YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Apt.Pupil.1998.720p (CM).mp4

803.19 MB N/A video/mp4 368 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
County Line: All In
6

မြို့လေးတစ်မြို့မှာ သေနတ်အတုတွေနဲ့ ပစ်ကြ‌ခတ်ကြတဲ့ ကစားပွဲလေးတစ်ခုလုပ်တယ်။ အဲဒီပွဲမှာ လူတစ်ယောက် ကျည်အစစ်မှန်ပြီး သေသွားတယ်။ ပြဿနာက သူ့အလောင်းက ရဲအရေးပိုင်နယ်မြေ နှစ်ခုရဲ့ ကြားထဲကျနေတော့ ဒီအမှုက ဟိုဘက်စခန်းနဲ့ဆိုင်သလို ဒီဘက်စခန်းနဲ့ ဆိုင်သလိုလို တိုင်ပတ်‌သွားပြီးနောက် ဟိုဘက်စခန်းနဲ့ ဒီဘက်စခန်း အမှုအတူတူလိုက်ကြတယ်။ သေတဲ့လူက မြို့ခံဂန်းစတားအကြီးစားရဲ့ ရှေ့နေဆိုတော့ မြို့ခံလူမိုက်တွေကို စုံစမ်းရာက နောက်ဆုံး နိုင်ငံရေးသမားတွေအထိ ဆက်နွယ်လာပြီး နောက်ထပ်လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် သေလာတဲ့အခါမှာတော့..... 2017က County Line ရုပ်ရှင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သူ့အဆက်ကားပါ။ 2017ကားက အရာရှိ ကလင့်သရုန်းအနားယူပြီးတဲ့နောက် အရာရှိအသစ်ရောက်လာတဲ့ အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ Bansheeတို့ ဘာတို့လို မြို့လေးတစ်မြို့မှာ မြို့ခံလူမိုက်ဂိုဏ်းတွေနဲ့ မြို့ခံရဲအရာရှိတွေကြားက အရှုပ်အထွေးတွေကို ကြိုက်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တရားခံ ဖြစ်နိုင်တဲ့လူတွေ အများကြီးပြပြီး ပြန်ရွေးထုတ်သွားတာလေးလည်း ကောင်းပါတယ်။ စုံထောက်ကားတွေကြည့်ပြီး တရားခံကိုခန့်မှန်းကြည့်ရတာ ကြိုက်ရင် ကြည့်ကြည့်ပါ။ တစ်ချို့အချက်တွေနဲ့ တရားခံကို အစကတည်းက အရိပ်ပြထားခဲ့ပေမဲ့ လုံး၀မမှန်းမိမှာတော့ သေချာသလောက်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ W ပါ ) File Size__(1.6GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__01:28:00 Type__Action , Crime Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Drama
6 2022 83 mins
County Line: All In
Annabelle: Creation
6.6

၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့ အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်း အန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့် ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလို လှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ ဂျန်နစ္စက ယာတောအိမ်ကြီးက ပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေ မိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။နောက်တော့ တစ်ယောက်ပြီးတစ်ယောက် အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊ အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။ အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊ သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့ သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်က ဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေက စတက်ဖနီဆစ်မန်း၊ တ ာလီသာဘိတ်မန်း၊ လူလူဝီလ်ဆင်၊ ဖီလစ်ပါကော့လ်ဟာ့တ်၊ အန်သိုနီလာပါဂလီယာ၊ မီရန်ဒါအော့တို စသူတွေ ဖြစ်ပါတယ်။ ။(ဇာတ်လမ်းအညွှန်းကိုတော့ 7Daily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ခင်ပြည့်စုံကျော်ပါ)

Comedy • Science Fiction
6.6 2017 110 mins
Annabelle: Creation
Death Count
5

Death Count ( 2022) Saw ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်အသစ်ပါပဲ။ Saw franchiseမှာ Mark Hoffmanအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Costas Mandylorကလည်း ဒီ Sawဆန်ဆန်ကားမှာ ကစားပွဲလုပ်တဲ့လူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီထဲမှာလည်း Sawဆန်ဆန် အပြစ်လုပ်ထားတဲ့လူတွေကိုဖမ်းပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် တစ်ခုခုမလုပ်ရင် သတ်ပစ်တဲ့ Warden ခေါ် ထောင်စောင့်အဖြစ် ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ထားပါတယ်။ Sawလိုကားမျိုးကြည့်ချင်တာဖြစ်ဖြစ် Sawအလွမ်းပြေ ကြည့်ချင်တာဖြစ်ဖြစ် ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ Sawလိုကားမျိုးတွေ ကြည့်ရဲတဲ့သူပဲ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ Sawလောက်နီးနီး ကြမ်းတဲ့ သတ်ခန်းဖြတ်ခန်းတွေကို ဆက်တိုက်ကိုပြနေတာမို့ ကြောက်တတ်ရင်တော့ မကြည့်ကြစေချင်ပါဘူး။ Survival Horrorတွေ Slasherကားတွေ ကြိုက်ပြီး Sawပရိသတ်လည်း ဟုတ်တယ်ဆိုရင်တော့ ကြည့်ကောင်းမယ့် ရုပ်ရှင်အသစ်ပါပဲ။ ဒီလိုကားမျိုးတွေက ထွက်ခဲလှတာမို့ ရှားရှားပါးပါးကြည့်ရမှာလည်း ဖြစ်တဲ့အပြင် Sawထဲက Actorကပါ ပါတာမို့ Sawအရသာနဲ့ ခပ်ဆင်ဆင်လည်း ရကြမှာပါ။ File Size__(1.9GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:21:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by — Encoded by Naing Aung Latt

Comedy • Drama
5 2022 82 mins
Death Count
By the Sea
5.3

By the Sea ( 2015 ) =============== ချစ်ခင်စုံမက်၊နှစ်သက်ဖွယ်မှန်သမျှနဲ့ တစ်ချိန်မှာ ကွေကွင်းရမှာဘဲလို့ ငါဘုရား အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ အာနန္ဒာ၊ မြဲတယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ >> ပရိနိဗ္ဗူနသုတ် << တစ်ချိန်ကသိပ်ချစ်ခဲ့ပြီး ကလေးပေါင်းများစွာအတူမွေးစားခဲ့ကြတဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့ လင်မယားလည်း မြဲတယ်ဆိုတာမရှိတဲ့ တရားအတိုင်းပဲ လိုက်သွားပါပြီ။ ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးပြိုကွဲ လုနီးနီးလင်မယားနေရာက သူတို့ကိုယ်တိုင် သရုပ်ဆောင်ခဲ့ဖူးတဲ့ရုပ်ရှင်ပါ။ အိန်ဂျလီနာဂျိုလီကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ မြုံနေလို့ ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့ လင်မယား နှစ်ယောက် ဆက်ဆံရေးပြေလည်အောင် သူ့နာမည်အတိုင်း ပင်လယ်ကြီးရဲ့ ဘေးက ဟိုတယ်တစ်ခုမှာ၊ ပြန်လည်အားထုတ်ကြတဲ့အကြောင်းပါ။ဂျိုလီဟာ နာမည်ကျော်သရုပ်ဆောင်ဖြစ်ရုံတင်မကဘဲ ဒါရိုက်တာလုပ်ရာမှာလည်း ကားနည်းနည်းပဲရှိသေးပေမဲ့ အကုန်နီးပါးကောင်းသလို သူ့ဒီကားကလည်း ကားကောင်းတစ်ကားပါပဲ။ မထီတထီနဲ့ ခန့်တဲ့ဘရက်ပစ်နဲ့ ဆက်စီကျလှတဲ့ ဂျိုလီကို တွဲမြင်ရမှာနဲ့တင် တန်နေပါပြီ။ ဂျိုလီရဲ့မပေါ့်တပေါ်အခန်းတစ်ချို့ ပါတာမို့ မိသားစုနဲ့ကြည့်လို့တော့ အဆင်မပြေပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်)

Adventure • Family • Fantasy • Science Fiction
5.3 2015 122 mins
By the Sea
God’s Country
5.6

God’s Country (2022) ================ ပါမောက္ခဆန်ဒရာဟာ နယူးအော်လန်ကနေ ပြောင်းလာပြီး ဆီးနှင်းပြင်ထဲမှာ တစ်ယောက်တည်း နေထိုင်တဲ့သူတစ်ဦး ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးပညာကို သင်ကြားရပြီး ကိုယ်မှန်တယ်ထင်ရင် အဆုံးထိတိုးတတ်တဲ့လူတစ်မျိုးပါ။ တစ်ရက်မှာ လူစိမ်းနှစ်ယောက်က သူပိုင်ဆိုင်တဲ့မြေနေရာပေါ် ကားရပ်ပြီး တောင်ကြားထဲမှာ အမဲလိုက်ဖို့ ရောက်ရှိလာခဲ့ကြတယ်။ အဲဒီလူနှစ်ယောက်ကို ဆန်ဒရာက သူ(သူမ)ပိုင်နက်ပေါ် မကျူးလွန်ဖို့ ပြောကြရင်းနဲ့ ပြဿနာတွေ စတင်လာခဲ့ပါတယ်။ လက်ရှိအခြေအနေတချို့နဲ့ တိုက်ဆိုင်နေတဲ့ စကားလုံးတွေ၊ အဖြစ်အပျက်တွေ ပါဝင်ပြီး ရှုပ်ထွေးမှုတွေနဲ့ ကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဇာတ်ကားအစပိုင်းမှာတော့ သာမန် flow လေးနဲ့ပဲ သွားနေပြီး ဇာတ်သိမ်းခါနီးလေ မြှုပ်ထားသမျှအရာပေါ်လေ ဆိုတာမျိုး ဖြစ်တာကြောင့် ဒီနေရာမှာတော့ အဆုံးထိကြည့်ပေးကြဖို့ပဲ ဆိုပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.2 GB) / (450 MB) / (260 MB) Quality…………Web-DL 1080p / 720p / 480p Duration………1Hr 42mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….May Thet Khine Soe Encoder……….SWM

Horror • Science Fiction • Thriller
5.6 2022 102 mins
God’s Country
Anything Goes
7.6

ငြီးငွေ့နေတဲ့စိတ်တွေကိုဖြေဖျောက်ပေးမဲ့ musical လေးတစ်ပုဒ်လာပါပြီ နားယဉ်စရာသီချင်းတွေ တေးသရုပ်ဖော်အကလေးတွေနဲ့အတူဇာတ်လမ်းတစ်ပုဒ်ကိုဖော်ကျူးထားပြီး IMDb 7.6 အထိရရှိထားပါတယ် ဒါရိုက်တာကတော့ Ross MacGibbon နဲ့ Kathleen Marshall ဖြစ်ပြီး 2022 ခုနှစ်မှာ ဒီ musical နဲ့ Kathleen Marshall က Best Theatre Choreographer ဆုကိုရရှိခဲ့တဲ့အပြင် သီချင်းတွေကိုနာမည်ကျော် Cole Porter ကရေးစပ်ထားတဲ့အတွက်ကြောင့်လည်းနာမည်ကြီးတဲ့ musical တစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ S.S American ဆိုတဲ့ပင်လယ်ကူးသင်္ဘောပေါ်ကခရီးသည်တွေရဲ့ဖြစ်ရပ်လေးတွေကိုဖော်ပြထားပြီး ရီနိုဆိုတဲ့မိန်းမလှလေးကတော့တရားဟောရှိုးတွေလုပ်တဲ့သူတစ်ယောက်ပါ သူသဘောကျနေတဲ့ကောင်လေး ဘီလီကတော့ချစ်ရတဲ့ကောင်မလေးကြောင့်သင်္ဘောပေါ်ခိုးတက်လာခဲ့ပြီး ဟိုကလက်ထပ်တော့မယ်ဆိုတာကို‌နောက်ကျမှသိလိုက်ရတဲ့သူဖြစ်ပါတယ် ရီနိုနဲ့ဘီလီတို့သင်္ဘောပေါ်မှာအချစ်ဇာတ်လမ်းတွေကိုမှန်ကန်အောင်လုပ်ဖို့ကြိုးစားကြရင်း သူတို့ကြုံတွေ့ကြရမဲ့ဇာတ်လမ်းလေးတွေကိုထူးခြားတဲ့တင်ဆက်မှုလေးတွေနဲ့ကြည့်ရှုရမှာပါ ပေါ့ပေါ့ပါးပါးနဲ့စိတ်ကိုရွှင်လန်းစေနိုင်တာကြောင့်လုံးဝကြည့်ကိုကြည့်သင့်တဲ့ musical တစ်ပုဒ်ပါပဲ File size…(1.2 GB)/(1.75 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:17:00 Genre…Music Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Horror • Comedy
7.6 2021
Anything Goes
Honeysweet
4

Honey Sweet (2023) အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော် ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း… အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ် မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz & Hmwe Encoder ….. Aaron

Action • Comedy • Crime
4 2023 118 mins
Honeysweet
Honey, I Shrunk the Kids
6.4

Honey, I Shrunk the Kids (1989) ======================= IMDb Rating – 6.4/10 ကာတွန်းစာအုပ်တစ်ခုကနေ Live Action ရိုက်ပြီး ဝက်ဝက်ကွဲအောင်မြင် သွားတဲ့ သိပ္ပံစိတ်ကူးယဉ် ဟာသ မိသားစုဇာတ်လမ်းတစ်ခု ဟောလိဝုဒ်နဲ့ ဒစ်စနေး ရုပ်ရှင်သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ လုံးဝမမျှော်လင့်ထားပဲ ဝင်ငွေ အရ အမြတ်အစွန်းကြီးသွားလို့ အတည်အခံ့ ရုပ်ရှင်ကြီးတွေကြားမှာတောင် ဝင်ငွေအကောင်းဆုံးကားတွေထဲ ကန့်လန့် ကန့်လန့် ပါသွားသေးတယ်။ ပထမကတော့ ရုပ်ရှင်ဆက်တင်တွေကို အသေးစိတ် ဖန်တီးထားပုံပါ။ ဒီဘက်ခေတ်လို CGI တွေ တစ်လှေကြီးနဲ့ နုရွဖုထနေတာမျိုးမဟုတ်ဘဲ တစ်ခု ချင်းစီကအစ သေသေချာချာ လုပ်ထားရတာမလို့ အထင်ကြီးမိပါတယ်။ ဒုတိယကတော့ မိသားစုဇာတ်လမ်းပီပီ စိတ်ထားသင်ခန်းစာတွေ၊ မိဘနဲ့ သားသမီးကြားက အထင်အမြင်လွဲပုံလေးတွေ၊ မောင်နှမတွေကြားထဲက အချစ်တွေကို လှလှပပ ကြည့်ရဦးမှာပါ။ အဲဒါနဲ့ပဲ တီဗီဇာတ်လမ်းတွဲတွေ၊ sequel ရုပ်ရှင်တွေ ဆက်ထွက်လာခဲ့တဲ့ အမှိုက်ထဲကရွှေဖြစ်ဇာတ်ကားပေါ့။ ဒီဇာတ်ကားကို Young Sheldon ထဲမှာ မစ်စီ က တဖွဖွ ထည့်ပြောနေတာ သတိထားမိမှာပါ။ Honey I Shrunk the Kids တဲ့။ ဇာတ်လမ်းကတော့ မအောင်မြင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်က အရာဝတ္ထု တွေကို မူလအရွယ်အစားကနေ သေးသွားအောင် ချုံ့ချင်နေတာပါ။ သူ့ရဲ့ရည် ရွယ်ချက်က အာကသခရီးတွေမှာ ပစ္စည်းများများစားစား ယဉ်ပေါ်တင်လို့ ရနိုင် ဖို့ပေါ့။ ဒါပေမဲ့ သူ့စက်က မအောင်မမြင် ဖြစ်နေတုန်း သူ့ရဲ့သားနဲ့သမီးရယ် အိမ်နီးချင်းလင်မယားရဲ့ သားတော်မောင်နှစ်ယောက်ရယ်တို့ဟာ မတော်တဆ စက်ရဲ့ပစ်ကွင်းထဲရောက်ပြီး အချုံ့ခံလိုက်ရပါတယ်။ သိပ္ပံပညာရှင်က ဒါကိုမသိလိုက်ဘဲ ကလေးတွေကို အမှိုက်တွေနဲ့တကွ လှည်း ကျင်း အိတ်ထဲထည့်ပြီး အိမ်နောက်ဖေး ပို့လိုက်ပါသတဲ့။ ပုရွက်ဆိတ်လောက်ပဲ အရွယ်အစားရှိတော့တဲ့ ကလေးတွေဟာ အိမ်နောက်ဖေး ကွင်းပြင်ကို သူတို့အ ရွယ်အစားလေးတွေနဲ့ ခရီးကြမ်းဖြတ်လို့ အိမ်ကိုပြန်၊ ဖခင်ကိုအကူအညီတောင်း ပြီး နဂိုအရွယ်ပြန်ဖြစ်အောင်လုပ်ရမယ့် အဖြစ်ကို သဘောတကျ ကြည့်ရှုရမှာပါ။ ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2.26 GB) / (1.06 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Family Translator…….Arr Khun Winchester Encoder……….SWM

Drama • Comedy • Romance
6.4 1989
Honey, I Shrunk the Kids
Pollock
7

Pollock (2000) ~ IMDb – 7/10, RT – 80%, Meta – 77% ~ ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay Harden ကတော့ အော်စကာဆုရသွားခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့တော့ ဗယ်ခေးမားက ဒီကူးနင်းနေရာက သရုပ်ဆောင်ထားပြီး ဂျနီဖာကွန်နယ်လီက ပိုးလော့နဲ့အတူတူသေဆုံးခဲ့တဲ့ သူနဲ့ဖြစ်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်။ ပိုးလော့ဟာ အမေရိကန်စတိုင်ပန်းချီလို့ဆိုကြတဲ့ Abstract Expressionism ခေါ် ဒြပ်မဲ့ဝေဒနာပန်းချီ ပေါ်ဦးစက ပန်းချီဆရာတစ်ယောက်။ အဲဒီမတိုင်ခင်မှာ အမေရိကန်မှာ ပန်းချီပညာတော့ရှိပေမဲ့ အမေရိကန်ဟန်စစ်စစ်လို့ပြောလို့ရတဲ့ ဟန်တော့မရှိခဲ့ဘူးလို့ ဆိုတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီကတော့ အမေရိကန်ဟန်စစ်စစ်အဖြစ် ကမ္ပညည်းတင်နိုင်ခဲ့တယ်။ အဲဒီထဲကမှ ပိုးလော့ကို အမေရိကန်ပန်းချီသမိုင်းရဲ့ သူ့ဟန်စစ်စစ်အရှိဆုံးလူအဖြစ် ဝေဖန်ရေးသမားတွေက သမုတ်ခဲ့ကြတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီဟာ ဖြစ်တည်မှုပဓာနဝါဒဆန်တယ်လို့ ခိုင်းနှိုင်းပြောကြသလို တကယ်တမ်း ဖြစ်တည်မှုပဓာနဝါဒီလို့ ဆိုသင့်တဲ့ အမေရိကန်မော်ဒန်ပန်းချီဆရာဟာ ပိုးလော့တစ်ယောက်တည်းရှိတယ်လို့လည်း ဆိုခဲ့ကြတယ်။ ပိုးလော့ဟာ သူတို့ခေတ်ပန်းချီဆရာတွေဟာ ပန်းချီရဲ့တင်ပြချင်တဲ့အကြောင်းအရာကို ရှေးကလို ပြင်ပအရာတွေကနေ ရှာစရာမလိုတော့ဘဲ အတွင်းထဲကနေပဲ ရှာကြတယ်လို့ဆိုခဲ့သလို သူကိုယ်တိုင်လည်း မသိစိတ်ကို သူ့ပန်းချီတွေရဲ့ ရင်းမြစ်လို့ ပြောခဲ့ဖူးတယ်။ ပြောရရင် ပိုးလော့ပန်းချီတွေဟာ တာကော့စကီးရုပ်ရှင်တွေလိုပဲ Flow of Consciousness ကို သုံးထားတယ်။ ပိုးလော့ရဲ့ ပန်းချီဆွဲနည်းတွေမှာ အင်ဒီးယန်းတွေရဲ့သဲပန်းချီကနေ သန္ဓေတည်လာတဲ့ အစက်ချဆွဲနည်းတွေ၊ အရှေ့တိုင်းလက်ရေးလှစာလုံးရေးပညာရဲ့ စာရွက်ကိုကြမ်းပေါ်ချပြီး စုတ်တံကို ကင်းဗတ်စ်ပေါ် ဖြတ်စီးရုံလောက်သာ စီးပြီး ဆွဲနည်းတွေပါသလို သူ့ပန်းချီအတွေးအခေါ်မှာလည်း ဟိန္ဒူတွေးခေါ်ပညာရှင် ခရစ်စနားမူရတီးရဲ့ “ကိုယ့်ကိုယ်ကိုယ်ချစ်မိရင် အမှန်တရားနဲ့လည်း ချစ်မိသွားလိမ့်မယ်”ဆိုတဲ့ အယူကလည်း စီးဝင်နေခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး ဘာမှအသစ်မရှိဘူးမို့လား။ မူရာကာမိစာအုပ်တစ်အုပ်ထဲက စကားတစ်ခွန်းလိုပဲ “ဂီတမှာ ဘာမှအသစ်မရှိဘူး၊ ရှိပြီးသားကီးနုတ်တွေကို စုစည်းပြီး လှပတဲ့သံစဉ်တစ်ခုဖြစ်အောင် ဖွဲ့စည်းရတာပဲ” တဲ့။ ပိုးလော့ဟာလည်း ရှိပြီးသားအရာတွေကိုယူပြီး လှပတဲ့အနုပညာအသစ်တစ်ခုအဖြစ် ပြန်မွေးဖွားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်မှာတော့ ဒြပ်မဲ့ဝေဒနာပန်းချီဟန်ကို အုတ်မြစ်တည်စေခဲ့တဲ့ ဂျွန်ဂရေဟမ်၊ အက်ရှလေဂေါ်ကီတို့အပေါ် ပိုးလော့အမြင်တွေကိုလည်း ပြောထားသလို ပိုးလော့နဲ့ အောင်မြင်တဲ့ကာလခြင်းသိပ်မကွာတဲ့ ခေတ်ပြိုင်လို့ဆိုရမယ့် ဝီလျံဒီကူးနင်းတို့အပြင် တခြားနာမည်ကြီးဝေဖန်ရေးသမားတွေ အနုပညာသမားတွေကိုလည်း ထည့်သွင်းထားတယ်။ ပိုးလော့အကြောင်း‌ ဘိုင်အိုဆိုတော့ ဒီလူတွေကို မထည့်လို့လည်းမဖြစ်လောက်ဘူးကိုး။‌ သူတို့က ဒီမှာ အရိပ်လောက်ပါတာဆိုတော့ ပိုသေချာသိချင်ရင်တော့ အောင်ခင်မြင့်ရဲ့ မော်ဒန်အမေရိကန်ပန်းချီနဲ့ တွဲဖက်ပြီးကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက် ပိုးလော့ရဲ့ ပန်းချီအမြင်တွေ မော်ဒန်ပန်းချီအပေါ် သူ့အမြင်တွေလည်း အင်တာဗျူးတွေမှာ ပြောခဲ့တာကို ထည့်သွင်းဖော်ပြထားတယ်။ ပိုးလော့ရဲ့အတက်အကျတွေကိုလည်း ဖော်ပြထားတယ်။ ပိုးလော့ဟာ သူ့ပန်းချီတွေကို တစ်သိန်းလောက်တန်လာမယ်လို့ ထင်ခဲ့ပေမဲ့ ၂၀၁၆မှာတော့ သူ့ပန်းချီတွေဟာ သန်း၂၀၀အထိ ဈေးပေါက်နေပါပြီ။ ပိုးလော့ပန်းချီဟန်တွေကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပါတယ်။ ကလေးဆွဲခိုင်းတောင် ရတယ်လို့ ပြောတဲ့လူတွေလည်းရှိသလို ဆေးတွေပက်ချထားရင်တောင် ဖြစ်တယ်လို့ ပြောတဲ့လူတွေလည်း ရှိခဲ့တယ်။ ဘာတွေဆွဲမှန်းမသိကြတဲ့လူတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုးလော့ပြောထားတာကတော့… “ပန်းချီကားကြည့်ကြတဲ့လူတွေသာ ပန်းချီကိုပဲ ကြည့်လိုက်ရင် ပန်းချီကားကို ခံစားဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပန်းခင်းကြီးကို ကြည့်သလိုကြည့်လိုက်ရုံပါပဲ။ ဘာအဓိပ္ပာယ်နဲ့ဆွဲထားသလဲသိဖို့ ခေါင်းခဲနေစရာမလိုပါဘူး”တဲ့။ ကိုးကား – “မော်ဒန်အမေရိကန်ပန်းချီ” အောင်ခင်မြင့် (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 985MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 2Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
7 2000 132 mins
Pollock
Mutant Chronicles
5.2

Mutant Chronicles (2008) ================== “တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။” ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖိုစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ Cast တွေကတော့ Thomas Jane, Ron Perlman, John Malkovich တို့အပြင် “D.E.B.S” နဲ့ “2 Fast 2 Furious”က Devon Aoki လေးလည်း ပါဝင်တာမို့ မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:51:00 Genre_Action, Adventue, Mystey Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.2 2008 111 mins
Mutant Chronicles
Chalti Rahe Zindagi

Chalti Rahe Zindagi (2024) “ဘ၀အဖုံဖုံ” လောင်ရုံတင်မက ပြာပါကျသွားမဲ့အရှုပ်တော်ပုံကြီးကို ဖန်တီးရိုက်ကူးတင်ဆက်ထားတဲ့ ဟင်ဒီရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။ ၀ူဟန်ကတဆင့် ပျံ့ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရက အိမ်ပြင်မထွက်ကြဖို့ တောင်းဆိုထားချိန်။ ဒီလော့ခ်ဒေါင်းကြောင့်ပဲ အိမ်နီးချင်းအိမ်ထောင်သည်တွေထဲက လင်ဖြစ်သူနဲ့ မယားဖြစ်သူတို့ ဖောက်ပြန်နေကြတာ ပေါ်လာခဲ့တယ်။ မတူညီတဲ့မိသားစုသုံးခုရဲ့ သပွတ်အူလိုရှုပ်ထွေးလှတအကြောင်းအရာတွေ။ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကို သူတို့တွေရင်ဆိုင်ခံစားရင်း ကျော်ဖြတ်နိုင်ကြမလားဆိုတာတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Comedy • Horror
0 2024
Chalti Rahe Zindagi
Between the White Key and the Black Key
6

ဘားအသေးစားလေးမှာ ဖျော်ဖြေနေတဲ့တီး၀ိုင်းထဲက စန္တယားသမားလေး ဟီရိုရှိကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် သီချင်းတစ်ပုဒ်တောင်းဆိုလာပါတယ်, ဒီသီချင်းက The Godfather ထဲက ဇာတ်၀င်တေးသီချင်းပါ ဒါပေမယ့်တစ်ခုရှိတာက ဒီသီချင်းကို ယာကူဇာဘော့စ် ကူမာနိုတစ်ဦးထဲကပဲ တောင်းခွင့်ရှိပြီးတော့ တီးခွင့်ရှိတာကလဲ ဂင်ဇာမြီု့ကနာမည်ကြီးတီး၀ိုင်းမှာတီးနေတဲ့ မီနာမီဆိုတဲ့ စန္တယားဆရာတစ်ယောက်တည်းရှိတာပါ, ဒါကိုမသိပဲ The Godfather သီချင်းကိုဖျော်ဖြေမိသွားတဲ့ ဟီရိုရှီ ရဲ့ ကံကြမ္မာက… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File size_(750MB)/(350MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan

6 2023 94 mins
Between the White Key and the Black Key
Love On-Air

Love-On Air (2012) ****************** ဒီကားလေးထဲမှာတော့ F4 မှာပါဝင်ခဲ့တဲ့ Lee Min Jung နဲ့အတူ … The K2, The king of eternal monarch တို့မှာပါဝင်ခဲ့တဲ့ Lee Jung Jin.. ပရိတ်အချစ်တော် Lee kwang soo နဲ့အတူ တခြားသော သရုပ်ဆောင်များစွာ… ပါဝင်ရိုက်ကူးထားတာမလို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦးနော် ဇာတ်လမ်းအညွှန်း ————— ရှင်းဂျင်အာဆိုတဲ့ကောင်မလေးက ကိုရီးယားမှာနာမည်အကြီးဆုံး… မိန်းကလေးအဆိုတော်အဖွဲ့ Purple ရဲ့ leaderတစ်‌ယောက်ပေါ့။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ disband ဖြစ်သွားပြီးနောက်.. ဂျင်အာက Wonderful radio အစီအစဉ်မှာ DJ တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ရေဒီယိုပရိုဂရမ်ရဲ့ rating တွေ ကျနေတာကို ကယ်တင်ဖို့အတွက်… အီဂျယ်ဟျော့ဆိုတဲ့ PD တစ်ယောက်အသစ်ရောက်လာပါတော့တယ်။ စတွေ့ကတည်းက အကြောမတည့်ကြတဲ့ PD နဲ့ DJ တို့ကတောက်ကဆလေးတွေ စတင်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ ဂျယ်ဟျော့က ဂျင်အာကို ပရိုဂရမ်အတွက် အိုင်ဒီယာအသစ်ထုတ်လာခိုင်းပါတော့တယ်။ ခေါင်းစားနေရတဲ့ဂျင်အာက အမေဖြစ်သူ သီချင်းဆိုနေတာကို ကြည့်ပြီး အိုင်ဒီယာလေးရသွားပါတယ်။ အဲဒီအစီအစဉ်လေးက တဖြည်းဖြည်းလူကြိုက်များလာပြီး ပြန်အောင်မြင်လာတဲ့အခါမှာတော့ …. အပင်မြင့်လေ လေတိုက်လေဆိုတဲ့အတိုင်း အတိုက်အခိုက်တွေပေါ်လာပါတော့တယ်။ အတိုက်အခိုက်တွေကြား ဂျင်အာ ဘယ်လိုရပ်တည်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုကြပါရှင်။ ဇာတ်လမ်းအညွှန်းကို May Thet မှ ရေးသားပေးထားပါတယ်။ File size… 2.01GB / 820MB Quality…WEB-DL 1080p 720p Genres: Romance, Comedy Duration: 2 hr Subtitle….Myanmar Subtitle (Hard Sub) Translated By May Thet Encoded By Heather Oo

0 2012
Love On-Air
The Face of Another
7.9

The Face of Another (1966) ~ IMDb – 7.9/10, Rotten Tomatoes – 86% ~ Woman in the Dunes ရဲ့ စာရေးဆရာဖြစ်တဲ့ Kōbō Abe ရဲ့ ဝတ္တုကိုပဲ Hiroshi Teshigahara က ရိုက်ထားတာ Pitfall, Woman in the Dunes, The Face of Another, The Man Without a Map စသဖြင့် စုစုပေါင်း လေးကားရှိခဲ့တယ်။ ဒီကားတွေကြည့်ဖူးတဲ့လူတွေတော့ သိကြမှာပါ၊ ခိုဘိုအဘဲဟာ ဂျပန်ရဲ့ဖရန့်ကာဖ်ကာလို့ အနှိုင်းခံရတဲ့ စာရေးဆရာမို့ သူ့စာတွေကို ရိုက်ထားတဲ့ ဒီရုပ်ရှင်တွေက Metaphor တွေချည်း လှိမ့်သုံးထားတဲ့ နားလည်ရမခက်ပေမဲ့ မလွယ်တဲ့ကားတွေလို့ ပြောလို့ရတယ်။ ဒါကို ဂျပန်နယူးဝေ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ ဟိရိုရှိကလည်း ဒီဇာတ်လမ်းတွေကို အောင်မြင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ပထမ၃ကားလုံးက သူ့အအောင်မြင်ဆုံးရုပ်ရှင်တွေထဲပါခဲ့ပြီး နောက်ဆုံးတစ်ကားပဲ နည်းနည်းချာသွားခဲ့တယ်။ ဂျပန်နယူးဝေ့ဟာ ၁၉၅၆လောက်ကစခဲ့ပေမဲ့ ၁၉၆၀မတိုင်ခင်အထိ နယူးဝေ့ကားနည်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ Nagisa Ōshima ကစလို့ Seijun Suzuki တို့အဆုံး နယူးဝေ့ဒါရိုက်တာတွေ ဆက်တိုက်ဆိုသလိုရိုက်ခဲ့ကြတယ်။ ကျွန်တော်သတိထားမိသလောက်တော့ ဒီနယူးဝေ့ကားတွေမှာ အိုဇုတို့ ကူရိုဆာဝါတို့လိုမဟုတ်ဘဲ လိင်မှုခန်းတွေ လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းတွေကိုသာ ရဲရဲဝံ့ဝံ့ကို မြင်သာထင်သာ တင်ဆက်လာကြတယ်။ ဒီနယူးဝေ့ဟာ ဒါရိုက်တာက သူ့ရုပ်ရှင်ကို သူကိုယ်တိုင်လွတ်လပ်စွာ တင်ဆက်နိုင်ခွင့်ရှိတယ်ဆိုတဲ့ သီအိုရီကို ဂျပန်မှာ စမိတ်ဆက်ခဲ့တဲ့ ကာလဖြစ်ခဲ့တော့ ဒါရိုက်တာတွေ တော်တော်တော့ခက်ခဲခဲ့မှာပေမဲ့ Ōshima တို့၊ Suzuki တို့၊ Yoshishige တို့ဆို တော်တော်ရဲရဲတင်းတင်းကို ပြခဲ့ကြတယ်။ တချို့ဆို သူတို့ကားတွေကို အပြာကားလို့တောင် ထင်ခဲ့ကြတယ်။ Hiroshi Teshigahara ကတော့ ကြားကျကျပဲနေသွားခဲ့ပုံပါပဲ။ ပြတော့ပြပေမဲ့ ဟိုဘဲတွေလောက်တော့ မဟုတ်ဘဲ လိုအပ်တယ်လို့ သေချာတဲ့နားလောက်ပဲ ထည့်ခဲ့တယ်။ Hiroshi Teshigahara ရဲ့ The Face of Another ဟာ Woman in the Dunes လောက်တော့ မကောင်းဘူးလို့ ဆိုကြပေမဲ့ Tatsuya Nakadai ရဲ့ သရုပ်ဆောင်ချက်ကိုပါ ထည့်တွက်ရင် ကျွန်တော်တော့ Woman in the Dunes ထက်တော့ မညံ့ဘူးလို့မြင်တယ်။ ဇာတ်လမ်းကတော့ စက်ရုံပေါက်ကွဲမှုကြောင့် မျက်နှာစုတ်ပြတ်သတ်သွားတဲ့ အင်ဂျင်နီယာတစ်ယောက်ကနေ စတယ်။ သူ့မျက်နှာက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပြီးတဲ့နောက် သူ့မိန်းမကတောင် သူ့ကိုအလိုမပါတော့ဘဲ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ သူ့အတွက် တော်တော်ခက်ခဲနေခဲ့တယ်။ ဒီတော့ သူက သူ့စိတ်ကို သူအဖက်ဆည်ဖို့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ ပြတယ်။ ဒီဆရာဝန်က စိတ်ရောဂါကုဆရာဝန်ပေမဲ့ စစ်အတွင်းက လက်ပြတ်သွားတဲ့လူတွေကို လက်ချောင်းအသစ်တွေ လုပ်ပေးတာတို့ ဘာတို့လုပ်နေတဲ့ ဆရာဝန်။ သူက မျက်နှာမရှိတော့တဲ့လူကို မျက်နှာဖုံးတစ်ခုလုပ်ပေးခဲ့တယ်။ လူ့မျက်နှာလို တစ်ပုံစံတည်းဖြစ်နေတဲ့ မျက်နှာဖုံးပေါ့။ သူ့သီဝရီအရတော့ သူက မျက်နှာမရှိတဲ့လူဟာ လူတောတိုးဖို့ မျက်နှာလိုချင်တာလို့ပြောပေမဲ့ မျက်နှာဖုံးက သူ့စိတ်နဲ့ ခန္ဓာကိုပြန်ကြီးစိုးသွားမယ်လို့ ယူဆတယ်။ ဒီနောက်မှာတော့ မျက်နှာဖုံးကမျက်နှာလား၊ မျက်နှာက မျက်နှာဖုံးလား၊ မျက်နှာက မျက်နှာလား၊ မျက်နှာဖုံးက မျက်နှာဖုံးလား ဆိုတဲ့ အဖြေကို ကိုယ်တိုင်ရှာယူရမယ့် အခြေအနေကို ဆွဲခေါ်သွားတယ်။ ဒီရုပ်ရှင်မှာ ဒီဇာတ်နဲ့အပြိုင် သူ့အစ်ကိုနဲ့ပြန်အိပ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလည်းပါခဲ့ပါတယ်။ မူရင်းဝတ္တုမှာတော့ ဒီဇာတ်လမ်းဟာ အဓိကဇာတ်ကောင်က ရုပ်ရှင်ရုံမှာ ကြည့်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းအကြောင်းလည်း သူပြန်ပြောပြခဲ့တယ်။ အဓိကဇာတ်ကောင်က ဒီဇာတ်လမ်းကိုသိနေတယ်ဆိုတဲ့ အချက်ဟာ ဇာတ်ကောင်ကို အကဲဖြတ်ဖို့ ကျွန်တော်တို့အတွက်လိုတဲ့တစ်ချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 600MB Quality – WEBRip 720p, 480p IMDb Rating – 7.9/10 Format – mp4 Duration – 2H 4Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
7.9 1966 122 mins
The Face of Another
Lilo & Stitch
6.9

Lilo & Stitch (2025) IMDb Rating (6.9) / Rotten Tomatoes (71%) ( WEB-DL ကြည်တောက်ရှင်း 4K လဲ ထပ်ထည့်ထားပါတယ်။ ) အားလုံးကြိုက်ခဲ့ကြတဲ့ Disney ရဲ့ နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ Lilo & Stitch ကတော့ Live action အဖြစ်ထွက်လာပါပြီ။ ပုံမှန် live action ရိုက်ရင် Fail နေကျ Disney က ဒီကားမှာတော့ ရုံတင်ဝင်ငွေကောင်းတစ်ခုနဲ့ Rating ကောင်းကောင်းတွေရထားပြီး အောင်မြင်နေပါတယ်။ Hangover 1,2,3 ထဲက နာမည်ကြီး ဟာသမင်းသား Zach Galifianakis ကလည်း ပါဝင်အားဖြည့်ထားပြီး၊ လီလိုအဖြစ် ကလေးသရုပ်ဆောင်ရွေးထားတာကလည်း မူလကာတွန်းထဲကအတိုင်း Casting ပိုင်းအတော်လေးအဆင်ပြေပါတယ်။ ငယ်ဘဝကကြည့်ခဲ့တဲ့အတိုင်း ဇီဝစမ်းသပ်ချက်လုပ်ရင်း ဓာတ်ခွဲခန်းကနေဖန်တီးပြီးထွက်လာတဲ့ စတစ်ချ်ဆိုတဲ့ ဂြိုလ်သားလေးက ကမ္ဘာမြေပေါ်ကျလာပြီး သူငယ်ချင်းအရမ်းလိုချင်နေတဲ့ ဟာဝီုင်အီသူ လီလိုနဲ့ သွားတွေ့ပြီး သံယောဇဉ်တွယ်သွားပါတယ်။ ဒါပေမဲ့ စတစ်ချ်ကို လိုက်ဖမ်းနေတဲ့ မိခင်ဂြိုလ်ကအေးဂျင့် ၂ ယောက်လည်း ကမ္ဘာမြေပေါ်ရောက်လာတော့ ဘာတွေဆက်ဖြစ်သွားမလဲကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်။) File size… (4.9 GB) / (2.2 GB) / (1.1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Comedy, Drama, Family, Fantasy Duration…. 01:50:31 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by CM Team

6.9 2025 108 mins
Lilo & Stitch