YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Assassin's Guild (2024) WEB-DL,1080p HEVC (CM) MW .mkv

1.24 GB N/A video/x-matroska 131 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Offering
6

ဒီကားလေးက စိတ်ဝင်စားဖို့ကောင်းတဲ့ ဟော်ရာကားလေးလို့ ပြောရမယ်။ သမ္မာကျမ်းစာထဲ ဘုရားသခင်က အီဘရာဟမ်ကို သူ့သားနဲ့အသက်နဲ့ ပူဇော်ခိုင်းတဲ့ ဇာတ်လမ်းကို သိကြမယ်ထင်တယ်။ ဒီကားက အဲဒီဇာတ်လမ်းနဲ့ ချိတ်ထားတဲ့ Horror ကားပါပဲ။ အဲဒီလိုပူဇော်ခိုင်းရခြင်းရဲ့အကြောင်းရင်းကိုလည်း ထည့်ထားတယ်။ ကမ္ဘာဦးအစကတည်းက အမျိုးသမီးတွေကို ကိုယ်ဝန်ပျက်ကျစေတဲ့၊ ကလေးတွေကို စားသုံးတဲ့ နတ်ဆိုးမတစ်ယောက် ရှိခဲ့တယ်။ ဘုရားသခင်က အီဘရာဟမ်ကို သူ့ကို ပူဇော်ခိုင်းခြင်းနဲ့ လူမှုရေးရာ‌ လောကီကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ မျှခြေယူခဲ့ပြီး အဲဒီနတ်ဆိုးမကို ချိပ်ပိတ်ခဲ့တယ်။ ဒီဘက်ခေတ်ရောက်တော့ အဲဒီနတ်ဆိုးမကို ဂမ္ဘီရဆရာတစ်ယောက်က သူ့မိန်းမကို အသက်ရှင်စေချင်ဇောနဲ့ မှားယွင်းပြီး ဆင့်ခေါ်ခဲ့မိတယ်။ ဒီလိုနဲ့ သမိုင်းမတင်ခင် ဘုရားသခင်ခေတ်ကတည်းက ရှိနေတဲ့ နတ်ဆိုးမကို လူသားတွေ ဘယ်လိုတားဆီးမလဲ မြင်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 910MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 33Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Crime • Thriller
6 2022 93 mins
The Offering
The Art of War
5.7

Blade မင်းသားရဲ့ အက်ရှင်ကားဟောင်းတစ်ကားပါ။ဒီဇာတ်ကားမှာတော့ နိုင်ငံတကာပဋိပက္ခတွေဖြစ်ရင် UN က စိုးရိမ်နေရုံတင်မဟုတ်ပဲ လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့လွှတ်ပြီး ​ဖြေရှင်းခိုင်းပါတယ်။ နီးလ်ရှောဟာ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ တရုတ်နဲ့ UN တို့ဟာ အလွန်အရေးပါတဲ့ကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်ထိုးဖို့ အချိန်နီးကပ်လာချိန်မှာ အမေရိကန်ရဲ့ဆိပ်ကမ်းတစ်ခုမှာ တရုတ်ဒုက္ခသည်လူသေလောင်းတွေအပြည့်ပါတဲ့ကုန်တိန်နာတစ်ခု သောင်တင်လာတဲ့အခါ UN ဟာ နီးလ်ရှောတို့ရဲ့အဖွဲ့ကိုစေလွှတ်ပြီး ထောက်လှမ်းခိုင်းပါတော့တယ်။သတင်းယူရုံစစ်ဆင်ရေးလေးကနေ ပိုကြီးမားတဲ့အရှုပ်တော်ပုံထဲရောက်သွားတဲ့နီးလ်ရှောဟာ တရုတ်နဲ့ အမေရိကန်ကြားက တရားခံစစ်ကိုရှာရပါတော့တယ်။ ထောက်လှမ်းရေးအက်ရှင်ကားတွေကြိုက်ရင် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(2.52GB) / (1.3GB) / (673MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Action / Adventure / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

Action • Crime • Thriller
5.7 2000 117 mins
The Art of War
Closer
6.8

ဒီကားက 2004 က ထွက်ခဲ့တဲ့ Romance/Dramaကားပါ IMDb မှာ 7.2 ရထားတယ် Cast ကလဲအပြည့်ပဲ 90s movie တွေရဲ့ queen ဖြစ်တဲ့ Julia Roberts ရယ် Dumbledore အငယ် နဲ့နာမည်ကြီးတဲ့ Jude Law ရယ် Marvel က Thor ရည်းစား Jane, star wars, Black swan ကားတွေနဲ့နာမည်ကြီးတဲ့ Natalia Portman ပါတယ် ဇာတ်လမ်းကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲနီးပါးလိမ်နေကြတဲ့ လူ၄ယောက်ရဲ့ အချစ်ရေးကို အဓိက ရိုက်ထားတာပါ လူ၄ယောက် အတွဲ၂တွဲက အဆင်ပြေနေရာကနေ တစ်တွဲစီက တစ်ယောက်စီက တွေ့ပြီး ကြိုက်ကြ ခိုးတွေ့ကြ ဖောက်ပြန်ကြတဲ့အခါ ပြဿနာတွေဖြစ်လာတဲ့ relationship ကိုပြထားတာပါ Julia Roberts က လန်ဒန်မှာ နေတဲ့ အမေရိကန်ဓာတ်ပုံဆရာမတစ်ယောက်၊ Jude Law က သတင်းစာတိုက်က ဂျာနယ်လစ်တစ်ယောက်၊ Natalia Portman က အမေရိကန်က ပြောင်းလာတဲ့သူတစ်ယောက်၊ နောက်တစ်ယောက်က အရေပြားဆရာဝန်ပါ ဇာတ်လမ်းကို spoil မဖြစ်အောင် ကိုယ်တိုင်ပဲကြည့်လိုက်ကြတော့နော် File size…(2.6GB)/(1.01 Gb)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama /  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Marie

Mystery
6.8 2004 104 mins
Closer
Missing
7.5

ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်‌တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant Bo

Crime
7.5 2023 111 mins
Missing
Species: The Awakening
4.8

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 4 : The Awakening (2007) ဇာတ်လမ်းအကျဉ်း.... ဒီကားမှာလဲ ဂြိုလ်သားကိုတူမအဖြစ်မွေးထားတဲ့ သိပ္ပံပညာရှင်ကြောင့် ဇာတ်လမ်းက စတာပါပဲ...ဒီဂြိုလ်သားမလေးကတော့ အရမ်းကို Sexy ကျ လှပပြီးတော့ သူမကိုယ်ထဲက ဂြိလ်သား DNA ဟာလဲ အရမ်းကို ရမ္မက်စိတ်ပြင်းထန်လွန်းတာကြောင့် ပုရိသယောကျာ်းတို့ ဒုက္ခရောက်ပုံတွေကို ဝေဝေဆာဆာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(3.5 GB)/(1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:37:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Comedy • History
4.8 2007 98 mins
Species: The Awakening
Sick of Myself
7.3

MDb rating - 7.2/10 ဒီတစ်ခေါက်မှာတော့ Norawy Comedy,Drama အမျိုးအစားဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ self- promotion ကိုမှားယွင်းစွာလုပ်မိသွားတဲ့ Signe တစ်ယောက်ဒုက္ခလှလှကြုံတွေ့ရပုံကို ယနေ့ခေတ်မှာဖြစ်လေ့ရှိတဲ့ uncomfortable truths တွေကိုပါ ထည့်သွင်းပြီးရိုက်ပြထားတဲ့အတွက် ပရိတ်သတ်ကြီးတို့ အားလပ်ရက်မှာကြည့်ရှူသင့်တဲ့ ဇာတ်လမ်းကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. Signe နဲ့ Thomas တို့ဟာ အဆင်မပြေပြီး တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ချင်တဲ့ ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ စုံတွဲတစ်တွဲပေါ့။ Thomas ကအနုပညာရှင်တစ်ယောက်ပါ Signe ကတော့ သူ့ရဲ့ဂုဏ်သတင်းကို လူတွေရဲ့အာရုံစိုက်ခံရအောင်လုပ်ပြီးရယူလေ့ရှိပါတယ်။ တစ်နေ့မှာတော့ Thomas တစ်ယောက် မဂ္ဂဇင်းတွေကပါ အင်တာဗျူးလုပ်ပြီး အောင်မြင်စပြုလာတာကို Signe မြင်ရတဲ့အခါမှာတော့ သူလည်းနာမည်ကျော်လူသိများဖို့အတွက် သူ့ရဲ့လိမ်ဆင်တွေကိုစပြီး အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်..

Drama • Thriller
7.3 2022 97 mins
Sick of Myself
Runaway God of Wealth 2
6

အတွဲ ၁ ရှိပါသေးတယ် အခုဇာတ်ကားကလဲ အတွဲ ၁ ရဲ့ အဆက်မဟုတ်ပါဘူး နာမည်သာတူပြီး ဇာတ်လမ်းကတခြား Plot နဲ့လာတာမို့ မကြည့်ရသေးလဲ အတွဲ ၂ ကိုတန်းကြည့်လို့ရပါတယ် ကြည့်ချင်သူများအတွက် လင့်ပေးထားပါတယ် အတွဲ ၁ ကြည့်ရန် ဒီကိုနိပ့်ပါ ❏ ဆင်းရဲမွဲတေနေတဲ့ သူ့ရဲ့ဘဝကို အမြဲ အပြစ်တင်လေ့ရှိသူ ၊ ချစ်ရသူ အမျိုးသမီးကိုလဲ သူဒီလို နိမ့်ကျရတဲ့ ဘဝရောက်တာဟာ သူကြောင့်ဟု အမြဲတမ်း အပြစ်တင်လေ့ရှိသူ ၊ လက်ရှိလုပ်ကိုင်ရာ အလုပ်ထဲမှာလဲ အဆင်မပြေဖြစ်နေသူ – ဝမ်ကျားချန် တစ်နေ့မှာတော့ ဝမ်ကျားချန်တစ်ယောက် နတ်ပြည်မှ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားတစ်ပါးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ ဝမ်ကျားချန်ဟာ နတ်ဘုရားရဲ့ ကံ​ကောင်းခြင်း သံလိုက်အိမ်မြှောင်ကို ဖျက်ဆီးမိလိုက်ပြီး ၎င်းကို ၁၀ ရက်အတွင်းမှာ ပြန်ပြင်ပေးရမှာပဲဖြစ်ပါတယ် ။ ၁၀ ပြီးလို့ မပြင်နိုင်ပါက သူ့ရဲ့အသက်ကို ပေးဆပ်ရမှာဖြစ်တာမို့ ကြိုးစားပြီး ပြင်ဆင်ဖို့ လုပ်ကိုင်ခဲ့ပါတယ် ။ ၁၀ ရက်ပြီးတဲ့နောက် ဝမ်ကျားချန်ဟာ ချစ်သူမိန်းကလေးဖြစ်သူ ဝမ်ရှောင်ဟွားနဲ့ အတူတူပူးပေါင်းကာ တာဝန်ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပြီးတော့ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားက သူ့ကို ဆုလာဘ်အနေနဲ့ ချမ်းသာတဲ့ဘဝတစ်ခုကို အပ်နှင်းခဲ့ပါတယ် ။ ဒါပေမဲ့ ဒီချမ်းသာတဲ့ဘဝတစ်ခုရဲ့ ပေးဆပ်မှူဟာဆိုရင် သူ့ရဲ့ချစ်ရသူ မိန်းကလေး သူ့ကို မေ့ပျောက်သွားတဲ့ ပေးဆပ်မှုဖြစ်တဲ့အကြောင်းသိရှိသွားတဲ့အခါ …? ❏ ဝမ်ကျားချန်တစ်ယောက် သူ့ရဲ့ ကံကြမ္မာတွေကိုပြောင်းလဲနိုင်ပါ့မလား ? ❏ အဖြစ်မှန်အားလုံးသိပြီးတဲ့နောက်မှာ အရာတွေအားလုံးဟာ ပြန်ပြင်ဖို့ အခွင့်အရေးရှိပါဦးမလား ? ❏ အမြဲတမ်း ချမ်းသာချင်နေတဲ့ ဝမ်ကျားချန်တစ်ယောက် ချမ်းသာပေမဲ့လဲ အထီးကျန်နေတဲ့ဘဝကြီးကို ဆက်လက်အံတုနိုင်ပါ့မလား? ❏ ဘာတွေဆက်ပြီးဖြစ်ကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါ ။ ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ ငွေ နဲ့ မေတ္တာတရားမှာ ဘယ်အရာက အရေးကြီးသလဲဆိုတာ ခွဲခြားသိမြင်လာစေမှာ အမှန်ပါပဲရှင် ။

6 2021
Runaway God of Wealth 2
The Warrant: Breaker’s Law
5.5

MDB 5.5/10 April 18ရက်နေ့ကမှ စတင်ထွက်ရှိလာခဲ့တဲ့ ဒီကားဟာဆိုရင်ဖြင့် အက်ရှင် costume drama အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ Dermot Mulroney, Neal McDonough, Bruce Boxleitner, Amy Hargreavesတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဓိက ဇာတ်ဆောင်ဖြစ်သူ ဂျွန်ဘရိတ်ကာက သူ့ဖမ်းမိထားတဲ့ ဒက်ဒ်အိုင်းဆိုတဲ့ လူကို နိုင်ငံကိုဖြတ်ပြီး ပို့ပေးရမှာဖြစ်တယ်။ ဒါပေမယ့်အဲ့မြို့ကလေးကိုရောက်သွားတဲ့အခါမှာ အဲ့မြို့မှာ သောင်းကျန်း ဆူပူပြီး မြို့ထဲက ရှိသမျှ လူတိုင်းကို သတ်ဖြတ်ရမ်းကားနေတဲ့ ဂိုဏ်းတစ်ခိုင်းကို သူတို့ကနေပြီးတော့ ဘယ်လိုတွေရင်ဆိုင်ပြီး‌တော့ကာကွယ်သွားမလဲဆိုတာကိုရိုက်ပြသွားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် ကောင်းဘွိုင်းခေတ်မှာ ဇာတ်အိမ်တည်ထားတာမို့ အဲ့ခေတ်ကဇာတ်လမ်းကို ကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့‌ဆို အရမ်းကိုနှစ်သက်မှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(930 MB)/(470 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Comedy • Romance
5.5 2023
The Warrant: Breaker’s Law
Hold Me Tight
6.8

Hold Me Tight (2021) ================ IMDb Rating – 6.8/10 လူ့စိတ်ဆိုတာ အစိုးမရဘူးလို့ ပြောတတ်ကြပါတယ်။ တစ်ခါ တလေ စိတ်‌ဆိုတာ လွင့်ချင်ရာလွင့်နေတတ်တာမျိုးပါ။ လုပ်မိ တဲ့အရာအတိုင်းအတွက် အကြောင်းပြချက်ရှိချင်မှရှိမယ်၊ စိတ် စေရာအတိုင်းလုပ်မိရင်း ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ ဒီဇာတ်လမ်းထဲက ကလယ်ရိစ်ဟာလည်း ဒီလိုပါပဲ။ တစ်ရက်မှာ မနက်စောစောနိုးလာပြီး ပစ္စည်းအနည်းငယ်ကိုယူလို့ အိပ်နေတဲ့ ခင်ပွန်းသည်နဲ့ ကလေးတွေထားသွားခဲ့တာပါ။ သူဘာလို့ ထွက် သွားလည်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ခင်ပွန်းသည် မက်ခ်က တော့ ကလေးနှစ်ယောက်ကိစ္စတွေ မနိုင်မနင်းလုပ်ရင်း ကျန်နေ ခဲ့ပါတယ်။ ဇာတ်လမ်းဟာ ကလယ်ရိစ်ရောက်ရာအရပ်ကို ပြလိုက်၊ သူ့စိတ် ကူးတွေလွင့်မျောနေတာကို ပြလိုက်၊ မက်ခ်နဲ့ ကလေးတွေ ကသောင်း ကနင်း ဖြစ်တာကို ပြလိုက်နဲ့ ခပ်ငြိမ့်ငြိမ့်ပဲ သွားထားပါတယ်။ ဇာတ် လမ်းက အေးသလိုထင်ရပေမဲ့ အဆုံးထိကြည့်မှ ဇာတ်လမ်းရဲ့ twist ကို မြင်ရမှာပါ။ ကြည့်ကြည့်ချင်းတော့ ဘယ်လိုလဲ ဘာတွေလဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒီတော့ ခပ်အေးအေးအမျောလေးတွေမှ ကြိုက်တဲ့သူတွေအတွက် ဒီ melodrama ရုပ်ရှင်ကို အဆုံးထိကြည့် ကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.5 GB) / (582 MB) / (353 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….C’mon Encoder……….SWM

Drama • Comedy
6.8 2021 95 mins
Hold Me Tight
Virgo and the Sparklings
5.8

Virgo and The Sparkling (2023a) ရီအာနီ ဆိုတဲ့ ကျောင်းသူလေးတစ်ယောက်က မွေးရာပါ မီးစွမ်းအားနဲ့မွေးဖွားလာသူတစ်ယောက်ပါ သူကစိတ်လှုပ်ရှားလာတဲ့အခါ မီးပွားတွေ ထွက်လာတတ်ပြီး မီးတောက်တွေကိုပါ ဖြစ်လာစေတတ်လို့ သူ့မိဘတွေက သူ့သမီးရဲ့သရုပ်မှန်ကို မပေါ်စေဖို့ ကျောင်းခဏခဏပြောင်းပေးကြရပါတယ် သူမက တီးဝိုင်းတစ်ခုထောင်ပြီး အဆိုတော်ဖြစ်ချင်နေတဲ့ ဝါသနာအိုးလေးတစ်ယောက်လည်းဖြစ်တဲ့အပြင် သူမဟာ သံစဉ်တွေရဲ့အ‌ရောင်တွေကိုလည်း ခွဲခြားမြင်နိုင်ပါတယ် တစ်နေ့မှာတော့ လူငယ်တွေကိုပဲ ကူးစက်တတ်တဲ့ရောဂါပိုးတစ်ခုဟာ အွန်လိုင်းပေါ်က ဗွီဒီယိုတွေကနေတစ်ဆင့်ပျံ့နှံ့လာပါတော့တယ် ဗွီဒီယိုကိုကြည့်မိတဲ့လူငယ်တွေက ညို့ယူခံလိုက်ရပြီး သူတို့ရဲ့မိဘတွေကို စတင်တိုက်ခိုက်ကြပါတော့တယ် ဒီအခါမှာ ရီအာနီက သူ့မီး‌တောက်တွေက ညို့ယူခံရတဲ့သူတွေကိုသတိဝင်စေမှန်းသိပြီးတဲ့နောက် သူနဲ့သူ့သူငယ်ချင်းတွေက သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း လူတွေကို ဘယ်လိုအကူအညီပေးကြမလဲဆိုတာကြည့်လိုက်ကြရ‌အောင် အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Acion, Adventure, Comedy File size… 2.1GB | 841MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator …..Thae Thae Encoder ….. Aaron

5.8 2023
Virgo and the Sparklings
Spy
7

Spy(2015) IMDb Rating (7/10) / Rotten Tomatoes (95%) ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ “ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။ စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမယ့်မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက်လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကိုသိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်းဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။ သူကသင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါမြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။ ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်းအစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။ ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆုဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။ ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက်သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ့ထဲမှာပါတယ်။ ချုပ်ပြောရရင် သရုပ်ဆောင်တွေကော ဇာတ်လမ်းပါ ပျင်းဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။ “ငါသာ အတွေ့အကြုံမရှိဘဲ စပိုင်အနေနဲ့ထွက်လုပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ”။ ပြီးရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ မိုးမွှန်နေအောင်ရိုင်းထားတာကြောင့် ဒီရုပ်ရှင်နဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်တော့ ကောင်းကောင်းဆဲတတ်သွားမှာတော့သေချာပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။

7 2015 120 mins
Spy
The Execution
6.7

The Execution (2022) IMDb Rating (6.7) / Rotten Tomatoes (92%) ဒီဇာတ်လမ်းကတော့ ရုရှားအစိုးရအနေနဲ့ ဆယ်နှစ်ကျော်လိုက်လံရှာဖွေအဖြေထုတ်ခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားအမှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး အမျိုးသမီးနဲ့ကလေး အယောက်50ကျော် သတ်ခဲ့တဲ့ ရုရှားကွင်းဆက်လူသတ်သမား Andrei Chikatilo ရဲ့ လူသတ်မှုတွေကို inspireယူပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းထဲမှာတော့ အမျိုးသမီးတွေအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ရုရှားရဲ့နာမည်အကြီးဆုံး ကွင်းဆက်လူသတ်သမားကို 10နှစ်ကျော်ရှာဖွေခဲ့ရာက နောက်ဆုံးမှာ ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ အဲဒီသံသယရှိသူက သူ့အပြစ်ကိုဝန်မခံဘဲ သူ မသတ်ကြောင်းငြင်းဆန်ရာကနေ သံသယရှိသူနဲ့ စစ်ဆေးမေးမြန်းသူတို့ကြား တင်းမာမှုတွေပြင်းထန်လာပြီး ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စတွေပါလာမလဲ၊ ထင်မှတ်မထားတဲ့လှည့်ကွက်တွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ရုရှားမှုခင်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Drama
6.7 2021 130 mins
The Execution
The Goat Life
8.6

Aadujeevitham – The Goat Life (2024) “ကန္တာရအလယ်” IMDb 8.6 ပရိသတ်ကြီးအတွက် မလေယာလမ်ရုံတင်ကားသစ်ကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ၂၀၀၈ ထုတ် ဖြစ်ရပ်မှန်ဝတ္ထုကို ရိုက်ကူးထားတဲ့ ဒီကားလေးမှာဆိုရင် Saalar, Bade Miyan Chote Miyam တို့လို နာမည်ကြီးကားတွေထဲက မင်းသား Prithviraj Sukumaran ပါဝင်ထားပြီး ရုံတင်ဝင်ငွေ ၁၆၀ ကုဋေ ရထားတဲ့အပြင် တတိယဝင်ငွေအကောင်းအဆုံး မလေယာလမ်ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ် ကနဦးအနေနဲ့ အာရပ်နိုင်ငံတိုင်းလိုလိုက ပိတ်ပင်ခဲ့ပြီး အခုလက်ရှိ ဆော်ဒီအာရေးဗျနဲ့ ကူဝိတ်လို နိုင်ငံတွေက ပိတ်ပင်ထားဆဲပါ အရှေ့အလယ်ပိုင်းမှ ဆော်ဒီ၊ ကာတာတို့ကို ချမ်းသာတဲ့ ရေနံနိုင်ငံတွေအဖြစ် လူသိများကြတယ် သူတို့ဘက်က ခေါင်းဆောင်တွေကလည်း ကမ္ဘာ့အလယ်မှာ သူတို့နိုင်ငံ ဂုဏ်သတင်းကျော်ဇောစေရန် အဘက်ဘက်က လုပ်ဆောင်လာကြပေမယ့် လူအများစုရဲ့စိတ်ထဲမှာတော့ ပြစ်ချက်တစ်ခုကရှိနေတုန်းပါ အဲဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ ဒီရုပ်ရှင်ဇာတ်လမ်းအကျဥ်းကို ပြောရရင် နာဂျိဘ်ဆိုတဲ့ မလေယာလမ် အိန္ဒိယလူမျိုးတစ်ဦးနဲ့ ဟာကင်ဆိုတဲ့ ခပ်ငယ်ငယ်ကောင်လေးတို့ဟာ ဆော်ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြပါတယ် အေးဂျင့်စကားအရ ကုမ္ပဏီမှာ အလုပ်ရမယ် မြို့မှာနေစရာရမယ်လို့ ယုံကြည်ထားတဲ့ သူတို့နှစ်ယောက် လာခေါ်တဲ့ကားနဲ့ လိိုက်လာတာ တဖြည်းဖြည်းညဥ့်နက်လို့ ဝေးလံခေါင်ဖျားတဲ့ သဲကန္တရကို ရောက်သွားတယ် တစ်နေရာရောက်တော့ သူတို့နှစ်ယောက်ကို တစ်နေရာစီပို့ခံလိုက်ရပြီး ဘာသာစကားလည်းမသိ၊ ပြောဆိုဆက်ဆံစရာ ကုလားအုတ်တွေပဲ ရှိတဲ့ သဲကန္တာရမှာ ပင်ပန်းဆင်းရဲကြီးစွာ ကျွန်လိုအလုပ်လုပ်ရင်း အိမ်ပြန်လမ်းကို ပြန်တွေ့နိုင်ဦးမှာလား ဆိုတာကတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.6 2024
The Goat Life
Sumala
5.8

Sumala (2024) IMDb Rating (5.8) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။ အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။ သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။ အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။ အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ? ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲအစရှိတာတွေကိုရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (အလွန်ရက်စက်ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့v Alias ဖြစ်ပါတယ်။) File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:54:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Romance • TV Movie
5.8 2024 113 mins
Sumala