုံး လုပ်ဆောင်နိုင်ခဲ့သော အမျိုးသမီးဇာတ်ကောင်တစ်ဦးပင် ဖြစ်သည်။ သေချာပါတယ်။ ရုပ်ရှင်သမိုင်းရဲ့Legendary Woman Warrior စာရင်းထဲတွင် Imperator Furiosa သည် ပါလာခဲ့မည်မှာ သေချာပါတယ်။ Charlize Theron သည် ထိုဇာတ်ကောင်အတွက် သူမရဲ့ဆံပင်တွေကို ရိတ်ခဲ့ပါတယ်။ သူမပြောတာကတော့ ရိုက်ကူးနေစဉ် လက်တစ်ဘက်ပြတ်နေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတာ အခက်ခဲဆုံးပါတဲ့။ Splendid ယောင်္ကျားလေးတော်တော်များများ ဒီရုပ်ရှင်ကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တွေ အများကြီးထဲက တစ်ခုကတော့ ထို ဇာတ်ကောင်ကို သရုပ်ဆောင်ထားတဲ့ Rosie Hutington-Whiteley ကြောင့်ပဲဖြစ်မယ်လို့ထင်ပါတယ်။ အရင်က Victoria Secret ရဲ့Model တစ်ယောက်ဖြစ်ခဲ့တဲ့ သူမအတွက်တော့ ဒီဇာတ်ကားသည် ဒုတိယမြောက် ရုပ်ရှင်ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်ကတော့ Transformers: Dark of the Moon ပဲဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ သူမသည် ဒီရုပ်ရှင်တွင် သရုပ်ဆောင်မှုအပိုင်းမှာ အလွန်တိုးတက်လာတယ်လို့ ထင်ပါတယ်။ သူမရဲ့ပြောချက်အရတော့ Charlize Theron နဲ့တွဲပြီး သရုပ်ဆောင်ခဲ့ရတာ သူမအတွက်တော့ Inspiration တစ်ခုဖြစ်တယ်လို့သိခဲ့ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ထိုအမျိုးသမီးလေး 5 ယောက်ရဲ့နာမည်တွေကို ပေးထားတာ ထိုနာမည်တွေက သူတို့ရဲ့ဇာတ်ကောင်စရိုက်တွေနဲ့သက်ဆိုင်နေတယ်လို့ကျွန်တော် မြင်မိတယ်။ Splendid ဇာတ်ကောင်သည် တစ်ကယ်ကိုပင် ရုပ်ရှင်ထဲတွင် Splendid ဖြစ်ခဲ့သည်။ Capable ထိုဇာတ်ကောင်ကိုတော့ Riley Keough က သရုပ်ဆောင်ခဲ့ပါတယ်။ ထိုဇာတ်ကောင်သည် အတွေးသမားတစ်ယောက်ဖြစ်သည်။ သူမရဲ့Nickname ကတော့ “Brainy” ၊ Capable ဆိုသော နာမည်အတိုင်း လမ်းတစ်လျှောက် ပြဿနာတွေပေါ်ပေါက်လာလျှင် ဖြေရှင်းနိုင်သူ တစ်ယောက်ပင်ဖြစ်သည်။ 6 လ လောက် Namibian ကန္တရမှာ အင်္ကျ ီခပ်ပါးပါးကို ဝတ်ဆင်ခဲ့ရတဲ့ မင်းသမီး Riley Keough တစ်ယောက် အအေးဒဏ်ကို မခံနိုင်ခဲ့သောကြောင့် Hypothermia ဆိုတဲ့ ရောဂါကို ခံခဲ့ရပါတယ်။ The Dag ဒီဇာတ်ကောင်ကို Abbey Lee ဆိုသော အရင်က Model တစ်ယောက်ဖြစ်ခဲ့သော အမျိုးသမီး သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ထို Dag ဆိုသော နာမည်အတိုင်း ထိုဇာတ်ကောင်သည် အများနှင့် မသက်ဆိုင်သော ပုံစံမျိုးပင်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် သိပ်မစပ်အပ်လှပေ။ ဒီဇာတ်ကားသည် ထိုမင်းသမီးအတွက်တော့ ပထမဆုံး ရုပ်ရှင်ပင်ဖြစ်သည်။ သူမသည် ရောဂါတော့မရရှိခဲ့။ သို့သော် ရိုက်ကူးနေစဉ်တော့ ခါးဒဏ်ရာ ရရှိခဲ့သည်။ Fragile ဒီဇာတ်ကောင်ရဲ့နာမည်ကလည်း ထိုဇာတ်ကောင်ရဲ့စရိုက်ကို ဖော်ပြနေသည်။ ထိုဇာတ်ကောင်သည် ထို အမျိုးသမီး 5 ယောက်ထဲတွင် အသက်ငယ်ဆုံး ဇာတ်ကောင်ဖြစ်သည့်အားလျော်စွာ အလွယ်တကူ Fragile ဖြစ်နိင်သည်။ သူမရဲ့ထိုဇာတ်ကောင်သည် တစ်ခြားသူများရဲ့အကူအညီ လိုအပ်သော ဇာတ်ကောင်ပင် ဖြစ်သည်။ ထိုဇာတ်ကောင်ကို Courtney Eaton က သရုပ်ဆောင်ထားပြီး သူမ Audition မလုပ်ခင်က သူမသည် Mad Men tv series အတွက် သရုပ်ဆောင်ရမည်လို့ထင်နေခဲ့တာ သူမရဲ့အဖေက “No, Mad Max! This is huge!” လို့ဝမ်းပန်းတသာနဲ့ပြောဆိုခဲ့လို့သူမသည် အရင်က 3 ကားကို ပြန်ကြည့်ခဲ့သည်။ ဒီရုပ်ရှင်ကို စရိုက်တော့ သူမသည်လည်း 16 နှစ် သာသာပဲရှိသေးသည့်အတိုင်း ထိုအုပ်စုထဲတွင် သူမသည် ကလေးသာသာ ဖြစ်နေခဲ့သည်။ သူမရဲ့ပြောချက်အရတော့ Rosie Hutington-Whiteley သည် ရုပ်ရှင်ထဲမှာရော အပြင်မှာပါ သူမရဲ့အမေ တစ်ယောက်လို့ဖြစ်နေခဲ့သည်တဲ့။ Toast နောက်ဆုံးတစ်ယောက်ကတော့ Toast ဆိုတဲ့ ဇာတ်ကောင်။ ထိုဇာတ်ရုပ်ကို သရုပ်ဆောင်ထားတာက Zoe Kravitz ။ ထို 5 ယောက်ထဲတွင် သူမရဲ့ဇာတ်ကောင်သည် အရဲရင့်ဆုံး ဇာတ်ကောင်။ Furiosa ရဲ့Splendid ပြီးရင် အားထားရဆုံးတစ်ယောက်။ သူမသည် ဒီဇာတ်ကားအတွက် ဒုတိယမြောက် ရွေးချယ်ခံရတဲ့ မင်းသမီးတစ်ဦး ပင်ဖြစ်သည်။ Zoe Kravitz သည် Max Max Fury Road ဇာတ်ကားကို ပြီးခဲ့သည့် နှစ်က Online မှာ ပထမဆုံး Trailer ကို ကြည့်ခဲ့ရတော့ ဝမ်းသာလွန်းလို့ငိုခါနီးဖြစ်ခဲ့သူတစ်ဦး။ အခက်အခဲတွေ မျိုးစုံထဲက အောင်မြင်စွာ ကျော်ဖြတ်ပြီး ယခုကဲ့သို့ရုပ်ရှင်ဖြစ်လာတော့ သူမသည် “I almost cried when I saw the trailer, just because I actually can’t believe it’s happening.” ဟု ပြောခဲ့လေသည်။ ယခု စတုတ္ထမြောက် Mad Max ရုပ်ရှင်သည် အရင် 3 ကားရဲ့အကောင်းဆုံးသော အရာများကို ပြည့်စုံအောင် ပါဝင်ထားသည်။ ပထမဆုံးကားရဲ့Vengeance Theme နဲ့သည်းထိပ်ရင်ဖိုစွာ ကြည့်ခဲ့ရတာတွေ .. ဒုတိယမြောက်ကားရဲ့အကောင်းဆုံးသော Car Chase Action Scenes တွေ နဲ့တတိယမြောက်ကားရဲ့Apocalyptic ဆန်သော အရာများ အားလုံးကို တစ်စုတစ်ပေါင်းထဲ ပါဝင်ထားသည်။ ရိုက်ကူးခဲ့သော Director George Miller ရဲ့ကျွမ်းကျင်မှုများ ဟုတင်စားရလောက်တဲ့ အချက်တွေသည် ဒီရုပ်ရှင်ကို ကြည့်နေသော ပရိသတ်တွေသည် ဇာတ်လမ်းစပြီဆိုတာနဲ့ရုပ်ရှင်ထဲကို စိတ်ဝင်စားနိုင်မှူကို 100% အပြည့်ပေးစေနိုင်ခဲ့သည်။ ရုပ်ရှင်ကြည့်နေစဉ် ရုံထဲတွင် စကားပြောသံတစ်သံလေးတောင် မကြားခဲ့ရ။ အပေါ့အပါးထသွားသော သူများပင် မရှိခဲ့ကြ။ လူတိုင်းရဲ့စိတ်များသည် Max တို့ရဲ့ခရီးစဉ်နှင့်အတူ မျောပါသွားခဲ့ကြပုံရသည်။ ထို့အပြင် ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ရင်ထိတ်ခဲ့ရဆုံး မျက်လုံးများ ပြူးကျယ်လာသည် အထိ သည်းထိတ်ရင်ဖို အဖြစ်ခဲ့ရဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့သည်။ မှတ်မိသလေက် ပြီးခဲ့သော နှစ်တွေက ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ထိုကဲ့သို့သော ခံစားချက်မျိုးပေးစွမ်းနိုင်ခဲ့သော ရုပ်ရှင်များမှာ Argo နှင့် Gravity တို့ပဲဖြစ်ပါတယ်။ အခုဆို ကျွန်တော် ထိုရုပ်ရှင်ကို ကြည့်ပြီးခဲ့သည်မှာ 5 ရက်ပင် ကျော်လွန်လာခဲ့ပါပြီ။ သို့ပေမဲ့ ထိုရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ… Dialogues တွေ… ဇာတ်ကောင်တွေ… Actions တွေ… Stunts တွေ အားလုံးဟာ ကျွန်တော့်ရဲ့ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်နေသည်။ မေ့ဖျောက်၍ မရ။ ပြောရမယ်ဆိုရင် ဘိန်းသုံးထားသော လူတစ်ယောက်လို ခံစားခဲ့ရသည်။ ကျွန်တော့်ရဲ့စိတ်သည် ရုပ်ရှင်ပြီးသွားသော အခါ ပတ်ဝန်းကျင်ကို မေ့ပျောက်သွားသည်။ Max ရဲ့ကမ္ဘာပျက်ထဲတွင် ကျန်ရစ်နေခဲ့ကာ မျောလွင့်နေခဲ့သည်။ ထိုမျှလောက် ကျွန်တော် နှစ်သက်ခဲ့သော ရုပ်ရှင်တစ်ကားပင် ဖြစ်သည်။ အမှန်အတိုင်းပြောရရင် Mad Max သည် ကျွန်တော်တို့လို ယောင်္ကျားလေးများ အထူးနှစ်သက်သော ရုပ်ရှင် ဖြစ်ပေမဲ့ ဇာတ်လမ်းအရ ပြန်ကြည့်မယ်ဆိုရင် Feminist ဆန်သော Theme ကို ပို၍ အရေးပေးထားသောကြောင့် အမျိုးသမီးပရိသတ်တွေလည်း နှစ်သက်လိ်မ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းသည် စာသားများမဟုတ်။ စာမျက်နှာ 300 ခန့်ရှိသော Storyboard များပင်ဖြစ်သည်။ Storyboard ဆိုသည်မှာ Artists များက ဆွဲပေးသော ဇာတ်လမ်း ရဲ့ပုံများဖြစ်သည်။ Concept Art ကို စတင် ဖန်တီးခဲ့တာကတော့ Brendan McCarthy ဆိုသော ပန်းချီဆရာတစ်ယောက်ပဲဖြစ်ပြီး ကျန်သော Drawings ပေါင်း 3500 ခန့်လောက်ကို Mark Sexton, Peter Pound နှင့် တစ်ခြား Storyboards Artist 2 ယောက်တို့နဲ့ဆွဲခဲ့ပေသည်။ ထို Storyboards များကြောင့် Directions တွေ Camera Movements တွေကို သာမာန်ဇာတ်ညွှန်းတစ်ပုဒ် ရေးသလို ရေးစရာမလိုတော့ပေ။ သူတို့ရဲ့ပြောဆိုချက်အရ ထို Storyboards များကိုပဲ ပြင်ဆင်ခဲ့ချိန်ဟာ အချိန်ကာလ 3 နှစ်ခန့်ကြာမြင့်ခဲ့ရပါတယ်လို့သိရပါတယ်။ ထို့အပြင် Mad Max Fury Road သည် ယနေ့ခေတ်ရုပ်ရှင်များတွင် အလွန်တရာ ရှားပါးသွားပြီဖြစ်တဲ့ Practical Effects များကို တွင်တွင်ကြီး အသုံးပြုခဲ့သည်။ ယနေ့ခေတ်ရဲ့Action Movies အများစု (သို့မဟုတ်) Superheroes နှင့် တခြား Sci-fi ရုပ်ရှင်များတွင် CGI Effects များကိုသာ အလွယ်တကူ အသုံးပြုခဲ့ကြပေမဲ့ ယခု ဒီရုပ်ရှင်ရဲ့90% သော Actions ခန်းများ Stunts များသည် အမှန်တကယ် လုပ်ဆောင် ပုံဖော် ရိုက်ကူးခဲ့ကြသော Actions များ Stunts များပင်ဖြစ်သည်။ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်တော့ ပရိသတ်တွေရဲ့စိတ်ထဲမှာ အသက်ပါ နေခဲ့ခြင်းပင်။ ထို Stunts များသည် အလွန်တရာ အန္တရာယ်ရှိသောကြောင့် မရိုက်ကူးခင် သူတို့အစီအစဉ်တကျ ဆွဲကာ စဉ်းစားရသည်။ ထို့နောက် စမ်းသပ်ရသည်။ အောင်မြင်ပြီဆိုတော့မှ ရိုက်ကူးကြသည်။ အရင်က မင်းသားကြီး Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ထို Max ဆိုသော ဇာတ်ကောင်နေရာတွင် Tom Hardy က အစားထိုး ရိုက်ကူးခဲ့သည်။ Tom Hardy ကို ယခုရုပ်ရှင်တွင်တော့ ထူးခြားသော သရုပ်ဆောင်မှုကို မတွေ့ခဲ့ရပေ။ သို့သော် ဇာတ်ကောင်ကိုတော့ လေးစားစွာ သရုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ သူနှင့် ထိုဇာတ်ကောင် လိုက်ဖက်ရဲ့လားလို့မေးရင် လိုက်ဖက်လား မလိုက်ဖက်လားတော့ မသိ။ သို့ပေမဲ့ လိုက်ဖက်အောင် သူသရုပ်ဆောင်နိုင်ခဲ့သည်။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောခဲ့သည့်အတိုင်း ဒီရုပ်ရှင်မှာ အထူးခြားဆုံး သရုပ်ဆောင်နိုင်သွားခဲ့သည်မှာ မင်းသမီး Charliez Theron ပင်ဖြစ်သည်။ သူမသည် သူမပါဝင်သော ဇာတ်ကားတိုင်းတွင် ထိုနည်းလည်းကောင်းပင် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်သည်မှာ သူမရဲ့ထူးခြားတဲ့ ပါရမီတစ်ခုပဲဖြစ်သည်။ ထိုကားထဲတွင် ကျွန်တော် နောက်ထပ်ကြိုက်နှစ်သက်မိခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ War Boy Nux ပဲဖြစ်သည်။ ထိုဇာတ်ကောင်ကို မင်းသား Nicholas Hoult က သရုပ်ဆောင်ထားပြီး တစ်ကယ်ကို လိုက်ဖက်ပါတယ်လို့ထင်မိတယ်။ ထိုဇာတ်ကောင်ပြောသွားသော စကားများသည် ယခုထက်ထိ ကျွန်တော့် မေ့လို့မရပေ။ ထိုစကားတွေရဲ့အဓိပ္ပာယ်များထက် ထိုစကားတွေကို သူပြောခဲ့တဲ့ဇာတ်ဝင်ခန်းတွေမှာ သူပြောခဲ့တဲ့ စကားတွေနဲ့အလွန် လိုက်ဖက်ခဲ့သောကြောင့် မေ့မရနိုင်သော စကားများဖြစ်ခဲ့ခြင်းပင်။ Nicholas Hoult သည် သူသရုပ်ဆောင်ရမည့် နေ့ရက်တိုင်းတွင် သူ့ရဲ့အပြင်လောကနဲ့မတူညီသော ဇာတ်ကောင်ကို ပြင်ဆင်ရန်အတွက် Make-up ပြင်ဆင်ချိန် အမြဲတမ်း 2 နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ ရိုက်ကူးရေးကာလတစ်လျှောက် ပိန်လှီနေသော ခန္ဓာကိုယ် ရရှိအောင် နေ့တိုင်း ကြိုးခုန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားထဲက လူဆိုးခေါင်းဆောင် Toecutter အဖြစ် သရုပ်ဆောင်ခဲ့သော Hugh Keays-Byrne ကပဲ လူဆိုးကြီး Inmortan Joe အဖြစ် သရုပ်ဆောင်ပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းများတွင် Definite Moments ဆိုသော အခန်းများ အနည်းဆုံး တစ်ခန်းလောက် ပါဝင်ကြပါသည်။ သို့ကြောင့် ဒီရုပ်ရှင်သည်လည်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည့် အလျှောက် Definite Moments များ တစ်ခန်းထက်မနည်း ပါဝင်ခဲ့သည်။ ဘယ်အခန်းတွေလဲဆိုတာကိုတော့ Spoiler ကို ရှောင်ကျည်သည့် အတိုင်း ပြောမပြတော့ပါ။ ထို့အပြင် ကျွန်တော် ရုပ်ရှင်တစ်ကားကြည့်ပြီးတိုင်း အမြဲ ပြုလုပ်လေ့ရှိသော ဇာတ်သိမ်းခန်းကို ပြန်လည် စဉ်းစားခြင်းနဲ့တစ်ခြား ဇာတ်သိမ်းပုံတွေကို တွေးတောမိတယ်။ နောက်ဆုံး အဖြေပေါ်လာတာက ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းသည် အလွန်ကို ပြီးပြည့်စုံပြီး ရုပ်ရှင်နှင့်လိုက်ဖက်သည်။ အပြောပြောစရာ တစ်ကွက်မှ မရှိသော ဇာတ်သိမ်းပင် ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကဆိုရင် ဇာတ်လမ်းစပြီး 10 Minutes လောက်ကစပြီး မိမိကိုယ်မိမိ Max ရဲ့ကမ္ဘာထဲကို ရောက်ရှိသွားသလို ခံစားရတယ်လို့ပြောပါတယ်။ သူပြောတာ မှန်ပါတယ်။ ဇာတ်လမ်းစတင်ပုံ အလွန်ကောင်းမွန်ပြီး အစကတည်းကနေ အဆုံးထိ ပရိသတ်ကို Max တို့နှင့် Inmortan Joe တို့ရဲ့ပြေးပွဲ လိုက်ပွဲကြီးထဲကို စိတ်တွေပါသွားခဲ့ကြသည်။ သေချာပါတယ်။ ကြည့်နေခဲ့သူ ပရိသတ်တိုင်းသည် ထိုဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်ဟု မသိစိတ်ထဲတွင် မသိမသာ ထင်နေခဲ့မှာဆိုတာပါပဲ။ ယခုရေးမည့်အကြောင်းအရာသည် Review မဟုတ်တော့ပါ။ ထို့ကြောင့် Spoiler ရှောင်ချင်သူများ ကျော်သွားကြပါလို့တိုက်တွန်းပါတယ်။ ကျွန်တော် ဒီကားကို ကြည့်ပြီးခဲ့ချိန်တွင် ဘဝင်မကျခဲ့သော အချက်တစ်ခုကို ဆွေးနွေးချင်ပြီး ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်တစ်ခုကို ပြောပြချင်လို့ပါ။ ဘာအကြောင်းအရာလည်းဆိုတော့ အရင် Mad Max 3 ကားနဲ့ဒီကားနဲ့မတူညီပဲ ကွဲပြားနေတဲ့ အချက်တွေပါ။ အရင် 3 ကားကို ကြည့်ပြီးသူများ နားလည်ကြမှာ ဖြစ်ပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားတွင် Max တွင်ရှိခဲ့သော ကလေးငယ်မှာ သားယောင်္ကျားလေးဖြစ်သည်။ ထိုကလေးငယ်နှင့် သူ့ရဲ့ဇနီးကို Toecutter တို့လူမိုက်တစ်စု ဆိုင်ကယ်များ ကားများနှင့် တိုက်သတ်ခဲ့သောကြောင့် သေခဲ့ပြီး ဖြစ်သည်။ ထို့နောက် နောက်ထပ် 2 ကားတွင်လည်း သူသည် မိန်းမရသွားသည်ကို မပြခဲ့ပေ။ တစ်ကိုယ်တော် သမားတစ်ယောက် အဖြစ်သာ တင်ပြခဲ့သည်။ သို့ပေမဲ့ ယခု Mad Max Fury Road တွင်တော့ Max ရဲ့Flashback အခန်းများတွင် သေဆုံးသွားသော သူ့ရဲ့ကလေးမှာ အတော်အတန် ကြီးနေပြီဖြစ်သော သမီးမိန်းကလေးပင် ဖြစ်သည်။ ထိုကဲ့သို့George Miller ဘာကြောင့် ပြောင်းလဲခဲ့သည်ကို ကျွန်တော် ဘဝင်မကျခဲ့။ ထို့ကြောင့် ဒီကားသည် Remake လား Sequel လား ဆိုတာကို ရှာဖတ်ကြည့်ခဲ့တော့လည်း George Miller က မည်ကဲ့သို့မှ ပြောမသွားခဲ့။ Max သည် Legendary Warrior တစ်ယောက် ဖြစ်သည့်အတိုင်း ယခုဇာတ်လမ်းသည်လည်း သူ့ခရီးစဉ်ကြီးရဲ့တစ်ချိန်တစ်နေရာက ဇာတ်လမ်းတစ်ခုပဲဖြစ်သည်။ ထို့ကြောင့် Sequel လည်း မဟုတ်။ Reboot လည်းမဟုတ်၊ Remake လည်းမဟုတ်၊ Prequel လည်းမဟုတ် ဟု သူကပြောကြားခဲ့သည်။ ဒါဆိုရင် ဘာလို့Max ရဲ့ကလေးဇာတ်ကောင်ကို ပြောင်းလဲခဲ့ရသနည်း? အဖြေကို ကျွန်တော် စဉ်းစားမိတော့ ခေါင်းထဲပေါ်လာတာက ယခု Mad Max Fury Road ထဲက Max သည် Original Mad Max 3 ကားထဲက Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင် မဟုတ်နိုင်ပေ။ တစ်ခြား ဇာတ်ကောင်တစ်ယောက်ပင် ဖြစ်နိုင်သည်။ ဒါဆိုရင် မည်သူနည်း? ကျွန်တော် တွေးမိလိုက်တာ Mad Max 2: The Road Warrior ဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid ဆိုသော ကလေးငယ်တစ်ယောက် အသက်ကြီးသွားသော ဇာတ်ကောင်ပင် ဖြစ်မည်လို့ကျွန်တော် ထင်လိုက်မိပါတယ်။ ဒါနဲ့Internet မှာ ရှာဖတ်ကြည့်လိုက်တော့ ကျွန်တော့်လိုပဲ စဉ်းစားမိတဲ့ လူတစ်ယောက် ရေးထားတာကို ဖတ်မိလိုက်ပြီး သူ့ရဲ့Idea နဲ့ကျွန်တော့်ရဲ့Idea တွေတူညီလို့ကျွန်တော် ရှင်းပြလိုက်ပါရစေ။ ပထမအချက်က Mad Max Fury Road ဇာတ်ကားရဲ့အစောပိုင်းမှာ Max ကို War Boys တွေဖမ်းဆီးစဉ် Max ရဲ့နောက်ကျော်မှာ ထိုးထားတဲ့ Tattoo တွေကို အရင်ဆုံးပြောပါရစေ။ ထို Tattoo အခန်းတွင် သူ့ရဲ့Blood Type နဲ့တစ်ခြား ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက်များ ကို ရေးထားသည်။ ပြသခဲ့သော အခန်းသည် အလွန်တိုတောင်းသောကြောင့် အရာအားလုံးကို လိုက်ဖတ်ရန် မလွယ်ကူလှပေ။ ထို Tattoo များထဲတွင် တွေ့လိုက်ရသည်မှာ Day 12045 ဆိုသော အရာလည်း ပါဝင်သည်။ ဒါဆို Max ရဲ့အသက်သည် ယခု Fury Road ထဲတွင် 33 နှစ်ခန့်သာသာပဲရှိပါအုံးမည်။ George Miller တစ်ခါပြောဖူးတာကို မှတ်မိသလောက်ဆိုရင် ယခု Fury Road သည် ကမ္ဘာပျက် Apocalypse ဖြစ်ပြီး နှစ်ပေါင်း 40 ကျော် 50 ခန့်လောက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ပြောခဲ့ဖူးပါတယ်။ ဒါကို ပြန်တွေးကြည့်မယ်ဆိုရင် ပထမဆုံး Mad Max ဇာတ်ကားတွင် ကမ္ဘာမပျက်သေးပေ။ ဒါဆို သူပြောပုံအရဆိုရင် Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင်သည် ယခု Fury Road Timeline တွင် အသက် 70 ကျော်ခန့်ပင် ဖြစ်နေလောက်ပေသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ယခု Fury Road တွင် ကျွန်တော်တို့တွေ့ခဲ့ရသော Max သည် အရင်က ကျွန်တော်တို့တွေ့ခဲ့ရသော Mel Gibson ရဲ့ဇာတ်ကောင် Max မဟုတ်တော့ပေ။ ဒါဆိုရင် ယခုဇာတ်ကောင်သည် ကျွန်တော်တို့ဒုတိယဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid လို့ယူဆမိပါသလဲဆိုရင် ထိုဒုတိယဇာတ်ကားတွင် ထိုကလေးလေးသည် Max ကို အလွန်အထင်ကြီးခဲ့သော ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီး ထိုဇာတ်လမ်းရဲ့ဇာတ်ကြောင်းပြောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုကလေးဇာတ်ကောင်သည် Timeline အရ ကမ္ဘာကြီးပျက်ဆီးသွားပြီးမှ မွေးဖွားခဲ့သော ဇာတ်ကောင်ဖြစ်သောကြောင့် ယခု Fury Road timeline တွင်ထို ဇာတ်ကောင်ရဲ့အသက်သည်လည်း 30 ကျော်ခန့်ပင် ဖြစ်နိုင်လောက်ပေသည်။ နောက်ထပ် ဖြစ်နိုင်ချေရှိသော Theory တစ်ခုမှာ ထို ဒုတိယဇာတ်ကားတွင် Max က Feral Kid ကလေးကို ပေးခဲ့သော Music Box လေးပင်ဖြစ်သည်။ ထို Music Box ကလေးကို ယခု Fury Road ထဲတွင် ပါဝင်သော အမျိုးသမီးငယ် 5 ယောက်ထဲက တစ်ယောက်ရဲ့လက်ထဲတွင် ကစားနေသည်ကိုပါ ကျွန်တော်တို့တွေ့ခဲ့ရပြန်သည်။ ဒါဆိုရင် ကျိန်းသေပါတယ်။ ယခု ဒီ Fury Road နှင့် ဒုတိယဇာတ်ကား The Road Warrior ဇာတ်ကားတို့တွင် ဆက်နွယ်ချက်တစ်ခုခု ရှိနေသည်ဆိုတာ။ ယခု Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်သည် သူ့ရဲ့နာမည်ကို မေးသောအခါ ပြောဖို့တွန့်ဆုတ်နေခဲ့သည်။ သူ့ရဲ့နာမည်သည် အရေးမကြီးဟု ပြောခဲ့သည်။ နောက်ဆုံးအခန်းတွင်မှ သေမလား ရှင်မလားမသိ အသက်လုနေရသော Furiosa ကို သူနာမည်သည် Max ဟုပြောခဲ့သည်။ အကယ်၍ ကျွန်တော်တို့Theory မှန်ကန်ပါက Tom Hardy ရဲ့ဇာတ်ကောင်သည် သူငယ်စဉ်က သိခဲ့ရသော Max ဆိုသောလူတစ်ယောက်ရဲ့နာမည်ကို ယူသုံးလိုက်ခြင်းပင်ဖြစ်ပေသည်။ ဘာကြောင့်လဲဆိုရင် ထို Max သည် သူငယ်စဉ်က အားကျခဲ့သော Role Model တစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ဒါပေမဲ့ ထိုဒုတိယဇာတ်ကား အပြီးတွင် ဇာတ်ကြောင်းပြောသူ Feral Kid ရဲ့ဇာတ်ကြောင်းပြောပြချက်အရ သူတို့ထွက်ပြေးလွတ်မြောက်သွားသော အုပ်စုသည် နောင်တစ်ချိန်တွင် Great Northern Tribe ဟုဖြစ်လာပြီး သူသည်လည်း ထို အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ ဒါကို ထို Internet က ပြောထားသောသူနှင့် ကျွန်တော့်ရဲ့တွေးတောချက်အရဆိုရင် ထို Feral Kid သည်ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ကာ မိန်းမနှင့် သမီးလေးတစ်ယောက် ရခဲ့ပေမဲ့ သူ့ရဲ့အမှားတစ်ခုကြောင့် သူ့ရဲ့မိသားစုအပါအဝင် ထို အဖွဲ့တစ်ခုလုံးသေဆုံးသွားခဲ့ရပြီး သူသည်လည်း တစ်ကိုယ်ရည် လွတ်မြောက်ပြီး လှည့်လာသွားလာနေသော လူတစ်ယောက်ဖြစ်လာနိင်သည်ဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်ရဲ့စိတ်ကူးတွေထဲတွင် သေဆုံးသွားသော သူ့ရဲ့သမီးကို မြင်တွေ့နေခြင်းပင် ဖြစ်သည်။ အမှန်ဆို Max တွင် သမီးမရှိခဲ့။ သားတစ်ယောက်သာ ရှိခဲ့သည်။ ထိုသားသည်လည်း မွေးကာစအရွယ်ကတည်းကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုကျွန်တော် ပြောပြချက်များသည် ကျွန်တော်အပါအဝင် တစ်ခြား Fans တွေရဲ့Fans’ Theory တစ်ခုသာ ဖြစ်ပေသည်။ အမှန်ဟု တပ်အပ်မပြောဆိုနိုင်ပေ။ အမှန်ကိုတော့ Director George Miller တစ်ယောက်တည်းသာ သိနိင်ပေသည်။ သူသည် ထို Character ကို ပြောင်းခဲ့တာလား? တစ်ခြား Character ကိုပဲ အစားထိုး ပြောင်းလဲ အသုံးပြုခဲ့တာလား? ပြောင်းလဲခဲ့တယ်ဆိုရင်လည်း နောက်ကွယ်မှာ ဇာတ်လမ်းတွေ အများကြီးရှိနိုင်ပါသေးသည်။ Director George Miller ရဲ့ပြောဆိုချက်အရ နောက်ဇာတ်ကားအသစ်ရဲ့နာမည်သည် Mad Max: The Watseland ဖြစ်ပြီး မည့်သည့်အချိန်တွင် ထွက်ရှိမည်ကိုတော့ မပြောပြသွားပေ။ ဘာပဲဖြစ်ဖြစ်ပါ။ ယခု Fury Road ကဲ့သို့အဘက်ဘက်က အပြစ်ကင်း၍ အလွန်တရာ ကောင်းမွန်လှပြီး ကြည့်ပြီးသူတိုင်း အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားမျိုး Sequel ကို လူတိုင်းစောင့်မျှော် ကြည့်ရူချင်ကြမှာ အမှန်ပါပဲ။ ကျွန်တော်တို့မေးခဲ့သော လျှို့ဝှက်ချက်များကိုလည်း နောက်အသစ်ထွက်မဲ့ ရုပ်ရှင်များတွင် ဖြေရှင်းနိူင်ပါစေလို့ပဲ မျှော်လင့်ရင်း ဒီနှစ်ရဲ့အကောင်းဆုံး Action ဇာတ်ကား ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှရုပ်ရှင်တွေရဲ့အကြိုက်ဆုံး 4 ကားတွင် တစ်ကားအပါအဝင်ဖြစ်သော ယခု ဒီ Mad Max: Fury Road review ရှည်ကြီးကို ဒီမှာတင်ပဲ ရပ်နားခွင့် ပြုပါ။ IMDb Rating: 8.1/10 Rotten Tomatoes Rating: 97% ~WH~ +++++++++++++++++++++++++++++++++ 4K Version ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့တင်ဆက်ထားတာမလို့ ခေတ်ပေါ် Device တချို့မှာသာ ကြည့်ရှုသင့်ပါတယ်။

Drama • Comedy
8.1 2015 121 mins
Mad Max: Fury Road
Malbatt: Misi Bakara
6.8

ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, Action, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vio La

Action • Thriller • Crime
6.8 2023 131 mins
Malbatt: Misi Bakara
Melodate

Melodate (2024) ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဆောင်နေဘော်ဒါ တက်တဲ့သူနဲ့ မြို့ထဲကနေ ကျုရှင်တတ်တဲ့သူဆိုပြီး ဆယ်တန်းဘဝမှာ ကျောင်းသားနှစ်မျိုးရှိခဲ့တာပေါ့။ အဆောင်နေတဲ့သူတွေကတော့ မိဘကထိန်းရတာ လက်လန်လို့ ဆရာတို့ပဲထိန်းတော့ဆိုပြီး ဘော်ဒါအပ်ခံရတဲ့သူနဲ့ နယ်ဝေးကနေလာပြီး ကျောင်းတက်ရလို့ အဆောင်နေတဲ့သူ နှစ်မျိူးကွဲတာပေါ့။ ကိုယ်တွေကတော့ ပထမတန်းစားထဲကပေါ့ အိမ်မှာလဲ မိဘကမနိုင် အဆောင်ရောက်တော့လဲ အဆောင်မှူးကို မွေလိုက် ဂိုက်ဆရာမတွေကို စလိုက်နဲ့ ဗရုတ်သုတ်ခကောင်တွေပေါ့။ ဒီလိုအဆောင်နေအဆောင်စား ကျောင်းသားဘဝလေးကလဲ တစ်မျိုးတော့ လွမ်းချင်စရာပါပဲ။ ခုဇာတ်ကားလေးကလဲ အင်ဒိုကနေ ရိုက်ထားတဲ့ Family Drama ဇာတ်ကားလေးဖြစ်ပြီးတော့ ဒီလိုအဆောင်နေကျောင်းသားဘဝအကြောင်းလေးကို ပျော်ရွှင်စရာ လွမ်းမောစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသမီးက အော်ကြောလန် အဖေဖြစ်သူက လန်ဒန်ထိပို့ထားတာတောင် အိမ်ပြန်လာပြီး သောင်းကျန်းတဲ့ကျောင်းသူ နောက်ဆုံးတော့ အဖေဖြစ်သူလဲ မနိုင်တော့တာနဲ့ ဂျာကာတာမြို့က စည်းကမ်းအကြပ်ဆုံး အဆောင်မှာနေဖို့ သမီးဖြစ်သူကိုလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ နဂိုကတည်းက ခြေထောက်မှာဗွေပါတဲ့သူက ထိပ်တုံးခေတ်ထားရင်တောင် ထိပ်တုံးမပြီး လျှောက်လည်တဲ့သူဆိုတော့ သမီးဖြစ်သူက အဆောင်မှာပါ ဇာတိပြပါလေရော။ အဆောင်က စည်းကမ်းတွေလိုက်ဖောက်နေရာကနေ အဆောင်မှူးဆရာမကြီးရဲ့ သားဖြစ်သူနဲ့တွေ့ဆုံမိတဲ့အခါမှာတော့ ဆရာမကြီးကိုပဲ သူ့ဘက်ပါအောင် စည်းရုံးနိုင်မလား သူပဲ စည်းကမ်းတွေကို လက်လျော့ပြီး လိုက်နာနိုင်မလာဆိုတာ ဇာတ်လမ်းမြုးမြုးလေးနဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.2GB | 615MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2024
Melodate
Boat People
7.6

၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေ ဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကို Boat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့ အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann Huiက The Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီး ဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့ အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့ Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်က ဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့ ‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer, Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို 1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။ အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။ တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီး ဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။ သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကို နိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင် ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်း သူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲ သူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်း ဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။

7.6 1982
Boat People
Gifted

Gifted (2014) ************* ၈ နှစ်ကြာလုပ်ခဲ့တဲ့ ရုံးအလုပ်ကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ ဂင်မင်ဆူဟာ… အနာဂတ်ပျောက်ပြီး မွဲပြာကျခါနီးအဖြစ်ကို ရောက်ရှိသွားခဲ့တယ်။ စုထားတဲ့ငွေလည်းမရှိ… ဝင်ငွေလည်းမရှိတော့တဲ့ မင်ဆူဟာ အလုပ်ပေါင်းမနည်း ထပ်လျှောက်ရာမှာလည်း အရေးနိမ့်ခဲ့ပြန်တယ်။ သူ့ကိုယ်သူ ရှက်စိတ်၊ သိမ်ငယ်စိတ်တွေကြောင့် ဒီအကြောင်းတွေကို သူနဲ့စေ့စပ်ထားတဲ့ ဆူဂျင်းဆီ… တစ်ခွန်းမှ မပြောခဲ့ပါဘူး။ ဒုက္ခိတကိုသာ ယူချင်ယူမယ်၊ ကျောမွဲတဲ့လူကိုတော့ မယူနိုင်တဲ့ ဆူဂျင်းဟာ… ဒီကိစ္စကို သိလိုက်တဲ့အခါ ဒေါသအကြီးအကျယ်ထွက်ပြီး မင်ဆူကို လမ်းခွဲဖို့ပြောတော့တယ်။ ဘဝလည်းပျက်၊ ဇနီးလောင်းကိုလည်း ဆုံးရှုံးခါနီးဖြစ်နေတဲ့ မင်ဆူဟာ ကြံမိကြံရာနဲ့ တရားမဝင်အလုပ်တွေကို လုပ်လာတဲ့အခါ… သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာ ရှေ့အနာဂတ်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲ… သူ့ကိုယ်ထဲမှာ ဖုံးထားတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုရှာတွေ့လာမလဲဆိုတာကို… ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ 18+ scenes တချို့ပါဝင်တာကြောင့် မိသားစုနှင့်အတူကြည့်ရှုရန် မသင့်တော်ပါ။ File Size : 1.63GB / 540MB Quality : BluRay 1080p / 720p Duration: 1 hr. 43 min. Genres: Thriller, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo

0 2014 103 mins
Gifted
Fear Below
6

ငါးမန်းကား နှစ်သက်သူတွေအတွက် အသစ်စက်စက် ထွက်ရှိထားတဲ့ ငါးမန်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားက မြင်နေကျ ငါးမန်းကားတွေလိုမျိုးမဟုတ်ဘဲ 1940s ခုနှစ်ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားတာပါ။ ရာဇဝတ်ဂိုဏ်းတစ်ခုဟာ ဘဏ်ကနေ ရွှေချောင်းတွေကို ခိုးယူလာရာကနေဇာတ်လမ်းကို စတင်ထားတာပါ။ ဖြစ်ချင်တော့ အဲဒီရွှေချောင်းတွေတင်လာတဲ့ကားကြီးဟာ မတော်တဆမှုတစ်ခုကြောင့် မြစ်ထဲကို ထိုးဆင်းသွားပါတော့တယ်။ ခိုးယူလာတဲ့ဂိုဏ်းခေါင်းဆောင်က ရွှေချောင်းတွေကို လူမသိသူမသိ ပြန်လည်ဆယ်ယူဖို့အတွက် Sea Dogs ဆိုတဲ့ ရေငုပ်သမားအဖွဲ့ကို အလုပ်သွားအပ်ခဲ့ပါတယ်။ အလုပ်အပ်ရာမှာလည်း ဘာကိုဆယ်ယူရမယ်ရယ်လို့ တိတိကျကျမပြောဘဲ ကားထဲကပစ္စည်းတွေကိုပဲ ဆယ်ယူရမှာဖြစ်ကြောင်းပြောပြီး ယူနေကျလုပ်အားခထက် ငွေတွေပိုပေးလိုက်တာကြောင့် ရေငုပ်သမားအဖွဲ့ကလည်း အလုပ်ကို လက်ခံဖြစ်သွားပါတယ်။ သူတို့မသိကြတာတစ်ခုကတော့ အဲဒီကား နစ်မြုပ်သွားတဲ့ မြစ်နေရာဟာ မီးဖွားဖို့မြစ်ထဲကိုဆန်တက်လာတဲ့ နွားငါးမန်းကြီးရဲ့ နယ်နိမိတ်ဖြစ်နေတယ်ဆိုတာပါပဲ။ ဂိုဏ်းအဖွဲ့ရဲ့ အလုပ်အပ်ခြင်းကိုခံလိုက်ရတဲ့ ရေငုပ်သမား 3ယောက် နွားငါးမန်းကြီးကို ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ခါတိုင်း‌ကြည့်ဖူးနေကျကားတွေလို ပင်လယ်ထဲမှာမဟုတ်တာရော၊ 1940s ခုနှစ်ကိုဇာတ်အိမ်တည်ထားတွေရောကြောင့် ကြည့်ရတာတစ်မျိုးဆန်းပြီး နှစ်သက်ကြမှာ အသေအချာပါပဲ။ ရေငုပ်သမားအဖွဲ့က ရွှေချောင်းတွေကို ဆယ်ယူနိုင်သွားမှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.60 GB) / ( 818 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 25m Genre …..Action , Adventure, Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Science Fiction • Comedy • Adventure
6 2025 85 mins
Fear Below