YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Army Of The Dead (2021).mp4

3.34 GB N/A video/mp4 2756 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Haw

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ “A Dog’s Purpose” တို့ “Hachi: A Dog's Tale” တို့လို ဝုတို့ရဲ့စွန့်စားခန်းတွေ ဝုနဲ့ဝုမိဘတွေကြားက သံယောဇဉ်ဖွဲ့ဇာတ်လမ်းမျိုးတွေကို အကြိုက်တွေ့သူတို့အတွက် ဂျပန်ဇာတ်လမ်းလေး “Haw” ဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို ရှက်ကိုးရှက်ကန်းနဲ့တွန့်ဆုတ်နေတတ်တဲ့ကောင်လေးတစ်ယောက် နဲ့ မဟောင်နိုင်တဲ့ခွေးလေး “ဟောင်းဝ်” တို့ရဲ့ချစ်စဖွယ်ဇာတ်လမ်းလေးပေါ့။ ဇာတ်လမ်းအစမှာတည်းက တာမီအိုက ကိုယ်နဲ့လက်ထပ်ဖို့ မင်္ဂလာခန်းမမှာတောင် ငှါးထားပြီးတဲ့အခြေအနေမှာပဲ ရည်းစားကနောက်တစ်ယောက်နောက်ပါသွားလို့ စော်ပစ်ကောင်လေးဖြစ်ပြီး ကြေကွဲလူငယ်ဖြစ်နေရှာတာပါ။ ဒီလိုနဲ့ တာမီအို့ရဲ့အသည်းကွဲနေ့ရက်တွေဆီ ဖွေးဖွေးဖြူနေတဲ့အမွှေးတွေနဲ့ စွန့်ပစ်ခံခွေးလေး “ဟောင်းဝ်” ရောက်လာခဲ့တယ်။ “ဟောင်းဝ်” ဆိုပြီးနာမည်တွင်သွားတာကတော့ အရင်သခင်က အသံကြိုးတွေကိုဖြတ်ထားခဲ့တာမို့ ဟောင်တဲ့အခါ ပုံမှန်ခွေးတွေလို “ဝုတ်, ဝေါင်း” လို့အသံမထွက်နိုင်ဘဲ “ဟောင်းဝ်” လို့ပဲအသံထွက်တာမို့ပါ။ ဒီလိုနဲ့ အတိတ်ဆိုးကိုယ်စီနဲ့တစ်ယောက်နဲ့တစ်ကောင် အချင်းချင်းအမှီသဟဲပြုနေကြရင်း တစ်နေ့မှာ တာမီအိုတစ်ယောက် ဟောင်းဝ်ကိုပျောက်သွားခဲ့တယ်။ ရောက်ရာအရပ်မှာ လူတိုင်းဆီကို ပျော်ရွှင်မှုတွေယူဆောင်ပေးတဲ့ ခွေးလေး “ဟောင်းဝ်” တစ်ကောင် သခင်နဲ့ဝေးကွာနေတုန်း ဘယ်လိုစွန့်စားခန်းတွေဖွင့်ရဦးမလဲ .. တာမီအို့ဆီပြန်ရောက်လာဦးမလားဆိုတာကို ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.78GB | 853MB | 420MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... Aaron

Drama • Science Fiction
null 2022
Haw
Captain America: The Winter Soldier
7.7

Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2.3 GB) and (1.2 GB in Openload) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:04:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Action • Adventure • Fantasy
7.7 2014 136 mins
Captain America: The Winter Soldier
Starred Up
7.3

Starred Up(2013) ============== ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Love လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်း အကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီး စိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊ အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက် ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။ Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူ Jack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင် အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by KMH

7.3 2013
Starred Up
Premonition
5.9

လင်ဒါဟန်ဆင်ဟာ သမီးနှစ်ယောက်မိခင် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းကတော့ အလုပ်ကိစ္စနဲ့ တစ်ညအိပ်ခရီးတိုတစ်ခုသွားနေခဲ့ပါတယ်။ ပုံမှန်မနက်ခင်းမှာ ပုံမှန်အတိုင်းပဲ နိုးထခဲ့ပြီး ကလေးတွေကိုကျောင်းပို့အိမ်ကိစ္စတွေလုပ်နေရင်းသူ့ဘဝကိုပြောင်းပြန်လှန်နိုင်တဲ့အပြောင်းအလဲတစ်ခုဟာ အိမ်ရှေ့ဘဲလ်ကို တီးပြီး ရောက်လာခဲ့တယ်။ တံခါးသွားဖွင့်ကြည့်လိုက်တော့ ရဲတစ်ယောက်ကို တွေ့ရပြီးအဲ့ဒီရဲကပဲ ဒီသတင်းဆိုးကို ပြောခဲ့တာပါ။ ‘ ခင်ဗျားယောက်ျား ကားမတော်တဆမှုဖြစ်ပြီး နေရာမှာတင် ဆုံးသွားပါတယ်” တဲ့။ သူတို့နှစ်ယောက်ဟာ ချစ်ခြင်းတရားကို အခြေပြုတည်ဆောက်ထားတဲ့ အိမ်ထောင်ဖြစ်တဲ့အတွက် သတင်းကြားကြားချင်း လင်ဒါ စိတ်လွတ်သွားတယ်။ပတ်ဝန်းကျင်နဲ့ကင်းကွာသွားတဲ့အထိ။ အဲ့ဒီညမှာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင် ဓာတ်ပုံလေးကို ဖက်ပြီး ဆိုဖာပေါ်မှာအိပ်ပျော်သွားခဲ့တယ်။ နောက်တစ်နေ့မနက်သူနိုးလာခဲ့တာကတော့သူတို့နှစ်ယောက်ရဲ့အိပ်ခန်းမှာတစ်ယောက်တည်းဖြစ်ပါတယ်။သမီးနှစ်ယောက်ကိုအော်ခေါ်တယ်။မီးဖိုချောင်ထဲကိုရောက်တော့တီဗွီကြည့်ပြီးမနက်စာစားနေတဲ့ယောက်ျားတစ်ယောက်ကိုမြင်တယ်။ မျက်နှာကိုပါတွေ့ရတော့မှ မနေ့က သေသွားပြီလို့သူသိထားတဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်းဖြစ်နေခဲ့တယ်။ ကြောင်တောင်တောင် မျက်နှာထားဖြစ်နေတဲ့ သူ့ကို သူ့ခင်ပွန်းက နူတ်ဆက်တယ်။ “ဘာတွေဖြစ်နေတာလဲအချစ်တဲ့”။ သူတို့ သမီးလေးနှစ်ယောက်ဆင်းလာတယ်။ သူတို့အဖေကို နူတ်ဆက်တယ်။ အားလုံးကပုံမှန်အတိုင်းပဲ၊ သူတစ်ယောက်တည်းရူးကြောင်ကြောင်ဖြစ်နေသလိုမျိုး..။အဲ့ဒီနေ့လေးဟာဟိုးအရင်ကလိုပုံမှန်လည်ပတ်သွားတယ်။ ညအိပ်ယာဝင်တယ်။နောက်ထပ် တစ်နေ့ သူနိုးလာတယ်။ ဘယ်သူ့ကိုမှ ရှာမတွေ့တော့ အိမ်အောက်ထပ်ကိုဆင်းတယ်။အိမ်အောက်ထပ်မှာ ဝတ်စုံနက်နဲ့ ဧည့်သည်တွေ အများကြီး။ သူ့အမေလည်း ရောက်နေတယ်။ သူတို့ အိမ်ဟာ ပီပီပြင်ပြင် အသုဘအိမ်တစ်ခုဖြစ်နေပြန်တယ်။ သူ့ယောက်ျား တကယ်မသေဘူးလို့ သူရုန်းကန်အော်ဟစ်နေတဲ့အချိန်မှာ သူ့အမေ သူငယ်ချင်းက အစ အရမ်းကို ရှော့ခ်ရနေတဲ့ လင်သေ မုဆိုးမတစ်ယောက် စိတ်လွတ်နေတယ်ပဲထင်ကြတယ်။ တကယ်တမ်းတော့သူဟာ timeline နှစ်ခုမှာတစ်ရက်ခြားတစ်ခါ ရှင်သန်နေခဲ့ပြီ။ ဒီနေ့မနက်သူယောက်ျားသေနေတယ်။ နောက်တစ်နေ့မနက်ကျရှင်နေသေးတယ်။အဲဒီနှစ်ခုမှာတစ်ခုဟာ စောနေခဲ့တာဖြစ်တဲ့အတွက် သူဟာ ဒါတွေကိုကြိုသိသလိုဖြစ်နေခဲ့တာပါ။ဒီထူးဆန်းတဲ့အဖြစ်ဟာ ဘယ်သူ့ကိုမှပြောပြလို့မရယုံလည်းယုံကြမှာမဟုတ်တဲ့အတွက်လင်ဒါအနေနဲ့ငြိမ်မနေပဲအဖြေရှာဖို့ကြိုးစားရပါတယ်။အဲ့ဒီလိုကြိုးစားရင်းနဲ့ပဲသူ့ခင်ပွန်းနဲ့ပတ်သက်ပြီးသူဘယ်လိုမှထင်မထားတဲ့လျှို့ဝှက်ချက်တွကိုသိရှိလာရတဲ့နောက်မှာတော့..သူတစ်ခုခုကိုဆုံးဖြတ်ဖို့ဖြစ်လာပါတော့တယ်။ File size…(1.5 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Thriller, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

5.9 2007
Premonition
Tokyo Revengers 2 Part 2: Bloody Halloween – Final Battle
6.6

Tokyo Revengers 2 Part 2: Bloody Halloween – Final Battle (2023) အားလုံးမျှော်နေကြတဲ့ Tokyo Revengers 2: Part 2 – Bloody Halloween Decisive Battle လေးရပါပြီနော်။ ဒီတစ်ခေါက် Part 2 မှာရော Part 1 မှာတုန်းက ပြီးမြောက်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ Tokyo Manjikai ဂိုဏ် းတည်ထောင်သူ ၆ ယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်ကို Takemichi တစ်ယောက် ဖြေရှင်းနိုင်သွားမှာလား။ သူ မဖြစ်စေချင်တဲ့ အရာတွေကို ဖြစ်မလာအောင် ကာကွယ်သွားနိုင်မှာလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ Tokyo Revengers ပရိသတ်ကြီး လက်လွှတ်မခံဘဲ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Khaing က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p File size… 1.5GB | 724MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe & Khaing Encoder ….. Aaron

Action • Crime • Comedy
6.6 2023
Tokyo Revengers 2 Part 2: Bloody Halloween – Final Battle
The Strange Case of a Claustrophobic Ghost

အိမ်အသစ်ကို ​ပြောင်းလာတဲ့ Nikolajဟာ ညဘက်​တွေဆို သူ့အဝတ်ဗီရိုထဲက အသံ​တွေ​ကြောင့် လန့်နိုးလာ​ရတတ်ပါတယ်။ သူတို့ရဲ့ တိုက်တန်းတည်ရှိတဲ့ လမ်းမှာ အို​ဟောင်း​နေတဲ့ အိမ်ကြီးတလုံးလည်း ရှိ​နေပါ​သေးတယ်။ ဒါ​တွေက ဘယ်လိုချိတ်ဆက်​နေလဲ။ Nikolaj က မမြင်သင့်တဲ့ ​လောကတခုကို မြင်​နေရတာလား။ သူ့အခန်းမှာဆက်​နေလို့ မရ​ဘူးဆိုတာကို လက်မခံချင်ဖြစ်​နေတဲ့ Nikolajတစ်​ယောက် စပ်စုတတ်တဲ့ညီ​​လေးနဲ့အတူ ​ကျောင်းက သူငယ်ချင်း အသစ်​လေး Ximenaနဲ့ ဘယ်လိုပူ​ပေါင်းပြီး သူ့အဝတ်ဗီရိုထဲက တစုံတရာကို ကူညီ​ပေးကြမလဲဆိုတာ ကို ဒီ မက်ဆီကန် ရုပ်ရှင်ကားသစ်​မှာ ကြည့်ရှုရမှာပါ​။ ကြည့်​နေကျ horror ကား​တွေနဲ့ မတူတဲ့ ဇာတ်​ကြောင်း​ပြောပုံနဲ့ အပြင်အဆင် ကြောင့် ပုံပြင်တစ်ပုဒ်ထဲ ​ရောက်ရှိသွားသလိုခံစားရပြီး လိုက်ပါစီး​မျောနိုင်မှာပါ။ စပိန်စကား​ပြော ရုပ်ရှင်ဖြစ်တဲ့ အပြင်၊ မြင်​နေကျမဟုတ်တဲ့ ကင်မရာ ရှု​ထောင့် ​တွေ၊ မက်ဆီကန် ရိုးရာ ယုံကြည်မှု အချို့ကို ထည့်သွင်းရိုက်ကူးထားပုံကိုလည်း မြင်​​တွေ့ရမှာပါ။ မိသားစု အတူတကွ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre… Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

0 2023
The Strange Case of a Claustrophobic Ghost
Love in Wolf Creek

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးရိုမန့်စ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်နဲ့ဆန်နီ ညီအမနှစ်ယောက်က Wolf Creekမြို့လေးမှာ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့သူတွေပါ။ အော်စတင်ကတော့ အဖွားဖြစ်သူကိုကူညီဖို့ မွေးမြူရေးခြံကနေ မြို့ကိုခဏရောက်နေတဲ့သူဖြစ်ပါတယ်။ တစ်ရက်ကျတော့ အလှူရှင်လာဖို့ရှိလို့ ပြင်ဆင်မှုလုပ်နေတုန်း တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ ဝံပုလွေတစ်ကောင်ကိုရှာပြီး ကယ်ဆယ်ရေးလုပ်ဖို့အကြောင်းဖန်လာပါတယ်။ ခြေရာကောက်ကျွမ်းတဲ့အော်စတင်က ဆမ်ကိုကူညီ‌ပြီးလိုက်ရှာကူပါတယ်။ တစ်ဖက်မှာလည်း ဝံပုလွေကို အရေခွံအတွက် လိုက်ဖမ်းနေတဲ့မှောင်ခိုသမားကိုလည်း ရင်ဆိုင်ရတဲ့ အော်စတင်နဲ့ဆမ်တို့ကြား အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲဆိုတာ ပေါ့ပါးပါးပါးကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Tv Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

0 2022
Love in Wolf Creek
It Comes
6.2

It Comes (2018) ဟိဒဲကိဟာ သိပ်ချောလှပြီး ချစ်ရတဲ့ ဇနီးလောင်းလေး ကာနာနဲ့အတူ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် စိတ်ကူးပျော်ရွှင်နေသူတစ်ယောက်… လက်ထပ်ပြီး မကြာခင် ဟိဒဲကိရဲ့အလုပ်ထဲကို ဧည့်တွေ့တစ်ယောက် ရောက်လာခဲ့ပြီး မဆုံလိုက်ရပေမဲ့ ချိဆာဆိုတဲ့ နာမည်တော့ ပြောသွားခဲ့တယ်။ ဧည့်သည်ရောက်နေကြောင်း အသိပေးလာတဲ့ လုပ်ဖော်ကိုင်ဘက်ကတော့ မကြာခင်မှာပဲ ထူးဆန်းတဲ့ ရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ အမှုမဲ့အမှတ်မဲ့နေခဲ့ပေမဲ့ သမီးလေး မွေးလာချိန်မှာ ချိဆာလို့ မှည့်ခဲ့တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း တစ်နေ့ တစ်နေ့ သူ့မိသားစုနဲ့ ဘာတွေလုပ်တယ်၊ ဘယ်လိုအတွေးတွေ ရှိတယ်၊ သမီးလေးကို ဘယ်လိုထိန်းကျောင်းတယ်ဆိုတာ ဘလော့ဂ်ထဲ အမြဲရေးတင်တတ်သူ… မိတ်ဆွေ သူငယ်ချင်းတွေ ဘ‌လော့ဂ် ဖတ်သူတွေ အနေနဲ့တော့ ဟိဒဲကိဟာ ဖခင်ကောင်းတစ်ယောက် အများက အားကျရတဲ့မိသားစုလေးပိုင်ဆိုင်ထားသူ… သမီးလေး ၂နှစ်အရွယ်ရောက်ချိန်မှာ သူတို့မိသားစုအပေါ် ဂြိုဟ်ဆိုးတွေ တစ်ခုပြီးတစ်ခု ဝင်လာပါတော့တယ်။ ဒါတွေကို ကိုင်တွယ်ပေးနိုင်ဖို့ နိုဇာကိနဲ့မာကိုတို တို့ကို အကူအညီတောင်းပြီးနောက်တော့… သမားရိုးကျထက် မထင်မှတ်ထားတဲ့ Plot Twists တွေပါတာမို့ Horror Fans တွေ အတွက် စိတ်ထဲစွဲစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thu Thu မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 2H 15Min Genre – Drama, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Thu Thu Encoded by Y

6.2 2018
It Comes
Woman in the Dunes
8.5

Woman in the Dunes (1964) ~ IMDb – 8.5/10, Rotten Tomatoes – 100% ~ One of the Best Japanese Films of All Time လို့ သတ်မှတ်ခံခဲ့ရတဲ့ Woman in the Dunes ဟာ Kōbō Abe ရဲ့ နာမည်ကျော်ဝတ္တုကို ပြန်ရိုက်ထားတဲ့ Japanese New Wave ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Hiroshi Teshigahara ရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လည်းဟုတ်တယ်။‌ နောက်ထပ်နာမည်ကျော်အနေနဲ့တော့ The Face of Another (1966) ကိုလည်း သူရိုက်ခဲ့ဖူးတယ်။ ဒီ၂ကားဟာ ဂျပန်ရုပ်ရှင်လောကရဲ့ အကောင်းဆုံးတွေထဲ မပါမဖြစ်တွေလို့တောင် ပြောလို့ရတယ်။ ဇာတ်ကတော့ ဘာမှမပါသလောက်တော်တော်ရိုးရှင်းတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဇာတ်အိမ်တည်ထားရာနေရာနဲ့ ဇာတ်လမ်းဇာတ်အိမ်က မတွေးစဖူးလောက်အောင် ထူးခြားတယ်။ အင်းဆက်တွေကို ဝါသနာအရ လေ့လာစုဆောင်းတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်။ အဲဒီကျောင်းဆရာက သဲပြင်အတိနဲ့ နေရာတစ်နေရာကို ရောက်လာပြီး အဲဒီနေရာက အင်းဆက်တွေကို လာလေ့လာတယ်။ ဒီလိုနဲ့အိမ်ပြန်ရမယ့်အချိန်မှာ ဘတ်စ်ကားချိန်မမီတော့လို့ သဲသောင်ရွာလေးမှာပဲ တစ်ညအိပ်လိုက်ရတယ်။ ဆန်းတာက အဲဒီရွာက သူတည်းတဲ့အိမ်က သဲပေါ်မှာဆောက်ထားတာမဟုတ်ဘဲ သဲကျင်းကြီးထဲ ဆောက်ထားတာ။ ကြိုးလှေကားနဲ့ သဲကျင်းကြီးထဲဆင်းပြီး အိမ်ထဲဝင်ရသလို အိမ်ထဲမှာလည်း တအိအိပြုတ်ကျနေတဲ့ သဲတွေရဲ့ ရိုက်ခတ်မှုကိုခံရတယ်။ ဒီလိုနဲ့ သဲကျင်းကြီးထဲ အဲဒီလူရယ် အိမ်ရှင်မိန်းမရယ် နှစ်ယောက်သား တစ်ညအိပ်ခဲ့ကြတယ်။ ညဘက်မှာ အိမ်ရှင်မိန်းမက သဲတွေကို ဂေါ်ပြားနဲ့ကျုံးပြီး ခြင်းထဲထည့်တယ်။ ကျင်းပေါ်က ရွာခံတွေက ကြိုးနဲ့ပုံးကိုဆွဲတင်ပြီး သဲတွေခပ်ထုတ်ပေးတယ်။ သဲတွေထပ်များလာပြီး သဲကျင်းထဲ အိမ်မမြုပ်သွားအောင် သူတို့တွေနိစ္စဓူဝလုပ်နေရတဲ့လုပ်ရင်တစ်ခုပေါ့။ တောင်ကုန်းကြီးပေါ်ကနေ ကျောက်တုံးကြီးကိုတွန်းချလိုက် ပြန်တွန်းတင်လိုက်လုပ်နေရတဲ့ စစ္စီဖစ်ရဲ့ဒဏ္ဍာရီလိုပေါ့။ မနက်မိုးလင်းတော့ အိမ်ရှင်မိန်းမက ဘာအဝတ်မှမပါဘဲ အိပ်နေတယ်။ ဒီမိန်းမကိုကြည့်နေရတဲ့ သူလည်း အမျိုးအမည်မသိတဲ့ဝေဒနာကိုသိမ်းပြီး အိမ်ပြန်ခရီးစဖို့ပြင်တယ်။ ဒါပေမဲ့ သဲကျင်းထဲ သူဆင်းလာခဲ့တဲ့ ကြိုးလှေကားက မရှိတော့ဘူး။ သဲကျင်းပေါ်တက်ဖို့ကြိုးစားပေမဲ့ သဲတွေဆိုတော့ တက်ဖို့လုပ်လိုက် ပြုတ်ကျလိုက်နဲ့ သူဘယ်လိုမှတက်မရဘူး။ ဒီလိုနဲ့ သူနဲ့အဲဒီမိန်းမ အဲဒီသဲကျင်းကြီးထဲ ဘယ်လောက်ကြာအောင် ဘယ်လိုပိတ်မိနေမလဲ။ သူကရော လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုပြထားတယ်။ ဇာတ်ကတော့ ဒါပဲပေမဲ့ ဒီသဲကျင်းနဲ့ ဒီသဲကျင်းနဲ့လူရဲ့ အဖြစ်သနစ်တွေဟာ ကျွန်တော်တို့နေထိုင်နေတဲ့ ရုပ်ဝတ္တုလောကကြီးနဲ့ ကျွန်တော်တို့ရဲ့အဖြစ်ကို နိမိတ်ပုံယူထားတယ်လည်း ဆိုကြတယ်။ ဒါလည်းပမာတစ်ခုပေါ့။ အဓိပ္ပာယ်ကတော့ ကောက်ချင်သလိုကောက်ရမှာပါပဲ။ ဘာအဓိပ္ပာယ်မှမကောက်လည်းပဲ အလိုလိုတစ်ခုခုတော့ရောက်လာမှာပါပဲ။ Woman in the Dunes ဟာ သူ့ခေတ်သူအခါအနေနဲ့ရော အခုရောက်နေတဲ့ ခေတ်အဆက်ဆက်အထိရော ဂျပန်ရုပ်ရှင်အနေနဲ့ရော ကမ္ဘာ့ရုပ်ရှင်အနေနဲ့ရော ထူးခြားတဲ့ရုပ်ရှင်ဖြစ်နေတုန်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 4Min Genre – Satire, Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.5 1964 147 mins
Woman in the Dunes
Cradle of Deception Conceived in Lies
5.7

Cradle of Deception (2024) IMDb Rating (5.7) ဒါကတော့ မိခင်မေတ္တာဘွဲ့ကားလေးပါ။ တကိုယ်တော် မိခင်တစ်ယောက်ဖြစ်တဲ့ အယ်ရင် ဟာ ဆုံးသွားပြီးဖြစ်တဲ့ သူမယောက်ျားရဲ့ မျိုးကို အသုံးပြုပြီး ဖန်ပြွန်သန္ဓေသားလေး ယူခဲ့တာပါ။ ဒါပေမယ့် အဲဒီသားလေးမှာ ရှားပါးတဲ့မျိုးရိုးလိုက်ရောဂါတစ်ခုဖြစ်လာတဲ့အခါမှာ ချဉ်ဆီအစားထိုးကုသဖို့ လှူဒါန်းသူကို လိုက်ရှာရင်း သူ့သားလေးကို ဖန်ပြွန်သန္ဓေယူပေးခဲ့တဲ့ မျိုးဆက်ပွားဆေးခန်းရဲ့ တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်ကြီးကို ဖော်မိရက်သား ဖြစ်သွားပါတယ်။ တကိုယ်တော် မိခင်ပေမယ့် သူမရဲ့သားလေးအတွက် ခြင်္သေ့မတစ်ကောင်လို တိုက်ရဲခိုက်ရဲသူတစ်ယောက်အဖြစ် Holly Deveaux ကိုတွေ့ရမှာပါ။ သူမကို ကူညီပေးတဲ့ သတင်းထောက်ချာလီ အဖြစ် Matthew James Dowden၊ သူမရဲ့ ဆရာဝန်အဖြစ် Jason Cermak တို့က အဓိကပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Soran Mardookhi ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.8 GB) / (790 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller,TV Movie Duration….01:29:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by T Lone

Animation • Comedy • Family • Fantasy • Adventure
5.7 2024 89 mins
Cradle of Deception Conceived in Lies
45 Years
7.1

45 Years (2015) IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။ လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။ အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ အသက်၇၀ကျော်အဘိုးကြီးရဲ့ ဘဝဟောင်းမှာ ကျန်နေတဲ့ အလွမ်းတွေပါပဲ။ ဒီ၂ခုက အားပြိုင်တယ်လို့တောင် ပြောမရလောက်ဘူး။ ပျော့ပျော့လေး တွန်းနေဆွဲနေတာလို့ပြောရမယ်။ သူတို့အသက်ရဲ့လက်ကျန်အင်အားနဲ့ပေါ့။ ဒီဘာမှမပါတဲ့ဇာတ်ရဲ့အသက်ကလည်း အပျော့စားအားပြိုင်မှုလေးတွေနဲ့ နောက်ဆုံးရလဒ်တွေပဲ။ ရွေးချယ်မှုတွေ အချစ်တွေ ခင်ဗျားဖွင့်ချင်သလို ဖွင့်လို့ရတယ်။ ဘယ်လိုပဲဖွင့်ဖွင့် သူ့အခြေအနေကြီးက မတရားဘဝမြောက်လွန်းနေတယ်။ အဘိုးကြီးက အဲဒီအတိတ်ကို သွားကြည့်ချင်ခဲ့တယ်။ ဒါကိုလည်း အဘွားကြီးကသိတယ်။ ဘယ်လိုသိဆို မိန်းမတွေရဲ့အလိုလိုသိစိတ်နဲ့သိတယ်။ ယောက်ျားတွေမှာလည်း ဒီလို အလိုလိုသိစိတ်ရှိတတ်ပေမဲ့ သူတို့ကိုတော့ မမီဘူးကိုး။ ခေတ်အဆက်ဆက် လူနေမှုမှာကိုက မိန်းမတွေဟာ စတင်သူမဟုတ်ခဲ့ဘူး။ ယောက်ျားတွေကတော့ သူတို့လိုချင်တာကို ထုတ်ပြထုတ်ပြောပြီး ယူဖို့ကြိုးစားခွင့်ရှိခဲ့ပေမဲ့ မိန်းမတွေကတော့ များသောအားဖြင့် သူတို့လိုချင်တာကိုရဖို့ လမ်းကြောင်းပေးရတာ အခြေအနေအချိန်အခါ စိတ်ကိုအကဲခတ်တာတွေက ဒီဘက်ခေတ်အထိတောင် သုံးနေရသေးတာပဲ။ ဒီတော့ သူချစ်လို့ယူထားတဲ့ နှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို သူပိုအကဲခတ်လို့ရ ပိုရိပ်မိတယ်။ လေ့ကျင့်လာသလိုဖြစ်သွားလို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီကိုး။ ဒီတော့ အဘိုးကြီးဘယ်ခြေလှမ်း လှမ်းလှမ်းအဘွားကြီးက သိတယ်။ သိတော့ စကားနဲ့ဖြစ်စေ သက်သေနဲ့ဖြစ်စေ မကြီးပေမဲ့ ထိခတ်တဲ့ပြဿနာလေးတွေကလာတယ်။ အဘွားကြီးက အကုန်သိနေတော့ အဘိုးကြီးမှာ ဘယ်လိုမှမလှိမ့်တပတ်လည်းလုပ်မရ အကြောင်းပြချက်လည်းပေးမရဘူး။ ဒီတော့ နောက်ဆုံးရွေးချယ်မှုပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ယုံကြည်တဲ့ အချစ်ဆိုတဲ့အရာတော့ တကယ်ရှိမရှိတော့ မသိဘူး။ သေချာတာကတော့ ခံစားချက်တွေကတော့ တကယ်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အချစ်ဆိုတဲ့ ဘော်ဒီကြီးတစ်ခုလုံးကို မသေချာပေမဲ့ အဲဒီဘော်ဒီကြီးကို ဖွဲ့စည်းထားတဲ့ ခံစားချက်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုတော့ သေချာတယ်လို့ ပြောဖူးတယ်။ ဒါလည်းဟုတ်တာပါပဲ။ ကျွန်တော်သိပ်မသေချာတာက ခံစားချက်ဆိုတာက ဘော်ဒီကြီးဖြစ်ပြီး အချစ်က အဲဒီထဲက အစိတ်အပိုင်းဖြစ်နေမလားဆိုတာကိုပဲ။ အချစ်ထဲမှာပဲ ခံစားချက်ရှိရှိ ခံစားချက်ထဲမှာပဲ အချစ်ရှိရှိ ဘာနေနေ လိုရင်းကတော့ အတူတူပါပဲ။ ဒါတွေဟာ တစ်ဦးဆိုင်တစ်ဦးပိုင်ဆိုတာရဲ့ သဘောကိုကျော်ပြီး ရွေ့လျောတတ်တယ်။ အဲဒီရွေ့လျောမှုကို ရွေ့လျောမှုအတိုင်း အမြဲလိုက်ရွေ့လျောနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတွေ့အကြုံနဲ့ ကံတရားကို မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ကွဲပေမဲ့ လူအများစုမှာတော့ ပြန်ထိန်းကျောင်းသွားတဲ့ အရာတွေတော့ ရှိလာတတ်တယ်။ အရင်းအနှီးသိပ်ကြီးတဲ့အရာတွေရောပေါ့။ ဒီတော့ အဘိုးကြီးရဲ့ ခံစားချက်က အတိတ်ကိုရွေ့လျောနေတာကို ကျွန်တော်တို့မြင်နေရပေမဲ့ အဆုံးသတ်မှာ အဘိုးကြီးဟာ ထိန်းကျောင်းမှုအတိုင်းပဲ ရွေးချယ်ခဲ့တယ်။ ဒါရွေးချယ်တာလည်း ဟုတ်ချင်မှဟုတ်ပါမယ်။ သူပြောသလို ဘဝမှာ ရွေးချယ်စရာတွေအများကြီးနဲ့လာခဲ့ကြပေမဲ့ ကြာလာလေ ရွေးချယ်မှုတွေက သုံးလို့ကုန်လာလေဖြစ်ပြီး ဒါဟာရွေးချယ်ရမယ့်အပိုင်းမဟုတ်တော့လို့လည်း ဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူ့ခံစားချက်ရဲ့လမ်းကြောင်းကိုလိုက်ရင် ပေးရမယ့် အရင်းအနှီးသိပ်ကြီးလို့လည်းဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူတကယ်ရွေးသင့်တယ်လို့ ထင်ရတဲ့အရာကိုပဲ ရွေးမှန်းမသိ ရွေးသွားခဲ့တယ်။ ဒါကို အဘွားကြီးကလည်း သိခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးသတ်က အဘွားကြီးရဲ့မျက်နှာဟာ သူ့အလိုလိုသိစိတ်ရဲ့အဖြေလို့ပြောလို့ရတယ်။ ဒီဘာမှမပါတဲ့ ရုပ်ရှင်ဟာ ကျွန်တော်တို့ဘာသာတောင် ဝန်ခံဖို့ခက်တဲ့ အချစ်နဲ့ ရွေးချယ်မှုရဲ့ တကယ့်သဘာဝအမှန်ကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.6 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:35:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

7.1 2015 95 mins
45 Years
Baby Assassins: Nice Days
7.3

Baby Assassins: Nice Days (2024) ************************************ ဒီဇာတ်ကားကတော့ 2021 နဲ့ 2023 မှာ ထွက်ရှိခဲ့တဲ့ Baby Assassins ဇာတ်ကားတွေ ထဲကမှ ၃ ကားမြောက်အဖြစ် 2024 မှာ ထပ်မံထွက်ရှိလာတာတဲ့ Crime-Adventure ဂျပန်ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. တိုကျိုက ထိပ်တန်းလုပ်ကြံရေးသမား နေမကောင်းတာကြောင့် မာ့ဆူယာ ဆုယိုရှိကို သတ်ဖို့ မလုပ်ဆောင်နိုင်တဲ့အတွက် အဲဒီအလုပ်ကို အသက် ၂၀ အရွယ် မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ဖူခါဂဝါ မာဟီရို နဲ့ ဆူအီမိုမို ချီဆတိုတို့က လက်ခံပြီး တိုကျိုကနေ မီယာဇာခီကို လာခဲ့ကြပါတယ် ။ သူတို့ လုပ်ကြံပေးရမယ့်သူကို နောက်ထပ်တစ်ယောက်ကလည်း နာမည်ကြီး လုပ်ကြံရေးသမားဖြစ်တဲ့ ဖူယုမူရာ ခါအိဒဲ ဆိုသူကို ငှားထားတဲ့အခါ လုပ်ကြံရေးသမားများ ထိပ်တိုက်တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ သက်တမ်းနုသေးပြီး ငယ်ရွယ်တဲ့မိန်းကလေးများဖြစ်နေကြတဲ့ လုပ်ကြံရေးသမား ဖူခါဂဝါ မာဟီရိုနဲ့ ဆူအီမိုမို ချီဆတိုတို့ရဲ့လုပ်ဆောင်မှုအပေါ် စိတ်တိုင်းမကျ စိတ်မချတဲ့အပြင် သူတို့အဖွဲ့အစည်း နာမည်ပျက်မှာကို စိုးရိမ်တဲ့ အီရူခနဲ့ သူ့လူဟာ မီယာဇာခီမှာ မိန်းကလေးနှစ်ယောက်ကို ကူညီပေးရင်း သူတို့ရဲ့ပစ်မှတ်အပြင် နောက်ထပ်ပစ်မှတ်တွေကိုပါ ဘယ်လိုမျိုး ရှင်းလင်းသွားကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. ။ (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.8 GB / 844MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Psychological, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by AHtet

7.3 2024 113 mins
Baby Assassins: Nice Days
Vena
7.4

Vena (2024) IMDb Rating (7.4) ဂျန်နီဟာ သူ့ရဲ့အတူနေချစ်သူနဲ့မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်။ မိသားစုဘ၀ကိုလိုချင်ပေမယ့်လည်းငယ်ရွယ်သူဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်အမှားတွေတစ်ခုပြီးတစ်ခုအပြင် မိခင်ဖြစ်သူရဲ့အုပ်ထိန်းမှုအောက်က သူ့ရဲ့သားဦး၊လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကနေ ရှောင်ထွက်ဖို့အလွယ်လမ်းကိုလိုက်ရင်း မူးယစ်ဆေးရဲ့သားကောင်အဖြစ်ကလည်းရုန်းမထွက်နိုင်တဲ့အတွက် သူ့ဘ၀ဟာ ထွက်ပေါက်မဲ့ မွန်းကြပ်စရာအတိပါပဲ။ ဒါပေမယ့်လည်း ဘယ်တုန်းကသူ့ဆီမှာရှိနေမှန်းမသိတဲ့ မိခင်စိတ်တစ်ချို့ရုန်းကြွလာချိန်မှာတော့ ဂျန်နီတစ်ယောက်အတိတ်ကအမှားတွေမှန်သမျှကိုပြုပြင်ဖို့ကြိုးစားရင်း၊ သူ့အနာဂတ်အတွက် သူ့ကလေးလေးအနာဂတ်အတွက်မကောင်းနိုင်တဲ့ပတ်ဝန်းကျင်ကသူတွေကိုပါရှောင်ဖယ်ရုန်းထွက်ချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ မျှော်လင့်ချက်ရောင်ခြည်တွေ၊ ထင်မှတ်မထားသူတွေဆီကအကူအညီနဲ့ ကြိုဆိုမှုတွေကို မြင်တွေ့ရမှာပါ။ သူ့အတွက် ပြင်ဆင်ချိန်ဟာ တကယ်တမ်းမှီနိုင်သေးရဲ့လား? ဘာလင်မြို့မှာကျင်းပခဲ့တဲ့ First Steps Awards ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု ဓာတ်ပုံဆုတွေ ရရှိခဲ့ပြီးဝေဖန်ရေးဆရာတွေရဲ့အကောင်းမြင်မှတ်ချက်တွေရရှိထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။ကလေးမွေးတဲ့အခန်းကိုကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ပြထားတာတွေနဲ့ လိင်ဆက်ဆံခန်းတစ်ချို့၊မူးယစ်ဆေးအသုံးတွေကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေနိုင်ပါ။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (810 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:56:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Comedy • Romance • Action
7.4 2024 117 mins
Vena