YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Another.Miss.Oh.2016.EP14.WEB-DL720.PP(CM).mp4

582.97 MB N/A video/mp4 283 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Superwho?
6.4

Superwho? (2021) ============= IMDb Rating - 6.1/10 Original Title: Super-héros malgré lui Genre - Action, Comedy ခုလိုရာသီဥတုမှာ စိတ်အမောပြေ အပန်းပြေစေပြီး တစ်ချိန်လုံး ခွီနေရမယ့် ပြင်သစ်ဟာသကားလေး လာပါပြီဗျာ။ Marvel တို့ DC တို့အပြင် X-Men တွေရော Mission Impossible တွေရော ပေါင်းစုံသရော်ထားပြီး Easter Egg တော်တော်များ များကိုလည်း တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းလေး အရင်ပြောပြလိုက်မယ်ဗျာ။ ဟာသကားတွေရဲ့ရိုးရာမပြတ် မင်းသားက သရုပ်ဆောင်ဖြစ်ချင်တဲ့ အရှုံးသမားတစ်ယောက် ကောင်မလေးက ပလစ်လိုက်တော့ ညီမ အိမ်မှာကပ်နေနေရတာပေါ့။ ရဲဖြစ်တဲ့ဖအေကြီးကိုလည်း သားက သရုပ်ဆောင်ပါဆိုပြီး အရမ်းဂုဏ်ယူစေချင်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ အလုပ်ရှာတုန်းမှာ ကံကောင်းထောက်မစွာနဲ့ စူပါဟီးရိုးကား ကို မင်းသားနေရာက ရတယ်၊ ဇာတ်ကောင်ကလည်း Batman ကို ပရမ်းပတာကူးချထားတဲ့ Badman တဲ့ (Joker ကိုတောင် Clown လုပ်လိုက်သေးတယ်)။ အဲဒါနဲ့ တစ်ရက်ရိုက်ကွင်းပြီးတဲ့အချိန် ညီမ ဖြစ်သူဆီကနေ အဖေသေခါနီးဖြစ်တဲ့သတင်းကို ကြားတော့ လော လောနဲ့ ရိုက်ကွင်းကကားရယ် ဟီးရိုးဝတ်စုံရယ် ရုပ်ရှင်ထဲက ပိုက်ဆံ တုတွေရယ် အလောင်းအတုကြီးရယ်နဲ့ ထွက်သွားပါလေရော။ ပြီး တော့ ကားမတော်မဆဖြစ်သွားတယ်။ ဒီမှာ ဆရာသမားက အတိတ် မေ့သွားပြီး တိုက်ထားတဲ့နေရာက ငွေထုတ်စက် ကားထဲမှာက ပိုက် ဆံတွေ ကားကြီးကလည်း အမည်းကြီး သူက ဓားပြတိုက်နေတာပဲ ဆိုပြီး ရူးကြောင်မူးကြောင်နဲ့ ထွက်ပြေးပြီး သူ့ကိုယ်သူ ရုပ်ရှင်ထဲက ဇာတ်ကောင်အတိုင်း ဟီးရိုးတစ်ယောက်လို့ ထင်လိုက်တဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေ ကြည့်ရမှာပါ။ သူ့ညီမနဲ့ သူငယ်ချင်း ၂ ကောင်ရဲ့ လိုက်ရှာကြတဲ့အချိန်အလွဲတွေ၊ လမ်းမှာ သတင်းထောက်မလေးတွေ့ပြီး လွဲကြတာတွေ၊ သူ့အဖေ ရဲဌာနက လမ်းလုံခြုံရေးစနစ်သစ်ရဲ့ အလွဲတွေစသဖြင့် တစ်ကားလုံး ပါးစပ်မစိရအောင် ခွီနေရမယ့်ကားဗျာ လုံးဝကို အာမခံတယ်။ ဒိုင် ယာလော့ခ်တွေလည်းမပေါဘူး ရုပ်တည်ကြီးတွေနဲ့ ထိုင်ဖောက်ထား ကြတာ... ကဲ ပြောနေရင် ကြာပါတယ် ပြေးသာကြည့်ကြပါ။ တလော ကလည်း Facebook မှာ ဒီကားထဲက ဇာတ်ဝင်ခန်းလေးနဲ့တောင်းထား တာမြင်မိတယ် အခုကြည့်လို့ရပါပြီလို့...။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.34 GB) / (588 MB) / (346 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 22Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy Translator.......Thura Aung Encoder..........SWM

Drama
6.4 2022 82 mins
Superwho?
Magical Girl
7.4

Magical Girl (2014) ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ပြုတ်သွားတဲ့ ကျောင်းဆရာပတ်ဒရိုဟာ သွေးကင်ဆာဖြစ်နေတဲ့ သူ့သမီးကိုကုနေရင်းနဲ့ တစ်ဖြည်းဖြည်း လုံးပါးပါးလာပါတယ်။ဆရာဝန်ရဲ့ ပြောပြချက်အရ သူ့သမီးရဲ့ အသက်ဟာ ထင်သလောက် မလွယ်ကူမှန်းသိသွားတဲ့အခါ သမီးဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။ သမီးရဲ့ ဆန္ဒတွေထဲက တစ်ခုဖြစ်တဲ့ anime ထဲက အင်္ကျီကို ဝယ်ပေးချင်ပေမယ့် ဈေးကြီးလွန်းတာကြောင့် သူ့အသိမိတ်ဆွေတွေကို အကူအညီ တောင်းပေမယ့် အဆင်မပြေပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ရတနာပစ္စည်းဆိုင်ကို ဖောက်ဖို့ကြိုးစားတဲ့အခါ သံသယလွန်ကဲလွန်းတဲ့ ယောက်ျားရဲ့ ထိန်သိမ်းမှုအောက်မှာနေရတဲ့ ဘာဘာရာနဲ့မထင်မှတ်ဘဲ ဆုံခဲ့တယ်။ ဘာဘရာရဲ့ယောက်ျားဟာ စိတ်ရောဂါဆရာဝန်ဖြစ်တဲ့အတွက် ငွေကြေးပြည်စုံပါတယ်။ အဲဒီညမှာပဲ ဘာဘရာဟာ ပတ်ဒရိုနဲ့ အိပ်ဖြစ်တယ်၊ အကြံကြီးတဲ့ပတ်ဒရိုဟာ အတူအိပ်ဖြစ်တဲ့အကြောင်းကို မှတ်တမ်းထင်ထားပြီး ဘာဘာရာဆီက ခြိမ်းခြောက်ငွေညစ်တဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။) File Size          : 1.3GB, 380MB, 228MB Quality            :1080p BDRip, 720p BDRip, 480p Format            : mp4 Duration         : 2hr 7mins Genre              : Drama, Thriller Translated by Tin Myo Lwin Encoded by Kinnov

Comedy • Romance
7.4 2014 127 mins
Magical Girl
Mighty Morphin Power Rangers: Once & Always
6.6

မော်ဖင် ပါဝါရိန်းဂျားတွေ နှစ် ၃၀ ပြည့် အထိမ်းအမှတ် အထူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ။ ပါဝါရိန်းဂျားတွေဆိုတာ ၉၀ ဝန်းကျင်ကလေးတွေအတွက်တော့ မကြည့်ဖူးသူမရှိလောက်အောင် နာမည်ကြီးခဲ့တဲ့ သူရဲကောင်းတွေပါပဲ။ အခုချိန်မှာပြန်ကြည့်ရင် ကလေးဆန်တယ်ထင်ရပေမဲ့ ငယ်ဘဝအမှတ်တရတွေနဲ့ သရုပ်ဆောင်တွေကို ပြန်တွေ့ရတာနဲ့တင် ပျော်စရာကောင်းနေပါပြီ။ မူရင်းသရုပ်ဆောင်တွေ ပြန်ပါဝင်ထားပြီး ဇာတ်လမ်းကတော့ ဇော်ဒန်မရှိတော့တဲ့အချိန်မှာ သူတို့ရဲ့ ရန်သူတော်ကြီး ရီတာ ပြန်ပေါ်လာပြီး ရိန်းဂျားတစ်ယောက်ကို သတ်သွားတာကနေ အစပြုခဲ့ပါတယ်။ ရိန်းဂျားတွေဟာ ပြန်လွတ်လာတဲ့ ရီတာကို နှိမ်နင်းဖို့လိုက်ရှာနေချိန်မှာ ရီတာကလည်း ပိုကြီးတဲ့အကြံကြီးနဲ့ ရိန်းဂျားတွေကို တိုက်ခိုက်လာပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Family Quality…. 1080p | 720p | 480p File size… 1.2GB | 632MB | 306MB Format… mp4 Duration…. 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron

Horror • Thriller
6.6 2023 59 mins
Mighty Morphin Power Rangers: Once & Always
Damascus Time
5.4

၂၀၁၈မှာ ထွက်ရှိခဲ့ပြီး ဆု၃ဆုနဲ့ စကာတင် ၈နေရာအထိ ရခဲ့တဲ့ ပရိသတ်အကြိုက်တွေ့မယ့် အီရန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Sanction ရှိတဲ့နိုင်ငံဖြစ်တာကြောင့် Criticတွေ သိပ်အလေးပေးတာ မခံခဲ့ရပေမယ့် ပြည်တွင်းမှာတော့ အတော်လေးအောင်မြင်ခဲ့သလို အနုပညာတန်းလည်း မနိမ့်လှတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ၂၀၁၁ခုနှစ် ISISပြဿနာ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ကာလကို ဇာတ်အိမ်တည်ထားတာပဲ ဖြစ်ပါတယ်။ ISISတွေရဲ့ ကြီးစိုးမှုကြောင့် ဆီးရီးယားတစ်နိုင်ငံလုံး အကျပ်အတည်းကြုံတွေ့ကာ အကူအညီလိုအပ်နေချိန် အီရန်နိုင်ငံသားပိုင်းလော့ ၂ယောက်ဟာ Palmyra မြို့တွင်း ပိတ်မိနေတဲ့ ဆီးရီးယားပြည်သူတွေကို လေယာဉ်ဖြင့် ကယ်ထုတ်ဖို့ အကြောင်းဖန်လာပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ Palmyraမြို့တွင်းက ပျံထွက်လာချိန်အထိ အဆင်ပြေခဲ့ပေမယ့် ခရီးသည်တွေထဲမှာ မလိုလားအပ်တဲ့ဧည့်သည်တွေ ပါလာရာ... ဒီရုပ်ရှင်ဟာ အက်ရှင်ကားလို့ နာမည်တပ်ရပေမယ့် ဘာသာရေးဆိုင်ရာ အယူအဆတွေနဲ့ ယုံကြည်မှုတွေအကြောင်း အတော်လေးထည့်သွင်းထားသလို ကိုးကွယ်ရာခြင်းတူရင်တောင် ယုံကြည်မှုလွန်ကဲတဲ့ ပြဿနာက ဘယ်လောက်ထိ ဒုက္ခပေးနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ ဘာသာရေးဆိုင်ရာ အသုံးတွေများပြီး မူရင်းအင်္ဂလိပ်စာဖိုင်မှာ လိုအပ်ချက်တချို့ ပါတာဖြစ်လို့ အတတ်နိုင်ဆုံး ဆီလျော်အောင်ပြန်ဆိုပေးထားလို့ တချို့သော လွဲမှားမှုများရှိခဲ့ရင် နားလည်ပေးဖို့ တောင်းဆိုပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.7GB | 931MB | 476MB Format… mp4 Duration….1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... Brian

Drama • Romance
5.4 2018 115 mins
Damascus Time
Never Alone
6.3

Never Alone (2022) ဒီကားလေးကတော့ 2022 မှာထွက်ထားတဲ့ High School Drama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားလေးက Covid စဖြစ်တဲ့ 2020 ကာလမှာ Based ထားပြီး ဒီ Covid ကာလကို ဆယ်ကျော်သက်လူငယ်တွေ ဘယ်လိုဖြတ်ကျော်ခဲ့ရတယ်ဆိုတာကို သီချင်းကောင်းလေးတွေနဲ့ Musical ဆန်ဆန်လေး ထိထိမိမိရိုက်ကူးထားပါတယ်။ IMDbမှာလည်း 6.3/10 တောင်ရရှိထားပြီး ရုပ်ရှင်ဆု ၉ ဆု ရရှိထားပါတယ်။ ဇာတ်လမ်း​လေးကတော့ နိတ်ဆိုတဲ့ကောင်လေးက သူ့ရဲ့သူငယ်ချင်းအုပ်စုထဲက အေမီဆိုတဲ့ကောင်မလေးကို ကြိတ်သဘောကျနေပါတယ်။ တစ်နေ့မှာတော့ သွားဖွင့်ပြောလိုက်ပြီး အေမီကလည်း ကျောင်းပြန်ဖွင့်တဲ့နေ့ကျရင် အဖြေပေးမယ်လို့ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျောင်းပြန်ဖွင့်မယ့်နေ့ ကျောင်းရှေ့ရောက်ကာမှ Covid ပြဿနာတွေကြောင့် ကျောင်းကိုခေတ္တပိတ်ထားလိုက်ပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီကစလို့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအပြင်ကို အခြားFriendship ကိစ္စတွေပါ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို သီချင်းကောင်းများစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre….. Drama, Musical Quality…. 1080p | 720p | 480p File size… 1.3GB | 636MB | 321MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xavier Zy Encoder ….. August

Comedy • Family
6.3 2022
Never Alone
The Standoff at Sparrow Creek
6.1

ဂန်နွန်ဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ လက်နက်ကိုင်ပြည်သူ့စစ်ဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင်ဖြစ်နေတာပေါ့…။ ဒီအဖွဲ့က ရဲတွေနဲ့လည်း သိပ်မတည့်သလို လက်နက်တိုက်တစ်ခု ပိုင်ဆိုင်တဲ့အဖွဲ့ပါ…။ တစ်နေ့ကျတော့ သူတို့ရဲ့စခန်းနားက အသုဘတစ်ခုမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပါတယ်…။ အသုဘက ရဲတွေရဲ့အသုဘ…။ ပစ်ခတ်သွားတဲ့သူက မောင်းပြန်သေနတ်တွေ၊ ဗုံးတွေနဲ့ ပစ္စည်းအစုံသုံးသွားတာ….။ ဒီတော့ ဂန်နွန်တို့အဖွဲ့လည်း ဒီပစ်ခတ်မှုက သူတို့နဲ့ ဆိုင်မဆိုင်၊ သူတို့လူလုပ်တာဟုတ်မဟုတ် ဖြေရှင်းဖို့ စခန်းမှာ လူစုကြလေရော….။ ဖြစ်ချင်တော့ သူတို့လက်နက်တိုက်ထဲက မောင်းပြန်သေနတ်တစ်လက်နဲ့ ပစ္စည်းတချို့ပျောက်နေပါလေရော…။ ဒီကိစ္စကို ဂန်နွန်တို့ဘယ်လိုရှင်းမလဲ၊ လက်သည်က သူတို့အဖွဲ့ထဲကလားဆိုတာကို စစ်ကြမေးကြရင်းနဲ့ Thrillerဆန်ဆန်ကြည့်ရှုရမယ့် crime movieလေးဖြစ်ပါတယ်….။ File size…1.11GB/ 245MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • War
6.1 2018
The Standoff at Sparrow Creek
Adiyae!
6.4

Adiyae (2023) IMDb-6.6/10 ဒီတစ်ခါမှာတော့ ထူးချွန်ဆုတွေရဖူးပြီး Nominations များစွာဝင်ခဲ့ကြဖူးတဲ့ လူငယ်နှစ်‌‌ယောက် ဒါရိုက်တာ Vignesh Karthick နဲ့ တေးရေးJustin Prabhakaran တို့ လက်စွမ်းပြထားကြတဲ့ကားပါ တစ်ကမ္ဘာထဲအတူရှိနေတာတောင် သူမနဲ့မဆုံစည်းနိုင်‌သေးတဲ့လူတွေ နည်းနာနိဿယယူနိုင်ဖို့အတွက် IMDb 6.6 ရထားတဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ သာမန်အချစ်ကားတွေလို ချစ်ကြိုက်ညားကွဲလောက်မဟုတ်ဘဲ parallel universe နဲ့ time travel သဘောတရားလေးတွေ ခပ်ပါးပါးထည့်ထားတာဆိုတော့ တမူထူးခြားတဲ့ရသမျိုးရစေမှာပါ။ ဇာတ်လမ်းအကျဉ်း ဆီသာဇ်ဟီနီဆိုတဲ့မိန်းကလေးကို ကျောင်းသားဘဝထဲက တိတ်တခိုးcrushခဲ့ရတဲ့ ဂျီဗာဆိုတဲ့ ကောင်လေးတစ်ယောက် နှစ်တွေကြာလို့ ဆီသာဇ်ဟီနီက နာမည်ကျော်အဆိုတော်ဘဝကို ရောက်ခဲ့ချိန်မှာတော့ တိတ်တခိုးချစ်ရသူဘဝကနေ အဆင့်တက်ဖို့ ပိုပြီးအလှမ်းဝေးခဲ့ရပါပြီ။ ဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် တခြားကမ္ဘာကိုကူးသွားတဲ့အခါ… ကမ္ဘာကူးသွားပေမဲ့ ခွက်ရှ်လေးနဲ့ညားတဲ့အပြင် အောင်မြင်တဲ့ဂီတဒါရိုက်တာတစ်ယောက်ဘဝကိုပါ ပိုင်ဆိုင်ထားတဲ့ အာဂျွန်ဆိုတဲ့ဘဝမှာ ယစ်မူးနေတဲ့ဂျီဗာတစ်ယောက် အချိန်စေ့လို့ ဒီဘက်ကမ္ဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ သာယာတဲ့အိပ်မက်ကနေ မနိုးထချင်ဘဲ လန့်နိုးလိုက်ရတဲ့အပြင် ဒီဘက်ကမ္ဘာမှာလည်း အဖြစ်ဆိုးကြီးက စောင့်ကြိုနေပါသတဲ့။ ခွက်ရှ်နဲ့ညားရတဲ့အရသာကို ဂျီဗာတစ်ယောက်သိပြီးပြီဖြစ်လို့ ဆီသာဇ်ဟီနီကိုပိုင်ဆိုင်ရရေးအတွက် ကမ္ဘာတွေခြား အချိန်တွေခြားနေတဲ့ကြားကနေ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားနည်းယူလိုက်ကြပါစို့လား။ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Alex ~ BpL ~ Zwe ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်

6.4 2023
Adiyae!
Reporting for Christmas
5.8

ခရစ္စမတ် နီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာလည်း အသစ်ထွက် ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ကာလလို့ ဆိုကြပါတယ်။ အားလပ်ရက်ရတဲ့အချိန်မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ စားကြသောက်ကြ ပျော်ကြပါးကြ လက်ဆောင်တွေပေးကြနဲ့ပေါ့လေ။ အဲဒီရက်ရဲ့ စိတ်ဝိညာဉ်ကို ကျန်တဲ့ ၃၆၄ ရက်ဆီ သယ်ဆောင်သွားချင်ကြတာမျိုးတဲ့။ အဲဒီလိုထူးခြားတဲ့ခရစ္စမတ်အချိန်လေးကို သတင်းထောက်ဖြစ်သူ မယ်ရီက ပုံမှန်အတိုင်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ အထက်လူကြီးက မထင်မှတ်တဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ခဲ့ရာမှာတော့.. ခရစ္စမတ်မှာ ဖန်တီးခဲ့တဲ့ မစ်ဆယ်တုတ်စ်ဆိုတဲ့ဖားရုပ်လေးရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ရဲ့အဓိကကြော်ငြာရှင်တစ်ဖြစ်လည်း ဂျွန်ဆင်တွိုင်းကုမ္ပဏီအတွက် ဂုဏ်ပြုသတင်း တင်ဆက်ပေးဖို့ပါပဲ။ ဒီလိုနဲ့ပဲ မယ်ရီတစ်ယောက် မလုပ်ချင်လုပ်ချင်နဲ့ ဂျွန်ဆင်တွိုင်းကုမ္ပဏီရှိရာ ဘရွန့်စ်ဝှခ်မြို့ငယ်လေးကို အရောက်သွားရတော့တာပေါ့လေ။ မယ်ရီတစ်ယောက် အထက်လူကြီးဆီကနေ တင်ဆက်မှုကို သူ့စိတ်ကြိုက်ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ကတိကိုအရယူပြီး သက်ဆိုင်တဲ့လူတွေကို အင်တာဗျူးဖို့နဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အမွေဆက်ခံရမဲ့ လက်ရှိပိုင်ရှင်ရဲ့ သားဖြစ်သူ ကိုလူချော ဘရိတ်ခ်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ မထင်မှတ်ထားတဲ့ အကြောင်းအရာတစ်ခုကို သိခဲ့ရပါတော့တယ်။ မယ်ရီက သူ သိခဲ့တဲ့အကြောင်းအရာကို တင်ဆက်မှုမှာ ထည့်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အထက်လူကြီးက လက်မခံခဲ့တဲ့အခါ မယ်ရီတစ်ယောက် ဘယ်လိုမျိုးကြိုးစားပြီး တင်ဆက်ဖို့လုပ်မလဲ.. သူ သိခဲ့တဲ့အကြောင်းအရာကရော ဘာများလဲ.. နောက်ဆုံးမှာ သူ တင်ဆက်ချင်သလို တင်ဆက်ခွင့်ရနိုင်ပါ့မလား.. သူနဲ့ မြို့ငယ်လေးက ကိုလူချောဘလိတ်ခ်ရဲ့ အနာဂတ်ကရော ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.55 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.8 2023 90 mins
Reporting for Christmas
There Was a Father
7.6

There Was a Father (1942) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ There Was a Father က အိုဇုရဲ့ အသံတိတ်မဟုတ်တဲ့ ရုပ်ရှင်တွေထဲတော့ အစောဆုံးတွေထဲက တစ်ကားပဲ။ ၁၉၃၆မှာ သူ့ရဲ့ ပထမဆုံးဒိုင်ယာလော့သံပါတဲ့ ရုပ်ရှင် The Only Son ကို ရိုက်ပြီးတဲ့နောက် ၁၉၃၇မှာ စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းခဲ့ရတယ်။ ၁၉၃၉မှာမှ စစ်မှုထမ်းကာလပြီးဆုံးခဲ့တယ်။ ၁၉၄၁မှာ Brothers and Sisters of the Toda Family ကိုရိုက်ပြီးတဲ့နောက် ၁၉၄၂မှာ There Was a Father ကို ရိုက်ခဲ့တယ်။ ၁၉၄၃မှာတော့ အိုဇုကို ဗမာပြည်မှာ ဝါဒဖြန့်ရုပ်ရှင်ရိုက်ခိုင်းဖို့ ထပ်ပြီး စစ်မှုပြန်ထမ်းခိုင်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းကာလပေါ့။ ၁၉၄၅မှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၄၆မှပဲ သူပြန်လာခဲ့ရတယ်။ ဒီနောက်ပိုင်းမှာ သူရဲ့နာမည်ကျော် Noriko Trilogy ကို ရိုက်ခဲ့တယ်။ စစ်ပြီးကာလရုပ်ရှင်တွေမှာမှ သူ့ဟန်ပိုပေါ်လာတယ်လို့ ပြောကြတယ်။ There was a fatherကတော့ သူ့ရဲ့ဟန်ပေါ်မလာခင် စပ်ကြားကာလက ရုပ်ရှင်လို့ပြောရမယ်။ Tatami Shot လို့ခေါ်တဲ့ သူထွင်ခဲ့တဲ့ သူ့ Trademarkရိုက်ဟန်တောင် ဒီမှာ သိပ်ပုံမပေါ်သေးဘူး။ Tatami Shot ဆိုတာက တတမိဖျာပေါ်ဒူးတုပ်ထိုင်နေတဲ့လူနဲ့ ဗီဒီယိုကိုကြည့်နေတဲ့လူ မျက်လုံးချင်းဆုံးနိုင်တဲ့အနေအထားအထိ ကင်မရာကို ခပ်နိမ့်နိမ့်ထားထားတဲ့ အနီးကပ်ရိုက်ဟန်မျိုး။ စစ်ပြီးနောက်ပိုင်းရိုက်ခဲ့တဲ့ တိုကျိုစတိုရီလို အိုဇုကားတွေမှာ ဒီလိုရိုက်ချက်မျိုးကို ဖောဖောသီသီတွေ့ရတယ်။ There Was a Father မှာတော့ ဒီလိုရိုက်တာမျိုး သိပ်မမြင်ရပေမဲ့ ပေါ်သလောက်တော့ရှိနေပြီဖြစ်သလို နှောင်းပိုင်း သူ့ရုပ်ရှင်‌တွေအတိုင်းပဲ သူမြင်နေရတဲ့ခေတ်နဲ့ သူမြင်နေရတဲ့အရာတွေကိုပဲ တင်ပြထားတယ်။ သူ့စစ်မှုထမ်းကာလတွေစပ်ကြားမှာ ရိုက်ခဲ့တဲ့ကားဆိုတော့ ဒီအပေါ် သူ့အမြင်ကိုလည်းမြင်ရတယ်။ သူ့အမြင်က ဘဝထဲကြုံရမယ့် တစ်စိတ်တစ်ပိုင်းအရာတစ်ခုလိုပဲ မြင်ပုံပဲ ထူးထွေခိုင်မာတဲ့ ခံစားချက်တစ်စုံတရာတော့ ရှိမနေဘူး။ ကျန်တဲ့ အိုဇုရုပ်ရှင်တွေမှာ စစ်ပွဲနဲ့ပတ်သက်တဲ့ အမြင်ကို ဘယ်တော့မှပြလေ့မရှိဘဲ စစ်ပွဲရဲ့ဒဏ်ကို ခံခဲ့ရတဲ့ လူတွေရဲ့ ဝေဒနာတွေကိုပဲပြတာများတယ်။ There Was a Father မှာတော့ အဓိကအားဖြင့် အဖေတစ်ယောက်ရဲ့ဘဝနဲ့ ခံယူချက်အကြောင်းပဲပြထားတယ်။ The Only Son နဲ့ There Was a Father ကြားက တူညီတဲ့အခြေအနေတစ်ချို့ကြောင့် There Was a Father ကို The Only Son ရဲ့ တခြားတစ်ဘက်အမြင်လို့ ဆိုရင်လည်း ဆိုလို့ရနိုင်တယ်။ အဖေတစ်ခုသားတစ်ခုနေနေကြတဲ့ သားအဖ၂ယောက်ရှိတယ်။ အဖေက ကျောင်းဆရာလုပ်တယ်။ တစ်နေ့မှာ ကျောင်းအပျော်ခရီးထွက်ကြရင်း ကျောင်းသားတစ်ယောက် လှေမှောက်သေသွားတဲ့နောက် တာဝန်ယူစိတ် တာဝန်ခံစိတ်ကြီးတဲ့အဖေက သူ့အပြစ်တော့မဟုတ်လှပေမဲ့ သူ့အပြစ်ပါပဲလို့ယူဆပြီး ကျောင်းဆရာလုပ်ရမှာကို ကြောက်သွားတယ်။ သူနဲ့မထိုက်တန်တဲ့အလုပ်လို့ ယူဆသွားတယ်။ ဒီနောက် သူ့သားကိုခေါ် ဇာတိမြို့ကလေးကိုပြန်ပြီး တခြားအလုပ်တစ်ခုရှာလုပ်တယ်။ ဒါပေမဲ့ သူ့သားကိုသိပ်ချစ်တော့ သူ့သားကိုကျောင်းကောင်းကောင်းပို့နိုင်ဖို့က ဒီနယ်မြို့ကလေးမှာ လုပ်အားခအဲဒီလောက်မရလေတော့ သူ့သားကို ဘော်ဒါကျောင်းထား ခွဲထားခဲ့ပြီး တိုကျိုကိုတက်လာခဲ့တယ်။ သူ့သားကလည်း စာကိုကြိုးစား သူကလည်း အလုပ်ကိုကြိုးစားမယ်။ ဒီလိုကြိုးစားလာရင်း အဖေတစ်ခုသားတစ်ခုပဲရှိနေတဲ့ဘဝမှာတောင် ခွဲနေနရတဲ့ သူတို့တွေ တစ်နေ့အတူတူပြန်နေကြဖို့ သားရောအဖေရော အိပ်မက်ထားခဲ့ကြတယ်။ ဒီလိုနဲ့ သူ့သားကလည်း အဖေတူသား ကျောင်းဆရာဖြစ်လာတယ်။ သူတို့သားအဖရဲ့အိပ်မက် ဖြစ်လာသလားတော့ ဆက်ကြည့်လိုက်တာကောင်းမယ်။ There Was a Father မှာ အိုဇုဟာ သူ့နာမည်အတိုင်း အဖေတစ်ယောက်ရဲ့အချစ်နဲ့ခံယူချက်တွေအကြောင်းကိုပဲ ပုံဖော်ပြသသွားခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 630MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance
7.6 1942 93 mins
There Was a Father
Firaaq
7.3

Firaaq (2008) ခွဲခြားမှု IMDb 7.3/10 အချစ်အတွက်တောင်ကိုဖြိုပြခဲ့တဲ့ “The Mountain” ထဲက မင်းသားကြီး Nawazuddin Siddiqui နဲ့အတူ မင်းသားကြီးတွေဖြစ်ကြတဲ့ Paresh Rawal ၊ Nassar နဲ့ Naseeruddin Shah တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး 2008 ခုနှစ်စင်ကာပူမှာကျင်းပခဲ့တဲ့ Asian Festival of First Films ပွဲတော်မှာဆုသုံးခုဆု၊ နိုင်ငံတကာတစလီနီကီရုပ်ရှင်ပွဲတော်မှာ အထူးဆုနဲ့ ပါကစ်စတန်က ကာရာရုပ်ရှင်ပွဲတော်မှာ တစ်ဆုရရှိခဲ့ပြီး 56ကြိမ်မြောက် အမျိုးသားရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုဆွန်ခူးနိုင်ခဲ့တဲ့ကားပါ ဒီကားဟာလူမျိုးရေး sensitive ဖြစ်တဲ့ကားမို့ဂူဂျာရက်မှာပါပိတ်ခံထားရပါတယ် Firaaq ဆိုတဲ့စာလုံးဟာ အာရပ်ဘာသာစကားနဲ့‌ဆို “ခွဲခြားခြင်း” နဲ့ “စူးစမ်းရှာဖွေခြင်း” အဓိပ္ပာယ်နှစ်ခုရှိပါတယ် 2002 ခုနှစ် ဂူဂျာရက်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အထိကရုဏ်းအပြီး ရုပ်ရုပ်သဲသဲကာလအတွင်းမှာ နစ်နာသူ ကျူးလွန်သူ နဲ့ ကြားနေလူတန်းစားတွေအကြား ဒီကိစ္စကြီးရဲ့နောက်ဆက်တွဲတွေနဲ့ နေ့စဉ်လူနေမှုဘဝအပေါ်သက်ရောက်မှုတွေကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် လူတန်းစားခွဲခြားခြင်းနဲ့ ဒီပြဿနာကိုဘယ်လိုအဖြေရှာမလဲဆိုတာကိုကြည့်ရှုရမှာပါ (အညှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

7.3 2008
Firaaq
Family Padam
7.9

Family Padam(2024) ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် အခုတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ တမီးလ်ဇာတ်ကားလေးကတော့ ကျွန်တော်ကိုယ်တိုင်ပေးထားတဲ့ မြန်မာမှုနာမည်လေးအတိုင်းပေါ့ အကြည်တော်စာအုပ်ထဲက မချောတို့မိသားစုလိုပဲ တစ်ယောက်တစ်ပေါက်နဲ့ ရုန်းကန်ကြရင်း လောကဓံကို ဂျိုနဲ့လားဆိုပြီး ရယ်ရယ်မော‌မော ရင်ဆိုင်နေကြတဲ့ မိသားစုလေးအကြောင်းပါပဲ။ ဇာတ်လမ်းအစ တစ်မြို့လုံးဒေပါဝလီပွဲတော်ကျင်းပနေချိန်မှာ ဇာတ်လိုက်ကျော်ကြီးတို့မိသားစုကတော့ အိမ်လုံးကျွတ်ရဲစခန်းကိုရောက်နေပါတယ် အမှုကတော့ ခန်းဝင်ပစ္စည်းတွေယူပြီးမှ ယူရမယ့်မိန်းမကိုမယူပဲ လစ်သွားလို့ပါတဲ့….. ဒီလိုတလွဲတချော်တွေအားလုံး အစပြုရာမိသားစုဝင်‌တွေကလည်း စိတ်ဝင်စားစရာလူတွေပါပဲ အဖေက ကာယဗလမောင်၊အမေကမှီခို၊အဘိုးက နိုင်ငံရေးတွေလေကန်နေတဲ့ ကျောင်းစာရေး(ငြိမ်း)၊ အကိုကြီးကအစိုးရရှေ့နေ၊အကိုလတ်က ညပိုင်းပဲအလုပ်လုပ်ရတဲ့အိုင်တီသမား၊ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးက ဘာရုပ်ရှင်ကားကြီးမှမရိုက်ရတဲ့လက်ထောက်ဒါရိုက်တာပါ ဒီလိုလူလတ်တန်းစားမိသားစုလေးက အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်ရင်းအပန်းဖြေရတာဝါသနာပါပါတယ်တဲ့.. အဲ့မှာပဲ သူတို့ရဲ့အငယ်ဆုံးသားလေးက ရုပ်ရှင်ကားကြီးရိုက်ရမယ့် ဒါရိုက်တာဖြစ်ချင်ဝာာကို အားလုံးကအဖြစ်မရှိအသုံးမကျတဲ့ကောင်လို့ မပြောတဲ့အပြင် ဝိုင်းအားပေးကူညီရာကနေစပြီး တစ်မိသားစုလုံးပါ ရဲစခန်းရောက်သွားပါတော့တယ်.. အဲ့တော့ ဒီလိုကပေါက်တိကပေါက်ချာ အမှုတွေတက်အောင် ဘာတွေတလွဲလုပ်လိုက်ကြတာလဲ ဇာတ်လိုက်ကျော်ကြီးရဲ့ ဒါရိုက်တာဖြစ်ချင်တဲ့အိမ်မက် အကောင်အထည်ပေါ်သွားမလားဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်…. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

7.9 2024 131 mins
Family Padam
Love Hurts
5.8

Everything Everywhere All at Once ထဲက မင်းသား Ke Huy Quan ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဟာသ အက်ရှင် သိုင်းကားအမျိုးအစားပါ။ ခပ်မြူးမြူး ခပ်ကြမ်းကြမ်းနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရုံပါပဲ။ ဇာတ်လမ်းကလည်း ရိုးရှင်းပါတယ်။ အတိတ်တုန်းက လက်မရွံ့ဖြစ်ခဲ့တဲ့ ဆရာကြီးက အခု အိမ်ခြေ မြေပွဲစားလေးလုပ်ပြီး အေးဆေးနေနေတာပါ။ အဲဒါကို အတိတ်က ဂိုဏ်းက ပြဿနာတွေ လာရှာတဲ့အခါ အကုန်လုံးကို ပြန်ကျုံးရတဲ့ကားမျိုးပါပဲ။ ဒါရိုက်တာကလည်း John Wick တို့လည်း နာမည်ကြီး အက်ရှင်ကားတွေမှာ စတန့်နည်းပြ ဖိုက်တင်နည်းပြ လုပ်လာတဲ့လူဆိုတော့ အပီကြမ်းပေးထားပါတယ်။ ကြည့်လိုက်ကြပါ။ အက်ရှင်ဖန်တွေ ကြိုက်မှာပါ…. File size… (1.47 GB) / (783 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama • Crime • Thriller
5.8 2025 83 mins
Love Hurts
Martín García
6.4

Martín García (2024) IMDb Rating (6.4) Coming of Age ရုပ်ရှင်ဆန်ဆန် အာဂျင်တီးနား ရုပ်ရှင်ပါ။ အဓိက ဇာတ်ကောင်ကတော့ လူတွေကို စကားသိပ်မပြောဘဲ သူ့စိတ်ထဲ သူ့ဘာသာပဲ ပြောနေတတ်တဲ့ အင်ထရိုဗတ်ကောင်လေး။ သူ့အမေက သူ့အဖေသေပြီးနောက် ချစ်သူတွေ တစ်ယောက်ပြီးတစ်ယောက်ထားခဲ့သလို သူကလည်း အဲဒီလူတွေကို ကြုံခဲ့ရလို့ ဒီလိုစကားမပြောချင်ဖြစ်နေတာလားတော့မသိဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ လူဦးရေ ၁၀၀ကျော်ပဲရှိတဲ့ ကျွန်းလေးက လူတစ်ယောက်နဲ့ သူ့အမေက ချစ်မိသွားတယ်။ ဒီနောက်မှာတော့ သူတို့သားအမိ အဲဒီကျွန်းပေါ်ရောက်လာပြီး ကောင်လေးက ကျွန်းပေါ်က ဘဝတွေကို အသားတကျဖြစ်လာတာကို ပြထားရင်း သူ့အချစ်ကို သူတွေ့သွားတာကို ပြထားတဲ့ တစ်မျိုးထူးတဲ့ အာဂျင်တီးနားဇာတ်လေးပါပဲ။ အပြတွေကလည်း လှသင့်သလောက်လှသလို မင်းသမီးလည်းလှတာမို့ ကြည့်ရတန်မယ့် ဇာတ်လမ်းလေးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.6 GB) / (650 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:23:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • History
6.4 2024 83 mins
Martín García
A Mother’s Story
7.5

A Mother’s Story (2011) IMDb – 7.5 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ မိသားစုအတွက်ဆို အားလုံးကို စွန့်လွှတ်နိုင်တဲ့ ရေမယ်ဒီရိုးစ် ဆန်တိုးစ်ဟာ မိတ်ကပ်ပညာရှင်အနေနဲ့ ဒုက္ခိတယောက်ျားနဲ့ သားသမီးကို ရှာကျွေးနေတဲ့ အိမ်ထောင်ရှင်မတစ်ဦးပါ။ သူမဟာ တာဝန်သိစိတ်အပြည့်နဲ့ မိခင်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်တဲ့သူပေါ့။ တစ်နေ့မှာတော့ သူမဟာ ဖောက်သည်တစ်ဦးရဲ့ အမေရိကားဖျော်ဖြေပွဲခရီးစဉ်အတွက် မိတ်ကပ်ဆရာမအနေနဲ့ ရွေးချယ်ခံလိုက်ရတော့တယ်။ အမေရိကားကို ရောက်နေစဉ်မှာပဲ မယ်ဒီဟာ သူမရဲ့ အတန်းဖော်ဟောင်း ဖြစ်တဲ့ ဟယ်လန်နဲ့ ပြန်ဆုံရာကနေ ဟယ်လန်က မယ်ဒီကို တရားမဝင်လုပ်သားအဖြစ် ကျန်ရှိနေဖို့ တိုက်တွန်းတော့တယ်။ အလုပ်အကိုင်ကောင်းတစ်ခုနဲ့ လစာပိုရမယ်ဆိုတဲ့ ကတိကြောင့် မယ်ဒီဟာ သူ့သမီးလေးရဲ့ ဆေးဖိုးကို ရှာချင်ဇောနဲ့ ဒီအစီအစဉ်ကို သဘောတူလိုက်တော့တယ်။ ဒါပေမဲ့ မူလက စီစဉ်ထားသလိုမဟုတ်ဘဲ ကြုံရာကျပန်းအလုပ်ပေါင်းစုံ လုပ်ရပြီး နောက်ဆုံးမှာ အိမ်ဖော်တစ်ဦး ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ၇ နှစ်အကြာမှာ မယ်ဒီဟာ သူအလုပ်လုပ်နေတဲ့ မိသားစုဆီက ထွက်ပြေးပြီး မိမိရဲ့မိခင်မြေကို ပြန်လာဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဒါပေမဲ့ မယ်ဒီ ထင်ထားသလို မိသားစုရဲ့ နွေးထွေးမှု၊ စိတ်လှုပ်ရှားမှုတွေနဲ့ အကြိုဆိုမခံလိုက်ရတဲ့အချိန်မှာတော့….။ (အညွှန်းကိုတော့ Esthက ရေးသားထားပါတယ်) File Size – 1.83 GB/ 898 MB Quality – WEB-DL 1080p/ 720p Duration – 1:40:48 Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Esth Encoded by – Treasure Htet

7.5 2011 110 mins
A Mother’s Story