YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

AOT S03 Part1.zip

3.01 GB N/A application/x-zip-compressed 2032 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
To Every You I've Loved Before
6.3

IMDb 7.2/10 MyAnimeList 7.4/10 To all of you that I've loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာYomoji Otonoရဲ့ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။ ​(နောက်တစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း ထပ်ပြီးတင်ဆက်​ပေးဦးမှာပါ)။ ဝတ္ထုအ​နေနဲ့တုန်းကလည်း ​အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်း ကြည့်ရှုသူပရိသတ်​တွေကိုစိတ်​ကျေနပ်မှု​ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်း​တွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင် ဆရာYomoji Otonoရဲ့တတ်ယ​မြောက် ဝတ္ထု 僕が君の名前を呼ぶから (Boku ga Kimi no Namae o Yobukara, lit. "Because I'm Calling Your Name")လည်း ၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါ​သေးတယ် ဇာတ်လမ်းက​တော့ အခု​ခေတ်စား​နေတဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းအ​ခြေခံထား​ပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်က​တော့ ​ကောင်​လေးတစ်​ယောက်ရဲ့အချစ်ဇာတ်လမ်း​လေးပါ။ အချစ်ဇာတ်လမ်း​လေးကိုလှလှပပ ရယ်​မော​ငို​ကြွေးနိုင်​​အောင်ကိုတင်ဆက်​ပေးသွားနိုင်ခဲ့တာမလို့ ကြည့်​နေရင်းနဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းကိုစိတ်မဝင်စား​တော့ အချစ်ဇာတ်လမ်းထဲမှာ​မျောပါသွားနိုင်တဲ့အထိပါပဲ။ ဇာတ်လမ်းအကျဥ်းက​တော့ Koyomiဟာ အလယ်တန်း​ကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။ အထက်တန်း​ကျောင်းသားဘဝ​ရောက်ချိန်မှာ​တော့ Kazuneဆိုတဲ့​ကောင်မ​လေးတစ်​ယောက်ရဲ့လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။ အချစ်ဇာတ်လမ်း​လေးဟာ ​သာယာ​ဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားက​တော့ ကြည့်ရှုသူအ​ပေါ်မှာပဲ မူတည်ပါလိမ့်မယ် Spoilerပါးပါး​လေး​ပြောပါမယ်။ နည်းနည်း​လေး​တောင်spoilမမိချင်ရင် ဆက်မဖတ်ပါနှင့်​တော့။ ဒီဇာတ်လမ်းထဲမှာဇာတ်လမ်း၂ခုပါပါတယ်။ အစကတည်းက ဇာတ်လမ်း၂ခုရှိတာကိုချပြထား​ပေမဲ့ ဇာတ်လမ်းဆွဲ​ခေါ်သွားပုံက ငြင်သာလွန်းလို့ ပြီးခါနီးမှပဲ သတိထားမိမှာပါ File size…913MB / 400MB Quality…1080p HEVC / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Dr Nyan

Action • Crime • Thriller
6.3 2022 102 mins
To Every You I've Loved Before
Janaki Jaane

Janaki Jaane ( 2023 ) ================== IMDb 8.5/10 အသစ်ထွက်လာတဲ့ မာလေယာလမ်စကားပြော ရိုမန်းတစ်အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာနာကီဆိုတာ နယ်မြို့လေးကကောင်မလေးတစ်ယောက်။ငယ်ငယ်ကကြုံခဲ့ရတဲ့အဖြစ်အပျက်တခုကြောင့် ထရော်မာဝင်ပြီး တစ်ယောက်ထဲမနေရဲတာ အမှောင်ကြောက်တတ်တာမျိုးကို အလွန်အကျွံခံစားနေရရှာသူလေး။ သစ်ကိုင်းခြောက်ကလေး ပြုတ်ကျတာတောင်သတိလစ်သွားတဲ့အထိအသဲငယ်ရှာသူလေး။ အဲဒီလို အသည်းငယ်တာကြောင့် အိမ်ထောင်ဖက်တွေ့တိုင်း အဆင်မပြေဘဲ အပျိုကြီးဖြစ်နေရတယ်။အဲဒီလိုအသည်းငယ်တဲ့သူ့ကို ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်တဲ့ ပါလေရာငပိဇာတ်လိုက်ကျော်က မြင်မြင်ချင်းကြွေသွားပြီး လူကြီးတွေကနေတဆင့်နားဖောက်ဖို့ကြိုးစားပါတော့တယ်။ တောင်ပိုင်းအချစ်ကားတွေ ကောင်းပြီဆိုရင် တော်ရုံကားလိုက်မမီတာကြောင့် ဒီဂျာနာကီရဲ့ အချစ်ဇာတ်လမ်းကရော ပရိသတ်တွေကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ ရှုမြင်ခံစားလိုက်ရအောင်လား။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, Moon, Cherry နဲ့ Zwe တို့ပဲဖြစ်ကြပါတယ်။ ) File size…2.03GB / 853MB Quality…1080p WEB DL /720p Format…mp4 Duration…. 2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ Moon~ Cherry ~ Zwe

Action • Western
0 2023
Janaki Jaane
The Falconer
6

The Falconer (2021) ~ IMDb – 6/10, Rotten Tomatoes – 100% ~ ခရမ်းချဉ်သီးအလုံးတစ်ရာအပြည့်နဲ့ Art Film ကားကောင်းတစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ဆုရထားပါတယ်။ ဝင်ပြိုင်တဲ့ပွဲ အားလုံးနီးပါး ဆုရသွားခဲ့တဲ့‌ ကားကောင်းတစ်ကားပေါ့။ ဇာတ်လမ်းကတော့ Falconer ဆိုတဲ့အတိုင်းပဲ ဖယ်ကွန်တစ်ကောင်ကို လေ့ကျင့်ပေးတဲ့ တိရိစ္ဆာန်ချစ်တဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သားကောင်ကို စားတဲ့ သားရဲတွေဟာ လှောင်ချိုင့်ထဲကနေ အပြင်လောကကို လွှတ်ပေးခံလိုက်ရတဲ့အခါ ကြာကြာမနေနိုင်ပါဘူး။ သုံးလေးရက်နေ သေကြတာပါပဲ။ အရင်လိုသန်မြန်မှုတွေ မရှိတော့တာကြောင့်ပေါ့။ Falcon တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ တိရိစ္ဆာန်ရုံထဲ လှောင်ထားခံထားရတာကြာတဲ့ ဖယ်ကွန်တစ်ကောင်ဟာ ရင်အုပ်ကြွက်သားတွေမရှိတော့ဘဲ ကောင်းကောင်းမပျံနိုင် သားကောင်ကိုဖမ်းဖို့မတတ်နိုင်ဖြစ်ကုန်ပါတယ်။ တိရိစ္ဆာန်ရုံစောင့်တဲ့ ကောင်လေးနှစ်ကောင်ဟာ အခြေအနေအကြောင်းကြောင်းနဲ့ ဖယ်ကွန်တစ်ကောင်ကို ခိုးပြီး အပြင်လောကမှာ ရှင်သန်နိုင်အောင် လေ့ကျင့်ပေးကြတဲ့ ဇာတ်လမ်းလေးပါပဲ။ တိရိစ္ဆာန်ချစ်တဲ့လူတွေအတွက်ရော Independent Film ကြိုက်တဲ့သူတွေအတွက်ရော အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 850MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 40Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Comedy • Fantasy
6 2021
The Falconer
[18+] Black Cat
5.8

Black Cat (1991) ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။ သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းသွားက Luc Besson ရဲ့နာမည်ကျော် La Femme Nikita နဲ့ဆင်သလို ဒါရိုက်တာကလဲ အဲ့ဒီကားကိုပဲပြန်ရိုက်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဇာတ်ကားမူပိုင်ခွင့်ကို Disney ကဦးသွားခဲ့တဲ့အတွက် ခပ်ဆင်ဆင်ဇာတ်သွားနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က မထင်မရှားမော်ဒယ်တစ်ယောက်သာဖြစ်ခဲ့တဲ့ Jade Leung ကို တစ်ကားတည်းနဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်စေခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 36Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

5.8 1991
[18+] Black Cat
Yes, I Can’t Swim
5.5

Yes, I Can’t Swim (2022) အရိုးစွဲလာတဲ့ အကြောက်တရားကို ကျော်လွှားဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲလှတဲ့အရာပါ။ အထူးသဖြင့် အတိတ်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့်ရလာတဲ့ Thalassophobia လို ရေကြောက်တဲ့စိတ်ကို ဖျောက်ဖို့က တော်တော်လေး မလွယ်ကူလှပါဘူး။ ဒီဇာတ်ကားထဲမှာတော့ “ယုဂျိ တကနရှိ”လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် ရေမကူးတတ်တဲ့ တက္ကသိုလ်ဆရာတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ငယ်စဉ်တုန်းက ရေထဲပြုတ်ကျဖူးတဲ့ဖြစ်ရပ်ကြောင့် ရေကြောက်သွားပြီး ရေကူးမသင်ခဲ့တဲ့ ဆရာ “ယုဂျိ”ဟာ တစ်နေ့မှာတော့ မြစ်ထဲပြုတ်ကျသွားတဲ့ သားလေးကို လိုက်ကယ်ရင်း သူကိုယ်တိုင်လည်း သတိမေ့သွားခဲ့ပါတယ်။ ပြန်သတိရလာချိန်မှာတော့ သူ့သားလေးက ဆုံးပါးသွားပြီဖြစ်သလို သူလည်း ဒီအဖြစ်ပျက်ကရတဲ့ Post Traumatic Stress Disorder စိတ်ဒဏ်ရာကြောင့် ဒီအဖြစ်အပျက်ကို မှတ်ဉာဏ်ထဲမှာ လုံးဝ မမှတ်မိခဲ့ပါဘူး။ ဒီကိစ္စကြောင့်ပဲ သူတို့ရဲ့ အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်ပြီး ကွာရှင်းလိုက်ကြပါတယ်။ ၅နှစ်ခန့်အကြာမှာတော့ အိမ်အပြန်လမ်းမှာ ရေကူးသင်တန်း ပိုစတာတစ်ခုကိုတွေ့ပြီး အသစ်အဆန်းကို စူးစမ်းချင်စိတ်ကြောင့် သင်တန်းအပ်လိုက်ပါတယ်။ နှစ်ရှည်လများရှိလာခဲ့တဲ့ အဖြစ်ဆိုးတွေနဲ့လည်း ပတ်သက်နေတဲ့ ရေကြောက်တဲ့စိတ်ကို ကျော်လွှားဖို့ သူဘယ်လို ဖြတ်ကျော်လိမ့်မှာလဲ… အဲဒါအပြင် ရေကူးသင်တာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ​သေချာရိုက်ကူးထားတာဖြစ်လို့ ရေကူးသင်ဖို့ Motivation လိုအပ်နေသူတွေလည်း ကြည့်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 950MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 2H Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

5.5 2022
Yes, I Can’t Swim
Uncle Maoshan
6

တရုတ်ခုန်ဆွသရဲကားတွေကြိုက်တဲ့ CM ရဲ့ ပရိတ်သတ်တွေအတွက် Uncle Maoshan ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချင်းခေတ်နှောင်း မင်ကော်ခေတ်အစပိုင်းမှာ သူဌေးကြီး သခင်ကြီးရန်ဟာ မတော်တဆသေဆုံးသွားခဲ့ပါတယ်။ ကောလာဟလတွေအရ သခင်ကြီးရန်ဟာ သရဲကိုက်လို့သေတာလို့ ပြောနေကြသဖြင့် မမလေးရန်ဟာ ဦးလေးကျိုကို သူမအဖေအတွက် အကူအညီတောင်းလာပါတယ်။ အမှန်တရားအတွက် သွားရောက်စုံစမ်းစဉ် အလောင်းရုံထဲ ထားခဲ့တဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ သခင်ကြီးရန်ဟာ ထူးဆန်းစွာ ပြန်ရှင်လာပြီး သရဲအဖြစ်နဲ့ မြို့ထဲကလူတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင်ချောင်ဟာ ဆရာကြီးချန်းဟဲ့ကို ခေါ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းခိုင်းခဲ့ပေမယ့်လဲ ဆရာကြီးချန်းဟဲ့လည်း ဘာမှ မတတ်နိုင်ဖြစ်ခဲ့ရပါတယ်​၏ သရဲတွေကလည်း တဖြည်းဖြည်းနှင့် ပိုဆိုးလာပြီး မြို့ထဲမှ လူအများကလဲ စိုးရိမ်ကြောက်လန့်နေရပါတယ်။ မောင်ရှန်းဘုန်းကြီးဖြစ်သူ ဦးလေးကျိုဟာလည်း သူ့ဘဝမှာ အကြီးဆုံး အခက်အခဲနဲ့ တွေ့နေပါတော့တယ်။ မြို့ထဲက သရဲတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ…… ဦးလေးကျိုနဲ့ သူ့တပည့်တွေကရော ဘယ်လို နှိမ်နင်းကြမလဲ…… ဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။

Comedy • Romance • Drama
6 2023
Uncle Maoshan
Jawan
7.5

Jawan (2023) “စစ်သည်တော်” IMDb-7.5/10 ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့ King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။ King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။ ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။ ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ။ ဥပဒေ…။ဥပဒေဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွင်းမှာ မမှားသင့်တာမမှားရအောင်၊ မှားခဲ့ပြန်ရင်လည်း အမှားကိုသက်သေထူပြီး အပြစ်ဒဏ်ပေးဖို့ပဲလို့ အလွယ်ဆိုကြပါစို့။ဒီလို လူ့ယဉ်ကျေးအသိုင်းအဝိုင်းဆိုတာကြီးထဲမှာပဲ ဥပဒေကိုလက်တလုံးခြားလုပ်ရင်း ကိုယ်ကျိုးရှာတတ်တဲ့ အတ္တသမားကြီးတွေက ဥပဒေအထက်မှာရောက်နေတတ်ကြတာကလည်း ဓမ္မတာလို့ပဲဆိုကြရလေမလား။ ဒီလို ဝိသမလောဘသမားတွေကို ပညာပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ အာဇဒ်နဲ့မိန်းမပျိုလေးတသိုက်ပေါ့။သူတို့တွေ ရထားတစ်စင်းကိုပြန်ပေးဆွဲကြပေမယ့် ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းခံကြောင့် ပြန်ပေးဆွဲခံရသူ ရထားပေါ်ကခရီးသည်တွေပါ သူတို့နဲ့တစိတ်တဝမ်းတည်းဖြစ်ကုန်ပါရောလား။ ဥပဒေရဲ့အပြင်ကနေ မလွှဲမရှောင်သာလုပ်ကိုင်နေရသူဖြစ်ပေမယ့်ရေစက်ဆုံချင်တော့လည်း ပြန်ပေးညှိနှိုင်းရေး အရာရှိအမျိုးသမီးလေးနဲ့မှ အာဇဒ်တစ်ယောက် ဖူးစာဆုံပါရော။ အာဇဒ်နဲ့အဖွဲ့က နောက်ထပ်မစ်ရှင်တစ်ခုကိုထပ်လုပ်တဲ့အချိန်…၊အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့ဇာတ်ရုပ်ကိုမသိဘဲ နှစ်ဦးသားအတူချစ်ခရီးလမ်းကိုလျောက်လှမ်းနေတဲ့ အရာရှိအမျိုးသမီးကလည်း အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားကို သိသွားချိန်မှာတော့။ အက်ရှင်၊အချစ်၊အလွမ်း၊မေတ္တာတရား စတဲ့ ရသစုံလင်စွာနဲ့ စောင့်မျှော်ရကျိုးနပ်တဲ့ ရုပ်ရှင်ကားကြီးကိုကြည့်ရှုအားပေးကြပါဦးလို့။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.5 2023 169 mins
Jawan
Good Night, and Good Luck
7.4

ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။ မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Comedy • Adventure
7.4 2005
Good Night, and Good Luck
My Week with Marilyn
6.9

My Week with Marilyn (2011) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh… ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။ ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူး။ နောက် အခုဆို ဟာကျူလီပွာရိုတွေချည်း ဆက်တိုက်ရိုက်နေတဲ့ Kenneth Branagh, ဂျိမ်းစဘွန်းထဲက M တစ်ဖြစ်လဲ မင်းသမီးကြီး Judi Dench, နောက် အင်္ဂလန်ရဲ့ကျက်သရေဆောင် Emma Watson… ဒီထဲမှာမှ မစ်ချဲလ်နဲ့ ကန်းနက်တို့က အော်စကာမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု အသီးသီးဆန်ခါတင်ဝင်ခဲ့ကြတယ်။ ထုတ်ထားတဲ့ ဘဲကလည်း လက်ရှိဟောလိဝုဒ်ရဲ့ နာမည်အပျက်ဆုံးလူလို့ ပြောလို့ရတဲ့ အဲဒီပျက်တဲ့နာမည်နဲ့ မလိုက်အောင်ဘဲ သူထုတ်တဲ့ ကားမှန်သမျှ ဂေါ်ထွက်နေတဲ့ ဟာဗေးဝင်းစတိန်း။ အဘက်ဘက်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပါပဲ။ ကြည့်ဖို့မကြည့်ဖို့ကတော့ ခင်ဗျားတို့အလုပ်ပေါ့။ ————————————————— မာရီလင် မွန်ရိုးသို့ တမ်းချင်း “ဆင်းရဲခြင်းက ဒုက္ခ“တဲ့။ နီလာရောင် ရေချိုးခန်း “ပဲရစ်”ရေမွှေး ဖျန်းထားသော ပန်းခြံ မရန်းရောင် ရှမ်ပိန်၊ ရေခဲစိမ် “မာတနီ” ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ အဆိပ်သောက် သေဆုံးသွားသော ဟောလိဝုဒ်၏ ကြယ်ပွင့်အပြာ အို၊ မာရီလင် မွန်ရိုး။ “ချမ်းသာခြင်းမှာ ဘာဒုက္ခများ တွေ့ခဲ့လဲ“။ ။ ~ သုခမိန်လှိုင် (ဂျွန်လ၏ မိုးရေများ – ၁၉၇၀) ————————————————— (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 730MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2011
My Week with Marilyn
Founders Day
5

Founders Day (2023) ============= Founders Day ( 2023) ဇာတ်ကားကတော့ သည်းထိပ်ရင်ဖိုအမျိုးအစားထဲကပါပဲ။ Mystery သဘောလည်းပါတယ်ပြောရမယ်။ ဒါပေမယ့် များသောအားဖြင့် Horror ကားတွေက ပုဂ္ဂလိကအကြောက်းအရာတွေကိုအခြေခံပြီးရိုက်ကြပေမယ့် ဒီဇာတ်ကားမှာတော့ ရှုထောင့်တစ်မျိုးကို ပေးထားပါတယ်။ လေးနှစ်တစ်ကြိမ်မဲပေးရွေးချယ်ရတဲ့ မြို့တော်ဝန်ရာထူးကို အရယူကြဖို့ ကြိုးစားကြတဲ့ဘက်နှစ်ဘက်ရဲ့ပြသနာတွေကို အခြေပြုပြီးတော့ ကြားအုပ်စုက အာဏာယူသွားတာမျိုးကို ရိုက်ကူးထားတာပါ။ ထူးခြားသွားတဲ့အပိုင်းကတော့ ဒီလိုပြသနာတွေဖြစ်ကြတဲ့ ဘက်နှစ်ဘက်ကို သတ်လိုက်ခြင်းဟာ တရားတယ်/လူထုကို ငဲ့ညှာခြင်းဖြစ်တယ်ဆိုပြီး တင်ပြသွားတာပါ။ ဒါရိုက်တာ Erik Bloomquist က ရိုက်ကူးခဲ့တာဖြစ်ပြီး Toronto After Dark Film Festival မှာ Audience Award ကို ရရှိခဲ့ကြီး IMDb rating 4.4 ရပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ ) File size_(1.5GB)/(770MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Comedy , Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa

5 2023 107 mins
Founders Day
A Short Film About Killing
8

Rt-90% ~ IMDb-8.0 ပိုလန်ဒါရိုက်တာ Krzysztof Kieslowski ရဲ့ လက်ရာကောင်း ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ရိုက်ပြတဲ့ ကင်မရာရှုထောင့်တွေက သဘောကျစရာကောင်းတဲ့အပြင် rating တွေကလည်း ကောင်းတာမလို့ အေးဆေးခံစားကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ တက္ကစီဆရာ ဝေါဒီမာ၊ အိမ်ခြေရာမဲ့ လူငယ် ယာဆက်နဲ့ ဘားစာမေးပွဲဖြေပြီး ရှေ့နေဖြစ်လာတော့မဲ့ ပီရော့တာတို့ကို ရှုထောင့်သုံးခုကနေ ရိုက်ပြထားပါတယ်။ သူတို့သုံး‌ ယောက်ကြားထဲက ဆက်နွယ်မှု၊ လူသ-တ်မှုတစ်ခုကျူးလွန်ပုံနဲ့ ‌ေ-သဒဏ်ကျခံရပုံတို့ရဲ့ ရက်စက်မှုကိုအပြန်အလှန်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ မိုးအေးအေးနဲ့ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.6 GB)/(740 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

8 1988 85 mins
A Short Film About Killing
Notes on a Summer
5.5

မာတာဆိုတဲ့ ကောင်မလေးတစ်ယောက်က ကောင်လေးဖြစ်သူနဲ့ မက်ဒရစ်မှာ အတူနေပြီ ပိတ်ရက်မှာ မိသားစုရှိတဲ့ ဂီဂျွန်မြို့လေးကိုပြန်တဲ့အချိန် သူကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ အဆက်ဟောင်းနဲ့ ပြန်တွေ့ပုံတွေ အကြောင်းကို Drama ဆန်ဆန်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါ တကယ်ကို ဇာတ်လမ်းက ဒါပါပဲ ဒါပေမဲ့ တကယ့်ကိုအမှန်တကယ်လောကကြီးထဲ ဖြစ်ပျက်နေတာကို ရိုက်ပြထားတာမို့ အတော်လေး လက်တွေ့ဆန်ပါတယ် တချို့အခန်းတွေမှာတော့ ၁၈ ယောက်စုကြည့်ရတဲ့ အပိုင်းတွေပါလို့ မိသားစုနဲ့ အတူကြည့်ဖို့ မသင့်တော်ဘူးလို့ သတိပေးပါရစေ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:23:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

5.5 2023 83 mins
Notes on a Summer
Taste of Freedom
6.6

ဒီကားလေးကတော့ ၂၀၂၃ ကထွက်ရှိခဲ့တဲ့အပြင်မှာတကယ်ရှိတဲ့ ယူကရိန်းဟင်းချက်စာအုပ်ကိုအခြေခံထားတဲ့ Comedy/Romance ရုပ်ရှင်‌လေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အဆင့်မြင့်တဲ့စားသောက်ဆိုင်တစ်ခုမှာစာဖိုမှူးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ကသူ့ဇာတိရွာသေးသေးလေးကနေထွက်ပြေးလာရင်နဲ့နာမည်ကျော်စာဖိုမှူး Olga Franko ရဲ့ ၁၉၂၉ကရေးခဲ့တဲ့ဟင်းချက်စာအုပ်ကိုရှာတွေ့သွားတာကနေစပြီးတော့ သူကြုံ‌တွေ့လာရတဲ့အခက်အခဲတွေသူ့ဘဝပြောင်းလဲသွားပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရူရမယ့်စာဖိုမှူးရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.7 GB)/(925 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:57:00 Genre… Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

6.6 2023 116 mins
Taste of Freedom
Coach Carter
7.3

Coach Carter (2005) ************************ IMDb…7.3,,,Rotten….64% Richmond အထက်တန်းကျောင်း ဘတ်စကတ်ဘော အသင်းဟာ တစ်ရာသီလုံးမှာ (၄)ပွဲသာအနိုင်ရရှိထားတယ်… နည်းပြအနေနဲ့လည်း ရစ်မန်းမြို့ရဲ့ လူနေမှုစရိုက်နဲ့ ပေါက်ဖွားလာတဲ့ ကျောင်းသား ဘတ်စကောဘော အားကစားသမားတွေကို ထိန်းချုပ်ရတာလည်း မလွယ်ကူလှဘူး….ပွဲတွေရှုံးရတဲ့ အကြောင်းရင်းကလည်း အားကစားသမားတွေရဲ့ အရည်အချင်းကြောင့်ဆိုတာထက် အခြေခံစိတ်ဓာတ်ကြောင့်လိုဖြစ်နေတယ်…ဒီလိုလူတွေကိုနည်းပြသစ်ခန့်ဖို့ Carter ကြီးကို ကမ်းလှမ်းကြတယ်… အားကစားသမားတွေရဲ့အခြေအနေနဲ့မြို့ရဲ့လူနေမှုစရိုက်ကို သိတဲ့ Carter ကြီးက သူ့စိတ်ကြိုက်နည်းပြခွင့်ရရင် လုပ်မယ်ဆိုပြီး သဘောတူလိုက်တယ်… ဒီကားက ဘတ်စကတ်ဘော အားကစားသမားဖြစ်တဲ့ Ken Carter ရဲ့ နည်းပြဘဝကိုဖြစ်ရပ်မှန်ရိုက်ကူးထားတာပါ… Cater ရဲ့နေရာမှာတော့ Mother…f*****ကြီးလို့ လူသိများတဲ့ Samuel L.Jackson ကသရုပ်ဆောင်ထားပါတယ်… ဒီကားထဲမှာတော့ တစ်လုံးမှကိုမဆဲတတ်တဲ့ အလွန်ယဉ်ကျေးတဲ့ Samuel ကြီးကိုခင်ဗျားတို့တွေ့ရလိမ့်မယ်.. Carter ဟာ သူငယ်စဉ်အားကစားသမားဘဝထဲက ရစ်မန်ရဲ့လူနေမှုစရိုက်တွေကို ခါးသီးခဲ့ပုံရတယ်.. ဒါ့ကြောင့် သူ့ခြေသူ့လက် အားကစားသမားအားလုံးကိုထိန်းချုပ်ခွင့်ရမယ်ဆိုတဲ့သဘောတူညီချက်အတိုင်း နည်းပြပါတော့တယ်… သူရင်ဆိုင်ရတာတွေက တကယ့်ကိုမလွယ်ပါဘူး..စည်းကမ်းပျက် အသင်းသားတွေ အားကစားတစ်ခုပဲအားပေးတဲ့ မိဘတွေ ၊သူ့ရဲ့လုပ်ရပ်တွေကို စိတ်ပျက်နေတဲ့ဆရာတွေ တကယ့်ကိုမှ အများကြီးပါပဲ….သူ့လုပ်ရပ်တွေက ကျောင်းအုပ်နဲ့တောင် ထိပ်တိုက်ရင်ဆိုင်နေတဲ့အဖြစ်မျိုးပါ.. နည်းပြကြီးဘယ်လို စနစ်တွေကျင့်သုံးမလဲ…သူအောင်မြင်ပါ့မလား… ပြောရရင် ဒီကားက ဘစ်စကတ်ဘောအားကစားဆိုတာထက်အများကြီးပိုတယ်… scene တိုင်းဟာ တန်ဘိုးရှိတယ်…ပြသချိန် ၂နာရီ၁၆မိနစ်မှာ မပြီးပါစေနဲ့လို့ ကယောင်ကတမ်းဆုတောင်းမိတဲ့ကားမျိုးပါ… တယုတယနဲ့ တန်ဘိုးထားပြီး မဖျက်သင့်တဲ့ ခင်ဗျားတို့ ရဲ့ ချစ်စရာ ဇာတ်ကားစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံတယ်… File Size : 2.74GB/ 1.21GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:16:00 Genre : Biography, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Science Fiction • Horror • Thriller
7.3 2005 136 mins
Coach Carter
A Boy Who Went to Heaven
6.5

A Boy Who Went to Heaven (2005) *************************************** CM ပရိသတ်ကြီး အတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy,Romance ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Cast တွေအနေနဲ့ Decision to leave, Eungyo, War of the arrows စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသားကြီး Park Hae Il နဲ့ Sky Castle ထဲက မင်းသမီးကြီး Yum Jung Ah တို့ အဓိကပါဝင်သရုပ်ဆာင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ******************* “ငါတို့ နယ်မို ကြီးလာရင် ဘာဖြစ်ချင်လဲ… အဆိုတော်လား ရုပ်ရှင်သရုပ်ဆောင်လား” “ကျွန်တော်ကတော့ Single Mother တစ်ယောက်နဲ့ လက်ထပ်ချင်တယ်” နယ်မြို့လေး တစ်မြို့က Single Mother တစ်ယောက်ရဲ့ သားဖြစ်သူ ၁၃နှစ်အရွယ် နယ်မို ဆိုတဲ့ကောင်လေးဟာ အမေဆုံးသွားပြီးနောက် သူ့အမေရဲ့ဆိုင်နေရာကို ဆိုးလ်ကနေပြောင်း‌‌လာတဲ့ Single Mother ဖြစ်သူ ဘူဂျာ ကို ချစ်မိပြီး တစ်နေ့ ဘူဂျာတို့ သားအမိနဲ့အတူ ရုပ်ရှင်သွားကြည့်ရင်း ရုပ်ရုပ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နယ်မို တစ်ယောက် သေဆုံးပြီး ကောင်းကင်ဘုံကို ရောက်သွားခဲ့တယ် အသက် ၉၃ နှစ်အထိ နေရမဲ့ နယ်မို ကို ၁၃ နှစ် အရွယ်မှာ မှားခေါ်ခဲ့မိတဲ့အတွက် အခွင့်အရေးပေးတဲ့အနေနဲ့ တစ်ရက်ကို တစ်နှစ်အဖြစ်နဲ့ လူ့ပြည်မှာ ရက် ၈၀ ပြန်နေထိုင်ခွင့် ပေးခဲ့တယ်။ ဒီလိုနဲ့ လူ့ပြည် ပြန်ရောက်လာတဲ့ နယ်မို တစ်ယောက် သူချစ်ခဲ့ရတဲ့ ဘူဂျာတို့ သားအမိကို စောင့်ရှောက်ရင်း နေထိုင်ခဲ့ပေမဲ့ ရက် ၈၀ ပြည့်ရင် သေဆုံးရ‌တော့မဲ့ နယ်မိုရဲ့ အချစ်ဇာတ်လမ်းလေးက လှပနိုင်ပါ့မလား…ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦးနော် (ဇာတ်လမ်းအညွှန်းကိုတော့ Hsu က ရေးသားထားပါတယ်) File Size – 2.57 GB/ 1.13 GB Quality – WEB-DL 1080p/ 720p Duration – 1h 54m Format – mp4 Genre – Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Hsu Encoded by – Treasure Htet

6.5 2005 114 mins
A Boy Who Went to Heaven