YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Are You The One E06 720p WEB-DL CM.mp4

291.21 MB N/A video/mp4 126 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sightseers
6.3

Sightseers (2012) ခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၂ထွက် sightseer ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Dark comedy တွေရိုက်နေကျ ဒါရိုက်တာ Ben Wheatleyရဲ့ လက်ရာလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ သာမန်စုံတွဲတစ်တွဲ နောက်တွဲယာဉ်နဲ့ အားလပ်ရက်ခရီးထွက်တာကနေ စတင်ခဲ့ပါတယ်။ ခရစ်နဲ့ တီနာတို့က ချစ်ချစ်ခင်ခင်နဲ့ ‌ရိုမန်တစ်ဆန်တဲ့ ခရီးတစ်ခုကို စီစဉ်ခဲ့ကြတာပါ။ တီနာရဲ့အမေကတော့ ခရစ်ကို မယုံပေမဲ့ တီနာကတော့ ပျော်ပျော်ရွင်ရွင်ပဲ ခရီးထွက်လာခဲ့ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာ ပျော်စရာ သာမန်ဇာတ်ကားလေးလို့ထင်ရပေမဲ့ ခရစ်ဟာ မထင်မှတ်ဘဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်မိခဲ့ပါတယ်။ ခရစ်ဟာ တမင်တကာပဲ သတ်ခဲ့တာလား? မတော်တဆဖြစ်သွားတာလား? ခရီးစဉ်ကို မပျက်ဆီးစေချင်တဲ့ တီနာကရော ပြန်ခေါ်နေတဲ့ သူ့အမေရယ် ဒီလိုအဖြစ်ဆိုးဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ? အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းရဲ့ ပုံစံဟာ ပြောင်းလဲသွားပြီး ဇာတ်ဆောင်တွေရဲ့ နားလည်ရခက်တဲ့ စိတ်တွေ ... မထင်ထားတဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ သွေးသံရဲရဲအခန်းတွေ လိင်ဆက်ဆံခြင်းတွေ ညစ်ညမ်းအသုံးအနှုန်းတွေပါဝင်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့််တော်ပါဘူး မိုးအေးအေးမှာ ထူးခြားတဲ့ darkဖြစ်တဲ့ဇာတ်ကားတစ်ကားကြည့်ချင်သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားအဖြစ်ညွန်းလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Vo Aung Din ပါ။) File Size          : 1.5GB, 635MB, 366MB Quality            :1080p BDRip AAC 5.1CH, 720p BDRip, 480p Format            : mp4 Duration         : 1hr 28mins Genre              : Adventure, Comedy, Crime Translated by Vo Aung Din Encoded by Kinnov

Drama • Sci-Fi & Fantasy
6.3 2012 88 mins
Sightseers
Bua Phan, Beauty And The Blade
4

အခု ၂၀၂၃ မှာ ထွက်ထားတဲ့ ထိုင်းရုပ်ရှင်ရုံတင်ကားလေးတစ်ကားကို CM fan တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားမှာတော့ အဓိကမင်းသား Kham အဖြစ် TharnType က Gulf က ပါဝင်သရုပ်ဆောင်ထားပါတယ် အဓိကမင်းသမီးအနေနဲ့ကတော့ ဝါရင့်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Anne Thongprasom က BuaPan အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်... ကျေးလက်တောရွာဓလေ့လေးတွေနဲ့ ဘူဝါဖန်ဆိုတဲ့ ပန်းပဲဆရာမတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို ကြိုက်နှစ်သက်ကြမယ်လို မျှော်လင့်ပါတယ်.... ဇာတ်လမ်းအကျဉ်း ဘူဝါဖန်က ပန်းပဲဆရာမတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက စစ်သမီးတစ်ယောက်လုပ်ချင်တဲ့ အိပ်မက်ရှိခဲ့သူပါ.. ဒါပေမဲ့ သူမဖြစ်ချင်တဲ့ အိပ်မက်ကို သူမအဖေက အသည်းအသန်ကန့်ကွက်ခဲ့ပါတယ်... ဘူဝါကတော့ သူ့ရဲ့ ကလေးဘဝက အိပ်မက်ကို အကောင်အထည်ဖော်ဖို သူ့အဖေမသိအောင်လို ဆရာတစ်ယောက်နဲ့ လျှိဝှက်ပြီးတော့ ဓားရေးစစ်ရေးတွေ သင်ယူခဲ့တယ်... သူမရဲ့ အရည်အချင်းတွေ ပြည့်ဝလာတဲ့အခါမှာတော့ ရည်မှန်းချက်က လက်တစ်ကမ်းအလိုပေါ့.. အဲဒီမှာ ဘူဝါ့ဆီမှာ တပည့်ခံချင်တဲ့ ခမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့တယ်... ခမ်ဆိုတဲ့ကောင်လေးသူမတို့ဆီရောက်လာတဲ့အချိန်ကစပြီး ကပြောင်းကပြန်တွေဖြစ်တော့တာပါပဲ.. ခွီချင် ရင်ခုန်ချင်တဲ့သူတွေ ကြည့်သင့်ပါကြောင်း.......... File Size : (2.3GB)&(955MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre :Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Jane & Eric Hay Thar Encoded by Phyo Pyae

Action • Adventure • Animation • Drama
4 2022 110 mins
Bua Phan, Beauty And The Blade
Little Nicky
5.9

ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ် စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့ စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်း ပြည့်တဲ့နေ့ကို ရောက်လာပါတယ်။ နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်း မျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ် သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါ တော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေ မနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါ တော့တယ်။ အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာ ကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန် ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီး သေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ် တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ် နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော် ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ကြည့်ရှုရမယ့် ဟာသဇာတ် လမ်းကောင်းလေးဖြစ်ပါတယ်။ နစ်ကီအဖြစ် မင်းသားကြီး Adam Sandler က သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox Ya ဖြစ်ပါတယ်) File Size..........(2.54 GB) / (877 MB) / (574 MB) Quality............WEB 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy Translator.......Roman Nox Encoder..........SWM

Drama
5.9 2000 90 mins
Little Nicky
Fear Street: 1994
6.7

အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ R.L. Stine ရဲ့ Best-Selling Fear Street Book Series ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး။ Part -1(1994), Part - 2(1978), Part -3(1666) ဆိုပြီး ၃ကားတွဲ တစ်ပတ်ခြားစီဆက်တိုက်ထွက် လာမယ့် Trilogy Event လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့  ဘေးချင်းကပ်မြို့ နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ... ဒီနာနဲ့ ဆမ်က ရှိတ်ဒီဆိုဒ်မြို့ခံ ချစ်သူစုံတွဲလေးပေါ့၊ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲစကြရာက မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတဲ့အခါမှာတော့... သူတို့မြို့လေး တကယ်ပဲကျိန်စာသင့်နေတာလားဆိုတာ ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။ တော်တော်လေးကို ဇာတ်ရှိန်မြင့်ပြီးကြည့်လို့ကောင်းပါတယ်။ July 9 , July 16 တို့မှာ Part 2, Part 3 ထွက်ရှိဦးမှာမို့ cm ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery Source : 1080p.WebRip Translator – May Myat Thu Encoder – SWM

Horror • Music • Science Fiction
6.7 2021 107 mins
Fear Street: 1994
The Disaster Artist
7.1

IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။ သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။ သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ..... သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။ အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရုပ်ရှင်တစ်ကားရိုက်ဖို့ပါတဲ့။ ပိုက်ဆံနဲ့လုပ်ချင်စိတ်ကလွဲပြီး ဘာဆို ဘာမှမသိနားမလည်ပေမယ့် Tommy Wiseau နဲ့ Greg တို့ The Room ရုပ်ရှင်ကို အခက်အခဲပေါင်းများစွာကြားထဲကနေ မရရအောင် ဖန်တီးကြပါတော့တယ်။ Shakespeare, Tennessee Williams တို့ခေတ်နောက်ပိုင်း အကောင်းဆုံးဒရမ်မာရုပ်ရှင်လို့တောင် ကြွေးကြော်ခဲ့တဲ့ Tommy Wiseau နဲ့ Greg တို့ ဒီရုပ်ရှင်ကို ဘယ်လိုဖန်တီးရိုက်ကူးခဲ့ကြသလဲ၊ ရုပ်ရှင်ပရိသတ်တွေကရော ဘယ်လိုထင်မြင်ကြသလဲ။ ဒါတွေကိုတော့ The Disaster Artist ရုပ်ရှင်ထဲမှာအဖြေပေးသွားပါလိမ့်မယ်။ ဒီရုပ်ရှင်ကိုတော့ Spiderman 1,2,3 , 127 Hours ဇာတ်ကားတွေနဲ့လူသိများတဲ့ James Franco က ဒါရိုက်တာအဖြစ်၊ Tommy Wiseau အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Now You See Me ကားထဲက မင်းသားချောလဲဖြစ်၊ James Franco ရဲ့ ညီအရင်းလဲဖြစ်တဲ့ Dave Franco က Greg အဖြစ် ပါဝင်ထားပါတယ်။ ပေါလှပါတယ်ဆိုတဲ့ကားက ဘာကြောင့်များ အတ္ထုပတ္တိရုပ်ရှင်တစ်ကားအဖြစ် ပြန်ရိုက်ရလောက်အောင် အောင်မြင်သွားတာပါလဲ၊ The Disaster Artist ရုပ်ရှင်ထွက်လာအပြီးမှာ The Room ရုပ်ရှင်ကို လူတွေက ဘာကြောင့်သဘောကျသွားကြတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။ Tommy Wiseau ဟာ အနုပညာချစ်စိတ်အပြည့်အဝနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ပေါကားတစ်ကားကို ရိုက်မှန်းမသိ ရိုက်ခဲ့တာပါ။ ဒါကို ဘယ်လောက်ပဲ ဆိုးဝါးတဲ့ရုပ်ရှင်လို့ပြောပြော Tommy Wiseau ရဲ့လက်ရာ The Room ရုပ်ရှင်ဟာ အခုခေတ် မင်းသား၊မင်းသမီးဗန်းပြပြီး အောက်လုံးတွေနဲ့ပြက်လုံးထုတ်နေ၊ ပရိသတ်ကို ကလိထိုးရယ်ခိုင်းပြီး ပိုက်ဆံညာယူနေတဲ့ရုပ်ရှင်ကားတွေထက်စာရင် အပုံကြီးသာပါတယ်။ The Disaster Artist ရုပ်ရှင်ဟာ ဒီအချက်ကို ကောင်းကောင်း မီးမောင်းထိုးပြသွားနိုင်ခဲ့ပါတယ်။ ယခုနှစ် အော်စကာ အကောင်းဆုံးရုပ်ရှင်ဆုအတွက်လဲ ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံထားရတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်းများစွာလဲ ဆွတ်ခူးထားပါတယ်။ အနုပညာပါတဲ့ရုပ်ရှင်နဲ့ ပိုက်ဆံရရုံရိုက်တဲ့ရုပ်ရှင်ရဲ့ ကွာခြားချက်ကို သိလာဖို့၊ပေါကားနွံနစ်နေတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ ပေါတာနဲ့အနုပညာရူးသွပ်တာကို ခွဲခြားလာတတ်ဖို့၊ အသိပညာပေးနိုင်ဖို့ ဒီကားဟာ ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ မကြာခင်မှာလဲ CM က Tommy Wiseau ရဲ့ ကမ္ဘာ့အဆိုးဝါးဆုံးရုပ်ရှင် "The Room" ကို ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် (ဇာတ်လမ်းးအညွှန်းနဲ့ဘာသာပြန်သူက ကွီးအာကာဖြိုးပါ) File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 44min Format : Mp4 Genre :Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.X264.AC3-EVO[EtHD] Translated by Arkar Phyo Encoded by Thanhtike Zaw

Drama
7.1 2017 104 mins
The Disaster Artist
Survival Island
4.9

Survival Island (2005) ပိုစတာကိုကြည့်ပြီးရင် ဘာမှရှည်ရှည်ဝေးဝေး‌ တွေးနေစရာ‌တောင်မလိုဘဲ ဒေါင်းချင်စိတ်ပေါက်သွားမယ့် ကားမျိုးပဲမလား။ ပိုစတာကလည်း မဂျင်းပါဘူး။ တကယ် အဲဒီလို ဝတ်လစ်စလစ်အခန်းတွေအပြည့်ပါပါတယ်။ ပိုတောင်ကြမ်းပါသေးတယ်။ မင်းသမီးကလည်း ခြောက်ပြစ်ကင်းသဲလဲစင် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဆွဲဆောင်နေတဲ့မင်းသမီး။ နာမည်အတိုင်း survival ကားပေမဲ့ လျှို့ဝှက်ဆန်းကြယ် ဆန်ဆန်တွေလည်းပါတာမို့ ဇာတ်အိမ်ကလည်း ကြည့်ရကောင်းတယ်။ အကြမ်းဖျဉ်းပြောရရင်တော့ လူတစ်စု အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ကြတယ်။ သင်္ဘောက မီးထလောင်တယ်။ သင်္ဘောဝန်ထမ်းတွေရော ကျန်တဲ့လူ အများစုရော ဘာဖြစ်သွားမှန်းမသိဘူး။ သင်္ဘောဝန်ထမ်းတစ်ယောက်ရယ် ကောင်မလေးရယ် ကျွန်းပေါ်အတူတူသောင်တင်နေကြတယ်။ နောက်ကျ ကောင်မလေးလင်ကြီးရောက်လာတယ်။ ကျွန်းပေါ်မှာ သုံးယောက်အတူတူ ရှင်ကြသန်ကြရင်း ကောင်မလေးဟာ ဟိုဘက် ဒီဘက် လွန်ဆွဲပွဲကြားမှာ စားလိုက် အစားခံရလိုက် သံသရာလည်တာကို စိတ်ဝင်စားစရာပြထားတဲ့ ရုပ်ရှင်လေးပါပဲ။ လူသုံးယောက်ရဲ့ သံသရာပေါ့။ ကမ်းစပ်လေးမှာ တဲလေးထိုးပြီး တစ်တဲနဲ့တစ်တဲ ရန်ဖြစ်နေပုံတွေကလည်း တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဗမာရုပ်ရှင် ကြိုးတန်းလိုလို ဘာလိုလိုပါပဲ။ ကားဟာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ လှလည်းလှသလို ပမာယူစရာ မက်ဆေ့တွေလည်း အပြည့်ပေးထားတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.33GB, 1.2GB, 650MB Quality – 1080p, 720p, 480p IMDb Rating – 4.9/10 Format – mp4 Duration – 1H 35Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Horror • Thriller
4.9 2005 95 mins
Survival Island
Bruiser
5.9

Bruiser (2022) =========== ဒီဇာတ်ကားကိုတော့ အဖေနှစ်ယောက် သားလုတဲ့ကားလို့ပြောရ မလားပဲဗျ။ လူမည်းမိသားစုတစ်စုရဲ့အကြောင်းပေါ့။ ဒဲရီးယပ်စ်ဆိုတဲ့ ၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက်မှာ ဘော် ဒါဆောင်ကနေ အိမ်ပြန်လာရာက ဇာတ်လမ်းစပါတယ်။ သူ့အဖေရင်းကတော့ သူမွေးလာတုန်းက တာဝန်ယူဖို့အဆင်သင့်မဖြစ် သေးလို့ဆိုပြီး ပစ်သွားတာပါ။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာတဲ့သူက သူ့အမေရဲ့ခင်ပွန်းဖြစ်တဲ့လက်ရှိ အဖေပေါ့။ အဖေရင်းနဲ့လက်ရှိမိဘတွေက ငယ်သူငယ်ချင်းကြီးတွေ ဖြစ်ကြလေရဲ့။ တစ်ရက်ကျ သူ့အဖေရင်းဟာ ပြန်ရောက်ချလာပြီး ဒဲရီးယပ်စ်ရဲ့မိသားစုဘဝထဲကို ဝင်လာပါလေရော။ သွေးသားရင်းဖြစ်တဲ့ အဖေရင်းဟာ သူ့အပေါ်နားလည်ပေးတယ်လို့ ဒဲရီးယပ်စ်တစ်ယောက် ခံစားလာရပါတယ်။ အဖေရင်းကလည်း သူ့ သားသူမတွေ့ရမနေနိုင်တော့ပါဘူး။ လက်ရှိအဖေကတော့ စည်းကမ်း တင်းကြပ်တာတွေ၊ ဆူဆူပူပူပြောတာတွေကြောင့် ဆယ်ကျော်သက် ဖြစ်တဲ့ ဒဲရီးယပ်စ်နဲ့ အစေးမကပ်ဘူးပေါ့။ လက်ရှိအဖေဟာ ဒဲရီးယပ်စ် အဖေရင်းရဲ့အကျင့်နဲ့ နေပုံထိုင်ပုံကြောင့် သူ့သားကို အဲ့လူနဲ့နီးနီးမှာ နေ ခွင့်မပေးနိုင်ဘူးဖြစ်ပြန်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အဖေရင်းနဲ့ စနစ်တကျ ရှိပြီး အခုချိန်ထိ သူ့ကိုကျွေးမွေးပေးလာတဲ့ လက်ရှိအဖေတို့ကြားမှာ ဒဲရီးယပ်စ်တစ်ယောက် ဝေခွဲရခက်နေပါတယ်။ အဖေနှစ်ယောက်ကလည်း မတည့်ကြတာမို့ သူ့သားငါ့သားဆိုပြီး ငြင်းကြပါတော့တယ်။ ကဲပါ ကြည့်ရှု ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.82 GB) / (757 MB) / (431 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Drama • Romance • Comedy
5.9 2022 101 mins
Bruiser
The Canal
5.8

အမျိုးသားဖလင်​မော်ကွန်းတိုက်ရဲ့ ​မော်ကွန်းမှူးဖြစ်တဲ့ ​ဒေးဗစ်ဟာ ဇနီးသည်နဲ့အတူ အိမ်အသစ် တစ်လုံးဝယ်ပြီး အိမ်​ထောင်​ရေးခရီး စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်​နေ့မှာ မော်ကွန်းတိုက်ကို ရဲဌာနက မှုခင်း​ဟောင်း ဖလင်မှတ်တမ်း​​တွေ ​ရောက်လာတာ​ကြောင့် ​ဒေးဗစ် အ​နေနဲ့ စစ်​ဆေးကြည့်ရင်း အဲဒီဖလင်​တွေဟာ သူတို့လက်ရှိနေ​တဲ့ အိမ်မှာဖြစ်ခဲ့တဲ့ မှုခင်းအ​ကြောင်း ရိုက်ကူးထားတာဖြစ်​နေပါတယ်။ မှုခင်းက​တော့ ​​၁၉၀၂နှစ်တုန်းက အမျိုးသားဖြစ်သူက သူ့မိန်းမကို သတ်ဖြတ်ခဲ့တဲ့အမှုပါ။ အဆိုပါအမှုဟာ သူ့စိတ်ထဲမှာ တချိန်လုံးစွဲ​နေခဲ့သလို သူ့အိမ်ထဲမှာ လူရိပ်လူ​ခြေ​တွေ အမြဲမြင်​တွေ့​နေရလို့ စိတ်က​ယောင်​ချောက်ခြား ဖြစ်လာတဲ့ဒေးဗစ်တစ်​ယောက်ဟာ တစ်​နေ့မှာ​တော့ မိန်းမဖြစ်သူရဲ့ ​ဖောက်ပြန်မှုကို မျက်ဝါးထင်ထင်မြင်​လိုက်ရပါတယ်။ ကံဇာတာက ဒီ​လောက်နဲ့ မပြီးဘဲ မိန်းမဖြစ်သူ ​သေဆုံးခြင်းနဲ့မှ အဆုံးသတ်သွား တဲ့အခါ မိတဆိုးသား​လေးနဲ့ ​​ဒေးဗစ်တို့ဟာ ဇနီးသည်ရဲ့သေခြင်းနဲ့ သူတို့အိမ်ရဲ့ ဆက်စပ်မှု​တွေကို ​ဖော်ထုတ်​ဖြေရှင်းရင်း အ​မှောင်ထု ထဲကို တစ်စတစ်စတိုးဝင်သွားမိပါ​တော့တယ်။ File size…1.16GB / 488MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

5.8 2014 93 mins
The Canal
The Celebration

IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ အသံအားလုံးကို ရိုက်ကွင်းမှာပဲတန်းသွင်းပါတယ်။ ကင်မရာကိုင်တဲ့နေရာမှာလည်း ဘာစက်ပစ္စည်းကိရိယာအကူအညီကိုမှမယူဘဲ တစ်ကားလုံး ကင်မရာကို လက်နဲ့ပဲကိုင်ပြီးရိုက်ကူးတာပါ။ သရုပ်ဆောင်က ချော်လဲတဲ့အခန်းဆိုရင် ကင်မရာကို ကိုယ်တိုင်ကိုင်ပြီးချော်လဲပြရတယ်။ ရေမရောထားတဲ့ ရုပ်ရှင်စစ်စစ်ကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သေချာပေါက်မြည်းစမ်းကြည့်ရမယ့်ရုပ်ရှင်ဖြစ်ကြောင်း အကြံပေးလိုက်ပါတယ်။ File size…(2.3 GB)/(2.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 1998 105 mins
The Celebration
Good Sam
5.9

ဒီတစ်ခါတော့ပရိသတ်ကြီးကို ၂၀၁၉ ထွက် ရုပ်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းကတော့ ၂၀၁၉ တုန်းက netflix ကနေ ထွက်ရှိထားခဲ့တဲ့ good sam ဆိုတဲ့ဇာတ်ကား ကောင်းလေးပဲဖြစ်ပါတယ် Good Sam ဆိုတာကတော့ samaritan ရဲ့အတိုကောက်ဖြစ်ပြီး ပရဟိတ အများကောင်းကျိုးဆောင်ရွက်နေသူတစ်ယောက် ဆိုတာအဓိပ္ပာယ်ပဲဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ နယူးယောက်မှာ မီးလောင်မှု ကားတိုက်မှု ဒီလိုသတင်းတွေကို ရွပ်ရွပ်ချွံချွံလိုက်စုံစမ်းလေ့ ရှိတဲ့ သတင်းထောက်မလေး ကိတ် ကိုအခြေတည်ထားတာပါ သူဟာဒီလိုအန္တရာယ်များတဲ့သတင်းတွေကိုလိုက်နေရင်းကနေ တစ်နေ့တော့ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ကို မမျှော်လင့်ပဲ ရရှိခဲပါတော့တယ် အမျိုးသမီးတစ်ယောက်သူ့အိမ်ရှေ့ကနေ အိတ်တစ်အိတ်ကောက်ရခဲ့တာပါ ငွေသားကိုဒေါ်လာတစ်သိန်း ပါတဲ့အိတ်တစ်အိတ်ပါ ဒီပမာဏက လူတစ်ယောက်ရဲ့ဘဝကို တစ်ဆစ်ချိုးတင်မကပြောင်းလဲနိုင်တဲ့ပမာဏမလို့ ရရှိတဲ့သူတွေ ကိုရော ပေးနိုင်တဲ့သူကိုပါ ကိတ်ကစိတ်ဝင်စားလာတဲ့အခါ သူကြိုးကြိုးစားစားလိုက်လံစုံစမ်းပေမဲ့လည်း အလှုုရှင်က အမည်မသိအနေနဲ့ပဲနောက်ထပ်အိတ်တွေလည်းချထားပေး လာပါတယ် ဒီလိုနဲ့ အမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့…….. Spoiler ဖြစ်သွားမှာစိုးတဲ့အတွက်ဒီလောက်နဲ့တင်ရပ်ထားလိုက်ပါဦးမယ် အားလုံးအတွက်ကြည့်ဖို့အဆင်ပြေတဲ့ comedy romance drama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် File size…1.59GB / 707MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 19m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

5.9 2019
Good Sam
Operation Nutcracker

ခရစ္စမတ်ပွဲတော်ရဲ့ အငွေ့အသတ်တွေနဲ့ ခရစ္စမတ်ကို အခြေခံထားတဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတစ်ပုဒ်ဖြစ်ပါတယ်။ ပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ လော်တီမော်ဂန်ဟာ တက်ကြွထက်မြတ်ပြီး အရာရာကိုအသေးစိတ်စီစဉ်တတ်တဲ့ အမျိုးသမီးတစ်ဦးပါ…. တနေ့ သူမရဲ့အထက်လူကြီးကနေ လော်တီရဲ့ဇာတိဘော်စတွန်တွင်ကျင်းပပြုလုပ်မဲ့ ရန်ပုံငွေပွဲအတွက် အလုပ်လျှောက်ရန် လော်တီကိုလွှတ်လိုက်ပြီး ပွဲစီစဉ်ခြင်းအောင်မြင်ရင် ဘော်စတွန်ရုံးခွဲ ခေါင်းဆောင်နေရာပေးမယ်လို့ ပြောလိုက်ပါတယ်။ လော်တီတစ်ယောက် အလုပ်ရသွားပေမဲ့ အလုပ်ရှင်ရဲ့ သားဖြစ်သူမှာ အိတ်မှားခဲ့လို့ လေလံတင်မဲ့ ပစ္စည်းပျောက်သွားတော့ လော်တီ နဲ့ အလုပ်ရှင်ရဲ့သားတို့ ပျောက်သွားတဲ့အိတ်ကို ဘယ်လိုပြန်ရှာကြမလဲ။ လေလံပွဲအမီ အိတ်ကိုပြန်တွေ့ပါမလား ဆိုတောတွေကို ခရစ္စမတ်ပွဲတော် အငွေ့အသက်လေးတွေရောယှက်နေတဲ့ ခရစ္စမတ်အံ့ဖွယ်တွေကိုလည်း ပျော်ရွှင်ကြည်နူးစွာကြည့်ခွင့်ရမဲ့ အချစ်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။ File size…(1.4 GB)/(763 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2024
Operation Nutcracker
Doomsday
6

Doomsday (2008) IMDb Rating (5.9) / Rotten Tomatoes (50%) အကောင်းအဆိုးဒွန်တွဲမှုတွေရှိနေပေမယ့် Action/Sci-Fi တွေထဲတော့ ဒီရုပ်ရှင်ကားက မှတ်မိစရာဇာတ်ကားတစ်ကားပါပဲ။ Mad max တို့၊ Escape from New York နဲ့ 28 days later တို့လို ဂန္ထဝင်ဇာတ်ကားကြီးတွေကို မှီငြမ်းအတုယူ၊ အနာဂတ်စစ်သားနဲ့ အလယ်ခေတ် မြင်းစီးချပ်ဝတ်စ်သည်တော်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့ စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်၊ ဒါရိုက်တာကြီးကို သူ့ရဲ့အရင် ဇာတ်ကားနှစ်ကားမှာရခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးဘက်ဂျက်တွေရဲ့ သုံးဆအထိ ထုတ်ပေးပြီး အားပါးတရ ရိုက်ကူးခိုင်းလိုက်တဲ့အခါ rating တွေထိုးကျ၊ ခရမ်းချဉ်သီးပုပ်တွေ ဟိုတစ ဒီတစနဲ့ ရုံတင်ဝင်ငွေ အရှုံးပေါ်သွားတဲ့ Hollywood Bomb သောက်တလွဲကားကြီး ဖြစ်လာပါတော့တယ်။ စိတ်မပျက်ပါနဲ့ လူကြီးမင်း။ ဘာမှ မခိုင်မာ၊ ယုတ္တိမရှိတဲ့ဇာတ်အိမ်၊ မခိုင်မာ မပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက် ဖော်ကျူးမှု၊ ဟိုမရောက် ဒီမရောက်၊ ဘာကိုကြည့်ရမယ်မှန်းမသိတဲ့ တည်းဖြတ်မှု၊ မလိုအပ်ဘဲ သွေးသံရဲရဲလုပ်ပြနေတာတွေကြောင့် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခံရတဲ့ ဇာတ်ကားလည်း ဖြစ်နေပါသေးတယ်။ ချီးကျူးခံရတဲ့ အရာလေးတွေလည်း ရှိပါသေးတယ်။ ဥပမာ သရုပ်ဆောင်ရွေးချယ်ရေးက အံဝင်ခွင်ကျဖြစ်တာ၊ ဇာတ်ကြောင်းကို အစဉ်လိုက် လှလှပပ ပြနိုင်တာ၊ မှီငြမ်းထားတဲ့ ဇာတ်ကားတွေကို လွမ်းမောဖွယ်လုပ်ပြနိုင်တာ ဘာညာတွေမှာလည်း မဆိုးဘူး ဂွတ်တယ် အပြောခံရပါသတဲ့။ ဇာတ်လမ်းအတွက် စိတ်ကူးကတော့ သိပ်ကိုလှပပြီး ဆန်းကြယ်တာကိုတော့ ဝန်ခံရမယ်ဗျ။ လူသတ်ဗိုင်းရက်စ်ရောဂါပိုး ပြန့်ပွားလာတဲ့ကမ္ဘာမှာ survive လုပ်ရတဲ့ survival ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးက နောင်တော်ဇာတ်ကားကြီးတွေမှာ ရောဂါမဖြစ်တဲ့သူက တံတိုင်းတွေနောက်မှာ ပုန်းအောင်းကြရတာပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ စဖြစ်တဲ့ zero patients တွေကို တံတိုင်းထဲတည့်ပိတ်ပြီး သေပါစေပစ်ထားလိုက်တဲ့ မဟာကရုဏာရှင်တွေအကြောင်းဖြစ်လို့ မတူတဲ့စိတ်ကူးတော့ ဖြစ်နေပါပြီ။ နောက်ပြီး အန္တရာယ်မြေဖြစ်သွားတဲ့ စကော့တလန်မှာ တံတိုင်းခတ်ခံရပြီး အစွန့်ပစ်ခံလိုက်ရတဲ့ ရှင်သန်ကျန်ရစ်သူတွေမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားပါတယ်။ မရောက်ဒါး လို့ခေါ်တဲ့ လှည့်လည်ကျက်စား သားရဲများ အဖွဲ့ကတစ်ဖွဲ့။ အလယ်ခေတ် သံချပ်ဝတ်မြင်းစီးစစ်သည်တော်တွေကတစ်ဖွဲ့။ သိပ္ပံခေတ်မှာ လေးမြားဓားလှံတွေနဲ့ လူရာဝင်နေကြသူတွေပေါ့။ တံတိုင်းပြင်ပ ရောဂါမဖြစ်သူတို့မြေမှာ သေမင်းတမန်‌ဗိုင်းရက်စ်က ခေါင်းပြန်ထောင်လာတော့ တံတိုင်းတွင်းက သေရမယ့်လူတွေ မသေတဲ့အဖြစ်ကို သူတို့စိတ်ဝင်စားသွားတယ်။ ‌ဗိုင်းရက်စ်ပေါက်ဖွားဖို့ သိပ်ကောင်းတဲ့ ရေမြေဖြစ်ပြီး ဖင်ချင်းပေါက် ကြပ်ညပ်နေတဲ့ နေရာကျဉ်းကျဉ်း တံတိုင်းထဲမှာ ဒီလူတွေ မသေတာ ကုသနည်းရှိလို့ပဲဆိုပြီး အလန်းစား အမိုက်စား သောက်ကြမ်းကြီး အထူးတပ်ဖွဲ့ဝင် အမျိုးသမီးကို အဖွဲ့တစ်ဖွဲ့ဦးဆောင်စေပြီး တံတိုင်းထဲကို လွှတ်လိုက်တာက ဇာတ်လမ်းစပါတယ်။ ဒီတော့ တံတိုင်းပြင်ပက သူတို့ကိုသေပါစေ ပစ်ထားခဲ့သူတွေအပေါ် တံတိုင်းတွင်းကလူတွေ ဘယ်လိုသဘောထားမလဲ စိတ်ကူးကြည့်ပေါ့။ ဒီလက်တစ်ဆုပ်စာအဖွဲ့လေးက ရှင်သန်သူ နှစ်ဖွဲ့ကြားမှာ သွေးသံရဲရဲသေကုန်တာကလည်း ‌ကြည့်လို့ကောင်းတဲ့ဇာတ်ကွက်တွေပါပဲ။ စားစရာ ရိက္ခာပြတ်လို့ လူသားအချင်းချင်း ပြန်စားနေရပါတယ်ဆိုတဲ့ တံတိုင်းအတွင်းမှာ နွားမအုပ်ကြီးကြားက မင်းသမီးတို့အဖွဲ့ ဖြတ်လာတဲ့အခန်းကိုကြည့်ရတော့ ကိုယ်ပဲဉာဏ်မမီတာလား မပြောတတ်တော့ဘူး။ ရှင်သန်သူတွေက အမဲသားမစားကြတဲ့သူတွေမလို့ဖြစ်မှာပါလေ။ လျှပ်စစ်စွမ်းအင် မရှိတော့လို့ အလယ်ခေတ် မြင်းစီးစစ်သည်တိုင်းပြည်ထူထောင်ကြသူတွေနားက စစ်စခန်းတစ်ခုမှာ အရံမီးစက်တွေ၊ လောင်စာတွေအပြည့်ရှိနေတာ။ သေတ္တာကြီးထဲက ကားအကောင်းစားတစ်စင်းထုတ်ယူလာပြီး ဆီအပြည့်ထည့် မောင်းထွက်သွားတဲ့ မင်းသမီးတို့အဖွဲ့ကိုတွေ့ရတော့ ဟိုရှင်သန်သူအဖွဲ့က လိုအပ်ရင်သုံးမလို့ ဥထားတာပါလို့ပဲ တွေးမိပါတယ်။ ဒါပေမဲ့ နှစ်အစိတ်လောက်သက်တမ်းရှိတဲ့ဓာတ်ဆီက ကားထဲထည့်မောင်းလို့ရသေးတယ်ဗျ။ တော်တော်ကောင်းတဲ့ ဓာတ်ဆီတွေပါဗျာ။ အင်္ဂလန်ထုတ် ဖြစ်နေလို့နဲ့တူပါရဲ့။ ဒါပေမဲ့ ဒီအချက်တွေကို ဇာတ်ကားကို ဇာတ်ကားလိုပဲကြည့်ဟဲ့ဆိုပြီး သည်းခံလိုက်ရင်တော့ CGI အမိုက်စား၊ သရုပ်ဆောင်ကောင်းကောင်း၊ အရင်က ဂန္တဝင်ဇာတ်ကားကြီးတွေရဲ့ အငွေ့အသက်တွေ၊ အလန်းစား ဖိုက်တင်ကတ်တွေနဲ့ ရင်ကိုထိတဲ့ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

6 2008
Doomsday
Munda Southall Da
6.4

Munda Southall Da (2023) “အမြဲတမ်း” IMDb 6.4 ရင်ကိုအေးစေမယ့် ပန်ဂျာဘီ အချစ်ဟာသကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ပုံမှန်မြင်တွေ့နေကျ ပန်ဂျာဘီကားတွေလို ခေါင်းပေါင်းတွေနဲ့ မဟုတ်ဘဲ UK က အိန္ဒိယပြောင်းရွှေ့ရပ်ကွက်လို နေရာမျိုးမှာ ဇာတ်လမ်းတည်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရိုးရိုးလေးပါပဲ အာဂျွန်က ဘော်ဒါနှစ်ယောက်နဲ့ ပေါင်းပြီး ခြေဦးတည့်ရာသွား မိဘပိုက်ဆံလက်ဖြန့်တောင်းပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းသူတစ်ယောက် ကောင်မလေးတွေကို သိပ်ဂရုမစိုက်တတ်တဲ့ အာဂျွန် ပါတီညတစ်ညမှာ ပြဿနာတက်နေရာကနေ ကောင်မလေးတစ်ယောက်က သူ့ကိုကူညီပေးခဲ့တယ် သွက်လက်ချက်ချာပြီး ရဲရဲဝံ့ဝံ့ရှိတဲ့ ကောင်မလေးက သူ့အသည်းနှလုံးကို လှုပ်နှိုးနိုင်ခဲ့တယ်ပေါ့ ထိုမှတဆင့် နောက်ထပ်အဆင့်တက်လာတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ ဆိုတာကတော့ ပရိသတ်ကြီးပဲ ခံစားကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

6.4 2023 114 mins
Munda Southall Da