YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Arranged.Love.2023.1080p.WEBRip.(CM).mp4

1.64 GB N/A video/mp4 136 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Until Tomorrow
5

လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။ မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ရင်ဆိုင်ရမယ့် ဒုက္ခတွေက မနည်းပါဘူး။ အိမ်ကိုလည်း ပေးသိလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း မေးငေါ့ခံရတယ်။ ဒီကြားထဲကမှ အိမ်က မိဘတွေက သူ့ဆီ တစ်ရက်လာလည်ဖို့လုပ်တော့ ကလေးကို တစ်ရက်တလေလေး ထိန်းပေးဖို့လူပတ်ရှာတာတောင် ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်နေရသလိုလိုပါပဲ။ ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ... ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ... အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance • TV Movie
5 2022 86 mins
Until Tomorrow
Vendhu Thanindhathu Kaadu
6.9

IMDb 7.9 ဒီတစ်ခါမှာတော့ ကုဋေ၃၀ အကုန်ကျခံရိုက်ကူးထားပြီး ကုဋေ၅၀ထိပြန်ရခဲ့တဲ့ အမိုက်စားတမီလ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဒီလက်‌တွေနဲ့ကိုယ်တိုင်လူသတ်မိမယ် လူသတ်သမားဖြစ်ဖို့မွေးဖွားလာတာဆိုပြီး ဗေဒင်ဆရာတွေဆီကတစ်လေသံတည်းထွက်လာခဲ့တဲ့ ဇာတာပိုင်ရှင်မီသူး... မိခင်ဖြစ်သူကသားကိုဒီလိုဘဝမျိုးအရောက်မခံနိုင်တော့ မရှိတဲ့ကြားကကျောင်းထားပြီး B.Scဘွဲ့ရအောင်လုပ်ပေးခဲ့တယ် မွေးရပ်မြေမှာ ဆူးချုံရှင်းရင်း မတော်တဆကွင်းတစ်ပြင်လုံးမီးထလောင်တော့ လယ်ပိုင်ရှင်ကလျော်ကြေးတောင်းလေရဲ့ သူ့အမှားမဟုတ်လို့မပေးနိုင်ကြောင်း မူသူးကတင်းခံနေရင်း ပိုင်ရှင်နဲ့ကတောက်ကဆဖြစ်ရာကနေ လူသတ်မိတော့မလိုဖြစ်ခဲ့တဲ့သူ့ကို ညတွင်းချင်းပဲ အမေဖြစ်သူကမြို့က ဦးလေးဖြစ်သူထံ ခေါ်ယူထွက်ပြေးခဲ့ရတယ် မြို့မှာဘဝသစ်စမယ် မိဘအကြွေးတွေဆပ်ပေးမယ်တင်းခံနေရာကနေ မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုစီ ပါဝင်ပတ်သက်မိရာမှာတော့... ဗေဒင်ဆရာတွေဟောတဲ့အတိုင်း လူသတ်သမားဖြစ်လာမလား မိခင်သဘောတိုင်းဖြစ်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါရှင် File size…2.83GB  / 1.24GB  Quality…1080p WEB DL / 720p Format…mp4 Duration….2h 57m Subtitle….Myanmar Subtitle (Hard sub) Encoder….YK Translated by Poe & BpL & Yunni & HM

Crime • Drama • Thriller
6.9 2022 172 mins
Vendhu Thanindhathu Kaadu
Girl Picture
6.9

(1080 ရပါပြီ) ဒီ Finlandကားလေးဟာ Rotten Tomatoes rating 98%လည်း ရထားတဲ့ကားဆိုတော့ အတော်အသင့်ကောင်းမယ့်ကားလို့ ခန့်မှန်းမိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာ climaxတွေ plot twistတွေမပါဘူး။ ငြိမ့်ငြိမ့်လေးနဲ့ mid life crisisကိုကြုံနေတဲ့ ရင်းနှီးတဲ့ကောင်မလေး ၃ယောက်ကို ရိုးရိုးလေးပဲ ရိုက်ပြထားတာပါ။ Mimmi .. ငယ်ငယ်ကတော့ အမေတစ်ခုသမီးတစ်ခုဘဝနဲ့နေခဲ့ပြီး အမေ့အချစ်တွေအားလုံးရခဲ့ပေမယ့် အမေက အချစ်အသစ်နဲ့တွေ့ပြီး သားလေးပါ မွေးပြီးတဲ့နောက်မှာ အပြင်မှာ သူငယ်ချင်းတစ်ယောက်နဲ့နေရင်း အပြင်ပန်းက မာကြောသယောင်ဟန်ဆောင်နေပြီး စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရသူ။ Ronko .. ပျော်ပါးတတ်တဲ့မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် Sexကိစ္စမှာ ပြီးမြောက်ခြင်းကို အလိုကျစွာမခံစားရလို့ တခြားလူတွေ ခံစားနေရသလို ပျော်ပါးနိုင်ဖို့ ပါတီတွေ အခါအားလျော်စွာ လိုက်တက်ရင် သူ့အတွက် ခံစားချက်အစစ်အမှန်ရစေမယ့်သူကို ရှာဖွေနေတဲ့သူ။ Emma .. တစ်ဘဝလုံး လေ့ကျင့်လာတဲ့ ရေခဲပြင်စကိတ်အလှစီးအားကစားမှာ ပန်းတိုင်တစ်ခုဖြစ်တဲ့ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲရက်နီးမှ အလွဲလွဲအချော်ချော်တွေ လုပ်မိကာ ဒီအလုပ်ကို စွန့်လွှတ်ရမလား စဥ်းစားနေသူ။ သူတို့၃ဦးဘဝဟာ ဘယ်လိုတွေဆက်နွယ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ကြုံနေရတဲ့အခက်အခဲတွေကိုရော ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 1.5GB, 941MB, 474MB Quality            : 1080p WEBRip, 720p WEBRip, 480p Format            : mp4 Duration         : 1hr & 40mins Genre              : Romance Translated by Jane Encoded by Kinnov

Action • Drama • Science Fiction
6.9 2022 102 mins
Girl Picture
Giant Fish 3: Fish Monster of Han River

"အယူသည်းမှုကနေ ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ အကျိုးဆက်များ" မြို့နဲ့ ဝေးလံခေါင်သီလှတဲ့ ကျေးရွာနယ်မြေလေးတွေမှာ နတ်ဆရာမ ၊ စုန်း အစရှိတဲ့ အတတ်ပညာတွေ အယူသီးလေ့ရှိကြပါတယ် ။ ဟန့်ကျန်းဆိုတဲ့ ရွာငယ်လေးတစ်ရွာမှာ ကလေးမီးမဖွားနိုင်တဲ့ မိခင်တစ်ယောက်ကို မီးဖွားနိုင်စေဖို့အတွက် နတ်ဆရာမတစ်ဦးဟာ အောက်လမ်းနည်းပညာ အတတ်တစ်ခုနဲ့ ပြုစားလုပ်ပေးခဲ့ပါတယ် ။ အဲ့ဒီကိစ္စဖြစ်ပျက်ပြီး ရှစ်နှစ်ကြာပြီးတဲ့နောက်မှာ ရွာငယ်လေးဆီဝယ် ထူးဆန်းလှတဲ့ သေဆုံးမှုတွေ ထူးဆန်းလှတဲ့ အဖြစ်အပျက်တွေ အဆက်မပြတ်ဆိုသလို ပေါ်လာခဲ့ပါတော့တယ် ။ အဲဒီအထဲကမှ သော်ပေါင် ဆိုသူကလဲ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီး သမီးငယ်လေးဖြစ်သူနဲ့ မြို့မှာသွားရောက်နေထိုင်ခဲ့ပါတယ် ။ တစ်နေ့မှာတော့ သော်ပေါင် တစ်ယောက် မြိူ့ကနေ ရွာငယ်လေးဆီကို တစ်ဖန်ပြန်လာခဲ့တဲ့အခါ...? ထူးဆန်းလှတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း သိရှိလိုက်ရပြီးတဲ့နောက် ကြောက်မက်ဖွယ်ကောင်းလှတဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ အမည်မဖော်နိုင်တဲ့ ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ ကိစ္စတွေထဲကမှ အမှန်တရားကိုရှာဖွေပြီး ကဒ်ဆိုးဆိုက်နေတဲ့ ရွာငယ်လေးကို ကယ်တင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Horror , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Romance
0 2023 80 mins
Giant Fish 3: Fish Monster of Han River
Mr. Malcolm's List
6.1

~ Rotten Tomatoes - 82% ~ ကျွန်တော်တို့တွေ Marvel ရဲ့ Loki အနေနဲ့ သိကြတဲ့ မင်းသား Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ပါတဲ့ ရုံတင်ကားသစ်လေးပါ။ ၁၈၁၈ခုနှစ် အင်္ဂလန်မှာ လင်ဖမ်းဖို့အသင့်ဆုံးလူတစ်ယောက်ရှိတယ်။ သူတို့စကားအရတော့ ရုပ်ကလည်းချော ငွေကလည်းထောတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ဒီတစ်ဇာတ်လုံးက ခေတ်ကာလနဲ့လည်းလုံးဝကိုက်ပါတယ်။ ဘာလို့ဆို ဇာတ်က အစအဆုံး မကြာခင်မှာ ကြင်နာမယ်ဆိုပြီး ကိုကို မောင်မောင်မရွေး အချိန်ပြည့် လင်ရှာနေတဲ့ မိန်းမတစ်အုပ်နဲ့ ခုန ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးရဲ့ တိုင်ပတ်နေတဲ့ဇာတ်ပါပဲ။ ဘဲကြီးက ဘယ်မိန်းမကိုမှ လက်မခံပါဘူး။ ဒီတော့ မလိုချင်တာလားဆိုတော့ မဟုတ်ဘူး။ သူ့မှာ သတ်မှတ်အရည်အချင်းစာရင်းရှိတယ်။ မယားအဝယ်မှားရင် အလိုက်ပေးပြန်လဲလို့မရလို့ သေချာရွေးတယ်ပေါ့။ ရုပ်ချောရမယ် ဘာညာကအစ မျိုးကောင်းရမယ်အဆုံး ဉာဏ်ကောင်းရမယ် မျက်စမပစ်ရဘူး ဘာညာပါတဲ့ တကယ်တမ်းဆို အရေးမပါတဲ့အချက်တွေနဲ့ တိုင်းပြီး ရွေးတာပါ။ ဒီတော့ အငြင်းခံလိုက်ရတဲ့ ကလေးမက သူ့ကို လက်စားချေဖို့လုပ်ပါတယ်။ လက်စားချေမယ်ဆိုပြီး သူ့သူငယ်ချင်းကို ဟိုဘဲကြီး ကြိုက်လောက်တဲ့ပုံဖြစ်အောင် ပုံသွင်းပြုပြင်ပေးပါတယ်။ ကံကောင်းချင်တော့ နှင်းဆီခိုင်ကြီးက သူ့သူငယ်ချင်းကို ကြိုက်သွားပါတယ်။ ဒီနောက် ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးနဲ့ စကီနှစ်‌ယောက်ဇာတ် ဘာဆက်ဖြစ်သွားမလဲကိုတော့ ဒီရုပ်ရှင်လေးမှာ ကြည့်ရှုရယ်မောလိုက်ကြပါဦး။ နာမည်ကျော်စာအုပ်လည်းရှိ ရုံတင်ကားလည်းဟုတ်တဲ့ ဇာတ် ရိတ်တင်ကလည်းမဆိုးဆိုတော့ ပေါနေမှာပူစရာမလိုပါဘူး။ Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ကလည်း အဓိက‌ဇာတ်ကောင်တစ်ယောက်အဖြစ် ပြောင်ပြောင်မြောက်မြောင် ၀င်သရုပ်ဆောင်ထားလေတော့ သူ့စကေးတွေကို ရှိုးရမယ့်အပြင်ကို 19 ရာစုနှစ် အင်္ဂလန် ဝိတိုရိယခေတ်ကို ဇာတ်အိမ်တည်ထားတဲ့ ကားမျိုးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 1GB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 57Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Crime • Romance • Thriller
6.1 2022 117 mins
Mr. Malcolm's List
I Don't Like Younger Men
3.7

ဒီကားလေးကတော့ 18+ ကားဆိုပေမဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးနဲ့ပါ။ ဝန်းဂီဆိုတဲ့ အမျိုးသားဟာ ဇနီးဖြစ်သူဆုံးသွားပြီးနောက် မြို့ပြနဲ့အဝေးတစ်နေရာမှာ အသေးစား ဘော်ဒါဆောင်လေး တစ်ခုဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုကာ နေထိုင်ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူက ကျောင်းက အားလပ်ရက်လေး ရတုန်း သူငယ်ချင်းဖြစ်သူ ဆယ်ယောင်းကို ခေါ်ကာ အဖေဖြစ်သူဖွင့်ထားတဲ့ ဘော်ဒါဆောင်လေးမှာ နေဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆယ်ယောင်းဟာ ဝန်းဂီရဲ့ တိမ်းပါးသွားတဲ့ ဇနီးဖြစ်သူနဲ့ အတော်လေး ဆင်တူတာက တစ်ကြောင်း ... ဝန်းဂီရဲ့ သမီးဖြစ်သူနဲ့ ဆယ်ယောင်းတို့ကြားမှာ ပြဿနာ အဖုအထစ်လေးတွေ ရှိကာ ဆယ်ယောင်းကလည်း အဲ့ဒီအတွက် လက်စားချေလိုနေတာက တစ်ကြောင်း ... ဝန်းဂီနဲ့ ဆယ်ယောင်းတို့ ဇာတ်လမ်းလေးတွေ စဖြစ်ပါတော့တယ်။ ဆယ်ယောင်းတို့ သူငယ်ချင်း နှစ်ယောက်ကြားက ပြဿနာက ဘာဖြစ်မလဲ? အဖေနဲ့ သူငယ်ချင်းတို့ရဲ့ နှစ်ပါးသွား ဇာတ်လမ်းကို သတိထားမိတဲ့အခါ ဝန်းဂီရဲ့ သမီးတစ်ယောက် ဘယ်လို တုန့်ပြန်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုကြရအောင်ပါ။ File Size          : 790MB, 268MB Quality            : 720p HDRip, 480p Format            : mp4 Duration         : 1hr & 22mins Genre              : Romance, Adult, Asian Translated by 911 Encoded by DevilDad

Drama • Romance
3.7 2017 82 mins
I Don't Like Younger Men
Taurus
4.8

Taurus (2022) =========== ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေအတွက် Drama/musical အမျိုးအစားဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Taurus ကိုတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ entertainment industry တွေရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေ dark side တွေအားလုံး ကို ထိထိမိမိ ချပြထားပါတယ်။ ဇာတ်လမ်းကိုတော့ ဆေးစွဲနေတဲ့ နာမည်ကျော် အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ကိုးလ်ရဲ့ သနားစရာကောင်းပြီး အရှုံးသမားပုံစံပေါက်နေတဲ့ ဘဝ အကြောင်းနဲ့ အစချီထားပါတယ်။ ဆေးစွဲနေပေမဲ့လည်း ဘဝကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းချင်တဲ့ ကိုးလ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ၊ သူ့ဘဝ ထဲကိုရောက်လာတဲ့သူတွေ၊ သူထိန်းသိမ်းရမဲ့ နာမည်ကျော်တစ်ယောက်ရဲ့ ပုံရိပ် အစရှိတာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။ ကိုးလ်ရဲ့ ရင်နာဖွယ် ဘဝအကြောင်းကို သူဖန်တီးနေတဲ့ ဂီတလေးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့အပြင်၊ နာမည်ကျော် celebrity တွေခံစားရလေ့ရှိတဲ့ ခံစားချက်တွေကို ထိထိမိမိဖော်ပြရင်း ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်မြင့်နဲ့ အဆုံးသတ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ ကိုးလ်တစ်ယောက် ဘဝရဲ့ ဖိအားတွေကို ဖိနှိပ်ရင်း သူဆက်ပြီးဖန်တီးဖို့လိုတဲ့ ဂီတတွေကို ဘယ်လို ဖန်တီးသွားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.32 GB) / (506 MB) / (286 MB) Quality…………WEB-RIP 1080p / 720p / 360p Duration………1Hr 38Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Music Translator…….June Encoder……….SWM

Action • Drama • History
4.8 2022 98 mins
Taurus
Force Majeure
7.2

သင်ဟာ ဇာတ်ကားလေးကြည့်ရင်း တွေးနေရတာကို သဘောကျသူလား၊ တစ်စိမ့်စိမ့်နဲ့ဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးကို သဘောကျသူလား၊ အဆုံးမှာတွေးစရာတွေပေးသွားတာမျိုးကို သဘောကျသူလား။ ဒါဆို Force Majeure ဆိုတဲ့ drama/comedy ဇာတ်ကားလေး ရှိပါတယ်။ ဒီဇာတ်ကားမှာပေါ့ တိုမက်စ် နဲ့ အက်ဘီဆိုတဲ့ လင်မယားမှာ ဟယ်ရီ နဲ့ ဗီရာဆိုတဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။ သူတို့တွေဟာ မိသားစုနဲ့အတူ အနားယူချင်တာကြောင့် နှင်းလျှောစီးတဲ့နေရာကို ၅ရက် အပန်းဖြေခရီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။ နှင်းလျှောစီးတဲ့အချိန် အဆင်ပြေနေခဲ့ကြပေမယ့် နေ့လယ်စာ စားချိန်ရောက်တော့ ပြဿနာစလာပါတော့တယ်။ သူတို့‌ နေ့လယ်စာ စားဖို့လုပ်တုန်း နှင်းတောင်ပြိုမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါဟာ နှင်းလျှောစီးသူတွေအန္တရာယ်ကင်းအောင် တမင်ဖြိုချတာဖြစ်ပေမယ့် စားသောက်ဆိုင်တည့်တည့်ကို အရှိန်နဲ့ဆင်းလာတဲ့အခါ တိုမက်စ်လည်း ကလေးတွေနဲ့မိန်းမကို ထားခဲ့ပြီး တန်းနေအောင်ပြေးပါတော့တယ်။ ကံကောင်းစွာနဲ့ ဘယ်သူမှဘာမှမဖြစ်ခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ အက်ဘာကို စိတ်ခုစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ပြီးကတည်းက တိုမက်စ်နဲ့အက်ဘာဟာ အဆင်မပြေတွေဖြစ်ခဲ့ကြပြီး သူတို့ပြဿနာကတစ်ဖက်၊ ကလေးတွေကတစ်ဖက်၊ ကြားမှာ ဘယ်လိုတွေဆက်ပြီးဖြစ်သွားမလဲ၊ တိုမက်စ်တကယ်ပဲမှားခဲ့တာလား၊ အက်ဘာကပဲ အတွေးလွန်နေတာလား၊ အဆုံးမှာဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်၀င်စားဖို့ကောင်းတာကြောင့် drama ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.20 GB / 697 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

7.2 2014
Force Majeure
Apocalypto
7.8

Apocalypto (2006) IMDb Rating (7.8 ) / Rotten Tomatoes (65%) လူ့သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံးဆိုတဲ့ ယဉ်ကျေးမှုတွေ၊ အဆောက်အဦတွေ ဖန်တီးနိုင်ခဲ့တဲ့ မာယာလူမျိုးတွေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ…. မာယာလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုလက်ရာတွေနဲ့ ကမ္ဘာကို အလှဆင်နိုင်ခဲ့ကြတယ်။ စာပေ အရေးအသားတွေဖန်တီးခဲ့ကြတယ်။ ပြက္ခဒိန်ကိုတောင် တီထွင်နိုင်ခဲ့ကြတယ်။ ဒီလို ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့လူမျိုးရဲ့ သမိုင်းကြောင်းကို ဂုဏ်ယူပြီး ပြန်ပြောနိုင်တဲ့သူ မရှိတော့လောက်အောင်ကို ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ။ ပညာရှင်တွေ တညီတညွတ်ထဲ လက်ခံထားကြတာကတော့ မာယာလူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားရတဲ့ အဓိကအချက်က စစ်ပွဲတွေကြောင့်တဲ့။ မာယာလူမျိုးတွေက သူတို့သွေးတူ မျိုးကွဲ ညီအစ်ကိုတွေနဲ့ တစ်နှစ်ပတ်လုံး စစ်တိုက်နေကြလို့ မျိုးသုဉ်းပျောက်ကွယ်သွားကြရတာလို့ ဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီး အကောင်းဆုံးညွှန်းဆိုပြရမယ့် ရုပ်ရှင်ဆိုရင်တော့ Mel Gibson ရဲ့ Apocalypto (2006) ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။ 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားကို မကြည့်ဖူးသူ မရှိသလောက်ပါပဲ။ ဒီကားဟာ ငယ်ငယ်က အသည်းစွဲကား ဖြစ်ပြီးတော့ အခုချိန်ထိကြည့်လည်း မရိုးသေးတဲ့ ဇာတ်ကားပါ။ Mel Gibson ရဲ့အကောင်းဆုံးကားတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါရိုက်တာ Mel Gibson ဟာ မာယာ Maya ခေတ် က လူမျိုးတွေအကြောင်းကို ရိုက်ချင်တဲ့အတွက် မာယာဘာသာစကားတွေကို လေ့လာသင်ယူခဲ့ရပါတယ်။ ဒီရုပ်ရှင်တစ်ခုလုံးက Maya ဘာသာစကားတွေနဲ့ပဲ ပြောထားတာပါ။ ရုပ်ရှင်သရုပ်ဆောင် တော်တော်များများကိုလည်း မာယာဘာသာစကားကို သင်ယူစေခဲ့ပြီးမှ ရိုက်ကူးစေခဲ့ပါသတဲ့။ ဒီရုပ်ရှင်ရိုက်ကူးဖို့ ပထမတော့ Costa Rica ဗင်နီဇွဲလား နိုင်ငံတွေမှာ သွားရိုက်ဖို့ စိတ်ကူးပေမယ့် တောနက်တာကြောင့် မက္ကစီကိုမှာသာ ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်အတွက် တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ လူသစ်တွေတွေကိုသာ ထည့်သုံးပြီး ရိုက်ခဲ့ပါတယ်။ Main Cast တော်တော်များများဟာ မက္ကဆီကန် မျိုးနွယ်စပ်တွေ အများစုဖြစ်ကြပါတယ်။ Jaguar Paw နေရာမှာ သရုပ်ဆောင်တဲ့ Rudy Youngblood ဟာ အမေရိကန်ဌာနေတိုင်းရင်းသား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ မိတ်ကပ်ပညာရှင်အများအပြားခေါ်သုံးခဲ့ရပြီး scene တစ်ခုရိုက်ဖို့ မိတ်ကပ်အတွက် ၆ နာရီလောက် အချိန်ယူပြင်ခဲ့ရပါသတဲ့။ Make up အတွက် Oscar စာရင်းဝင်ခဲ့ပါသေးတယ်။ ဒါရိုက်တာ Mel Gibson ဟာ ဒီကားအတွက် Maya ခေတ် မာယာထုံးတမ်းစဉ်ယဉ်ကျေုးမှုတွေ သိတဲ့ ပါမောက္ခတစ်ယောက်ကို ငှားရမ်းအသုံးပြုခဲ့ရပါတယ်။ ဒါရိုက်တာ Mel Gibson နဲ့ Farhad Safinia ကဇာတ်ညွန်းရေးပြီး ရိုက်ခဲ့တာပါ။ ဘတ်ဂျက် သန်း ၄၀ သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၂၀ ပြန်ရခဲ့တဲ့ထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဝေဖန်သမားတွေရဲ့ ချီးကျူးမှုလည်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…. အခါတစ်ပါး မာယာနိုင်ငံတော်ကြီးမှာ သဘာဝလွန် သဘောတရားတွေကြီးစိုးနေတာကြောင့် နတ်ဆရာလို နေဆရာလို ဆရာကြီးဆိုသူတွေက မိုးခေါင်တိုင်း အသီးအနှံမဖြစ်တိုင်း အားတိုင်းယားတိုင်း မမြင်ရတဲ့မိုးနတ်မင်းကို ပူဇော်ပသတယ်ဆိုပြီး မျိုးနွယ်တူ အားနည်းသူ တောထဲကမျိုးနွယ်စုတွေကိုဖမ်းခေါ်ပြီး အရှင်လတ်လတ် နှလုံးထုတ် ခေါင်းဖြတ်ခြင်းအလုပ်ကို စိတ်တိုင်းကျလုပ်နေပါတော့တယ်။ ဒီလိုနဲ့ ဖမ်းလာတဲ့ အထဲကမှ Jaguar Paw ကတော့ ဇာတ်လမ်းအရ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးခြင်းကိုခံရပြီး ယစ်ပူဇော်ခံရခါနီးမှာ မိုးအုံ့လာလို့ ကံကောင်းပြီး ယစ်စင်ပေါ်ကနေပြန်ဆင်းလာရပါတယ်။ ဒါပေမယ့် လူသတ်ရတာကို ထမင်းစားရေသောက်လိုဖြစ်နေတဲ့ အရိုင်းအစိုင်းခေတ်ကြီးမှာ သူတို့ကို ဒီတိုင်းပြန်လွှတ်ပါ့မလား…. ရေတွင်းထဲမှာ ကိုယ်ဝန်ကြီးနဲ့ပုန်းကျန်ခဲ့တဲ့ သူ့မိန်းမနဲ့ကလေးကရော မိုးတွင်းကြီးမှာ လွတ်မြောက်နိုင်ပါ့မလား… အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ အယူမှားတွေနဲ့ပြည့်နှက်နေပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်စောင်နေကြတဲ့ သူတို့ဘဝတွေက ဘယ်လောက်ထိရှင်သန်နိုင်ပါ့မလဲဆိုတာ…။ (ရုပ်ရှင်က R-Rated သတ်မှတ်ထားပြီး အသတ်အဖြတ်တွေက ကြမ်းတာကိုတော့ သတိပြုရပါမယ်။) ရုပ်ရှင်အညွှန်းအတွက် အင်တာနက်စာမျက်နှာပေါ်က အချက်အလက်တချို့ကို ကူးယူဖော်ပြထားပါသည်။

7.8 2006
Apocalypto
Memory
6.7

Memory (2023) ~ IMDb – 6.7/10, RT – 84%, Meta – 72% ~ လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ သူ့အသက်၈နှစ်ကတုန်းက သူ့အဖေရင်းကိုယ်တိုင် ဗလက္ကာရပြုကျင့်တာကို ခံခဲ့ရသလို သူ့အမေကို သွားတိုင်တော့လည်း မယုံခဲ့ဘူး။ သူ့ကို လုပ်ဇာတ်တွေလျှောက်ခင်းနေတယ်ပဲ သတ်မှတ်ခဲ့တယ်။ ဒီလိုနဲ့ကျောင်းတက်လို့ ကျောင်းမှာထပ် မုဒိန်းကျင့်ခံရလို့ သူ့အမေကို သွားတိုင်တော့လည်း သူ့အမေက သူ့ကို လုပ်ဇာတ်တွေခင်းနေတယ်ပဲသတ်မှတ်ပြီး သူ့ကိုပဲ ထပ်အပြစ်တင်ခဲ့တယ်။ ဒီလိုနဲ့ အမေကို အမုန်းကြီးမုန်းလာတဲ့ အဲဒီအမျိုးသမီးဟာ သူ့အမေဆီက အကူအညီမယူဘဲ သူ့ဘဝကို သူခက်ခက်ခဲခဲနဲ့ကျောင်းနေခဲ့တယ်။ သူ့မှာ သမီးလေးတစ်ယောက်ရှိပေမဲ့ အဲဒီသမီးလေးကို သူဘယ်လိုရခဲ့လဲတော့ မပြထားဘူး။ တစ်နေ့ကျ အဲဒီအမျိုးသမီး ကျောင်းတွေ့ဆုံပွဲကနေ အပြန်မှာ ယောက်ျားတစ်ယောက်က တစ်လမ်းလုံး သူ့နောက်လိုက်လာတယ်။ သူလည်း ထရော်မာရှိတဲ့သူဆိုတော့ လန့်သွားတာပေါ့။ သူ့ကို မုဒိန်းကျင့်ခဲ့တဲ့လူတွေထဲကတစ်ယောက်လား ဘာလားလို့ သူထင်လိုက်တယ်။ ဒါပေမဲ့ နောက်မှသိလိုက်ရတာက အဲဒီလူက အတိတ်မေ့ သတိလွတ်လွတ်သွားတတ်တဲ့ရောဂါသည်ဖြစ်နေတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်စလုံးရဲ့ မှတ်ဉာဏ်တွေကို ကျွန်တော်တို့ကို တစ်လွှာချင်းခွာချပြသွားတယ်။ ဒီရုပ်ရှင်ကိုကြည့်တဲ့ ပရိသတ်တွေထဲ တော်တော်ကြိုက်တဲ့လူနဲ့ တော်တော်မကြိုက်တဲ့လူဆိုပြီး ဆိုးဆိုးရွားရွားကို ကွဲပြားနေတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းရဲ့ထိခတ်စေနိုင်စွမ်းကို ချီးကျူးကြတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းဟာ မပြသွားတာတွေများတော့ မပြည့်စုံဘူးဆိုပြီး သမုတ်ကြသလို အတိတ်မေ့သတိလွတ်နေတဲ့လူနဲ့ ဖြစ်တဲ့အမျိုးသမီးကို အပြစ်တင်ကြတာလည်းရှိတယ်။ ပြောရရင် သတိမရှိတဲ့လူတစ်ယောက်ရဲ့ Consent က မစစ်ဘူးပေါ့။ ဟောလိဝုဒ်က Consent ကို ဂရုမစိုက်ဘူးဆိုတာအထိပြောကြတယ်။ ဘာပြောပြောပါ၊ ၂၀၂၁တုန်းက The Eyes of Tammy Faye နဲ့မင်းသမီးဆုရခဲ့တဲ့ Jessica Chastain နဲ့ Peter Sarsgaard တို့ကတော့ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ခဲ့ကြတယ်။ သေချာတာတော့ ဒီမှတ်ဉာဏ်ဆိုတဲ့ရုပ်ရှင်ဟာ ဇာတ်လမ်းမပြည့်စုံတာလည်းမဟုတ်သလို ပြချင်တာပြထားတာလည်းမဟုတ်တဲ့ မှတ်ဉာဏ်တွေအကြောင်းပြထားတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 950MB, 560MB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Romance
6.7 2023 104 mins
Memory
Tell Momma Not to Worry
5.1

ကယ်လီဖိုးနီးယားက ဆိုနိုမာဆိုတဲ့ မွေးရပ်မြို့ကလေးမှာ နေရစ်ခဲ့တဲ့ အဲလိယတ်နှင့် လော့စ်အန်ဂျလိစ်မှာ နာမည်ကျော်ဖြစ်ဖို့ ကြိုးစားနေရင်း နာမည်ကြီးထမင်းငတ်ဖြစ်နေတဲ့ ဂျိုးနပ်စ်တို့ ညီအစ်ကိုဟာ အယ်လ်ဇိုင်းမားဖြစ်နေရှာတဲ့ သူတို့အမေဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာ အမေ့ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့အရိုးပြာကို သူသဘောကျတဲ့ တောင်ပေါ်က ရေကန်လေးမှာ ပက်ကြဲပေးဖို့အတွက် အချိန်အကြာကြီးနေမှ နှစ်ယောက်သား ပြန်ဆုံတွေ့ဖြစ်ပါတော့တယ်။ သူတို့အမေသဘောကျတဲ့ ရေကန်လေးကို သွားတဲ့ နေ့ချင်းပြန်တောင်တက်ခရီးမှာ ညီအစ်ကိုနှစ်ယောက်ကြားက အချစ်မေတ္တာတွေ သံယောဇဉ်တွေ နာကြည်းချက်တွေ ကိုယ်စီဒဏ်ရာတွေကို ဖွင့်ဟဖော်ထုတ်ကြရင်း ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည့်ရှုရမယ့် ဇာ်တ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ အကြီးဖြစ်တဲ့သူကလည်း အကြီးဖြစ်တဲ့အလျောက် အငယ်ဖြစ်သူကလည်း အငယ်မို့ ခံစားရတာတွေ ပေးဆပ်ရတာတွေ မိသားစုတစ်စုဟာ ပျော်ရွှင်မှုရော နာကျင်မှုရော အမှတ်တရတွေနဲ့ ရောပြွန်းနေတာကို လှပစွာ ပုံဖော်ထားတာကြောင့် ဘယ်လို family issue ရှိတဲ့ သားသမီးမဆို relate လုပ်လို့ရတဲ့အတွက် တစ်ခါလောက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.6 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

TV Movie • Thriller • Crime
5.1 2023 83 mins
Tell Momma Not to Worry
Pepe
6.5

Pepe (2024) “သွေးကြွေး” အသစ်ထွက်ရှိလာတဲ့ ကန်နားဒါးသည်းထိပ်ရင်ဖိုရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အဖေဖြစ်သူ အသတ်ခံလိုက်ရတဲ့အတွက် အမေတစ်ခုသားတစ်ခုရယ်နဲ့ ရှင်သန်နေရတဲ့ သားတစ်ယောက်။ အမေဖြစ်သူရော ချစ်သူရောက ခက်ထန်ကြမ်းတမ်းတဲ့သူ့ကို ရန်မဖြစ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းနေရတာပါ။ ရေအောက်မှာရှိနေတဲ့ နတ်ဆိုးပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုကြောင့် ကျိန်စာသင့်နေတဲ့စမ်းချောင်းကို ကာကွယ်ရမယ်ဆိုတဲ့ သူသေချာနားမလည်တဲ့ အမှာစကားတစ်ခု။ လူတစ်စုက နိုင်ထက်စီးနင်းနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်လာတဲ့အခါ လက်ရဲဇက်ရဲနိုင်တဲ့လူတစ်ယောက် အမေနဲ့ချစ်သူစကားကို ဆန့်ကျင်ပြီး တွန်းလှန်မှာလား။ အတိတ်ကလျှို့ဝှက်ထားတဲ့အရာတွေကိုရော ဘယ်လိုသိလာရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Comedy • Family • Adventure
6.5 2024 126 mins
Pepe
Summer Rain
5

ဒီကားကိုတော့ ဒါရိုက်တာ Josiah David Warren ရိုက်ကူးထားပြီး ဂီတနဲ့အချစ်သံယောဇဉ်ရဲ့ဆက်နွယ်မှုတွေကို လှပတဲ့သံစဉ်လေးတွေ နားဆင်ရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ အန်ဒရီနဲ့ဂျိန်းတို့ဟာ အရမ်းချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး သမီးလေးဂျိန်းမွေးဖွားလာဖို့ကို စောင့်ဆိုင်းနေကြတာပါ။ သူတို့နှစ်ယောက်လုံးက ဂီတပညာရှင်တွေဖြစ်ကြပြီး ငယ်ချစ်စုံတွဲတွေလဲဖြစ်ပါတယ်။ အန်ဒရီခရီးသွားနေတဲ့ချိန် မတော်တဆတစ်ခုကြောင့် ဂျိန်းဟာ ကလေးမွေးရင်းနဲ့ သေဆုံးသွားတဲ့အပြင် အန်ဒရီကလဲကားမတော် တဆမှုဖြစ်ခဲ့ပါတယ်။ မျှော်လင့်ခဲ့ရတဲ့ သမီးလေးဂျိန်းကမွေးဖွားလာခဲ့ပေမဲ့ အန်ဒရီဟာ ဇနီးဖြစ်သူဂျိန်းကို ဆုံးရှုံးခဲ့ရတဲ့အတွက် နာကျင်နေခဲ့ရပြီး သူ့ရဲ့ ဂီတဝိဉာဏ်ကလဲသူမနဲ့အတူသေဆုံးသွားခဲ့ပါတယ်။ ဒီအရှုပ်အထွေးတွေရဲ့ကြား အိမ်ထိန်းအမျိုးသမီးဟန်နာရဲ့ သမီးဖြစ်သူက သူမရဲ့ကလေးနစ်ကိုး နဲ့ကလေးလေးဂျိန်းကို နေရာလဲလိုက်တဲ့အခါ ကလေးနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာလဲ ပြောင်းလဲသွားပါတော့တယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဂျိန်းတစ်ဖြစ်လဲဒေစီဟာ သူမအမေရင်းလိုပဲ တယောထိုးပညာရှင်ဖြစ်လာခဲ့ပါတယ်။ လမ်းဘေးမှာတယောထိုးရင်း ပိုက်ဆံရှာနေတဲ့ ဒေစီကို ဂီတရဲ့ ဆက်သွယ်မှုကတစ်ဆင့် အန်ဒရီကရှာတွေ့သွားတဲ့အခါ… ဂီတရဲ့ဆက်နွှယ်မှုကနေ အဖေနဲ့သမီးအချင်းချင်း သိသွားနိုင်မလား… နစ်ကိုးတစ်ဖြစ်လဲဂျိန်းကရော သူမရဲ့ပြည့်စုံတဲ့ဘဝမှာ တကယ်ပဲ ပျော်ရွှင်နေရဲ့လား… အန်ဒရီကရော နှစ်တွေကြာပြီးနောက် ဇနီးဖြစ်သူအတွက် ပူဆွေးမှုတွေကိုလွှတ်ချနိုင်ပြီး အချစ်သစ်ကိုထပ်တွေ့မှာလား… ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရင်းအဖြေရှာရမှာပါ။ အချစ်နဲ့သံယောဇဉ်တွေကို ပေါ်လွင်အောင် ဂီတသံလေးတွေရဲ့ကြား အသေအချာရိုက်ကူးထားတာကြောင့် လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ကားလေးပါပဲ။ File size… (1.17GB) / (702MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Documentary
5 2024 99 mins
Summer Rain
Hana-Dama
6.5

Hana-Dama (2014) ****************** မီဇူကီဆိုတဲ့ ကောင်မလေးဟာ ကျောင်းမှာ ပြဿနာတက်ပြီးတော့ တခြားကျောင်းတစ်ခုဆီ ပြောင်းခဲ့ပါတယ် .. ဒါပေမဲ့ အဲဒီကျောင်းမှာ အနိုင်ကျင့်တဲ့သူတွေပဲ ကြီးစိုးနေတာကြောင့် အဆင်မပြေခဲ့ပါဘူး .. ကျောင်းမှာရှိတဲ့ ဆရာတွေကလည်း ကျောင်းသားအချင်းချင်း အနိုင်ကျင့်နေတာကို သိနေပေမဲ့ မသိချင်ယောင်ဆောင်ထားတဲ့အပြင် သူတို့ကိုယ်တိုင်ကပါ ကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်ပြီး လိင်အမြတ်ထုတ်နေကြပါတယ် .. အရင်က ကျောင်းမှာလည်း ပြဿနာတွေတက်ခဲ့ရလို့ ကျောင်းအသစ်ပြောင်းလာတဲ့ မီဇူကီတစ်ယောက် ကျောင်းအသစ်မှာ ကျောင်းသားချင်း အနိုင်ကျင့်တာတွေအပြင် ဆရာတွေကပါ အမြတ်ထုတ် စော်ကား‌တာကို ကြုံလိုက်ရတဲ့အခါမှာ ဘယ်လိုမျိုး‌တုန့်ပြန်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် .. သွေးထွက်သံယိုနှင့် 18+ ဇာတ်ဝင်ခန်း တချို့ပါတာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူးခင်ဗျာ .. (အညွှန်းကို Okka မှ ရေးသားထားပါတယ်) File size…1.64GB / 776MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Horror, Psychological, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Okka Encoded by AHtet

Romance
6.5 2014 106 mins
Hana-Dama